9
21:18, 16 September 2024အခန်းထဲဝင်လျက် ရေးလက်စ ဒိုင်ယာရီစာအုပ်ကိုလှန်ကာ ငါ ဘောပင်ကိုကိုင်လိုက်သည်။
အဆင့် ၁ ကနေ အဆင့် ၆ အထိအစဉ်လိုက်ရေးထားသော စာကြောင်းအောက်ကြား ငါ ရေးလိုက်သည်။
IT'S OVER
"အဆင့်တွေမလိုတော့ဘူး ငါတို့ကပြီးဆုံးသွားပြီ"
စာရွက်များအား ဆုတ်ဖြဲပစ်ချင်တဲ့စိတ်ကို ထိန်းထားရသည်မှာ ငါ့လက်တွေပင်တုန်နေသည်။
ထိုသူ့အကြောင်းရေးထားတဲ့ စာရွက်တွေအား ငါ ပြန်ဖတ်ရင်း စာရွက်ပေါ် ကျဆင်းလာတဲ့ မျက်ရည်တွေကြောင့် ငါ့မျက်ရည်တွေအား သုတ်လိုက်သည်။
စာရွက်တရွက် လှန်လိုက်တိုင်း ကျဆင်းလာသည့် မျက်ရည်များအား ငါတားဆီးမရနိုင်တော့ပါ။___________________အဲ့နေ့မနက်မှာ....
*ဒေါက် ဒေါက် ဒေါက်*
"Phi ကျတော်ဝင်လာပြီနော်"
ကျောင်းဆင်းတော့ စာသင်နေကျ phi ရဲ့အိမ်ကိုသွားကာ အခန်းထဲဝင်လာမည်ကို အသိပေးလိုက်သည်။
"အင်း"
Phi က ငါ့အား တချက်ပင်လှည့်မကြည့်ဘဲ စာအုပ်အားဆက်၍ ဖတ်နေသည်။
"P'gem"
"အင်း"
"ဘာဖြစ်နေတာလဲဟင်"
ငါ နေရခက်တာနဲ့ မေးလိုက်သည်။
"ဘာလို့လာတာလဲ မင်းတို့အတန်းခေါင်းဆောင်ကိုဘဲ သင်ခိုင်းလိုက်လေ"
"ဗျာ..."
Phi ပြောသည်ကို ငါနားမလည်ပေ။
"ထားတော့ ဒီနေ့ စာသင်ဖို့စိတ်မပါဘူး မင်းပြန်လို့ရပြီ"
"ဟမ် phi"
"ဘာလဲ"
"အာ ဟုတ်"
ငါ အခုလိုအခြေအနေကြီးကိုမကြိုက်ပါ။phi ဘာဖြစ်နေမှန်း ငါမသိ။
"ကျတော်ပြန်တော့မယ်နော်"
"အင်း"
အဆုံးထိ အင်း ကလွဲပြီးတခြားဘာမှသိပ်မပြောပေ။ထိုနေ့ ငါ သက်ပြင်းချပြီး phi ရဲ့အမေကို နှုတ်ဆက်ကာပြန်လာလိုက်သည်။_______________________"Gem"
Mae ကိုပြန်ဖြေရင်း ငါ ဖတ်လက်စ စာအုပ်အားပိတ်လိုက်သည်။
"Krub mae"
"fot လေးကို ဆူလိုက်တာလား"
"ဗျာ?"
"ခုနက သားဘာပြောလိုက်လဲတော့မသိဘူး mae ကိုနှုတ်ဆက်တုန်းက အသံက မကောင်းဘူး"
"သားလဲမသိဘူးလေ"
"ဘာလို့အစောကြီးပြန်ခိုင်းလိုက်တာလဲ ခုနကမှကလေးကရောက်တာကို"
"သား စာသင်ဖို့စိတ်မပါလို့ ပြန်ခိုင်းလိုက်တာပါ"
"ဘာတွေအဆင်မပြေလို့လဲ gem"
Mae ရဲ့အမေးကို ငါဖြေစရာမရှိ။ငါ ဘာဖြစ်နေလဲတောင် ငါ့ကိုငါမသိတော့တာ အမှန်ပင်။
အဲ့ကလေးကို တခြားလူနဲ့တွဲမြင်ရတာကိုမကြိုက်ဘူး။
ငါဘာမှမဖြေတဲ့အဆုံး mae ကငါ့လက်အားလာဆွဲသည်။
"ကဲပါ လာ ထမင်းစားကြမယ်"
"Krub"
"Fot လေးကိုလဲသွားပြန်ချော့လိုက်အုန်း ငိုသွားတယ်ထင်တယ်"
Mae ရဲ့စကားကို ခေါင်းငြိမ့်ကာတုံ့ပြန်လိုက်သည်။ငါ လွန်သွားသလား??_______________________"မင်းဆရာ့ကို ဖွင့်ပြောတော့လေ"
"မစောလွန်းဘူးလား winny"
"နောက်ကျရင် မင်းဘဲနာကျင်ရမှာ"
"ငါသိပါတယ် ဒါပေမဲ့...."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
"ဒေါက်တာ မနေ့ကပြောတယ် ဆရာက မင်းကို အတန်းခေါင်းဆောင်နဲ့အူတိုနေတာတဲ့"
"ဟမ် ဘာ ဘယ်သူနဲ့လဲ"
"အတန်းခေါင်းဆောင်နဲ့လေ မနေ့ကမင်းသူ့ကိုစာရှင်းပြခိုင်းတာမဟုတ်ဘူးလား"
"ဘာ အဲ့ဒါဆို phi ကငါ့ကိုအူတိုနေတာပေါ့"
ငါ အပျော်လွန်ပြီး winny ရဲ့ကော်လန်ကို ဆွဲကာ မေးလိုက်သည်။
"အေးဟ အေး လီးဘဲ လွှတ်အုန်း"
Winny ပြောစကားများ ငါ့ခေါင်းထဲမရောက်ပါ။phi လဲငါ့အပေါ်ခံစားချက်ရှိနေတာလား။အခန်းရှေ့မှာ စာသင်နေတဲ့ phi ကိုကြည့်ကာ စိတ်ထဲတွင် မေးမြန်းနေမိသည်။
"Phi မနေ့က ကျတော့်ကိုအူတိုနေတာပေါ့ ချစ်ဖို့ကောင်းလိုက်တာ"
စာသင်ချိန်ပြီးသည်အထိ ငါ phi ကိုဘဲကြည့်ကာ အတွေးထဲနယ်ချဲ့နေသည်မှာ winny လာခေါ်မှသတိပြန်ရသည်။
"ဘာတွေတွေးနေတာလဲ"
"ငါ ဖွင့်ပြောလိုက်ရမလားလို့"
"အင်း lunch break ကျ ဒေါက်တာ့ဆီသွားမလို့ လိုက်မှာလား"
"လိုက်မယ်လေ"
ငါတို့ စကားဝိုင်းအဆုံးသတ်ကာ ငါ နေ့လည်စာစားချိန်ကိုဘဲမျော်နေမိသည်။
ထို့နောက် နားချိန် ခေါင်းလောင်းတီးသည်နှင့် winny မှာ ငါ့ကိုတောင်မစောင့်ဘဲ ပြေးသည်ပင်။
"သူ့လင်ကမသိရင် ထွက်ပြေးမှာကျနေတာဘဲ"
ငါ ဆေးခန်းဆီကိုလျှောက်လာရင်း ဖြတ်သွားရသည့် phi ရဲ့ရုံးခန်းနားကျ ခြေထောက်ကိုဖြေးညှင်းစွာလျှောက်လိုက်သည်။
ဖွင့်ပြောလိုက်ရင် ဒီဆက်ဆံရေးရပ်တန့်သွားမှာကို ငါ ကြောက်မိသည်။
Phi ငါ့ကိုငြင်းရင် ဘယ်လိုလုပ်မလဲ။
စတဲ့ အတွေးပေါင်းစုံဖြင့် ငါ နောက်ဆုံး ဒေါက်တာ့ဆီသို့ရောက်လာခဲ့သည်။
"အော် nong'fourth လာပြီလား"
"Krub phi"
"ဖွင့်ပြောမယ်ဆို"
"သတင်းကမြန်လိုက်တာ"
ငါ winny ဘက်ကိုကြည့်လိုက်ရင်း ထိုသို့ပြောလိုက်သည်။
ဒေါက်တာက ငါ့ကိုအကြံပေးရင်း နားချိန်ကို ဆေးခန်းမှာဘဲကုန်ဆုံးလိုက်သည်။
ဒေါက်တာ့ရဲ့အကြံပြုချက်အရ ကျောင်းဆင်းရင် ဖွင့်ပြောဖို့ ငါဆုံးဖြတ်လိုက်သည်။
"ကျောင်းဆင်းရင် အတန်းထဲမှာစောင့်နေလေ ကျတော် လာခဲ့မယ်"
"Krub phi ကျေးဇူးပါ"
ငါ ကျေးဇူးတင်စကားပြောလိုက်ကာ အတန်းထဲဘဲပြန်လာခဲ့သည်။ငါ့သူငယ်ချင်းလေးကတော့ မခွဲနိုင်ဘူးဆိုကာ ပလူးနေလို့ထားခဲ့လိုက်သည်။
စာသင်ခန်းထဲလဲ ငါ့စိတ်ထဲမရှိပေ။ဖွင့်ပြောမဲ့ကိစ္စကိုသာ တွေးနေမိသည်။
Phi ငါ့ကိုဘယ်လိုပြန်ပြောမလဲ? ငါ ဘယ်လိုဖွင့်ပြောရမလဲ? ငြင်းရင်ကောဘယ်လိုလုပ်မလဲ?
စတဲ့အတွေးတွေနဲ့ ငါ ထိပ်လန့်လာသည်။ရွေ့လျားသွားတဲ့ နာရီလက်တံတွေကို ကြည့်ရင်း ချွေးတွေပင် ထွက်လာသည်။
စောင့်စားနေခဲ့သလို ရောက်ဖို့လဲကြောက်တဲ့ ကျောင်းဆင်းချိန်ရောက်တော့ အတန်းထဲတွင်နေကာ ဒေါက်တာ့ကို winny နဲ့အတူစောင့်နေလိုက်သည်။
"ကျတော်ရောက်ပါပြီဗျ သွားကြမလား"
"Phi ကျတော်ကြောက်တယ်"
ဒေါက်တာ့ အားလှမ်းပြောတော့ ဒေါက်တာကရယ်ကာ ငါ့ပုခုံးကိုပုတ်ပေးသည်။
"ဖြစ်တတ်ပါတယ် fighting Nong"
Phi ရဲ့ရုံးခန်းနားရောက်တော့ ဒေါက်တာနဲ့ winny ရဲ့အားပေးမှုနှင့်အတူတံခါးကိုဆွဲဖွင့်လိုက်သည်။
"P'gem!!"
Phi ဟာသူ့အလုပ်စားပွဲပေါ် လက်ထောက်ကာရပ်နေပြီး phi ရဲ့ပုခုံးပေါ်လက်တင်ထားသည့် အမျိုးသမီးတယောက်နှင့် နမ်းနေသည့်မြင်ကွင်း
"Fourth!"
Phi ဟာငါ့ကိုမြင်တော့ ထိုအမျိုးသမီးအားတွန်းဖယ်လိုက်ပြီး ငါ့လက်အားလာကိုင်သည်။
"ဟင့်အင်း ဖယ်ပါ နှောင့်ယှက်မိတဲ့အတွက်တောင်းပန်ပါတယ်"
Phi အားတွန်းဖယ်ကာ ငါ ထိုနေရာကနေထွက်လာလိုက်သည်။
"Fourth! နေဦးလေ"
Fourth နောက်ကနေ လိုက်လာတဲ့ Gemini ကို satang က တားလိုက်ပြီး winny က fourth နောက်လိုက်သွားလိုက်သည်။
"Gem ခန စိတ်ကိုအေးအေးထား"
"Fourth အထင်လွှဲသွားပြီ"
"ငါသိတယ် အခုသူ့ကိုခနလောက်လွှတ်ထားပေးလိုက်"
Satang ရဲ့စကားကြောင့် Gemini စိတ်လျော့ကာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။_____________WS____________"Nong"
"ဗျာ ဒေါက်တာ"
"ကျတော်တို့ နာမ်စားတွေနဲ့ပြောင်းခေါ်ကြမလား"
"ဒေါက်တာ ဘယ်လိုခေါ်ချင်လဲဗျ"
"အာ..မောင်နဲ့ကိုကိုကော"
"ရတာပေါ့ ဒေါက်တာ့သဘော"
"ဒီနေ့အားလား မောင်"
ငါ့ရဲ့ ဒေါက်တာဟာ သူ့ဘာသာစခေါ်ပြီး သူ့ဘာသာရှက်နေလေသည်။
"မောင်အားတာပေါ့ ကိုကိုဘာလုပ်ချင်လို့လဲ"
"မိဘတွေနဲ့မိတ်ဆက်ပေးချင်လို့ ဒီကိစ္စကိုပြောပြချင်လို့"
"အရမ်းမစောလွန်းဘူးလား"
"ဘာလို့လဲ"
"မောင်တို့ကတွဲလာတာမှမကြာသေးတာ...မောင်ကကျောင်းလဲမပြီးသေးဘူး"
"သိပါတယ် ဒါပေမဲ့ မနေ့က Sam ကစကားစလိုက်တာ ခေါ်လာခဲ့ဖို့ပြောနေလို့"
"မောင် ကြောက်တယ်"
"ဘာမှမဖြစ်ဘူးလေ ကိုကိုရှိတာဘဲ"
"ဟုတ်ပါပြီဗျာ"
ဒေါက်တာ့ရဲ့ကားနဲ့အတူ ငါ့အိမ်ကိုအရင်ပြန်လိုက်သည်။
အိမ်ရောက်တော့ငါ့ရဲ့အဝတ်အစားတွေကိုလဲဖို့အတွက် ဒေါက်တာ့ကိုအမေတို့နဲ့အတူခဏထားခဲ့လိုက်သည်။ငါတို့ဆက်ဆံရေးကို အိမ်ကလဲသိထားပြီး သဘောတူတာကြောင့် အခုလိုလွတ်"လပ်"နေနိုင်ခြင်းဖြစ်သည်။
ကမန်းကတန်းအခန်းထဲဝင်ကာချွေးတွေစိုနေတဲ့ကျောင်းဝတ်စုံအား လူကြီးတွေသဘောကျလောက်စေမဲ့ဝတ်စုံကိုရွေးဝတ်လိုက်သည်။
နောက်ဆုံး ရေမွှေးစွတ်ကာအပြင်ကိုပြန်ထွက်လာခဲ့ပြီး ဒေါက်တာနှင့်စကားဝိုင်းဖွဲ့နေသော အမေ့အားနှုတ်ဆက်ရင်း လက်ကိုဆွဲကာအပြင်ခေါ်ထုတ်လာခဲ့လိုက်သည်။
"ဖြည်းဖြည်းလေ မောင်ရဲ့ အလောတကြီးနဲ့ ရေမွှေးတွေစွတ်လာတာလား"
ဒေါက်တာ့စကားကြောင့် ကိုယ့်အင်္ကျီကိုယ်ငုံ့နမ်းရင်း မေးမိလိုက်၏..
"မောင်အရမ်းများသွားလားဟင် အဆင်ပြေရဲ့လား"
ငါ့ရဲ့ပျာယာခတ်နေတဲ့ပုံစံကိုကြည့်ရင်းဒေါက်တာဟာအပြုံးပန်းလေးတစ်ပွင့်နဲ့ ငါ့ပုခုံးစွန်းကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ငါ့ကိုပြောသည်...
"အဆင်ပြေပါတယ်ဗျ အဲ့လောက်ကြီးလဲမလိုပါဘူး နော် ဒီတိုင်းအသိပေးမှာပါ"
"နည်းနည်းအဆင်မပြေမှာစိုးရိမ်လို့ပါ"
ဒေါက်တာကငါ့ရဲ့ခေါင်းကိုလှမ်းပုတ်ရင်း ကားထဲဝင်သွား၏..ငါရင်တွေအရမ်းခုန်နေသည်ဟုပြောရင် လိမ်ရာမကျပါ။ရလဒ်ကသာ ငါမျော်မှန်းထားသလိုမဟုတ်ရင် ဘယ်လိုလုပ်မလဲ။_____________________ငါ့အိမ်ကိုရောက်တော့ "မတွေ့ရဲဘူး ကြောက်တယ်" ဟုဆိုကာ ကားထဲတွင်တွယ်ကပ်နေသည့် winny အား အတင်းပင်ကားပေါ်မှဆွဲချနေရသည်။
"အဲ့လောက်မဟုတ်ပါဘူး ဒီတိုင်းပြောရုံပါဘဲဆို မောင်အဲ့လိုဆက်နေနေမယ်ဆို ကိုကိုစိတ်ဆိုးမှာနော်"
ငါစိတ်ဆိုးပြီးဆူဆောင့်လိုက်တော့မှထွက်လာတဲ့သူ့ပုံစံကိုကြည့်ရင်း ရီမိလိုက်သည်။
"လာ"
လက်ကောက်ဝတ်ကိုဆုပ်ကိုင်ရင်းအိမ်ထဲခေါ်သွားတော့ sofaပေါ်မှာထိုင်နေတဲ့အဖေဟာလှည့်ကြည့်လာသည်။
ငါကြောက်ပေမဲ့ ဂရုမစိုက်ဘဲ မီးဖိုချောင်ဘက်သို့မောင့်ကိုခေါ်သွားရင်း ဟင်းပွဲများ ခင်းနေသည့်အမေ့ကို ကူလုပ်ဖို့မေးလိုက်၏။
"အမေ သားဝိုင်းကူစရာရှိသေးလား"
ငါ့အသံကိုကြားတော့အနောက်လှည့်ကြည့်လာတဲ့အမေဟာ မောင့်ကိုမြင်ပြီး ခေါင်းခါပြလာသည်။
"တော်ပါရှင်တော်ပါ ဧည့်သည်ကိုဟာဂရုစိုက် သားလဲတစ်ခါတည်းထမင်းစားသွားနော်"
အမေပြောစကားကို ကြောင်လေးသဖွယ်ခေါင်းငြိမ့်ပြနေသည့်မောင့်အား ငါဆွဲခေါ်ကာ ထိုင်ခုံတွင်နေရာယူခိုင်းလိုက်၏..
ခဏအကြာ တစ်မိသားစုလုံး စားပွဲကိုရောက်ရှိပြီး ထမင်းစားဖို့ပြင်တော့ တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းမှာ အမေဟာစတင်စကားစလိုက်သည်။
"Satang သားချစ်သူကိုခေါ်လာမယ်ဆို ဘယ်မှာလဲ သားကောင်မလေး"
"သား အကုန်လုံးကိုပြောစရာရှိလို့ပါ"
အားလုံးကငါ့ဆီအကြည့်ရောက်လာတော့ ငါမောင့်လက်လေးကိုဆုပ်ကိုင်ရင်း အားတင်းလျက် ပြောလိုက်သည်။
"တကယ်တော့ သား ရဲ့ချစ်သူက...winny ပါ"
အကုန်လုံးကလဲမျက်နှာပျက်သွားကြပြီး Samကလဲခုံကိုထုကာ သူ့အခန်းထဲဝင်သွားသည်။
"ငါမင်းတို့နှစ်ယောက်ကိုသဘောမတူဘူး"
ရုတ်တရက် ထကာပြောလာတဲ့အဖေ့ကြောင့် ငါမျက်မှောင်ကျုံ့ရင်း ပြန်မေးလိုက်၏..
"ဘာလို့လဲ အကြောင်းပြချက်ပေးပါအဖေ"
"မင်းနဲ့သူနဲ့တန်သလား မင်းကဆရာဝန်တစ်ယောက်ဖြစ်နေပြီ ဆရာဝန်ဦးနှောက်နဲ့ ဒီလိုယောကျာ်းတယောက်ကိုမင်းကချစ်ကြိုက်ဖို့ရွေးနိုင်တယ်ပေါ့"
ဒေါသသံဖြင့်အော်ငေါက်နေသည့်အဖေ့အားငါစိုက်ကြည့်လိုက်ရင်း...
"အချစ်ဆိုတာ ယောကျာ်းမိန်းမနဲ့မဆိုင်ပါဘူး အဖေသား သူ့ကိုချစ်တယ် သူကလဲသားကိုချစ်တယ် သားတို့အရာရာကိုအတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးသားပါ သားကတော့ winny ကိုဘဲယူမှာ"
ငါခပ်တင်းတင်းအံကြိတ်လျက်ပြောရင်းကားသော့ဆွဲယူကာ လက်ကိုဆုပ်ကိုင်ထားသည့်မောင်အား ငါဆွဲထွက်လာခဲ့သည်
"ကိုကို မောင်တို့ဘယ်ကို..."
မျက်ရည်ဝဲစပြုလာတဲ့မောင့်ကြောင့် နှုတ်ခမ်းပါးပေါ် ငါ့လက်ညိုးလေးထပ်တင်လိုက်ရင်းခေါင်းခါပြကာ ကားထဲသို့ဝင်ခိုင်းလိုက်၏..
သဘောမတူလဲ ငါကတော့ရအောင်ယူမှာဘဲ။ငါ မင်းအတွက်အရာရာကိုစွန့်လွှတ်ရဲတယ် မောင်။_______________________ကဲ အရှည်ကြီးရေးပေးထားတယ်နော် vote လေးတွေပေးကြပါအုန်းဗျ
Zawgyi
IT'S OVER
*ဒေါက် ဒေါက် ဒေါက်*
"အင်း"
"P'gem"
"အင်း"
"ဘာဖြစ်နေတာလဲဟင်"
"ဗျာ..."
"ဟမ် phi"
"ဘာလဲ"
"အာ ဟုတ်"
"အင်း"
"Krub mae"
"ဗျာ?"
"သားလဲမသိဘူးလေ"
"ကဲပါ လာ ထမင်းစားကြမယ်"
"Krub"
"ငါသိပါတယ် ဒါပေမဲ့...."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
"ဟမ် ဘာ ဘယ်သူနဲ့လဲ"
"ဘာတွေတွေးနေတာလဲ"
"လိုက်မယ်လေ"
"Krub phi"
"ဖွင့်ပြောမယ်ဆို"
"သတင်းကမြန်လိုက်တာ"
"Krub phi ကျေးဇူးပါ"
"Phi ကျတော်ကြောက်တယ်"
"P'gem!!"
"Fourth!"
"Fourth! နေဦးလေ"
"ဗျာ ဒေါက်တာ"
"အာ..မောင်နဲ့ကိုကိုကော"
"ရတာပေါ့ ဒေါက်တာ့သဘော"
"ဒီနေ့အားလား မောင်"
"ဘာလို့လဲ"
"မောင် ကြောက်တယ်"
"ဟုတ်ပါပြီဗျာ"
"လာ"
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)