Fanfics

17

17:31, 5 October 2025

ဖခင်ဖြစ်သူရဲ့ အလုပ်ခန်းထဲက လေထုက တိတ်ဆိတ်နေသည်။ ဆန်းဝန်း ရုံးခန်းရဲ့ အလယ်ဗဟိုမှာ ရပ်နေပြီး သူ့ရဲ့မျက်နှာမှာ အပြစ်ရှိတယ်လို့ ခံစားရတဲ့ အရိပ်အယောင် လုံးဝမရှိ ။

"Daddy လီယို hyung ကို ဘာလို့ ခြိမ်းခြောက်ရတာလဲ"

"မင်းနဲ့ သူ့ ကြားက ဆက်ဆံရေးက ဖြစ်မှ မဖြစ်နိုင်တာ"

သူ့ဖခင်က တည်ငြိမ်ပေမဲ့ အမိန့်ဆန်တဲ့ အသံနဲ့ ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက စားပွဲခုံပေါ်က စာရွက်စာတမ်းတွေကို ကြည့်နေပေမဲ့ စိတ်ကတော့ သားဖြစ်သူ ဆန်းဝန်းဆီမှာ ရှိနေသည်။

ဆန်းဝန်း က ခေါင်းကို တွင်တွင်ခါလိုက်ကာ

"ကျွန်တော်တို့ မရပ်နိုင်ဘူး အဖေ ကျွန်တော် လီယို Hyung ကို ချစ်တယ် "

"ဟားဟား "

သူ့အဖေက ချက်ချင်းဆိုသလို မော့ကြည့်လိုက်ပြီး ခပ်ပြင်းပြင်း ရယ်မောလိုက်သည်။

"မင်း အပြင်လောကက ကောလဟလ တွေကို ဂရုမစိုက်ဘူးလား? ငါတို့ရဲ့ မိသားစုဂုဏ်သိက္ခာ၊ ငါတို့ရဲ့ ရာထူးအဆင့်အတန်း တွေကို သူတို့ ဘယ်လိုမြင်မလဲ ?မင်းရဲ့လုပ်ရပ်ဟာ ငါတို့ မိသားစုရဲ့ ဂုဏ်နဲ့ အဆင့်အတန်းနဲ့ လုံးဝမကိုက်ညီဘူး"

"အဲ့ဒီ ပတ်ဝန်းကျင်ကို Daddy ပဲ ဂရုစိုက်နေတာ! သူတို့တွေကို ဂရုစိုက်နေရအောင် သူတို့လုပ်စာ စားနေတာမှ မဟုတ်ပဲ"

ဆန်းဝန်းက ပြန်အော်လိုက်ပြီး သူ့ရဲ့ အသံက တုန်ခါသွားသည်။

သူ့အဖေရဲ့ မျက်နှာသွင်ပြင်သည် ရုတ်တရက် တင်းမာသွားပြီး ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

"မင်း ငါ့ကို ဆုံးမနေတာလား ဆန်းဝန်း ငါ့ရဲ့ ဆုံးဖြတ်ချက်က ခြိမ်းခြောက်မှု လို့ မင်းမြင်ရင်လည်း မင်းရဲ့ ချစ်သူကို ငါ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ မင်း သူ့ကို ချစ်ရင် မင်းရဲ့ အချစ်အတွက် ပေးဆပ်ရမယ် "

"ဘာကို ပေးဆပ်ရမှာလဲ?"

"မင်းရဲ့ အနာဂတ် ကို ပေးဆပ်ရလိမ့်မယ်!"

ဖခင်က စားပွဲကို အားရပါးရ ထုလိုက်တော့ စားပွဲခုံပေါ်က ဘောပင်တံတွေ တုန်ခါသွားသည်။

"မင်းသာ သူ့ကို ရွေးချယ်ရင် မင်းရဲ့ အမွေဆက်ခံခွင့် ငါတို့ မိသားစုရဲ့ စီးပွားရေး တွေအားလုံးကနေ မင်းကို ငါ နှင်ထုတ်မယ်။ အဲ့ဒီတော့မှ မင်းရဲ့ လီယိုက မင်းကို ဆက်ချစ်နေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ "

ဆန်းဝန်း မျက်ရည်မကျပေမဲ့ နာကျင်မှုကို ထိန်းချုပ်ထားတဲ့ သူ့ရဲ့ မျက်လုံးတွေဖြင့် စိုက်ကြည့်နေသည်။

" Daddy က ကျွန်တော့်ရဲ့ အချစ်ကို ပိုက်ဆံ နဲ့ ခြိမ်းခြောက် နေတာလား? ကျွန်တော်တို့ရဲ့ အချစ်ဟာ အဲ့ဒီအရာတွေအောက်မှာ နစ်မွန်းသွားမှာ မဟုတ်ဘူး "

သူ ခေါင်းကို မာန်ပါပါ မတ်မတ်မတ်မတ်ထားလိုက်ပြီးသူ့အဖေ ဘက်ကို တစ်လှမ်း တိုးလိုက်သည်။

"အဖေပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ လမ်းဟာ ဒီညမှာပဲ ကွဲသွားပြီ။ ကျွန်တော် လီယို hyung ကိုပဲ ရွေးချယ်မယ် ကျွန်တော် ကျွန်တော့်ကိုယ်ပိုင် ဘဝကို ဖန်တီးပါ့မယ်။ ကျွန်တော့်ကို နှင်ထုတ်မယ်ဆိုရင် နှင်ထုတ်လိုက်ပါ။ သူ့ကို ထိခိုက်အောင် လုပ်မယ့်သူ ကို ကျွန်တော် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲ့ဒီလူဟာ အဖေ ဖြစ်နေရင်တောင်မှပဲ "

ထိုစကားကို ပြောပြီးနောက် ဆန်းဝန်းသည် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ဖခင်ဖြစ်သူကတော့ မျက်လုံးမှိတ်ပြီး သူ့ရဲ့ခုံမှာ ပင်ပန်းနွမ်းနယ်စွာ ထိုင်ကျန်ရစ်ခဲ့သည်။ သူ့လက်ထဲမှာတော့ သားဖြစ်သူ ဆန်းဝန်းရဲ့ ဓာတ်ပုံလေးတစ်ပုံကို ကိုင်ထားရင်း သူရဲ့ အာဏာ ဟာ အချစ် ကို တကယ်ပဲ မနိုင်ဘူးလားဆိုတာကို စဉ်းစားနေမိတော့သည်။

---

ဆန်းဝန်းဟာ သူ့ရဲ့ကားအနက်လေးကို ဂီယာချက်ချင်းချလိုက်သည် ။ ဘီးတွေအောက်က ကတ္တရာလမ်းကတော့ အေးခဲလို့။ ဒီညနေခင်းက ရာသီဥတုခန့်မှန်းချက်အတိုင်း တကယ်ပဲ အေးစက်နေသည်။ ကားရဲ့ ပြင်ပအပူချိန်မီတာမှာ '−2∘C' လို့ ပြနေသည်။

ကားပြတင်းပေါက်တွေကနေ မြင်ရတဲ့ လမ်းမတွေက တိတ်ဆိတ်ငြိမ်သက်နေပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ မြင်ကွင်းဟာ မီးလုံးဝါဝါလေးတွေအောက်မှာ ထူးခြားတဲ့ အလှတရားတစ်မျိုး ဖြစ်နေသည်။ ကားထဲမှာကတော့ အပူပေးစက်ကနေ လေပူတွေ မှုတ်ထုတ်နေပေမယ့် ဆန်းဝန်းရဲ့လက်ချောင်းတွေက ကားစတီယာကို ကိုင်ထားရင်း အေးစက်နေဆဲ။

ဆန်းဝန်း ရေဒီယိုက လူကြိုက်များတဲ့ သီချင်းကို ဖွင့်လိုက်သည်။ အဆိုတော်ရဲ့ သာယာနာပျော်ဖွယ် အသံက အေးစက်နေတဲ့ ပတ်ဝန်းကျင်ကို နည်းနည်းတော့ နွေးထွေးလာစေသလို ။ကားမီးကြီးတွေရဲ့ အလင်းရောင်က လမ်းတလျှောက်လုံးက နှင်းပွင့်ငယ်လေးတွေကို ရွှေရောင်အဖြစ် ပုံဖော်ပေးနေသယောင် ။

မြို့လယ်ခေါင်ကနေ ခပ်လှမ်းလှမ်းမို့လို့ လမ်းပေါ်မှာ ကားအသွားအလာ သိပ်မရှိတော့ပေ။ခဏခဏ ကားရှေ့မှန်ပေါ်က အငွေ့တွေကို ဖယ်ရှားရင်း သူ အာရုံစူးစိုက်မောင်းနေသည်။

ကားမောင်းလာတာ ဆယ်မိနစ်လောက်ကြာတော့ ဆန်းဝန်းဟာ သူ့ရဲ့ ရပ်ကွက်ထဲကို ချိုးဝင်လိုက်သည် ။ လမ်းမီးတိုင်အောက်မှာ ရပ်ထားတဲ့ ကားတွေရဲ့ အမိုးတွေပေါ်မှာ နှင်းထုတွေက ထူထပ်နေပြီ။

သူ့အိမ်ရှေ့ရောက်တော့ ဆန်းဝန်း ကားကို ဖြည်းဖြည်းချင်း ကွေ့ချိုးလိုက်သည်။ ကားအင်ဂျင်ကို ပိတ်လိုက်တာနဲ့ လောင်စာဆီ နွေးနွေးရဲ့အနံ့နဲ့အတူ ချက်ချင်းဆိုသလို ဆောင်းညရဲ့အအေးဓာတ်က ကားထဲကို ဝင်ရောက်လာသည်။

ဆန်းဝန်းဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကားထဲကနေ အပြင်ကို ထွက်လိုက်တော့ ခြေထောက်အောက်က ခဲနေတဲ့ နှင်းတွေရဲ့ "ကျွီ... ကျွီ..." ဆိုတဲ့ အသံကို ကြားလိုက်ရသည်။

အိမ်ရဲ့ မီးရောင်က လိမ္မော်ရောင်နွေးနွေးလေးနဲ့ သူ့ကို ကြိုဆိုနေသည်။ဆန်းဝန်း ကားတံခါးကို ပိတ်လိုက်ပြီး အေးခဲနေတဲ့ လေကို ရှူသွင်းလိုက်ရင်း သူ့ရဲ့ မျက်လုံးတွေက အိမ်ပြတင်းပေါက်ဆီကို အလိုလို ရောက်သွားသည်။

ပြတင်းပေါက်နောက်မှာ အိမ်ထဲက နွေးထွေးတဲ့ မီးရောင်ကို နောက်ခံပြုပြီး လီယိုကို မြင်လိုက်ရသည်။ သူမီးဖိုချောင် စားပွဲခုံအောက်နားလေးမှာ ဒူးထောက်ထိုင်နေပြီး ပြတင်းပေါက်ကို စိုက်ကြည့်နေသည်။

သူတို့နှစ်ဦးရဲ့ အကြည့်တွေဟာ မှန်တစ်ချပ်ခြားပြီး ဆုံမိကြတယ်။ လီယိုရဲ့ မျက်နှာပေါ်မှာ ချက်ချင်းဆိုသလို အပြုံးပွင့်သွားတာကို ဆန်းဝန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆန်းဝန်း ကားပေါ်ကနေ အိတ်ကြီးတွေကို ဆွဲထုတ်ပြီး ခပ်သွက်သွက် လှမ်းလာသည်။တံခါးသော့ကို ကလစ်ကလစ်နဲ့ ဖွင့်လိုက်ပြီး အိမ်ထဲကို ခြေချလိုက်တာနဲ့ နွေးထွေးတဲ့ လေနွေးက သူ့ကို ပွေ့ဖက်လိုက်သလို။

" ဆန်းဝန်းနားးး အေးလာပြီလား "

လီယို သူ့ရှေ့ကို ထသွားလိုက်ရင်း ဆန်းဝန်းရဲ့မျက်နှာကို ဖွဖွ တို့ထိလိုက်သည်။လီယိုဟာ အနွေးထည်အပါးနဲ့ နေအိမ်သုံး ဘောင်းဘီကို ဝတ်ထားပြီး လက်ထဲမှာက ကော်ဖီခွက်တစ်ခွက် ကိုင်ထားသည်။

"အေးလွန်းလို့ သေတော့မယ့်အတိုင်းပဲ။ ဒါပေမဲ့ အကို့ကိုတွေ့လိုက်ရတော့ နွေးသွားပြီ" လို့ ဆန်းဝန်း ပြုံးပြီး ပြောလိုက်သည်။

လီယို အိတ်တွေကို ကြမ်းပြင်ပေါ် ချခွင့်မပေးဘဲ ယူလိုက် ဆန်းဝန်းရဲ့ လက်ထဲက တစ်ဆင့် လွှဲယူလိုက်သည်။

ဆန်းဝန်း ရုတ်တရက်ဆိုသလို လီယို့ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ ပွေ့ဖက်လိုက်တဲ့အခါ နူးညံ့တဲ့ အနွေးဓာတ်က ဆန်းဝန်းရဲ့ တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။

ပြန်ပွေ့ဖက်လာတဲ့ လီယို့ရဲ့ လက်တွေက ဆန်းဝန်းရဲ့ ဆံပင်တွေကို ခပ်ဖွဖွ သပ်ပေးနေသည်။

" အချွဲလေးတန်းလုပ်နေတာလား"

လီယိုက ပြုံလိုက်ရင်း ဆန်းဝန်းရဲ့ လည်ပင်းအစပ်နားကို ခပ်ဖွဖွ ငုံ့နမ်းလိုက်သည်။ခပ်လွင်လွင်ရနေတဲ့ ဆန်းဝန်းရဲ့ ကိုယ်သင့်နံ့ကြောင့် လီယို သူ့နဖူးလေးကို ထပ်မံ ငုံ့နမ်းလိုက်ပြန်သည်။

" ခိခိ "

ခပ်တိုးတိုးထွက်လာတဲ့ ရယ်သံသေးသေးလေးကြောင့် လီယို ဆန်းဝန်းရဲ့ မျက်နှာသေးသေးလေးကို သူ့လက်တွေဖြင့် မော့စေလိုက်သည်။

အပြင်က အအေးဓာတ်ကြောင့် ဆန်းဝန်းရဲ့ ပါးပြင်တွေက နီမြန်းနေပြီး နှာခေါင်းလေးထိပါ အနီရောင် သမ်းနေသည်။

လီယို သူ့လက်တွေဖြင်း ဆန်းဝန်းရဲ့ ပါးနှစ်ဖက်ကို ခပ်ဖွဖွ တို့ထိလိုက်ရင်း

" ညစာ စားလို့ရနေပြီနော် အတတ်လေး"

ဆန်းဝန်းက ကျေနပ်သွားသယောင် နှုတ်ခမ်းများ ကော့တက်အောင် ပြုံးလိုက်ရင်း

" အကို့ကို ပြန်သွားမယ်ထင်နေတာ "

ခဏလောက် ဝမ်းနည်းသွားဟန်ရတဲ့ ဆန်းဝန်းကြောင့် လီယို အနားကို ထပ်တိုးသွားလိုက်ရင်း ထိုကောင်လေးကို ရင်ခွင်ထဲ ထပ်မံ ဆွဲသွင်းထားလိုက်သည်။

" ကိုယ်တို့ ထပ်မခွဲဘူး ပြောထားသားပဲ "

" တောင်းပန်တယ်နော် "

အသံသေးသေးလေးဖြင့် တောင်းပန်လာတဲ့ ဆန်းဝန်းက ကလေး တစ်ယောက်လိုချစ်စရာအတိ ။တင်းကြပ်စွာ ဖက်ထားတဲ့ ဆန်းဝန်းရဲ့ လက်တွေကြောင့် ဆန်းဝန်းရဲ့ ခါးသေးသေးလေးကို တင်းတင်းကြပ်ကြပ် သူပြန်ဖက်ထားလိုက်သည်။

-----

There are no comments yet. Log in to be the first to leave a review!

Similar stories