Fanfics

29.B🍃

12:12, 27 April 2023

[Unicode]

ထယ်ယောင်းလက်တွေကြိုးပြေသွားခဲ့တယ်။ ဂျောင်မင်ကတော့ ဆော့ဂျင်ကိုအတင်းနမ်းနေတာကြောင့် မမြင်သေးပေ။

"ခွမ်း!!"

ထယ်ယောင်းအနားက ပန်းအိုးကိုယူလာပြီး ဂျောင်မင်ခေါင်းကို အနောက်ကနေရိက်ချလိုက်တော့တယ်။

"အ့.."

အစိတ်စိတ်အမြွာမြွာကွဲကြေသွားတဲ့ပန်းအိုးနဲ့အတူ.. သွေးတွေဂျောင်မင်မျက်နှာတလျှောက်စီးကျလာပြီး ဂျောင်မင်လဲကျသွားတော့တယ်... ဂျောင်မင်လက်ထဲက သေနတ်ကို ထယ်ယောင်းဆွဲယူထားလိုက်တယ်~

အခုထိတုန်ရီနေသေးတဲ့ ဆော့ဂျင်ကိုယ်လေးကို ဖက်ထားလိုက်တယ်။

"ဟင့်~ ထယ်ယောင်း.. တောင်းပန်ပါတယ်"

"မဟုတ်ပါဘူး.. ငါမှားတာပါ ငါကြာနေတာကြောင့်ပါ.. တောင်းပန်ပါတယ်.. မကြောက်ပါနဲ့တော့ အခုထွက်သွားရအောင်"

ဂျောင်မင် သတိမေ့သွားတာမဟုတ်ပေမဲ့ ခေါင်းကသွေးတွေအများကြီးထွက်နေပြီး လူကမူးနေတာကြောင့် မထနိုင်လောက်အောင်ဖြစ်နေတယ်။

နှစ်ယောက်အမြန်ထွက်ပြေးဖို့အတွက် အခန်းပြင်မှာရှိနေတဲ့သူကို ရင်ဆိုင်ရအုံးမယ်။ ဆော့ဂျင်ကိုအနောက်ပို့ထားပြီး ထယ်ယောင်းအပြင်ဘက်ကို သေနတ်ဖြင့်ချိန်ကာ သတိထားကာထွက်လာပေမဲ့ တယောက်မှမရှိပေ။

အခုရောက်နေတဲ့နေရာက အနီးနားမှာဘာမှမတွေ့ရ သစ်ပင်တွေသပ်သပ်သာရှိတယ်။ ဒီအိမ်လေးတလုံးတည်းရှိနေတယ်.. ဂျောင်မင်ကခဏအတွင်းလုပ်ထားတဲ့အိမ်ငယ်ထင်တယ်။

တောအုပ်ငယ်အရှေ့ကနေ ထယ်ယောင်းကိုမျက်လုံးပိတ်ပြီး ခေါ်လာကြတာဖြစ်လို့ ဘယ်နေရာလည်းဆိုတာမသိပေ။ ခန့်မှန်းရသလောက်တော့ ဒီနေရာကိုရောက်ဖို့လမ်းနည်းနည်းလျှောက်ရတာ သိတယ်။ ထင်တဲ့လမ်းကိုပဲသွားရမှာမလို့ ဆော့ဂျင်လက်ကိုဆွဲရင်း ထယ်ယောင်းထွက်လာလိုက်တယ်။

"ဟေး.. ရပ်လိုက်.. မပြေးနဲ့ ဒိုင်း! ဒိုင်း!!"

သေနတ်သံတွေလည်း ကြားနေရတော့ နှစ်ယောက်လက်တွဲထားရင်း ဘယ်နေရာရောက်မှန်းမသိဆက်တိုက်ပြေးနေမိတော့တယ်။

သေနတ်သံကြားလိုက်သူတွေမှာ နမ်ဂျွန်းတို့အပါအဝင်ပင်။ သေနတ်သံကြားရာဘက်ကိုပဲ ဦးတည်ရင်းရှာဖွေကြတော့တယ်။

ထယ်ယောင်းလက်ထဲမှာပါလာတဲ့ သေနတ်ဖြင့်တချက်ပစ်လိုက်ပေမဲ့ မထိသွားပေ။ နောက်တချက်အတွက် ကျည်မရှိတော့ပေ။

"ချီးပဲ.. ဂျောင်မင်!"

ကျည်တစ်တောင့်ပဲပါတဲ့သေနတ်ဖြစ်နေတာကြောင့် ဂျောင်မင်ကိုဆဲရင်း သေနတ်ပစ်ချပြီး ပြေးရပြန်တယ်။ ပြေးနေရင်းမှ လမ်းမရှိလောက်အောင်ဖြစ်သွားတဲ့ ခပ်မြင့်မြင့်​ချောက်ကမ်းပါးတခုပေါ်ရောက်နေတာ~

jin "ထယ်ယောင်း.. ဘယ်လိုလုပ်မလဲ!"

ဆော့ဂျင် ထယ်ယောင်းကိုယ်အနောက်လေးမှာ ကပ်ရင်း ပြောလိုက်မိတယ်။ ဆော့ဂျင်က ကြောက်လို့မျက်ရည်တွေဝဲနေတယ် ထယ်ယောင်းကတော့ဆော့ဂျင်ကို ကာကွယ်ရမဲ့သူမလို့.. ကြောက်နေလို့မဖြစ်တာကြောင့် နှစ်သိမ့်ပေးရတယ်။

th "ငါတို့လွှတ်မှာပါ.. မကြောက်နဲ့"

?? "ဟက်! ဘယ်ကိုပြေးအုံးမလဲ"

ဒီလူနှစ်ယောက်က သေနတ်ဖြင့်ချိန်ထားကာ အနားကိုနီးကပ်လာနေတယ်။

th "ခုန်ချရအောင်"

jin "အင်း"

ထယ်ယောင်းပြောတာကိုမငြင်းမိပါ.. ခုန်ချလိုက်ရင်တော့ ရေထဲရောက်မှာအသေချာပဲ~ သေရင်လည်းအတူတူအသေခံလိုက်မယ်.. သူတို့နဲ့ပါသွားရင် ဘဝကငရဲကျသလိုဖြစ်တော့မှာ~

ထယ်ယောင်းတို့ခုန်ချလိုက်တော့ ကြားလိုက်ရတဲ့သေနတ်သံတခု~

"ဒိုင်း!!"

"တောက်ခ်.. ခုန်ချသွားသေးတယ်"

ထိုလူနှစ်ယောက်က ချောက်ကမ်းပါးအောက်က ရေပြင်ပေါ်ကြည့်ရင်း ပြောနေကြတယ်။

"ငါပစ်လိုက်တာ တယောက်မှာထိသွားတယ်"

"ဘယ်လိုလုပ်မလဲ သူတို့မသေလောက်ဘူး.. ဒီအောက်ဘက်ဆင်းဖို့က ပတ်လမ်းကနေဆင်းလို့တော့ရတယ်.. ညရောက်သွားလိမ့်မယ် မလွယ်ဘူး"

"ထားလိုက်တော့ ထိသွားတဲ့တယောက်တော့သေမှာပဲ!"

"ဒါဆိုလည်း သူဌေးကိုသွားကြည့်ရအောင်!"

ဂျောင်မင်က အဲ့နှစ်ယောက်ကိုငှားထားတာကြောင့် သူဌေးလို့ခေါ်ခြင်းပင်။

သေနတ်သံကြားရလမ်းအတိုင်းလိုက်လာနေကြတဲ့နမ်ဂျွန်းတို့လည်း နောက်ထပ်သေနတ်သံတချက်ကြောင့် နေရာကိုခန့်မှန်းလို့ရပြီး လိုက်လာတော့ တောထဲမှာသီးသန့်ရှိနေတဲ့အိမ်ငယ်လေးကို တွေ့လိုက်ရတယ်။

ရဲတွေပါ သေနတ်နဲ့ချိန်ကာဝင်လာကြတော့ လူနှစ်ယောက်နဲ့ သွေးအိုင်ထဲလှဲနေတဲ့ဂျောင်မင်ကို အတူတွေ့လိုက်ရတယ်။ ဂျောင်မင်ကိုအမြန်သယ်ထုတ်သွားကြပြီး ထိုလူနှစ်ယောက်ကို လက်ထိပ်ခတ်ကာစစ်မေးရတယ်။

"ဘယ်မှာလဲ! မင်းတို့ဖမ်းလာတဲ့သူတွေ! "

"မသိဘူး!"

"ဘာ! မသိဘူးဟုတ်လား ခွပ်! ခွပ်!!"

နမ်ဂျွန်းစိတ်မထိန်းနိုင်ဘဲ မသိဘူး'ပြောနေတဲ့ထိုလူကိုဝင်ထိုးလိုက်တယ်.. အနောက်ကနေဝင်ဆွဲတော့မှ ရပ်ပေးလိုက်တယ်~ ရဲတယောက်က မဖြေရင်ပြစ်ဒဏ်ပိုကြီးသွားနိုင်ကြောင်း.. ဥပဒေတွေရွတ်ပြလိုက်တော့.. တယောက်ကထပြောတော့တယ်~

"သူတို့ ချောက်ကမ်းပါးပေါ်ကခုန်ချသွားပြီ"

"ဘာ!! အခုချက်ချင်းလိုက်ပြ"

ရဲအနည်းစုနဲ့အတူကျန်တယောက်ကို ဖမ်းခေါ်သွားလိုက်တယ်။ လမ်းပြပေးမယ့်တယောက်ခေါ်လာတဲ့အတိုင်း ချောက်ကိုရောက်လာခဲ့ကြတယ်။ အောက်ဘက်ကိုကြည့်လိုက်တော့ ရေပြင်မို့လို့ အသက်ရှင်နိုင်တာကြောင့် မျှော်လင့်ချက်ရှိသွားတယ်~

nj "ဒီအောက်ဘက်ဆင်းရမယ်"

worker "ခေါင်းဆောင်.. ဒီအောက်ကိုဆင်းဖို့ ပတ်လမ်းရှိပါတယ် ဒီကနေဆင်းလို့ရတယ်"

nj "သွားရအောင်"

နမ်ဂျွန်းနဲ့အတူ ရဲနှစ်ယောက်နဲ့အလုပ်သမားအချို့ပါလိုက်ပါလာကြတယ်။ ကျန်တဲ့သူတွေကတော့ အပြစ်သားတယောက်နဲ့အတူသွားကြပြီ~

🍃🍃🍃

နှစ်ယောက်လုံးရေထဲကျသွားသည်မို​့ ရေကူးတတ်သူအတွက်တော့ ဘာမှမဖြစ်ပေ။ လက်တွဲကာခုန်ချခဲ့ပေမဲ့ ရေပေါ်ပြန်ပေါ်လာတော့ ဆော့ဂျင်တ​ယောက်တည်း ထယ်ယောင်းမပါလာခဲ့။

"ထယ်ယောင်း~ ! ထယ်ယောင်း!"

ဆော့ဂျင်ရေထဲဆင်းရှာပေမဲ့မတွေ့သေးပေ။ ဆော့ဂျင်အသက်ဝအောင်ရှူလိုက်ပြီး ရေထဲပြန်ငုပ်ဆင်းကာ.. ထယ်ယောင်းကိုရှာရတယ်။ ရေမျက်နှာပြင်အောက်ဘက်ကို တဖြည်းဖြည်းဆင်းနေတဲ့ထယ်ယောင်းခန္ဓာကိုယ်ကို ဆယ်ယူလာပြီး.. ရေချောင်းစပ်ပေါ်တင်ပေးလိုက်တယ်။ ထယ်ယောင်းပေါင်မှာသွေးတွေအများကြီးရှိတယ် သေနတ်ထိထားသည့်ပုံပင်~

ထယ်ယောင်းသတိမရှိတော့တာကြောင့် ဆော့ဂျင်အလန့်တကြားဖြစ်ကာ.. ထယ်ယောင်းရင်ဘတ်ပေါ်လက်နှစ်ဖက်ဖြင့် CPRအမြန်လုပ်ပေးရတယ်.. အသက်မရှူလာသေးတာကြောင့် ဆော့ဂျင်ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်းလိုက်တယ်။

"အဟွတ်! အဟွတ်"

ထယ်ယောင်းပါးစပ်ထဲကနေ ရေတွေအကုန်ပြန်အန်ထွက်တော့မှ ဆော့ဂျင်စိတ်အေးသွားတော့တယ်။ ဆော့ဂျင်ထယ်ယောင်းကို တင်းကျပ်စွာဖက်ထားလိုက်တယ်။

သွေးတွေစီးကျနေတဲ့ဒဏ်ရာအတွက် ပတ်ဖို့အဝတ်စတွေက ရေစိုနေသေးတာကြောင့်အဆင်မပြေပေ။ အချိန်အားဖြင့်နေ့လည်ဘက်လောက်ပဲရှိသေးတာမို့ ရှိနေတဲ့နေရောင်အောက်မှာ အင်္ကျီတွေကိုလှမ်းထားလိုက်တယ်။

ထယ်ယောင်းဒဏ်ရာကနေ သွေးတွေအများကြီးထွက်လာလို့မ​ဖြစ်ပေ။ ဒီနေရာမှာရှိတာနဲ့ ကျည်ဆံဆွဲထုတ်လို့လည်းမရ ။ ပိုးဝင်သွားမှပိုဆိုးသွားနိုင်တယ်။ အပေါ်ဝတ်အင်္ကျီတထည်က အဝတ်စကိုဗြဲလိုက်ပြီး. ထယ်ယောင်းဒဏ်ရာပေါ်တွင် စည်းပေးထားလိုက်တယ်။

"အ့.."

"ဒီကနေ ဘယ်လိုဆက်သွားကြမလဲ ထယ်ယောင်း.. ဒီညပြန်ရောက်မှဖြစ်မယ်"

"ဒီကနေပတ်သွားပြီး အပေါ်ပြန်တက်မှရလိမ့်မယ်"

"အင်း.. သွားရအောင်"

"ငါ~ ငါလမ်းလျှောက်နိုင်မှာမဟုတ်ဘူးဂျင်.. ငါ့ကိုထားခဲ့လိုက်တော့"

"ဘာ! ရူးနေလို့လား! ဒီလိုအခြေအနေမျိုးမှာပဲ တယောက်နဲ့တယောက်ဖေးမလိ​ု့ရတာ.. မထားခဲ့ဘူး! လာ.. သွားရအောင်"

ဒီနေရာကနေအမြန်ထွက်သွားပြီး တယောက်ယောက်နဲ့တွေ့မှအဆင်ပြေမှာ.. အခုတောင်ထယ်ယောင်းနှုတ်ခမ်းတွေက ဖြူဖတ်ဖြူရော်ဖြစ်နေပြီ ဒဏ်ရာကလည်း တဆစ်ဆစ်ကိုက်နေလောက်တယ်။

ထယ်ယောင်းလက်မောင်းအောက် ခေါင်းလျိုဝင်လိုက်ပြီး တွဲပေးကာ.. လမ်းလျှောက်မယ်စဥ်းစားပေမဲ့.. ထယ်ယောင်းရဲ့ ​​ခြေထောက်တဖက်က မရပ်နိုင်လောက်အောင်ဖြစ်နေတယ်~

"အ့.. ဂျင်.. ငါမရဘူး ~ အရမ်းနာနေတယ်"

"ဒါဆိုကျောပေါ်တက်!! တက်လို့"

ဆော့ဂျင် ထယ်ယောင်းကိုကျောပိုးထားလိုက်ကာ.. ထင်ရာလမ်းအတိုင်းလာနေလိုက်တယ်~ လွတ်မြောက်မှာပါ။ ကျောပိုးထားရင်းမှ ထယ်ယောင်းကအနောက်ကနေ စကားစပြောတယ်~

"ဂျင်သိလား.. ဒီနေ့ကိုယ့်မွေးနေ့ဆိုတာ.."

"တောင်းပန်ပါတယ် ဒီလိုနေ့မှာမှ ငါ့ကြောင့်နဲ့~"

"တောင်းပန်စရာမလိုပါဘူး~ ကိုယ့်ကို ယောင်းလို့ခေါ်ပေးမလား.. ဘယ်သူမှမခေါ်ဖူးဘူး ဂျင်ဆီကနေဒီလိုမျိုးကြားချင်တယ်"

"ရတာပေါ့ ယောင်း~"

"ဟင့်~" ကျောပေါ်မှာရှိနေတဲ့ ထယ်ယောင်းဆီကနေ ရှိုက်သံလေးကို ကြားလိုက်ရတယ်..

"ငိုနေတာလား.. ယောင်း"

"ချစ်တယ် ဂျင်.. စတွေ့ကတည်းကိုက မင်းပုံရိပ်လေးက ကိုယ့်နှလုံးသားထဲမှာစွဲထင်နေတာပါ..

အနားမှာခေါ်ထားချင်ရုံနဲ့ မဟုတ်တဲ့နည်းလမ်းတွေသုံးပြီးစိတ်ညစ်အောင် လုပ်ခဲ့မိတာ တောင်းပန်ပါတယ် ..

အထင်လွဲပြီး မဟုတ်တာတွေတွေးခဲ့မိတာတောင်းပန်ပါတယ် ..

မုန်းတယ်လို့ပြောဖူးပေမဲ့ တခါမှမမုန်းခဲ့တာကို ယုံကြည်ပေးပါ ..

ချစ်တယ် ဂျင် .."

"သိတယ်.. ဟင့်~ သိတာမို့လို့ စကားအများကြီးမပြောပါနဲ့ ငါတို့ကအခုခွဲရမယ့်သူတွေမှ မဟုတ်တာ.."

"ငါ~ ငါတို့ခွဲရတော့မယ် ထင်တယ်.."

ဆော့ဂျင်ကျောပိုးထားတဲ့ ထယ်ယောင်းကိုယ်က ပိုပြီးလေးလာသလို ပျော့ကျလာတာကို ဆော့ဂျင်သတိထားမိနေတယ်။ ဆော့ဂျင်လည်ပင်းနားကို လာထိနေတဲ့ ထယ်ယောင်းရဲ့ဝင်သက်ထွက်သက်တွေက အရမ်းပူနေတယ်. အဖျားရှိနေတယ်ထင်တယ်.

သူတို့ကိုတယောက်ယောက်လာခေါ်ဖို့ပဲမျှော်လင့်နေမိတယ်.. ပိုကြာနေရင်ထယ်ယောင်းခြေထောက်က စိုးရိမ်ရတယ်.. ကျည်အမြန်မထုတ်ရင် ခြေထောက်ဖြတ်ရတဲ့အထိဖြစ်နိုင်တယ်။ အနာရှိန်ကြောင့်အဖျားကြီးလာရင် ဒီတောထဲမှာအသက်ရှူဖို့အခွင့်အရေးကမရှိသလောက်ပဲ..

"ငါတို့လွတ်မြောက်မှာပါ.. အားတင်းထားပါ ယောင်း~"

ဆော့ဂျင်ကိုယ်တိုင်လည်း ထယ်ယောင်းကိုကျောပိုးပြီ လမ်းလျှောက်လာတာဘယ်နှနာရီတောင်ဖြစ်နေလဲမသိဘူး အမြန်သွားချင်ပေမဲ့ ခြေထောက်ကသယ်လို့မပါချင်တော့ပေ။ ဦးတည်ချက်အတည်တကျမရှိဘဲ လျှောက်လာနေတာ.. တောအုပ်ထဲမှာမှောင်ရီသန်းနေပြီး.. ဗိုက်ကလည်းဆာနေပြီ~

ထိုစဥ်လူတစ်စုအနားကိုလာသည်ကို တွေ့လိုက်ရသည်မို့ မျှော်လင့်ချက်နဲ့အတူ ကြောက်လန့်ခြင်းပါပါနေတယ်.. မကောင်းတဲ့သူဖြစ်နေရင်ဘယ်လိုလုပ်ရမလဲ

"ဆော့ဂျင်!!"

ဟုတ်တယ် အဲဒါHyungအသံ!! အားတင်းထားသမျှလျော့ချရိုက်ကာ.. ဆော့ဂျင်ထိုင်ချလိုက်တော့တယ်။ ကျောပေါ်ကထယ်ယောင်း သတိမရှိတော့ပေ။

"ထယ်ယောင်း ကျည်~ ကျည်ထိထားတယ်Hyung.. မြန်မြန်ခေါ်သွားပေးပါ"

"Hyungရောက်လာပြီပဲ.. စိတ်မပူပါနဲ့တော့"

အသင့်ပါလာတဲ့ထမ်းစင်နဲ့ထယ်​ယောင်းကို အမြန်ခေါ်သွားကြတယ်..

"Hyung~ ထယ်ယောင်း ဟင့်~ သူတခုခုဖြစ်တော့မယ်ထင်တယ်"

"မဖြစ်ပါဘူး.. မငိုပါနဲ့ဆော့ဂျင်"

တရှုံ့ရှုံ့ငိုနေတဲ့ဆော့ဂျင်ကို နမ်ဂျွန်းဖက်ထားလိုက်ကာ.. နှစ်သိမ့်ပေးရတယ်။

"လာ.. Hyungကျောပိုးသွားမယ်.. ပင်ပန်းနေပြီမယ့်လား"

ဟုတ်တယ်.. ဆော့ဂျင်တကယ်ကိုလမ်းဆက်မလျှောက်နိုင်လောက်အောင်ဖြစ်နေတာ~ နမ်ဂျွန်းကျောပေါ်တက်လိုက်တော့တယ်။

"ထယ်ယောင်းက ​ခြေထောက်ပဲထိတာပါ.. ဆော့ဂျင်စိတ်မပူပါနဲ့.. ထယ်ယောင်းက အသက်ရှည်ရှည်နေရမယ့်သူပါ.. အဆင်ပြေသွားမှာမလို့ စိတ်ပူနေတာတွေကိုလျော့လိုက်ပါ"

Part.29 (END)🍃

တကယ်တော့ဒီနေ့ဇာတ်သိမ်းချင်တာ ရေးမပြီးဘူးရယ်.. မနက်ဖြန်မှ နောက်တပိုင်းလာမယ်နော်.🍃

အရေးအသားလေးလည်းသည်းခံပေးပါ ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်💚

[Zawgyi]

ထယ္ေယာင္းလက္ေတြႀကိဳးေျပသြားခဲ့တယ္။ ေဂ်ာင္မင္ကေတာ့ ေဆာ့ဂ်င္ကိုအတင္းနမ္းေနတာေၾကာင့္ မျမင္ေသးေပ။

"ခြမ္း!!"

ထယ္ေယာင္းအနားက ပန္းအိုးကိုယူလာၿပီး ေဂ်ာင္မင္ေခါင္းကို အေနာက္ကေနရိက္ခ်လိဳက္ေတာ့တယ္။

"အ့.."

အစိတ္စိတ္အႁမြာႁမြာကြဲေၾကသြားတဲ့ပန္းအိုးနဲ႕အတူ.. ေသြးေတြေဂ်ာင္မင္မ်က္ႏွာတေလွ်ာက္စီးက်လာၿပီး ေဂ်ာင္မင္လဲက်သြားေတာ့တယ္... ေဂ်ာင္မင္လက္ထဲက ေသနတ္ကို ထယ္ေယာင္းဆြဲယူထားလိုက္တယ္~

အခုထိတုန္ရီေနေသးတဲ့ ေဆာ့ဂ်င္ကိုကိုယ္ေလးကို ဖက္ထားလိုက္တယ္။

"ဟင့္~ ထယ္ေယာင္း.. ေတာင္းပန္ပါတယ္"

"မဟုတ္ပါဘူး.. ငါမွားတာပါ ငါၾကာေနတာေၾကာင့္ပါ.. ေတာင္းပန္ပါတယ္.. မေၾကာက္ပါနဲ႕ေတာ့ အခုထြက္သြားရေအာင္"

ေဂ်ာင္မင္ သတိေမ့သြားတာမဟုတ္ေပမဲ့ ေခါင္းကေသြးေတြအမ်ားႀကီးထြက္ေနၿပီး လူကမူးေနတာေၾကာင့္ မထနိုင္ေလာက္ေအာင္ျဖစ္ေနတယ္။

ႏွစ္ေယာက္အျမန္ထြက္ေျပးဖို႔အတြက္ အခန္းျပင္မွာရွိေနတဲ့သူကို ရင္ဆိုင္ရအုံးမယ္။ ေဆာ့ဂ်င္ကိုအေနာက္ပို႔ထားၿပီး ထယ္ေယာင္းအျပင္ဘက္ကို ေသနတ္ျဖင့္ခ်ိန္ကာ သတိထားကာထြက္လာေပမဲ့ တေယာက္မွမရွိေပ။

အခုေရာက္ေနတဲ့ေနရာက အနီးနားမွာဘာမွမေတြ႕ရ သစ္ပင္ေတြသပ္သပ္သာရွိတယ္။ ဒီအိမ္ေလးတလုံးတည္းရွိေနတယ္.. ေဂ်ာင္မင္ကခဏအတြင္းလုပ္ထားတဲ့အိမ္ငယ္ထင္တယ္။

ေတာအုပ္ငယ္အေရွ႕ကေန ထယ္ေယာင္းကိုမ်က္လုံးပိတ္ၿပီး လာေခၚၾကတာျဖစ္လို႔ ဘယ္ေနရာလည္းဆိုတာမသိေပ။ ခန့္မွန္းရသေလာက္ေတာ့ ဒီေနရာကိုေရာက္ဖို႔လမ္းနည္းနည္းေလွ်ာက္ရတာ သိတယ္။ ထင္တဲ့လမ္းကိုပဲသြားရမွာမလို႔ ေဆာ့ဂ်င္လက္ကိုဆြဲရင္း ထယ္ေယာင္းထြက္လာလိုက္တယ္။

"ေဟး.. ရပ္လိုက္.. မေျပးနဲ႕ ဒိုင္း! ဒိုင္း!!"

ေသနတ္သံေတြလည္း ၾကားေနရေတာ့ ႏွစ္ေယာက္လက္တြဲထားရင္း ဘယ္ေနရာေရာက္မွန္းမသိဆက္တိုက္ေျပးေနမိေတာ့တယ္။

ေသနတ္သံၾကားလိုက္သူေတြမွာ နမ္ဂြၽန္းတို႔အပါအဝင္ပင္။ ေသနတ္သံၾကားရာဘက္ကိုပဲ ဦးတည္ရင္းရွာေဖြၾကေတာ့တယ္။

ထယ္ေယာင္းလက္ထဲမွာပါလာတဲ့ ေသနတ္ျဖင့္တခ်က္ပစ္လိုက္ေပမဲ့ မထိသြားေပ။ ေနာက္တခ်က္အတြက္ က်ည္မရွိေတာ့ေပ။

"ခ်ီးပဲ.. ေဂ်ာင္မင္!"

က်ည္တစ္ေတာင့္ပဲပါတဲ့ေသနတ္ျဖစ္ေနတာေၾကာင့္ ေဂ်ာင္မင္ကိုဆဲရင္း ေသနတ္ပစ္ခ်ၿပီး ေျပးရျပန္တယ္။ ေျပးေနရင္းမွ လမ္းမရွိေလာက္ေအာင္ျဖစ္သြားတဲ့ ခပ္ျမင့္ျမင့္​ေခ်ာက္ကမ္းပါးတခုေပၚေရာက္ေနတာ~

jin "ထယ္ေယာင္း.. ဘယ္လိုလုပ္မလဲ!"

ေဆာ့ဂ်င္ ထယ္ေယာင္းကိုယ္အေနာက္ေလးမွာ ကပ္ရင္း ေျပာလိုက္မိတယ္။ ေဆာ့ဂ်င္က ေၾကာက္လို႔မ်က္ရည္ေတြဝဲေနတယ္ ထယ္ေယာင္းကေတာ့ေဆာ့ဂ်င္ကို ကာကြယ္ရမဲ့သူမလို႔.. ေၾကာက္ေနလို႔မျဖစ္တာေၾကာင့္ ႏွစ္သိမ့္ေပးရတယ္။

th "ငါတို႔လႊတ္မွာပါ.. မေၾကာက္နဲ႕"

?? "ဟက္! ဘယ္ကိုေျပးအုံးမလဲ"

ဒီလူႏွစ္ေယာက္က ေသနတ္ျဖင့္ခ်ိန္ထားကာ အနားကိုနီးကပ္လာေနတယ္။

th "ခုန္ခ်ရေအာင္"

jin "အင္း"

ထယ္ေယာင္းေျပာတာကိုမျငင္းမိပါ.. ခုန္ခ်လိဳက္ရင္ေတာ့ ေရထဲေရာက္မွာအေသခ်ာပဲ~ ေသရင္လည္းအတူတူအေသခံလိုက္မယ္.. သူတို႔နဲ႕ပါသြားရင္ ဘဝကငရဲက်သလိုျဖစ္ေတာ့မွာ~

ထယ္ေယာင္းတို႔ခုန္ခ်လိဳက္ေတာ့ ၾကားလိုက္ရတဲ့ေသနတ္သံတခု~

"ဒိုင္း!!"

"ေတာက္ခ္.. ခုန္ခ်သြားေသးတယ္"

ထိုလူႏွစ္ေယာက္က ေခ်ာက္ကမ္းပါးေအာက္က ေရျပင္ေပၚၾကည့္ရင္း ေျပာေနၾကတယ္။

"ငါပစ္လိုက္တာ တေယာက္မွာထိသြားတယ္"

"ဘယ္လိုလုပ္မလဲ သူတို႔မေသေလာက္ဘူး.. ဒီေအာက္ဘက္ဆင္းဖို႔က ပတ္လမ္းကေနဆင္းလို႔ေတာ့ရတယ္.. ညေရာက္သြားလိမ့္မယ္ မလြယ္ဘူး"

"ထားလိုက္ေတာ့ ထိသြားတဲ့တေယာက္ေတာ့ေသမွာပဲ!"

"ဒါဆိုလည္း သူေဌးကိုသြားၾကည့္ရေအာင္!"

ေဂ်ာင္မင္က အဲ့ႏွစ္ေယာက္ကိုငွားထားတာေၾကာင့္ သူေဌးလို႔ေခၚျခင္းပင္။

ေသနတ္သံၾကားရလမ္းအတိုင္းလိုက္လာေနၾကတဲ့နမ္ဂြၽန္းတို႔လည္း ေနာက္ထပ္ေသနတ္သံတခ်က္ေၾကာင့္ ေနရာကိုခန့္မွန္းလို႔ရၿပီး လိုက္လာေတာ့ ေတာထဲမွာသီးသန့္ရွိေနတဲ့အိမ္ငယ္ေလးကို ေတြ႕လိုက္ရတယ္။

ရဲေတြပါ ေသနတ္နဲ႕ခ်ိန္ကာဝင္လာၾကေတာ့ လူႏွစ္ေယာက္နဲ႕ ေသြးအိုင္ထဲလွဲေနတဲ့ေဂ်ာင္မင္ကို အတူေတြ႕လိုက္ရတယ္။ ေဂ်ာင္မင္ကိုအျမန္သယ္ထုတ္သြားၾကၿပီး ထိုလူႏွစ္ေယာက္ကို လက္ထိပ္ခတ္ကာစစ္ေပးရတယ္။

"ဘယ္မွာလဲ! မင္းတို႔ဖမ္းလာတဲ့သူေတြ! "

"မသိဘူး!"

"ဘာ! မသိဘူးဟုတ္လား ခြပ္! ခြပ္!!"

နမ္ဂြၽန္းစိတ္မထိန္းနိုင္ဘဲ မသိဘူး'ေျပာေနတဲ့ထိုလူကိုဝင္ထိုးလိုက္တယ္.. အေနာက္ကေနဝင္ဆြဲေတာ့မွ ရပ္ေပးလိုက္တယ္~ ရဲတေယာက္က မေျဖရင္ျပစ္ဒဏ္ပိုႀကီးသြားနိုင္ေၾကာင္း.. ဥပေဒေတြ႐ြတ္ျပလိုက္ေတာ့.. တေယာက္ကထေျပာေတာ့တယ္~

"သူတို႔ ေခ်ာက္ကမ္းပါးေပၚကခုန္ခ်သြားၿပီ"

"ဘာ!! အခုခ်က္ခ်င္းလိုက္ျပ"

ရဲအနည္းစုနဲ႕အတူက်န္တေယာက္ကို ဖမ္းေခၚသြားလိုက္တယ္။ လမ္းျပေပးမယ့္တေယာက္ေခၚလာနဲ႕အတိုင္း ေခ်ာက္ကိုေရာက္လာခဲ့ၾကတယ္။ ေအာက္ဘက္ကိုၾကည့္လိုက္ေတာ့ ေရျပင္မို႔လို႔ အသက္ရွင္နိုင္တာေၾကာင့္ ေမွ်ာ္လင့္ခ်က္ရွိသြားတယ္~

nj "ဒီေအာက္ဘက္ဆင္းရမယ္"

worker "ေခါင္းေဆာင္.. ဒီေအာက္ကိုဆင္းဖို႔ ပတ္လမ္းရွိပါတယ္ ဒီကေနဆင္းလို႔ရတယ္"

nj "သြားရေအာင္"

နမ္ဂြၽန္းနဲ႕အတူ ရဲႏွစ္ေယာက္နဲ႕အလုပ္သမားအခ်ိဳ႕ပါလိုက္ပါလာၾကတယ္။ က်န္တဲ့သူေတြကေတာ့ အျပစ္သားတေယာက္နဲ႕အတူသြားၾကၿပီ~

🍃🍃🍃

ႏွစ္ေယာက္လုံးေရထဲက်သြားသည္မို​့ ေရကူးတတ္သူအတြက္ေတာ့ ဘာမွမျဖစ္ေပ။ လက္တြဲကာခုန္ခ်ခဲ့ေပမဲ့ ေရေပၚျပန္ေပၚလာေတာ့ ေဆာ့ဂ်င္တ​ေယာက္တည္း ထယ္ေယာင္းမပါလာခဲ့။

"ထယ္ေယာင္း~ ! ထယ္ေယာင္း!"

ေဆာ့ဂ်င္ေရထဲဆင္းရွာေပမဲ့မေတြ႕ေသးေပ။ ေဆာ့ဂ်င္အသက္ဝေအာင္ရႉလိုက္ၿပီး ေရထဲျပန္ငုပ္ဆင္းကာ.. ထယ္ေယာင္းကိုရွာရတယ္။ ေရမ်က္ႏွာျပင္ေအာက္ဘက္ကို တျဖည္းျဖည္းဆင္းေနတဲ့ထယ္ေယာင္းခႏၶာကိုယ္ကို ဆယ္ယူလာၿပီး.. ေရေခ်ာင္းစပ္ေပၚတင္ေပးလိုက္တယ္။ ထယ္ေယာင္းေပါင္မွာေသြးေတြအမ်ားႀကီးရွိတယ္ ေသနတ္ထိထားသည့္ပုံပင္~

ထယ္ေယာင္းသတိမရွိေတာ့တာေၾကာင့္ ေဆာ့ဂ်င္အလန့္တၾကားျဖစ္ကာ.. ထယ္ေယာင္းရင္ဘတ္ေပၚလက္ႏွစ္ဖက္ျဖင့္ CPRအျမန္လုပ္ေပးရတယ္.. အသက္မရႉလာေသးတာေၾကာင့္ ေဆာ့ဂ်င္ပါးစပ္ခ်င္းေတ့ကာ ေလမႈတ္သြင္းလိုက္တယ္။

"အဟြတ္! အဟြတ္"

ထယ္ေယာင္းပါးစပ္ထဲကေန ေရေတြအကုန္ျပန္အန္ထြက္ေတာ့မွ ေဆာ့ဂ်င္စိတ္ေအးသြားေတာ့တယ္။ ထယ္ေယာင္းေဆာ့ဂ်င္ကို တင္းက်ပ္စြာဖက္ထားလိုက္တယ္။

ေသြးေတြစီးက်ေနတဲ့ဒဏ္ရာအတြက္ ပတ္ဖို႔အဝတ္စေတြက ေရစိုေနေသးတာေၾကာင့္အဆင္မေျပေပ။ အခ်ိန္အားျဖင့္ေန႕လည္ဘက္ေလာက္ပဲရွိေသးတာမို႔ ရွိေနတဲ့ေနေရာင္ေအာက္မွာ အကၤ်ီေတြကိုလွမ္းထားလိုက္တယ္။

ထယ္ေယာင္းဒဏ္ရာကေန ေသြးေတြအမ်ားႀကီးထြက္လာလို႔မ​ျဖစ္ေပ။ ဒီေနရာမွာရွိတာနဲ႕ က်ည္ဆံဆြဲထုတ္လို႔လည္းမရ ။ ပိုးဝင္သြားမွပိုဆိုးသြားနိုင္တယ္။ အေပၚဝတ္အကၤ်ီတထည္က အဝတ္စကိုၿဗဲလိုက္ၿပီး. ထယ္ေယာင္းဒဏ္ရာေပၚတြင္ စည္းေပးထားလိုက္တယ္။

"အ့.."

"ဒီကေန ဘယ္လိုဆက္သြားၾကမလဲ ထယ္ေယာင္း.. ဒီညျပန္ေရာက္မွျဖစ္မယ္"

"ဒီကေနပတ္သြားၿပီး အေပၚျပန္တက္မွရလိမ့္မယ္"

"အင္း.. သြားရေအာင္"

"ငါ~ ငါလမ္းေလွ်ာက္နိုင္မွာမဟုတ္ဘူးဂ်င္.. ငါ့ကိုထားခဲ့လိုက္ေတာ့"

"ဘာ! ႐ူးေနလို႔လား! ဒီလိုအေျခအေနမ်ိဳးမွာပဲ တေယာက္နဲ႕တေယာက္ေဖးမလိ​ု႔ရတာ.. မထားခဲ့ဘူး! လာ.. သြားရေအာင္"

ဒီေနရာကေနအျမန္ထြက္သြားၿပီး တေယာက္ေယာက္နဲ႕ေတြ႕မွအဆင္ေျပမွာ.. အခုေတာင္ထယ္ေယာင္းႏႈတ္ခမ္းေတြက ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနၿပီ ဒဏ္ရာကလည္း တဆစ္ဆစ္ကိုက္ေနေလာက္တယ္။

ထယ္ေယာင္းလက္ေမာင္းေအာက္ ေခါင္းလ်ိဳဝင္လိုက္ၿပီး တြဲေပးကာ.. လမ္းေလွ်ာက္မယ္စဥ္းစားေပမဲ့.. ထယ္ေယာင္းရဲ႕ ​​ေျခေထာက္တဖက္က မရပ္နိုင္ေလာက္ေအာင္ျဖစ္ေနတယ္~

"အ့.. ဂ်င္.. ငါမရဘူး ~ အရမ္းနာေနတယ္"

"ဒါဆိုေက်ာေပၚတက္!! တက္လို႔"

ေဆာ့ဂ်င္ ထယ္ေယာင္းကိုေက်ာပိုးထားလိုက္ကာ.. ထင္ရာလမ္းအတိုင္းလာေနလိုက္တယ္~ လြတ္ေျမာက္မွာပါ။ ေက်ာပိုးထားရင္းမွ ထယ္ေယာင္းကအေနာက္ကေန စကားစေျပာတယ္~

"ဂ်င္သိလား.. ဒီေန႕ကိုယ့္ေမြးေန႕ဆိုတာ.."

"ေတာင္းပန္ပါတယ္ ဒီလိုေန႕မွာမွ ငါ့ေၾကာင့္နဲ႕~"

"ေတာင္းပန္စရာမလိုပါဘူး~ ကိုယ့္ကို ေယာင္းလို႔ေခၚေပးမလား.. ဘယ္သူမွမေခၚဖူးဘူး ဂ်င္ဆီကေနဒီလိုမ်ိဳးၾကားခ်င္တယ္"

"ရတာေပါ့ ေယာင္း~"

"ဟင့္~" ေက်ာေပၚမွာရွိေနတဲ့ ထယ္ေယာင္းဆီကေန ရွိုက္သံေလးကို ၾကားလိုက္ရတယ္..

"ငိုေနတာလား.. ေယာင္း"

"ခ်စ္တယ္ ဂ်င္.. စေတြ႕ကတည္းကိုက မင္းပုံရိပ္ေလးက ကိုယ့္ႏွလုံးသားထဲမွာစြဲထင္ေနတာပါ..

အနားမွာေခၚထားခ်င္႐ုံနဲ႕ မဟုတ္တဲ့နည္းလမ္းေတြသုံးၿပီးစိတ္ညစ္ေအာင္ လုပ္ခဲ့မိတာ ေတာင္းပန္ပါတယ္ ..

အထင္လြဲၿပီး မဟုတ္တာေတြေတြးခဲ့မိတာေတာင္းပန္ပါတယ္ ..

မုန္းတယ္လို႔ေျပာဖူးေပမဲ့ တခါမွမမုန္းခဲ့တာကို ယုံၾကည္ေပးပါ ..

ခ်စ္တယ္ ဂ်င္ .."

"သိတယ္.. ဟင့္~ သိတာမို႔လို႔ စကားအမ်ားႀကိးမေျပာပါနဲ႕ ငါတို႔ကအခုခြဲရမယ့္သူေတြမွ မဟုတ္တာ.."

"ငါ~ ငါတို႔ခြဲရေတာ့မယ္ ထင္တယ္.."

ေဆာ့ဂ်င္ေက်ာပိုးထားတဲ့ ထယ္ေယာင္းကိုယ္က ပိုၿပီးေလးလာသလို ေပ်ာ့က်လာတာကို ေဆာ့ဂ်င္သတိထားမိေနတယ္။ ေဆာ့ဂ်င္လည္ပင္းနားကို လာထိေနတဲ့ ထယ္ေယာင္းရဲ႕ဝင္သက္ထြက္သက္ေတြက အရမ္းပူေနတယ္. အဖ်ားရွိေနတယ္ထင္တယ္.

သူတို႔ကိုတေယာက္ေယာက္လာေခၚဖို႔ပဲေမွ်ာ္လင့္ေနမိတယ္.. ပိုၾကာေနရင္ထယ္ေယာင္းေျခေထာက္က စိုးရိမ္ရတယ္.. က်ည္အျမန္မထုတ္ရင္ ေျခေထာက္ျဖတ္ရတဲ့အထိျဖစ္နိုင္တယ္။ အနာရွိန္ေၾကာင့္အဖ်ားႀကီးလာရင္ ဒီေတာထဲမွာအသက္ရႉဖို႔အခြင့္အေရးကမရွိသေလာက္ပဲ..

"ငါတို႔လြတ္ေျမာက္မွာပါ.. အားတင္းထားပါ ေယာင္း~"

ေဆာ့ဂ်င္ကိုယ္တိုင္လည္း ထယ္ေယာင္းကိုေက်ာပိုးၿပီ လမ္းေလွ်ာက္လာတာဘယ္ႏွနာရီေတာင္ျဖစ္ေနလဲမသိဘူး အျမန္သြားခ်င္ေပမဲ့ ေျခေထာက္ကသယ္လို႔မပါခ်င္ေတာ့ေပ။ ဦးတည္ခ်က္အတည္တက်မရွိဘဲ ေလွ်ာက္လာေနတာ.. ေတာအုပ္ထဲမွာေမွာင္ရီသန္းေနၿပီး.. ဗိုက္ကလည္းဆာေနၿပီ~

ထိုစဥ္လူတစ္စုအနားကိုလာသည္ကို ေတြ႕လိုက္ရသည္မို႔ ေမွ်ာ္လင့္ခ်က္နဲ႕အတူ ေၾကာက္လန့္ျခင္းပါပါေနတယ္.. မေကာင္းတဲ့သူျဖစ္ေနရင္ဘယ္လိုလုပ္ရမလဲ

"ေဆာ့ဂ်င္!!"

ဟုတ္တယ္ အဲဒါHyungအသံ!! အားတင္းထားသမွ်ေလ်ာ့ခ်ရိဳက္ကာ.. ေဆာ့ဂ်င္ထိုင္ခ်လိဳက္ေတာ့တယ္။ ေက်ာေပၚကထယ္ေယာင္း သတိမရွိေတာ့ေပ။

"ထယ္ေယာင္း က်ည္~ က်ည္ထိထားတယ္Hyung.. ျမန္ျမန္ေခၚသြားေပးပါ"

"Hyungေရာက္လာၿပီပဲ.. စိတ္မပူပါနဲ႕ေတာ့"

အသင့္ပါလာတဲ့ထမ္းစင္နဲ႕ထယ္​ေယာင္းကို အျမန္ေခၚသြားၾကတယ္..

"Hyung~ ထယ္ေယာင္း ဟင့္~ သူတခုခုျဖစ္ေတာ့မယ္ထင္တယ္"

"မျဖစ္ပါဘူး.. မငိုပါနဲ႕ေဆာ့ဂ်င္"

တရႈံ႕ရႈံ႕ငိုေနတဲ့ေဆာ့ဂ်င္ကို နမ္ဂြၽန္းဖက္ထားလိုက္ကာ.. ႏွစ္သိမ့္ေပးရတယ္။

"လာ.. Hyungေက်ာပိုးသြားမယ္.. ပင္ပန္းေနၿပီမယ့္လား"

ဟုတ္တယ္.. ေဆာ့ဂ်င္တကယ္ကိုလမ္းဆက္မေလွ်ာက္နိုင္ေလာက္ေအာင္ျဖစ္ေနတာ~ နမ္ဂြၽန္းေက်ာေပၚတက္လိုက္ေတာ့တယ္။

"ထယ္ေယာင္းက ​ေျခေထာက္ပဲထိတာပါ.. ေဆာ့ဂ်င္စိတ္မပူပါနဲ႕.. ထယ္ေယာင္းက အသက္ရွည္ရွည္ေနရမယ့္သူပါ.. အဆင္ေျပသြားမွာမလို႔ စိတ္ပူေနတာေတြကိုေလ်ာ့လိုက္ပါ"

Part.29 (END)🍃

တကယ္ေတာ့ဒီေန႕ဇာတ္သိမ္းခ်င္တာ ေရးမၿပီးဘူးရယ္.. မနက္ျဖန္မွ ေနာက္တပိုင္းလာမယ္ေနာ္.🍃

အေရးအသားေလးသည္းခံေပးပါ ဖတ္ေပးတဲ့သူအားလုံးကို ေက်းဇူးတင္ပါတယ္💚

There are no comments yet. Log in to be the first to leave a review!

Similar stories