Fanfics

22🍃

12:48, 18 April 2023

[Unicode]

ဖုန်းScreenကို ဟိုနှိပ် ဒီနှိပ်လုပ်နေရင်းမှ Galleryထဲဝင်လိုက်ပြီး. ဒီတပုံတည်းကို အတော်ကြာအောင် ကြည့်နေမိတယ်။

ဒီပုံကတော့ ဆော့ဂျင် မီးဖိုခန်းမှာချက်ပြုတ်နေတုန်းက ခိုးရိုက်ထားတဲ့ပုံ။

ဒီပြန်ရောက်ပြီးကတည်းက တွေးနေတာက အရင်ကစိတ်ထဲအထင်မှားပြိး မဟုတ်တာတွေတွေးခဲ့တာတွေအတွက် တောင်းပန်ဖို့ပင်။ ဆော့ဂျင်ကို Proposeလုပ်ပြီး လက်ထပ်ခွင့်တောင်းမယ်လို့ပါ စဥ်းစားထားတယ်။

သူ့ဘက်ကငြင်းရင်တောင်မှ ကိုယ်ကအပိုင်သိမ်းဖို့အထိပါတွေးထားပြီးသား။

ဒါကြောင်​့ ထယ်ယောင်းကခြံထဲက အိမ်ငယ်မှာ တယောက်တည်းပြင်ဆင်နေတာ ဖွင့်ပြောတဲ့အခါ Romanticဆန်ဆန်ပဲ ဖွင့်ပြောချင်တယ်။ လက်စွပ်ကိုလည်း ဒီဇိုင်းသေချာရွေးထားပြီး မှာထားပြီးပြီ။

အခန်းကိုပြင်ဆင်ရမှာ ပူပေါင်းအနီလေးတွေကို အခန်းထဲပြည့်အောင်ထည့်ထားမယ်.. နှင်းဆီအနီပွင့်ဖက်လေးတွေကို အိပ်ယာထက်မှာ အလှဆင်မယ်.. မီးမဖွင့်ဘဲ ဖယောင်းတိုင်လေးတွေကို ထွန်းမယ်.. ဆော့ဂျင်ရဲ့ဓာတ်ပုံလေးတွေကိုလည်း သေချာလည်း ချိတ်ဆွဲထားမယ်..

ထယ်ယောင်းသူ့အတွေးနဲ့သူတော့ ဟုတ်နေပြီ။ လိုနေတာက ဆော့ဂျင်ရဲ့ဓာတ်ပုံပင်။ ရှိတာကလည်း ခိုးရိုက်ထားတဲ့တပုံတည်း.. ဒါကြောင့် ထယ်ယောင်းတော့ နောက်ထပ်ပုံတွေထပ်ယူဖို့အတွက် ကင်မရာတလုံးနဲ့အလုပ်ရှုပ်တော့မည်။

ခြံကိုပြန်ရောက်ကတည်း. ဆော့ဂျင်ကတော့ပုံမှန်အတိုင်း သူ့အလုပ်သူလုပ်ပေါ့ ထယ်ယောင်းနဲ့လည်းလိုအပ်မှသာစကားပြောတယ်.. ပြီးတော​့ ထယ်ယောင်းကိုအိမ်ကြီးမှာ သိပ်မတွေ့ရပေ။

တွေ့ရင်လည်း ထယ်ယောင်းက ကင်မရာတလုံးလွယ်ထားပြီး ဟိုရိုက်လိုက် ဒီရိုက်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ပုံပဲ။ ကိုယ်ကတော့ သူ့ကိုလိုက်ဂရုစိုက်နေလို့မအားပါဘူး ကိုယ့်အလုပ်ကိုလုပ်ရအုံးမယ်။

ထယ်ယောင်းဆီမှာ ဆော့ဂျင်ရဲ့ပုံတွေတော်တော်များများရနေပြီ။ တနေရာကနေထိုင်ပြီး ကင်မရာကနေzoomဆွဲပြီးဆော့ဂျင်ကိုကြည့်နေရာကနေ.. ဆော့ဂျင်ကကင်မရာဘက်ကိုကြည့်နေပြီး ထယ်ယောင်းအနားကိုတဖြည်းဖြည်းပို နီးကပ်လာနေတယ်။

ကိုယ်ကပဲ ပိုပြိးzoomဆွဲမိတာလား တကယ်ပဲကိုယ့်အနားကိုရောက်လာနေတာလား? ထယ်ယောင်းမသဲကွဲပေ။

"ငါ့ကို ရိုက်နေတာလား. သူဌေးထယ်"

ဟင် ဆော့ဂျင်ကသူ့အရှေ့ကိုပင် ရောက်နေပြီ။

"မဟုတ်ဘူး.. မင်းအနောက်ကရှုခင်းကိုရိုက်နေတာ ဖယ်စမ်းပါ.. ရှေ့မှာလာကွယ်နေတယ်"

ဆော့ဂျင်ထွက်သွားဖို့လုပ်လိုက်တော့ လက်ကောက်ဝတ်နေရာက တင်းကျပ်သွားတယ်။ ထယ်ယောင်းကကိုင်ထားခြင်းပင်။

"နေဦး.."

ထယ်ယောင်းက အနားတိုးကပ်လာပြီး ဆော့ဂျင်ရဲ့ပခုံးကိုဖက်လိုက်တော့...

"ဘာလုပ်မလို့လဲ"

"ဓာတ်ပုံတပုံလောက်ရိုက်ရအောင်.."

"မရိုက်ဘူး.. လက်ဖယ်"

"လာစမ်းပါ.." ဆော့ဂျင်ကို ပခုံးကနေဖက်ထားရင်း အနားကိုပိုဆွဲကပ်လိုက်ကာ ကင်မရာကိုချိန်ထားလိုက်တယ်.. ဆော့ဂျင်ကတော့ စိတ်ရှုပ်တဲ့ပုံပေါက်နေတယ်။

"​ရယ်လိုက်.. ဒီလိုမှလှမှာ.."

ဆော့ဂျင်က အရယ်အပြုံးလုံးဝမရှိတာကြောင့် ထယ်ယောင်းစိတ်မရှည်စွာ ဆော့ဂျင်ရဲ့ပါးဖောင်းဖောင်းလေးကို ညစ်လိုက်တာကြောင့် နှုတ်ခမ်းလေးထော်ထွက်လိုက်တာကိုကြည့်ရင်း ထယ်ယောင်းရယ်လိုက်ကာ.. ဓာတ်ပုံတပုံအရယူလိုက်တယ်။

နောက်ထပ်တပုံအတွက်တော့ ဆော့ဂျင်ရဲ့ပါးပြင်လေးအား နမ်းရှိုက်လိုက်တော့ ဆော့ဂျင်ကတွန်းဖယ်ပြီးထွက်သွားပြီဖြစ်ပေမဲ့ ဓာတ်ပုံတော့ရလိုက်ပါတယ်။

ဓာတ်ပုံလေးတွေက တော်တော်ချစ်စရာကောင်းတယ်။ တပုံမှာ ဆော့ဂျင်ကနှုတ်ခမ်းလေးဆူနေကာ မျက်ခုံးတွန့်ပြီးနေနေပေမဲ့ သူကတော့ရယ်နေတာ။ နောက်တပုံကတော့ အနမ်းခံလိုက်ရတာကြောင့် ဆော့ဂျင်မျက်လုံးလေးပြူးထွက်နေတာ။ ဒီပုံတွေကိုကြည့်ရင်း ထယ်ယောင်းတော်တော်အသည်းယားနေမိတယ်။ ဒီပုံတွေကို ပုံကြီးချဲ့ပြီးချိတ်ထားအုံးမှ..

🍃🍃🍃

"ကားသံကြားတယ်.. သခင်ကြီးတို့လာကြပြီထင်တယ်.. လာဆော့ဂျင် သွားကြိုရအောင်"

ဒေါ်ကြီးကခေါ်တာကြောင့် ဆော့ဂျင်လည်းလိုက်သွားတယ်။ ဒေါ်ကြီးကတော့ ကားပေါ်အထုပ်တွေကူချပေးတယ်။ ထယ်ယောင်းလည်းဒီမှာပဲရှိနေခဲ့တယ်။

ကားပေါ်ကဆင်းလာသူက သခင်ကြီးတယောက်တည်းမဟုတ်ခဲ့။ ဂျောင်မင်နဲ့ သူ့အမေပါ ပါလာတယ်။ သခင်ကြီးကတော့ ကားပေါ်ကဆင်းတာနဲ့ ဆော့ဂျင်ကိုတချက်ကြည့်ပြိး ဝင်သွားတယ်။ ဘာမှတော့မပြောပေ။

"ဒေါ်လေးလည်း ပါလာတာလား.. အလည်လာတာလား"

"ဘာဖြစ်လို့လဲ.. ထယ်ယောင်း ငါကဘာလို့မရဘူးလား? ဒီခြံဆိုတာက ငါလည်းငယ်ငယ်ကတည်းကရင်းရင်းနှီးနှီးရှိပြီးသားပါ .. တရားမျှတမှုမရှိတဲ့ဆုံးဖြတ်ချက်တခုကြောင့် ငါ့အပိုင်မဖြစ်သွားတာပဲ ရှိတာ"

"ဒေါ်လေးက ဒီလိုတွေးရုင်လည်း ဒီလိုပဲပေါ့.. လူတယောက်ရဲ့အတွေးကမှားနေရင်တောင်.. လိုက်ပြောင်းလဲပေးဖို့ဆိုတာ မလွယ်ဘူးလေ"

ဒေါ်လေးက ဒေါသထွက်သွားတဲ့ပုံပေါ်သွားပေမဲ့ ဘာမှထပ်မပြောပေ။

"အထဲကိုကြွပါ ဒေါ်လေး.."

ဘာပဲဖြစ်ဖြစ်ကိုယ့်ဆီလာတဲ့ဧည့်သည်မလို့.. ထယ်ယောင်း အပြုံးတခုဖြင့်ကြိုဆိုလိုက်တယ်။ ဂျောင်မင်ကကားပေါ်ကဆင်းကတည်းက ဆော့ဂျင်ကိုပဲကြည့်နေတာကို ထယ်ယောင်းသတိထားမိတယ်။ ဆက်ကြည့်နေရင် ဒေါသထွက်လာမှာစိုးလို့.. ထယ်ယောင်းအရင်အိမ်ထဲဝင်သွားလိုက်တယ်။

"ဟင်း! ဆော့ဂျင် မင်းကတော့ညီ' မရှိတော့ အကိုနားကပ်ပြန်ပြီပေါ့.."

"...."

"တော်သေးတယ်. ငါ့သားဂျောင်မင်ကတော့ မင်းလက်ကလွှတ်သွားလို့.. "

"..." ဆော့ဂျင်ဘာစကားမှ ပြန်မပြောပေ။ မလိုအပ်ဘဲ ပြဿနာမဖြစ်ချင်တာကြောင့်ပင်။

"ဟေး.. ဆော့ဂျင် မတွေ့ရတာကြာပြီနော်"

"အင်း.."

"ဟဲ့ဂျောင်မင်.. လာလေ ဘာတွေသွားပြောနေတာလဲ"

"လာပါပြီ အမေရဲ့"

🍃🍃🍃

"ဆော့ဂျင်မင်းကဒီမှာ ဒီလိုအလုပ်တွေလုပ်နေတာလား ဒီမီးဖိုခန်းမှာလေ.. မပျင်းဘူးလား"

"..." ဂျောင်မင်ကစကားတွေလာပြောနေပေမဲ့ ဆော့ဂျင်ဘာမှပြန်မပြောပေ။ ပြောချင်စိတ်လည်းမရှိဘူး.. ပြီးတော့ထယ်ယောင်းတွေ့ရင်လည်း စိတ်ဆိုးအုံးမယ်

"ထယ်ယောင်းက မင်းကိုဒီလိုနေရာမှာအလုပ်ခိုင်းတယ်ပေါ​့.. သူ့ကိုစိတ်မဆိုးဘူးလား မင်းကိုအစေခံတယောက်လိုပဲဆက်ဆ​ံနေတာ.."

"ငါထင်တာ အခုလောက်ဆိုမင်းတို့နှစ်ယောက်ချစ်နေကြပြီလို့လေ.. အခုကြည့်ရသလောက်တော့.. ငါ့အတွက်အခွင့်အရေးရှိနေသလိုပဲ ဟုတ်တယ်မယ့်လား ဆော့ဂျင်"

ဆော့ဂျင်က သက်ပြင်းချလိုက်ပြီး..

"ပြောစရာတွေကုန်ရင်သွားပါတော့ ငါ့မှာ ဘာမှပြောစရာမရှိဘူး"

"ပြန်မဖြေဘူးဆိုရင် ငါ့မှာအခွင့်အရေးရှိတယ်လို့ သတ်မှတ်လိုက်မယ်.."

"အဲ့လိုတော့ မဟုတ်.." အနောက်ကနေအတင်းလာဖက်ထားတဲ့ ဂျောင်မင်ကြောင့်ဆော့ဂျင် စကားပင်မဆုံးလိုက်။

"ဘာလုပ်တာလဲ.. ဖယ်.. "

"ဂျောင်မင်.. ဖယ်.. မလုပ်နဲ့!! အ့.."

မဖယ်တဲ့အပြင် ပိုတင်းကျပ်စွာဖက်ထားကာ ဂုတ်ပိုးလေးကိုပါ တရှုံ့ရှုံ့နမ်းနေတယ်။ ဆော့ဂျင်ဘယ်လိုပဲရုန်းရုန်း မရပေ။

"တောက်ခ်!! ဘာဖြစ်နေကြတာလဲ!!?"

ထယ်ယောင်းရဲ့အသံကြားလိုက်တာမို့ ကိုယ့်အတွက်ကယ်တင်ပေးမယ့် ဘုရားသခင်ရောက်လာသလိုပင် ဆော့ဂျင်အားတက်သွားမိတယ်။

ခွပ်!!

အတင်းလာဖက်ထားတဲ့ဂျောင်မင်ကို ဆော့ဂျင်ဆီကနေဆွဲခွာပြီး ထယ်ယောင်းဘာမှမပြောဘဲ ဂျောင်မင်ကိုဆက်တိုက်ထိုးတော့တယ်။ ဂျောင်မင်က တမင်ပင်အထိုးခံနေတာလားမသိ ။ ​ဘာမှပြန်မခုခံဘဲ ထယ်ယောင်းထိုးသမျှခံနေတာမို့ ဂျောင်မင်နှုတ်ခမ်းထောင့်ကနေရော နှာခေါင်းထဲကပါသွေးကျနေပြီဖြစ်တယ်။ ထယ်ယောင်းလက်လွန်သွားမှာကိုပဲ ဆော့ဂျင်စိုးရိမ်မိလာတယ်။

နောက်တကြိမ်ထပ်ထိုးဖို့လုပ်နေတဲ့ ထယ်ယောင်းကို ဆော့ဂျင်အနောက်ကနေတင်းကျပ်စွာဖက်လိုက်မိတယ်။

"တောင်းပန်ပါတယ်.. ထယ်ယောင်း တော်ပါတော့"

"တောက်ခ်!! နောက်တခါဆော့ဂျင်ကိုလာထိရင် မင်းအသေပဲ။ ဆော့ဂျင်ကငြိမ်ခံနေရင်တောင်မထိနဲ့ ငါ့အပိုင်မို့လို့"

"ပြီးတော့ဧည့်သည်ကဧည့်သည်လိုနေ.. ဒီခြံထဲမှာ ကြည့်စရာရှိတာကြည့်ပြီးရင် အမြန်ပြန်ပါတော့..."

"လာ.. ဆော့ဂျင် မင်းလည်းအသေပဲ"

လက်ကနေဆတ်ခနဲဆွဲခေါ်သွားတဲ့ထယ်ယောင်းနောက်ကို ဆော့ဂျင်လိုက်နေရတယ်။

"ဘာလို့ ငြိမ်ခံနေတာလဲ!? ဟမ်.. အဲ့လိုအလုပ်ခံနေရတာကြိုက်လား"

ကိုယ်ကအတင်းရုန်းနေပေမဲ့ ထယ်ယောင်းကအနောက်ဘက်ကနေကြည့်ပြီး ဘယ်လိုမြင်နေလဲဆိုတာတော့ မသိပေ။

"ငါ~ ငါငြိမ်နေတာမဟုတ်ပါဘူး.. သူအတင်း~ "

"ဒါဆို ငါမြင်တာကဘာလဲ!!?"

ဆော့ဂျင်ရဲ့ပခုံးကို ဆုပ်ကိုင်ထားရင်း ကိုယ်တခုလုံးကိုဆွဲယမ်းကာ အော်မေးနေခြင်းပင်။

"..."

"အဲ့ဒီအကောင်နဲ့ နောက်တခါအတူတူမတွေ့ချင်ဘူး.. တွေ့တာနဲ့မင်းကိုငါ.. ဘာလုပ်မိမလဲမသိဘူးနော်.."

ထယ်ယောင်းက သူရှင်းပြမယ့်စကားကို ဆုံးအောင်နားမထောင်ဘဲ သူမြင်တဲ့အတိုင်းစွပ်စွဲခဲ့ပြီး ထွက်သွားခဲ့တယ်။ တကယ်တမ်းပြန်စဥ်းစားကြည့်ရင် ထယ်ယောင်းကလည်း အခုလိုဒေါသထွက်စရာမလိုသလို ကိုယ်ကလည်းလိုက်ရှင်းပြနေစရာအကြောင်းကို မရှိတာ။ နှစ်ယောက်က ဘာပတ်သက်မှုမှမရှိတာ။

🍃🍃🍃

"ဘယ်လိုဖြစ်လာတာလဲ.မျက်နှာက.. ထယ်ယောင်းလက်ချက်လား"

"ဟုတ်တယ်.. "

"တောက်ခ်.. ငါ့သားကိုများ လူပါးဝတာ ငါအခုသွားပြောမယ်"

"အမေရေ.. တော်ပါတော့ ဒီမှာအရင်ဆေးထည့်ပေးပါ.. နာတယ်"

"ဘယ်လိုစဖြစ်တာလဲ ပြောပြ"

"ထယ်ယောင်းနဲ့ဆော့ဂျင်က ဘယ်လိုပတ်သက်မှုမျိုးလဲသိချင်လို့ အရင်သွားစလာတာ.. အမေလည်း သူတို့ကိုစိတ်မဆိုးနဲ့ အထိုးခံရတာအေးဆေးပါ ယောက်ျားပဲဟာ"

"တကယ်ပါပဲ.. ဂျောင်မင်ကတော့" မိခင်ဖြစ်သူကတော့ သူ့သားမျက်နှာကဒဏ်ရာတွေကို ဆေးထည့်ပေးတယ်။

"ထယ်ယောင်းကဆော့ဂျင်ကိ​ု တကယ်သည်းသည်းလှုပ်ဖြစ်နေတာ.. ဆော့ဂျင်ကိုအနောက်ကနေဖက်လိုက်တာကို ကျွန်တော့်ကိုဒီလောက်ထိထိုးလွတ်လိုက်တာ"

"ထယ်ယောင်းမှာလည်း ဒီလိုအားနည်းချက်လေးရှိနေတာကောင်းတယ်။ ငါတို့ကောင်းကောင်းအသုံးချလို့ရတယ် အခုငါတို့ပထမအစီအစဥ်ကိုစရအောင် အစီအစဉ်က...."

"အမေ.. တကယ်လုပ်မလို့လား မိသွားရင်ဘယ်လိုလုပ်မလဲ"

"အေးဆေးပါ.. လုပ်မယ့်သူကငါတို့ဆိုပေမဲ့ တရားခံကအဆင်သင့်ရှိပြီးသား"

"မဟုတ်မှလွဲရော.. ဆော့ဂျင်ကိုများ.."

"ဒါပဲလေ.."

"ဒါပေမဲ့.. ဆော့ဂျင်က သနားပါတယ်"

"လုပ်တဲ့သူက ဆော့ဂျင်ဆိုရင်.. ထယ်ယောင်းက ရဲလက်အပ်မှာမဟုတ်ဘူး.. အဲ့ဆို ဒီကိစ္စကဒီလောက်နဲ့ပီးသွားလိမ့်မယ်.."

"ထယ်ယောင်းက ဒေါသတွေကြီးပဲ.. သူ့လက်သီးကလည်းတော်တော်ပြင်းတာ သူဆော့ဂျင်ကို တခုခုလုပ်လိုက်ရင်.."

"ဘာဖြစ်နေတာလဲ ဂျောင်မင်. သူ့ကိုစိုးရိမ်နေစရာမလိုဘူး မင်းတခုခုသစ္စာဖောက်လိုက်ရင်တော့ မင်းအမေ. ငါ ထောင်ကျသွားလိမ့်မယ်ဆိုတာ မှတ်ထား"

"အဲ့လိုမလုပ်ပါဘူး.. ကျွန်တော်ကအမေ့ဘက်ကပါ.. ကျွန်တော်လည်းဆော့ဂျင်ကို မကျေနပ်ပါဘူး သူကျွန်တော့်ကိုထားခဲ့တာလေ"

"ဆော့ဂျင်ကို ပြန်လိုချင်လို့တော့ မရဘူးနော်.. ဂျောင်မင်"

"သိပါတယ်."

Part 22 [END] 🍃

Next eposide on Monday >>>

ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်🍃💚 Vote&Ment လေးပေးခဲ့နော်💐

[Zawgyi]

ဖုန္းScreenကို ဟိုႏွိပ္ ဒီႏွိပ္လုပ္ေနရင္းမွ Galleryထဲဝင္လိုက္ၿပီး. ဒီတပုံတည္းကို အေတာ္ၾကာေအာင္ ၾကည့္ေနမိတယ္။

ဒီပုံကေတာ့ ေဆာ့ဂ်င္ မီးဖိုခန္းမွာခ်က္ျပဳတ္ေနတုန္းက ခိုးရိုက္ထားတဲ့ပုံ။

ဒီျပန္ေရာက္ၿပီးကတည္းက ေတြးေနတာက အရင္ကစိတ္ထဲအထင္မွားၿပိး မဟုတ္တာေတြေတြးခဲ့တာေတြအတြက္ ေတာင္းပန္ဖို႔ပင္။ ေဆာ့ဂ်င္ကို Proposeလုပ္ၿပီး လက္ထပ္ခြင့္ေတာင္းမယ္လို႔ပါ စဥ္းစားထားတယ္။

သူ႕ဘက္ကျငင္းရင္ေတာင္မွ ကိုယ္ကအပိုင္သိမ္းဖို႔အထိပါေတြးထားၿပီးသား။

ဒါေၾကာင္​့ ထယ္ေယာင္းကၿခံထဲက အိမ္ငယ္မွာ တေယာက္တည္းျပင္ဆင္ေနတာ ဖြင့္ေျပာတဲ့အခါ Romanticဆန္ဆန္ပဲ ဖြင့္ေျပာခ်င္တယ္။ လက္စြပ္ကိုလည္း ဒီဇိုင္းေသခ်ာေ႐ြးထားၿပီး မွာထားၿပီးၿပီ။

အခန္းကိုျပင္ဆင္ရမွာ ပူေပါင္းအနီေလးေတြကို အခန္းထဲျပည့္ေအာင္ထည့္ထားမယ္.. ႏွင္းဆီအနီပြင့္ဖက္ေလးေတြကို အိပ္ယာထက္မွာ အလွဆင္မယ္.. မီးမဖြင့္ဘဲ ဖေယာင္းတိုင္ေလးေတြကို ထြန္းမယ္.. ေဆာ့ဂ်င္ရဲ႕ဓာတ္ပုံေလးေတြကိုလည္း ေသခ်ာလည္း ခ်ိတ္ဆြဲထားမယ္..

ထယ္ေယာင္းသူ႕အေတြးနဲ႕သူေတာ့ ဟုတ္ေနၿပီ။ လိုေနတာက ေဆာ့ဂ်င္ရဲ႕ဓာတ္ပုံပင္။ ရွိတာကလည္း ခိုးရိုက္ထားတဲ့တပုံတည္း.. ဒါေၾကာင့္ ထယ္ေယာင္းေတာ့ ေနာက္ထပ္ပုံေတြထပ္ယူဖို႔အတြက္ ကင္မရာတလုံးနဲ႕အလုပ္ရႈပ္ေတာ့မည္။

ၿခံကိုျပန္ေရာက္ကတည္း. ေဆာ့ဂ်င္ကေတာ့ပုံမွန္အတိုင္း သူ႕အလုပ္သူလုပ္ေပါ့ ထယ္ေယာင္းနဲ႕လည္းလိုအပ္မွသာစကားေျပာတယ္.. ၿပီးေတာ​့ ထယ္ေယာင္းကိုအိမ္ႀကီးမွာ သိပ္မေတြ႕ရေပ။

ေတြ႕ရင္လည္း ထယ္ေယာင္းက ကင္မရာတလုံးလြယ္ထားၿပီး ဟိုရိုက္လိုက္ ဒီရိုက္လိုက္နဲ႕ အလုပ္ရႈပ္ေနတဲ့ပုံပဲ။ ကိုယ္ကေတာ့ သူ႕ကိုလိုက္ဂ႐ုစိုက္ေနလို႔မအားပါဘူး ကိုယ့္အလုပ္ကိုလုပ္ရအုံးမယ္။

ထယ္ေယာင္းဆီမွာ ေဆာ့ဂ်င္ရဲ႕ပုံေတြေတာ္ေတာ္မ်ားမ်ားရေနၿပီ။ တေနရာကေနထိုင္ၿပီး ကင္မရာကေနzoomဆြဲၿပီးေဆာ့ဂ်င္ကိုၾကည့္ေနရာကေန.. ေဆာ့ဂ်င္ကကင္မရာဘက္ကိုၾကည့္ေနၿပီး ထယ္ေယာင္းအနားကိုတျဖည္းျဖည္းပို နီးကပ္လာေနတယ္။

ကိုယ္ကပဲ ပိုၿပိးzoomဆြဲမိတာလား တကယ္ပဲကိုယ့္အနားကိုေရာက္လာေနတာလား? ထယ္ေယာင္းမသဲကြဲေပ။

"ငါ့ကို ရိုက္ေနတာလား. သူေဌးထယ္"

ဟင္ ေဆာ့ဂ်င္ကသူ႕အေရွ႕ကိုပင္ ေရာက္ေနၿပီ။

"မဟုတ္ဘူး.. မင္းအေနာက္ကရႈခင္းကိုရိုက္ေနတာ ဖယ္စမ္းပါ.. ေရွ႕မွာလာကြယ္ေနတယ္"

ေဆာ့ဂ်င္ထြက္သြားဖို႔လုပ္လိုက္ေတာ့ လက္ေကာက္ဝတ္ေနရာက တင္းက်ပ္သြားတယ္။ ထယ္ေယာင္းကိုကိုင္ထားျခင္းပင္။

"ေနဦး.."

ထယ္ေယာင္းက အနားတိုးကပ္လာၿပီး ေဆာ့ဂ်င္ရဲ႕ပခုံးကိုဖက္လိုက္ေတာ့...

"ဘာလုပ္မလို႔လဲ"

"ဓာတ္ပုံတပုံေလာက္ရိုက္ရေအာင္.."

"မရိုက္ဘူး.. လက္ဖယ္"

"လာစမ္းပါ.." ေဆာ့ဂ်င္ကို ပခုံးကေနဖက္ထားရင္း အနားကိုပိုဆြဲကပ္လိုက္ကာ ကင္မရာကိုခ်ိန္ထားလိုက္တယ္.. ေဆာ့ဂ်င္ကေတာ့ စိတ္ရႈပ္တဲ့ပုံေပါက္ေနတယ္။

"​ရယ္လိုက္.. ဒီလိုမွလွမွာ.."

ေဆာ့ဂ်င္က အရယ္အၿပဳံးလုံးဝမရွိတာေၾကာင့္ ထယ္ေယာင္းစိတ္မရွည္စြာ ေဆာ့ဂ်င္ရဲ႕ပါးေဖာင္းေဖာင္းေလးကို ညစ္လိုက္တာေၾကာင့္ ႏႈတ္ခမ္းေလးေထာ္ထြက္လိုက္တာကိုၾကည့္ရင္း ထယ္ေယာင္းရယ္လိုက္ကာ.. ဓာတ္ပုံတပုံအရယူလိုက္တယ္။

ေနာက္ထပ္တပုံအတြက္ေတာ့ ေဆာ့ဂ်င္ရဲ႕ပါးျပင္ေလးအား နမ္းရွိုက္လိုက္ေတာ့ ေဆာ့ဂ်င္ကတြန္းဖယ္ၿပီးထြက္သြားၿပီျဖစ္ေပမဲ့ ဓာတ္ပုံေတာ့ရလိုက္ပါတယ္။

ဓာတ္ပုံေလးေတြက ေတာ္ေတာ္ခ်စ္စရာေကာင္းတယ္။ တပုံမွာ ေဆာ့ဂ်င္ကႏႈတ္ခမ္းေလးဆူေနကာ မ်က္ခုံးတြန့္ၿပီးေနေနေပမဲ့ သူကေတာ့ရယ္ေနတာ။ ေနာက္တပုံကေတာ့ အနမ္းခံလိုက္ရတာေၾကာင့္ ေဆာ့ဂ်င္မ်က္လုံးေလးျပဴးထြက္ေနတာ။ ဒီပုံေတြကိုၾကည့္ရင္း ထယ္ေယာင္းေတာ္ေတာ္အသည္းယားေနမိတယ္။ ဒီပုံေတြကို ပုံႀကီးခ်ဲ့ၿပီးခ်ိတ္ထားအုံးမွ..

🍃🍃🍃

"ကားသံၾကားတယ္.. သခင္ႀကီးတို႔လာၾကၿပီထင္တယ္.. လာေဆာ့ဂ်င္ သြားႀကိဳရေအာင္"

ေဒၚႀကီးကေခၚတာေၾကာင့္ ေဆာ့ဂ်င္လည္းလိုက္သြားတယ္။ ေဒၚႀကီးကေတာ့ ကားေပၚအထုပ္ေတြကူခ်ေပးတယ္။ ထယ္ေယာင္းလည္းဒီမွာပဲရွိေနခဲ့တယ္။

ကားေပၚကဆင္းလာသူက သခင္ႀကီးတေယာက္တည္းမဟုတ္ခဲ့။ ေဂ်ာင္မင္နဲ႕ သူ႕အေမပါ ပါလာတယ္။ သခင္ႀကီးကေတာ့ ကားေပၚကဆင္းတာနဲ႕ ေဆာ့ဂ်င္ကိုတခ်က္ၾကည့္ၿပိး ဝင္သြားတယ္။ ဘာမွေတာ့မေျပာေပ။

"ေဒၚေလးလည္း ပါလာတာလား.. အလည္လာတာလား"

"ဘာျဖစ္လို႔လဲ.. ထယ္ေယာင္း ငါကဘာလို႔မရဘူးလား? ဒီၿခံဆိုတာက ငါလည္းငယ္ငယ္ကတည္းကရင္းရင္းႏွီးႏွီးရွိၿပီးသားပါ .. တရားမွ်တမႈမရွိတဲ့ဆုံးျဖတ္ခ်က္တခုေၾကာင့္ ငါ့အပိုင္မျဖစ္သြားတာပဲ ရွိတာ"

"ေဒၚေလးက ဒီလိုေတြး႐ုင္လည္း ဒီလိုပဲေပါ့.. လူတေယာက္ရဲ႕အေတြးကမွားေနရင္ေတာင္.. လိုက္ေျပာင္းလဲေပးလို႔ရမွ မလြယ္တာ"

ေဒၚေလးက ေဒါသထြက္သြားတဲ့ပုံေပၚသြားေပမဲ့ ဘာမွထပ္မေျပာေပ။

"အထဲကိုႂကြပါ ေဒၚေလး.."

ဘာပဲျဖစ္ျဖစ္ကိုယ့္ဆီလာတဲ့ဧည့္သည္မလို႔.. ထယ္ေယာင္း အၿပဳံးတခုျဖင့္ႀကိဳဆိုလိုက္တယ္။ ေဂ်ာင္မင္ကကားေပၚကဆင္းကတည္းက ေဆာ့ဂ်င္ကိုပဲၾကည့္ေနတာကို ထယ္ေယာင္းသတိထားမိတယ္။ ဆက္ၾကည့္ေနရင္ ေဒါသထြက္လာမွာစိုးလို႔.. ထယ္ေယာင္းအရင္အိမ္ထဲဝင္သြားလိုက္တယ္။

"ဟင္း! ေဆာ့ဂ်င္ မင္းကေတာ့ညီ' မရွိေတာ့ အကိုနားကပ္ျပန္ၿပီေပါ့.."

"...."

"ေတာ္ေသးတယ္. ငါ့သားေဂ်ာင္မင္ကေတာ့ မင္းလက္ကလႊတ္သြားလို႔.. "

"..." ေဆာ့ဂ်င္ဘာစကားမွ ျပန္မေျပာေပ။ မလိုအပ္ဘဲ ျပႆနာမျဖစ္ခ်င္တာေၾကာင့္ပင္။

"ေဟး.. ေဆာ့ဂ်င္ မေတြ႕ရတာၾကာၿပီေနာ္"

"အင္း.."

"ဟဲ့ေဂ်ာင္မင္.. လာေလ ဘာေတြသြားေျပာေနတာလဲ"

"လာပါၿပီ အေမရဲ႕"

🍃🍃🍃

"ေဆာ့ဂ်င္မင္းကဒီမွာ ဒီလိုအလုပ္ေတြလုပ္ေနတာလား ဒီမီးဖိုခန္းမွာေလ.. မပ်င္းဘူးလား"

"..." ေဂ်ာင္မင္ကစကားေတြလာေျပာေနေပမဲ့ ေဆာ့ဂ်င္ဘာမွျပန္မေျပာေပ။ ေျပာခ်င္စိတ္လည္းမရွိဘူး.. ၿပီးေတာ့ထယ္ေယာင္းေတြ႕ရင္လည္း စိတ္ဆိုးအုံးမယ္

"ထယ္ေယာင္းက မင္းကိုဒီလိုေနရာမွာအလုပ္ခိုင္းတယ္ေပါ​့.. သူ႕ကိုစိတ္မဆိုးဘူးလား မင္းကိုအေစခံတေယာက္လိုပဲဆက္ဆ​ံေနတာ.."

"ငါထင္တာ အခုေလာက္ဆိုမင္းတို႔ႏွစ္ေယာက္ခ်စ္ေနၾကၿပီလို႔ေလ.. အခုၾကည့္ရသေလာက္ေတာ့.. ငါ့အတြက္အခြင့္အေရးရွိေနသလိုပဲ ဟုတ္တယ္မယ့္လား ေဆာ့ဂ်င္"

ေဆာ့ဂ်င္က သက္ျပင္းခ်လိဳက္ၿပီး..

"ေျပာစရာေတြကုန္ရင္သြားပါေတာ့ ငါ့မွာ ဘာမွေျပာစရာမရွိဘူး"

"ျပန္မေျဖဘူးဆိုရင္ ငါ့မွာအခြင့္အေရးရွိတယ္လို႔ သတ္မွတ္လိုက္မယ္.."

"အဲ့လိုေတာ့ မဟုတ္.." အေနာက္ကေနအတင္းလာဖက္ထားတဲ့ ေဂ်ာင္မင္ေၾကာင့္ေဆာ့ဂ်င္ စကားပင္မဆုံးလိုက္။

"ဘာလုပ္တာလဲ.. ဖယ္.. "

"ေဂ်ာင္မင္.. ဖယ္.. မလုပ္နဲ႕!! အ့.."

မဖယ္တဲ့အျပင္ ပိုတင္းက်ပ္စြာဖက္ထားကာ ဂုတ္ပိုးေလးကိုပါ တရႈံ႕ရႈံ႕နမ္းေနတယ္။ ေဆာ့ဂ်င္ဘယ္လိုပဲ႐ုန္း႐ုန္း မရေပ။

"ေတာက္ခ္!! ဘာျဖစ္ေနၾကတာလဲ!!?"

ထယ္ေယာင္းရဲ႕အသံၾကားလိုက္တာမို႔ ကိုယ့္အတြက္ကယ္တင္ေပးမယ့္ ဘုရားသခင္ေရာက္လာသလိုပင္ ေဆာ့ဂ်င္အားတက္သြားမိတယ္။

ခြပ္!!

အတင္းလာဖက္ထားတဲ့ေဂ်ာင္မင္ကို ေဆာ့ဂ်င္ဆီကေနဆြဲခြာၿပီး ထယ္ေယာင္းဘာမွမေျပာဘဲ ေဂ်ာင္မင္ကိုဆက္တိုက္ထိုးေတာ့တယ္။ ေဂ်ာင္မင္က တမင္ပင္အထိုးခံေနတာလားမသိ ။ ​ဘာမွျပန္မခုခံဘဲ ထယ္ေယာင္းထိုးသမွ်ခံေနတာမို႔ ေဂ်ာင္မင္ႏႈတ္ခမ္းေထာင့္ကေနေရာ ႏွာေခါင္းထဲကပါေသြးက်ေနၿပီျဖစ္တယ္။ ထယ္ေယာင္းလက္လြန္သြားမွာကိုပဲ ေဆာ့ဂ်င္စိုးရိမ္မိတာတယ္။

ေနာက္တႀကိမ္ထပ္ထိုးဖို႔လုပ္ေနတဲ့ ထယ္ေယာင္းကို ေဆာ့ဂ်င္အေနာက္ကေနတင္းက်ပ္စြာဖက္လိုက္မိတယ္။

"ေတာင္းပန္ပါတယ္.. ထယ္ေယာင္း ေတာ္ပါေတာ့"

"ေတာက္ခ္!! ေနာက္တခါေဆာ့ဂ်င္ကိုလာထိရင္ မင္းအေသပဲ။ ေဆာ့ဂ်င္ကၿငိမ္ခံေနရင္ေတာင္မထိနဲ႕ ငါ့အပိုင္မို႔လို႔"

"ၿပီးေတာ့ဧည့္သည္ကဧည့္သည္လိုေန.. ဒီၿခံထဲမွာ ၾကည့္စရာရွိတာၾကည့္ၿပီးရင္ အျမန္ျပန္ပါေတာ့..."

"လာ.. ေဆာ့ဂ်င္ မင္းလည္းအေသပဲ"

လက္ကေနဆတ္ခနဲဆြဲေခၚသြားတဲ့ထယ္ေယာင္းေနာက္ကို ေဆာ့ဂ်င္လိုက္ေနရတယ္။

"ဘာလို႔ ၿငိမ္ခံေနတာလဲ!? ဟမ္.. အဲ့လိုအလုပ္ခံေနရတာႀကိဳက္လား"

ကိုယ္ကအတင္း႐ုန္းေနေပမဲ့ ထယ္ေယာင္းကအေနာက္ဘက္ကေနၾကည့္ၿပီး ဘယ္လိုျမင္ေနလဲဆိုတာေတာ့ မသိေပ။

"ငါ~ ငါၿငိမ္ေနတာမဟုတ္ပါဘူး.. သူအတင္း~ "

"ဒါဆို ငါျမင္တာကဘာလဲ!!?"

ေဆာ့ဂ်င္ရဲ႕ပခုံးကို ဆုပ္ကိုင္ထားရင္း ကိုယ္တခုလုံးကိုဆြဲယမ္းကာ ေအာ္ေမးေနျခင္းပင္။

"..."

"အဲ့ဒီအေကာင္နဲ႕ ေနာက္တခါအတူတူမေတြ႕ခ်င္ဘူး.. ေတြ႕တာနဲ႕မင္းကိုငါ.. ဘာလုပ္မိမလဲမသိဘူးေနာ္.."

ထယ္ေယာင္းက သူရွင္းျပမယ့္စကားကို ဆုံးေအာင္နားမေထာင္ဘဲ သူျမင္တဲ့အတိုင္းစြပ္စြဲခဲ့ၿပီး ထြက္သြားခဲ့တယ္။ တကယ္တမ္းျပန္စဥ္းစားၾကည့္ရင္ ထယ္ေယာင္းကလည္း အခုလိုေဒါသထြက္စရာမလိုသလို ကိုယ္ကလည္းလိုက္ရွင္းျပေနစရာအေၾကာင္းကို မရွိတာ။ ႏွစ္ေယာက္က ဘာပတ္သက္မႈမွမရွိတာ။

🍃🍃🍃

"ဘယ္လိုျဖစ္လာတာလဲ.မ်က္ႏွာက.. ထယ္ေယာင္းလက္ခ်က္လား"

"ဟုတ္တယ္.. "

"ေတာက္ခ္.. ငါ့သားကိုမ်ား လူပါးဝတာ ငါအခုသြားေျပာမယ္"

"အေမေရ.. ေတာ္ပါေတာ့ ဒီမွာအရင္ေဆးထည့္ေပးပါ.. နာတယ္"

"ဘယ္လိုစျဖစ္တာလဲ ေျပာျပ"

"ထယ္ေယာင္းနဲ႕ေဆာ့ဂ်င္က ဘယ္လိုပတ္သက္မႈမ်ိဳးလဲသိခ်င္လို႔ အရင္သြားစလာတာ.. အေမလည္း သူတို႔ကိုစိတ္မဆိုးနဲ႕ အထိုးခံရတာေအးေဆးပါ ေယာက္်ားပဲဟာ"

"တကယ္ပါပဲ.. ေဂ်ာင္မင္ကေတာ့" မိခင္ျဖစ္သူကေတာ့ သူ႕သားမ်က္ႏွာကဒဏ္ရာေတြကို ေဆးထည့္ေပးတယ္။

"ထယ္ေယာင္းကေဆာ့ဂ်င္ကိ​ု တကယ္သည္းသည္းလႈပ္ျဖစ္ေနတာ.. ေဆာ့ဂ်င္ကိုအေနာက္ကေနဖက္လိုက္တာကို ကြၽန္ေတာ့္ကိုဒီေလာက္ထိထိုးလြတ္လိုက္တာ"

"ထယ္ေယာင္းမွာလည္း ဒီလိုအားနည္းခ်က္ေလးရွိေနတာေကာင္းတယ္။ ငါတို႔ေကာင္းေကာင္းအသုံးခ်လိဳ႕ရတယ္ အခုငါတို႔ပထမအစီအစဥ္ကိုစရေအာင္ အစီအစဥ္က...."

"အေမ.. တကယ္လုပ္မလို႔လား မိသြားရင္ဘယ္လိုလုပ္မလဲ"

"ေအးေဆးပါ.. လုပ္မယ့္သူကငါတို႔ဆိုေပမဲ့ တရားခံကအဆင္သင့္ရွိၿပီးသား"

"မဟုတ္မွလြဲေရာ.. ေဆာ့ဂ်င္ကိုမ်ား.."

"ဒါပဲေလ.."

"ဒါေပမဲ့.. ေဆာ့ဂ်င္က သနားပါတယ္"

"လုပ္တဲ့သူက ေဆာ့ဂ်င္ဆိုရင္.. ထယ္ေယာင္းက ရဲလက္အပ္မွာမဟုတ္ဘူး.. အဲ့ဆို ဒီကိစၥကဒီေလာက္နဲ႕ပီးသြားလိမ့္မယ္.."

"ထယ္ေယာင္းက ေဒါသေတြႀကီးပဲ.. သူ႕လက္သီးကလည္းေတာ္ေတာ္ျပင္းတာ သူေဆာ့ဂ်င္ကို တခုခုလုပ္လိုက္ရင္.."

"ဘာျဖစ္ေနတာလဲ ေဂ်ာင္မင္. သူ႕ကိုစိုးရိမ္ေနစရာမလိုဘူး မင္းတခုခုသစၥာေဖာက္လိုက္ရင္ေတာ့ မင္းအေမ. ငါ ေထာင္က်သြားလိမ့္မယ္ဆိုတာ မွတ္ထား"

"အဲ့လိုမလုပ္ပါဘူး.. ကြၽန္ေတာ္ကအေမ့ဘက္ကပါ.. ကြၽန္ေတာ္လည္းေဆာ့ဂ်င္ကို မေက်နပ္ပါဘူး သူကြၽန္ေတာ့္ကိုထားခဲ့တာေလ"

"ေဆာ့ဂ်င္ကို ျပန္လိုခ်င္လို႔ေတာ့ မရဘူးေနာ္.. ေဂ်ာင္မင္"

"သိပါတယ္."

Part 22 [END] 🍃

Next eposide on Monday >>>

ဖတ္ေပးတဲ့သူအားလုံးကို ေက်းဇူးတင္ပါတယ္🍃💚 Vote&Ment ေလးေပးခဲ့ေနာ္💐

There are no comments yet. Log in to be the first to leave a review!

Similar stories