Fanfics

18🍃

12:14, 14 April 2023

[Unicode]

"Hello.. အမေ"

"Helloလုပ်မနေနဲ့ ဂျောင်မင်.. အဲ့ထိုင်းကနေပြန်လာတော့ အလုပ်ကဘာမှမဟုတ်ဘဲ ကလပ်ပဲသွားနေလိုက်.."

"မရဘူး.. ဦးလေးက.."

"နင့်ဦးလေးကိုလည်း ငါပြောပေးထားပြီးပြီနောက်အပတ်အတွင်းဒီကိုပြန်လာတော့.. အခုဒီမှာဘာတွေဖြစ်နေလဲသိရဲ့လား.. ထယ်ယောင်းက အရင်ကခြံကိုစိတ်မဝင်စားသလိုနဲ့ အခုခြံထဲမှာပါ အလုပ်သမားတွေအားလုံးနဲ့ရင်းရင်းနှီးနှီးရှိနေကြပြီ"

"...."

"နင်ကတော့ အဲ့ထိုင်းမှာပဲ စောက်သူံးမကျ သူတို့ခိုင်းတာပဲလုပ်မနေနဲ့ ပြန်လာပြီး ကိုယ့်အပိုင်လည်းဖြစ်လာနိုင်တဲ့ခြံထဲကိုသွားပြီး နည်းနည်းပါးပါးရင်းနှီးအောင်လုပ်စမ်းပါ"

"အမေ.. အဲဒီခြံက သားတို့နဲ့ဘာမှမဆိုင်ဘူးလေ.. ဦးလေးမရှိတော့ရင်လည်း ထယ်ယောင်းကပဲပိုင်မှာလေ"

"ထယ်ယောင်းလည်း မရှိတော့ရင်ရော..."

"အမေ!! မဟုတ်တာတွေမလုပ်နဲ့"

"ငါပြောမယ်.. နောက်အပတ်အတွင်းပြန်လာ.. ဒါပဲ"

🍃🍃🍃

"ဆော့ဂျင်..အလုပ်ပြီးပြီမယ့်လား.."

"အင်း.."

"ခြံထဲက တနေရာကိုသွားရအောင်.. လိုက်ခဲ့"

ခြံထဲပတ်မောင်းတဲ့ကားနဲ့အတူတူသွားကြပြီး တနေရာရောက်တော့ ရပ်လိုက်တယ်။အရမ်းတိတ်ဆိတ်ပြီး ကျေးငှက်သံလေးတွေပါကြားနေရတယ်။

"လမ်းလျှောက်ရအောင်.."

အရှေ့ကသွားနေတဲ့ထယ်ယောင်းနောက်ကို ခပ်လှမ်းလှမ်းကနေပဲလိုက်နေခဲ့တယ်။ လျှောက်လမ်းလေးက သေချာခင်းကျင်းထားပြီး ဘေးမှာလည်း ပန်းပင်လေးတွေရှိသေးတယ်။

"ဆော့ဂျင်... ဒီနေရာလေးက စိတ်ချမ်းသာစရာကောင်းတယ်မထင်ဘူးလား.. ဒီဘက်ကိုက ဒီနှစ်ကုန်မှ ဖွင့်မှာ.."

"အော်~ ဒါကြောင့်ဘယ်သူမှမရှိတာပေါ့"

"အင်း.. ဒါနဲ့ဒီအနောက်နေပဲလျှောက်မနေနဲ့.. အနားကိုလာ စကားပြောတာအော်ပြောနေရတယ်"

"အင်း.."

ထယ်ယောင်းပြောလိုက်တော့ ဆော့ဂျင်က ဘေးချင်းကပ်အနားကိုရောက်လာခဲ့တယ်။ ချက်ချင်းပဲ ဆော့ဂျင်ရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။ ဆော့ဂျင်ကတော့ လက်ကိုကြည့်ပြီး သူ့ကိုပြန်ကြည့်လာတယ်။ ထယ်ယောင်လည်း မသိချင်ယောင်ဆောင်ပြီး လက်ကိုအဲ့တိုင်းဆုပ်ကိုင်ထားရာက..

"လမ်းပျောက်မှာ ဆိုးလို့"

"အင်း.."

ဒီမှာ ဘယ်လိုမှလမ်းမပျောက်နိုင်ဘူးဆိုတာသိပေမဲ့ ဆော့ဂျင်လက်တွေကလည်း ထယ်ယောင်းလက်တွေကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်တယ်။

နှစ်ယောက်သား ဒီလိုမျိုးလမ်းလျှောက်ရတာ အရမ်းကြည်နူးစရာကောင်းတယ်လိ​ု့ခံစားရတယ်။ ဆော့ဂျင်က လက်တွေကိုဖယ်ထုတ်လိုက်မယ်လို​့ ထင်ခဲ့ပေမဲ့ သေချာကိုပြန်ပြီးဆုပ်ကိုင်ခဲ့တာမို့.. ရင်ခုန်သံတွေအကုန် ဗရမ်းဗတာ...

"ဒီဘက်မှာတော့မပြီးသေးဘူး အဲ့ရေတံခွန်ကို ရှင်းလင်းပြီး လှသွားအောင်လုပ်ရအုံးမယ်.. အခုကသဘာဝအတိုင်းဆိုတော့ သိပ်ပြီးမလှသေးဘူး.. ပြီးတော့ ဒီပေါ်ကတံတားကိုလည်း သေချာလုပ်ရအူံးမယ်"

"အားလုံးပြီးသွားရင်တော့ အရမ်းလှလိမ့်မယ်.."

"ဒီမှာထိုင်ရအောင်.."

သစ်တုံးလေးပေါ်မှာ... ခြေဆင်းပြီးထိုင်နေသော ထယ်ယောင်းက အနားလာထိုင်ဖို့ခေါ်တယ်။

"ဟို..ဖြစ်ပါ့မလား.. ကျိုးကျသွားရင်ရော.."

"မကျိုးပါဘူး.. လာ.."

ရေတံခွန်ကနေစီးဆင်းလာတဲ့ရေသံတွေကိုလည်းကြားနေရတယ်။ ကြည်စိမ်းနေတဲ့ရေထဲကို ခြေထောက်တွေနစ်ထားပြီး..

ရေတံခွန်က ဘယ်လိုလှတယ်ဆိုတဲ့အကြောင်း။ ရေကအေးပြီးကြည်နေတာကြောင့် စိတ်လန်းဆန်းတယ်ဆိုတဲ့အကြောင်း။ ဒီနေရာကို ဘယ်လိုလုပ်ရင် ပိုလှသွားမယ်ဆိုတဲ့အကြောင်း။ အနားမှာ လိပ်ပြာလေးဝဲလာတော​့ လိပ်ပြာလေးတွေက လှတယ်ဆိုတဲ့အကြောင်း။

ဒီလိုမျိုး အကြောင်းအရင်း မယ်မယ်ရရမရှိ.. ထယ်ယောင်းနဲ့ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြရတာ တကယ်ပျော်ရပါတယ်။

🍃🍃🍃

ခြံထဲမှာ ပန်းပင်ရေလောင်းနေတဲ့ ဆော့ဂျင်ကို အနောက်နေကြည့်ရင်း အတွေးတွေကပရမ်းပတာဖြစ်နေတယ်။ကိုယ့်ဘက်က ခံစားချက်တွေကအရင်ကတည်းကပိုနေပေမဲ့ ဘယ်လိုလုပ်ရမလဲ...

ဖွင့်ပြောဖို့စဥ်းစားပြန်ရင်လည်း ဟွန်းလေးကိုပဲ သွားသတိရမိပြန်တယ်။ ဒီတသက်တော့ပြောဖြစ်အုံးမယ် မထင်တော့ဘူး။ ဒီကိစ္စတွေ ဘယ်သူ့ကိုမှလည်းပြောပြဖြစ်မှာ မဟုတ်ဘူး။

ဆော့ဂျင်ကတော့ အနောက်မှာသူရောက်နေတာကိုသိပုံမပေါ်ပေ။ သီချင်းလေးငြီးရင်း ပန်းပင်ရေလောင်းနေတာ.. ကြည့်ရတာတော့ ပျော်နေတဲ့ပုံပင်။ ကြည့်နေရင်း ဆော့ဂျင်ရဲ့ကျောပြင်ကို ခါးသိမ်သိမ်ကနေ ဆွဲဖက်လိုက်ချင်စိတ်ကတဖွားဖွား။

အတွေးတွေကို လက်စသတ်ကာ အနောက်ကနေဖက်လိုက်တော့ ဆော့ဂျင်ကလှည့်လိုက်တာကြောင့် ရေပိုက်ထယ်ယောင်းမျက်နှာတည့်တည့် အကုန်စိုကုန်ရော.. ဆော့ဂျင်လည်းလန့်ပြီးရေပိုက်ပစ်ချလိုက်တယ်။

"သူဌေးထယ်. တောင်းပန်ပါတယ်.. ဘယ်လိုလုပ်မလဲ"

"ဘယ်လိုလုပ်ရမှာလဲ.. ပြန်ပက်မှာပေါ့.."

ထယ်ယောင်းက ဆော့ဂျင်ပစ်ချထားတဲ့ရေပိုက်ကို ပြန်ကောက်ပြီးပြန်ပက်တော့

"အား... အေးတယ်.."

"ငါ့ကျတော့ မအေးဘူးလား.. မပြေးနဲ့.. "

ရှေ့ကပြေးတဲ့သူကလည်းပြေး ရေပိုက်တကားကားတဲ့နောက်ကလိုက်သူလိုက်.. နှစ်ယောက်လုံးရေတွေစိုရွဲကာ ကြွက်စုတ်လေးလိုဖြစ်နေတာတောင် ကလေးလိုပတ်ပြေးပြီးဆော့နေကြတာ ရယ်သံလေးတွေကတော့ မပါမဖြစ်ပေါ့။

ဒေါ်ကြီးကတော့ တနေရာကနေရပ်ကြည့်ပြီးပြုံးနေတာ..

"ငါတို့သူဌေးလေး အဲ့လိုမပျော်ရတာ ဘယ်လောက်တောင်ကြာပြီလဲ.. သူတို့အမေဆုံးသွားကတည်းကပဲ"

"ဒေါ်ကြီးဘာတွေပြုံးနေတာလဲ.."

"အော်..ဟိုဆော့.."

"ဟယ်.. ဟယ်.. ဟိုနှစ်ယောက်.. "

တအံ့တသြနဲ့ လက်ညိုးထိုးကား မျက်လုံးပြူးထွက်လာကာပြောလိုက်တယ်။

"တိုးတိုးနေစမ်းပါ ကြားသွားမယ်"

"ဒေါ်ကြီး​ရော သူဌေးတို့ကိုဘယ်လိုထင်လဲ ကျွန်တော်ကတော့.. သူတို့တွဲနေကြတာထင်တယ်"

"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ​့.. သူတို့ကိုကြည့်ရတာ ဟယ်.. ထိတော့မယ်.. ထိတော့မယ်."

"တကယ်နီးနီးလေးပဲ လိုတော့တယ်"

သူတို့နှစ်ယောက်ကစကားများနေရာကနေ ရုတ်တရက်ကြည့်လိုက်တော့ သူဌေးလေးတို့က မျက်နှာချင်းဆိုင်ဖြစ်နေပြီး သူဌေးလေးရဲ့လက်က ဆော့ဂျင်ရဲ့ခါးပေါ်မှာ.. ဆော့ဂျင်ကလည်းမျက်လုံးလေးမှိတ်ထားပြီး တဖက်ကပေးမယ့်အနမ်းအတွက် အဆင်သင့်ဖြစ်နေသည့်ပုံပင်။

သူဌေးလေးတို့ကိုကြည့်နေရင်း သူတို့နှစ်ယောက်ပါ ရင်ခုန်လာပြီး အသည်းတယားယားဖြစ်နေတာ။

"ဟိတ်!!!"

"ဟယ်.. ပလုတ်တုတ်!!!.. အား!!! "

စိတ်ဝင်တစားအတွဲချောင်းနေပါတယ်ဆို.. နောက်ကနေ လှမ်းအော်လိုက်တဲ့ ခေါင်းဆောင်ကင်မ်ကြောင့် နှစ်ယောက်လုံးလန့်ပြီးအော်လိုက်မိတယ်။

နှစ်ယောက်တစ်ကမ္ဘာလုပ်နေတဲ့အတွဲလည်းအော်သံကိုကြားလိုက်တာကြောင့်....

"ဟို.. ဟို.. ငါအေးနေပြီ"

"အင်း.. ငါရော"

ကြည့်နေတဲ့သူတွေရှိနေတယ်ဆိုတာ သိသွားကြောင့် နှစ်ယောက်သား ရှက်ရှက်နဲ့မနမ်းလိုက်ရသေးဘဲ.. အသီးသီးကိုယ့်နေရာကိုခွဲထွက်သွားကြတယ်။

Part 18 [END]🍃

နဲနဲတိုသွားလို့ Double Update🍃💚ခဏနေနောက်တပိုင်းထပ်Upပေးပါမယ်နောက်တပိုင်းမှာWarningနည်းနည်းပါမယ်..

[zawgyi]

"Hello.. အေမ"

"Helloလုပ္မေနနဲ႕ ေဂ်ာင္မင္.. အဲ့ထိုင္းကေနျပန္လာေတာ့ အလုပ္ကဘာမွမဟုတ္ဘဲ ကလပ္ပဲသြားေနလိုက္.."

"မရဘူး.. ဦးေလးက.."

"နင့္ဦးေလးကိုလည္း ငါေျပာေပးထားၿပီးၿပီေနာက္အပတ္အတြင္းဒီကိုျပန္လာေတာ့.. အခုဒီမွာဘာေတြျဖစ္ေနလဲသိရဲ႕လား.. ထယ္ေယာင္းက အရင္ကၿခံကိုစိတ္မဝင္စားသလိုနဲ႕ အခုၿခံထဲမွာပါ အလုပ္သမားေတြအားလုံးနဲ႕ရင္းရင္းႏွီးႏွီးရွိေနၾကၿပီ"

"...."

"နင္ကေတာ့ အဲ့ထိုင္းမွာပဲ ေစာက္သူံးမက် သူတို႔ခိုင္းတာပဲလုပ္မေနနဲ႕ ျပန္လာၿပီး ကိုယ့္အပိုင္လည္းျဖစ္လာနိုင္တဲ့ၿခံထဲကိုသြားၿပီး နည္းနည္းပါးပါးရင္းႏွီးေအာင္လုပ္စမ္းပါ"

"အေမ.. အဲဒီၿခံက သားတို႔နဲ႕ဘာမွမဆိုင္ဘူးေလ.. ဦးေလးမရွိေတာ့ရင္လည္း ထယ္ေယာင္းကပဲပိုင္မွာေလ"

"ထယ္ေယာင္းလည္း မရွိေတာ့ရင္ေရာ..."

"အေမ!! မဟုတ္တာေတြမလုပ္နဲ႕"

"ငါေျပာမယ္.. ေနာက္အပတ္အတြင္းျပန္လာ.. ဒါပဲ"

🍃🍃🍃

"ေဆာ့ဂ်င္..အလုပ္ၿပီးၿပီမယ့္လား.."

"အင္း.."

"ၿခံထဲက တေနရာကိုသြားရေအာင္.. လိုက္ခဲ့"

ၿခံထဲပတ္ေမာင္းတဲ့ကားနဲ႕အတူတူသြားၾကၿပီး တေနရာေရာက္ေတာ့ ရပ္လိုက္တယ္။အရမ္းတိတ္ဆိတ္ၿပီး ေက်းငွက္သံေလးေတြပါၾကားေနရတယ္။

"လမ္းေလွ်ာက္ရေအာင္.."

အေရွ႕ကသြားေနတဲ့ထယ္ေယာင္းေနာက္ကို ခပ္လွမ္းလွမ္းကေနပဲလိုက္ေနခဲ့တယ္။ ေလွ်ာက္လမ္းေလးက ေသခ်ာခင္းက်င္းထားၿပီး ေဘးမွာလည္း ပန္းပင္ေလးေတြရွိေသးတယ္။

"ေဆာ့ဂ်င္... ဒီေနရာေလးက စိတ္ခ်မ္းသာစရာေကာင္းတယ္မထင္ဘူးလား.. ဒီဘက္ကိုက ဒီႏွစ္ကုန္မွ ဖြင့္မွာ.."

"ေအာ္~ ဒါေၾကာင့္ဘယ္သူမွမရွိတာေပါ့"

"အင္း.. ဒါနဲ႕ဒီအေနာက္ေနပဲေလွ်ာက္မေနနဲ႕.. အနားကိုလာ စကားေျပာတာေအာ္ေျပာေနရတယ္"

"အင္း.."

ထယ္ေယာင္းေျပာလိုက္ေတာ့ ေဆာ့ဂ်င္က ေဘးခ်င္းကပ္အနားကိုေရာက္လာခဲ့တယ္။ ခ်က္ခ်င္းပဲ ေဆာ့ဂ်င္ရဲ႕လက္ကိုဆုပ္ကိုင္လိုက္တယ္။ ေဆာ့ဂ်င္ကေတာ့ လက္ကိုၾကည့္ၿပီး သူ႕ကိုျပန္ၾကည့္လာတယ္။ ထယ္ေယာင္လည္း မသိခ်င္ေယာင္ေဆာင္ၿပီး လက္ကိုအဲ့တိုင္းဆုပ္ကိုင္ထားရာက..

"လမ္းေပ်ာက္မွာ ဆိုးလို႔"

"အင္း.."

ဒီမွာ ဘယ္လိုမွလမ္းမေပ်ာက္နိုင္ဘူးဆိုတာသိေပမဲ့ ေဆာ့ဂ်င္လက္ေတြကလည္း ထယ္ေယာင္းလက္ေတြကိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္တယ္။

ႏွစ္ေယာက္သား ဒီလိုမ်ိဳးလမ္းေလွ်ာက္ရတာ အရမ္းၾကည္ႏူးစရာေကာင္းတယ္လိ​ု႔ခံစားရတယ္။ ေဆာ့ဂ်င္က လက္ေတြကိုဖယ္ထုတ္လိုက္မယ္လို​့ ထင္ခဲ့ေပမဲ့ ေသခ်ာကိုျပန္ၿပီးဆုပ္ကိုင္ခဲ့တာမို႔.. ရင္ခုန္သံေတြအကုန္ ဗရမ္းဗတာ...

"ဒီဘက္မွာေတာ့မၿပီးေသးဘူး အဲ့ေရတံခြန္ကို ရွင္းလင္းၿပီး လွသြားေအာင္လုပ္ရအုံးမယ္.. အခုကသဘာဝအတိုင္းဆိုေတာ့ သိပ္ၿပီးမလွေသးဘူး.. ၿပီးေတာ့ ဒီေပၚကတံတားကိုလည္း ေသခ်ာလုပ္ရအူံးမယ္"

"အားလုံးၿပီးသြားရင္ေတာ့ အရမ္းလွလိမ့္မယ္.."

"ဒီမွာထိုင္ရေအာင္.."

သစ္တုံးေလးေပၚမွာ... ေျခဆင္းၿပီးထိုင္ေနေသာ ထယ္ေယာင္းက အနားလာထိုင္ဖို႔ေခၚတယ္။

"ဟို..ျဖစ္ပါ့မလား.. က်ိဳးက်သြားရင္ေရာ.."

"မက်ိဳးပါဘူး.. လာ.."

ေရတံခြန္ကေနစီးဆင္းလာတဲ့ေရသံေတြကိုလည္းၾကားေနရတယ္။ ၾကည္စိမ္းေနတဲ့ေရထဲကို ေျခေထာက္ေတြနစ္ထားၿပီး..

ေရတံခြန္က ဘယ္လိုလွတယ္ဆိုတဲ့အေၾကာင္း။ ေရကေအးၿပီးၾကည္ေနတာေၾကာင့္ စိတ္လန္းဆန္းတယ္ဆိုတဲ့အေၾကာင္း။ ဒီေနရာကို ဘယ္လိုလုပ္ရင္ ပိုလွသြားမယ္ဆိုတဲ့အေၾကာင္း။ အနားမွာ လိပ္ျပာေလးဝဲလာေတာ​့ လိပ္ျပာေလးေတြက လွတယ္ဆိုတဲ့အေၾကာင္း။

ဒီလိုမ်ိဳး အေၾကာင္းအရင္း မယ္မယ္ရရမရွိ.. ထယ္ေယာင္းနဲ႕ရင္းရင္းႏွီးႏွီး စကားေျပာျဖစ္ၾကတယ္။

🍃🍃🍃

ၿခံထဲမွာ ပန္းပင္ေရေလာင္းေနတဲ့ ေဆာ့ဂ်င္ကို အေနာက္ေနၾကည့္ရင္း အေတြးေတြကပရမ္းပတာျဖစ္ေနတယ္။ကိုယ့္ဘက္က ခံစားခ်က္ေတြကအရင္ကတည္းကပိုေနေပမဲ့ ဘယ္လိုလုပ္ရမလဲ...

ဖြင့္ေျပာဖို႔စဥ္းစားျပန္ရင္လည္း ဟြန္းေလးကိုပဲ သြားသတိရမိျပန္တယ္။ ဒီတသက္ေတာ့ေျပာျဖစ္အုံးမယ္ မထင္ေတာ့ဘူး။ ဒီကိစၥေတြ ဘယ္သူ႕ကိုမွလည္းေျပာျပျဖစ္မွာ မဟုတ္ဘူး။

ေဆာ့ဂ်င္ကေတာ့ အေနာက္မွာသူေရာက္ေနတာကိုသိပုံမေပၚေပ။ သီခ်င္းေလးၿငီးရင္း ပန္းပင္ေရေလာင္းေနတာ.. ၾကည့္ရတာေတာ့ ေပ်ာ္ေနတဲ့ပုံပင္။ ၾကည့္ေနရင္း ေဆာ့ဂ်င္ရဲ႕ေက်ာျပင္ကို ခါးသိမ္သိမ္ကေန ဆြဲဖက္လိုက္ခ်င္စိတ္ကတဖြားဖြား။

အေတြးေတြကို လက္စသတ္ကာ အေနာက္ကေနဖက္လိုက္ေတာ့ ေဆာ့ဂ်င္ကလွည့္လိုက္တာေၾကာင့္ ေရပိုက္ထယ္ေယာင္းမ်က္ႏွာတည့္တည့္ အကုန္စိုကုန္ေရာ.. ေဆာ့ဂ်င္လည္းလန့္ၿပီးေရပိုက္ပစ္ခ်လိဳက္တယ္။

"သူေဌးထယ္. ေတာင္းပန္ပါတယ္.. ဘယ္လိုလုပ္မလဲ"

"ဘယ္လိုလုပ္ရမွာလဲ.. ျပန္ပက္မွာေပါ့.."

ထယ္ေယာင္းက ေဆာ့ဂ်င္ပစ္ခ်ထားတဲ့ေရပိုက္ကို ျပန္ေကာက္ၿပီးျပန္ပတ္ေတာ့

"အား... ေအးတယ္.."

"ငါ့က်ေတာ့ မေအးဘူးလား.. မေျပးနဲ႕.. "

ေရွ႕ကေျပးတဲ့သူကလည္းေျပး ေရပိုက္တကားကားတဲ့ေနာက္ကလိုက္သူလိုက္.. ႏွစ္ေယာက္လုံးေရေတြစို႐ြဲကာ ႂကြက္စုတ္ေလးလိုျဖစ္ေနတာေတာင္ ကေလးလိုပတ္ေျပးၿပီးေဆာ့ေနၾကတာ ရယ္သံေလးေတြကေတာ့ မပါမျဖစ္ေပါ့။

ေဒၚႀကီးကေတာ့ တေနရာကေနရပ္ၾကည့္ၿပီးၿပဳံးေနတာ..

"ငါတို႔သူေဌးေလးမေပ်ာ္႐ြင္ရတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ.. သူတို႔အေမဆုံးသြားကတည္းကပဲ"

"ေဒၚႀကီးဘာေတြၿပဳံးေနတာလဲ.."

"ေအာ္..ဟိုေဆာ့.."

"ဟယ္.. ဟယ္.. ဟိုႏွစ္ေယာက္.. "

တအံ့တၾသနဲ႕ လက္ညိုးထိုးကား မ်က္လုံးျပဴးထြက္လာကာေျပာလိုက္တယ္။

"တိုးတိုးေနစမ္းပါ ၾကားသြားမယ္"

"ေဒၚႀကီး​ေရာ သူေဌးတို႔ကိုဘယ္လိုထင္လဲ ကြၽန္ေတာ္ကေတာ့.. သူတို႔တြဲေနၾကတာထင္တယ္"

"အဲ့လိုဆိုရင္ေတာ့ ေကာင္းတာေပါ​့.. သူတို႔ကိုၾကည့္ရတာ ဟယ္.. ထိေတာ့မယ္.. ထိေတာ့မယ္."

"တကယ္နီးနီးေလးပဲ လိုေတာ့တယ္"

သူတို႔ႏွစ္ေယာက္ကစကားမ်ားေနရာကေန ႐ုတ္တရက္ၾကည့္လိုက္ေတာ့ သူေဌးေလးတို႔က မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနၿပီး သူေဌးေလးရဲ႕လက္က ေဆာ့ဂ်င္ရဲ႕ခါးေပၚမွာ.. ေဆာ့ဂ်င္ကလည္းမ်က္လုံးေလးမွိတ္ထားၿပီး တဖက္ကေပးမယ့္အနမ္းအတြက္ အဆင္သင့္ျဖစ္ေနသည့္ပုံပင္။

သူေဌးေလးတို႔ကိုၾကည့္ေနရင္း သူတို႔ႏွစ္ေယာက္ပါ ရင္ခုန္လာၿပီး အသည္းတယားယားျဖစ္ေနတာ။

"ဟိတ္!!!"

"ဟယ္.. ပလုတ္တုတ္!!!.. အား!!! "

စိတ္ဝင္တစားအတြဲေခ်ာင္းေနပါတယ္ဆို.. ေနာက္ကေန လွမ္းေအာ္လိုက္တဲ့ ေခါင္းေဆာင္ကင္မ္ေၾကာင့္ ႏွစ္ေယာက္လုံးလန့္ၿပီးေအာ္လိုက္မိတယ္။

ႏွစ္ေယာက္တစ္ကမၻာလုပ္ေနတဲ့အတြဲလည္းေအာ္သံကိုၾကားလိုက္တယ္။

"ဟို.. ဟို.. ငါေအးေနၿပီ"

"အင္း.. ငါေရာ"

ၾကည့္ေနတဲ့သူေတြရွိေနတယ္ဆိုတာ သိသြားေၾကာင့္ ႏွစ္ေယာက္သား ရွက္ရွက္နဲ႕မနမ္းလိုက္ရေသးဘဲ.. အသီးသီးကိုယ့္ေနရာကိုခြဲထြက္သြားၾကတယ္။

Part 18 [END]🍃

နဲနဲတိုၾသားလို႔ Double Update🍃💚ခေဏန ေနာက္တပိုင္းထပ္တင္မယ္ေနာ္...ေနာက္တပိုင္းမွာ warningနည္းနည္းပါမယ္..

There are no comments yet. Log in to be the first to leave a review!

Similar stories