Fanfics

17🍃

19:22, 13 April 2023

[Unicode]

ဆော့ဂျင်အတွက် မနက်စာနဲ့ အခြားမုန့်တွေပါယူလာပြီး ပေးဖို့အတွက် အခန်းနားကိုရောက်တော့ ဆော့ဂျင်ရဲ့ရယ်သံတွေကြားနေရတယ်။ အခန်းတံခါးကို သေချာလေးကပ်ပြီးနားထောင်ကြည့်တော့ သူဌေးပါရှိနေသေးတယ်ဆိုတာကို နမ်ဂျွန်းသဘောပေါက်သွားတယ်။အခုချိန်လောက်ဆိုရင်တော့ သူဌေးမရှိတော့ဘူးလို့ထင်တာကြောင့်လာခဲ့တာ။ အခုတော့ ပြန်လှည့်ထွက်လာလိုက်တယ်။

ဆော့ဂျင်နဲ့သူဌေးနဲ့က သာမန်ဆက်ဆံရေးမဟုတ်ဘူးလို​့ အရင်ကတည်းက ထင်ခဲ့ပေမဲ့အခုကပိုသေချာသွားပြီ။ သူဌေးလူဖြစ်တာကြောင့် ခံစားချက်တွေကိုရှေ့ဆက်တိုးရင်လည်း ကျန်ရစ်သူက ကိုယ်ပဲဖြစ်နိုင်တာကို နမ်ဂျွန်းသိနေတယ်။

"ဟိုဆော့.. အလုပ်မသွားဘူးလား အစောကြီးရှိသေးတယ်"

"ငါ့ကိုအလုပ်နားပေးလိုက်တာလေ သူဌေးကမင်းတယောက်တည်းပျင်းနေမှာစိုးလို့တဲ့"

"awwe~ ဒါနဲ့မုန့်တွေက..."

"ဟုတ်တယ်.. ဒါက ခေါင်းဆောင်ပေးခိုင်းလိုက်တာ"

"Hyungက အတော်ဆုံးပဲ"

ဟိုဆော့က ဆော့ဂျင်အနားရောက်လာကာ ပခုံးချင်းဖွဖွတိုက်ကာ..

"သူဌေးက မင်းကိုကြိုက်နေတာမယ့်လား"

"မဟုတ်ပါဘူး.. ဘာတွေလျှောက်ပြောနေတာလဲ"

"စဥ်းစားကြည့် ဘယ်သူဌေးကအလုပ်သမားတယောက်ကို အဲ့လောက်ထိပြုစုပေးမှာလဲ"

"ငါ့ကိုသေချာစောင့်ရှောက်ပေးမယ်လို့ ငါ့မိဘတွေကိုပြောပြီးခေါ်လာတာဆိုတော့ သူဌေးမှာတာဝန်ရှိလို့ပါ"

"ညတုန်းက သဝန်တိုနေတဲ့သူဌေးရဲ့ပုံစံကို မင်းကိုပြချင်လိုက်တာ"

"မဟုတ်လောက်ပါဘူး"

"မင်းလည်း ပါးစပ်ပိတ်ချအုံး ပြုံးပြုံးကြီးဖြစ်နေပြီ"

"မဟုတ်ပါဘူး"

"ဟုတ်လို့ မင်းလည်းသူဌေးဖြစ်သွားရင်တော့ ငါ့ကိုမမေ့နဲ့နော်"

"ဟဟ အေးပါကွာ"

🍃🍃🍃

"သူဌေးထယ်.. "

"ဝင်လာလေ အဲ့မှာပဲရပ်နေမှာလား.. ဒီမှာလာထိုင်"

ရုံးခန်းထဲမှာရှိတဲ့ ဆိုဖာခုံပေါ်ကိုညွန်ပြပြီး ပြောလာကာ ဆော့ဂျင်ထိုင်လိုက်တော့ ဆေးသေတ္တာလေးကိုယူပြီး အနားမှာလာထိုင်တယ်။

"ဒီနေ့ ဆေးမထည့်သေးဘူးမယ့်လား"

"အင်း.."

"ငြိမ်ငြိမ်နေ ငါလုပ်ပေးမယ်"

စည်းထားတဲ့ပတ်တီးကို ဖြည်ထုတ်ပြိး ဂွမ်းတုတ်လေးနဲ့ဆေးထည့်ပေးကာ ညင်ညင်သာသာလေး လေမှုတ်ပေးနေသေးတယ်။ ပြီးတော့ပတ်တီးကိုလည်း သေချာလေးပြန်စည်းပေးတယ်။

ဘယ်သူကသိမှာလဲ။ သူဌေးထယ်က ကိုယ့်ကိုမုန်းနေတဲ့သူဆိုတာကို။

သေချာလေး ဂရုတစိုက်လုပ်ပေးနေတဲ့ ထယ်ယောင်းကိုကြည့်ပြီး အရမ်းတွေရင်ခုန်နေမိတာ။ ဒဏ်ရာပေါ်မှုတ်ပေးလိုက်တဲ့လေအေးအေးလေးတွေ တိုက်ခတ်လာတိုင်း ရင်ထဲမှာပါ အေးခနဲဖြစ်သွားတယ်။

ဟိုဆော့ပြောသလို သူဌေးထယ်က တကယ်ပဲ ကိုယ့်ကိုသဘောကျနေတာလား။ ဖြစ်နိုင်ရဲ့လားဆိုတာ မသေချာပေမဲ့ ကိုယ်ကတော့ ရင်ခုန်နှုန်းတွေမြန်နေပြီ။

"ပြီးပြီ.. ဘာတွေစဥ်းစားနေတာလဲ"

"ဘာမှမဟုတ်ပါဘူး.."

"ဒဏ်ရာက အနာကျက်တော့မှာပဲ.. နေကောင်းရင်တော့ ဘယ်နေရာမှာအလုပ်လုပ်ချင်တာလဲ။ ကိုယ်နဲ့သင့်တော်တာကိုပဲရွေး"

"လုပ်ချင်နေတဲ့နေရာရှိတယ်။ မီးဖိုခန်းမှာလုပ်ချင်တယ်။"

"အင်း.. ရတယ်လေ.. ဒေါ်ကြီးကိုပြောပြီးစီစဥ်ပေးမယ်"

"အင်း.."

ဆော့ဂျင်လုပ်မယ့်မီးဖိုဆောင်ဆိုတာက အလုပ်သမားတွေအတွက် နေ့လည်စာချက်ပေးရတဲ့နေရာ။ အလုပ်သမားတွေက ဒီအဆောင်မှာပဲလာစားရတာ။ အရင်ကတည်းက အဲ့နေရာမှာလုပ်ချင်ပေမဲ့ Hyungက သူဌေးလာမှပြောဖို့ ပြောထားတော့ အခုမှပြောရတာ။ ဒီထဲမှာကလည်း ကိုယ်လုပ်နိုင်တာက ဒါပဲရှိတယ်ထင်လို့လေ။

ဒီနေ့ကတော့ ဆော့ဂျင်အတွက် ပထမရက်ပါပဲ။ အားလုံးတာဝန်အသီးသီးခွဲပြီး လုပ်ရတယ်။ အကုန်လုံးပြင်ဆင်ထားပြီးရင် အိမ်ကြီးမှာထမင်းချက်ပြီးလာတဲ့ ဒေါ်ကြီးကပဲဒီမှာချက်တယ်။

"လူချောလေးလည်း ဒီအဖွဲ့ထဲရောက်သွားပြီလား"

ထမင်းပွဲလာယူကြတဲ့ လူတန်းကြီးထဲက အသက်ကြီးကြီးဦးလေးကြိးတယောက်က မေးလိုက်ခြင်းပင်။

"ဟုတ်တယ်.. ဦးလေး ကျွန်တော်ဒီမှာအဆင်ပြေတယ်"

"အေအေ.. ကောင်းတယ်"

ဆော့ဂျင်ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့ဆိုတော​့ ထယ်ယောင်းလည်း အဆင်ပြေရဲ့လားသိရဖို့ လာကြည့်ကြည့်တယ်။

ဆော့ဂျင်ကဒီအလုပ်ကို သဘောကျတဲ့ပုံပါ။ ထမင်းလာယူတဲ့လူတိုင်းကို ပြုံးပြပြီး သေချာပြောဆိုနှုတ်ဆက်နေတာကို တွေ့ရတယ်။ ဒီလိုတွေ့ရတော့ ကိုယ်လည်းစိတ်အေးချမ်းရတယ်။

ဒါပေမဲ့ လူတိုင်းကိုအဲ့လိုမျိုး နေ့တိုင်းပြုံးပြနေလို့ကတော့ မဖြစ်သေးပေ။ တချက်ပြုံးလိုက်တိုင်း ဖောင်းလာတဲ့ပါးပြင်မို့မို့လေးကြောင့် စိတ်မချချင်ပေ။

ထယ်ယောင်းကြည့်နေတာမြင်တော့ ဆော့ဂျင်ကပြုံးပြလိုက်တယ်။ ဘာလို့လာကြည့်နေတာလဲမသိဘူး.. တကယ်ပါပဲရင်ခုန်လွန်းလို့ အလွဲလွဲချော်ချော်လုပ်မိတော့မှာပဲ။ ဒီရက်ပိုင်းဘာဖြစ်နေမှန်းမသိဘူး။

"သူဌေးထယ်.. ခေါ်တယ်ဆို.."

"ဟိုမှာအလုပ်လုပ်တာ တလပြည့်ပြီနော် အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်.. "

"အဲ့ဆို အဲ့နေရာမှာ ဒီနေ့ကစပြီးမလုပ်ရတော့ဘူး"

"ဘာဖြစ်လို့လဲ.."

"မင်းအရမ်းအဆင်ပြေနေတဲ့ပုံပေါက်လို့.. အိမ်ကြီးမှာအလုပ်လာဆင်းရမယ်.. အခု"

ရှေ့ကနေထွက်သွားတဲ့ သူဌေးထယ်နောက်ကိုလိုက်သွားတော့ မီးဖိုခန်းကိုဦးတည်သွားနေတာ

"ငါ့အတွက် ဟင်းချက်ပေးရမယ်"

"ဒေါ်ကြီးကရော.. ပုံမှန်ဆိုဒေါ်ကြီးပဲချက်ပေးနေတာကို.."

"ဒီနေ့ မီးဖိုခန်းကိုဘယ်သူ့ကိုမှမလာခိုင်းထားဘူမင်းတ​ယောက်တည်းလုပ်ရမှာ.."

"ဘာချက်ပေးရမှာလဲ"

"ရေခဲသေတ္တာမှာကြည့်လိုက်.. ရှိတာချက်.. ငါဒီကနေထိုင်ကြည့်နေမယ်"

ခုံမှာအခန့်သားထိုင်ကာ မေးထောက်ပြီးကြည့်နေတယ်။ ဆော့ဂျင်ဘယ်နေရာသွားသွားကို မျက်လူံးဒေါက်ထောက်ပြီး လိုက်ကြည့်နေတာ။

"အဲ့လောက်ထိ လိုက်မကြည့်ပါနဲ့"

"ဘာဖြစ်လို့လဲ.."

"အာရုံနောက်လို့လေ.."

"ကိုယ့်ဘာသာကိုလုပ်စရာရှိတာလုပ်လေ ငါကြည့်နေတာမင်းအခုထိ ဘာမှမလုပ်ရသေးဘူးနော်.. ဒီနေ့စားရအုံးမှာလား.."

"သူဌေးထယ်က ကျွန်တော့်ကိုလိုက်ကြည့်နေတာကို.."

"စကားမများနဲ့ ငါ့ဘာသာငါနေချင်သလိုနေမယ် မြန်မြန်ချက်"

ထယ်ယောင်းက စကားပြောနေရင်း ထိုင်နေရာကနေ ထလာကာ ဆော့ဂျင်နဲ့မျက်နှာချင်းဆိုင်ဖြစ်နေပြီ။ ဆော့ဂျင်ရဲ့ ပါးဖောင်းဖောင်းလေးကိုညစ်လိုက်တော့ ဆူထွက်လာတဲ့နှုတ်ခမ်းလေးကိုကြည့်ရင်း..

"ထမင်းစားချိန်ထိ စားစရာမရှိရင်တော့ ဟက်! အခြားဟာစားမယ်.. ငါပြောတာသိလား"

"ဖယ်တော့လေ.. အမြန်ချက်ရမယ်"

ထယ်ယောင်းရဲ့လက်ကိုဖြုတ်ချလိုက်တာ.. ကိုယ့်ဘာသာကိုနောက်လှည့်ပြီး ဆန်ဆေးနေတုန်း..

"ကူညီပေးမယ် အမြန်ပြီးအောင်"

"မလို.."

ဆော့ဂျင်စကားပင်မဆုံးသေး ထယ်ယောင်းကနောက်ကနေ ဖက်ထားပြီး ဆန်ဆေးနေတဲ့ဆော့ဂျင်ရဲ့လက်တွေကို အုပ်ကိုင်ထားကာ..

"ဆန်​ဆေးတယ်ဆိုတာ ဒီလို... ဒီလို.. ဆေးရတယ်"

ဆန်စေ့လေးတွေကိုပွတ်ကာ ပြောဆိုနေခြင်းပင်။ ဆော့ဂျင်ရဲ့လက်တွေကတော့ ထယ်ယောင်းရဲ့လက်ချောင်းရှည်တွေအောက်မှာ ရွေ့လျားနေရတယ်။ နောက်ကနေသိုင်းဖက်ထားတာကြောင့် မှေးဖျားလေးကို ဆော့ဂျင်ပခုံးပေါ်တင်ထားတာသေးတယ်။ အရမ်းနီးကပ်နေတာကြောင့် ဆော့ဂျင်အနေခက်နေမိတယ်။

"ရတယ်.. ငါဆေးတတ်တယ်.."

"မရဘူး ပုံမကျရင် ထမင်းက စားမရဖြစ်အုံးမယ်"

"ဒါဆိုလည်း ကိုယ်တိုင်လုပ်တော့"

"ငါလုပ်လို့ရပေမဲ့ နောက်ဆိုမင်းပဲလုပ်ရမှာမလို့ ငါမင်းကိုသင်ပေးနေတာ"

"ငါက ဟိုးအရင်ကတည်းကလုပ်လာတာ ဒါတွေကငါအတွက်လွယ်လွယ်လေး.. ပြီးတော့ထမင်းတအိုးပေါင်းတာကို ကလေးကအစလုပ်တတ်တယ်.. သင်ပေးစရာမလိုဘူး.. နောက်ကနေဖယ်လိုက်..."

ရှေ့ကလူသားလေးက စကားတွေ မရပ်မနားပြောနေတော့ ပါးလေးက ဖောင်းသွားလိုက်ပိန်သွားလိုက်နဲ့ အသည်းယားလာတာကြောင့် အနီးဆုံးမှာရှိနေတဲ့ပါးလေးကို နမ်းလိုက်တယ်။

"မွ.. စကားမများနဲ့"

ဆော့ဂျင်တကိုယ်လုံးတောင့်တင်းသွားတယ်။ သူဌေးထယ်က တကယ်ပဲဟိုဆော့ပြောသလိုများလား.. ရင်ခုန်လွန်းလို့ရူးတော့မှာပဲ။

သူ​ဌေးထယ်ကပြောမရဆိုမရပင် အနောက်ကနေဖက်ထားတာကိုလည်း မဖယ်သွားဘူး။ ဆန်ဆေးနေတာလည်း ဘယ်နှကြိမ်တောင်ဖြစ်နေပြီလဲမသိဘူး။ ဘာမှမလုပ်ရသေးဘူး ဆန်ပဲဆေးနေရတယ်။ တမင်သက်သက် အခြားဟာစားချင်လို့လုပ်နေတာများလား။

"ရပြီ အဲ့လောက်ဆေးရင်.."

တော်သေးတာပေါ့။ သူဆန်ဆေးတာပြီးသွားပြီ။

"ဖယ်တော့... ဖယ်!!"

ဆော့ဂျင်စိတ်မရှည်စွာဖြင့် တွန်းလွတ်လိုက်တယ်။

"နောက်ထပ်ဘာလုပ်အုံးမှာလဲ မြန်မြန်ပြီးအောင်ကူညီမယ်လေ"

"ထွက်သွား!! ဒီနားမှာကိုလာမရပ်နဲ့"

ဆော့ဂျင်ပုံစံကိုကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပင်။ ဒယ်ပြားကြီးကိုင်ထားပြီး အော်ဟစ်နေတာ။ အနားသွားရင်တော့ ဒယ်ပြားစာမိမှာအမှန်ပင်။

"အဲ့ဆိုလည်း မြန်မြန်လုပ်"

ထယ်ယောင်းထွက်သွားတော့မှပဲ အေးအေးဆေးဆေးအလုပ်လုပ်လို့ရတော့တယ်။ သူ့အတွက်အရံဟင်းလေး သုံးမျိုးလောက်လုပ်ပေးလိုက်တယ်။

"သူဌေးထယ်.. စားလို့ရပါပြီ"

"ဟုတ်လား.. ဘာကိုစားရမှာလဲ"

"ဘာစားချင်လို့လဲ.. ထမင်းစားရမှာပေါ​့ နေ့လည်စာပြင်ထားပြီးပြီ"

"ထိုင်လေ.."

"တယောက်တည်းစားပါ.. အလုပ်သမားကသူဌေးနဲ့အတူတူစားလို့မဖြစ်ဘူးလေ"

"လာစားဆိုစားလိုက်.. ဟင်းတွေကအများကြီး မသွန်ပစ်ချင်လို့ကျွေးတာ"

"ပြီးရောလေ.."

တယောက်စာထက်ပိုပြီးလုပ်လိုက်တာ ဆော့ဂျင်မှန်သွားပြီ။ စားရပြီလေ။ ကိုယ်ချက်ထားတာဘယ်လောက်ထိစားကောင်းလဲဆိုတာ အသိပဲလေ။

"ဘာခိုင်းစရာရှိသေးလဲ"

"မရှိတော့ဘူး ပြန်နားလိုက်တော့.. မနက်ဖြန်လည်း ဒီမှာပဲအလုပ်လာဆင်း"

"ဟုတ်.."

အခန်းဝမှာကို ဟိုဆော့က မျက်နှာကြီးပြုံးဖြီးကာ ရပ်စောင့်နေတယ်..

"ဟိတ်... သူဌေးကခေါ်ပြီးဘာလုပ်တာလဲ"

"ဟင်းချက်ပေးရတာ ပြီးတော့အိမ်တိုက်ပေးရသေးတယ် ​ညောင်းလိုက်တာ.."

"ဟုတ်လို့လား.. နောက်ထပ်ရော.."

"Yah.. ဘာကိုနောက်ထပ်လဲ အဲ့လောက်ပဲ"

"သူဌေးကအခုအနားခေါ်ထားတာဆိုတော့ အဆင့်တက်တော့မယ်ထင်တယ်"

"အဲ့လိုမဟုတ်ပါဘူးဆို..."

"ဟုတ်ပါတယ်.. ဘေးလူတွေကတောင်သိနေကြပြီ မီးဖိုဆောင်မှာမင်းအလုပ်လုပ်တုန်းကဆို နေ့တိုင်းလာကြည့်တာလေ။ အရင်ကဆိုလာတတ်တာ မဟုတ်ဘူး"

"အဲဒါက~ ဟို~ ဟို~ မင်းစိတ်~ စိတ်ထင်တာပါ"

"အံမယ်.. စကားတွေလည်းထစ်ကုန်ပြီ စိတ်အေးအေးထားပါ ရင်ခုန်သွားတာလား"

"တော်တော့ကွာ.. သူဌေးထယ်ကြားရင်အလုပ်ထုတ်ခံရမယ်"

"အပိုတွေ"

ဟိုဆော့လုပ်တာနဲ့ပဲ ဆော့ဂျင်လည်းတနေ့နေ့ရင်ခုန်ရင်း ဒီလိုအတွေးတွေပဲဝင်နေပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘာမှမတိုးတက်လာသေးပေ။

အဲ့နေ့ကလိုပဲ အိမ်ကြီးကိုသွားတယ်။ ထမင်း ဟင်းချက်ပေးတယ်။ သူတော့လာမရှုပ်တော့ဘူး။ တခါတလေတော့ လာထိုင်ကြည့်နေတတ်သေးတယ်။ သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်ပေးတယ်။ အဲ့လောက်ပါပဲ။

Part 17 [END]🍃

မနက်ဖြန်မှတင်မလို့ပါပဲ တင်ချင်လာလို့တင်လိုက်ပြီ🍃 နောက်အပတ်မှပြန်တွေ့ကြရအောင်💚

အားလူံးကို ကျေးဇူးအများကြီးတင်ပါတယ်💚 Commentsလေးတွေလည်း ရေးပေးခဲ့ပါ🍃

[Zawgyi]

ေဆာ့ဂ်င္အတြက္ မနက္စာနဲ႕ အျခားမုန့္ေတြပါယူလာၿပီး ေပးဖို႔အတြက္ အခန္းနားကိုေရာက္ေတာ့ ေဆာ့ဂ်င္ရဲ႕ရယ္သံေတြၾကားေနရတယ္။ အခန္းတံခါးကို ေသခ်ာေလးကပ္ၿပီးနားေထာင္ၾကည့္ေတာ့ သူေဌးပါရွိေနေသးတယ္ဆိုတာကို နမ္ဂြၽန္းသေဘာေပါက္သြားတယ္။အခုခ်ိန္ေလာက္ဆိုရင္ေတာ့ သူေဌးမရွိေတာ့ဘူးလို႔ထင္တာေၾကာင့္လာခဲ့တာ။ အခုေတာ့ ျပန္လွည့္ထြက္လာလိုက္တယ္။

ေဆာ့ဂ်င္နဲ႕သူေဌးနဲ႕က သာမန္ဆက္ဆံေရးမဟုတ္ဘူးလို​့ အရင္ကတည္းက ထင္ခဲ့ေပမဲ့အခုကပိုေသခ်ာသြားၿပီ။ သူေဌးလူျဖစ္တာေၾကာင့္ ခံစားခ်က္ေတြကိုေရွ႕ဆက္တိုးရင္လည္း က်န္ရစ္သူက ကိုယ္ပဲျဖစ္နိုင္တာကို နမ္ဂြၽန္းသိေနတယ္။

"ဟိုေဆာ့.. အလုပ္မသြားဘူးလား အေစာႀကီးရွိေသးတယ္"

"ငါ့ကိုအလုပ္နားေပးလိုက္တာေလ သူေဌးကမင္းတေယာက္တည္းပ်င္းေနမွာစိုးလို႔တဲ့"

"awwe~ ဒါနဲ႕မုန့္ေတြက..."

"ဟုတ္တယ္.. ဒါက ေခါင္းေဆာင္ေပးခိုင္းလိုက္တာ"

"Hyungက အေတာ္ဆုံးပဲ"

ဟိုေဆာ့က ေဆာ့ဂ်င္အနားေရာက္လာကာ ပခုံးခ်င္းဖြဖြတိုက္ကာ..

"သူေဌးက မင္းကိုႀကိဳက္ေနတာမယ့္လား"

"မဟုတ္ပါဘူး.. ဘာေတြေလွ်ာက္ေျပာေနတာလဲ"

"စဥ္းစားၾကည့္ ဘယ္သူေဌးကအလုပ္သမားတေယာက္ကို အဲ့ေလာက္ထိျပဳစုေပးမွာလဲ"

"ငါ့ကိုေသခ်ာေစာင့္ေရွာက္ေပးမယ္လို႔ ငါ့မိဘေတြကိုေျပာၿပီးေခၚလာတာဆိုေတာ့ သူေဌးမွာတာဝန္ရွိလို႔ပါ"

"ညတုန္းက သဝန္တိုေနတဲ့သူေဌးရဲ႕ပုံစံကို မင္းကိုျပခ်င္လိုက္တာ"

"မဟုတ္ေလာက္ပါဘူး"

"မင္းလည္း ပါးစပ္ပိတ္ခ်အဳံး ၿပဳံးၿပဳံးႀကီးျဖစ္ေနၿပီ"

"မဟုတ္ပါဘူး"

"ဟုတ္လို႔ မင္းလည္းသူေဌးျဖစ္သြားရင္ေတာ့ ငါ့ကိုမေမ့နဲ႕ေနာ္"

"ဟဟ ေအးပါကြာ"

🍃🍃🍃

"သူေဌးထယ္.. "

"ဝင္လာေလ အဲ့မွာပဲရပ္ေနမွာလား.. ဒီမွာလာထိုင္"

႐ုံးခန္းထဲမွာရွိတဲ့ ဆိုဖာခုံေပၚကိုၫြန္ျပၿပီး ေျပာလာကာ ေဆာ့ဂ်င္ထိုင္လိုက္ေတာ့ ေဆးေသတၱာေလးကိုယူၿပီး အနားမွာလာထိုင္တယ္။

"ဒီေန႕ ေဆးမထည့္ေသးဘူးမယ့္လား"

"အင္း.."

"ၿငိမ္ၿငိမ္ေန ငါလုပ္ေပးမယ္"

စည္းထားတဲ့ပတ္တီးကို ျဖည္ထုတ္ၿပိး ဂြမ္းတုတ္ေလးနဲ႕ေဆးထည့္ေပးကာ ညင္ညင္သာသာေလး ေလမႈတ္ေပးေနေသးတယ္။ ၿပီးေတာ့ပတ္တီးကိုလည္း ေသခ်ာေလးျပန္စည္းေပးတယ္။

ဘယ္သူကသိမွာလဲ။ သူေဌးထယ္က ကိုယ့္ကိုမုန္းေနတဲ့သူဆိုတာကို။

ေသခ်ာေလး ဂ႐ုတစိုက္လုပ္ေပးေနတဲ့ ထယ္ေယာင္းကိုၾကည့္ၿပီး အရမ္းေတြရင္ခုန္ေနမိတာ။ ဒဏ္ရာေပၚမႈတ္ေပးလိုက္တဲ့ေလေအးေအးေလးေတြ တိုက္ခတ္လာတိုင္း ရင္ထဲမွာပါ ေအးခနဲျဖစ္သြားတယ္။

ဟိုေဆာ့ေျပာသလို သူေဌးထယ္က တကယ္ပဲ ကိုယ့္ကိုသေဘာက်ေနတာလား။ ျဖစ္နိုင္ရဲ႕လားဆိုတာ မေသခ်ာေပမဲ့ ကိုယ္ကေတာ့ ရင္ခုန္ႏႈန္းေတြျမန္ေနၿပီ။

"ၿပီးၿပီ.. ဘာေတြစဥ္းစားေနတာလဲ"

"ဘာမွမဟုတ္ပါဘူး.."

"ဒဏ္ရာက အနာက်က္ေတာ့မွာပဲ.. ေနေကာင္းရင္ေတာ့ ဘယ္ေနရာမွာအလုပ္လုပ္ခ်င္တာလဲ။ ကိုယ္နဲ႕သင့္ေတာ္တာကိုပဲေ႐ြး"

"လုပ္ခ်င္ေနတဲ့ေနရာရွိတယ္။ မီးဖိုခန္းမွာလုပ္ခ်င္တယ္။"

"အင္း.. ရတယ္ေလ.. ေဒၚႀကီးကိုေျပာၿပီးစီစဥ္ေပးမယ္"

"အင္း.."

ေဆာ့ဂ်င္လုပ္မယ့္မီးဖိုေဆာင္ဆိုတာက အလုပ္သမားေတြအတြက္ ေန႕လည္စာခ်က္ေပးရတဲ့ေနရာ။ အလုပ္သမားေတြက ဒီအေဆာင္မွာပဲလာစားရတာ။ အရင္ကတည္းက အဲ့ေနရာမွာလုပ္ခ်င္ေပမဲ့ Hyungက သူေဌးလာမွေျပာဖို႔ ေျပာထားေတာ့ အခုမွေျပာရတာ။ ဒီထဲမွာကလည္း ကိုယ္လုပ္နိုင္တာက ဒါပဲရွိတယ္ထင္လို႔ေလ။

ဒီေန႕ကေတာ့ ေဆာ့ဂ်င္အတြက္ ပထမရက္ပါပဲ။ အားလုံးတာဝန္အသီးသီးခြဲၿပီး လုပ္ရတယ္။ အကုန္လုံးျပင္ဆင္ထားၿပီးရင္ အိမ္ႀကီးမွာထမင္းခ်က္ၿပီးလာတဲ့ ေဒၚႀကီးကပဲဒီမွာခ်က္တယ္။

"လူေခ်ာေလးလည္း ဒီအဖြဲ႕ထဲေရာက္သြားၿပီလား"

ထမင္းပြဲလာယူၾကတဲ့ လူတန္းႀကီးထဲက အသက္ႀကီးႀကီးဦးေလးႀကိးတေယာက္က ေမးလိုက္ျခင္းပင္။

"ဟုတ္တယ္.. ဦးေလး ကြၽန္ေတာ္ဒီမွာအဆင္ေျပတယ္"

"ေအေအ.. ေကာင္းတယ္"

ေဆာ့ဂ်င္ရဲ႕ပထမဆုံးအလုပ္ဆင္းတဲ့ေန႕ဆိုေတာ​့ ထယ္ေယာင္းလည္း အဆင္ေျပရဲ႕လားသိရဖို႔ လာၾကည့္ၾကည့္တယ္။

ေဆာ့ဂ်င္ကဒီအလုပ္ကို သေဘာက်တဲ့ပုံပါ။ ထမင္းလာယူတဲ့လူတိုင္းကို ၿပဳံးျပၿပီး ေသခ်ာေျပာဆိုႏႈတ္ဆက္ေနတာကို ေတြ႕ရတယ္။ ဒီလိုေတြ႕ရေတာ့ ကိုယ္လည္းစိတ္ေအးခ်မ္းရတယ္။

ဒါေပမဲ့ လူတိုင္းကိုအဲ့လိုမ်ိဳး ေန႕တိုင္းၿပဳံးျပေနလို႔ကေတာ့ မျဖစ္ေသးေပ။ တခ်က္ၿပဳံးလိုက္တိုင္း ေဖာင္းလာတဲ့ပါးျပင္မို႔မို႔ေလးေၾကာင့္ စိတ္မခ်ခ်င္ေပ။

ထယ္ေယာင္းၾကည့္ေနတာျမင္ေတာ့ ေဆာ့ဂ်င္ကၿပဳံးျပလိုက္တယ္။ ဘာလို႔လာၾကည့္ေနတာလဲမသိဘူး.. တကယ္ပါပဲရင္ခုန္လြန္းလို႔ အလြဲလြဲေခ်ာ္ေခ်ာ္လုပ္မိေတာ့မွာပဲ။ ဒီရက္ပိုင္းဘာျဖစ္ေနမွန္းမသိဘူး။

"သူေဌးထယ္.. ေခၚတယ္ဆို.."

"ဟိုမွာအလုပ္လုပ္တာ တလျပည့္ၿပီေနာ္ အဆင္ေျပရဲ႕လား"

"အဆင္ေျပပါတယ္.. "

"အဲ့ဆို အဲ့ေနရာမွာ ဒီေန႕ကစၿပီးမလုပ္ရေတာ့ဘူး"

"ဘာျဖစ္လို႔လဲ.."

"မင္းအရမ္းအဆင္ေျပေနတဲ့ပုံေပါက္လို႔.. အိမ္ႀကီးမွာအလုပ္လာဆင္းရမယ္.. အခု"

ေရွ႕ကေနထြက္သြားတဲ့ သူေဌးထယ္ေနာက္ကိုလိုက္သြားေတာ့ မီးဖိုခန္းကိုဦးတည္သြားေနတာ

"ငါ့အတြက္ ဟင္းခ်က္ေပးရမယ္"

"ေဒၚႀကီးကေရာ.. ပုံမွန္ဆိုေဒၚႀကီးပဲခ်က္ေပးေနတာကို.."

"ဒီေန႕ မီးဖိုခန္းကိုဘယ္သူ႕ကိုမွမလာခိုင္းထားဘူမင္းတ​ေယာက္တည္းလုပ္ရမွာ.."

"ဘာခ်က္ေပးရမွာလဲ"

"ေရခဲေသတၱာမွာၾကည့္လိုက္.. ရွိတာခ်က္.. ငါဒီကေနထိုင္ၾကည့္ေနမယ္"

ခုံမွာအခန့္သားထိုင္ကာ ေမးေထာက္ၿပီးၾကည့္ေနတယ္။ ေဆာ့ဂ်င္ဘယ္ေနရာသြားသြားကို မ်က္လူံးေဒါက္ေထာက္ၿပီး လိုက္ၾကည့္ေနတာ။

"အဲ့ေလာက္ထိ လိုက္မၾကည့္ပါနဲ႕"

"ဘာျဖစ္လို႔လဲ.."

"အာ႐ုံေနာက္လို႔ေလ.."

"ကိုယ့္ဘာသာကိုလုပ္စရာရွိတာလုပ္ေလ ငါၾကည့္ေနတာမင္းအခုထိ ဘာမွမလုပ္ရေသးဘူးေနာ္.. ဒီေန႕စားရအုံးမွာလား.."

"သူေဌးထယ္က ကြၽန္ေတာ့္ကိုလိုက္ၾကည့္ေနတာကို.."

"စကားမမ်ားနဲ႕ ငါ့ဘာသာငါေနခ်င္သလိုေနမယ္ ျမန္ျမန္ခ်က္"

ထယ္ေယာင္းက စကားေျပာေနရင္း ထိုင္ေနရာကေန ထလာကာ ေဆာ့ဂ်င္နဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနၿပီ။ ေဆာ့ဂ်င္ရဲ႕ ပါးေဖာင္းေဖာင္းေလးကိုညစ္လိုက္ေတာ့ ဆူထြက္လာတဲ့ႏႈတ္ခမ္းေလးကိုၾကည့္ရင္း..

"ထမင္းစားခ်ိန္ထိ စားစရာမရွိရင္ေတာ့ ဟက္! အျခားဟာစားမယ္.. ငါေျပာတာသိလား"

"ဖယ္ေတာ့ေလ.. အျမန္ခ်က္ရမယ္"

ထယ္ေယာင္းရဲ႕လက္ကိုျဖဳတ္ခ်လိဳက္တာ.. ကိုယ့္ဘာသာကိုေနာက္လွည့္ၿပီး ဆန္ေဆးေနတုန္း..

"ကူညီေပးမယ္ အျမန္ၿပီးေအာင္"

"မလို.."

ေဆာ့ဂ်င္စကားပင္မဆုံးေသး ထယ္ေယာင္းကေနာက္ကေန ဖက္ထားၿပီး ဆန္ေဆးေနတဲ့ေဆာ့ဂ်င္ရဲ႕လက္ေတြကို အုပ္ကိုင္ထားကာ..

"ဆန္​ေဆးတယ္ဆိုတာ ဒီလို... ဒီလို.. ေဆးရတယ္"

ဆန္ေစ့ေလးေတြကိုပြတ္ကာ ေျပာဆိုေနျခင္းပင္။ ေဆာ့ဂ်င္ရဲ႕လက္ေတြကေတာ့ ထယ္ေယာင္းရဲ႕လက္ေခ်ာင္းရွည္ေတြေအာက္မွာ ေ႐ြ႕လ်ားေနရတယ္။ ေနာက္ကေနသိုင္းဖက္ထားတာေၾကာင့္ ေမွးဖ်ားေလးကို ေဆာ့ဂ်င္ပခုံးေပၚတင္ထားတာေသးတယ္။ အရမ္းနီးကပ္ေနတာေၾကာင့္ ေဆာ့ဂ်င္အေနခက္ေနမိတယ္။

"ရတယ္.. ငါေဆးတတ္တယ္.."

"မရဘူး ပုံမက်ရင္ ထမင္းက စားမရျဖစ္အုံးမယ္"

"ဒါဆိုလည္း ကိုယ္တိုင္လုပ္ေတာ့"

"ငါလုပ္လို႔ရေပမဲ့ ေနာက္ဆိုမင္းပဲလုပ္ရမွာမလို႔ ငါမင္းကိုသင္ေပးေနတာ"

"ငါက ဟိုးအရင္ကတည္းကလုပ္လာတာ ဒါေတြကငါအတြက္လြယ္လြယ္ေလး.. ၿပီးေတာ့ထမင္းတအိုးေပါင္းတာကို ကေလးကအစလုပ္တတ္တယ္.. သင္ေပးစရာမလိုဘူး.. ေနာက္ကေနဖယ္လိုက္..."

ေရွ႕ကလူသားေလးက စကားေတြ မရပ္မနားေျပာေနေတာ့ ပါးေလးက ေဖာင္းသြားလိုက္ပိန္သြားလိုက္နဲ႕ အသည္းယားလာတာေၾကာင့္ အနီးဆုံးမွာရွိေနတဲ့ပါးေလးကို နမ္းလိုက္တယ္။

"မြ.. စကားမမ်ားနဲ႕"

ေဆာ့ဂ်င္တကိုယ္လုံးေတာင့္တင္းသြားတယ္။ သူေဌးထယ္က တကယ္ပဲဟိုေဆာ့ေျပာသလိုမ်ားလား.. ရင္ခုန္လြန္းလို႔႐ူးေတာ့မွာပဲ။

သူ​ေဌးထယ္ကေျပာမရဆိုမရပင္ အေနာက္ကေနဖက္ထားတာကိုလည္း မဖယ္သြားဘူး။ ဆန္ေဆးေနတာလည္း ဘယ္ႏွႀကိမ္ေတာင္ျဖစ္ေနၿပီလဲမသိဘူး။ ဘာမွမလုပ္ရေသးဘူး ဆန္ပဲေဆးေနရတယ္။ တမင္သက္သက္ အျခားဟာစားခ်င္လို႔လုပ္ေနတာမ်ားလား။

"ရၿပီ အဲ့ေလာက္ေဆးရင္.."

ေတာ္ေသးတာေပါ့။ သူဆန္ေဆးတာၿပီးသြားၿပီ။

"ဖယ္ေတာ့... ဖယ္!!"

ေဆာ့ဂ်င္စိတ္မရွည္စြာျဖင့္ တြန္းလြတ္လိုက္တယ္။

"ေနာက္ထပ္ဘာလုပ္အုံးမွာလဲ ျမန္ျမန္ၿပီးေအာင္ကူညီမယ္ေလ"

"ထြက္သြား!! ဒီနားမွာကိုလာမရပ္နဲ႕"

ေဆာ့ဂ်င္ပုံစံကိုၾကည့္ရတာ ေဒါသထြက္ေနတဲ့ပုံပင္။ ဒယ္ျပားႀကီးကိုင္ထားၿပီး ေအာ္ဟစ္ေနတာ။ အနားသြားရင္ေတာ့ ဒယ္ျပားစာမိမွာအမွန္ပင္။

"အဲ့ဆိုလည္း ျမန္ျမန္လုပ္"

ထယ္ေယာင္းထြက္သြားေတာ့မွပဲ ေအးေအးေဆးေဆးအလုပ္လုပ္လို႔ရေတာ့တယ္။ သူ႕အတြက္အရံဟင္းေလး သုံးမ်ိဳးေလာက္လုပ္ေပးလိုက္တယ္။

"သူေဌးထယ္.. စားလို႔ရပါၿပီ"

"ဟုတ္လား.. ဘာကိုစားရမွာလဲ"

"ဘာစားခ်င္လို႔လဲ.. ထမင္းစားရမွာေပါ​့ ေန႕လည္စာျပင္ထားၿပီးၿပီ"

"ထိုင္ေလ.."

"တေယာက္တည္းစားပါ.. အလုပ္သမားကသူေဌးနဲ႕အတူတူစားလို႔မျဖစ္ဘူးေလ"

"လာစားဆိုစားလိုက္.. ဟင္းေတြကအမ်ားႀကီး မသြန္ပစ္ခ်င္လို႔ေကြၽးတာ"

"ၿပီးေရာေလ.."

တေယာက္စာထက္ပိုၿပီးလုပ္လိုက္တာ ေဆာ့ဂ်င္မွန္သြားၿပီ။ စားရၿပီေလ။ ကိုယ္ခ်က္ထားတာဘယ္ေလာက္ထိစားေကာင္းလဲဆိုတာ အသိပဲေလ။

"ဘာခိုင္းစရာရွိေသးလဲ"

"မရွိေတာ့ဘူး ျပန္နားလိုက္ေတာ့.. မနက္ျဖန္လည္း ဒီမွာပဲအလုပ္လာဆင္း"

"ဟုတ္.."

အခန္းဝမွာကို ဟိုေဆာ့က မ်က္ႏွာႀကီးၿပဳံးၿဖီးကာ ရပ္ေစာင့္ေနတယ္..

"ဟိတ္... သူေဌးကေခၚၿပီးဘာလုပ္တာလဲ"

"ဟင္းခ်က္ေပးရတာ ၿပီးေတာ့အိမ္တိုက္ေပးရေသးတယ္ ​ေညာင္းလိုက္တာ.."

"ဟုတ္လို႔လား.. ေနာက္ထပ္ေရာ.."

"Yah.. ဘာကိုေနာက္ထပ္လဲ အဲ့ေလာက္ပဲ"

"သူေဌးကအခုအနားေခၚထားတာဆိုေတာ့ အဆင့္တက္ေတာ့မယ္ထင္တယ္"

"အဲ့လိုမဟုတ္ပါဘူးဆို..."

"ဟုတ္ပါတယ္.. ေဘးလူေတြကေတာင္သိေနၾကၿပီ မီးဖိုေဆာင္မွာမင္းအလုပ္လုပ္တုန္းကဆို ေန႕တိုင္းလာၾကည့္တာေလ။ အရင္ကဆိုလာတတ္တာ မဟုတ္ဘူး"

"အဲဒါက~ ဟို~ ဟို~ မင္းစိတ္~ စိတ္ထင္တာပါ"

"အံမယ္.. စကားေတြလည္းထစ္ကုန္ၿပီ စိတ္ေအးေအးထားပါ ရင္ခုန္သြားတာလား"

"ေတာ္ေတာ့ကြာ.. သူေဌးထယ္ၾကားရင္အလုပ္ထုတ္ခံရမယ္"

"အပိုေတြ"

ဟိုေဆာ့လုပ္တာနဲ႕ပဲ ေဆာ့ဂ်င္လည္းတေန႕ေန႕ရင္ခုန္ရင္း ဒီလိုအေတြးေတြပဲဝင္ေနေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ ဘာမွမတိုးတက္လာေသးေပ။

အဲ့ေန႕ကလိုပဲ အိမ္ႀကီးကိုသြားတယ္။ ထမင္း ဟင္းခ်က္ေပးတယ္။ သူေတာ့လာမရႈပ္ေတာ့ဘူး။ တခါတေလေတာ့ လာထိုင္ၾကည့္ေနတတ္ေသးတယ္။ သန့္ရွင္းေရး နည္းနည္းပါးပါးလုပ္ေပးတယ္။ အဲ့ေလာက္ပါပဲ။

Part 17 [END]🍃

မနက္ျဖန္မွတင္မလို႔ပါပဲ တင္ခ်င္လာလို႔တင္လိုက္ၿပီ🍃 ေနာက္အပတ္မွျပန္ေတြ႕ၾကရေအာင္💚

အားလူံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္💚Commentsေလးေတြလည္း ေရးေပးခဲ့ပါ🍃

There are no comments yet. Log in to be the first to leave a review!

Similar stories