Fanfics

16🍃

19:21, 13 April 2023

[Unicode]

ချုပ်အပ်ကိုအသားထဲစိုက်ထည့်ပြီး ကြိုးနဲ့ဆွဲပြီး ချုပ်နေတာကို ခံစားလို့ရနေပြီး အရမ်းနာတယ်။ အပ်ကိုတဖက်စီလျိုပြီးရင် စေ့သွားအောင်ကြိုးကိုဆွဲချည်လိုက်တော့ ဆော့ဂျင်ပိုပြီးနာကျင်သွားကာ.. မထင်မှတ်ဘဲတခုခုကိုကိုက်လိုက်မိတယ်။

ဒါဟာသူ့ကိုရင်ခွင်ထဲထည့်ထားပေးတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခပ်ထွားထွားရင်အုံလို့ထင်လိုက်တာပဲ။ တကယ်တော့ထင်တောင်မထင်လိုက်ရဘူး.. ထယ်ယောင်းဆီက အော်သံကိုကြားလိုက်ရတာ..

"အား!!"

ဆော့ဂျင်ကိုဖက်ပေးထားရတာကို ထယ်ယောင်းတော်တော်သဘောတွေ့နေပေမဲ့ ရုတ်တရက်ကိုက်ချလိုက်တာကြောင့် နာကျင်သွားတာကြောင့်အော်လိုက်မိတယ်။

ဒေါက်တာယွန်ဂီကတော့ ထယ်ယောင်းကိုကြည့်လိုက်ပါတယ်။ ငင့်... ချုပ်ခံနေရတာကတယောက် အော်တာကတယောက်ဆိုတဲ့အကြည့်ပင်။

ထယ်ယောင်းအော်လိုက်တော့ ဆော့ဂျင်ကသတိဝင်လာပြီးပြန်လွတ်လိုက်တာမို့ တော်သေးတာပေါ့။

သုံးချက်ပဲချုပ်တာဆိုတော့ အများကြီးတော့ မကြာလိုက်ဘူး။ ဒေါက်တာက အနားရင်းပြီး ဖျားမှာစိုးလို့သောက်ဆေးလည်း ပေးလိုက်သေးတယ်။

"ကင်မ်ဆော့ဂျင်.. မင်းဘာလုပ်ထားလဲသိတယ်နော်"

"ငါ.. ငါကဘာလုပ်လို့လဲ"

"မင်း!.. မင်း.. ခုနက"

"...."

"အေး.. မသိချင်ယောင်ဆောင်နေလိုက်.. ငါပြန်ကိုက်မှမအော်နဲ့"

"......"ဆော့ဂျင်မနေနိုင်စွာ ရယ်သံဖွဖွလေးနဲ့အတူ ကြိတ်ရယ်မိတော့မယ်။

"ဆော့ဂျင်.. ဘယ်နှချက်ချုပ်လိုက်ရတာလဲ.. အများကြီးနာနေတော့မှာပဲ"

အခန်းဝမှာပဲရှိသေးတယ် ဟိုဆော့က ပတ်တီးစည်းထားတဲ့ ဆော့ဂျင်လက်ကလေးကို ဖွဖွလေးထိကြည့်ကာ.. သည်းသည်းလှုပ်လှုပ်နေပြန်တယ်။

"ဘာမှမဖြစ်တော့ပါဘူး သုံးချက်ချုပ်လိုက်ရတယ်"

"ဘာ.. သုံးချက်တောင်!!"

"အင်း.."

"မကြောက်ဘူးလား.. ငါဆိုဆေးခန်းမှာပတ်ပြေးနေမယ်ထင်တယ်"

"ငါကအဲ့လောက်မကြောက်တတ်ပါဘူး.. ဟဟ"

သူ့ထက်ပိုကြောက်ပြနေတဲ့ဟိုဆော့ကိုကြည့်ကာ ဆော့ဂျင်ရယ်မိတော့တယ်။

🍃🍃🍃

"သူဌေး. ခေါ်တယ်ဆို.."

"ဟုတ်တယ် ခေါင်းဆောင်ကင်မ် ... မေးစရာလေးရှိလို့ပါ"

"ဟုတ်ကဲ့ပါ"

"ကင်မ်ဆော့ဂျင်ကို ဘယ်နေရာမှာအလုပ်လုပ်ခိုင်းတာလဲ"

"အလုပ်အတည်တကျ မရှိသေးတော့ ဟိုနည်းနည်း ဒီနည်းနည်းကူညီခိုင်းတာလောက်ပါပဲ့"

"အင်း.. ဒါဆိုလည်းမနက်ဖြန်မှ သူ့ကိုခေါ်ပြီးအလုပ်တခုစီစဥ်ပေးရမယ်"

"ဟို.. ဒါနဲ့.. ဆော့ဂျင်ကလက်ထိသွားတာအရမ်းများသွားလား"

"ဟုတ်တယ်.. ၃ချက်ချုပ်လိုက်ရတာ.. နောက်တခါတော့ဒီလိုအလုပ်မျိုး ထပ်ခိုင်းလို့မဖြစ်တော့ဘူးနော် ခေါင်းဆောင်ကင်မ်"

"ဟုတ်ကဲ့ပါ.. သူဌေး"

သူဌေးနဲ့တွေ့ပြီး ဆော့ဂျင်ကိုစိတ်ပူနေသေးတာကြောင့် ဆော့ဂျင်ရဲ့အဆောင်ဘက်ကို လာလိုက်ပြီး ဘာမှစဥ်းစားမနေဘဲ အခန်းတံခါးကိုခေါက်လိုက်မိတယ်။

"ဒေါက်.. ဒေါက်.."

"အော်~ ခေါင်းဆောင်"

"ကင်မ်ဆော့ဂျင်ကရော.."

"သူအိပ်ပျော်နေပြီ နိုးပေးရမလား"

"ရပါတယ်.. သူ့လက်သက်သာရဲ့လားသိချင်လို့ပါ"

"သက်သာတယ်ထင်တာပဲ ခုနကမုန့်တွေအများကြီးစားပြိးအိပ်သွားတာ"

"အဲ့ဆိုလည်း သွားတော့မယ်နော်.. သူ့ကိုဂရုစိုက်ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ.. ကျွန်တော် ဂျောင်ဟိုဆော့ကိုယုံလိုက်ပါ"

ခေါင်းတညိမ့်ညိမ့်နဲ့ထွက်သွားတဲ့ ခေါင်းဆောင်ကင်မ်နမ်ဂျွန်းရဲ့ကျောပြင်ကို ကြည့်ရင်း ဟိုဆော့ပြုံးမိပြန်တယ်။

ဟိုဆော့လည်း အိပ်တော့မယ်ဆိုတော့ သွားတိုက် ခြေလက်ဆေးပြီး အခန်းဆီပြန်လာတော့ ကင်မ်ဆော့ဂျင်ဆီက တအင့်အင့်နဲ့ငြီးသံလေးလို ကြားနေရတယ်။

ဟိုဆော့ စိတ်ပူစွာပင် ဆော့ဂျင်ကိုယ်လေးကိုစမ်းကြည့်တော့ ပူကျစ်နေတာပင်။ ဆေးခန်းကပေးလိုက်တဲ့ဆေးကို မသောက်ပဲအိပ်နေတဲ့ပုံပင်။ စားပွဲပေါ်ကဆေးကဒ်မှာလည်း ဆေးအပြည့်ပင်။

ဆော့ဂျင်ကိုယ်လေးကို လှုပ်နိူးနေပေမဲ့လုံးဝမနိုးလာတာကြောင့် ကိူယ်အပူကျသွားအောင် ရေပတ်တိုက်ပေးဖို့ပြင်ဆင်ရတယ်။ ရေဇလုံနဲ့ရေအပြည့်ခပ်ပြီး အဝတ်ပိုင်းသန့်သန့်လေးကိုထုတ်ထားလိုက်တယ်။

ဟိုဆော့တယောက် ဆော့ဂျင်ရဲ့စောင်ကိုအရင်ဖယ်လိုက်ပြီး ကြယ်သီးလေးတွေကို တလုံးချင်းစီဖြုတ်နေပေးနေတယ်။ ဆော့ဂျင်ရဲ့ရင်ဘတ်လေးက ဖွေးဥနေတာပဲ။

ထိုစဥ် ဒုန်း'ခနဲ ထိုစဥ်ပွင့်ထွက်လာတဲ့တံခါးနဲ့အတူ ဟိုဆော့ရဲ့အင်္ကျီကော်လံစက တင်းကျပ်သွားခဲ့တယ်။

"သူ~ သူဌေး~.. "

သူဌေးက ဟိုဆော့ရဲ့အင်္ကျီကော်လံကိုဆုပ်ကိုင်ကာ လက်သီးနဲ့ပါရွယ်ထားတာကြောင့် ဟိုဆော့စကားတွေပါထစ်ကုန်တယ်

"မင်း.. ဘာလုပ်တာလဲ"

"ဟို.. ဆော့ဂျင်ကိုယ်~ ကိုယ်တွေအရမ်းပူနေလို့~ ရေပတ်တိုက်ပေးမလို့ပါ"

"အော်"

သူဌေးရဲ့လက်တွေ ပြန်ပြေလျော့သွားတယ်။

"မင်း သွားတော့... ငါလုပ်ပေးလိုက်မယ်"

"ဗျာ.. ဒါကျွန်တော့်အခန်းလေ"

"အိမ်ကြီးက ခေါင်း​ဆောင်အခန်းကိုသွားလိုက်"

"ဟုတ်~"

ဒီလိုကျတော့ နှစ်ခါပြောစရာမလို။ ဟိုဆော့တို့များ.. ဖင်တကော့ကော့နဲ့ချက်ချင်းထွက်သွားတော့တယ်။

အင်းပေါ့လေ။ ဒီခြံထဲမှာတော့ ခေါင်းဆောင်ကင်မ်ကမင်းသားပဲ။ လူတိုင်းကသူ့အနားပဲကပ်ချင်နေကြတာ။ ကပ်ချင်လို့တော့မဖြစ်ပေ။

ဆော့ဂျင်ဆေးမသောက်ဘဲနေမှာစိုးလို့ သတိပေးဖို့လာလိုက်တာ.. ဟိုဆော့တို့အခန်းတံခါးကိုခေါက်ဖို့အတွက် တံခါးကိုလက်နဲ့ထိရုံရှိသေး တံခါးကမပိတ်ထားတော့ အထဲကိုကြည့်လိုက်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် တံခါးကိုကြမ်းတမ်းစွာဆောင့်ဖွင့်ပြီး ဟိုဆော့ကိုပါ ထိုးကြိတ်မိတော့မလို့..

တကယ်ပါပဲ။ ထိုလူသားနဲ့ပတ်သက်ရင်ကို စိတ်တွေက မထိန်းချုပ်နိုင်လောက်အောင်ပဲ။ ထင်သလိုမဟုတ်လို့စိတ်အေးရပေမဲ့ ဆော့ဂျင်နေမကောင်းတာတော့ စိတ်မကောင်းပေ။

ရပါတယ်လေ.. အခုတော့ ဆော့ဂျင်ကိုပြုစုပေးပြီး သူ့အနားမှာအိပ်လို့ရတာပေါ့။

ပထမဦးဆုံးအနေနဲ့ အခန်းတံခါးကိုအရင်သေချာပိတ်ရသေးတယ်။

ရင်ဘတ်ပြင်ဘက်ကို အရင်ရေပတ်တိုက်ပေးပြီး ဆော့ဂျင်ကို ထယ်ယောင်းပခုံးထက်မှီစေကာ ပေးထိုင်လိုက်ပြီး ကျောပြင်ကိုရေပတ်တိုက်ပေးလိုက်တယ်။ ပြီးမှ အင်္ကျီပြန်ပေးဝတ်လိုက်တယ်။

ဆော့ဂျင်ကတော့ သူလုပ်ပေးသမျှ အလိုက်အသင့်လေးငြိမ်ခံနေပေမဲ့ မျက်လုံးကမပွင့်လာဘူး။ အခုတော့အပေါ်ပိုင်းတော့ပြီးပြီ။ အောက်ပိုင်းကိုဘယ်လိုလုပ်ရမှာလဲ ဘောင်းဘီချွတ်ရမှာလား။

ထယ်ယောင်းကတော့ မချွတ်ရဲသေးပေ။ တော်ကြာ ရေပတ်တိုက်တာမဟုတ်ဘဲ အခြားတခုခုဖြစ်သွားမှ နေမကောင်းတဲ့သူကိုအခွင့်အရေးယူပါတယ်ဆိုပြီး ဖြစ်အုံးမယ်။

ဒါကြောင့် ဘောင်းဘီကိုဆွဲတင်ပြီး ​ခြေသလုံးလေးတွေ ခြေဖဝါးလေးတွေကိုပဲ ရေပတ်တိုက်ပေးလိုက်တယ်။

"ဆော့ဂျင်.. ဆေးသောက်လိုက်.. အာ..."

ဆေးကိုပါးစပ်ထဲထည့်ပေးပြီး ရေပါပေးသောက်လိုက်တယ်။ ဆော့ဂျင်က သူ့ကိုဘယ်သူလဲဆိုတာရော သိရဲ့လားမသိ။ မျက်လုံးတော့မဖွင့်ပေမဲ့ ဆေးသောက်တဲ့အချိန်တော့ ရုပ်ကလေးရှုံသွားသေးတယ်။

ဆော့ဂျင်ရဲ့နဖူးပေါ် ရေစိုအဝတ်လေးတင်ထားပေးလိုက်တယ်။အခန်းရဲ့ပုံစံကြည့်ရတာလည်း နွေးထွေးမယ့်ပုံလည်းမပေါ်ပေ။ ဒါကြောင့်ဆော့ဂျင်ကိုရင်ခွင်ထဲ ပွေ့ထည့်လိုက်တော့ ဆူထွက်လာတဲ့နှုတ်ခမ်းလေးကို တွေဝေခြင်းမရှိနမ်းရှိုက်လိုက်မိတယ်။

နှုတ်ခမ်းလေးက နွေးနွေးလေးဖြစ်နေတာကြောင့် အရင်နဲ့မတူဘဲ တမျိုးလေးနမ်းလို့ကောင်းနေပြန်ပြီ။ အကြာကြီးတော့မနမ်းလိုက်ပါဘူး။ နေမကောင်းတဲ့သူကိုအခွင့်အရေးယူတယ်ဖြစ်အုံးမယ်။

ဒီဘက်ကိုလာကြည့်လိုက်တာ မှန်သွားတယ်။ ကိုယ့်နေရာမှာ ဟိုဆော့သာဆိုရင်.. ဆိုပြီး တွေးမိလိုက်ရင်ကို ထိုလူသားကိုအရမ်းနှမ​ျောနေမိတာ။ ဘယ်သူ့လက်ထဲကိုမှအပါမခံနိုင်။

ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးအား တဖွဖွနမ်းရင်း တင်းကျပ်စွာဖက်ထားပြီးအိပ်လိုက်တော့တယ်။

🍃🍃🍃

ဒီကိုယ်သင်းရနံ့လေးက တော်တော်လေးကို ရင်းနှီးနေတာ.. ထယ်ယောင်း ထယ်ယောင်းများလား.. ဒိအခန်းထဲကို ထယ်ယောင်းကဘယ်လိုလုပ်ရောက်နေနိုင်တာလဲ ဒါအိပ်မက်များလား....

ပြီးတော​့ ထယ်ယောင်းကအရမ်းချောနေတယ်။ မျက်တောင်စိပ်စိပ်လေးတွေက စင်းကျနေပြီး နှာတံမြင့်မြင့်ရဲ့ထိပ်နားလေးမှာ မှဲ့လေးတလူံးက ဆွဲဆောင်မှုတွေပိုနေသလိုပင်။

ဆော့ဂျင်ရဲ့လက်ချောင်းလေးတွေက ထယ်ယောင်းရဲ့မျက်နှာဆီကို တဖြည်းဖြည်းနဲ့နီးကပ်လာနေတယ်။ ဒါပေမဲ့မရောက်ခင်မှာ ထိုလက်တွေက ဖမ်းဆုပ်ခြင်းခံရလိုက်ရတယ်။

"ဘာလုပ်မလို့လဲ..."

အဲ့ဒါမှ အိပ်မက်မဟုတ်မှန်းသိတော့တယ်။

"ဟို~ ဟို~"

ဆော့ဂျင်က တဟိုဟိုလုပ်နေတုန်း ထယ်ယောင်းဆုပ်ကိုင်ထားတဲ့ ဆော့ဂျင်ရဲ့လက်ဖမိုးလေးကို ဖိကပ်နမ်းလိုက်တယ်။

"ဟမ်.. ဖြေလေ.."

"ငါ.. ငါက.."

အထစ်အထစ်လုပ်နေတဲ့ ဆော့ဂျင်ရဲ့ခေါင်းလုံးလုံးလေးကို ဆွဲယူကာ နဖူးလေးကိုထပ်နမ်းလိုက်တယ်။

"ထယ်ယောင်း!! အခွင့်အရေးယူတာများနေပြီ"

"ဟုတ်လား.. ဒါဆိုအခွင့်အရေးထပ်ယူမယ်နော်.."

ဆော့ဂျင်ရဲ့ခါးလေးအားဖက်ထားတာ မျက်နှာပြင်အနှံ့ကို တရှုံရှုံနဲ့ ဖွဖွလေး လိုက်နမ်းနေပြန်ပြီ။

"မလုပ်နဲ့... ခ်ခ်ခ်"

မလုပ်နဲ့လို့ပြောနေပေမဲ့ ဆော့ဂျင်က တခစ်ခစ်နဲ့ရယ်နေခဲ့တာ။ ထယ်ယောင်းပါရယ်နေမိတယ်။ တယောက်ယောက်သာမြင်ရင်တော့ မနက်ခင်းကျီစယ်နေတဲ့ ကြင်စဦးလင်လင်တွေလို့ ထင်ကြမှာပဲ။

"သေချာရယ်နိုင်ပြီပဲ.. နေကောင်းသွားပြီလား"

ဆော့ဂျင်နဖူးလေးအား လက်ကလေးနဲ့စမ်းကြည့်တဲ့အခါ နှစ်ယောက်သားမျက်လုံးချင်းဆုံမိကြတော့ ဆော့ဂျင်က အပြုံးတွေရပ်သွားကာ ချက်ချင်းရုပ်တည်သွားတယ်။

ထယ်ယောင်းလက်ကိုလည်း နဖူးပေါ်ကဖယ်ချလိုက်တယ်။

"ကောင်းနေပြီ.. အခန်းထဲကထွက်သွားတော​့..."

"သွားမှာပါ... ငါလည်းအမြန်ဆုံးထွက်သွားနေပြီ သေသွားရင်အမှုပတ်မှာစိုးလို့ ဂရုစိုက်ပေးနေတာ"

"ဟိုဆော့ကရော ဘယ်မှာလဲ"

"သူ ညကတည်းကမရှိတာ"

"ဒါဆို ညက.."

"ဟုတ်တယ် ငါတို့နှစ်ယောက်တည်းဖက်အိပ်ကြတာ"

ဒီစကားကို ထယ်ယောင်းကအခန်းပြင်ကနေအော်ပြောသွားတာ။ အဆောင်ကအခြားအလုပ်သမားတွေပါ ရှိနေရင် ကြားသွားမှာတော့အသေအချာပင်။

ထယ်ယောင်းက ဘာမှမဟုတ်သလိုပြောသွားပေမဲ့ ဆော့ဂျင်ကတော့ ရှက်နေသလိုပင်။ သူဌေးက ဒီလိုအလုပ်သမားရဲ့အခန်းမှာလာအိပ်တာကို အခြားသူတွေက ဘယ်လိုတွေအတင်းပြောကြအုံးမလဲမသိ။ အခုကအလုပ်ချိန်ဆိုတော့ ဘယ်သူ့မှမရှိဖို့ပဲ မျှော်လင့်မိတယ်။

Part 16 [END]🍃

Updateကိုမြန်ပေးချင်ပေမဲ့ စာရေးတာက ကိုယ်ကျွမ်းကျင်ရာမဟုတ်တော့ အခန်းတခုကို ကိုယ်လိုချင်တဲ့ပုံစံမြင်သာအောင် တော်တော်လေးရေးယူနေတဲ့သူပါ။🍃

ဘာပဲဖြစ်ဖြစ် ဒီFicကိုတော့ အဆုံးထိပုံမှန်အတိုင်းUpသွားပါ့မယ်နော်🍃💚

Voteပေးတဲ့သူတွေအားလုံးကို ​ကျေးဇူးတင်ပါတယ်။ Commentပေးတဲ့သူတွေကြောင့် အများကြီးအားတက်ရပါတယ်။ ကျေးဇူးပါ💚

[Zawgyi]

ခ်ဳပ္အပ္ကိုအသားထဲစိုက္ထည့္ၿပီး ႀကိဳးနဲ႕ဆြဲၿပီး ခ်ဳပ္ေနတာကို ခံစားလို႔ရေနၿပီး အရမ္းနာတယ္။ အပ္ကိုတဖက္စီလ်ိဳၿပီးရင္ ေစ့သြားေအာင္ႀကိဳးကိုဆြဲခ်ည္လိုက္ေတာ့ ေဆာ့ဂ်င္ပိုၿပီးနာက်င္သြားကာ.. မထင္မွတ္ဘဲတခုခုကိုကိုက္လိုက္မိတယ္။

ဒါဟာသူ႕ကိုရင္ခြင္ထဲထည့္ထားေပးတဲ့ ကင္မ္ထယ္ေယာင္းရဲ႕ ခပ္ထြားထြားရင္အုံလို႔ထင္လိုက္တာပဲ။ တကယ္ေတာ့ထင္ေတာင္မထင္လိုက္ရဘူး.. ထယ္ေယာင္းဆီက ေအာ္သံကိုၾကားလိုက္ရတာ..

"အား!!"

ေဆာ့ဂ်င္ကိုဖက္ေပးထားရတာကို ထယ္ေယာင္းေတာ္ေတာ္သေဘာေတြ႕ေနေပမဲ့ ႐ုတ္တရက္ကိုက္ခ်လိဳက္တာေၾကာင့္ နာက်င္သြားတာေၾကာင့္ေအာ္လိုက္မိတယ္။

ေဒါက္တာယြန္ဂီကေတာ့ ထယ္ေယာင္းကိုၾကည့္လိုက္ပါတယ္။ ငင့္... ခ်ဳပ္ခံေနရတာကတေယာက္ ေအာ္တာကတေယာက္ဆိုတဲ့အၾကည့္ပင္။

ထယ္ေယာင္းေအာ္လိုက္ေတာ့ ေဆာ့ဂ်င္ကသတိဝင္လာၿပီးျပန္လြတ္လိုက္တာမို႔ ေတာ္ေသးတာေပါ့။

သုံးခ်က္ပဲခ်ဳပ္တာဆိုေတာ့ အမ်ားႀကီးေတာ့ မၾကာလိုက္ဘူး။ ေဒါက္တာက အနားရင္းၿပီး ဖ်ားမွာစိုးလို႔ေသာက္ေဆးလည္း ေပးလိုက္ေသးတယ္။

"ကင္မ္ေဆာ့ဂ်င္.. မင္းဘာလုပ္ထားလဲသိတယ္ေနာ္"

"ငါ.. ငါကဘာလုပ္လို႔လဲ"

"မင္း!.. မင္း.. ခုနက"

"...."

"ေအး.. မသိခ်င္ေယာင္ေဆာင္ေနလိုက္.. ငါျပန္ကိုက္မွမေအာ္နဲ႕"

"......"ေဆာ့ဂ်င္မေနနိုင္စြာ ရယ္သံဖြဖြေလးနဲ႕အတူ ႀကိတ္ရယ္မိေတာ့မယ္။

"ေဆာ့ဂ်င္.. ဘယ္ႏွခ်က္ခ်ဳပ္လိုက္ရတာလဲ.. အမ်ားႀကီးနာေနေတာ့မွာပဲ"

အခန္းဝမွာပဲရွိေသးတယ္ ဟိုေဆာ့က ပတ္တီးစည္းထားတဲ့ ေဆာ့ဂ်င္လက္ကေလးကို ဖြဖြေလးထိၾကည့္ကာ.. သည္းသည္းလႈပ္လႈပ္ေနျပန္တယ္။

"ဘာမွမျဖစ္ေတာ့ပါဘူး သုံးခ်က္ခ်ဳပ္လိုက္ရတယ္"

"ဘာ.. သုံးခ်က္ေတာင္!!"

"အင္း.."

"မေၾကာက္ဘူးလား.. ငါဆိုေဆးခန္းမွာပတ္ေျပးေနမယ္ထင္တယ္"

"ငါကအဲ့ေလာက္မေၾကာက္တတ္ပါဘူး.. ဟဟ"

သူ႕ထက္ပိုေၾကာက္ျပေနတဲ့ဟိုေဆာ့ကိုၾကည့္ကာ ေဆာ့ဂ်င္ရယ္မိေတာ့တယ္။

🍃🍃🍃

"သူေဌး. ေခၚတယ္ဆို.."

"ဟုတ္တယ္ ေခါင္းေဆာင္ကင္မ္ ... ေမးစရာေလးရွိလို႔ပါ"

"ဟုတ္ကဲ့ပါ"

"ကင္မ္ေဆာ့ဂ်င္ကို ဘယ္ေနရာမွာအလုပ္လုပ္ခိုင္းတာလဲ"

"အလုပ္အတည္တက် မရွိေသးေတာ့ ဟိုနည္းနည္း ဒီနည္းနည္းကူညီခိုင္းတာေလာက္ပါပဲ့"

"အင္း.. ဒါဆိုလည္းမနက္ျဖန္မွ သူ႕ကိုေခၚၿပီးအလုပ္တခုစီစဥ္ေပးရမယ္"

"ဟို.. ဒါနဲ႕.. ေဆာ့ဂ်င္ကလက္ထိသြားတာအရမ္းမ်ားသြားလား"

"ဟုတ္တယ္.. ၃ခ်က္ခ်ဳပ္လိုက္ရတာ.. ေနာက္တခါေတာ့ဒီလိုအလုပ္မ်ိဳး ထပ္ခိုင္းလို႔မျဖစ္ေတာ့ဘူးေနာ္ ေခါင္းေဆာင္ကင္မ္"

"ဟုတ္ကဲ့ပါ.. သူေဌး"

သူေဌးနဲ႕ေတြ႕ၿပီး ေဆာ့ဂ်င္ကိုစိတ္ပူေနေသးတာေၾကာင့္ ေဆာ့ဂ်င္ရဲ႕အေဆာင္ဘက္ကို လာလိုက္ၿပီး ဘာမွစဥ္းစားမေနဘဲ အခန္းတံခါးကိုေခါက္လိုက္မိတယ္။

"ေဒါက္.. ေဒါက္.."

"ေအာ္~ ေခါင္းေဆာင္"

"ကင္မ္ေဆာ့ဂ်င္ကေရာ.."

"သူအိပ္ေပ်ာ္ေနၿပီ နိုးေပးရမလား"

"ရပါတယ္.. သူ႕လက္သက္သာရဲ႕လားသိခ်င္လို႔ပါ"

"သက္သာတယ္ထင္တာပဲ ခုနကမုန့္ေတြအမ်ားႀကီးစားၿပိးအိပ္သြားတာ"

"အဲ့ဆိုလည္း သြားေတာ့မယ္ေနာ္.. သူ႕ကိုဂ႐ုစိုက္ေပးလိုက္ပါ"

"ဟုတ္ကဲ့ပါ.. ကြၽန္ေတာ္ ေဂ်ာင္ဟိုေဆာ့ကိုယုံလိုက္ပါ"

ေခါင္းတညိမ့္ညိမ့္နဲ႕ထြက္သြားတဲ့ ေခါင္းေဆာင္ကင္မ္နမ္ဂြၽန္းရဲ႕ေက်ာျပင္ကို ၾကည့္ရင္း ဟိုေဆာ့ၿပဳံးမိျပန္တယ္။

ဟိုေဆာ့လည္း အိပ္ေတာ့မယ္ဆိုေတာ့ သြားတိုက္ ေျခလက္ေဆးၿပီး အခန္းဆီျပန္လာေတာ့ ကင္မ္ေဆာ့ဂ်င္ဆီက တအင့္အင့္နဲ႕ၿငီးသံေလးလို ၾကားေနရတယ္။

ဟိုေဆာ့ စိတ္ပူစြာပင္ ေဆာ့ဂ်င္ကိုယ္ေလးကိုစမ္းၾကည့္ေတာ့ ပူက်စ္ေနတာပင္။ ေဆးခန္းကေပးလိုက္တဲ့ေဆးကို မေသာက္ပဲအိပ္ေနတဲ့ပုံပင္။ စားပြဲေပၚကေဆးကဒ္မွာလည္း ေဆးအျပည့္ပင္။

ေဆာ့ဂ်င္ကိုယ္ေလးကို လႈပ္နိူးေနေပမဲ့လုံးဝမနိုးလာတာေၾကာင့္ ကိူယ္အပူက်သြားေအာင္ ေရပတ္တိုက္ေပးဖို႔ျပင္ဆင္ရတယ္။ ေရဇလုံနဲ႕ေရအျပည့္ခပ္ၿပီး အဝတ္ပိုင္းသန့္သန့္ေလးကိုထုတ္ထားလိုက္တယ္။

ဟိုေဆာ့တေယာက္ ေဆာ့ဂ်င္ရဲ႕ေစာင္ကိုအရင္ဖယ္လိုက္ၿပီး ၾကယ္သီးေလးေတြကို တလုံးခ်င္းစီျဖဳတ္ေနေပးေနတယ္။ ေဆာ့ဂ်င္ရဲ႕ရင္ဘတ္ေလးက ေဖြးဥေနတာပဲ။

ထိုစဥ္ ဒုန္း'ခနဲ ထိုစဥ္ပြင့္ထြက္လာတဲ့တံခါးနဲ႕အတူ ဟိုေဆာ့ရဲ႕အကၤ်ီေကာ္လံစက တင္းက်ပ္သြားခဲ့တယ္။

"သူ~ သူေဌး~.. "

သူေဌးက ဟိုေဆာ့ရဲ႕အကၤ်ီေကာ္လံကိုဆုပ္ကိုင္ကာ လက္သီးနဲ႕ပါ႐ြယ္ထားတာေၾကာင့္ ဟိုေဆာ့စကားေတြပါထစ္ကုန္တယ္

"မင္း.. ဘာလုပ္တာလဲ"

"ဟို.. ေဆာ့ဂ်င္ကိုယ္~ ကိုယ္ေတြအရမ္းပူေနလို႔~ ေရပတ္တိုက္ေပးမလို႔ပါ"

"ေအာ္"

သူေဌးရဲ႕လက္ေတြ ျပန္ေျပေလ်ာ့သြားတယ္။

"မင္း သြားေတာ့... ငါလုပ္ေပးလိုက္မယ္"

"ဗ်ာ.. ဒါကြၽန္ေတာ့္အခန္းေလ"

"အိမ္ႀကီးက ေခါင္း​ေဆာင္အခန္းကိုသြားလိုက္"

"ဟုတ္~"

ဒီလိုက်ေတာ့ ႏွစ္ခါေျပာစရာမလို။ ဟိုေဆာ့တို႔မ်ား.. ဖင္တေကာ့ေကာ့နဲ႕ခ်က္ခ်င္းထြက္သြားေတာ့တယ္။

အင္းေပါ့ေလ။ ဒီၿခံထဲမွာေတာ့ ေခါင္းေဆာင္ကင္မ္ကမင္းသားပဲ။ လူတိုင္းကသူ႕အနားပဲကပ္ခ်င္ေနၾကတာ။ ကပ္ခ်င္လို႔ေတာ့မျဖစ္ေပ။

ေဆာ့ဂ်င္ေဆးမေသာက္ဘဲေနမွာစိုးလို႔ သတိေပးဖို႔လာလိုက္တာ.. ဟိုေဆာ့တို႔အခန္းတံခါးကိုေခါက္ဖို႔အတြက္ တံခါးကိုလက္နဲ႕ထိ႐ုံရွိေသး တံခါးကမပိတ္ထားေတာ့ အထဲကိုၾကည့္လိုက္ေတာ့ ျမင္ရတဲ့ျမင္ကြင္းေၾကာင့္ တံခါးကိုၾကမ္းတမ္းစြာေဆာင့္ဖြင့္ၿပီး ဟိုေဆာ့ကိုပါ ထိုးႀကိတ္မိေတာ့မလို႔..

တကယ္ပါပဲ။ ထိုလူသားနဲ႕ပတ္သက္ရင္ကို စိတ္ေတြက မထိန္းခ်ဳပ္နိုင္ေလာက္ေအာင္ပဲ။ ထင္သလိုမဟုတ္လို႔စိတ္ေအးရေပမဲ့ ေဆာ့ဂ်င္ေနမေကာင္းတာေတာ့ စိတ္မေကာင္းေပ။

ရပါတယ္ေလ.. အခုေတာ့ ေဆာ့ဂ်င္ကိုျပဳစုေပးၿပီး သူ႕အနားမွာအိပ္လို႔ရတာေပါ့။

ပထမဦးဆုံးအေနနဲ႕ အခန္းတံခါးကိုအရင္ေသခ်ာပိတ္ရေသးတယ္။

ရင္ဘတ္ျပင္ဘက္ကို အရင္ေရပတ္တိုက္ေပးၿပီး ေဆာ့ဂ်င္ကို ထယ္ေယာင္းပခုံးထက္မွီေစကာ ေပးထိုင္လိုက္ၿပီး ေက်ာျပင္ကိုေရပတ္တိုက္ေပးလိုက္တယ္။ ၿပီးမွ အကၤ်ီျပန္ေပးဝတ္လိုက္တယ္။

ေဆာ့ဂ်င္ကေတာ့ သူလုပ္ေပးသမွ် အလိုက္အသင့္ေလးၿငိမ္ခံေနေပမဲ့ မ်က္လုံးကမပြင့္လာဘူး။ အခုေတာ့အေပၚပိုင္းေတာ့ၿပီးၿပီ။ ေအာက္ပိုင္းကိုဘယ္လိုလုပ္ရမွာလဲ ေဘာင္းဘီခြၽတ္ရမွာလား။

ထယ္ေယာင္းကေတာ့ မခြၽတ္ရဲေသးေပ။ ေတာ္ၾကာ ေရပတ္တိုက္ရာကေန တခုခုျဖစ္သြားမွ ေနမေကာင္းတဲ့သူကိုအခြင့္အေရးယူပါတယ္ဆိုၿပီး ျဖစ္အုံးမယ္။

ဒါေၾကာင့္ ေဘာင္းဘီကိုဆြဲတင္ၿပီး ​ေျခသလုံးေလးေတြ ေျခဖဝါးေလးေတြကိုပဲ ေရပတ္တိုက္ေပးလိုက္တယ္။

"ေဆာ့ဂ်င္.. ေဆးေသာက္လိုက္.. အာ..."

ေဆးကိုပါးစပ္ထဲထည့္ေပးၿပီး ေရပါေပးေသာက္လိုက္တယ္။ ေဆာ့ဂ်င္က သူ႕ကိုဘယ္သူလဲဆိုတာေရာ သိရဲ႕လားမသိ။ မ်က္လုံးေတာ့မဖြင့္ေပမဲ့ ေဆးေသာက္တဲ့အခ်ိန္ေတာ့ ႐ုပ္ကေလးရႈံသြားေသးတယ္။

ေဆာ့ဂ်င္ရဲ႕နဖူးေပၚ ေရစိုအဝတ္ေလးတင္ထားေပးလိုက္တယ္။အခန္းရဲ႕ပုံစံၾကည့္ရတာလည္း ႏြေးေထြးမယ့္ပုံလည္းမေပၚေပ။ ဒါေၾကာင့္ေဆာ့ဂ်င္ကိုရင္ခြင္ထဲ ေပြ႕ထည့္လိုက္ေတာ့ ဆူထြက္လာတဲ့ႏႈတ္ခမ္းေလးကို ေတြေဝျခင္းမရွိနမ္းရွိုက္လိုက္မိတယ္။

ႏႈတ္ခမ္းေလးက ႏြေးႏြေးေလးျဖစ္ေနတာေၾကာင့္ အရင္နဲ႕မတူဘဲ တမ်ိဳးေလးနမ္းလို႔ေကာင္းေနျပန္ၿပီ။ အၾကာႀကီးေတာ့မနမ္းလိုက္ပါဘူး။ ေနမေကာင္းတဲ့သူကိုအခြင့္အေရးယူတယ္ျဖစ္အုံးမယ္။

ဒီဘက္ကိုလာၾကည့္လိုက္တာ မွန္သြားတယ္။ ကိုယ့္ေနရာမွာ ဟိုေဆာ့သာဆိုရင္.. ဆိုၿပီး ေတြးမိလိုက္ရင္ကို ထိုလူသားကိုအရမ္းႏွမ​်ောေနမိတာ။ ဘယ္သူ႕လက္ထဲကိုမွအပါမခံနိုင္။

ရင္ခြင္ထဲက ေခါင္းလုံးလုံးေလးအား တဖြဖြနမ္းရင္း တင္းက်ပ္စြာဖက္ထားၿပီးအိပ္လိုက္ေတာ့တယ္။

🍃🍃🍃

ဒီကိုယ္သင္းရနံ႕ေလးက ေတာ္ေတာ္ေလးကို ရင္းႏွီးေနတာ.. ထယ္ေယာင္း ထယ္ေယာင္းမ်ားလား.. ဒိအခန္းထဲကို ထယ္ေယာင္းကဘယ္လိုလုပ္ေရာက္ေနနိုင္တာလဲ ဒါအိပ္မက္မ်ားလား....

ၿပီးေတာ​့ ထယ္ေယာင္းကအရမ္းေခ်ာေနတယ္။ မ်က္ေတာင္စိပ္စိပ္ေလးေတြက စင္းက်ေနၿပီး ႏွာတံျမင့္ျမင့္ရဲ႕ထိပ္နားေလးမွာ မွဲ႕ေလးတလူံးက ဆြဲေဆာင္မႈေတြပိုေနသလိုပင္။

ေဆာ့ဂ်င္ရဲ႕လက္ေခ်ာင္းေလးေတြက ထယ္ေယာင္းရဲ႕မ်က္ႏွာဆီကို တျဖည္းျဖည္းနဲ႕နီးကပ္လာေနတယ္။ ဒါေပမဲ့မေရာက္ခင္မွာ ထိုလက္ေတြက ဖမ္းဆုပ္ျခင္းခံရလိုက္ရတယ္။

"ဘာလုပ္မလို႔လဲ..."

အဲ့ဒါမွ အိပ္မက္မဟုတ္မွန္းသိေတာ့တယ္။

"ဟို~ ဟို~"

ေဆာ့ဂ်င္က တဟိုဟိုလုပ္ေနတုန္း ထယ္ေယာင္းဆုပ္ကိုင္ထားတဲ့ ေဆာ့ဂ်င္ရဲ႕လက္ဖမိုးေလးကို ဖိကပ္နမ္းလိုက္တယ္။

"ဟမ္.. ေျဖေလ.."

"ငါ.. ငါက.."

အထစ္အထစ္လုပ္ေနတဲ့ ေဆာ့ဂ်င္ရဲ႕ေခါင္းလုံးလုံးေလးကို ဆြဲယူကာ နဖူးေလးကိုထပ္နမ္းလိုက္တယ္။

"ထယ္ေယာင္း!! အခြင့္အေရးယူတာမ်ားေနၿပီ"

"ဟုတ္လား.. ဒါဆိုအခြင့္အေရးထပ္ယူမယ္ေနာ္.."

ေဆာ့ဂ်င္ရဲ႕ခါးေလးအားဖက္ထားတာ မ်က္ႏွာျပင္အႏွံ႕ကို တရႈံရႈံနဲ႕ ဖြဖြေလး လိုက္နမ္းေနျပန္ၿပီ။

"မလုပ္နဲ႕... ခ္ခ္ခ္"

မလုပ္နဲ႕လို႔ေျပာေနေပမဲ့ ေဆာ့ဂ်င္က တခစ္ခစ္နဲ႕ရယ္ေနခဲ့တာ။ ထယ္ေယာင္းပါရယ္ေနမိတယ္။ တေယာက္ေယာက္သာျမင္ရင္ေတာ့ မနက္ခင္းက်ီစယ္ေနတဲ့ ၾကင္စဦးလင္လင္ေတြလို႔ ထင္ၾကမွာပဲ။

"ေသခ်ာရယ္နိုင္ၿပီပဲ.. ေနေကာင္းသြားၿပီလား"

ေဆာ့ဂ်င္နဖူးေလးအား လက္ကေလးနဲ႕စမ္းၾကည့္တဲ့အခါ ႏွစ္ေယာက္သားမ်က္လုံးခ်င္းဆုံမိၾကေတာ့ ေဆာ့ဂ်င္က အၿပဳံးေတြရပ္သြားကာ ခ်က္ခ်င္း႐ုပ္တည္သြားတယ္။

ထယ္ေယာင္းလက္ကိုလည္း နဖူးေပၚကဖယ္ခ်လိဳက္တယ္။

"ေကာင္းေနၿပီ.. အခန္းထဲကထြက္သြားေတာ​့..."

"သြားမွာပါ... ငါလည္းအျမန္ဆုံးထြက္သြားေနၿပီ ေသသြားရင္အမႈပတ္မွာစိုးလို႔ ဂ႐ုစိုက္ေပးေနတာ"

"ဟိုေဆာ့ကေရာ ဘယ္မွာလဲ"

"သူ ညကတည္းကမရွိတာ"

"ဒါဆို ညက.."

"ဟုတ္တယ္ ငါတို႔ႏွစ္ေယာက္တည္းဖက္အိပ္ၾကတာ"

ဒီစကားကို ထယ္ေယာင္းကအခန္းျပင္ကေနေအာ္ေျပာသြားတာ။ အေဆာင္ကအျခားအလုပ္သမားေတြပါ ရွိေနရင္ ၾကားသြားမွာေတာ့အေသအခ်ာပင္။

ထယ္ေယာင္းက ဘာမွမဟုတ္သလိုေျပာသြားေပမဲ့ ေဆာ့ဂ်င္ကေတာ့ ရွက္ေနသလိုပင္။ သူေဌးက ဒီလိုအလုပ္သမားရဲ႕အခန္းမွာလာအိပ္တာကို အျခားသူေတြက ဘယ္လိုေတြအတင္းေျပာၾကအုံးမလဲမသိ။ အခုကအလုပ္ခ်ိန္ဆိုေတာ့ ဘယ္သူ႕မွမရွိဖို႔ပဲ ေမွ်ာ္လင့္မိတယ္။

Part 16 [END]🍃

Updateကိုျမန္ေပးခ်င္ေပမဲ့ စာေရးတာက ကိုယ္ကြၽမ္းက်င္ရာမဟုတ္ေတာ့ အခန္းတခုကို ကိုယ္လိုခ်င္တဲ့ပုံစံျမင္သာေအာင္ ေတာ္ေတာ္ေလးေရးယူေနတဲ့သူပါ။🍃

ဘာပဲျဖစ္ျဖစ္ ဒီFicကိုေတာ့ အဆုံးထိပုံမွန္အတိုင္းUpသြားပါ့မယ္ေနာ္🍃💚

Voteေပးတဲ့သူေတြအားလုံးကို ​ေက်းဇူးတင္ပါတယ္။ Commentေပးတဲ့သူေတြေၾကာင့္ အမ်ားႀကီးအားတက္ရပါတယ္။ ေက်းဇူးပါ💚

There are no comments yet. Log in to be the first to leave a review!

Similar stories