Fanfics

5🍃

04:27, 12 September 2023

[Unicode]

အခန်းထဲက စာကြည့်စားပွဲမှာထိုင်ပြီး Laptopမှာ တခုခုကြည့်နေတဲ့ ထယ်ယွန်းအနားလာလိုက်ရင်း

"နွားနို့လာပို့ပေးတာပါ.. ထယ်ဟွန်း"

နွားနို့ခွက်လာချပေးပြိး ချက်ချင်းလှည့်ထွက်သွားဖို့လုပ်နေတဲ့ဆော့ဂျင်ကို ခါးလေးကိုဖက်ပြီး ခေါင်းမှီထားရင်း။

(ဆော့ဂျင်က ရပ်နေပြီး.. ထယ်ဟွန်းကထိုင်နေတဲ့အနေအထားမျိုးပါ)

'Hyung.. ဟွန်းလေးလို့တောင် မခေါ်တော့ဘူးလား..'

'...'

'Hyung.. ဟွန်လေးကို လက်ထပ်ရလို့စိတ်မဆိုးပါနဲ့ တောင်းပန်ပါတယ် Hyungကိုအရမ်းချစ်လို့ပါ Hyungနဲ့လည်း ထပ်ပြီးမခွဲတော့ဘူး..'

'Hyungစိတ်မဆိုးပါ​ဘူး'(ဆော့ဂျင်စိတ်မဆိုးပါ။ အကြွေးတွေဆပ်ပေးထားတာနဲ့ကို ကျေးဇူးကြွေးတွေများနေလှပြီ။ ကိုယ့်နှလုံးသားကိုတော့ ရင်းလိုက်ရတာပေါ့)

'အဲ့ဆို.. ဟွန်လေးလိုပဲပြန်ခေါ်နော်.. ထယ်ဟွန်းလို့မခေါ်ပါနဲ့'

'ဟုတ်ပါပြီ ပြီးရင်ဆေးလည်းသောက်အုံး'

ဖက်ထားရာကနေ ခွာလိုက်ပြီး မော့ကြည့်လာရင်း ပြုံးပြလာတယ်...

ဆော့ဂျင်လည်း ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးပြီး ပြုံးပြမိတယ်။ ကိုယ်ရွေးထားတဲ့လမ်းကို အကောင်းဆုံးဖြစ်အောင်ဆက်သွားမယ်။

'Hyung ဘယ်သွားမလို့လဲ'

ဆော့ဂျင်တယောက် ခေါင်အုံးနဲ့စောင်ယူပြီး ကုတင်ပေါ်က ဆင်းသွားတာကြောင့်ပင်။

'Hyungက ဒီမှာပဲအိပ်မှာ...'အခန်းထဲက sofaခုံရှည်လေးကို ညွှန်ပြလာတယ်။

'Hyungသဘောပါပဲ ဒါပေမဲ့အမြဲတမ်းတော့ မလုပ်ပါနဲ့နော်.. Hyung~'

'Hyungကြိုးစားမှာပါ'

​🍃🍃🍃

'အန်တီ...'

'ဂျောင်မင်..'

ဆော့ဂျင်အမေက ဂျောင်မင်ကိုမြင်တော့ မျက်နှာတချက်ပျက်သွားတယ်

'အန်တီဘာဖြစ်တာလဲ မျက်နှာမကောင်းဘူး'

'ဘာမှမဖြစ်ပါဘူး.. ဒီလိုပါပဲ လူကြီးဆိုတော့'

'အန်တီတို့အတွက်လက်ဆောင်ပါတယ်.. ကျွန်တော်အခုမှဘန်ကောက်က ပြန်ရောက်တာ..'

'သား.. ဂျင်ကအခု အိမ်မှာမရှိဘူး'

'အာ.. သူ့အလုပ်ချိန်ပဲ ဂျင်နဲ့မတွေ့ရတာကြာပြီဆိုတော့ တခါတည်းဝင်လာလိုက်တာ ဒီကိစ္စကို မေ့သွားတယ်'

'အန်တီပြောစရာရှိတယ်.. ဂျင်လက်ထပ်လိုက်ပြီ'

'ဗျာ.. ဒါဘာကိုပြောတာလဲ? နောက်စရာမဟုတ်ဘူးနော်.. '

'တကယ်ပါ'

'မဖြစ်နိုင်ပါဘူး ကျွန်တော့်ကိုဒီအကြောင်းတခါလေးတောင်မပြောဘူး ကျွန်တော်တို့တွဲနေတုန်းပဲရှိသေးတာ'

'ကိုယ်တိုင်ဖုန်းဆက်ပြီးမေးကြည့်ပါ ပြီးတော့ ပြေပြေလည်လည်ပြောကြ အရင်ကလည်း သူငယ်ချင်းတွေပဲဟာ'

လက်တွေ တုန်တုန်ရီရီနဲ့ ဖုန်းဆက်မိတယ်.. ဘယ်နှခါပဲခေါ်ခေါ် ဖုန်းမကိုင်ဘူး..

'သူဘယ်သူနဲ့လက်ထပ်တာလဲ? ပြော.. အခုချက်ချင်း'

နှလုံးသားတခုလုံးကြေမွသွားပြီး ရင်တခုလုံးပူလောင်နေခဲ့တယ်။

'ကင်မ်ထယ်ဟွန်း'

'တောက်ခ်.. ဒီရောဂါသည်ကောင်က ဘာဝင်ရှုပ်တာလဲ'

ဖုန်းလုံးဝမကိုင်တော့ အိမ်ထိလိုက်သွားချင်ပေမဲ့ ဂျင်သိက္ခာလည်းရှိနေသေးတော့ မဖြစ်သေးဘူးလို့ တွေးမိသေးတာကြောင့် စာပို့ထားလိုက်တော့ စာပြန်လာတယ်။

💬 ဟုတ်တယ် ငါတကယ်လက်ထပ်လိုက်တာ.. ရုတ်တရက်ဖြစ်သွားလို့ တောင်းပန်ပါတယ်..

ဖုန်းတွေဆက်တိုက်ခေါ်နေလည်း လုံးဝမကိုင်ဘဲ ဖုန်းစက်ပါပိတ်သွားတယ်..

တကယ်ပဲ ဂျင်ကငါ့ကိုထားခဲ့တာလား..အခုထိ မယုံနိုင်သေးဘူးငါကိုယ်တိုင် ရှာပေးခဲ့တဲ့အလုပ်က သူနဲ့တဲ့ငါလုံးဝလက်မခံနိုင်ဘူး

စကားတွေပြောရင်း သောက်နေလိုက်တာ ဘယ်နှခွက်ရှိနေပြီလဲမသိ။ တော်တော်မူးနေပြီ။

💬ထွက်လာခဲ့ ဆော့ဂျင်တွေ့ရအောင်

💬မနက်ဖြန်မှ အေးဆေးတွေ့ရအောင်ပါ

💬မရဘူး အခုချက်ချင်းလာတွေ့ အခုထယ်ဟွန်းရဲ့အိမ်ရှေ့ရောက်နေပြီ မထွက်လာရင် ငါအော်ခေါ်မှာ..

ဆော့ဂျင်ဒီစာမြင်တော့ မဖြစ်ဘူးဆိုပြီး ချက်ချင်းဆင်းလာရတယ်. လှေကားကနေဆင်းဆင်းချင်း အောက်မှာစောင့်နေတဲ့သူ.. အိမ်ကြီးထဲ သူရောက်နေတာမဆန်းပါဘူး သူက ဒီအိမ်ရဲ့တူတယောက်ပဲလေ။

'အနံ့ကပြင်းလိုက်တာ.. ဘယ်လောက်တောင် သောက်လာတာလဲ'

'မင်းကြောင့်လေ.. မင်းကြောင့်'

'ဂျောင်မင်... ပြန်ပါတော့ မနက်ဖန်ကျမှအေးဆေးပြောရအောင်.. '

'ဘာလဲ မင်းလင်သိသွားမှာကြောက်နေတာလား'

'ပြန်ပါတော့ မနက်ဖန်မှအပြင်မှာတွေ့ရအောင်'

'မင်းသူ့ကို မချစ်ဘဲ လက်ထပ်တာမယ့်လား'

'.......'

'မဟုတ်ဘူး.. မင်းငါ့ကိုချစ်သေးလား'

'......'

ဂျင်ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း..

'ဖြေလေ!! ချစ်သေးလား.. ချစ်သေးလားလို့..'

'မင်းထွက်သွားလိုက်တော့'

ပြောပြီး နောက်လှည့်ထွက်သွားတဲ့ ဆော့ဂျင်ကို ဆွဲလှည့်လိုက်ရင်း.. အတင်းနမ်းရှိုက်မိတယ်..

'လွှတ်.. ရူးနေလား.. လက်ထပ်ထားတဲ့သူတယောက်ကို မင်းအဲ့လိုလာမလုပ်နဲ့'

ဆော့ဂျင်ကို နံရံဘက်ဖိကပ်ထားပြီး.. လက်တွေကို ဆုပ်ကိုင်ထားတယ်

'မင်းငါ့ကို ချစ်နေသေးတာသိတယ်'

'အွတ်..*'

ဆော့ဂျင်ကို ဘာမှပြောခွင့်မပေးဘဲ ထပ်နမ်းရှိုက်ပြန်တယ် ရုန်းနေလည်း ဘယ်လိုမှအရာမထင်တဲ့အနေအထား...

'ဒုန်း~~~'

တခုခုပြုတ်ကျသံကြားလို့.. နှစ်ယောက်လုံး လှည့်ကြည့်မိတော့

'ဟွန်းလေး!!! ~ ထယ်ဟွန်း!!'

လှေကားရင်းမှာ သွေးအိုင်ထဲလှဲနေတဲ့ ထယ်ဟွန်းကို တွေ့ရတော့ ကြောက်လန့်တကြားဖြစ်မိတယ်.. ထယ်ဟွန်းအနားကိုအမြန်ရောက်လာပြီး.. ဘာလို့လုပ်ရမလဲမသိတော့ဘူး လက်တွေကပါ တုန်ရီနေတယ်..

'Hyung Hyung~ တောင်းပန်ပါတယ်..'

သတိမဲ့နေတဲ့ ထယ်ဟွန်းခန္ဓာကိုယ်လေးကိုဖက်ထားရင်း တောင်းပန်စကားဆိုမိတယ်.. စကားတွေ ထစ်အနေပြီး ငိုယိုနေမိတုန်း သခင်ကြီးကပါ အလန့်တကြားရောက်လာပြီး..

'သား!!! ဘယ်လိုဖြစ်.. အိမ်တော်ထိန်း!!!.. အမြန်ကားထုတ်ခိုင်းလိုက်'

ဆော့ဂျင်အင်္ကျီက ဖရိုဖရဲနဲ့ ဂျောင်မင်နဲ့အတူပါ တွေ့လိုက်ရတော့ ဒေါသမျက်လုံးနဲ့ကြည့်ရင်း

'တောက်.. မင်းတို့နှစ်ယောက်ကြောင့်မယ့်လား.. ငါလုံးဝခွင့်မလွတ်ဘူး'

ကားရောက်လာတော့ ဟွန်းလေးကို သခင်ကြီးကိုယ်တိုင်ပွေ့ချီပြီး ကားထဲထည့်ပေးပြီး

'မင်း လိုက်စရာမလိုဘူး!!!.. ကျန်ခဲ့'

'ကျွန်တော်..'

စကားတောင်မဆုံးလိုက်.. ကားထွက်သွားခဲ့တယ်.. ဆော့ဂျင်ဒီနေရာမှာပဲ ထိုင်ချလိုက်ရင်း သွေးပေနေတဲ့သူ့လက်တွေကိုကြည့်ပြီး ထပ်ငိုကြွေးမိပြန်တယ်

'ငါ့ကြောင့်ပဲ.. ငါ့ကြောင့်မို့လို့..'ကိုယ်ကိုယ်ကိုလည်း ထုရိုက်နေမိတယ်

'ဂျင်.. တော်တော့..'

'ထွက်သွား.. ငါ့မျက်စိရှေ့လုံးဝပေါ်မလာနဲ့.. နင်ထွက်သွားလိုက်တော့'

🍃🍃🍃

ထယ်ဟွန်းနောက်ကိ​ု လိုက်သွားဖို့ကလည်း ဘယ်ဆေးရုံမှန်းမသိတော့ အခန်းထဲမှာပဲ ငိုကြွေးမိတယ် တညလုံးလည်း မအိပ်ရသေးဘဲ ငေးငေးငိုင်ငိုင်ပဲ အားလူံးက ကိုယ့်အပြစ်တွေပဲဆိုတော့..

'သခင်ကြီး ခေါ်ခိုင်းလိုက်တာ'

အိမ်တော်ထိန်းလာခေါ်တော့ အမြန်လိုက်သွားလိုက်တယ်.. အခန်းထဲရောက်တော့ ဂျောင်မင်ကိုပါ တွေ့လိုက်ရတယ် သခင်ကြီးကလည်းမျက်နှာရဲတွတ်နေတယ် ဒေါသကြောင့်လား? ဒါမှမဟုတ် ထယ်ဟွန်းများတခုခု...

'ဝင်လာလေ.. ဘာလို့ရပ်နေတာလဲ'

'ဟွန်းလေးအခြေအနေကရော.. ဘယ်လိုနေလဲ'

'ငါ့သားက နှလုံးရောဂါဖောက်လာပြီး လှေကားပေါ်က ပြုတ်ကျတာ.. မင်းတို့နှစ်ယောက်အဲ့အချိန်က ဘာလုပ်နေကြတာလဲ'

​သခင်ကြီးရဲ့မျက်ဝန်းနီနီတွေကို ဆော့ဂျင်ကြောက်မိတယ် ဆော့ဂျင်က ဒူးထောက်ချလိုက်ပြီး

'တောင်းပန်ပါတယ် အဲ့တာအားလုံးကျွန်တော့်အပြစ်တွေပါ'

'အဲ့တော့ မင်းက ဘယ်လိုတာဝန်ယူမှာလဲ'

'ကျွန်တော်တို့နမ်းတာလေးတွေ့ရုံနဲ့ အဲ့လောက်မဖြစမသင့်ဘူး ဦးလေးသားကိုက အပိုလုပ်တာ.. အစကတည်းက ကျန်းမာရေးမှမကောင်းတာ ကျွန်တော်တို့ကိုအပြစ်လာမတင်နဲ့'

'ခွပ်.. မိုက်ရိုင်းတဲ့ကောင်'

ဂျောင်မင်က သူ့သားကို စော်ကားပြောဆိုနေတာကြောင့် ဒေါသထွက်ပြီးထိုးလိုက်မိတယ်

'ထွက်သွား.. မင်းကိုလည်းငါတခါတည်းပြောတယ်.. အခုမင်းရဲ့အလုပ်ကို ငါဘန်ကောက်ရုံးချုပ်ကို ပြောင်းမယ်.. ဆော့ဂျင်နဲ့ထပ်မတွေ့ရဘူး..'

'မပြောင်းဘူး.. ကျွန်တော်တို့အမှားမဟုတ်ဘူး ဦးလေးဘယ်လိုတွေစည်းရုံးပြီး အတင်းပေးစားလိုက်လဲဆိုတာ မသိပေမဲ့ ဆော့ဂျင်က ကျွန်တော့်ကိုချစ်နေတုန်းဆိုတာသိတယ်'

'အဲဒါတွေ ငါ့ကိုလာမပြောနဲ့.. အခုလက်ရှိကိစ္စကိုပဲ ဖြေရှင်းရမှာ. မင်းမပြောင်းရင်လဲ တခါတည်းအလုပ်ထွက်!!! ပြီးတော့ မင်းဘယ်မှာမှအလုပ်ရမှာမဟုတ်ဘူး.. ထွက်သွားတော့'

ဂျောင်မင်ဘာမှ ထပ်မပြောချင်တော့။ ဒီမျိုးရိုးပိုင်ခြံလုပ်ငန်းက အဝေးကိုရောက်သွားမှာကို အမေကလုံးဝခွင့်ပြုမည်မဟုတ်ပေ။

ဒီခြံလုပ်ငန်းမှာ ရတဲ့နေရာကနေလုပ်နေရင်း အမေက ဒီခြံကိုအပိုင်သိမ်းစေချင်နေတာ။ သူ့မှာကလည်း လောဘကလည်းရှိသေးတာကြောင့် သူဘန်ကောက်ကို ထွက်သွားရတော့မည်။

'ကျွန်တော့်ကို ဟွန်းလေးနဲ့တွေ့ခွင့်ပေးပါ ကျွန်တော်အရမ်းစိတ်ပူနေလို့ပါ ကျေးဇူးပြုပြီး'

'မင်းတွေ့စရာမလိုဘူး။'

'ဟွန်းလေးအခြေအနေကရော ဘယ်လိုနေလဲဟင်.. သူဘာမှမဖြစ်ဘူးမယ့်လား'

'သူသတိမရသေးဘူး နိုင်ငံခြားမှာ သွားကုရမယ် မနက်ဖြန်သွားကြတော့မယ်..'

'ကျွန်တော်..' ဆော့ဂျင်စကားပင်မစရသေးပေ။ သခင်ကြီးက ဖြတ်ပြောခဲ့တယ်။

'မင်းလိုက်စရာမလိုဘူး'

'ဒါကျွန်တော့်အမှားကြောင့်ဖြစ်သွားတယ်ဆိုတာ သိပါတယ် ဒါပေမဲ့တကယ်မရည်ရွယ်ခဲ့ပါဘူး.. ဟွန်းလေးနဲ့တော့တွေ့ခွင့်ပေးပါ'

'မင်းကို ငါပြောထားတယ်မယ့်လား ဂျောင်မင်နဲ့ကိစ္စကို အပြတ်ဖြတ်ထားပါလို့'

'ကျွန်တော်..'

'တော်ပြီ ဘာမှမကြားချင်တော့ဘူး ဖြစ်ပြီးသွားပြီပဲ.. ထပ်မပတ်သက်ဘူးလို့ ကတိပေး'

'ကတိပေးပါတယ်.. မလိုက်ရဘူးဆိုရင်လည်း ဟွန်းလေးနဲ့ တခေါက်လောက်တွေ့ခွင့်ပေးပါ'

'မရဘူးလို့ ပြောထားတယ်လေ ကင်မ်ဆော့ဂျင်'

'အဝေးကပဲကြည့်မှာပါ.. တကြိမ်လောက်ပါပဲ သခင်ကြီး ကျေးဇူးပြုပြီး'

'မရဘူး.. ကိုယ့်အမှားကိုသုံးသပ်ပြီး ဒီမှာပဲနေ.. ထယ်ဟွန်းပြန်လာတဲ့အထိစောင့်နေပါနောက်ထပ် ဘာကိစ္စမှငါမကြားချင်ဘူး။ အခုငါပြောတဲ့အတိုင်းပဲလုပ်ရမယ် သွားတော့'

'သွားတော​့လေ.. ငါစိတ်ပြောင်းမှာမဟုတ်ဘူး'

ဆော့ဂျင်ဘယ်လိုလုပ်လုပ် တွေ့ခွင့်ရမယ့်ပုံမရှိတာကြောင့် ထွက်လာလိုက်တယ်

Part 5 [END] 🍂

[Zawgyi]

အခန္းထဲက စာၾကည့္စားပြဲမွာထိုင္ၿပီး Laptopမွာ တခုခုၾကည့္ေနတဲ့ ထယ္ယြန္းအနားလာလိုက္ရင္း

"ႏြားနို႔လာပို႔ေပးတာပါ.. ထယ္ဟြန္း"

ႏြားနို႔ခြက္လာခ်ေပးၿပိး ခ်က္ခ်င္းလွည့္ထြက္သြားဖို႔လုပ္ေနတဲ့ေဆာ့ဂ်င္ကို ခါးေလးကိုဖက္ၿပီး ေခါင္းမွီထားရင္း။

(ေဆာ့ဂ်င္က ရပ္ေနၿပီး.. ထယ္ဟြန္းကထိုင္ေနတဲ့အေနအထားမ်ိဳးပါ)

'Hyung.. ဟြန္းေလးလို႔ေတာင္ မေခၚေတာ့ဘူးလား..'

'...'

'Hyung.. ဟြန္ေလးကို လက္ထပ္ရလို႔စိတ္မဆိုးပါနဲ႕ ေတာင္းပန္ပါတယ္ Hyungကိုအရမ္းခ်စ္လို႔ပါ Hyungနဲ႕လည္း ထပ္ၿပီးမခြဲေတာ့ဘူး..'

'Hyungစိတ္မဆိုးပါ​ဘူး'(ေဆာ့ဂ်င္စိတ္မဆိုးပါ။ အေႂကြးေတြဆပ္ေပးထားတာနဲ႕ကို ေက်းဇူးေႂကြးေတြမ်ားေနလွၿပီ။ ကိုယ့္ႏွလုံးသားကိုေတာ့ ရင္းလိုက္ရတာေပါ့)

'အဲ့ဆို.. ဟြန္ေလးလိုပဲျပန္ေခၚေနာ္.. ထယ္ဟြန္းလို႔မေခၚပါနဲ႕'

'ဟုတ္ပါၿပီ ၿပီးရင္ေဆးလည္းေသာက္အုံး'

ဖက္ထားရာကေန ခြာလိုက္ၿပီး ေမာ့ၾကည့္လာရင္း ၿပဳံးျပလာတယ္...

ေဆာ့ဂ်င္လည္း ေခါင္းလုံးလုံးေလးကို ပြတ္သပ္ေပးၿပီး ၿပဳံးျပမိတယ္။ ကိုယ္ေ႐ြးထားတဲ့လမ္းကို အေကာင္းဆုံးျဖစ္ေအာင္ဆက္သြားမယ္။

'Hyung ဘယ္သြားမလို႔လဲ'

ေဆာ့ဂ်င္တေယာက္ ေခါင္အုံးနဲ႕ေစာင္ယူၿပီး ကုတင္ေပၚက ဆင္းသြားတာေၾကာင့္ပင္။

'Hyungက ဒီမွာပဲအိပ္မွာ...'အခန္းထဲက sofaခုံရွည္ေလးကို ၫႊန္ျပလာတယ္။

'Hyungသေဘာပါပဲ ဒါေပမဲ့အၿမဲတမ္းေတာ့ မလုပ္ပါနဲ႕ေနာ္.. Hyung~'

'Hyungႀကိဳးစားမွာပါ'

​🍃🍃🍃

'အန္တီ...'

'ေဂ်ာင္မင္..'

ေဆာ့ဂ်င္အေမက ေဂ်ာင္မင္ကိုျမင္ေတာ့ မ်က္ႏွာတခ်က္ပ်က္သြားတယ္

'အန္တီဘာျဖစ္တာလဲ မ်က္ႏွာမေကာင္းဘူး'

'ဘာမွမျဖစ္ပါဘူး.. ဒီလိုပါပဲ လူႀကီးဆိုေတာ့'

'အန္တီတို႔အတြက္လက္ေဆာင္ပါတယ္.. ကြၽန္ေတာ္အခုမွဘန္ေကာက္က ျပန္ေရာက္တာ..'

'သား.. ဂ်င္ကအခု အိမ္မွာမရွိဘူး'

'အာ.. သူ႕အလုပ္ခ်ိန္ပဲ ဂ်င္နဲ႕မေတြ႕ရတာၾကာၿပီဆိုေတာ့ တခါတည္းဝင္လာလိုက္တာ ဒီကိစၥကို ေမ့သြားတယ္'

'အန္တီေျပာစရာရွိတယ္.. ဂ်င္လက္ထပ္လိုက္ၿပီ'

'ဗ်ာ.. ဒါဘာကိုေျပာတာလဲ? ေနာက္စရာမဟုတ္ဘူးေနာ္.. '

'တကယ္ပါ'

'မျဖစ္နိုင္ပါဘူး ကြၽန္ေတာ့္ကိုဒီအေၾကာင္းတခါေလးေတာင္မေျပာဘူး ကြၽန္ေတာ္တို႔တြဲေနတုန္းပဲရွိေသးတာ'

'ကိုယ္တိုင္ဖုန္းဆက္ၿပီးေမးၾကည့္ပါ ၿပီးေတာ့ ေျပေျပလည္လည္ေျပာၾက အရင္ကလည္း သူငယ္ခ်င္းေတြပဲဟာ'

လက္ေတြ တုန္တုန္ရီရီနဲ႕ ဖုန္းဆက္မိတယ္.. ဘယ္ႏွခါပဲေခၚေခၚ ဖုန္းမကိုင္ဘူး..

'သူဘယ္သူနဲ႕လက္ထပ္တာလဲ? ေျပာ.. အခုခ်က္ခ်င္း'

ႏွလုံးသားတခုလုံးေၾကမြသြားၿပီး ရင္တခုလုံးပူေလာင္ေနခဲ့တယ္။

'ကင္မ္ထယ္ဟြန္း'

'ေတာက္ခ္.. ဒီေရာဂါသည္ေကာင္က ဘာဝင္ရႈပ္တာလဲ'

ဖုန္းလုံးဝမကိုင္ေတာ့ အိမ္ထိလိုက္သြားခ်င္ေပမဲ့ ဂ်င္သိကၡာလည္းရွိေနေသးေတာ့ မျဖစ္ေသးဘူးလို႔ ေတြးမိေသးတာေၾကာင့္ စာပို႔ထားလိုက္ေတာ့ စာျပန္လာတယ္။

💬 ဟုတ္တယ္ ငါတကယ္လက္ထပ္လိုက္တာ.. ႐ုတ္တရက္ျဖစ္သြားလို႔ ေတာင္းပန္ပါတယ္..

ဖုန္းေတြဆက္တိုက္ေခၚေနလည္း လုံးဝမကိုင္ဘဲ ဖုန္းစက္ပါပိတ္သြားတယ္..

တကယ္ပဲ ဂ်င္ကငါ့ကိုထားခဲ့တာလား..အခုထိ မယုံနိုင္ေသးဘူးငါကိုယ္တိုင္ ရွာေပးခဲ့တဲ့အလုပ္က သူနဲ႕တဲ့ငါလုံးဝလက္မခံနိုင္ဘူး

စကားေတြေျပာရင္း ေသာက္ေနလိုက္တာ ဘယ္ႏွခြက္ရွိေနၿပီလဲမသိ။ ေတာ္ေတာ္မူးေနၿပီ။

💬ထြက္လာခဲ့ ေဆာ့ဂ်င္ေတြ႕ရေအာင္

💬မနက္ျဖန္မွ ေအးေဆးေတြ႕ရေအာင္ပါ

💬မရဘူး အခုခ်က္ခ်င္းလာေတြ႕ အခုထယ္ဟြန္းရဲ႕အိမ္ေရွ႕ေရာက္ေနၿပီ မထြက္လာရင္ ငါေအာ္ေခၚမွာ..

ေဆာ့ဂ်င္ဒီစာျမင္ေတာ့ မျဖစ္ဘူးဆိုၿပီး ခ်က္ခ်င္းဆင္းလာရတယ္. ေလွကားကေနဆင္းဆင္းခ်င္း ေအာက္မွာေစာင့္ေနတဲ့သူ.. အိမ္ႀကီးထဲ သူေရာက္ေနတာမဆန္းပါဘူး သူက ဒီအိမ္ရဲ႕တူတေယာက္ပဲေလ။

'အနံ႕ကျပင္းလိုက္တာ.. ဘယ္ေလာက္ေတာင္ ေသာက္လာတာလဲ'

'မင္းေၾကာင့္ေလ.. မင္းေၾကာင့္'

'ေဂ်ာင္မင္... ျပန္ပါေတာ့ မနက္ဖန္က်မွေအးေဆးေျပာရေအာင္.. '

'ဘာလဲ မင္းလင္သိသြားမွာေၾကာက္ေနတာလား'

'ျပန္ပါေတာ့ မနက္ဖန္မွအျပင္မွာေတြ႕ရေအာင္'

'မင္းသူ႕ကို မခ်စ္ဘဲ လက္ထပ္တာမယ့္လား'

'.......'

'မဟုတ္ဘူး.. မင္းငါ့ကိုခ်စ္ေသးလား'

'......'

ဂ်င္ရဲ႕ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ထားရင္း..

'ေျဖေလ!! ခ်စ္ေသးလား.. ခ်စ္ေသးလားလို႔..'

'မင္းထြက္သြားလိုက္ေတာ့'

ေျပာၿပီး ေနာက္လွည့္ထြက္သြားတဲ့ ေဆာ့ဂ်င္ကို ဆြဲလွည့္လိုက္ရင္း.. အတင္းနမ္းရွိုက္မိတယ္..

'လႊတ္.. ႐ူးေနလား.. လက္ထပ္ထားတဲ့သူတေယာက္ကို မင္းအဲ့လိုလာမလုပ္နဲ႕'

ေဆာ့ဂ်င္ကို နံရံဘက္ဖိကပ္ထားၿပီး.. လက္ေတြကို ဆုပ္ကိုင္ထားတယ္

'မင္းငါ့ကို ခ်စ္ေနေသးတာသိတယ္'

'အြတ္..*'

ေဆာ့ဂ်င္ကို ဘာမွေျပာခြင့္မေပးဘဲ ထပ္နမ္းရွိုက္ျပန္တယ္ ႐ုန္းေနလည္း ဘယ္လိုမွအရာမထင္တဲ့အေနအထား...

'ဒုန္း~~~'

တခုခုျပဳတ္က်သံၾကားလို႔.. ႏွစ္ေယာက္လုံး လွည့္ၾကည့္မိေတာ့

'ဟြန္းေလး!!! ~ ထယ္ဟြန္း!!'

ေလွကားရင္းမွာ ေသြးအိုင္ထဲလွဲေနတဲ့ ထယ္ဟြန္းကို ေတြ႕ရေတာ့ ေၾကာက္လန့္တၾကားျဖစ္မိတယ္.. ထယ္ဟြန္းအနားကိုအျမန္ေရာက္လာၿပီး.. ဘာလို႔လုပ္ရမလဲမသိေတာ့ဘူး လက္ေတြကပါ တုန္ရီေနတယ္..

'Hyung Hyung~ ေတာင္းပန္ပါတယ္..'

သတိမဲ့ေနတဲ့ ထယ္ဟြန္းခႏၶာကိုယ္ေလးကိုဖက္ထားရင္း ေတာင္းပန္စကားဆိုမိတယ္.. စကားေတြ ထစ္အေနၿပီး ငိုယိုေနမိတုန္း သခင္ႀကီးကပါ အလန့္တၾကားေရာက္လာၿပီး..

'သား!!! ဘယ္လိုျဖစ္.. အိမ္ေတာ္ထိန္း!!!.. အျမန္ကားထုတ္ခိုင္းလိုက္'

ေဆာ့ဂ်င္အကၤ်ီက ဖရိုဖရဲနဲ႕ ေဂ်ာင္မင္နဲ႕အတူပါ ေတြ႕လိုက္ရေတာ့ ေဒါသမ်က္လုံးနဲ႕ၾကည့္ရင္း

'ေတာက္.. မင္းတို႔ႏွစ္ေယာက္ေၾကာင့္မယ့္လား.. ငါလုံးဝခြင့္မလြတ္ဘူး'

ကားေရာက္လာေတာ့ ဟြန္းေလးကို သခင္ႀကီးကိုယ္တိုင္ေပြ႕ခ်ီၿပီး ကားထဲထည့္ေပးၿပီး

'မင္း လိုက္စရာမလိုဘူး!!!.. က်န္ခဲ့'

'ကြၽန္ေတာ္..'

စကားေတာင္မဆုံးလိုက္.. ကားထြက္သြားခဲ့တယ္.. ေဆာ့ဂ်င္ဒီေနရာမွာပဲ ထိုင္ခ်လိဳက္ရင္း ေသြးေပေနတဲ့သူ႕လက္ေတြကိုၾကည့္ၿပီး ထပ္ငိုေႂကြးမိျပန္တယ္

'ငါ့ေၾကာင့္ပဲ.. ငါ့ေၾကာင့္မို႔လို႔..'ကိုယ္ကိုယ္ကိုလည္း ထုရိုက္ေနမိတယ္

'ဂ်င္.. ေတာ္ေတာ့..'

'ထြက္သြား.. ငါ့မ်က္စိေရွ႕လုံးဝေပၚမလာနဲ႕.. နင္ထြက္သြားလိုက္ေတာ့'

🍃🍃🍃

ထယ္ဟြန္းေနာက္ကိ​ု လိုက္သြားဖို႔ကလည္း ဘယ္ေဆး႐ုံမွန္းမသိေတာ့ အခန္းထဲမွာပဲ ငိုေႂကြးမိတယ္ တညလုံးလည္း မအိပ္ရေသးဘဲ ေငးေငးငိုင္ငိုင္ပဲ အားလူံးက ကိုယ့္အျပစ္ေတြပဲဆိုေတာ့..

'သခင္ႀကီး ေခၚခိုင္းလိုက္တာ'

အိမ္ေတာ္ထိန္းလာေခၚေတာ့ အျမန္လိုက္သြားလိုက္တယ္.. အခန္းထဲေရာက္ေတာ့ ေဂ်ာင္မင္ကိုပါ ေတြ႕လိုက္ရတယ္ သခင္ႀကီးကလည္းမ်က္ႏွာရဲတြတ္ေနတယ္ ေဒါသေၾကာင့္လား? ဒါမွမဟုတ္ ထယ္ဟြန္းမ်ားတခုခု...

'ဝင္လာေလ.. ဘာလို႔ရပ္ေနတာလဲ'

'ဟြန္းေလးအေျခအေနကေရာ.. ဘယ္လိုေနလဲ'

'ငါ့သားက ႏွလုံးေရာဂါေဖာက္လာၿပီး ေလွကားေပၚက ျပဳတ္က်တာ.. မင္းတို႔ႏွစ္ေယာက္အဲ့အခ်ိန္က ဘာလုပ္ေနၾကတာလဲ'

​သခင္ႀကီးရဲ႕မ်က္ဝန္းနီနီေတြကို ေဆာ့ဂ်င္ေၾကာက္မိတယ္ ေဆာ့ဂ်င္က ဒူးေထာက္ခ်လိဳက္ၿပီး

'ေတာင္းပန္ပါတယ္ အဲ့တာအားလုံးကြၽန္ေတာ့္အျပစ္ေတြပါ'

'အဲ့ေတာ့ မင္းက ဘယ္လိုတာဝန္ယူမွာလဲ'

'ကြၽန္ေတာ္တို႔နမ္းတာေလးေတြ႕႐ုံနဲ႕ အဲ့ေလာက္မျဖစမသင့္ဘူး ဦးေလးသားကိုက အပိုလုပ္တာ.. အစကတည္းက က်န္းမာေရးမွမေကာင္းတာ ကြၽန္ေတာ္တို႔ကိုအျပစ္လာမတင္နဲ႕'

'ခြပ္.. မိုက္ရိုင္းတဲ့ေကာင္'

ေဂ်ာင္မင္က သူ႕သားကို ေစာ္ကားေျပာဆိုေနတာေၾကာင့္ ေဒါသထြက္ၿပီးထိုးလိုက္မိတယ္

'ထြက္သြား.. မင္းကိုလည္းငါတခါတည္းေျပာတယ္.. အခုမင္းရဲ႕အလုပ္ကို ငါဘန္ေကာက္႐ုံးခ်ဳပ္ကို ေျပာင္းမယ္.. ေဆာ့ဂ်င္နဲ႕ထပ္မေတြ႕ရဘူး..'

'မေျပာင္းဘူး.. ကြၽန္ေတာ္တို႔အမွားမဟုတ္ဘူး ဦးေလးဘယ္လိုေတြစည္း႐ုံးၿပီး အတင္းေပးစားလိုက္လဲဆိုတာ မသိေပမဲ့ ေဆာ့ဂ်င္က ကြၽန္ေတာ့္ကိုခ်စ္ေနတုန္းဆိုတာသိတယ္'

'အဲဒါေတြ ငါ့ကိုလာမေျပာနဲ႕.. အခုလက္ရွိကိစၥကိုပဲ ေျဖရွင္းရမွာ. မင္းမေျပာင္းရင္လဲ တခါတည္းအလုပ္ထြက္!!! ၿပီးေတာ့ မင္းဘယ္မွာမွအလုပ္ရမွာမဟုတ္ဘူး.. ထြက္သြားေတာ့'

ေဂ်ာင္မင္ဘာမွ ထပ္မေျပာခ်င္ေတာ့။ ဒီမ်ိဳးရိုးပိုင္ၿခံလုပ္ငန္းက အေဝးကိုေရာက္သြားမွာကို အေမကလုံးဝခြင့္ျပဳမည္မဟုတ္ေပ။

ဒီၿခံလုပ္ငန္းမွာ ရတဲ့ေနရာကေနလုပ္ေနရင္း အေမက ဒီၿခံကိုအပိုင္သိမ္းေစခ်င္ေနတာ။ သူ႕မွာကလည္း ေလာဘကလည္းရွိေသးတာေၾကာင့္ သူဘန္ေကာက္ကို ထြက္သြားရေတာ့မည္။

'ကြၽန္ေတာ့္ကို ဟြန္းေလးနဲ႕ေတြ႕ခြင့္ေပးပါ ကြၽန္ေတာ္အရမ္းစိတ္ပူေနလို႔ပါ ေက်းဇူးျပဳၿပီး'

'မင္းေတြ႕စရာမလိုဘူး။'

'ဟြန္းေလးအေျခအေနကေရာ ဘယ္လိုေနလဲဟင္.. သူဘာမွမျဖစ္ဘူးမယ့္လား'

'သူသတိမရေသးဘူး နိုင္ငံျခားမွာ သြားကုရမယ္ မနက္ျဖန္သြားၾကေတာ့မယ္..'

'ကြၽန္ေတာ္..' ေဆာ့ဂ်င္စကားပင္မစရေသးေပ။ သခင္ႀကီးက ျဖတ္ေျပာခဲ့တယ္။

'မင္းလိုက္စရာမလိုဘူး'

'ဒါကြၽန္ေတာ့္အမွားေၾကာင့္ျဖစ္သြားတယ္ဆိုတာ သိပါတယ္ ဒါေပမဲ့တကယ္မရည္႐ြယ္ခဲ့ပါဘူး.. ဟြန္းေလးနဲ႕ေတာ့ေတြ႕ခြင့္ေပးပါ'

'မင္းကို ငါေျပာထားတယ္မယ့္လား ေဂ်ာင္မင္နဲ႕ကိစၥကို အျပတ္ျဖတ္ထားပါလို႔'

'ကြၽန္ေတာ္..'

'ေတာ္ၿပီ ဘာမွမၾကားခ်င္ေတာ့ဘူး ျဖစ္ၿပီးသြားၿပီပဲ.. ထပ္မပတ္သက္ဘူးလို႔ ကတိေပး'

'ကတိေပးပါတယ္.. မလိုက္ရဘူးဆိုရင္လည္း ဟြန္းေလးနဲ႕ တေခါက္ေလာက္ေတြ႕ခြင့္ေပးပါ'

'မရဘူးလို႔ ေျပာထားတယ္ေလ ကင္မ္ေဆာ့ဂ်င္'

'အေဝးကပဲၾကည့္မွာပါ.. တႀကိမ္ေလာက္ပါပဲ သခင္ႀကီး ေက်းဇူးျပဳၿပီး'

'မရဘူး.. ကိုယ့္အမွားကိုသုံးသပ္ၿပီး ဒီမွာပဲေန.. ထယ္ဟြန္းျပန္လာတဲ့အထိေစာင့္ေနပါေနာက္ထပ္ ဘာကိစၥမွငါမၾကားခ်င္ဘူး။ အခုငါေျပာတဲ့အတိုင္းပဲလုပ္ရမယ္ သြားေတာ့'

'သြားေတာ​့ေလ.. ငါစိတ္ေျပာင္းမွာမဟုတ္ဘူး'

ေဆာ့ဂ်င္ဘယ္လိုလုပ္လုပ္ ေတြ႕ခြင့္ရမယ့္ပုံမရွိတာေၾကာင့္ ထြက္လာလိုက္တယ္

Part 5 [END] 🍂

There are no comments yet. Log in to be the first to leave a review!

Similar stories