Fanfics

1🍃

04:26, 12 September 2023

[Unicode]

"အမေ.. အမ​ေ... "

၅နှစ်သား ထယ်ယောင်းလေးက အမေကိုခေါ်ရင်း အိမ်ထဲကို အလောတကြီးပြေးဝင်လာတယ်..

"အမေ ထယ်ဟွန်း.. ဘာဖြစ်တာလဲမသိဘူး ခြံထဲမှာ ဆော့နေရင်းနဲ့ လဲကျသွားတာ.. အမေမြန်မြန်လာပါအုံး"

"ဟမ်.."

အမေလည်း အလောတကြီးပြေးလာပြီး ထယ်ဟွန်းကို ပွေ့ဖက်လိုက်ပြီး အမြန်ဆေးရုံကိုပို့လိုက်ရတယ်..

"ကလေးက နှလုံးရောဂါမွေးရာပါဆိုတော့ အစားအသောက်ရော အနေအထိုင်ဆင်ခြင်ဖို့လိုတယ် အမောခံလို့မဖြစ်ဘူး..

အခုလတ်တလောတော့ ဆေးရုံတင်ထားဖို့လိုတယ်"

"ဟုတ်.. ဟုတ်ကဲ့ပါ ကျွန်မသားလေးကို ဂရုစိုက်ပေးပါ ပျောက်အောင်ကုလို့ရတယ် မယ့်လား"

"ဟုတ်ကဲ့ပါ ကလေးကို အစစအရာရာ ဂရုစိုက်ပေးရင် ပြန်ကောင်းသွားလိမ့်မယ်"

ထယ်ဟွန်းလေး အိမ်ပြန်ရောက်လာတော့ အဖေနဲ့အမေက ညီလေးကိုပဲ ပိုပြီးချစ်ပေးလာတယ်... ဂရုစိုက်ပေးတယ်.. ကျွန်တော်တို့နှစ်ယောက်က ရုပ်ချင်းထပ်တူကျတဲ့အမြွာတွေဆိုပေမဲ့ ချစ်ခြင်မေတ္တာကိုတော့ ထပ်တူမရကြတော့ဘူး

ထယ်ယောင်းက ကျောင်းစာမှာလည်း တော်တယ် အတန်းထဲမှာ အမြဲထိပ်ဆူံးက ရှိနေတတ်တယ်.. ပထမရရင် အမေက ပိုချစ်လာမလားဆိုပြီး အမြဲကြိုးစားနေခဲ့တယ်

ထယ်ဟွန်းက ကျန်းမာရေးမကောင်းဘူး နှလုံးရောဂါကြောင့် ဆေးရုံလည်း ခဏခဏတက်ရတော့ ကျောင်းသိပ်မတက်နိုင်ဘူး စာလည်းမလိုက်နိုင်ဘူး.. ထယ်ယောင်းနဲ့ဆန့်ကျင်ဘက် အနေအထားမှာရှိတယ်..

"အမေ.. သားကျောင်းမှာ မနက်ဖြန်ဆုပေးပွဲရှိတယ် လိုက်ခဲ့နော်"

"အမေ မအားဘူး.. ထယ်ဟွန်းကို ဆေးခန်းပြရအူံးမယ် "

အဖေ့ကိုခေါ်သွားဖို့ကလည်း .. အဖေက စပျစ်ခြံမှာပဲ အလုပ်ရှုပ်နေတတ်တယ် စပျစ်ခြံဘက်သွားရင် ၃ရက် ၄ရက်လောက်ကြာမှ အိမ်ပြန်လာတတ်တယ် သုံးမကုန်လောက်တဲ့ ပိုက်ဆံတွေရှိနေလည်း ပိုက်ဆံကိုပဲအမြဲရှာနေတတ်တယ် ထယ်ဟွန်းလေးအတွက်တဲ့...

"ရပါတယ် အမေ ညီလေးက ပိုအရေးကြီးတာပေါ့" အမေအတွက်တော့ ထယ်ဟွန်းလေးက အမြဲပထမပဲ...

"ဟုတ်တယ်... သားကလိမ္မာပါတယ် ညီလေးကိုအမြဲဦးစားပေးရမယ်နော် ထယ်ဟွန်းကဆေးအခါးတွေလည်း အများကြီးသောက်ရတယ် ပြီးတော့အမြဲနေမကောင်းဖြစ်နေတတ်တော့ သားက အကြီးဆိုတော့ ညီလေးကို ဂရုစိုက်ပေးနော် ဦးစားပေးနော်"

ဒါကတော့ အမေက ထယ်ယောင်းကို အမြဲတမ်းပြောနေကျစကားပဲ အဲ့လိုအချိန်ဆို အမေက ချိုသာလွန်းတဲ့အသံနဲ့ ချော့ပြောတတ်တယ်.. ဒီစကားတွေက ထယ်ယောင်းရင်ထဲမှာ အမြဲစွဲနေတတ်ပြီး ညီလေးကို အမြဲလည်း ဦးစားပေးတယ်..

ထယ်ဟွန်းလေးကလည်း ကိုကို ကိုကိုနဲ့ ထယ်ယောင်းကို ကပ်ချွဲနေတတ်တယ် ထယ်ယောင်းကလည်း ညီလေးကိုချစ်တယ် ညီလေးကိုစောင့်ရှောက်ပေးရမယ်ဆိုတာက တာဝန်တခုလို စိတ်ထဲအမြဲစွဲနေတယ်

ထယ်ယောင်းနဲ့ထယ်ဟွန်းနဲ့က ရုပ်ချင်းထပ်တူကျတယ် နှာခေါင်းထိပ်က မှည့်လေးကအစတူညီကြတာ.. မတူညီကြတာက မျက်ဝန်းတွေပါ..ထယ်ဟွန်းရဲ့မျက်လုံးတွေက အားငယ်နေတတ်ပြီး သနားစရာကောင်းတဲ့ မျက်နှာငယ်လေးနဲ့ နေတတ်တယ်.. ထယ်ယောင်းကတော့ အဲ့လိုမဟုတ်ဘဲခက်ထန်လွန်းတဲ့ မျက်ဝန်းတွေရှိတယ်..

🍃🍃🍃

"jinna... ဘာဖြစ်တာလဲ ဘာလို့ဒီအချိန်ကြီးဖုန်းဆက်ခေါ်တာလဲ ဆေးရုံမသွားဘူးလား "

"အလုပ်ထွက်လာတာ.. "

"ဘာ.. ဆေးရုံမှာ ပြဿနာတခုခုဖြစ်လို့လား "

"ပြဿာနာ​ဖြစ်တာမဟုတ်ပါဘူး.. လစာက နည်းလွန်းလို့လေ.. ငါ့မိသားစုမှာ ငွေရေးကြေးရေးအခက်အခဲဖြစ်နေတာ.. ငါအခြား အလုပ်တခုရှာမလို့.. "

seokjinက ဆေးရုံမှာအလုပ်လုပ်နေတဲ့ သူနာပြုတယောက်ပါ seokjinလို နူးညံ့ပြီးသိမ်မွေ့ပြီး ဖော်ရွေတော့ အလုပ်မှာက အဆင်ပြေပါတယ်..

"Jin စိတ်ညစ်နေတာသိပါတယ်.. စိတ်ထဲပေါ့သွားအောင် ကိုယ့်ကိုပြောပြလေ ကိုယ်ကjinချစ်သူပဲမဟုတ်လား.. ဂျင်စိတ်ညစ်နေတာတွေကို ကိုယ်က မျှဝေခံစားပေးရမှာပေါ့.. "ပြောပြီး ဂျင်ရဲ့ပုခုံးလေးကိုဖက်ပြီး နှစ်သိမ့်ပေးလာခဲ့တယ်..

"ကျေးဇူးတင်ပါတယ် ဂျောင်မင်.. ငါ့မှာ မင်းတယောက်တည်းပဲရှိတယ် "

ဂျောင်မင်နဲ့ဂျင်က အထက်တန်းကတည်းက သူငယ်ချင်းတွေဖြစ်ကြပြီး ချစ်သူတွေဖြစ်သွားလည်း အခေါ်အဝေါ်တွေကိုလည်း အရင်တုန်းကအတိုင်း နာမည်ပဲခေါ်ကြပြီး.. ချွဲနွဲ့တာမျိူးတွေ မရှိဘူး.. ကိုယ့်စိတ်ညစ်နေရင် ကိုယ့်အနားမှာရှိပေးတယ် ကိုယ့်ကိုနှစ်သိမ့်ပေးမယ် တကယ့်သူငယ်ချင်းကောင်းပါ..

"ကဲ.. ဆက်ပြောပါအုံး.ကိုယ့်ကိုအားလုံးပြောပြလို့ရပါတယ်.. ကိုယ်က ဂျင်အကြောင်းဆို အားလူံးနီးပါး သိပြီးသားပဲဟာ..အခုရော အမေအဖေကြောင့်ပဲ မယ့်လား.."

"အမေ့ကြက်ကြော်ဆိုင်ကလည်း အဆင်မပြေဘူးဖြစ်လာတယ်.. အဖေက ထုံးစံအတိုင်းအရက်ပဲသောက်နေတာဆိုတော့ ငါလည်း အလုပ်ပိုလုပ်ဖို့လိုတာကြောင့်ပါ... "

ဂျင်သက်ပြင်းချရင်း ပြောလိုက်တယ်..

"အန်တီ့ဆိုင်က ဘယ်လိုဖြစ်တာလဲ အရင်ကရောင်းရပါတယ် အဆင်ပြေနေသေးတာပဲလေ "

"အင်း.. ငါလည်းမသိတော့ဘူး... ငါလည်းအလုပ်သွားနေတော့ မသိဘူး "

"အလုပ်ရှာဖို့ကမလွယ်ဘူးနော်.. ဘယ်လိုအလုပ်တွေလုပ်ဖို့စဥ်းစားနေတာလဲ.. ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့.. "

"ဂျင်မဟုတ်တာတွေမလုပ်ပါဘူး.. အမေ့ဆိုင်ကိုပဲပြန်ပြီး အဆင်ပြေအောင် ကြိုးစားမလို့ပါ.. အခုက ဂျင်ကတနေ့လုံးဆေးရုံမှာဆိုတော့.. ဆိုင်ကိုမကြည့်ဖြစ်ဘူးလေ.. အမေတယောက်တည်းမနိုင်လို့ထင်တယ်.. ဂျင်ပါ ဝင်ကူပေးမလို့ပါ.. ဆိုင်ပြန်အဆင်ပြေမှပဲ ဘာဆက်လုပ်ရမလဲ စဥ်းစားရမှာ "

"အင်းပါ.. ဟုတ်ပါပြီ.. ကိုယ်ယုံပါတယ် ဂျင်ကို.. "

"ပြီးတော့ ကိုယ်ကူညီနိုင်တာရှိရင် ကူညီပါ့မယ်.. အချိန်မရွေးပြောနော် ဂျင် "

တကယ်တော့ ပြောလို့မကုန်နိုင်လောက်အောင် ပြဿနာတွေရှိနေသေးပေမဲ့ အကုန်မပြောလိုက်ပါဘူး..

အမေ့မှာ ဆိုင်ခန်း​ငှားပြီးဖွင့်ထားတဲ့ ကြက်ကြော်ဆိုင်လေးရှိတယ်.. စီးပွားရေးကတော့ အဆင်ပြေပါတယ်.. အဆင်ပြေတယ်ဆိုတာ အရင်ကပေါ့ အခုကအခန်းငှားခမပေးနိုင်လို့ ဖယ်ပေးရတော့မယ့် အခြေအနေအထိရောက်နေပြီ အဲ့ဒါကိုတော့ ဂျောင်မင်ကို မပြောပြလိုက်ဘူး..

အဖေကတော့ ဘာမှစိတ်မဝင်စားဘူး.. အရက်သောက်နေရရင် ရပြီဆိုတဲ့ ပုံစံမျိူး .. ပိုက်ဆံတောင်းပြီးရင်လည်း အရက်ပဲဝယ်သောက်တယ်.. အဖေက အရက်ပဲလိုတာ..

seokjinလည်း ဆေးရုံကနေအလုပ်ထွက်ပြီး နောက်အလုပ်တခုရှာကြံနေရပြန်တယ်အလုပ်ရှာရတာ မလွယ်တာသိပေမဲ့ ဆေးရုံမှာအလုပ်လုပ်နေရင်းနဲ့ နောက်အလုပ်တခုရှာဖို့ဆိုတာ မလွယ်ကူလှပေ။ဆေးရုံကနေ အိမ်ပြန်ရောက်ရင်လည်း လူကပင်ပန်းတော့ နားချင်ပြန်တယ်..

သေချာစဥ်းစားကြည့်တော့ အလုပ်ထွက်လာတာ နောင်တရလာသလိုပဲ.. ဒါပေမဲ့လည်း ကိုယ်ထွင်တဲ့ဇာတ်ကို ကိုယ်တိုင်ဆက် က'ရအုံးမှာပေါ့ ဂျင်တယောက်.. အလုပ်တခုထပ်ရဖို့ ရှာကြံရအုံးမှာပေါ့..

🍃🍃🍃

"ဂျင်.. မင်းအတွက်အလုပ်ရှာလာပေးတယ် "

"ဟမ်.. ဘာအလုပ်လဲ"

ဂျင်လန့်သွားခဲ့ကာ.. ဟမ်.. မနေ့ကဘဲပြောသေးတာ ဒီနေ့အလုပ်တန်းရတာဆိုတော​့.. ဟုတ်ရောဟုတ်ရဲ့လား ဂျင်ပဲကံကောင်းတာလား လို့တောင် သံသယဝင်မိတယ်..

"မင်းနဲ့အသင့်တော်ဆုံးအလုပ်ပဲကွ ... ငါ့ဝမ်းကွဲမောင်လေး ထယ်ဟွန်းအတ​ွက် အနားမှာနေပေးဖို့ သူနာပြုတယောက်လိုနေတာတဲ့ မင်းအဲ့မှာသာအလုပ်ရရင် အဆင်ပြေသွားမှာ.. "

"ဒါပေမဲ့.. အမေ့ဆိုင်က.. "

"ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့.. ဆိုင်ကအဆင်ပြေအောင် ပြန်လုပ်ဖို့က သေချာတာမဟုတ်ဘူး.. အဲ့မှာဆို လစာကောင်းလိမ့်မယ်.. ဒါမှ ကိုယ်လည်းဂျင်ကို စိတ်ချနိုင်မှာ.. ပြီးတော့ မင်းသတိတော့ထားရမယ်.. ထယ်ဟွန်းနားမှာ သူနာပြုတွေက တစ်လတောင်မခံဘူး.. မင်းအလုပ်မြဲဖို့တော့ကြိုးစားရလိမ့်မယ် "

ဂျောင်မင်က သူအလုပ်ရမှာကို သူ့ထက်တောင်ပိုပျော်နေသေးတယ်..ဝမ်းသာအားရနဲ့.. လာပြောပြပေးတဲ့ ဂျောင်မင်...

"အင်းပါ.. အလုပ်လျှောက်ဖို့ ဘာတွေလိုသေးလဲ"

"ဘာမှမလိုဘူး မင်းတခေါက်လောက်သွားတွေ့ပြီး ငါ့ဦးလေးမေးတာဖြေလိုက်ရင်ရပြီ "

"ကျေးဇူးတင်ပါတယ် မင်းကျေးဇူးနဲ့အဆင်ပြေရတော့မယ်.. "

"ဂျင်အတွက်ပဲဟာ.. "

ဂျောင်မင်က ထယ်အမြွာတို့အဖေရဲ့ အမသားပါ.. ထယ်အမြွာနဲ့ဂျောင်မင်နဲ့က ဝမ်းကွဲညီအကိုတွေဆိုပြီး ချစ်ခင်ရင်းနှီးကြတဲ့ဆက်ဆံရေးမျိုးတော့ မဟုတ်ပါဘူး.. သိတယ်ဆိုရုံလောက်ပါပဲ ပြီးတော့ မိသားစုနှစ်ခုကြားမှာလည်း ပြဿနာတွေရှိသေးတယ်..

မိသားစုစီးပွားရေးလုပ်ငန်း စပျစ်ခြံကြီးကို စိုက်ပျိုးရေးအကြောင်းနားလည်တဲ့ ထယ်အမြွာရဲ့အဖေကိုသာ အမွေပေးခဲ့တာကြောင့် ဂျောင်မင်အမေက မကျေနပ်ဖြစ်ခဲ့ကြတာပါ ထယ်အမြွာရဲ့အဖေကို အမွေပေးတယ်ဆိုပေမဲ့လည်း.. ဒီခြံကြီးကို အမွေမရခင်ကတည်းက ထယ်အမြွာရဲ့အဖေကပဲ သေချာဦးစီးလာခဲ့မိူ့လို့.. အချိန်တန်တော့လွဲပေးခဲ့တာပါ..

အဲ့ကတည်းက အခေါ်အပြောသိပ်မရှိကြတော့တာပါ..

ဒါပေမဲ့ ဂျောင်မင်အဖေနဲ့ ထယ်အမြွာတို့အဖေက ရင်းရင်းနှီးနှီးရှိတယ်.. စကားတွေပြောဖြစ်ကြသေးတယ်..

အခုကိစ္စကိုလည်း ဂျောင်မင်က အဖေဖြစ်သူဆီကနေ ကြားလာခဲ့တော့ ဂျင်အတွက်အဆင်ပြေမှာပဲ ဆိုပြီး.. ချက်ချင်းလာပြောပြခဲ့တာ...

🍃🍃🍃

အခုဆို ထယ်အမြွာရဲ့ အမေကဆုံးသွားတာ ၆နှစ်ပြည့်တော့မယ်..

အမေမရှိတဲ့နောက်ပိုင်းကတည်းက ထယ်ဟွန်းလေးအနားမှာ နေဖို့သူနာပြုငှားထားပေးတယ် ဆေးအချိန်မှန်ပေးသောက်ဖို့.. ထယ်ဟွန်းမှာက အပေါင်းအသင်းလဲမရှိတော့ အထီးကျန်နေတတ်လို့ အနားမှာ တယောက်သီးသန့်ထားပေးတယ် ထယ်ဟွန်းလေး မပျင်းရအောင်ပေါ့..

ထယ်ဟွန်းက ကျောင်းခဏခဏပျက်တော့ စာမလိုက်နိုင်... အခြားကလေးတွေလိုမျိုးလည်း ပြေးလွားမကစားနိုင်ဘူး.. အိမ်မှာပဲစာသင်ရတယ်.. အပေါင်းအသင်းဆိုတာလည်း မရှိတဲ့ထယ်ဟွန်းလေးအတွက် အဖေကလည်း ကိုယ်တိုင်ဂရုမစိုက်နိုင်တော့.. လူတယောက်အမြဲရှာပေးထားတယ်

ပထမဆုံးအလုပ်ရှင်နဲ့တွေ့ရမယ်ဆိုတော့ ဂျောင်မင်ပေးတဲ့ လိပ်စာအတိုင်းလာခဲ့လိုက်တယ်...

ကျယ်ဝန်းလှတဲ့ခြံကြီးရှေ့မှ ဘဲလ်တီးလိုက်တော့ လူတယောက်ထ​ွက်လာပြီး တံခါးလာဖွင့်ပေးတယ်..

"သူနာပြု လာလျှောက်တဲ့ ကင်မ်ဆော့ဂျင်ပါ"

"ဟုတ်ကဲ့ သူဠေးကအထဲမှာစောင့်နေတယ်"

"ဟုတ်" ခြံဝနေ အိမ်ကြီးဆီကိုရောက်ဖို့ အတော်လမ်းလျှောက်ရသေးတယ်

အိမ်အဝရောက်တော့ နောက်ထပ်လူတယောက်ထပ်တွေ့ရပြန်တယ်..

"ကျွန်တော်က ဒီကအိမ်တော်ထိန်းပါ ကျွန်တော့်နောက်လိုက်ခဲ့ပါ"

အိမ်မှာအခန်းဖွဲ့ထားတဲ့ စာကြည့်ခန်းထဲကို ခေါ်လာခဲ့တယ် အထဲမှာတော့ သူဠေးလို့ထင်ရတယ့် လူကြီးတယောက်ရှိနေတယ်..

ပုံစံက ကျက်သရေရှိလွန်းပြီး လူကြီးလူကောင်းဆန်တဲ့ လူကြီးတယောက် ဂျင်ကိုမြင်တော့ ပြုံးပြလိုက်တယ် သူ့အပြုံးက တကယ့်ကို လူကိုနွေးထွေးသွားစေသလိုမျိူး... တကယ့်ကိုစိတ်ကောင်းရှိတဲ့ပုံစံပေါ်နေတယ်..

"အန်ညော်ဟာစယ်ယို သူနာပြုလာလျှောက်တဲ့ ကင်မ်ဆော့ဂျင်ပါ"

"ထိုင်ပါ... ဒါနဲ့ ဒီအလုပ်က အတွေ့အကြုံရှိလား"

"အိမ်မှာတော့ မလုပ်ဖူးပေမဲ့ ဆေးရုံမှာ၄နှစ်လုပ်ဖူးပါတယ်"

"အများကြီးမမေးတော့ပါဘူး မင်းအကြောင်းကိုလည်း ဂျောင်မင်ပြောကတည်းက စုံစမ်းထားပါတယ် ရပြီ အခုပဲအလုပ်စဆင်းလိုက်တော့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"အလုပ်ကို မနက်၈နာရီကနေ ည၆နာရီအထိ ဒီအိမ်မှာနေရမယ်.. အဓိကမှာချင်တာကတော့ ထယ်ဟွန်း စိတ်ချမ်းသာဖို့ပါ သူ့ကိုသေချာဂရုစိုက်ပါ.. လစာက အရင်ဆေးရုံကလစာထက် ၅ဆရမယ် အဆင်ပြေလား.. "

"ဟုတ်.. အဆင်ပြေပါတယ် " ၅ဆ ဆိုတာကြားလိုက်တော့ လန့်သွားခဲ့တယ်.. အိုး 'ထယ်ဟွန်းက အဲ့လိုငွေအများကြီးပေးရလောက်တဲ့အထိ အဲ့လောက်ထိန်းရခက်တာလား' ဘာပဲဖြစ်ဖြစ် အမေ့ကြက်ကြော်ဆိုင်လေး မပိတ်ရတော့ဘူးပေါ့..

"အိမ်တော်ထိန်းpark.. သူ့ကို ထယ်ဟွန်းဆီ လိုက်ပို့ပေးလိုက်"

အနောက်မှာရှိနေတဲ့ အိမ်တော်ထိန်းကိုပြောလိုက်ခြင်းပင်...

🍃🍃🍃

အခန်းထဲဝင်လိုက်တော့ အိပ်ယာထက်မှာ ထိုင်နေပြိး အပြင်ဘက် ပြတင်းပေါက်ဘက်ကို ကြည့်နေတယ် ဂျင်အထဲဝင်လိုက်ပြီးအထိ မလှည့်ကြည့်လာဘူး...

"သခင်လေး.. သူနာပြုအသစ်ရောက်နေပြီ"

ဂျင်ကိုလာပို့ပေးတဲ့အိမ်တော်ထိန်းက အသံပေးလိုက်တော့မှ လှည့်ကြည့်လာတယ်

ကောင်လေးရဲ့မျက်နှာက နေမကောင်းတဲ့သူဆိုပေမဲ့ တော်တော်ချောနေတယ်... ဂျင်ထက်၂နှစ်ပဲငယ်တာဆိုပေမဲ့ မျက်နှာလေးက ကလေးလေးလိုပဲ တကယ်အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဂျင်ကိုစိုက်ကြည့်နေတယ်...

"Hyung... ဒီနားမှာလာထိုင်လေ" သူ့ဘေးနားက ထိုင်ခုံလေးကို ပြပြီးပြောလာတယ်..

"ကျွန်တော့နာမည်က ကင်မ်ဆော့ဂျင်ပါ"

"ကျွန်တော်က ကင်မ်ထယ်ဟွန်းပါ"

စတွေ့ကတည်းက ကျွန်တော့်ကို Hyung' လို့ခေါ်ကာ.. ပြုံးပြီးနှုတ်ဆက်လာတော့ နွေးထွေးလွန်းတဲ့ကြိုဆိုမှုတခုလိုခံစားလိုက်ရတယ်.. ဂျောင်မင်ပြောသလို သူနာပြုတယောက်က တစ်လတောင်မခံဘူးဆိုတာက ဖြစ်နိုင်ပါ့မလား ။

Part 1 [END] 🍃

ဖတ်ရအဆင်ပြေရဲ့လား💭 လိုအပ်တာရှိရင်လည်း ပြောပေးကြပါ💗

ပြောချင်တာရှိရင်လည်း ပြောပေးကြပါ✅

[Zawgyi]

"အေမ.. အမ​ေ... "

၅ႏွစ္သား ထယ္ေယာင္းေလးက အေမကိုေခၚရင္း အိမ္ထဲကို အေလာတႀကီးေျပးဝင္လာတယ္..

"အေမ ထယ္ဟြန္း.. ဘာျဖစ္တာလဲမသိဘူး ၿခံထဲမွာ ေဆာ့ေနရင္းနဲ႕ လဲက်သြားတာ.. အေမျမန္ျမန္လာပါအုံး"

"ဟမ္.."

အေမလည္း အေလာတႀကီးေျပးလာၿပီး ထယ္ဟြန္းကို ေပြ႕ဖက္လိုက္ၿပီး အျမန္ေဆး႐ုံကိုပို႔လိုက္ရတယ္..

"ကေလးက ႏွလုံးေရာဂါေမြးရာပါဆိုေတာ့ အစားအေသာက္ေရာ အေနအထိုင္ဆင္ျခင္ဖို႔လိုတယ္ အေမာခံလို႔မျဖစ္ဘူး..

အခုလတ္တေလာေတာ့ ေဆး႐ုံတင္ထားဖို႔လိုတယ္"

"ဟုတ္.. ဟုတ္ကဲ့ပါ ကြၽန္မသားေလးကို ဂ႐ုစိုက္ေပးပါ ေပ်ာက္ေအာင္ကုလို႔ရတယ္ မယ့္လား"

"ဟုတ္ကဲ့ပါ ကေလးကို အစစအရာရာ ဂ႐ုစိုက္ေပးရင္ ျပန္ေကာင္းသြားလိမ့္မယ္"

ထယ္ဟြန္းေလး အိမ္ျပန္ေရာက္လာေတာ့ အေဖနဲ႕အေမက ညီေလးကိုပဲ ပိုၿပီးခ်စ္ေပးလာတယ္... ဂ႐ုစိုက္ေပးတယ္.. ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ႐ုပ္ခ်င္းထပ္တူက်တဲ့အႁမြာေတြဆိုေပမဲ့ ခ်စ္ျခင္ေမတၱာကိုေတာ့ ထပ္တူမရၾကေတာ့ဘူး

ထယ္ေယာင္းက ေက်ာင္းစာမွာလည္း ေတာ္တယ္ အတန္းထဲမွာ အၿမဲထိပ္ဆူံးက ရွိေနတတ္တယ္.. ပထမရရင္ အေမက ပိုခ်စ္လာမလားဆိုၿပီး အၿမဲႀကိဳးစားေနခဲ့တယ္

ထယ္ဟြန္းက က်န္းမာေရးမေကာင္းဘူး ႏွလုံးေရာဂါေၾကာင့္ ေဆး႐ုံလည္း ခဏခဏတက္ရေတာ့ ေက်ာင္းသိပ္မတက္နိုင္ဘူး စာလည္းမလိုက္နိုင္ဘူး.. ထယ္ေယာင္းနဲ႕ဆန့္က်င္ဘက္ အေနအထားမွာရွိတယ္..

"အေမ.. သားေက်ာင္းမွာ မနက္ျဖန္ဆုေပးပြဲရွိတယ္ လိုက္ခဲ့ေနာ္"

"အေမ မအားဘူး.. ထယ္ဟြန္းကို ေဆးခန္းျပရအူံးမယ္ "

အေဖ့ကိုေခၚသြားဖို႔ကလည္း .. အေဖက စပ်စ္ၿခံမွာပဲ အလုပ္ရႈပ္ေနတတ္တယ္ စပ်စ္ၿခံဘက္သြားရင္ ၃ရက္ ၄ရက္ေလာက္ၾကာမွ အိမ္ျပန္လာတတ္တယ္ သုံးမကုန္ေလာက္တဲ့ ပိုက္ဆံေတြရွိေနလည္း ပိုက္ဆံကိုပဲအၿမဲရွာေနတတ္တယ္ ထယ္ဟြန္းေလးအတြက္တဲ့...

"ရပါတယ္ အေမ ညီေလးက ပိုအေရးႀကီးတာေပါ့" အေမအတြက္ေတာ့ ထယ္ဟြန္းေလးက အၿမဲပထမပဲ...

"ဟုတ္တယ္... သားကလိမၼာပါတယ္ ညီေလးကိုအၿမဲဦးစားေပးရမယ္ေနာ္ ထယ္ဟြန္းကေဆးအခါးေတြလည္း အမ်ားႀကီးေသာက္ရတယ္ ၿပီးေတာ့အၿမဲေနမေကာင္းျဖစ္ေနတတ္ေတာ့ သားက အႀကီးဆိုေတာ့ ညီေလးကို ဂ႐ုစိုက္ေပးေနာ္ ဦးစားေပးေနာ္"

ဒါကေတာ့ အေမက ထယ္ေယာင္းကို အၿမဲတမ္းေျပာေနက်စကားပဲ အဲ့လိုအခ်ိန္ဆို အေမက ခ်ိဳသာလြန္းတဲ့အသံနဲ႕ ေခ်ာ့ေျပာတတ္တယ္.. ဒီစကားေတြက ထယ္ေယာင္းရင္ထဲမွာ အၿမဲစြဲေနတတ္ၿပီး ညီေလးကို အၿမဲလည္း ဦးစားေပးတယ္..

ထယ္ဟြန္းေလးကလည္း ကိုကို ကိုကိုနဲ႕ ထယ္ေယာင္းကို ကပ္ခြၽဲေနတတ္တယ္ ထယ္ေယာင္းကလည္း ညီေလးကိုခ်စ္တယ္ ညီေလးကိုေစာင့္ေရွာက္ေပးရမယ္ဆိုတာက တာဝန္တခုလို စိတ္ထဲအၿမဲစြဲေနတယ္

ထယ္ေယာင္းနဲ႕ထယ္ဟြန္းနဲ႕က ႐ုပ္ခ်င္းထပ္တူက်တယ္ ႏွာေခါင္းထိပ္က မွည့္ေလးကအစတူညီၾကတာ.. မတူညီၾကတာက မ်က္ဝန္းေတြပါ..ထယ္ဟြန္းရဲ႕မ်က္လုံးေတြက အားငယ္ေနတတ္ၿပီး သနားစရာေကာင္းတဲ့ မ်က္ႏွာငယ္ေလးနဲ႕ ေနတတ္တယ္.. ထယ္ေယာင္းကေတာ့ အဲ့လိုမဟုတ္ဘဲခက္ထန္လြန္းတဲ့ မ်က္ဝန္းေတြရွိတယ္..

🍃🍃🍃

"jinna... ဘာျဖစ္တာလဲ ဘာလို႔ဒီအခ်ိန္ႀကီးဖုန္းဆက္ေခၚတာလဲ ေဆး႐ုံမသြားဘူးလား "

"အလုပ္ထြက္လာတာ.. "

"ဘာ.. ေဆး႐ုံမွာ ျပႆနာတခုခုျဖစ္လို႔လား "

"ျပႆာနာ​ျဖစ္တာမဟုတ္ပါဘူး.. လစာက နည္းလြန္းလို႔ေလ.. ငါ့မိသားစုမွာ ေငြေရးေၾကးေရးအခက္အခဲျဖစ္ေနတာ.. ငါအျခား အလုပ္တခုရွာမလို႔.. "

seokjinက ေဆး႐ုံမွာအလုပ္လုပ္ေနတဲ့ သူနာျပဳတေယာက္ပါ seokjinလို ႏူးညံ့ၿပီးသိမ္ေမြ႕ၿပီး ေဖာ္ေ႐ြေတာ့ အလုပ္မွာက အဆင္ေျပပါတယ္..

"Jin စိတ္ညစ္ေနတာသိပါတယ္.. စိတ္ထဲေပါ့သြားေအာင္ ကိုယ့္ကိုေျပာျပေလ ကိုယ္ကjinခ်စ္သူပဲမဟုတ္လား.. ဂ်င္စိတ္ညစ္ေနတာေတြကို ကိုယ္က မွ်ေဝခံစားေပးရမွာေပါ့.. "ေျပာၿပီး ဂ်င္ရဲ႕ပုခုံးေလးကိုဖက္ၿပီး ႏွစ္သိမ့္ေပးလာခဲ့တယ္..

"ေက်းဇူးတင္ပါတယ္ ေဂ်ာင္မင္.. ငါ့မွာ မင္းတေယာက္တည္းပဲရွိတယ္ "

ေဂ်ာင္မင္နဲ႕ဂ်င္က အထက္တန္းကတည္းက သူငယ္ခ်င္းေတြျဖစ္ၾကၿပီး ခ်စ္သူေတြျဖစ္သြားလည္း အေခၚအေဝၚေတြကိုလည္း အရင္တုန္းကအတိုင္း နာမည္ပဲေခၚၾကၿပီး.. ခြၽဲႏြဲ႕တာမ်ိဴးေတြ မရွိဘူး.. ကိုယ့္စိတ္ညစ္ေနရင္ ကိုယ့္အနားမွာရွိေပးတယ္ ကိုယ့္ကိုႏွစ္သိမ့္ေပးမယ္ တကယ့္သူငယ္ခ်င္းေကာင္းပါ..

"ကဲ.. ဆက္ေျပာပါအုံး.ကိုယ့္ကိုအားလုံးေျပာျပလို႔ရပါတယ္.. ကိုယ္က ဂ်င္အေၾကာင္းဆို အားလူံးနီးပါး သိၿပီးသားပဲဟာ..အခုေရာ အေမအေဖေၾကာင့္ပဲ မယ့္လား.."

"အေမ့ၾကက္ေၾကာ္ဆိုင္ကလည္း အဆင္မေျပဘူးျဖစ္လာတယ္.. အေဖက ထုံးစံအတိုင္းအရက္ပဲေသာက္ေနတာဆိုေတာ့ ငါလည္း အလုပ္ပိုလုပ္ဖို႔လိုတာေၾကာင့္ပါ... "

ဂ်င္သက္ျပင္းခ်ရင္း ေျပာလိုက္တယ္..

"အန္တီ့ဆိုင္က ဘယ္လိုျဖစ္တာလဲ အရင္ကေရာင္းရပါတယ္ အဆင္ေျပေနေသးတာပဲေလ "

"အင္း.. ငါလည္းမသိေတာ့ဘူး... ငါလည္းအလုပ္သြားေနေတာ့ မသိဘူး "

"အလုပ္ရွာဖို႔ကမလြယ္ဘူးေနာ္.. ဘယ္လိုအလုပ္ေတြလုပ္ဖို႔စဥ္းစားေနတာလဲ.. ကိုယ့္ကိုစိတ္ပူေအာင္မလုပ္ပါနဲ႕.. "

"ဂ်င္မဟုတ္တာေတြမလုပ္ပါဘူး.. အေမ့ဆိုင္ကိုပဲျပန္ၿပီး အဆင္ေျပေအာင္ ႀကိဳးစားမလို႔ပါ.. အခုက ဂ်င္ကတေန႕လုံးေဆး႐ုံမွာဆိုေတာ့.. ဆိုင္ကိုမၾကည့္ျဖစ္ဘူးေလ.. အေမတေယာက္တည္းမနိုင္လို႔ထင္တယ္.. ဂ်င္ပါ ဝင္ကူေပးမလို႔ပါ.. ဆိုင္ျပန္အဆင္ေျပမွပဲ ဘာဆက္လုပ္ရမလဲ စဥ္းစားရမွာ "

"အင္းပါ.. ဟုတ္ပါၿပီ.. ကိုယ္ယုံပါတယ္ ဂ်င္ကို.. "

"ၿပီးေတာ့ ကိုယ္ကူညီနိုင္တာရွိရင္ ကူညီပါ့မယ္.. အခ်ိန္မေ႐ြးေျပာေနာ္ ဂ်င္ "

တကယ္ေတာ့ ေျပာလို႔မကုန္နိုင္ေလာက္ေအာင္ ျပႆနာေတြရွိေနေသးေပမဲ့ အကုန္မေျပာလိုက္ပါဘူး..

အေမ့မွာ ဆိုင္ခန္း​ငွားၿပီးဖြင့္ထားတဲ့ ၾကက္ေၾကာ္ဆိုင္ေလးရွိတယ္.. စီးပြားေရးကေတာ့ အဆင္ေျပပါတယ္.. အဆင္ေျပတယ္ဆိုတာ အရင္ကေပါ့ အခုကအခန္းငွားခမေပးနိုင္လို႔ ဖယ္ေပးရေတာ့မယ့္ အေျခအေနအထိေရာက္ေနၿပီ အဲ့ဒါကိုေတာ့ ေဂ်ာင္မင္ကို မေျပာျပလိုက္ဘူး..

အေဖကေတာ့ ဘာမွစိတ္မဝင္စားဘူး.. အရက္ေသာက္ေနရရင္ ရၿပီဆိုတဲ့ ပုံစံမ်ိဴး .. ပိုက္ဆံေတာင္းၿပီးရင္လည္း အရက္ပဲဝယ္ေသာက္တယ္.. အေဖက အရက္ပဲလိုတာ..

seokjinလည္း ေဆး႐ုံကေနအလုပ္ထြက္ၿပီး ေနာက္အလုပ္တခုရွာႀကံေနရျပန္တယ္အလုပ္ရွာရတာ မလြယ္တာသိေပမဲ့ ေဆး႐ုံမွာအလုပ္လုပ္ေနရင္းနဲ႕ ေနာက္အလုပ္တခုရွာဖို႔ဆိုတာ မလြယ္ကူလွေပ။ေဆး႐ုံကေန အိမ္ျပန္ေရာက္ရင္လည္း လူကပင္ပန္းေတာ့ နားခ်င္ျပန္တယ္..

ေသခ်ာစဥ္းစားၾကည့္ေတာ့ အလုပ္ထြက္လာတာ ေနာင္တရလာသလိုပဲ.. ဒါေပမဲ့လည္း ကိုယ္ထြင္တဲ့ဇာတ္ကို ကိုယ္တိုင္ဆက္ က'ရအုံးမွာေပါ့ ဂ်င္တေယာက္.. အလုပ္တခုထပ္ရဖို႔ ရွာႀကံရအုံးမွာေပါ့..

🍃🍃🍃

"ဂ်င္.. မင္းအတြက္အလုပ္ရွာလာေပးတယ္ "

"ဟမ္.. ဘာအလုပ္လဲ"

ဂ်င္လန့္သြားခဲ့ကာ.. ဟမ္.. မေန႕ကဘဲေျပာေသးတာ ဒီေန႕အလုပ္တန္းရတာဆိုေတာ​့.. ဟုတ္ေရာဟုတ္ရဲ႕လား ဂ်င္ပဲကံေကာင္းတာလား လို႔ေတာင္ သံသယဝင္မိတယ္..

"မင္းနဲ႕အသင့္ေတာ္ဆုံးအလုပ္ပဲကြ ... ငါ့ဝမ္းကြဲေမာင္ေလး ထယ္ဟြန္းအတ​ြက္ အနားမွာေနေပးဖို႔ သူနာျပဳတေယာက္လိုေနတာတဲ့ မင္းအဲ့မွာသာအလုပ္ရရင္ အဆင္ေျပသြားမွာ.. "

"ဒါေပမဲ့.. အေမ့ဆိုင္က.. "

"ဒါေပမဲ့ေတြ ဘာေတြလုပ္မေနနဲ႕.. ဆိုင္ကအဆင္ေျပေအာင္ ျပန္လုပ္ဖို႔က ေသခ်ာတာမဟုတ္ဘူး.. အဲ့မွာဆို လစာေကာင္းလိမ့္မယ္.. ဒါမွ ကိုယ္လည္းဂ်င္ကို စိတ္ခ်နိဳင္မွာ.. ၿပီးေတာ့ မင္းသတိေတာ့ထားရမယ္.. ထယ္ဟြန္းနားမွာ သူနာျပဳေတြက တစ္လေတာင္မခံဘူး.. မင္းအလုပ္ၿမဲဖို႔ေတာ့ႀကိဳးစားရလိမ့္မယ္ "

ေဂ်ာင္မင္က သူအလုပ္ရမွာကို သူ႕ထက္ေတာင္ပိုေပ်ာ္ေနေသးတယ္..ဝမ္းသာအားရနဲ႕.. လာေျပာျပေပးတဲ့ ေဂ်ာင္မင္...

"အင္းပါ.. အလုပ္ေလွ်ာက္ဖို႔ ဘာေတြလိုေသးလဲ"

"ဘာမွမလိုဘူး မင္းတေခါက္ေလာက္သြားေတြ႕ၿပီး ငါ့ဦးေလးေမးတာေျဖလိုက္ရင္ရၿပီ "

"ေက်းဇူးတင္ပါတယ္ မင္းေက်းဇူးနဲ႕အဆင္ေျပရေတာ့မယ္.. "

"ဂ်င္အတြက္ပဲဟာ.. "

ေဂ်ာင္မင္က ထယ္အႁမြာတို႔အေဖရဲ႕ အမသားပါ.. ထယ္အႁမြာနဲ႕ေဂ်ာင္မင္နဲ႕က ဝမ္းကြဲညီအကိုေတြဆိုၿပီး ခ်စ္ခင္ရင္းႏွီးၾကတဲ့ဆက္ဆံေရးမ်ိဳးေတာ့ မဟုတ္ပါဘူး.. သိတယ္ဆို႐ုံေလာက္ပါပဲ ၿပီးေတာ့ မိသားစုႏွစ္ခုၾကားမွာလည္း ျပႆနာေတြရွိေသးတယ္..

မိသားစုစီးပြားေရးလုပ္ငန္း စပ်စ္ၿခံႀကီးကို စိုက္ပ်ိဳးေရးအေၾကာင္းနားလည္တဲ့ ထယ္အႁမြာရဲ႕အေဖကိုသာ အေမြေပးခဲ့တာေၾကာင့္ ေဂ်ာင္မင္အေမက မေက်နပ္ျဖစ္ခဲ့ၾကတာပါ ထယ္အႁမြာရဲ႕အေဖကို အေမြေပးတယ္ဆိုေပမဲ့လည္း.. ဒီၿခံႀကီးကို အေမြမရခင္ကတည္းက ထယ္အႁမြာရဲ႕အေဖကပဲ ေသခ်ာဦးစီးလာခဲ့မိူ႕လို႔.. အခ်ိန္တန္ေတာ့လြဲေပးခဲ့တာပါ..

အဲ့ကတည္းက အေခၚအေျပာသိပ္မရွိၾကေတာ့တာပါ..

ဒါေပမဲ့ ေဂ်ာင္မင္အေဖနဲ႕ ထယ္အႁမြာတို႔အေဖက ရင္းရင္းႏွီးႏွီးရွိတယ္.. စကားေတြေျပာျဖစ္ၾကေသးတယ္..

အခုကိစၥကိုလည္း ေဂ်ာင္မင္က အေဖျဖစ္သူဆီကေန ၾကားလာခဲ့ေတာ့ ဂ်င္အတြက္အဆင္ေျပမွာပဲ ဆိုၿပီး.. ခ်က္ခ်င္းလာေျပာျပခဲ့တာ...

🍃🍃🍃

အခုဆို ထယ္အႁမြာရဲ႕ အေမကဆုံးသြားတာ ၆ႏွစ္ျပည့္ေတာ့မယ္..

အေမမရွိတဲ့ေနာက္ပိုင္းကတည္းက ထယ္ဟြန္းေလးအနားမွာ ေနဖို႔သူနာျပဳငွားထားေပးတယ္ ေဆးအခ်ိန္မွန္ေပးေသာက္ဖို႔.. ထယ္ဟြန္းမွာက အေပါင္းအသင္းလဲမရွိေတာ့ အထီးက်န္ေနတတ္လို႔ အနားမွာ တေယာက္သီးသန့္ထားေပးတယ္ ထယ္ဟြန္းေလး မပ်င္းရေအာင္ေပါ့..

ထယ္ဟြန္းက ေက်ာင္းခဏခဏပ်က္ေတာ့ စာမလိုက္နိုင္... အျခားကေလးေတြလိုမ်ိဳးလည္း ေျပးလြားမကစားနိုင္ဘူး.. အိမ္မွာပဲစာသင္ရတယ္.. အေပါင္းအသင္းဆိုတာလည္း မရွိတဲ့ထယ္ဟြန္းေလးအတြက္ အေဖကလည္း ကိုယ္တိုင္ဂ႐ုမစိုက္နိုင္ေတာ့.. လူတေယာက္အၿမဲရွာေပးထားတယ္

ပထမဆုံးအလုပ္ရွင္နဲ႕ေတြ႕ရမယ္ဆိုေတာ့ ေဂ်ာင္မင္ေပးတဲ့ လိပ္စာအတိုင္းလာခဲ့လိုက္တယ္...

က်ယ္ဝန္းလွတဲ့ၿခံႀကီးေရွ႕မွ ဘဲလ္တီးလိုက္ေတာ့ လူတေယာက္ထ​ြက္လာၿပီး တံခါးလာဖြင့္ေပးတယ္..

"သူနာျပဳ လာေလွ်ာက္တဲ့ ကင္မ္ေဆာ့ဂ်င္ပါ"

"ဟုတ္ကဲ့ သူေဠးကအထဲမွာေစာင့္ေနတယ္"

"ဟုတ္" ၿခံဝေန အိမ္ႀကီးဆီကိုေရာက္ဖို႔ အေတာ္လမ္းေလွ်ာက္ရေသးတယ္

အိမ္အဝေရာက္ေတာ့ ေနာက္ထပ္လူတေယာက္ထပ္ေတြ႕ရျပန္တယ္..

"ကြၽန္ေတာ္က ဒီကအိမ္ေတာ္ထိန္းပါ ကြၽန္ေတာ့္ေနာက္လိုက္ခဲ့ပါ"

အိမ္မွာအခန္းဖြဲ႕ထားတဲ့ စာၾကည့္ခန္းထဲကို ေခၚလာခဲ့တယ္ အထဲမွာေတာ့ သူေဠးလို႔ထင္ရတယ့္ လူႀကီးတေယာက္ရွိေနတယ္..

ပုံစံက က်က္သေရရွိလြန္းၿပီး လူႀကီးလူေကာင္းဆန္တဲ့ လူႀကီးတေယာက္ ဂ်င္ကိုျမင္ေတာ့ ၿပဳံးျပလိုက္တယ္ သူ႕အၿပဳံးက တကယ့္ကို လူကိုႏြေးေထြးသြားေစသလိုမ်ိဴး... တကယ့္ကိုစိတ္ေကာင္းရွိတဲ့ပုံစံေပၚေနတယ္..

"အန္ေညာ္ဟာစယ္ယို သူနာျပဳလာေလွ်ာက္တဲ့ ကင္မ္ေဆာ့ဂ်င္ပါ"

"ထိုင္ပါ... ဒါနဲ႕ ဒီအလုပ္က အေတြ႕အႀကဳံရွိလား"

"အိမ္မွာေတာ့ မလုပ္ဖူးေပမဲ့ ေဆး႐ုံမွာ၄ႏွစ္လုပ္ဖူးပါတယ္"

"အမ်ားႀကီးမေမးေတာ့ပါဘူး မင္းအေၾကာင္းကိုလည္း ေဂ်ာင္မင္ေျပာကတည္းက စုံစမ္းထားပါတယ္ ရၿပီ အခုပဲအလုပ္စဆင္းလိုက္ေတာ့"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"

"အလုပ္ကို မနက္၈နာရီကေန ည၆နာရီအထိ ဒီအိမ္မွာေနရမယ္.. အဓိကမွာခ်င္တာကေတာ့ ထယ္ဟြန္း စိတ္ခ်မ္းသာဖို႔ပါ သူ႕ကိုေသခ်ာဂ႐ုစိုက္ပါ.. လစာက အရင္ေဆး႐ုံကလစာထက္ ၅ဆရမယ္ အဆင္ေျပလား.. "

"ဟုတ္.. အဆင္ေျပပါတယ္ " ၅ဆ ဆိုတာၾကားလိုက္ေတာ့ လန့္သြားခဲ့တယ္.. အိုး 'ထယ္ဟြန္းက အဲ့လိုေငြအမ်ားႀကီးေပးရေလာက္တဲ့အထိ အဲ့ေလာက္ထိန္းရခက္တာလား' ဘာပဲျဖစ္ျဖစ္ အေမ့ၾကက္ေၾကာ္ဆိုင္ေလး မပိတ္ရေတာ့ဘူးေပါ့..

"အိမ္ေတာ္ထိန္းpark.. သူ႕ကို ထယ္ဟြန္းဆီ လိုက္ပို႔ေပးလိုက္"

အေနာက္မွာရွိေနတဲ့ အိမ္ေတာ္ထိန္းကိုေျပာလိုက္ျခင္းပင္...

🍃🍃🍃

အခန္းထဲဝင္လိုက္ေတာ့ အိပ္ယာထက္မွာ ထိုင္ေနၿပိး အျပင္ဘက္ ျပတင္းေပါက္ဘက္ကို ၾကည့္ေနတယ္ ဂ်င္အထဲဝင္လိုက္ၿပီးအထိ မလွည့္ၾကည့္လာဘူး...

"သခင္ေလး.. သူနာျပဳအသစ္ေရာက္ေနၿပီ"

ဂ်င္ကိုလာပို႔ေပးတဲ့အိမ္ေတာ္ထိန္းက အသံေပးလိုက္ေတာ့မွ လွည့္ၾကည့္လာတယ္

ေကာင္ေလးရဲ႕မ်က္ႏွာက ေနမေကာင္းတဲ့သူဆိုေပမဲ့ ေတာ္ေတာ္ေခ်ာေနတယ္... ဂ်င္ထက္၂ႏွစ္ပဲငယ္တာဆိုေပမဲ့ မ်က္ႏွာေလးက ကေလးေလးလိုပဲ တကယ္အျပစ္ကင္းတဲ့မ်က္ႏွာေလးနဲ႕ မ်က္လုံးေလး ကလယ္ကလယ္နဲ႕ ဂ်င္ကိုစိုက္ၾကည့္ေနတယ္...

"Hyung... ဒီနားမွာလာထိုင္ေလ" သူ႕ေဘးနားက ထိုင္ခုံေလးကို ျပၿပီးေျပာလာတယ္..

"ကြၽန္ေတာ့နာမည္က ကင္မ္ေဆာ့ဂ်င္ပါ"

"ကြၽန္ေတာ္က ကင္မ္ထယ္ဟြန္းပါ"

စေတြ႕ကတည္းက ကြၽန္ေတာ့္ကို Hyung' လို႔ေခၚကာ.. ၿပဳံးၿပီးႏႈတ္ဆက္လာေတာ့ ႏြေးေထြးလြန္းတဲ့ႀကိဳဆိုမႈတခုလိုခံစားလိုက္ရတယ္.. ေဂ်ာင္မင္ေျပာသလို သူနာျပဳတေယာက္က တစ္လေတာင္မခံဘူးဆိုတာက ျဖစ္နိုင္ပါ့မလား ။

Part 1 [END] 🍃

ဖတ္ရအဆင္ေျပရဲ႕လား💭 လိုအပ္တာရွိရင္လည္း ေျပာေပးၾကပါ💗

ေျပာခ်င္တာရွိရင္လည္း ေျပာေပးၾကပါ✅

There are no comments yet. Log in to be the first to leave a review!

Similar stories