Fanfics

part 40

20:26, 13 April 2025

(Unicode)

ခြံထဲကို ညကြီး အချိန် မတော် ကားတစ်စီးက ရောက်ရှိလို့ လာခဲ့သည်။ထိုသူကတော့ မည်သူမှ မဟုတ် ‌မိမိ‌တို့ မွေးထားတဲ့ သားတစ်ယောက် ဖြစ်နေတော့သည်။

ကားပေါ်ကနေ ဆင်းကတည်းက ဒယ်ဒီ ဆိုပြီး အော်ခေါ်နေသလို အသံထဲမှာလည်း ဖြေရှင်းချက်တွေကို တောင်းနေသံတွေ ပါဝင်နေသည်။

"ဒယ်ဒီ ဒယ်ဒီ "

"သားလေး ဒီချိန်ကြီး ဘာဖြစ်လို့လဲ "

"ဒယ်ဒီ ရှိလား မာမီ ဒယ်ဒီကို ခေါ်ပေးပါဗျာ "

"သားဒယ်ဒီက အခန်းထဲမှာ အိပ်တော့မှာ ထင်တယ် မေမေ သွားခေါ်ပေးမယ်"

ထိုစဉ် sky အသံ ကြားခနဲက sky ဒယ်ဒီ အောက်သို့ ဆင်းလာခဲ့သည်။

"sky ဒီချိန်ကြီး ဘာလာလုပ်တာလဲ "

Skyလည်း အသံလာရာ အတိုင်း နောက်လှည့်ကြည့်လိုက်ရာ လှေကားကနေ ဆင်းလာတဲ့ သူ့ဒယ်ဒီကို တွေ့လိုက်ရသည်။

"ဒယ်ဒီ ကျွန်တော့ကို ရူးချင်ယောင် မဆောင်ပါနဲ့ဗျာ "

"မင်းဘာတွေ ပြောနေတာလဲ "

"ဒီသဘောတူညီမှုတွေက ဘာတွေလဲ ဘာလို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ "

Sky ပေါက်ကွဲကာ လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်တွေကို ဧည့်ခန်းထဲက စားပွဲပေါ်ကို ပစ်ချလိုက်သည်။

"ဒယ်ဒီ ကျွန်တော် မေးတာ ဖြေပါအုန်း "

"မင်းမပြောင်းလဲလို့လေ မင်းအခု အရင်လို မဟုတ်တော့ဘူး ပြောင်းလဲလာပြီ အလုပ်လည်း ရှိပြီ ငါလိုချင်တာ အဲ့တာပဲ "

"ဒယ်ဒီဗျာ ကျွန်တော့ပေါ်ကို လုပ်ရက်လွန်းတယ်"

"မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို အကောင်းဆုံးပဲ ဖြစ်ချင်တာ "

"ဒယ်ဒီမှာ တစ်ခြားနည်းလမ်း မရှိတော့ဘူးလား"

"ငါဘယ်လောက် ပြောပြော မင်းပြောင်းလဲခဲ့လား ဟမ်? ပြောစမ်း ငါ့ကို "

"..........."

"အကိုနဲ့ သား တော်ပါတော့ အခုက ဘာဖြစ်ကြတာလဲ "

"ဒယ်ဒီတို့ လူကြီးတွေ ဖြစ်တဲ့ ပြဿနာမှာ သားကို ပြောင်းလဲ ချင်တဲ့ စိတ်နဲ့ အသုံးချဖို့ လိုလားဗျာ"

"မင်းမှာ ဦးနှောက် ရှိရင် ငါက မင်းကို အသုံးချတာလား တကယ်ပြောင်းလဲ စေချင်တာလား ဆိုတာ စဉ်းစားစမ်းပါ "

"အဲ့တာဆို ဒီကွာရှင်းစာချုပ်တွေက ဘာလဲ ဒယ်ဒီ"

ကွာရှင်းစာချုပ် အသံကြားတော့ sky မာမီ က အလန့်တကြားဖြင့် စာချုပ်လေးတွေကို ‌ကောက်ဖတ်ကြည့်မိသည်။

Throw back to the past~~~~~~~~~~~~~~~~~~~~

"ဦးလေးလည်း ယုံပါတယ် အဲ့တာကြောင့် ဦးအနေနဲ့ ကုမ္ပဏီ ပေါ်မှာ ဒီလို အရည်ချင်း ရှိတဲ့ လူတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး အရပ်စကားနဲ့ဆို ဘယ်လိုပြောမလဲ ဆန်ပေးမှ ဆီပြန်ရနိုင်မှာ မလား အဲ့တော့ ဦး အနေနဲ့ မင်းကို ဦး သားရဲ့ အခုလို ပုံစံကနေ ပြောင်းလဲ စေချင်တယ် "

"ကျွန်တော်က ဘယ်လို လုပ်ပေးရမှာလဲဗျ"

"ဦးသားနဲ့ လက်ထပ်စေချင်တယ် ပြီးတော့ တစ်နှစ်အတွင်းမှာ ပြောင်းလဲအောင် လုပ်ပေးရမယ် လက်ခံမပေးနိုင်ရင်တော့ ဦးလေးတို့ တရားရုံးကပဲ စကားဆက်ပြောကြတာပေါ့ "

"တကယ်လို့ ကျွန်တော်က တစ်နှစ်အတွင်း ပြောင်းလဲ ပေးနိုင်တယ် ဆိုရင်ရော "

"မင်းအဖေရဲ့ အကြွေးတွေကို ချေပေးမယ် ပြီးတော့ သူနဲ့ ဦးကြားမှာ ဘာမှ မဖြစ်ခဲ့သလိုမျိုး နေပေးမယ်"

"ဟုတ်ပြီ ကျွန်တော်လက်ခံပါတယ်"

"မင်းသိထားရမှာက အချိန်က တစ်နှစ်ပဲနော်"

"တစ်နှစ်ပြည့်သွားခဲ့လို့ ဦးလေးသားလည်း ပြောင်းလဲသွားတယ် ဆိုရင် ကျွန်တော်ဖြစ်ချင်တာ တစ်ခုလောက် ပြောလို့ရမလား"

"ရပါတယ် ပြောကြည့်ပါ "

"ကျွန်တော့အနေနဲ့ တစ်နှစ်ပြည့်သွားလို့ ဦးလေးသား ပြောင်းလဲခဲ့ရင် သူနဲ့ ကျွန်တော်ကြားမှာ ဘာပတ်သတ်မှု့မှ မရှိချင်တော့ဘူး "

"မင်းတောင်းဆိုချင်တာလား အင်း မင်းအနေနဲ့ ဆက်သွားလို့လည်း ရတယ် ကွာရှင်းချင်ရင်လည်း ရတယ် မင်းပြောင်းလဲနိုင်ရင်ပေါ့"

"ကျွန်တော် လုပ်နိုင်မယ်လို့ ယုံကြည်တယ် တစ်နှစ်ပြည့်သွားရင် ကျွန်တော် ကွာရှင်းချင်တယ်"

" အဲ့တာကတော့ မင်းသဘောပါ ဦးလေးကတော့ ဦီးလေးသား ပြောင်းလဲသွားဖို့ပဲ ပြီးတော့ ဒီကိစ္စတွေကို သိထားတာကလည်း မင်းတို့သားဖနှစ်ယောက်ရယ် ဦးရယ်ပဲ ဦး သားက ဘယ်လို သိစရာ မလိုတာလဲတော့ မင်းနားလည်တယ်မလား"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်"

ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် သဘောတူသွားခဲ့သည်။

Flashback ends!

"ဟုတ်တယ် ငါတို့ သဘောတူညီချက် ယူခဲ့တယ် ဒါပေမဲ့ ကွာရှင်းချင်တယ် ဆိုတာ Nani ကိုယ်တိုင် တောင်းဆိုထားတဲ့ အရာပဲ အေးအဲ့လိုပဲ တစ်နှစ်လည်း ပြည့်သွားပြီ မင်းလည်း ပြောင်းလဲလာပြီပဲလေ "

"ဒယ်ဒီတို့ နှစ်ဦးနှစ်ဖက်ရဲ့ လိုအင်ဆန္ဒတွေ ပြည့်သွားခဲ့ပေမဲ့ ကျွန်တော့ နှလုံးသား တစ်ခုလုံး ကြေမွသွားပြီ ဒယ်ဒီ"

"ငါပေးစားလို့ ယူခဲ့ရတာလေ မင်းလည်း Naniကို မချစ်ဘူးမလား "

"ဟုတ်တယ် မချစ်ခဲ့ဘူး သူ့အပေါ်ကို အနိုင်ပဲ လိုချင်ခဲ့တာ အဲ့တာတွေက အရင်က အတွေးတွေပဲ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်သူ့ကို ချစ်လာတယ် သူနဲ့ပဲ အတူရှိချင်တယ် ကျွန်တော့ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကိုလည်း Nani နဲ့ပဲ ဖြတ်သန်းချင်တာ "

"အေး မင်းအခုမှ ဒါတွေ လာပြောနေလဲ အပိုပဲ မင်းရဲ့ လုပ်ရပ်တွေကို ပြန်စဉ်းစား မင်းတို့ ဘာဖြစ်ခဲ့တာလဲ ဆိုတာ ငါkan နဲ့ အဒေါ်ပရင်ကို မေးပြီးသား။ အခုမှ စကားကြီး စကားကျယ်တွေ လာပြောမနေနဲ့ သူများသားသမီးကို စိတ်ဒဏ်ရာ ရအောင် မင်းလုပ်ပြီးပြီပဲ "

"ဟုတ်တယ် ကျွန်တော် မှားခဲ့တယ် ဒါပေမဲ့...."

"Nani ကတော့ ဖြစ်ခဲ့သမျှတွေ အကုန်လုံးကို ဖုံးကွယ် ခဲ့ပေမဲ့ မင်းရဲ့ လုပ်ရပ်တွေကတော့ လွန်လွန်းတယ် "

Sky ဒယ်ဒီလည်း Nani နဲ့ စကားပြောပြီးနောက် Kan တို့ဆီကို ဖုန်းဆက်ကာ အကြောင်းစုံကို မေးခဲ့သည်။

"ဒယ်ဒီ တော်ပါတော့ဗျာ.."

Sky တစ်ယောက် မျက်ရည်တွေကျဆင်းလာခဲ့ပြီး သူ Nani ပေါ်မှာ လုပ်ခဲ့တဲ့ အပြုအမူတွေက ခေါင်းထဲမှာ ပြန်ပြည့်နှက်ခဲ့သည်။

"သား... မငိုပါနဲ့ မာမီတို့ မနက်ကြရင် Nani တို့အိမ်ကို သွားကြမယ်နော် "

"မာမီ Nani က သားကို တကယ်ထားသွားပြီ နေမှာ "

"မဟုတ်ပါဘူး သားရယ် Nani လေးလည်း သားကို မျှော်နေမှာပါ "

"Nani က မင်းလို ကောင်မျိုးကို ချစ်နေမှာ မဟုတ်ဘူး "

"အကို !"

"ဟုတ်ပါတယ် ဒယ်ဒီပြောတာ မှန်ပါတယ် ကျွန်တော်က မကောင်းတဲ့ အကောင်ပါ "

"သား.."

Sky သူ့မိဘအိမ်ကနေ ချက်ချင်းပြန်သွားခဲ့ပြီး ကားကို အရှိန်တင်ပြီး မောင်းနှင်းခဲ့လိုက်သည်။လူသူ ကင်းမဲ့တဲ့ နေရာမှာ ရပ်ပစ်လိုက်ပြီး ပေါက်ကွဲကာ ကား စီယာတိုင်ကို နဖူးဖြင့် တိုက်နေတော့သည်။

"မောင့် အ‌မှားတွေပါကွာ မောင့်ရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပါ မောင်သာ ဖုန်းကို စက်မပိတ်ခဲ့ရင် မောင်သာ အိမ်ကို ပြန်လာခဲ့ရင် ဒီလိုတွေ မဖြစ်လာဘူးမလားကွာ "

Sky တစ်ယောက် ဖုန်းရဲ့ call logတွေကို ပြန်စစ်ကာ ငိုကြွေးနေသည်။တကယ်ကို Nani ခေါ်ခဲ့တဲ့ မှတ်တမ်းတွေက ရှိနေခဲ့သည်။သူဘာလို့ မသိခဲ့ရတာလဲ ဆိုပြီး စဉ်းစားမရ ဖြစ်နေသည်။

Sky ဖြစ်ခဲ့တဲ့ နေ့တုန်းက အကြောင်းအရာတွေကို သေချာစဉ်းစားလိုက်ပြီး ဆက်စပ် တွေးတောနေခဲ့သည်။ထို့နောက် တစ်နေရာသို့ ph ခေါ်လိုက်ပြီး

"Hello "

"ကိုကို pink ကို လွမ်းနေတာလား "

"မင်း အခု ဘယ်မှာလဲ"

"Clubမှာလေ ကိုကို လာမလို့လား "

"အေး ငါလာခဲ့မယ် "

Sky တစ်ယောက် ကားကို အရှိန်ပြင်းပြင်း မောင်းကာ pink ရှိတဲ့ club သို့ မောင်းထွက်လာခဲ့သည်။

"ကိုကို ဒီမှာ!"

Pinkကတော့ အပျော်ကြီး ပျော်ကာ skyကို ဒီမှာ ပါ ဆိုပြီး လက်လှမ်းပြနေသည်။sky လည်း pink ရှိတဲ့ ဆီကို သွားလိုက်ပြီး ဒေါသထွက်နေတဲ့ အသံဖြင့်

"ငါမင်းနဲ့ ပြောစရာ ရှိတယ် အခုချက်ချင်း ငါနဲ့ အပြင်လိုက်ခဲ့ "

"ကိုကို ဒီမှာ ပြောလို့ မရဘူးလား "

"ငါလိုက်ခဲ့ဆို လိုက်ခဲ့လိုက် "

Sky လည်း အရှေ့ကနေ ထွက်သွားခဲ့ပြီး pinkလည်း သူ့သူငယ်ချင်းတွေကို ခနဆိုပြီး sky နောက်သို့ လိုက်သွားခဲ့သည်။

"မင်းငါ့ကို clubလာဖို့ ခေါ်ခဲ့တဲ့ နေ့ကို မှတ်မိလား"

"မှတ်မိတာပေါ့ ကိုကိုကလည်း အရမ်းပျော်ဖို့ ကောင်းခဲ့တာလေ အခုရော အဲ့နေ့ကလို အပျော်လေးတွေ ဖန်တီးပေးရအုန်းမလားဟင် "

"ဖယ်စမ်း ငါ့ကို လာမထိနဲ့!"

"ဘာလို့လဲ ကိုကို "

"မင်းငါ့ကို အမှန်တိုင်း ပြောစမ်း အဲ့နေ့ ငါtoiletသွားတုန်းက Nani ဆီက ဖုန်းလာခဲ့တယ်မလား "

"Pink က ဘယ်လိုလုပ် သိမှာလဲ "

"မင်းငါ့ကို မလိမ်နဲ့ မင်းအဲ့နေ့က Nani ဖုန်းဆက်တာကို ဘာတွေ ပြောလိုက်သေးလဲ "

"ဘာမှ မပြောပါဘူး "

"မင်းကိုငါ အမှန်တိုင်း ပြောလို့ ပြောနေတယ်နော် ငါ့ဒေါသကို လာမဆွနဲ့ "

Skyလည်း စိတ်မထိန်းနိုင်ပဲ pinkလက်မောင်းကနေ ဆောင့်ဆွဲလိုက်သည်။

"ကိုကို နာတယ် "

Club ကို လာတဲ့ လူတွေကတော့ ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်နေကြသည်။မသိရင် ကောင်လေးက သူ့ကောင်မလေးကို အနိုင်ကျင့်နေတဲ့ ပုံစံ ဖြစ်နေခဲ့သည်။

"မင်းအော်နေတာ တော်လိုက်တော့ "

"အဲ့တာဆို ကိုကို လက်လွှတ်လေ"

"အဲ့နေ့က Nani ဆီက ဖုန်းလာတာကို မင်းကိုင်ခဲ့လား မကိုင်ခဲ့ဘူးလား ဖြေလိုက်တော့ ငါဒေါသတွေ မထိန်းနိုင်တော့ဘူးနော် "

Sky ဒေါသထွက်ရင် pinkက အစခနဲက ကြောက်မိသူ ဆိုတော့ သူ့အနေနဲ့ ဝန်ခံမှ ရတော့မည် ဖြစ်သည်။

"မင်းကိုငါ ဖြေလို့ ပြောနေတယ်လေ!"

"အင်း pink ကိုင်လိုက်တယ်"

"မင်းအဲ့တာ Nani ဆီက ဖုန်းလာတာကို ဘာလို့ မပြောခဲ့တာလဲ"

"ကိုကိုနဲ့ pinkနဲ့ ပျော်နေတာကို Nani ဆိုတဲ့လူက ကိုကို့ကို အိမ်ပြန်လာဖို့ ဖုန်းဆက်တာလေ အမှန်တိုင်း ပြောလိုက်ရင် ကိုကို့ အိမ်ပြန်သွားမှာ ဆိုးလို့ pinkက လိမ်ပြောလိုက်တာပါ "

"မင်းNani ကို ဘာတွေ သွားပြောလိုက်သေးလဲ ငါ့ကို အမှန်တိုင်းပြောစမ်း!"

"ဘာမှ မပြောပါဘူး ကိုကို ရေချိုးနေတယ်လို့ပဲ ပြောလိုက်တာလေ မကောင်းဘူးလား "

Pink ပြောနေတဲ့ ဟန်ပန် အမူအရာက skyရဲ့ ဒေါသစိတ်တွေကို အထွဋ်အထိပ်ထိ ရောက်အောင်ကို လှုံဆော်နိုင်ခဲ့သည်။

"ဘာ! မင်းဘာပြောလိုက်တယ် မင်းက တော်တော်ရွံဖို့ ကောင်းတဲ့ မိန်းမပဲ ပြီးတော့ မင်းပါးစပ်ကနေ နောက်ခါ ငါ့ကို ကိုကိုလို့ လာမခေါ်နဲ့ မင်းနဲ့ နောက်‌နောင် ဘာပတ်သတ်မှုမှလည်း မရှိဘူး ငါ့ကိုလည်း လာမဆက်သွယ်နဲ့ "

"ဘာလို့လဲကိုကို ဟို Nani ဆိုတဲ့ လူကြောင့်လား သူက ဘာတွေများ ကောင်းနေလို့လဲ pinkထက် ဘယ်နေရာတွေကများ သာနေလို့လဲ "

"စိတ်ဓာတ်က အစ မင်းထက် အကုန်သာတယ်"

"ကိုကို ချစ်နေတဲ့ Nani တစ်ခုခု ဖြစ်သွားရင်ရော?"

"မင်းNaniကို ထိဖို့ ကြိုးစားလိုက်တာနဲ့ မင်းဒီကမ္ဘာကနေ တိတ်တိတ်လေး ပျောက်သွားတဲ့ နေ့ပဲ သတ္တိရှိရင် စမ်းကြည့်လိုက် ငါ့အဆိုးမဆိုနဲ့ "

"ကိုကို pink အပေါ်ကို ခံစားချက် နည်းနည်းလေးတောင် မရှိခဲ့ဘူးလားဟင် pink ကိုကို့ကို အရမ်းချစ်တာ ကိုကို့ကိုပဲ ပိုင်ဆိုင်ချင်တာ"

"ငါ မင်း အပေါ်ကို ဘယ်တုန်းကမှ ခံစားချက် မရှိခဲ့ဘူး တစ်ခြားတစ်ယောက်ကို ပေးဖို့ အတွက်လည်း ငါ့မှာ အချစ်မရှိဘူး ငါ့ရဲ့ အရာရာ အားလုံးက လူတစ်ယောက် အတွက်ပဲ အဲ့လူကလည်း Nani ပဲ "

Skyလည်း စကားကို အပြတ်ပြောခဲ့ပြီးတော့ ကားမောင်းပြီး ထွက်သွားခဲ့သည်။ကျန်ခဲ့တဲ့ pinkကတော့ စိတ်တိုပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။လက်သည်းရှည်တွေကြောင့် လက်ဖဝါးတွေလည်း ပေါက်ပြဲလာခဲ့သည်။

လူတိုင်း အချစ်နဲ့ ပတ်သတ်လာရင် ဘာကိုမှ မမြင်ပဲ ပိုင်ဆိုင်ချင်ကြသည်။ချစ်မိတာ အပြစ်မဟုတ်ပေမဲ့ အတ္တဆန်တဲ့အချစ်ကြောင့် အတင်းပိုင်ဆိုင်ဖို့ ကြိုးစားလာရင်တော့ အချစ်က အဆိပ်တစ်ခွက်လို ဖြစ်လာပြီး ဆုံးရှူံးမှုတွေပဲ ဖြစ်လာတော့သည်။

Sky Nani ကို ဖုန်းခေါ်‌နေပေမဲ့ ဖုန်းလေးက စက်ပိတ်ထားတာက လွှဲပြီး ဘာမှ မကြားရပေ။

Sky အခုမှ တကယ်ကို ဝဋ်လည်သလို ဖြစ်နေခဲ့သည်။သူတကယ်ကို မြတ်မြတ်နိုးနိုး ချစ်ခါမှ အရာအားလုံးက အလွှဲအမှားတွေဖြစ်ကုန်သည်။

အရင်က မေမေ ပြောခဲ့တဲ့ စကားက သူများ မချစ်ကို မကစားရဘူးသား ဝဋ်လည်တက်တယ်တဲ့ အဲ့ချိန်တုန်းကတော့ မေမေကို သားအဲ့တာတွေအယုံအကြည်မရှိဘူး ပြောခဲ့ပေမဲ့ အခုကျမှ ထိုအရာတွေက အချိန်ကွက်တိ ရောက်လာခဲ့တော့သည်။

Sky ဖုန်းခေါ်လို့ မရတဲ့ အဆုံး Nani အိမ်သို့ လိုက်သွားလိုက်တော့သည်။အချိန်ကလည်း ညသန်းခေါင်ကို ကျော်လွန်နေပြီ ဖြစ်သည်။

~ညသန်းခေါင် ရောက်လည်း ရင်ထဲက အပူတွေက လရောင်လောက်ကို အေးမြနိုင်မည် မဟုတ်ပေ။

"Nani....Nani.."

Ti Ti Ti

ညကြီး အချိန်မတော် ဆူညံ့ သံတွေကြောင့် Nani အဖေနဲ့ အမေလည်း လန့်သွားခဲ့သည်။

"အကို အိမ်ရှေ့မှာ အသံကြားတယ်"

"Nani....Nani မောင်အိမ်ရှေ့ရောက်နေတယ် ထွက်လာပေးပါကွာ "

"အကို သားsky အသံပဲ "

"သူက ဒီချိန်ကြီး ဘာလာလုပ်တာလဲ "

Nani မေမေ လည်း အောက်ကို ဆင်းမဲ့အလုပ်

"ဘယ်သွားမလို့လဲ?"

"တံခါးသွားဖွင့်မလို့"

"ဘာမှ ဖွင့်စရာ မလိုဘူး သူ့ဘာသာသူ အော်နေတာ အော်ပါလိမ့်စေ "

"အကိုရယ် အဲ့လို မပြောပါနဲ့ သားsky က ဘာပြောချင်လို့လဲမှ မသိတာ "

Nani မေမေလည်း အောက်သို့ ဆင်းကာ ခြံတံခါး ဖွင့်ပြီး ထွက်သွားခဲ့သည်။

"Nani...Nani "

"သားsky "

"အန်တီ Nani ရော Nani ကို ခေါ်ပေးလို့ ရမလားဗျာ ကျွန်တော် Nani နဲ့ တွေ့ချင်လို့ပါ "

"မင်းဘာလာ လုပ်တာလဲ ငါ့သားနဲ့ မင်းနဲ့က ဘာမှလည်း မဆိုင်တော့ဘူး "

"ကွာရှင်းစာချုပ်မှာ ကျွန်တော် လက်မှတ်မထိုးသရွေ့ Nani က ကျွန်တော့ ယောက်ျားပဲ "

"မင်းတို့ ဘာကြောင့်လက်ထပ်ရတာလဲ ဆိုတာ မင်းလည်း သိပြီးလောက်မှာပါ မင်းဘာသာ မင်း လက်မှတ် ထိုးထိုး မထိုးထိုး ငါတို့ သဘောတူထားတဲ့ ကိစ္စက ပြီးသွားပြီ "

"အဲ့တာ ဦးတို့ လူကြီးတွေရဲ့ ကိစ္စပါ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး အဲ့တာတွေလည်း ကျွန်တော်မသိချင်ဘူး ကျွန်တော်နဲ့ ဆိုင်တာ Nani ပဲ Nani ကို ခေါ်ပေးပါ အန်တီ "

"မင်းကိုငါ့သားနဲ့ တွေ့စရာ အကြောင်းမရှိဘူးလို့ ပြောပြီးပြီလေ မင်းလူလို နားမလည်ဘူးလား "

"Nani မောင်ရောက်နေပြီလေ မောင့်ကို ‌ထွက်ကြည့်ပါအုန်း "

"ဟျောင့် !မင်းပြန်လိုက်တော့နော် "

"Nani....Nani ထွက်မလာရင် မောင်ဘာမှ မသွားဘူး "

"သားရယ် ပြန်လိုက်တော့နော် "

"မပြန်ဘူး အန်တီ သားNani ကို မတွေ့မ‌ချင်း မပြန်ဘူး"

"သား သားလေးက တကယ်မရှိတာပါကွယ်"

"မင်းကိုငါ ပြန်တော့လေ ပြောနေတယ်လေ "

"Nani က ဘယ်သွားတာလဲ အန်တီ "

"ငါ့သား ဘယ်ကို သွားသွား မင်းနဲ့ မဆိုင်ဘူး ပြီးတော့ မင်းကိုငါ အပြတ်ပြောလိုက်မယ် Khun James နဲ့ Nani က မကြာခင် လက်ထပ်တော့မှာ မင်းလည်း အခု အလုပ်ရှိနေပြီမလား မင်းနဲ့ တကယ်အဆင်ပြေမဲ့လူ ပေါ်လာပါစေလို့ ငါ မေတ္တာထားပြီး ဆုတောင်းပေးလိုက်မယ် ကျေးဇူးပြုပြီး ငါ့သားကို လွှတ်ပေးလိုက်ပါတော့"

Nani အဖေနဲ့ အမေလည်း ခြံတံခါး ပြန်ပိတ်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့ကြသည်။

လမ်း လည်ခေါင်မှာ အရုပ်ကျိုးပြတ် ဖြစ်နေတဲ့ လူကတော့ sky ဖြစ်နေသည်။သူမကြားချင်တဲ့ စကားတွေကပဲ သူနားထဲကို ညှင်းပန်းနှိပ်စက်နေတော့သည်။

"Nani မောင့်ကို လာတွေ့ပါအုန်းကွာ Nani အိမ်ထဲမှာ ရှိတယ်မလား"

"Nani...Nani "

ကားတံခါးကို မှီကာ ‌ဒူးကွေးထိုင်နေတဲ့ ကောင်လေးကို ဘယ်သူများက ဒီအခြေနေ တွေက ကယ်တင်ပေးနိုင်မလဲ။သူတကယ်ကို နောင်တတွေ ရနေပါပြီ Nani ကို မြင်တွေ့ချင်တာက လွှဲလို့ သူ့တွက် ဘာမှ မလိုအပ်တော့ပေ။

"သားလေး အိမ်ပြန်ရအောင် "

"မာမီ "

Nani အဖေရဲ့ ဖုန်းဆက်ခေါ်မှုကြောင့် sky ဒယ်ဒီနဲ့ မာမီလည်း ရောက်လာခဲ့သည်။

"သားလေး လာ ပြန်ရအောင်"

"သားမပြန်ချင်ဘူး မာမီ Nani က သားကို တကယ်ထားမသွားဘူး မလား မာမီ "

"သားလေးရယ် "

Sky ဒယ်ဒီလည်း ကားပေါ်က ဆင်းလာကာ သားဖြစ်သူ ခံစားနေရတာကို ကြည့်ပြီး တကယ်စိတ်မကောင်း ဖြစ်နေတော့သည်။

"မာမီ သားကို ပြောပါအုန်း သားလည်း Nani ကို ချစ်တယ် Nani လည်း သားကို ချစ်တယ်မလား"

"အကို သားလေးကို ပြောပါအုန်း"

"Sky သားစိတ်ကို ထိန်းပါအုန်းကွာ "

"ဒယ်ဒီ ကျွန်တော် နောက်ဆို ဒယ်ဒီပြောသမျှ နားထောင်ပါ့မယ် ဒီလို အပေးယူတွေ မလုပ်ပါနဲ့နော် ကျွန်တော့မှာ ခံနိုင်ရည်အား မရှိတော့လို့ပါ ဒယ်ဒီ ကျွန်တော် တောင်းပန်ပါတယ်ဗျာ"

"သား ဒယ်ဒီပြောတာ နားထောင်ပါကွာ အိမ်ပြန်ရအောင် "

"Nani... Nani မာမီ Nani ကို သားနဲ့ လာတွေ့အောင် ကူပြောပေးပါအုန်း Nani က မာမီကို ချစ်တယ်လေ မာမီစကားဆို Nani ‌နားထောင်မှာ သေချာတယ် "

Sky လုံးဝကို စိတ်လွှတ်ထွက်သွားကာ စကားတွေကို ယောင်ယမ်း ပြော‌ဆိုနေမိသည်။ဘေးက မိဘနှစ်ယောက်လုံးကတော့ သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ကာ ဘာလုပ်ပေးရမလဲ မသိတော့ပဲ တကယ်ကို စိတ်မကောင်းဖြစ်နေရပါသည်။

Skyရဲ့ ကားကို ထားခဲ့လိုက်ပြီး အားအကုန်သုံးပြီး skyကို ကားထဲထည့်ကာ sky ဒယ်ဒီ အိမ်သို့ အမြန်မောင်းနှင်လာခဲ့တော့သည်။

အိမ်သို့ ရောက်သည့်အခါ နောက်တစ်ယောက် ဖြစ်သွားသလိုပင် အရာအားလုံးက ငြိမ်သွားခဲ့ပြီး sky ကိုယ့်အခန်းထဲသို့ ကိုယ်ဝင်သွားခဲ့သည်။

"အကို သားလေးကို ဘယ်လို လုပ်ကြမလဲ သားလေးက Nani လေးကို တကယ်ချစ်တာ နေမှာပါ "

"အင်း မနက်ကြရင် Nani တို့ မိဘတွေနဲ့ သွားတွေ့ကြမယ် "

"ဟုတ်အကို "

မိမိ ငယ်ငယ်ခနဲက နေခဲ့တဲ့ အခန်းထဲမှာ ဘာအလင်းရောင်မှ မထွန်းပဲ အမှောင်ထဲမှာ sky ရှိနေသည်။ဒီည အတွက်တော့ စားဝင် အိပ်ပျော်ဖို့တွက် မဖြစ်နိုင်တော့ပေ။

"Nani နဲ့ မောင်ကျမှ ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲ Nani မောင်ဖုန်းခေါ်နေတာကို ကိုင်ပေးပါအုန်းကွာ မောင့်အမှားတွေ တွက် Nani ကျေနပ်အောင် မောင်တောင်းပန်မှာပါ မောင့်ကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့ မောင်မနေနိုင်လို့ပါကွာ"

Sky ကုတင်ပေါ်မှာ Nani ဆိုတဲ့ အမည်နာမလေးကို တဖွဖွ ခေါ်နေခဲ့ပြီး လွမ်းဆွတ်‌ ကြေကွဲနေတော့သည်။

______________________

နောက်နေ့ မနက်

"သားလေး မေမေ ဝင်လာခဲ့မယ်နော် "

အခန်းထဲမှာ ဘာအသံမှ မကြားတော့ sky မာမီ အခန်းထဲ ဝင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

"သားလေး "

အခန်းထဲ ရောက်တော့ သားဖြစ်သူက ရှိမနေပေ။Skyမာမီလည်း လန့်သွားကာ အောက်သို့ ဆင်းပြီး skyဒယ်ဒီအား စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

"အကို သားလေး အခန်းထဲမှာ မရှိတော့ဘူး "

"သားက ဘယ်သွားလို့လဲ ရေချိုးခန်းထဲရော "

"မရှိဘူး အကို သားလေး တစ်ခုခုများ ဖြစ်နေလား မသိဘူး အကိုရယ် သားကို ရှာပေးပါအုန်း "

"အင်း စိတ်အေးအေးထား သားကို တွေ့အောင် ရှာကြမယ်နော် "

_____________________

တစ်အိမ်လုံး ဘယ်သူမှ မနိုးတဲ့ အချိန် အခန်းထဲကနေ ထွက်သွားခဲ့ပြီး ကားထားခဲ့တဲ့ Nani တို့ အိမ်ရှေ့ထိ အရူးတစ်ယောက်လို ခြေလျင်သွားမိပြန်သည်။

ကားရှိတဲ့ နေရာကို ရောက်လာခဲ့ပေမဲ့ တစ်အိမ်လုံးက ပိတ်ထားတော့ ဘာအရိပ်ရောင်မှကို sky မတွေ့ရပေ။ ကားပေါ်ကနေ Nani ထွက်လာမလားဆိုတဲ့ အသိလေးနဲ့ sky ကားပေါ်ကနေ အကြာကြီး စောင့်နေမိပြန်သည်။

ထိုစဉ် ဒယ်ဒီ ဆီက ဖုန်းတွေ ဝင်လာခဲ့ပေမဲ့ sky ဒီချိန်မှာ Nani က လွှဲပြီး တစ်ခြား ဘယ်အရာကိုမှ အာရုံမစိုက်ချင်တော့ပေ။

Sky ကားထဲမှာ ‌ထိုင်စောင့်နေမိတာ နေ့တစ်ဝက်ပင် ကျိုးသွားခဲ့ပြီ သို့သော် သူစောင့်နေတဲ့ လူကို တွေ့ဖို့ နေနေသာသာ အရိပ်ကလေးတောင်မှ ပေါ်ပေါက်လာခြင်း မရှိခဲ့ပါ။

_____________________

တစ်ဖက်တွင်လည်း သားဖြစ်သူကို ဖုန်းခေါ်လို့ မရတော့ သူငယ်ချင်း ဖြစ်တဲ့ pat ဆီကို ဖုန်းဆက်လိုက်သည်။ပြန်ကြားလိုက်ရတာက sky ရောက်မလာတာက လွှဲလို့ ဘာသတင်းမှ မထူးခြားလာပေ။

Sky ဒယ်ဒီတို့လည်း ဘယ်နေရာမှာများ ရှိနေမလဲ ဆိုပြီး နေရာအနှံ့ လိုက်လှန် ရှာဖွေရတော့သည်။Nani တို့ အိမ်ရှေ့မှာများ ရှိနေမလား ဆိုပြီး သွားကြည့်သော်လည်း လူရော ကားပါ ရှိမနေခဲ့ပါ။Sky မာမီရော ဒယ်ဒီပါ သားဖြစ်သူကို မတွေ့တော့ တကယ်ပင် စိတ်ပူနေတော့သည်။

pat လည်း သူငယ်ချင်း ဖြစ်သူကို ဖုန်းခေါ်တာလည်း မရ မိဘတွေပါက စိတ်ပူနေတော့ sky သွားတက်တဲ့ နေရာတွေကို ကူရှာပေးနေသည်။

Sky သွားတက်တဲ့ နေရာ တော်တော် များများမှာ ရှိမနေခဲ့တော့ နောက်ဆုံး အနေနဲ့ sky bar မှာများ ‌ရှိနေမလား ဆိုတဲ့ အထင်ဖြင့် pat သွားရှာ မိသည်။

ရွှေဉာဏ်တော်ကိုပဲ တကယ်ကျေးဇူးတင်ရတော့မလို ဖြစ်နေပြီ သူထင်တဲ့ အတိုင်းပဲ Bar counter မှာ ထိုင်နေတဲ့ sky အား တွေ့လိုက်ရသည်။

"ဟျောင့် sky "

"ဟင် "

"မင်းဘယ်လောက်တောင် သောက်ထားဝာာလဲကွာ ပြန်ရအောင် "

"ဘယ်သူလဲ ဘာလို့ ပြန်ရမှာလဲ လွှတ်စမ်း ငါ့ကို"

"ဟျောင့် ငါ pat လေးကွာ မင်းသူငယ်ချင်း "

"Pat!"

"အေးလေကွာ ပြန်ရအောင် မင်းသောက်တာ များနေပြီ "

"ငါမပြန်ဘူး pat မင်းသိလား Nani မရှိတဲ့ ဘဝကြီးမှာ ငါက ဘာလုပ်ရမှာလဲ "

"ငါမင်းကို နားလည်ပါတယ်ကွာ ဒါပေမဲ့ မင်းအခုက တော်တော်များနေပြီ "

"Nani ကလေ ငါ့ဒယ်ဒီနဲ့ အပေးအယူ ကိစ္စကြောင့် ငါနဲ့ လက်ထပ်ခဲ့တာတဲ့ ငါသူ့ကို ချစ်တယ်ကွာ ငါစောက်ရမ်းချစ်တာ ဒေါသထွက်လွယ်ပြီး မာနတွေ ထားခဲ့တာ ငါ့ရဲ့ မကောင်းတဲ့ အကျင့်ဖြစ်နေပေမဲ့ Nani ငါ့ကို မထားခဲ့သင့်ဘူးမလား မင်းပြောစမ်းပါကွာ "

"ငါ P'Nani ဆီကို သွားပြောပေးပါမယ်ကွာ "

"Nani က ငါ့ကို တကယ်ထားသွားပြီ နေမှာ သူ့အိမ်ကို ငါသွားတယ် သူ့အဖေ ငါ့ကို မောင်းထုတ်တာက လွှဲပြီး Nani ကို ငါမတွေ့ခဲ့ရဘူးကွာ "

"Nani မောင်တောင်းပန်ပါတယ်ကွာ မောင့်ဆီကို ပြန်လာခဲ့ပေးပါ "

"Sky ပြန်ရအောင် မင်းမိဘတွေလည်း မင်းကို စိတ်ပူနေတယ် "

"မောင့်ဘဝကြီးက Nani ကြောင့် ပြောင်းလဲ လာတာလေ Nani မရှိရင် မောင်ဘာလုပ်ရမှာလဲကွာ"

"ဟျောင့် တော်တော့လို့ မင်းသောက်တာ များနေပြီ "

တစ်ခွက်ပြီး တစ်ခွက် မော့နေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် pat တစ်ယောက် ခွက်တွေကို လိုက်ဆွဲကာ တားမြစ်နေရသည်။

အချိန်ကြာလာတာနဲ့ အမျှ skyလည်း ခံနိုင်ရည် အားတွေ ကျဆင်းလာခဲ့ပြီး လုံးဝ အသိစိတ် ပျောက်သွားကာ bar counter ပေါ် မှာ မူးပြီးအိပ်ပျော်သွားခဲ့သည်။

Pat လည်း sky အား ကူတွဲကာ ကားပေါ်သို့ တင်သွားခဲ့သည် sky မိဘတွေအား ဖုန်းဆက်ကာ sky နဲ့ P'Nani တို့ နေတဲ့ အိမ်သို့ လိုက်ပို့ပေးလိုက်သည်။

Kan နဲ့ အဒေါ်ပရင်လည်း skyအား ကူတွဲကာ အခန်းထဲသို့ ပို့ပေးလိုက်ကြသည်။Kan, pat, အဒေါ်ပရင်တို့လည်း sky အဖြစ်ကို ကြည့်ပြီး လွန်စွာ သနားနေမိသည်။

"အကိုလေးတို့က ချစ်ရဲ့သားနဲ့ ဘာလို့ ဒီလိုတွေ ဖြစ်သွားကြတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်တော့ဘူးဗျာ "

"လူကြီးတွေရဲ့ ကိစ္စမှာ လူငယ်တွေက ခံစားနေရပြီ "

"အဒေါ်တော့ သားNani နဲ့ သားskyကို အရင်လို ချစ်ချစ်ခင်ခင်ပဲ ရှိနေစေချင်တာ "

"ကျွန်တော်ရောပဲ အဒေါ်။ ဒါပေမဲ့ အကိုလေးNani ရဲ့ အဖေက တစ်ခုခုပဲ "

"ဘယ်လိုလဲ Kan "

"အဲ့နေ့တုန်းက အကိုလေး Nani က ကျွန်တော်တို့နဲ့ နှုတ်ဆက်နေတာကို အကိုလေး အဖေက ကားပေါ်ကို မြန်မြန်တက်ခိုင်းပြီး အကိုလေးကို ဆူနေတာလား မသိဘူး အကိုလေး Nani မှာ သနားဖို့ ကောင်းလွန်းတယ် ကျွန်တော်တို့က အကိုလေးနှစ်ယောက် ပြဿနာ ဖြစ်ခနဲက ကြားနေခဲ့ရတဲ့ လူတွေဆိုတော့ အခု သူတို့ နှစ်ယောက်လုံးတွက် စိတ်မကောင်းဖြစ်မိတယ် တကယ်ချစ်တဲ့ လူနှစ်ယောက်ကိုမှ ဘယ်အရာတွေက တားဆီးနေရတာလဲ ဆိုတာ တကယ် နားမလည်နိုင်တော့ဘူး "

"Sky က လွယ်လွယ်နဲ့ အရှုံးမပေးပါဘူး ကျွန်တော်တို့လည်း အတက်နိုင်ဆုံး ကူညီကြတာပေါ့"

"ဟုတ် Khun pat "

"အဲ့တာဆို ကျွန်တော် ပြန်လိုက်အုန်းမယ် Kan နဲ့ အဒေါ်ပရင် "

"အေးအေးသား "

"ကျွန်တော် sky မိဘတွေကိုလည်း အကြောင်းကြားထားတယ် သူတို့လည်း လာခဲ့မယ် ပြောတယ်ဗျ "

"ဟုတ် Khun pat ဂရုစိုက် ပြန်ပါဗျ "

"ကောင်းပါပြီ ကျွန်တော်တို့ ခွင့်ပြုပါအုန်း"

~~~~~~~~~~~

Nani... Nani

အခန်းထဲက ကောင်လေးကတော့ အခုချိန်မှာ ဘာမှ မသိတော့ပဲ အိပ်ပျော်နေပေမဲ့ နိုးလာတဲ့ အခါမှာရော အတူရှိခဲ့တဲ့ ဒီအခန်းလေးက ဘယ်လောက်တောင် လွမ်းမောဖွယ် ကောင်းနေမလဲ သူအမြဲ ပွေ့ဖက်ခဲ့တဲ့ ခန္ဓာကိုယ်လေးတစ်ခုက အခုအချိန်မှာ သူ့ဘေးနားမှာ ရှိမနေတော့ပဲ အငွေ့သက်လေးတွေပါ ထိုကောင်လေးနဲ့အတူ အဝေးသို့ ပျံ့လွှင့်‌နေလောက်ရောပေါ့။

‌အပေးယူတစ်ခုနဲ့ စခဲ့တဲ့ ဇာတ်လမ်းတစ်ခု၊ကိုယ်တိုင်တောင် မသိပဲ ကိုယ့်ကို ဗဟိုပြုထားတဲ့ ကစားပွဲ တစ်ခုမှာ တစ်ခြားသူတွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်သွားခဲ့ပေမဲ့ နှလုံးသားတစ်ခုလုံး ရင်းနှီးခဲ့တဲ့ ကိုယ့်အတွက်တော့ ကိုယ်လိုချင်မိတဲ့ ဆုဖလားလေးကို ပိုင်ဆိုင်ပြီး အောင်ပွဲခံနိုင်ပါ့မလားဆိုတာ မသေချာတော့ဘူး..........

P.S စာရေးသူကတော့ ဒီအပိုင်းလေး ရေးတဲ့ အခါမှာ sky ရဲ့ pov ကို John Derek ရဲ့ ဒီသီချင်းလေးနဲ့ ခံစားမိပါတယ်။

(တက်သစ်စLocal Artistတွေထဲမှာမှ အရမ်းTalentedဖြစ်တဲ့artistလေးပါ အသံချိုချိုလေးနဲ့ သီချင်းကောင်းကောင်းလေးတွေဆိုတတ်တာမို့ ကိုယ့်music tasteနဲ့ကိုက်ညီတယ်ဆို သီချင်းအေးအေးလေးတွေကို "John Derek" official YouTube Channel ကနေ နားဆင်ကြည့်ဖို့ကိုလည်း recommend ပေးပါတယ်ဗျ)

TBCThanks for reading, guys

ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ။အားလုံးလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အန္တရာယ် ခပ်သိမ်း ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျ🙏🏻စာဖတ်သူ‌လေးတို့လည်း ဂရုစိုက်ကြပါနော်💗

(Zawgyi)




















"..........."






Throw back to the past~~~~~~~~~~~~~~~~~~~~
















Flashback ends!






















"Hello "

















































"Nani....Nani.."

Ti Ti Ti












"Nani...Nani "




















"Nani...Nani "
























______________________










_____________________





_____________________











"Pat!"
















"လူကွီးတှရေဲ့ ကိစ်စမှာ လူငယျတှကေ ခံစားနရေပွီ "












~~~~~~~~~~~

Nani... Nani





TBCThanks for reading, guys


There are no comments yet. Log in to be the first to leave a review!

Similar stories