part 41
16:02, 17 April 2025(Unicode)
အားလုံးရဲ့ အဝေးကို ပြေးထွက်လာတဲ့ ကောင်လေး ကတော့ အခုချိန်မှာ အရာအားလုံးကို လွှတ်ချခဲ့လိုက်ပြီ ဖြစ်သည်။
ထိုနေ့ညက Nani အဖေ Khun James အပေါ်ကို ဒီလို အပြုမူမျိုး လုပ်ရသလား ဆိုပြီး Nani အား ဆူခဲ့သည်။
"Nani မင်းဘယ်လို လုပ်လိုက်တာလဲ "
"သားဘာလုပ်မိလို့လဲ ဖေဖေ သားမကြိုက်တဲ့ အရာတစ်ခုကို ဟန်ဆောင်ပြီးတော့ မလုပ်နိုင်ဘူး"
"မင်းအဲ့လို လုပ်လို့ရမလား ငါဘာပြောထားလဲ Khun James ဆိုတာ တစ်ခြားသူလည်း မဟုတ်ဘူး ငါတို့ ပေါ်မှာ ကျေးဇူးရှင်ပဲ "
"အဲ့တာဆို sky ဒယ်ဒီကျတော့ရော ဖေဖေရဲ့ ကျေးဇူးရှင် မဟုတ်ဘူးလား"
"ငါပြောတာ Khun James အကြောင်း ပြောနေတာ မင်းမဆိုင်တာတွေ မပြောနဲ့ "
"ဖေဖေရဲ့ လုပ်ရပ်တွေက တော်တော်ကို တရားကျဖို့ ကောင်းလွန်းတယ်ဗျာ"
"မင်းငါ့ကို ဘာမှ လာထောက်ပြနေစရာ အကြောင်းမရှိဘူး Khun James နဲ့ လက်ထပ်ဖို့သာ စဉ်းစားထား"
"သားလည်း ဖေဖေ့ကို တစ်ခါတည်း ပြောလိုက်မယ် jamesဆိုတဲ့ လူကို ဘယ်တော့မှ လက်မထပ်ဘူး ဆိုတာပဲ "
"ဘာ! မင်းဘာပြောလိုက်တယ် "
"Jamesဆိုတဲ့ လူကို လက်မထပ်နိုင်ဘူး သားသူ့ကို ဘယ်တော့မှာလည်း ချစ်လာမှာ မဟုတ်ဘူး "
"မင်း CEO သားကို လက်ထပ်ခဲ့တုန်းကရော ချစ်ခဲ့လို့လား အဲ့တုန်းက မင်းငါ့စကားကို နားထောင်ခဲ့ပြီး မင်းအတွက်ဘာတွေများ ဆုံးရှုံးခဲ့ဖူးလို့လဲ"
"သားရဲ့ နှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်သွားတာတောင်မှ ဖေဖေ့အတွက်က ဆုံးရှုံးမှုလို့ မမြင်သေးဘူးလား"
"ဘာမှ ခံစားမနေနဲ့ အဲ့နှလုံးသားနေရာကို Khun James နဲ့ အစားထိုးပစ်လိုက်"
"ဖေဖေ့ စိတ်ထဲမှာ သားကို ဖေဖေ့ အကျိုးစီးပွားအတွက် အသုံးချဖို့ပဲ တွေးထားတာလား "
"မင်းကို တကယ်ချစ်တဲ့ လူနဲ့ အတူရှိမှ မင်းဘဝ ပျော်ရွှင်ရမှာ ဒါကို ဖခင်တစ်ယောက် အနေနဲ့ အတ္တကြီးမိတာ ငါ့အမှားလား "
"သားကတော့ ဒီအတ္တက ဖခင်တစ်ယောက်က သားပေါ်မှာ ထားတဲ့ အတ္တလို့ မထင်ဘူး ဖေဖေ့တစ်ယောက်တည်း အတွက်ပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းအတ္တပဲ "
"ခွပ် "
"Nani hirunkit "
Nani လည်း မထင်မှတ်ထားတဲ့ ပြင်းအား တစ်ခုက ပါးပြင်ပေါ် ရောက်လာခဲ့တော့ မျက်နှာလေး လည်သွားခဲ့ပြီး နှုတ်ခမ်းလေးမှာ သွေးစို့နေခဲ့သည်။
ထိုစဉ် Nani မေမေမှာ သားဖ နှစ်ယောက် အေးဆေး ပြောပါစေ ဆိုပြီး ရှောင်ထွက်ပေးထားရာ အခုက အဆိုးဘက်ကို သွားတဲ့ အခြေနေဘက် ရောက်သွားတာမို့ အိမ်ပေါ်သို့ တက်သွားခဲ့သည်။
"သားလေး..အကို စိတ်လျှော့ပါအုန်း လက်မပါပဲ သားကို စကားနဲ့ သေချာပြောစမ်းပါ "
မိခင်ဆိုတဲ့ အတိုင်း သားဖြစ်သူရဲ့ မျက်နှာလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်ပြီး ဆေးထည့်ပေးဖို့ လုပ်လိုက်သည်။သို့သော်Nani လည်း ထိုနေရာကနေ ချက်ချင်း ထထွက်သွားခဲ့သည်။
"သား....သားလေး အကို ဘာကြောင့် ကိုယ့်သားပေါ်မှာ ဒီလို လုပ်လိုက်ရတာလဲ "
"......."
Nani အဖေလည်း သူ့သားအပေါ်မှာ ဒီလို လက်ပါမိတာက ပထမဆုံး အကြိမ်လို့တောင် ပြောလို့ ရပေသည်။Nani မေမေ အိမ်အောက်ကို ဆင်းပြီး လိုက်ခေါ်ပေမဲ့လည်း Nani က ရှိမနေတော့ပေ။
"အကိုကြောင့် သားလေး ထွက်သွားပြီ "
"လွှတ်ထားလိုက် အချိန်တန်ရင် သူ့ငါ့မေတ္တာတွေကို နားလည်ပြီး အိမ်ပြန်လာလိမ့်မယ် "
"အကိုနဲ့လည်း စိတ်ညစ်ပါတယ် သားမှ ဆန္ဒမပါတာကို ဘာလို့ အတင်းပေးစားချင်နေရတာလဲ"
"ငါသူ့ကို ကောင်းစေချင်လို့ ငါ့သားလေးကို လူတော်လူကောင်းနဲ့ ပေးစားတာ ငါမှားလား"
"မှားတယ် ပထမ တစ်ကြိမ်တုန်းကလည်း အကိုကြောင့်ပဲ သားလက်ခံပေးခဲ့ပြီလေ အခုတော့ သားသူ့ဘာသာသူ နေပါစေ "
"ငါ့လုပ်ရပ်တွေကပဲ အစွန်းရောက်နေတဲ့ အတိုင်း မင်းတို့သားမိနှစ်ယောက် ဘာဖြစ်နေတာလဲ"
Nani မေမေလည်း ဘာမှ ဆက်မပြောတော့ပဲ သူ့အခန်းထဲသို့ ဝင်သွားခဲ့သည်။
__________________
ခြေဦးတည့်ရာ ထွက်ခဲ့တဲ့ ကောင်လေးကတော့ အိမ်နဲ့ ဝေးတဲ့ နေရာမှာ ရှိနေခဲ့သည်။ည၇နာရီ ကျော်လောက် ရှိနေပြီး ပတ်ဝန်းကျင်ကတော့ လူတွေရောကားတွေရောပါ စည်ကားနေဆဲ ဖြစ်သည်။
Nani လည်း အိမ်ပြန်နေရင် ဟိုလူနဲ့ အတင်းအကျပ် ပေးစားခံရတာက လွှဲပြီး သူ့ဘဝကလည်း သူ့ဖေဖေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေအုန်းမှာ ဆိုပြီး အိမ်ပြန်ဖို့ အစီစဉ် မရှိခဲ့ပါ
သို့ပေမဲ့လည်း သူဘယ်ကို သွားလို့ သွားရမလဲလည်း အဖြေရှာမရခဲ့။ အားလုံးနဲ့ ဝေးတဲ့ နေရာလေးကို သူတကယ်သွားချင်မိပါသည်။အိမ်ကနေ ထွက်လာခဲ့ပေမဲ့ သူ့လက်ထဲမှာ ဖုန်းရယ်ဘောင်းဘီထဲ အမြဲထည့်နေကျ wallet အသေးလေးပဲ ပါလာခဲ့သည်။
Nani လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတာကြောင့် N'mike ဆီကို ဖုန်းဆက်လိုက်သည်။
"Hello "
"Hello P'Nani "
"P' ပြောစရာ ရှိလို့ပါ "
"ဟုတ် P' "
"P' ဆိုင်ကို ခန ပိတ်ထားမဲ့ အကြောင်းလေး ပြောချင်လို့ပါ ဆိုင်ကိုလည်း အမြဲပိတ်နေမိလို့ N'mike ကိုလည်း P'တကယ် အားနာမိတယ် "
"P'ကလည်း အားနာစရာ မလိုပါဘူး ဒါနဲ့အခုက ဘာအကြောင်းကြောင့် ခန ပိတ်ထားတာလဲ P' "
"အင်း P' အိမ်ကနေ ထွက်လာတာ"
"ဗျာ "
Nani လည်း သူဘာကြောင့် အိမ်ကနေ ထွက်လာတာလဲ ဆိုတဲ့ အကြောင်းစုံကို N'mike အား ပြောပြခဲ့လိုက်သည်။
"P' ကျွန်တော့အိမ်ကို လာခဲ့ပါလား "
"ရတယ် P'မလာတော့ပါဘူး ပြီးတော့ ကျေးဇူးလည်း တင်ပါတယ် "
"P'ရာ မလိုပါဘူး အဲ့တာဆို အခု P'က ဘယ်မှာ နေမယ်လို့ စဉ်းစားထားတာလဲ "
"အင်း မသိသေးဘူး ခြေဦးတည့်ရာပဲ "
"P' အဲ့လိုတော့ မလုပ်ပါနဲ့ ကျွန်တော့အိမ်ကို လာခဲ့ပါနော်"
"ရပါတယ် P' မလာတော့ဘူးနော် ပြီးတော့ N'mike ဆိုင်ကို ဖွင့်ချင်ရင်လည်း ဖွင့်လို့ရတယ်"
"P'မရှိပဲ ကျွန်တော် မဖွင့်ချင်ဘူး "
"အင်းပါ P'က အားနာလို့ပါ ပြီးတော့ လစာကိစ္စလည်း ဘာမှ မစိုးရိမ်ပါနဲ့ P'လွှဲပေးမယ်နော် "
"P'ရာ အဲ့စကားတွေက ကျွန်တော့တို့ ကြားမှာ သူစိမ်းဆန်လွန်းပါတယ်"
"P' အားနာလို့ပါ "
"P' ဒီပြဿနာတွေကနေ ဒီလိုကြီး ရှောင်ပြေးနေလို့ ဖြစ်ပါ့မလား Khun sky ကိုရော ဖုန်းမဆက်တော့ဘူးလား "
"ဒါက P'ကိစ္စလေ skyကို သွားပြီး အကူညီတောင်းရမဲ့ ကိစ္စလည်း မဟုတ်တော့သလို P'နဲ့ သူကလည်း ဘာမှ မပတ်သတ်တော့ဘူးလေ"
"P' ရာ တကယ်ပဲ လျှောက်သွားဖို့ ဆုံးဖြတ်ထားတာလား "
"အင်း P' ဖုန်းချလိုက်တော့မယ်နော် "
"P' P' "
Nani လည်းN'mike နဲ့ စကား ပြောပြီး ခနဲက ဖုန်းကဒ်ကို ထုတ်ကာ coverနောက်လေးမှာ သိမ်းထားလိုက်သည်။ထိုသို့ ပြုလုပ်ရခြင်းကလည်း Nani မိဘတွေနဲ့ အဆက်သွယ် ဖြတ်လိုက်ခြင်းဖြစ်သည်။
Nani လည်း ကြုံရာ ကားနဲ့ လိုက်ခဲ့လိုက်ပြီးနောက် နေရာတစ်နေရာမှာ နေခဲ့လိုက်သည်။ထိုနေရာကတော့ သူနဲ့sky သွားခဲ့ဖူးတဲ့ ပင်လယ်ကမ်းခြေ ဖြစ်နေခဲ့သည်။မနက်အစော ပင်လယ်ကြီးကို မြင်လိုက်ရပေမဲ့ အခုတစ်ခါ ထပ်မံလာခဲ့ခြင်းက အရင်လို ခံစားချက်မျိုး မဟုတ်ခဲ့ပေ။skyနဲ့ အတူ ပင်လယ်ကြီးကို နောက်ခံထားပြီး ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးကို ပြန်ကြည့်မိကာ ရင်ထဲမှာ ဝမ်းနည်းလာခဲ့သည်။
Flashback ends
________________________
မနက်အလင်းရောင်က ပြတင်းပေါက်ကနေ တစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။နေအလင်းရောင်ကြောင့် မနက်ခင်းအစမှာ ပြည့်စုံ သွားနိုင်ပေမဲ့ အခန်းထဲက ကောင်လေးတွက်ကတော့ ဒီအရာတွေက ကြည်လင်လန်းဆန်းခြင်းကို မပေးနိုင်ချေ။
Sky တစ်ယောက် Nani ထွက်သွားတဲ့ နေ့ခနဲက အခုထိ အဆက်သွယ် မရသေးတာ သုံးရက်မြောက်နေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ဖုန်းခေါ်လို့လည်း မရ အိမ်လိုက်ရှာတော့လည်း အရိပ်ကလေးတောင် မတွေ့သေးကြောင့် skyတစ်ယောက် အရူးတစ်ယောက်လို ဖြစ်ခဲ့သည်။
Sky လည်းအခုမှ သူရှာဖို့ တစ်နေရာ ကျန်သေးတယ် ဆိုပြီး သတိရသွားခဲ့သည်။အိပ်ရာထဲကနေ ချက်ချင်း ထကာ အိမ်အောက်သို့ ဆင်းသွားခဲ့သည်။ညက ဘာတွေ ဖြစ်ခဲ့ပြီး အိမ်ကို ဘယ်လို ရောက်လာမှန်းလည်း sky တွေးမရပေ။
"Kan Kan "
"သားလေး "
"မာမီ ဘယ်လို ဖြစ်ပြီး ရောက်လာတာလဲ "
"သားဒယ်ဒီရော မာမီရော ညက ဒီမှာပဲ အိပ်ကြတာ "
Sky မိဘတွေလည်း ညခနဲက ရောက်လာခဲ့ကြပြီး သူ့သား အခြေနေကို စောင့်ကြည့်ကာ skyတို့ကို ပေးထားတဲ့ အိမ်မှာပဲ အိပ်ခဲ့ကြသည်။
"ဘာလို့လဲ"
"သားကို စိတ်မချလို့လေ "
"Kan အဒေါ်ပရင် Kan ရော "
"ဗျာ အကိုလေး "
"ငါ့ကားသော့ရော "
"အကိုလေး ကားက ညတုန်းက Barမှာ ထားခဲ့တာ"
"အဲ့တာဆို ငါက ဘယ်လိုလုပ် အိမ်ကို ရောက်လာတာလဲ "
"အကိုလေးသူငယ်ချင်း လိုက်ပို့ပေးတာပါ "
"အဲ့တာဆို မင်းမောင်းတဲ့ ကားသော့ပေး"
"ဗျာ "
"ကားသော့တောင်းနေတာ မြန်မြန်ပေးကွာ "
"သားဘယ်သွားမလို့လဲ "
"Nani ဆီသွားမလို့ မေမေ "
"Naniလေး ဘယ်မှာလဲ ဆိုတာ သားသိပြီလား"
"သား Nani ဆိုင်ကို မသွားရသေးဘူး Nani ဆိုင်မှာ ရှိမှာ သေချာတယ် မေမေ သားသွားတော့မယ်"
"သားတစ်ယောက်တည်းတော့ မသွားပါနဲ့လား Kanကိုပါ ခေါ်သွားပါ့လား သားရယ် "
"ဟုတ်ပါတယ်အကိုလေး ကျွန်တော်အကိုလေးကို လိုက်ပို့ပေးပါ့မယ် "
"အင်း Bar က ငါ့ကားကို သွားယူမယ် ပြီးရင် မင်းပြန်လိုက်"
"ဗျာ "
"ဗျာလုပ်မနေနဲ့ မြန်မြန်သွားမယ် "
"ဟုတ်ဟုတ် အကိုလေး "
Skyလည်း သူပြောတဲ့ အတိုင်း barက ကားကို သွားယူပြီး Kan ကိုလည်း အိမ်ကို ပြန်လွှတ်လိုက်သည်။ထို့နောက် သူကတော့ Nani ဆိုင်လေးကို ဆက်လက် သွားလိုက်သည်။မြင်ရတာကတော့ 'close' ဆိုတဲ့ ကဒ်ပြားလေးက ဆီးကြိုနေခဲ့သည်။sky မယုံနိုင်တာ ကြောင့် အပြင်ကနေ ဆိုင်တွင်းသို့ ချောင်းကြည့်လိုက်သည်။တကယ်ဆိုရင် အခုလို မနက် ခနဲက ဖွင့်နေကြ ဆိုင်လေးက အခုတော့ ပိတ်ထားပြီး အထဲမှာလည်း ဘာအရိပ်ရောင်မှ ဖြတ်သန်းသွားလာနေခြင်း မရှိပေ။
Skyလည်း လက်မလျှော့ပဲ ဆိုင်အပြင်ကနေ ထိုင်စောင့်နေမယ် ဆိုပြီး Nani ထိုင်စောင့်နေကျ ခုံတန်းလေးပေါ်မှာ စောင့်နေခဲ့သည်။
~~~~~~~~~~~~~~~
တစ်ဖက်တွင်လည်း သားဖြစ်သူမှာ အိမ်ကနေ ထွက်သွားပြီး ပြန်မလာတာ သုံးရက်တောင် ရှိနေပြီ ဖြစ်သည်။Nani မေမေလည်း ဖုန်းဆက်တော့လည်း ဖုန်းနံပါတ်က တပ်ဆင်ထားခြင်း မရှိဘူးတဲ့
"သားရယ် ဘယ်တော့များ သွားနေတာလဲ မေမေ စိတ်တွေပူလိုက်တာ"
Nani မေမေကလည်း သူ့သားလေးကို မျှော်ရင်း မျက်ရည်ကျမိပြန်သည်။Nani ဖေဖေကတော့ သူ့ရဲ့လုပ်ငန်းစုထဲမှာ အစည်းအဝေးရှိလို့ မနက်ခနဲက ထွက်သွားခဲ့သည်။
Nani အဖေလည်း ကုမ္ပဏီ နဲ့ ထဲထဲဝင်ဝင် အလုပ်တွေကို လုပ်ချင်ပေမဲ့လည်း ဒီလို ရင်နှီးမြုပ်နှံမှုတွေ လုပ်ပြီးမှ တစ်ဆင့်ချင်း သွားနိုင်မည် ဖြစ်သည်။ဒီလို အခြေနေ ရောက်အောင်လည်း Khun James အနေနဲ့ သူ့ကို ငွေကြေးတွေပါ အကူညီ ပေးခဲ့သည်။
အခုလုပ်နေတဲ့ အလုပ်ကိစ္စကလည်း အတည်ဖြစ်ဖို့ အစပြုလာခဲ့ပြီ ဖြစ်သည်။Nani အဖေနဲ့ ပရိဘောဂ အိမ်သုံးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းပိုင်းလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားခဲ့သည်။
"Hello Khun Thun "
"Hello Khun James ကျွန်တော့ကို ဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲဗျ"
"ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အလုပ်တွေရော အဆင်ပြေလား မေးမလို့ပါ "
"ဟုတ်ကဲ့ ကျွန်တော် အဆင်ပြေပါတယ် ဒီလိုမျိုး အဆင်ပြေအောင်လည်း Khun James ရဲ့ အကူညီတွေ ကြောင့်ပါပဲ ကျွန်တော့ကို ဒီလို ငွေအင်အားကူညီပြီး ချေးပေးထားတာလည်း ကျေးဇူးပါဗျ "
"ရပါတယ် အဲ့ငွေတွေက ကျွန်တော့တွက် ဘာမှ မဟုတ်ပါဘူး ကျွန်တော်လိုချင်တာ ငွေထပ် တန်ဖိုးရှိတဲ့ အရာလေ အဲ့အရာကိုလည်း Khun Thun သဘောပေါက်မယ် ထင်ပါတယ်"
"ကျွန်တော်သဘောပေါက်ပါတယ် ကျွန်တော်လည်း ကျွန်တော့ သားလေးကို နားချနေတာမို့ Khun James ဘာမှ မစိုးရိမ်ပါနဲ့ဗျ "
"ကောင်းပါပြီ "
"ဟုတ်ကဲ့ခမျ"
___________________
Nani လည်း မနက်အစော ကမ်းခြေကို ရောက်ခဲ့ပြီး အခန်းမယူရသေးပဲ နေဝင်တဲ့အထိ သောင်ပြင်ပေါ်မှာ သဲလေးတွေကို ခြေထောက်နဲ့ ထိုးရင်း ကမ်းစပ်ကို လာတဲ့ လှိုင်းလေးတွေကို အကြာကြီး ကြည့်နေခဲ့သည်။
ထို့နောက် ထိုင်နေရာကနေ ထကာ hotel room သွားယူဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။သူ့အနေနဲ့လည်း ဘယ်နှစ်ရက် နေဖို့ အခန်းယူရမလဲ လည်း မသိ ဒါကြောင့် သုံးရက်လောက် နေဖို့ပဲ single roomလေး ယူခဲ့လိုက်သည်။အိမ်ကနေ အင်္ကျီတစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့တော့ သူ့မှာ အဝတ်စား အပိုဆိုတာ မရှိတာကြောင့် hotel room ရပြီး ကမ်းခြေနဲ့အနီး ညဘက်မှာ ရောင်းတဲ့ အဝတ်ဆိုင်တွေဘက် သွားပြီး ဝယ်လိုက်ရသည်။
အင်္ကျီတွေ ဝယ်ပြီး အခန်းသို့ ပြန်လာခဲ့လိုက်သည်။Nani လည်း အခုတော့ single bed လေး ပေါ်မှာ တစ်ယောက်တည်းပေါ့။ဒီလို ပြေးထွက်လာရတဲ့ အနေထားက ဘယ်လောက်ကြာမြင့်မလဲ မသိတာကြောင့် သူ့အနေနဲ့ ဒီလို hotelမှာ အမြဲနေဖို့ကလည်း မဖြစ်နိုင်ပေ။ဒါ့အပြင် ဘယ်ကို သွားရမလဲလည်း အခုထိ တွေးလို့ မရ။အလုပ်လေး ဘာလေး ရှိရင် မဆိုးဘူး ဆိုပြီး Nani လည်း အလုပ်ရှာဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
Nani လည်း အိမ်က နေ ထွက်ခဲ့ပြီး ဒီနေရာမှာ အဆက်သွယ်ဖြတ်ပြီး နေခဲ့တာ သုံးရက်ရှိပြီ။သောင်ပြင်မှာ လမ်းလျှောက်ထွက်လိုက် အခန်းထဲ ပြန်ဝင်လိုက်နဲ့ တော်တော်အထီးကျန်လှသည်။ကမ္ဘာကြီးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလိုကြီးက Nani တွက် တော်တော် အဆင်မပြေလှပေ။ငယ်ငယ်ကနေ ကျောင်းပြီးသွားခနဲက သူငယ်ချင်းဆိုတာလည်း များများစားစား မရှိခဲ့ပဲ တစ်ကိုယ်တည်း နေခဲ့တာက ပိုများခဲ့သည်။ဆိုင်လေး ဖွင့်ကာမှ N'mike ဆိုတာ ညီလေးတစ်ယောက်လို ရင်းနှီးလာခဲ့သည်။ထို့အတူ Kan နဲ့ အဒေါ်ပရင်ဆိုတာလည်း Nani အတွက် ဒုတိယမိသားစုလို ဖြစ်လာခဲ့ပြန်သည်။Nani လည်း စဉ်းစားမိရင်း သတိရတာကြောင့် မနေ့ညက အင်္ကျီဝယ်ရင်း ဖုန်းကဒ် အသစ်ပါ ဝယ်ခဲ့လိုက်သည်။နေ့လည်လောက် ကျတော့ Nani N'mike ကို ဖုန်းခေါ်ခဲ့လိုက်သည်။
"Hello "
"Hello ဘယ်သူလဲဗျ "
"N'Mike P'ပါ "
"P'Nani လား "
"အင်း ဟုတ်တယ် "
"P'အခုဘယ်မှာလဲ နေရတာ အဆင်ပြေလား စားရတာရော အဆင်ပြေလား ဘာတွေလုပ်နေလဲ အခုရော ဘေးကင်းရဲ့လား P'အဆင်မပြေရင် ကျွန်တော်....."
"N'mike ရယ် မေးခွန်းတွေက များလိုက်တာ P' ဘယ်လို ဖြေရမလဲကို မသိတော့ဘူး "
"ကျွန်တော် စိတ်ပူသွားလို့ပါ"
"ဘာမှ စိတ်မပူပါနဲ့ P'အဆင်ပြေပါတယ် "
"P'အခု ဘယ်မှာလဲ "
"P' နေရာ တစ်ခုကို ရောက်နေတာ "
"ဘယ်နေလဲ P' ကျွန်တော်လာခဲ့မယ် "
"မလာပါနဲ့ အခု P' ဖုန်းဆက်တယ် ဆိုတာကလည်း သတိရလို့ ပြီးတော့ P'အဆင်ပြေတဲ့ အကြောင်းရော ပြောချင်လို့ပါ "
"P'ဘယ်တော့ ပြန်လာမှာလဲ "
"အင်း P'တော့ ပြန်လာဖို့ မဖြစ်နိုင်လောက်ဘူး "
"P'ရာ ကျွန်တော်တို့ကို မထားခဲ့ပါနဲ့ "
"ဖုန်းဆက်လို့ ရတာပဲလေ N'mike ရဲ့"
"မတူဘူးလေဗျာ "
'အင်းပါ ပြီးတော့ P' တောင်းဆိုစရာလေး ရှိသေးတယ် P'အခု ဒီနေရာမှာ ရှိနေတယ် ဆိုတာကိုလည်း N'mike ပဲ သိတာ အဲ့တာကြောင့်မို့ ဒီကိစ္စလေးကို လျှို့ဝှက်ပေးလို့ ရမလား "
"ဟုတ်P' ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး"
"ကျေးဇူးပဲနော် အဲ့တာဆို P'ဖုန်းချလိုက်တော့မယ် "
"ဟုတ်P' "
Nani လည်း N'mike နဲ့ ဖုန်းပြောပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ထို့နောက် မနေ့ညက စဉ်းစားမိတဲ့ အတိုင်း ဒီနေရာနဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ဆိုင်တွေမှာ ဘယ်နေမှာများ အလုပ်သမား လိုနေလည်း ဆိုပြီး အလုပ်ရှာတဲ့ appကနေ တစ်ဆင့် Nani ရှာနေခဲ့သည်။
~~~~~~~~~~~~~~
Nani အဖေလည်း အလုပ်က ပြန်လာပြီးနောက် အိမ်သို့ ပြန်လာသော်လည်း သားဖြစ်သူကို မတွေ့ပေ။
"သားရော "
"အခုထိကို ပြန်မလာသေးဘူး အကို "
"ပြန်မလာတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ ဖုန်းဆက်ပြီး အိမ်ပြန်လာဖို့ ပြောလိုက် "
"သားကို ဆက်လို့ မရဘူး "
"ဘာလို့ ဆက်လို့မရတာလဲ ငါဆက်ကြည့်မယ်"
Nani ဖေဖေ ဖုန်းဆက်ကြည့်တော့လည်း တပ်ဆင်ထားခြင်း မရှိပါက လွှဲပြီး ဘာမှ ပြောင်းလဲလာခြင်း မရှိဘူး
"ဘယ်တွေများ သွားနေလဲ မသိဘူး ငါဆိုင်ကို တစ်ချက်သွားကြည့်အုန်းမယ် "
"အကို သားလေးကို တွေ့ရင် စိတ်မတိုပါနဲ့ သားလေးကို သေချာပြောပြီး အိမ်ပြန်လာအောင် ခေါ်ခဲ့ပါ"
"အင်း "
Nani ဖေဖေ လည်း ဆိုင်ရှေ့ရောက်တော့ ဆိုင်တံခါး ပိတ်ထားတာပဲ တွေ့သည်။ထို့နောက် ကားကွေ့ကာ တစ်ခြားနေရာကို သွားရှာဖို့ လုပ်လိုက်ရာ ခုံတန်းပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လေသည်။Nani ဖေဖေလည်း သေချာစိုက်ကြည့်လိုက်ရာ CEOရဲ့ သားဖြစ်နေသည်။ထို့နောက်Nani အဖေ ကားပေါ်ကနေ ချက်ချင်းဆင်းပြီး sky ဆီသို့ သွားလိုက်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ "
"ကျွန်တော် Nani ကို စောင့်နေတာ "
"ဘာကိစ္စနဲ့ စောင့်နေတာလဲ မင်းနဲ့ ငါ့သားနဲ့ ဘာမှ မဆိုင်တော့ဘူးလို့ ပြောထားတယ်မလား "
"Nani နဲ့ ကျွန်တော်က တရားဝင် မကွာရှင်းရသေးဘူး အဲ့တော့ ကျွန်တော်နဲ့ Nani ကြားမှ ပတ်သတ်မှုရှိတယ် "
"အေး မင်းဘက်ကပဲ ရှိနေလိုက် ငါ့သားဘက်က ဘာမှ မရှိတော့ဘူး ပြီးတော့ မင်းကိုငါ ပြောထားသလိုပဲ ငါ့သားနဲ့ သက်ဆိုင်လာမည့်လူကလည်း Khun James ပဲ ဖြစ်လာလိမ့်မယ် "
"အဲ့တာ ဦးလေး ဘက်က အတင်းကြပ် လုပ်နေတာလေ အဲ့ jamesဆိုတဲ့ ကောင်က ဘာတွေများ ကောင်းနေလို့လဲ "
"အကုန်ကောင်းတယ် ငါ့သားအပေါ်မှာလည်း တကယ့်မေတ္တာစစ်နဲ့ ချစ်ပေးမှာ ဆိုတာ ငါယုံတယ်"
"အဲ့လိုမကောင်းတဲ့ အကောင်ကို သဘောကျပြီးအမွှန်းတင်နေတာ ဦးလေးပဲ ယူလိုက်ပါ့လား "
"မင်းဘာစကားပြောတာလဲ!"
"ကျွန်တော်က စေတနာနဲ့ အကြံပေးတာပါ "
"မင်းလို လူမျိုးကများ Khun James ကို ပြစ်တင်ပြောဆိုနေရအောင် မင်းကရော ဘာတွေများ အားကျစရာ ကောင်းနေလို့လဲ "
"ကျွန်တော်လည်း သူများအားကျအောင် ဘာမှ လုပ်မနေပါဘူး "
"ဒီလို ကြိုးစားပုံမျိုးနဲ့တော့ အောင်မြင်အုန်းမယ်"
"ကျွန်တော့ကို စိတ်မပူပါနဲ့ ဦးလေးသားအတွက် ကြိုးစားသွားမှာ "
"မလိုဘူး မင်းဘာသာပဲ တစ်ခြားလူတွက် ကြိုးစားပေးလိုက် "
"ဦးလေးနဲ့ James ယူမဲ့ နေ့ကျရင် ပြောအုန်း လက်ဖွဲ့အကြီးကို ပေးချင်လို့ ကျွန်တော့ကို ခွင့်ပြုပါအုန်း Nani လေးကို သွားရှာ မလို့ "
Skyလည်း စကားကို နိုင်အောင် ပြောခဲ့ပြီး Nani အဖေရှေ့ကနေ ထွက်ခဲ့လိုက်သည်။သူ့အနေနဲ့ Naniကို စောင့်နေတာ တစ်နေကုန်သွားခဲ့ပြန်ပြီ ဖြစ်သည်။အခုတော့ ကြံရာ မရ ထိုကောင်လေးကို ဘယ်မှာ သွားရှာရမလဲ မသိတော့ပေ။
ကျန်ခဲ့တဲ့ Nani အဖေမှာလည်း jamesနဲ့ ပေးစားသွားတာကြောင့် ဆွေ့ဆွေ့ခုန်နေလောက်ပြီ ဖြစ်သည်။အစခနဲကမှ သူ့သားအပေါ်ကို ပုဇွန်ကျွေးခဲ့တဲ့ ကိစ္စနဲ့ အခဲမကြေခဲ့တဲ့ Nani အဖေက အခုလိုမျိုး skyရဲ့ ဂျစ်ကန်ကန် ပုံစံနဲ့ လူကြီးသူမ အပေါ်ကို ရွဲ့သွားတာကြောင့် ပိုလို့တောင် ဒေါသထွက်နေခဲ့သည်။
____________________
အခန်းထဲမှာ အလုပ်ရှာနေတဲ့ ကောင်လေးကလည်း နောက်ဆုံးတော့ bakery ဆိုင်လေး တစ်ဆိုင်မှာ အလုပ်လိုကြောင်းကို တွေ့ရှိခဲ့သည်။အလုပ်သမားခေါ်ယူစာက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆိုပေမဲ့ appထဲမှာ အခုထိ ရှိသေးတာကြောင့် Nani လည်း မျှော်လင့်ချက်လေး ရှိလာခဲ့သည်။ထို့နောက် မနက်ကျရင် ထိုဆိုင်လေးကို သွားကြည့်မယ် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့လိုက်သည်။
Time skip ~~~~~~~~~
Naniလည်း ဒီနေ့ မနက် အလုပ်သွားလုပ်မဲ့ နေရာကို သွားစုံစမ်းရင်း hotel ကို နောက်၂ရက်စာ booking ထပ်ယူခဲ့လိုက်သည်။ပြီးနောက်ဆိုင်ကယ် ကယ်ရီငှားယူကာ အလုပ်လျှောက်မဲ့ ဆိုင်လေးကို ခရီးဆက်လိုက်တော့သည်။
Nani လည်း hotel နဲ့ ၁နာရီကျော်လောက် မောင်းပြီးနောက် သူသွားမဲ့ တည်နေရာကို ရောက်လာခဲ့ပြီ ဖြစ်သည်။Nani ဆိုင်ထဲသို့ ဝင်သွားလိုက်ပြီး သေချာစူးစမ်းနေတော့သည်။
ဆိုင်လေးကလည်း သပ်သပ်ရပ်ရပ်လေးနဲ့ အဆင်ပြေလှသည်။ဆိုင်ထဲမှာလည်း လာစားတဲ့လူ အနည်းငယ်နဲ့ ရောင်းနေတဲ့ ကောင်လေး တစ်ယောက်ပဲ တွေ့ရသည်။Naniလည်း အဲ့တာကြောင့်မို့ အလုပ်ခေါ်တာ နေမှာ ဆိုပြီး စိတ်ထဲမှာ ဝမ်းသာလာခဲ့တော့သည်။
"ဘာသုံးဆောင်မလဲဗျ "
"အာ...ဟုတ် ဒီကိတ်လေးယူမယ်ဗျ"
"ဟုတ်ကဲ့ ဆိုင်စားလား ပါဆယ်လားဗျ"
"ဆိုင်စားဗျ"
"ဟုတ်ကဲ့ဗျ အဆင်ပြေတဲ့ နေရာလေးမှာ စိတ်ကြိုက်နေရာယူပေးပါ ခနနေ ကျွန်တော် လာပို့ပေးပါမယ်ခမျ"
"ဟုတ်ကဲ့ပါ "
Nani လည်း သူ့ကို ဈေးလာဝယ်မည့် သူလို့ ထင်သွားတာကြောင့် အားနာလို့ ကိတ်လေးမှာစားလိုက်သည်။ပြီးမှ သူဘာကြောင့် လာရ တာလဲ ဆိုတာကို ပြောလိုက်မယ် ဆိုပြီး ပြတင်းပေါက်နဲ့ နီးနဲ့ ဝိုင်းလွှတ်လေးမှာ ထိုင်စောင့်နေလိုက်သည်။
နောက်ဆုံးတော့ Nani မှာထားတဲ့ ကိတ်မုန့်လေးလည်း ရောက်လာပြီ ဖြစ်သည်။Nani လည်း ကိတ်မုန့်လေးကို မြည်းကြည့်လိုက်တော့ တကယ်အရသာ ရှိပါသည်။ထို့နောက် လူရှင်းတဲ့ အချိန်လောက် မေးမယ် ဆိုပြီး Nani လည်း ကိတ်လေးသာ ဆက်စားနေလိုက်သည်။
ကိတ်လေးလည်း ကုန်သွားပြီ ဆိုတော့ Nani လည်း ပိုက်ဆံသွားရှင်းဖို့ လုပ်လိုက်သည်။ရှိသမျှ သတ္တိတွေကို အကုန်ထုတ်ပြီး အလုပ်လျှောက်မဲ့ အကြောင်းလေးအား Nani အစချီလိုက်သည်။
"ဒီမှာ အလုပ်လိုတယ်လို့ ဆိုလို့ ကျွန်တော် အလုပ်လျှောက်လို့ ရမလားဗျ "
"ဗျာ "
"အလုပ်ခေါ်စာ တင်ထားတာ ဒီဆိုင်မဟုတ်ဘူးလားဗျ "
"ဟုတ်ပါတယ် အဲ့တာက လွန်ခဲ့တဲ့ တစ်နှစ်တုန်းကဗျ "
"ဟုတ် ကျွန်တော်သိပါတယ် ဒါပေမဲ့ အခုထိ တင်ထားတာ ဆိုတော့ အလုပ်သမားလိုသေးတယ်မဟုတ်ဘူးလားဗျ"
"အခုထိ တင်မိထားတာ လားဗျ"
"ဟုတ်ပါတယ် ဒီမှာပါ "
Nani လည်း သူတွေ့တဲ့ အတိုင်း သူ့ဖုန်းလေးကို ထောင်ပြလေသည်။
"တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ မဖျက်ရသေးတာ နေမှာပါ အလုပ်ကလည်း လွန်ခဲ့တဲ့ တစ်နှစ်ခနဲက ရပြီးပါပြီဗျ "
"အာ ဟုတ်လားဗျ အဲ့တာဆို အလုပ်သမား မလိုသေးဘူးပေါ့ "
"ဟုတ်ပါတယ်ဗျ "
"ဟုတ် အဲ့တာဆို ကျွန်တော့ကို ခွင့်ပြုပါအုန်းဗျ"
"ဟုတ်ကဲ့ဗျ "
Nani လည်း သက်ပြင်းချကာ ဆိုင်ထဲကနေ ပြန်ဖို့ တံခါးလေး ဖွင့်လိုက်သည်။
"အကို ခနလေးပါဗျ "
"ဟုတ်ကဲ့ "
"အကိုက ဒီမြို့ကလား ကျွန်တော့ဆိုင်မှာ တကယ်ပဲ လုပ်ချင်တာလား ပြီးတော့ အကိုက ဘာတွေ လုပ်တက်လဲ "
"အကိုက ဒီက မဟုတ်ပါဘူး ညီလေး ဆိုင်လေးကိုလည်း သဘောကျတယ် တကယ်လည်း အလုပ်လုပ်ချင်တာပါ ပြီးတော့ အကိုက ကိတ်ပိုင်းနဲ့ ပတ်သတ်ပြီးလည်း အရမ်းမစိမ်းပါဘူး "
"ဟုတ်ပါပြီ တကယ်တော့ ကျွန်တော်တို့ ဆိုင်က လူရသွားပါပြီ ဒါပေမဲ့ အစ်မက မွေးခွင့်လေး ယူထားလို့ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတာပါ "
"ဟုတ်ကဲ့ဗျ "
"အဲ့တာ သူက ၂လလောက်တော့ ခွင့်ယူထားတယ် နောက်လဆိုရင်တော့ သူက မွေးတော့မှာ သူမွေးမဲ့ လအတွင်းကတော့ ကျွန်တော်တစ်ယောက်တည်း မနိုင်တာကတော့ အမှန်ပါ အဲ့တာကြောင့်မို့ အဲ့တစ်လကိုတော့ အကို့ကို ကျွန်တော် အလုပ်ခေါ်ချင်တယ် သူပြန်လာရင်တော့ မလိုတော့ဘူး ကျွန်တော် ဒီလို ပြောလို့ ရိုင်းတယ် မထင်ပါနဲ့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြတာပါ အကိုအနေနဲ့ရော လုပ်ဖို့ အဆင်ပြေလားဗျ အဆင်မပြေရင်လည်း...."
"ဟုတ် ရပါတယ် တစ်လလည်း တစ်လပေါ့ အကိုလုပ်ပါ့မယ် "
"ဟုတ်ကဲ့ပါ အဲ့တာဆို မနက်ဖြန်ကျရင် ဆိုင်ပိတ်ပေမဲ့ အကို လာခဲ့ပေးလို့ ရမလား ကျွန်တော်အကို့ကို အစမ်းလုပ်ခိုင်းကြည့်မလို့ပါ "
"ဟုတ်ရပါတယ် အကိုလာခဲ့ပါ့မယ် "
"ဟုတ်ကဲ့ပါ အဲ့တာဆို ကျွန်တော်တို့ မနက်ဖြန် တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကိုကို့ သွားခွင့်ပြုပါအုန်း "
"ဟုတ်ကဲ့ပါဗျ "
Naniလည်း ဘာပဲ ဖြစ်ဖြစ် တစ်လ လုပ်ရလည်း သူ့အတွက် ပိုက်ဆံလေး ရပါတယ် ဆိုပြီး သူကျွမ်းကျင်တဲ့ အလုပ်လေးတစ်ခုကတော့ ရသွားခဲ့ပြီ ဖြစ်သည်။အားလုံးနဲ့ အဝေးမှာ ရှိနေတဲ့ ကောင်လေးကလည်း သူတစ်ယောက်တည်းရပ်တည်ဖို့တွက် ကြိုးစားနေရသလို အခုထိ သူရှာနေတဲ့ လူကို မတွေ့ရသေးတဲ့ တစ်ဖက်ကောင်လေးမှာလည်း ဇွဲမလျော့ပဲ ရှာဖွေနေလေသည်။
နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာလည်း အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ပေးပါတယ်ဗျ🙏🏻💗မန္တလေးမှာ ဒီနေ့နေ့လည် ၁နာရီလောက်က လှုပ်သွားတဲ့ ငလျင်က ပြင်းပါတယ် အားလုံးလည်း ဂရုစိုက်ကြပါဗျ✨
TBCThanks for reading, guys
(Zawgyi)
အားလုံးရဲ႕ အေဝးကို ေျပးထြက္လာတဲ့ ေကာင္ေလး ကေတာ့ အခုခ်ိန္မွာ အရာအားလုံးကို လႊတ္ခ်ခဲ့လိုက္ၿပီ ျဖစ္သည္။
ထိုေန႔ညက Nani အေဖ Khun James အေပၚကို ဒီလို အျပဳမူမ်ိဳး လုပ္ရသလား ဆိုၿပီး Nani အား ဆူခဲ့သည္။
"Nani မင္းဘယ္လို လုပ္လိုက္တာလဲ "
"သားဘာလုပ္မိလို႔လဲ ေဖေဖ သားမႀကိဳက္တဲ့ အရာတစ္ခုကို ဟန္ေဆာင္ၿပီးေတာ့ မလုပ္ႏိုင္ဘူး"
"မင္းအဲ့လို လုပ္လို႔ရမလား ငါဘာေျပာထားလဲ Khun James ဆိုတာ တစ္ျခားသူလည္း မဟုတ္ဘူး ငါတို႔ ေပၚမွာ ေက်းဇူး႐ွင္ပဲ "
"အဲ့တာဆို sky ဒယ္ဒီက်ေတာ့ေရာ ေဖေဖရဲ႕ ေက်းဇူး႐ွင္ မဟုတ္ဘူးလား"
"ငါေျပာတာ Khun James အေၾကာင္း ေျပာေနတာ မင္းမဆိုင္တာေတြ မေျပာနဲ႔ "
"ေဖေဖရဲ႕ လုပ္ရပ္ေတြက ေတာ္ေတာ္ကို တရားက်ဖို႔ ေကာင္းလြန္းတယ္ဗ်ာ"
"မင္းငါ့ကို ဘာမွ လာေထာက္ျပေနစရာ အေၾကာင္းမ႐ွိဘူး Khun James နဲ႔ လက္ထပ္ဖို႔သာ စဥ္းစားထား"
"သားလည္း ေဖေဖ့ကို တစ္ခါတည္း ေျပာလိုက္မယ္ jamesဆိုတဲ့ လူကို ဘယ္ေတာ့မွ လက္မထပ္ဘူး ဆိုတာပဲ "
"ဘာ! မင္းဘာေျပာလိုက္တယ္ "
"Jamesဆိုတဲ့ လူကို လက္မထပ္ႏိုင္ဘူး ကြၽန္ေတာ့သူ႕ကို ဘယ္ေတာ့မွာလည္း ခ်စ္လာမွာ မဟုတ္ဘူး "
"မင္း CEO သားကို လက္ထပ္ခဲ့တုန္းကေရာ ခ်စ္ခဲ့လို႔လား အဲ့တုန္းက မင္းငါ့စကားကို နားေထာင္ခဲ့ၿပီး မင္းအတြက္ဘာေတြမ်ား ဆုံး႐ႈံးခဲ့ဖူးလို႔လဲ"
"သားရဲ႕ ႏွလုံးသား တစ္ခုလုံး စုတ္ျပတ္သတ္သြားတာေတာင္မွ ေဖေဖ့အတြက္က ဆုံး႐ႈံးမႈလို႔ မျမင္ေသးဘူးလား"
"ဘာမွ ခံစားမေနနဲ႔ အဲ့ႏွလုံးသားေနရာကို Khun James နဲ႔ အစားထိုးပစ္လိုက္"
"ေဖေဖ့ စိတ္ထဲမွာ သားကို ေဖေဖ့ အက်ိဳးစီးပြားအတြက္ အသုံးခ်ဖို႔ပဲ ေတြးထားတာလား "
"မင္းကို တကယ္ခ်စ္တဲ့ လူနဲ႔ အတူ႐ွိမွ မင္းဘဝ ေပ်ာ္႐ႊင္ရမွာ ဒါကို ဖခင္တစ္ေယာက္ အေနနဲ႔ အတၱႀကီးမိတာ ငါ့အမွားလား "
"သားကေတာ့ ဒီအတၱက ဖခင္တစ္ေယာက္က သားေပၚမွာ ထားတဲ့ အတၱလို႔ မထင္ဘူး ေဖေဖ့တစ္ေယာက္တည္း အတြက္ပဲ ၾကည့္တဲ့ တစ္ကိုယ္ေကာင္းအတၱပဲ "
"ခြပ္ "
"Nani hirunkit "
Nani လည္း မထင္မွတ္ထားတဲ့ ျပင္းအား တစ္ခုက ပါးျပင္ေပၚ ေရာက္လာခဲ့ေတာ့ မ်က္ႏွာေလး လည္သြားခဲ့ၿပီး ႏႈတ္ခမ္းေလးမွာ ေသြးစို႔ေနခဲ့သည္။
ထိုစဥ္ Nani ေမေမမွာ သားဖ ႏွစ္ေယာက္ ေအးေဆး ေျပာပါေစ ဆိုၿပီး ေ႐ွာင္ထြက္ေပးထားရာ အခုက အဆိုးဘက္ကို သြားတဲ့ အေျခေနဘက္ ေရာက္သြားတာမို႔ အိမ္ေပၚသို႔ တက္သြားခဲ့သည္။
"သားေလး..အကို စိတ္ေလွ်ာ့ပါအုန္း လက္မပါပဲ သားကို စကားနဲ႔ ေသခ်ာေျပာစမ္းပါ "
မိခင္ဆိုတဲ့ အတိုင္း သားျဖစ္သူရဲ႕ မ်က္ႏွာေလးကို ၾကည့္ကာ စိတ္မေကာင္းျဖစ္ၿပီး ေဆးထည့္ေပးဖို႔ လုပ္လိုက္သည္။သို႔ေသာ္Nani လည္း ထိုေနရာကေန ခ်က္ခ်င္း ထထြက္သြားခဲ့သည္။
"သား....သားေလး အကို ဘာေၾကာင့္ ကိုယ့္သားေပၚမွာ ဒီလို လုပ္လိုက္ရတာလဲ "
"......."
Nani အေဖလည္း သူ႕သားအေပၚမွာ ဒီလို လက္ပါမိတာက ပထမဆုံး အႀကိမ္လို႔ေတာင္ ေျပာလို႔ ရေပသည္။Nani ေမေမ အိမ္ေအာက္ကို ဆင္းၿပီး လိုက္ေခၚေပမဲ့လည္း Nani က ႐ွိမေနေတာ့ေပ။
"အကိုေၾကာင့္ သားေလး ထြက္သြားၿပီ "
"လႊတ္ထားလိုက္ အခ်ိန္တန္ရင္ သူ႕ငါ့ေမတၱာေတြကို နားလည္ၿပီး အိမ္ျပန္လာလိမ့္မယ္ "
"အကိုနဲ႔လည္း စိတ္ညစ္ပါတယ္ သားမွ ဆႏၵမပါတာကို ဘာလို႔ အတင္းေပးစားခ်င္ေနရတာလဲ"
"ငါသူ႕ကို ေကာင္းေစခ်င္လို႔ ငါ့သားေလးကို လူေတာ္လူေကာင္းနဲ႔ ေပးစားတာ ငါမွားလား"
"မွားတယ္ ပထမ တစ္ႀကိမ္တုန္းကလည္း အကိုေၾကာင့္ပဲ သားလက္ခံေပးခဲ့ၿပီေလ အခုေတာ့ သားသူ႕ဘာသာသူ ေနပါေစ "
"ငါ့လုပ္ရပ္ေတြကပဲ အစြန္းေရာက္ေနတဲ့ အတိုင္း မင္းတို႔သားမိႏွစ္ေယာက္ ဘာျဖစ္ေနတာလဲ"
Nani ေမေမလည္း ဘာမွ ဆက္မေျပာေတာ့ပဲ သူ႕အခန္းထဲသို႔ ဝင္သြားခဲ့သည္။
__________________
ေျခဦးတည့္ရာ ထြက္ခဲ့တဲ့ ေကာင္ေလးကေတာ့ အိမ္နဲ႔ ေဝးတဲ့ ေနရာမွာ ႐ွိေနခဲ့သည္။ည၇နာရီ ေက်ာ္ေလာက္ ႐ွိေနၿပီး ပတ္ဝန္းက်င္ကေတာ့ လူေတြေရာကားေတြေရာပါ စည္ကားေနဆဲ ျဖစ္သည္။
Nani လည္း အိမ္ျပန္ေနရင္ ဟိုလူနဲ႔ အတင္းအက်ပ္ ေပးစားခံရတာက လႊဲၿပီး သူ႕ဘဝကလည္း သူ႕ေဖေဖရဲ႕ ထိန္းခ်ဳပ္မႈ ေအာက္မွာ ႐ွိေနအုန္းမွာ ဆိုၿပီး အိမ္ျပန္ဖို႔ အစီစဥ္ မ႐ွိခဲ့ပါ
သို႔ေပမဲ့လည္း သူဘယ္ကို သြားလို႔ သြားရမလဲလည္း အေျဖ႐ွာမရခဲ့။ အားလုံးနဲ႔ ေဝးတဲ့ ေနရာေလးကို သူတကယ္သြားခ်င္မိပါသည္။အိမ္ကေန ထြက္လာခဲ့ေပမဲ့ သူ႕လက္ထဲမွာ ဖုန္းနဲ႔ ေဘာင္းဘီထဲ အၿမဲထည့္ေနက် wallet အေသးေလးပဲ ပါလာခဲ့သည္။
Nani လည္း ဘာလုပ္လို႔ ဘာကိုင္ရမလဲ မသိတာေၾကာင့္ N'mike ဆီကို ဖုန္းဆက္လိုက္သည္။
"Hello "
"Hello P'Nani "
"P' ေျပာစရာ ႐ွိလို႔ပါ "
"ဟုတ္ P' "
"P' ဆိုင္ကို ခန ပိတ္ထားမဲ့ အေၾကာင္းေလး ေျပာခ်င္လို႔ပါ ဆိုင္ကိုလည္း အၿမဲပိတ္ေနမိလို႔ N'mike ကိုလည္း P'တကယ္ အားနာမိတယ္ "
"P'ကလည္း အားနာစရာ မလိုပါဘူး ဒါနဲ႔အခုက ဘာအေၾကာင္းေၾကာင့္ ခန ပိတ္ထားတာလဲ P' "
"အင္း P' အိမ္ကေန ထြက္လာတာ"
"ဗ်ာ "
Nani လည္း သူဘာေၾကာင့္ အိမ္ကေန ထြက္လာတာလဲ ဆိုတဲ့ အေၾကာင္းစုံကို N'mike အား ေျပာျပခဲ့လိုက္သည္။
"P' ကြၽန္ေတာ့အိမ္ကို လာခဲ့ပါလား "
"ရတယ္ P'မလာေတာ့ပါဘူး ၿပီးေတာ့ ေက်းဇူးလည္း တင္ပါတယ္ "
"P'ရာ မလိုပါဘူး အဲ့တာဆို အခု P'က ဘယ္မွာ ေနမယ္လို႔ စဥ္းစားထားတာလဲ "
"အင္း မသိေသးဘူး ေျခဦးတည့္ရာပဲ "
"P' အဲ့လိုေတာ့ မလုပ္ပါနဲ႔ ကြၽန္ေတာ့အိမ္ကို လာခဲ့ပါေနာ္"
"ရပါတယ္ P' မလာေတာ့ဘူးေနာ္ ၿပီးေတာ့ N'mike ဆိုင္ကို ဖြင့္ခ်င္ရင္လည္း ဖြင့္လို႔ရတယ္"
"P'မ႐ွိပဲ ကြၽန္ေတာ္ မဖြင့္ခ်င္ဘူး "
"အင္းပါ P'က အားနာလို႔ပါ ၿပီးေတာ့ လစာကိစၥလည္း ဘာမွ မစိုးရိမ္ပါနဲ႔ P'လႊဲေပးမယ္ေနာ္ "
"P'ရာ အဲ့စကားေတြက ကြၽန္ေတာ့တို႔ ၾကားမွာ သူစိမ္းဆန္လြန္းပါတယ္"
"P' အားနာလို႔ပါ "
"P' ဒီျပႆနာေတြကေန ဒီလိုႀကီး ေ႐ွာင္ေျပးေနလို႔ ျဖစ္ပါ့မလား Khun sky ကိုေရာ ဖုန္းမဆက္ေတာ့ဘူးလား "
"ဒါက P'ကိစၥေလ skyကို သြားၿပီး အကူညီေတာင္းရမဲ့ ကိစၥလည္း မဟုတ္ေတာ့သလို P'နဲ႔ သူကလည္း ဘာမွ မပတ္သတ္ေတာ့ဘူးေလ"
"P' ရာ တကယ္ပဲ ေလွ်ာက္သြားဖို႔ ဆုံးျဖတ္ထားတာလား "
"အင္း P' ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ "
"P' P' "
Nani လည္းN'mike နဲ႔ စကား ေျပာၿပီး ခနဲက ဖုန္းကဒ္ကို ထုတ္ကာ coverေနာက္ေလးမွာ သိမ္းထားလိုက္သည္။ထိုသို႔ ျပဳလုပ္ရျခင္းကလည္း Nani မိဘေတြနဲ႔ အဆက္သြယ္ ျဖတ္လိုက္ျခင္းျဖစ္သည္။
Nani လည္း ၾကဳံရာ ကားနဲ႔ လိုက္ခဲ့လိုက္ၿပီးေနာက္ ေနရာတစ္ေနရာမွာ ေနခဲ့လိုက္သည္။ထိုေနရာကေတာ့ သူနဲ႔sky သြားခဲ့ဖူးတဲ့ ပင္လယ္ကမ္းေျခ ျဖစ္ေနခဲ့သည္။မနက္အေစာ ပင္လယ္ႀကီးကို ျမင္လိုက္ရေပမဲ့ အခုတစ္ခါ ထပ္မံလာခဲ့ျခင္းက အရင္လို ခံစားခ်က္မ်ိဳး မဟုတ္ခဲ့ေပ။skyနဲ႔ အတူ ပင္လယ္ႀကီးကို ေနာက္ခံထားၿပီး ႐ိုက္ထားခဲ့တဲ့ ဓာတ္ပုံေလးကို ျပန္ၾကည့္မိကာ ရင္ထဲမွာ ဝမ္းနည္းလာခဲ့သည္။
Flashback ends
________________________
မနက္အလင္းေရာင္က ျပတင္းေပါက္ကေန တစ္ဆင့္ အခန္းထဲသို႔ ဝင္ေရာက္လာခဲ့သည္။ေနအလင္းေရာင္ေၾကာင့္ မနက္ခင္းအစမွာ ျပည့္စုံ သြားႏိုင္ေပမဲ့ အခန္းထဲက ေကာင္ေလးတြက္ကေတာ့ ဒီအရာေတြက ၾကည္လင္လန္းဆန္းျခင္းကို မေပးႏိုင္ေခ်။
Sky တစ္ေယာက္ Nani ထြက္သြားတဲ့ ေန႔ခနဲက အခုထိ အဆက္သြယ္ မရေသးတာ သုံးရက္ေျမာက္ေန႔သို႔ ေရာက္လာခဲ့ၿပီ ျဖစ္သည္။ဖုန္းေခၚလို႔လည္း မရ အိမ္လိုက္႐ွာေတာ့လည္း အရိပ္ကေလးေတာင္ မေတြ႕ေသးေၾကာင့္ skyတစ္ေယာက္ အ႐ူးတစ္ေယာက္လို ျဖစ္ခဲ့သည္။
Sky လည္းအခုမွ သူ႐ွာဖို႔ တစ္ေနရာ က်န္ေသးတယ္ ဆိုၿပီး သတိရသြားခဲ့သည္။အိပ္ရာထဲကေန ခ်က္ခ်င္း ထကာ အိမ္ေအာက္သို႔ ဆင္းသြားခဲ့သည္။ညက ဘာေတြ ျဖစ္ခဲ့ၿပီး အိမ္ကို ဘယ္လို ေရာက္လာမွန္းလည္း sky ေတြးမရေပ။
"Kan Kan "
"သားေလး "
"မာမီ ဘယ္လို ျဖစ္ၿပီး ေရာက္လာတာလဲ "
"သားဒယ္ဒီေရာ မာမီေရာ ညက ဒီမွာပဲ အိပ္ၾကတာ "
Sky မိဘေတြလည္း ညခနဲက ေရာက္လာခဲ့ၾကၿပီး သူ႕သား အေျခေနကို ေစာင့္ၾကည့္ကာ skyတို႔ကို ေပးထားတဲ့ အိမ္မွာပဲ အိပ္ခဲ့ၾကသည္။
"ဘာလို႔လဲ"
"သားကို စိတ္မခ်လို႔ေလ "
"Kan အေဒၚပရင္ Kan ေရာ "
"ဗ်ာ အကိုေလး "
"ငါ့ကားေသာ့ေရာ "
"အကိုေလး ကားက ညတုန္းက Barမွာ ထားခဲ့တာ"
"အဲ့တာဆို ငါက ဘယ္လိုလုပ္ အိမ္ကို ေရာက္လာတာလဲ "
"အကိုေလးသူငယ္ခ်င္း လိုက္ပို႔ေပးတာပါ "
"အဲ့တာဆို မင္းေမာင္းတဲ့ ကားေသာ့ေပး"
"ဗ်ာ "
"ကားေသာ့ေတာင္းေနတာ ျမန္ျမန္ေပးကြာ "
"သားဘယ္သြားမလို႔လဲ "
"Nani ဆီသြားမလို႔ ေမေမ "
"Naniေလး ဘယ္မွာလဲ ဆိုတာ သားသိၿပီလား"
"သား Nani ဆိုင္ကို မသြားရေသးဘူး Nani ဆိုင္မွာ ႐ွိမွာ ေသခ်ာတယ္ ေမေမ သားသြားေတာ့မယ္"
"သားတစ္ေယာက္တည္းေတာ့ မသြားပါနဲ႔လား Kanကိုပါ ေခၚသြားပါ့လား သားရယ္ "
"ဟုတ္ပါတယ္အကိုေလး ကြၽန္ေတာ္အကိုေလးကို လိုက္ပို႔ေပးပါ့မယ္ "
"အင္း Bar က ငါ့ကားကို သြားယူမယ္ ၿပီးရင္ မင္းျပန္လိုက္"
"ဗ်ာ "
"ဗ်ာလုပ္မေနနဲ႔ ျမန္ျမန္သြားမယ္ "
"ဟုတ္ဟုတ္ အကိုေလး "
Skyလည္း သူေျပာတဲ့ အတိုင္း barက ကားကို သြားယူၿပီး Kan ကိုလည္း အိမ္ကို ျပန္လႊတ္လိုက္သည္။ထို႔ေနာက္ သူကေတာ့ Nani ဆိုင္ေလးကို ဆက္လက္ သြားလိုက္သည္။ျမင္ရတာကေတာ့ 'close' ဆိုတဲ့ ကဒ္ျပားေလးက ဆီးႀကိဳေနခဲ့သည္။sky မယုံႏိုင္တာ ေၾကာင့္ အျပင္ကေန ဆိုင္တြင္းသို႔ ေခ်ာင္းၾကည့္လိုက္သည္။တကယ္ဆိုရင္ အခုလို မနက္ ခနဲက ဖြင့္ေနၾက ဆိုင္ေလးက အခုေတာ့ ပိတ္ထားၿပီး အထဲမွာလည္း ဘာအရိပ္ေရာင္မွ ျဖတ္သန္းသြားလာေနျခင္း မ႐ွိေပ။
Skyလည္း လက္မေလွ်ာ့ပဲ ဆိုင္အျပင္ကေန ထိုင္ေစာင့္ေနမယ္ ဆိုၿပီး Nani ထိုင္ေစာင့္ေနက် ခုံတန္းေလးေပၚမွာ ေစာင့္ေနခဲ့သည္။
~~~~~~~~~~~~~~~
တစ္ဖက္တြင္လည္း သားျဖစ္သူမွာ အိမ္ကေန ထြက္သြားၿပီး ျပန္မလာတာ သုံးရက္ေတာင္ ႐ွိေနၿပီ ျဖစ္သည္။Nani ေမေမလည္း ဖုန္းဆက္ေတာ့လည္း ဖုန္းနံပါတ္က တပ္ဆင္ထားျခင္း မ႐ွိဘူးတဲ့
"သားရယ္ ဘယ္ေတာ့မ်ား သြားေနတာလဲ ေမေမ စိတ္ေတြပူလိုက္တာ"
Nani ေမေမကလည္း သူ႕သားေလးကို ေမွ်ာ္ရင္း မ်က္ရည္က်မိျပန္သည္။Nani ေဖေဖကေတာ့ သူ႕ရဲ႕လုပ္ငန္းစုထဲမွာ အစည္းအေဝး႐ွိလို႔ မနက္ခနဲက ထြက္သြားခဲ့သည္။
Nani အေဖလည္း ကုမၸဏီ နဲ႔ ထဲထဲဝင္ဝင္ အလုပ္ေတြကို လုပ္ခ်င္ေပမဲ့လည္း ဒီလို ရင္ႏွီးျမဳပ္ႏွံမႈေတြ လုပ္ၿပီးမွ တစ္ဆင့္ခ်င္း သြားႏိုင္မည္ ျဖစ္သည္။ဒီလို အေျခေန ေရာက္ေအာင္လည္း Khun James အေနနဲ႔ သူ႕ကို ေငြေၾကးေတြပါ အကူညီ ေပးခဲ့သည္။
အခုလုပ္ေနတဲ့ အလုပ္ကိစၥကလည္း အတည္ျဖစ္ဖို႔ အစျပဳလာခဲ့ၿပီ ျဖစ္သည္။Nani အေဖနဲ႔ ပရိေဘာဂ အိမ္သုံးပစၥည္းေတြ ထုတ္လုပ္ဖို႔ ကုန္ၾကမ္းပိုင္းလုပ္ငန္းေတြမွာ ရင္းႏွီးျမဳပ္ႏွံထားခဲ့သည္။
"Hello Khun Thun "
"Hello Khun James ကြၽန္ေတာ့ကို ဖုန္းဆက္တာ ဘာကိစၥ႐ွိလို႔လဲဗ်"
"ဘာမွ ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး အလုပ္ေတြေရာ အဆင္ေျပလား ေမးမလို႔ပါ "
"ဟုတ္ကဲ့ ကြၽန္ေတာ္ အဆင္ေျပပါတယ္ ဒီလိုမ်ိဳး အဆင္ေျပေအာင္လည္း Khun James ရဲ႕ အကူညီေတြ ေၾကာင့္ပါပဲ ကြၽန္ေတာ့ကို ဒီလို ေငြအင္အားကူညီၿပီး ေခ်းေပးထားတာလည္း ေက်းဇူးပါဗ် "
"ရပါတယ္ အဲ့ေငြေတြက ကြၽန္ေတာ့တြက္ ဘာမွ မဟုတ္ပါဘူး ကြၽန္ေတာ္လိုခ်င္တာ ေငြထပ္ တန္ဖိုး႐ွိတဲ့ အရာေလ အဲ့အရာကိုလည္း Khun Thun သေဘာေပါက္မယ္ ထင္ပါတယ္"
"ကြၽန္ေတာ္သေဘာေပါက္ပါတယ္ ကြၽန္ေတာ္လည္း ကြၽန္ေတာ့ သားေလးကို နားခ်ေနတာမို႔ Khun James ဘာမွ မစိုးရိမ္ပါနဲ႔ဗ် "
"ေကာင္းပါၿပီ "
"ဟုတ္ကဲ့ခမ်"
___________________
Nani လည္း မနက္အေစာ ကမ္းေျခကို ေရာက္ခဲ့ၿပီး အခန္းမယူရေသးပဲ ေနဝင္တဲ့အထိ ေသာင္ျပင္ေပၚမွာ သဲေလးေတြကို ေျခေထာက္နဲ႔ ထိုးရင္း ကမ္းစပ္ကို လာတဲ့ လိႈင္းေလးေတြကို အၾကာႀကီး ၾကည့္ေနခဲ့သည္။
ထို႔ေနာက္ ထိုင္ေနရာကေန ထကာ hotel room သြားယူဖို႔ ဆုံးျဖတ္ခဲ့လိုက္သည္။သူ႕အေနနဲ႔လည္း ဘယ္ႏွစ္ရက္ ေနဖို႔ အခန္းယူရမလဲ လည္း မသိ ဒါေၾကာင့္ သုံးရက္ေလာက္ ေနဖို႔ပဲ single roomေလး ယူခဲ့လိုက္သည္။အိမ္ကေန အက်ႌတစ္ထည္ ကိုယ္တစ္ခုနဲ႔ ထြက္ခဲ့ေတာ့ သူ႕မွာ အဝတ္စား အပိုဆိုတာ မ႐ွိတာေၾကာင့္ hotel room ရၿပီး ကမ္းေျခနဲ႔အနီး ညဘက္မွာ ေရာင္းတဲ့ အဝတ္ဆိုင္ေတြဘက္ သြားၿပီး ဝယ္လိုက္ရသည္။
အက်ႌေတြ ဝယ္ၿပီး အခန္းသို႔ ျပန္လာခဲ့လိုက္သည္။Nani လည္း အခုေတာ့ single bed ေလး ေပၚမွာ တစ္ေယာက္တည္းေပါ့။ဒီလို ေျပးထြက္လာရတဲ့ အေနထားက ဘယ္ေလာက္ၾကာျမင့္မလဲ မသိတာေၾကာင့္ သူ႕အေနနဲ႔ ဒီလို hotelမွာ အၿမဲေနဖို႔ကလည္း မျဖစ္ႏိုင္ေပ။ဒါ့အျပင္ ဘယ္ကို သြားရမလဲလည္း အခုထိ ေတြးလို႔ မရ။အလုပ္ေလး ဘာေလး ႐ွိရင္ မဆိုးဘူး ဆိုၿပီး Nani လည္း အလုပ္႐ွာဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားခဲ့သည္။
Nani လည္း အိမ္က ေန ထြက္ခဲ့ၿပီး ဒီေနရာမွာ အဆက္သြယ္ျဖတ္ၿပီး ေနခဲ့တာ သုံးရက္႐ွိၿပီ။ေသာင္ျပင္မွာ လမ္းေလွ်ာက္ထြက္လိုက္ အခန္းထဲ ျပန္ဝင္လိုက္နဲ႔ ေတာ္ေတာ္အထီးက်န္လွသည္။ကမ႓ာႀကီးမွာ ကိုယ္တစ္ေယာက္တည္း ႐ွိေနသလိုႀကီးက Nani တြက္ ေတာ္ေတာ္ အဆင္မေျပလွေပ။ငယ္ငယ္ကေန ေက်ာင္းၿပီးသြားခနဲက သူငယ္ခ်င္းဆိုတာလည္း မ်ားမ်ားစားစား မ႐ွိခဲ့ပဲ တစ္ကိုယ္တည္း ေနခဲ့တာက ပိုမ်ားခဲ့သည္။ဆိုင္ေလး ဖြင့္ကာမွ N'mike ဆိုတာ ညီေလးတစ္ေယာက္လို ရင္းႏွီးလာခဲ့သည္။ထို႔အတူ Kan နဲ႔ အေဒၚပရင္ဆိုတာလည္း Nani အတြက္ ဒုတိယမိသားစုလို ျဖစ္လာခဲ့ျပန္သည္။Nani လည္း စဥ္းစားမိရင္း သတိရတာေၾကာင့္ မေန႔ညက အက်ႌဝယ္ရင္း ဖုန္းကဒ္ အသစ္ပါ ဝယ္ခဲ့လိုက္သည္။ေန႔လည္ေလာက္ က်ေတာ့ Nani N'mike ကို ဖုန္းေခၚခဲ့လိုက္သည္။
"Hello "
"Hello ဘယ္သူလဲဗ် "
"N'Mike P'ပါ "
"P'Nani လား "
"အင္း ဟုတ္တယ္ "
"P'အခုဘယ္မွာလဲ ေနရတာ အဆင္ေျပလား စားရတာေရာ အဆင္ေျပလား ဘာေတြလုပ္ေနလဲ အခုေရာ ေဘးကင္းရဲ႕လား P'အဆင္မေျပရင္ ကြၽန္ေတာ္....."
"N'mike ရယ္ ေမးခြန္းေတြက မ်ားလိုက္တာ P' ဘယ္လို ေျဖရမလဲကို မသိေတာ့ဘူး "
"ကြၽန္ေတာ္ စိတ္ပူသြားလို႔ပါ"
"ဘာမွ စိတ္မပူပါနဲ႔ P'အဆင္ေျပပါတယ္ "
"P'အခု ဘယ္မွာလဲ "
"P' ေနရာ တစ္ခုကို ေရာက္ေနတာ "
"ဘယ္ေနလဲ P' ကြၽန္ေတာ္လာခဲ့မယ္ "
"မလာပါနဲ႔ အခု P' ဖုန္းဆက္တယ္ ဆိုတာကလည္း သတိရလို႔ ၿပီးေတာ့ P'အဆင္ေျပတဲ့ အေၾကာင္းေရာ ေျပာခ်င္လို႔ပါ "
"P'ဘယ္ေတာ့ ျပန္လာမွာလဲ "
"အင္း P'ေတာ့ ျပန္လာဖို႔ မျဖစ္ႏိုင္ေလာက္ဘူး "
"P'ရာ ကြၽန္ေတာ္တို႔ကို မထားခဲ့ပါနဲ႔ "
"ဖုန္းဆက္လို႔ ရတာပဲေလ N'mike ရဲ႕"
"မတူဘူးေလဗ်ာ "
'အင္းပါ ၿပီးေတာ့ P' ေတာင္းဆိုစရာေလး ႐ွိေသးတယ္ P'အခု ဒီေနရာမွာ ႐ွိေနတယ္ ဆိုတာကိုလည္း N'mike ပဲ သိတာ အဲ့တာေၾကာင့္မို႔ ဒီကိစၥေလးကို လွ်ိဳ႕ဝွက္ေပးလို႔ ရမလား "
"ဟုတ္P' ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ မေျပာပါဘူး"
"ေက်းဇူးပဲေနာ္ အဲ့တာဆို P'ဖုန္းခ်လိုက္ေတာ့မယ္ "
"ဟုတ္P' "
Nani လည္း N'mike နဲ႔ ဖုန္းေျပာၿပီးေနာက္ အခန္းထဲသို႔ ျပန္ဝင္သြားခဲ့သည္။ထို႔ေနာက္ မေန႔ညက စဥ္းစားမိတဲ့ အတိုင္း ဒီေနရာနဲ႔ အနီးတစ္ဝိုက္မွာ ႐ွိတဲ့ဆိုင္ေတြမွာ ဘယ္ေနမွာမ်ား အလုပ္သမား လိုေနလည္း ဆိုၿပီး အလုပ္႐ွာတဲ့ appကေန တစ္ဆင့္ Nani ႐ွာေနခဲ့သည္။
~~~~~~~~~~~~~~
Nani အေဖလည္း အလုပ္က ျပန္လာၿပီးေနာက္ အိမ္သို႔ ျပန္လာေသာ္လည္း သားျဖစ္သူကို မေတြ႕ေပ။
"သားေရာ "
"အခုထိကို ျပန္မလာေသးဘူး အကို "
"ျပန္မလာတာ ဘယ္ႏွစ္ရက္ေတာင္ ႐ွိေနၿပီလဲ ဖုန္းဆက္ၿပီး အိမ္ျပန္လာဖို႔ ေျပာလိုက္ "
"သားကို ဆက္လို႔ မရဘူး "
"ဘာလို႔ ဆက္လို႔မရတာလဲ ငါဆက္ၾကည့္မယ္"
Nani ေဖေဖ ဖုန္းဆက္ၾကည့္ေတာ့လည္း တပ္ဆင္ထားျခင္း မ႐ွိပါက လႊဲၿပီး ဘာမွ ေျပာင္းလဲလာျခင္း မ႐ွိဘူး
"ဘယ္ေတြမ်ား သြားေနလဲ မသိဘူး ငါဆိုင္ကို တစ္ခ်က္သြားၾကည့္အုန္းမယ္ "
"အကို သားေလးကို ေတြ႕ရင္ စိတ္မတိုပါနဲ႔ သားေလးကို ေသခ်ာေျပာၿပီး အိမ္ျပန္လာေအာင္ ေခၚခဲ့ပါ"
"အင္း "
Nani ေဖေဖ လည္း ဆိုင္ေ႐ွ႕ေရာက္ေတာ့ ဆိုင္တံခါး ပိတ္ထားတာပဲ ေတြ႕သည္။ထို႔ေနာက္ ကားေကြ႕ကာ တစ္ျခားေနရာကို သြား႐ွာဖို႔ လုပ္လိုက္ရာ ခုံတန္းေပၚမွာ ထိုင္ေနတဲ့ လူတစ္ေယာက္ကို ေတြ႕ေလသည္။Nani ေဖေဖလည္း ေသခ်ာစိုက္ၾကည့္လိုက္ရာ CEOရဲ႕ သားျဖစ္ေနသည္။ထို႔ေနာက္Nani အေဖ ကားေပၚကေန ခ်က္ခ်င္းဆင္းၿပီး sky ဆီသို႔ သြားလိုက္သည္။
"မင္းဒီမွာ ဘာလုပ္ေနတာလဲ "
"ကြၽန္ေတာ္ Nani ကို ေစာင့္ေနတာ "
"ဘာကိစၥနဲ႔ ေစာင့္ေနတာလဲ မင္းနဲ႔ ငါ့သားနဲ႔ ဘာမွ မဆိုင္ေတာ့ဘူးလို႔ ေျပာထားတယ္မလား "
"Nani နဲ႔ ကြၽန္ေတာ္က တရားဝင္ မကြာ႐ွင္းရေသးဘူး အဲ့ေတာ့ ကြၽန္ေတာ္နဲ႔ Nani ၾကားမွ ပတ္သတ္မႈ႐ွိတယ္ "
"ေအး မင္းဘက္ကပဲ ႐ွိေနလိုက္ ငါ့သားဘက္က ဘာမွ မ႐ွိေတာ့ဘူး ၿပီးေတာ့ မင္းကိုငါ ေျပာထားသလိုပဲ ငါ့သားနဲ႔ သက္ဆိုင္လာမည့္လူကလည္း Khun James ပဲ ျဖစ္လာလိမ့္မယ္ "
"အဲ့တာ ဦးေလး ဘက္က အတင္းၾကပ္ လုပ္ေနတာေလ အဲ့ jamesဆိုတဲ့ ေကာင္က ဘာေတြမ်ား ေကာင္းေနလို႔လဲ "
"အကုန္ေကာင္းတယ္ ငါ့သားအေပၚမွာလည္း တကယ့္ေမတၱာစစ္နဲ႔ ခ်စ္ေပးမွာ ဆိုတာ ငါယုံတယ္"
"အဲ့လိုမေကာင္းတဲ့ အေကာင္ကို သေဘာက်ၿပီးအမႊန္းတင္ေနတာ ဦးေလးပဲ ယူလိုက္ပါ့လား "
"မင္းဘာစကားေျပာတာလဲ!"
"ကြၽန္ေတာ္က ေစတနာနဲ႔ အၾကံေပးတာပါ "
"မင္းလို လူမ်ိဳးကမ်ား Khun James ကို ျပစ္တင္ေျပာဆိုေနရေအာင္ မင္းကေရာ ဘာေတြမ်ား အားက်စရာ ေကာင္းေနလို႔လဲ "
"ကြၽန္ေတာ္လည္း သူမ်ားအားက်ေအာင္ ဘာမွ လုပ္မေနပါဘူး "
"ဒီလို ႀကိဳးစားပုံမ်ိဳးနဲ႔ေတာ့ ေအာင္ျမင္အုန္းမယ္"
"ကြၽန္ေတာ့ကို စိတ္မပူပါနဲ႔ ဦးေလးသားအတြက္ ႀကိဳးစားသြားမွာ "
"မလိုဘူး မင္းဘာသာပဲ တစ္ျခားလူတြက္ ႀကိဳးစားေပးလိုက္ "
"ဦးေလးနဲ႔ James ယူမဲ့ ေန႔က်ရင္ ေျပာအုန္း လက္ဖြဲ႕အႀကီးကို ေပးခ်င္လို႔ ကြၽန္ေတာ့ကို ခြင့္ျပဳပါအုန္း Nani ေလးကို သြား႐ွာ မလို႔ "
Skyလည္း စကားကို ႏိုင္ေအာင္ ေျပာခဲ့ၿပီး Nani အေဖေ႐ွ႕ကေန ထြက္ခဲ့လိုက္သည္။သူ႕အေနနဲ႔ Naniကို ေစာင့္ေနတာ တစ္ေနကုန္သြားခဲ့ျပန္ၿပီ ျဖစ္သည္။အခုေတာ့ ၾကံရာ မရ ထိုေကာင္ေလးကို ဘယ္မွာ သြား႐ွာရမလဲ မသိေတာ့ေပ။
က်န္ခဲ့တဲ့ Nani အေဖမွာလည္း jamesနဲ႔ ေပးစားသြားတာေၾကာင့္ ေဆြ႕ေဆြ႕ခုန္ေနေလာက္ၿပီ ျဖစ္သည္။အစခနဲကမွ သူ႕သားအေပၚကို ပုဇြန္ေကြၽးခဲ့တဲ့ ကိစၥနဲ႔ အခဲမေၾကခဲ့တဲ့ Nani အေဖက အခုလိုမ်ိဳး skyရဲ႕ ဂ်စ္ကန္ကန္ ပုံစံနဲ႔ လူႀကီးသူမ အေပၚကို ႐ြဲ႕သြားတာေၾကာင့္ ပိုလို႔ေတာင္ ေဒါသထြက္ေနခဲ့သည္။
____________________
အခန္းထဲမွာ အလုပ္႐ွာေနတဲ့ ေကာင္ေလးကလည္း ေနာက္ဆုံးေတာ့ bakery ဆိုင္ေလး တစ္ဆိုင္မွာ အလုပ္လိုေၾကာင္းကို ေတြ႕႐ွိခဲ့သည္။အလုပ္သမားေခၚယူစာက လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ဆိုေပမဲ့ appထဲမွာ အခုထိ ႐ွိေသးတာေၾကာင့္ Nani လည္း ေမွ်ာ္လင့္ခ်က္ေလး ႐ွိလာခဲ့သည္။ထို႔ေနာက္ မနက္က်ရင္ ထိုဆိုင္ေလးကို သြားၾကည့္မယ္ ဆိုၿပီး ဆုံးျဖတ္ခ်က္ ခ်ခဲ့လိုက္သည္။
Time skip ~~~~~~~~~
Naniလည္း ဒီေန႔ မနက္ အလုပ္သြားလုပ္မဲ့ ေနရာကို သြားစုံစမ္းရင္း hotel ကို ေနာက္၂ရက္စာ booking ထပ္ယူခဲ့လိုက္သည္။ၿပီးေနာက္ဆိုင္ကယ္ ကယ္ရီငွားယူကာ အလုပ္ေလွ်ာက္မဲ့ ဆိုင္ေလးကို ခရီးဆက္လိုက္ေတာ့သည္။
Nani လည္း hotel နဲ႔ ၁နာရီေက်ာ္ေလာက္ ေမာင္းၿပီးေနာက္ သူသြားမဲ့ တည္ေနရာကို ေရာက္လာခဲ့ၿပီ ျဖစ္သည္။Nani ဆိုင္ထဲသို႔ ဝင္သြားလိုက္ၿပီး ေသခ်ာစူးစမ္းေနေတာ့သည္။
ဆိုင္ေလးကလည္း သပ္သပ္ရပ္ရပ္ေလးနဲ႔ အဆင္ေျပလွသည္။ဆိုင္ထဲမွာလည္း လာစားတဲ့လူ အနည္းငယ္နဲ႔ ေရာင္းေနတဲ့ ေကာင္ေလး တစ္ေယာက္ပဲ ေတြ႕ရသည္။Naniလည္း အဲ့တာေၾကာင့္မို႔ အလုပ္ေခၚတာ ေနမွာ ဆိုၿပီး စိတ္ထဲမွာ ဝမ္းသာလာခဲ့ေတာ့သည္။
"ဘာသုံးေဆာင္မလဲဗ် "
"အာ...ဟုတ္ ဒီကိတ္ေလးယူမယ္ဗ်"
"ဟုတ္ကဲ့ ဆိုင္စားလား ပါဆယ္လားဗ်"
"ဆိုင္စားဗ်"
"ဟုတ္ကဲ့ဗ် အဆင္ေျပတဲ့ ေနရာေလးမွာ စိတ္ႀကိဳက္ေနရာယူေပးပါ ခနေန ကြၽန္ေတာ္ လာပို႔ေပးပါမယ္ခမ်"
"ဟုတ္ကဲ့ပါ "
Nani လည္း သူ႕ကို ေဈးလာဝယ္မည့္ သူလို႔ ထင္သြားတာေၾကာင့္ အားနာလို႔ ကိတ္ေလးမွာစားလိုက္သည္။ၿပီးမွ သူဘာေၾကာင့္ လာရ တာလဲ ဆိုတာကို ေျပာလိုက္မယ္ ဆိုၿပီး ျပတင္းေပါက္နဲ႔ နီးနဲ႔ ဝိုင္းလႊတ္ေလးမွာ ထိုင္ေစာင့္ေနလိုက္သည္။
ေနာက္ဆုံးေတာ့ Nani မွာထားတဲ့ ကိတ္မုန္႔ေလးလည္း ေရာက္လာၿပီ ျဖစ္သည္။Nani လည္း ကိတ္မုန္႔ေလးကို ျမည္းၾကည့္လိုက္ေတာ့ တကယ္အရသာ ႐ွိပါသည္။ထို႔ေနာက္ လူ႐ွင္းတဲ့ အခ်ိန္ေလာက္ ေမးမယ္ ဆိုၿပီး Nani လည္း ကိတ္ေလးသာ ဆက္စားေနလိုက္သည္။
ကိတ္ေလးလည္း ကုန္သြားၿပီ ဆိုေတာ့ Nani လည္း ပိုက္ဆံသြား႐ွင္းဖို႔ လုပ္လိုက္သည္။႐ွိသမွ် သတၱိေတြကို အကုန္ထုတ္ၿပီး အလုပ္ေလွ်ာက္မဲ့ အေၾကာင္းေလးအား Nani အစခ်ီလိုက္သည္။
"ဒီမွာ အလုပ္လိုတယ္လို႔ ဆိုလို႔ ကြၽန္ေတာ္ အလုပ္ေလွ်ာက္လို႔ ရမလားဗ် "
"ဗ်ာ "
"အလုပ္ေခၚစာ တင္ထားတာ ဒီဆိုင္မဟုတ္ဘူးလားဗ် "
"ဟုတ္ပါတယ္ အဲ့တာက လြန္ခဲ့တဲ့ တစ္ႏွစ္တုန္းကဗ် "
"ဟုတ္ ကြၽန္ေတာ္သိပါတယ္ ဒါေပမဲ့ အခုထိ တင္ထားတာ ဆိုေတာ့ အလုပ္သမားလိုေသးတယ္မဟုတ္ဘူးလားဗ်"
"အခုထိ တင္မိထားတာ လားဗ်"
"ဟုတ္ပါတယ္ ဒီမွာပါ "
Nani လည္း သူေတြ႕တဲ့ အတိုင္း သူ႕ဖုန္းေလးကို ေထာင္ျပေလသည္။
"ေတာင္းပန္ပါတယ္ဗ် ကြၽန္ေတာ္တို႔ မဖ်က္ရေသးတာ ေနမွာပါ အလုပ္ကလည္း လြန္ခဲ့တဲ့ တစ္ႏွစ္ခနဲက ရၿပီးပါၿပီဗ် "
"အာ ဟုတ္လားဗ် အဲ့တာဆို အလုပ္သမား မလိုေသးဘူးေပါ့ "
"ဟုတ္ပါတယ္ဗ် "
"ဟုတ္ အဲ့တာဆို ကြၽန္ေတာ့ကို ခြင့္ျပဳပါအုန္းဗ်"
"ဟုတ္ကဲ့ဗ် "
Nani လည္း သက္ျပင္းခ်ကာ ဆိုင္ထဲကေန ျပန္ဖို႔ တံခါးေလး ဖြင့္လိုက္သည္။
"အကို ခနေလးပါဗ် "
"ဟုတ္ကဲ့ "
"အကိုက ဒီၿမိဳ႕ကလား ကြၽန္ေတာ့ဆိုင္မွာ တကယ္ပဲ လုပ္ခ်င္တာလား ၿပီးေတာ့ အကိုက ဘာေတြ လုပ္တက္လဲ "
"အကိုက ဒီက မဟုတ္ပါဘူး ညီေလး ဆိုင္ေလးကိုလည္း သေဘာက်တယ္ တကယ္လည္း အလုပ္လုပ္ခ်င္တာပါ ၿပီးေတာ့ အကိုက ကိတ္ပိုင္းနဲ႔ ပတ္သတ္ၿပီးလည္း အရမ္းမစိမ္းပါဘူး "
"ဟုတ္ပါၿပီ တကယ္ေတာ့ ကြၽန္ေတာ္တို႔ ဆိုင္က လူရသြားပါၿပီ ဒါေပမဲ့ အစ္မက ေမြးခြင့္ေလး ယူထားလို႔ ကြၽန္ေတာ္တစ္ေယာက္တည္း ျဖစ္ေနတာပါ "
"ဟုတ္ကဲ့ဗ် "
"အဲ့တာ သူက ၂လေလာက္ေတာ့ ခြင့္ယူထားတယ္ ေနာက္လဆိုရင္ေတာ့ သူက ေမြးေတာ့မွာ အဲ့တာ သူေမြးမဲ့ လအတြင္းကေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္း မႏိုင္တာကေတာ့ အမွန္ပါ အဲ့တာေၾကာင့္မို႔ အဲ့တစ္လကိုေတာ့ အကို႔ကို ကြၽန္ေတာ္ အလုပ္ေခၚခ်င္တယ္ သူျပန္လာရင္ေတာ့ မလိုေတာ့ဘူး ကြၽန္ေတာ္ ဒီလို ေျပာလို႔ ႐ိုင္းတယ္ မထင္ပါနဲ႔ ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္း ေျပာျပတာပါ အကိုအေနနဲ႔ေရာ လုပ္ဖို႔ အဆင္ေျပလားဗ် အဆင္မေျပရင္လည္း...."
"ဟုတ္ ရပါတယ္ တစ္လလည္း တစ္လေပါ့ အကိုလုပ္ပါ့မယ္ "
"ဟုတ္ကဲ့ပါ အဲ့တာဆို မနက္ျဖန္က်ရင္ ဆိုင္ပိတ္ေပမဲ့ အကို လာခဲ့ေပးလို႔ ရမလား ကြၽန္ေတာ္အကို႔ကို အစမ္းလုပ္ခိုင္းၾကည့္မလို႔ပါ "
"ဟုတ္ရပါတယ္ အကိုလာခဲ့ပါ့မယ္ "
"ဟုတ္ကဲ့ပါ အဲ့တာဆို ကြၽန္ေတာ္တို႔ မနက္ျဖန္ ေတြ႕ၾကတာေပါ့"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အကိုကို႔ သြားခြင့္ျပဳပါအုန္း "
"ဟုတ္ကဲ့ပါဗ် "
Naniလည္း ဘာပဲ ျဖစ္ျဖစ္ တစ္လ လုပ္ရလည္း သူ႕အတြက္ ပိုက္ဆံေလး ရပါတယ္ ဆိုၿပီး သူကြၽမ္းက်င္တဲ့ အလုပ္ေလးတစ္ခုကေတာ့ ရသြားခဲ့ၿပီ ျဖစ္သည္။အားလုံးနဲ႔ အေဝးမွာ ႐ွိေနတဲ့ ေကာင္ေလးကလည္း သူတစ္ေယာက္တည္းရပ္တည္ဖို႔တြက္ ႀကိဳးစားေနရသလို အခုထိ သူ႐ွာေနတဲ့ လူကို မေတြ႕ရေသးတဲ့ တစ္ဖက္ေကာင္ေလးမွာလည္း ဇြဲမေလ်ာ့ပဲ ႐ွာေဖြေနေလသည္။
ႏွစ္ဆန္းတစ္ရက္ေန႔ မဂၤလာ႐ွိတဲ့ ေန႔ထူးေန႔ျမတ္မွာလည္း အားလုံးစိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းနဲ႔ ျပည့္စုံပါေစလို႔ ဆုေတာင္းေမတၱာပို႔ေပးပါတယ္ဗ်🙏🏻💗မႏၲေလးမွာ ဒီေန႔ေန႔လည္ ၁နာရီေလာက္က လႈပ္သြားတဲ့ ငလ်င္က ျပင္းပါတယ္ အားလုံးလည္း ဂ႐ုစိုက္ၾကပါဗ်✨
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





