part 36
18:59, 22 March 2025(Unicode)
Sky တစ်ယောက် အလုပ်က ပင်ပန်းလာပေမဲ့ အိမ်မှာ ရှိတဲ့ ကောင်လေးက သူ့အတွက် အရာရာ ဆိုတော့ ထိုကောင်လေးဆီကိုပဲ အလုပ်ပြီးပြီးခြင်း အပြေးလေး ပြေးလာခဲ့သည်။
အိမ်ရောက်တော့ ထိုကောင်လေးက မရောက်သေးပေ အပြင်သွားတယ် ဆိုလို့ သူဖုန်းဆက်ကာ ဘယ်မှာလဲ လာကြိုမယ် ဆိုပြီး ဖုန်းဆက်ဖို့လည်း skyမမေ့မလျော့ တွေးခဲ့သေးသည်။
သို့သော် သူ့လက်ထဲကို အရင်ရောက်လာတဲ့ အရာကြောင့် သူဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်သွားခဲ့သည်။စိတ်ထဲမှာ အဖြေမရတဲ့ မေးခွန်းတွေအတွက် တိကျတဲ့ အရာတွေကို သူလိုချင်မိသည်။အခု ပုံတွေက ဘာတွေလဲ James နဲ့ Nani ကရော ဘယ်လို ပတ်သတ်မှု ရှိနေတာလဲ Skyစိတ်ထဲ တားမရအောင် ဒေါသတွေ အလွန်အမင်း ထွက်ကာ အခန်းထဲမှာ သောင်းကြမ်းနေမိသည်။
တစ်ဖက်တွင်လည်း Taxi ဖြင့် ကောင်လေးကလည်း ဘာအပူမှ မရှိပဲ အိမ်သို့ ပြန်လာခဲ့လိုက်သည်။
ထိုစဉ် ရုတ်တရက် ကားရပ်လိုက်သောကြောင့် Nani ဘာဖြစ်တာလဲ ဆိုပြီး ကားဆရာအား မေးလိုက်ရသည်။
"ဦးလေး ဘာဖြစ်လို့လဲဗျာ "
"ကားလေ နည်းနေသလားလို့ ဦးလေး ဆင်းကြည့်လိုက်အုန်းမယ်နော် "
"ဟုတ်ကဲ့ ခမျ "
ကားသမား ဦးလေးကြီးလည်း ကားကို ဆင်းကာ စစ်ဆေးလိုက်တော့ နောက်ဘီး တွေက သိသိသာသာ လေလျော့နေတော့သည်။
"သား နောက်ဘီးတွေ လေလျော့နေလို့ ဦးလေး လေဆိုင်ဝင်အုန်းမယ် အဆင်ပြေလား "
"ဟုတ်ရပါတယ်"
ကားသမား ဦးလေးကြီးလည်း နီးစပ်ရာ ကားလေဖြည့်တဲ့ နေရာကို ရောက်တော့ ကားရပ်ကာ လေထိုးလိုက်ပေမဲ့ ကားဘီး တာယာက ပေါက်တော့မှာ ဆိုသောကြောင့် တစ်ခါတည်း နောက်ဘီးတွေကို လှဲခဲ့လိုက်သည်။
Nani လည်း ဖုန်းထုတ်ကာ နာရီ ကြည့်လိုက်တော့ အချိန်အားဖြင့် ၈နာရီ ထိုးတော့မည် ဖြစ်သည်။ Nani လည်း မောင်လည်း မရောက်လောက်သေးဘူး နေမှာပါ ဆိုပြီး အကျိုးအကြောင်းပြောမနေတော့ပဲ ဖုန်းမဆက်တော့ပါဘူး ဆိုပြီး နေခဲ့လိုက်သည်။
Nani ငှားလာတဲ့ taxiကလည်း အဆင်ပြေသွားတော့ အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။
"သား နောက်ကျသွားလို့ ဦးလေး အားနာပါတယ်ကွာ "
"ရပါတယ် ကားက ဘယ်လောက်လဲ ခမျ "
"ဦးလေးကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့တာမို့ ဦးလေး လျော့ပေးမယ်နော် "
"ရပါတယ် မလိုပါဘူးဗျ ကျွန်တော်ကိုလျော့ပေးစရာ မလိုပါဘူး ကားဘီးကလည်း လှဲဖို့ စောစောသိခဲ့တော့ ကျွန်တော်တို့တွက် ကံကောင်းပါတယ် အကယ်၍ ကားဘီးသာ ပေါက်သွားခဲ့ရင် ပိုအခက်ခဲ ဖြစ်နိုင်သွားတယ် ဦးလေးလည်း အကုန်ကျတွေ များခဲ့တာမို့ ကျွန်တော့ကို ကျသလောက်ပဲ ယူပေးပါမယ် "
"ဦးလေး ကျေးဇူးတင်ပါတယ်ကွာ "
"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော် သွားလိုက်ပါအုန်းမယ်ဗျ "
Nani လည်း taxiခ ကို ကျသလောက် ပေးခဲ့ပြီး ခြံထဲကနေ တစ်ဆင့် တံခါးလေး ဖွင့်ဝင်ကာ အိမ်ထဲသို့ ဝင်သွားခဲ့လိုက်သည်။ Nani တွက်လည်း ကံပဲ ကောင်းတာလား ကံပဲ ဆိုးနေတာလား မသဲကွဲပေ အိမ်ရောက်တော့ ၈နာရီ ခွဲနေပြီ ဖြစ်သည်။ Nani အိမ်ထဲ ဝင်ရင်း တွေးလို့ပင် မဆုံးသေး skyရဲ့ ကားက ဆင်ဝင်အောက်မှာ ရပ်ထားတာကို တွေ့လိုက်ရသည်။
"မောင်တောင် ရောက်နေပြီလား ငါနောက်ကျနေပြီလား" ဆိုတဲ့ အသိတဲ့ အိမ်ထဲကို ခြေလှမ်း ခွပ်သွက်သွက် လျှောက်ကာ ဝင်ရတော့သည်။
အိမ်ထဲမှာကတော့ အဒေါ်ပရင်နဲ့ Kan တို့ကလည်း မအိပ်ခင် TV ကြည့်နေကြတာကို တွေ့လိုက်ရသည်။
"သား ပြန်လာပြီလား "
"ဟုတ် အဒေါ်ပရင် skyရော ဘယ်ခနဲက ရောက်တာလဲ "
"ကြာပြီ သားရဲ့ ၇နာရီကျော်လောက်က ရောက်တာ နေမှာ "
"အော် ဟုတ်ကဲ့ ကျွန်တော် သွားလိုက်အုန်းမယ်နော် "
"အေးအေး သား "
Nani လည်း skyက သူ့ထက်ပင် စောရောက်နေတော့ ရင်တမမ ဖြင့် အိမ်ပေါ်သို့ တက်သွားခဲ့သည်။
အခန်းထဲ ရောက်တော့ ပစ္စည်းတွေရော အဝတ်တွေရော ပွစိ ခက်နေတာကို Nani မြင်လိုက်ရသည်။ဒါတွေက ဘာကြောင့်မှန်း မသိပေမဲ့ skyကို ကြည့်တော့လည်း အလုပ်ထိုင်ခုံပေါ်မှာ မျက်နှာကို အုပ်ပြီး လက်ထောက်ကာ ထိုင်နေသည်။
"မောင် ဒါတွေက ဘာဖြစ်တာလဲ "
"စိတ်တွေ အရမ်းရှုပ်နေလို့ ခွဲပစ်လိုက်တာ "
"ဘာတွေ ဖြစ်လာလို့လဲ အလုပ်က အဆင်မပြေလို့လား "
Sky အနားကို နီးကပ်စွာ လျှောက်လာပြီး စိုးရိမ်တစ်ကြီး လာမေးတဲ့ Nani ကြောင့် skyထနေတဲ့ နေရာကနေ ထကာ ရှောင်လိုက်သည်။
"ဘယ်က ပြန်လာတာလဲ "
" မုန့်စားပြီး ပြန်လာတာ "
"ဘယ်သူနဲ့လဲ "
"N'mike နဲ့ပေါ့ မောင်ရဲ့ "
"သေချာလား "
"သေချာတာပေါ့ N'mike ကိုလည်း မုန့်မကျွေးရတာ ကြာလို့ သွားစားကြတာ "
"ခများကလေ စီးပွားရေး မလုပ်ရဘူး သရုပ်ဆောင် မင်းသား လုပ်ရမှာ ခများလိမ်နေလည်း အပိုပဲ ဒီမှာ ကိုယ့်ဘာသာကို ကြည့် "
Sky လည်း အလုပ်စားပွဲပေါ်မှာ တင်ထားတဲ့ ပုံတွေကို Nani ဆီသို့ လှမ်းပစ်လိုက်သည်။sky ပစ်လိုက်တဲ့ အထုတ်တစ်ထုပ်ကတော့ Nani ရင်ဘတ်သို့ မှန်ကာ အခန်းကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။
ကျသွားတဲ့ အထုပ်ငယ်ကို Naniလည်း ကောက်ကာ ဖွင့်ကြည့်လိုက်သည်။Nani ကိုယ်တိုင်ကို မထင်ထားပဲ ဓာတ်ပုံတွေကြောင့် အံ့ဩသွားခဲ့သည်။
"မောင် မဟုတ်ဘူး "
"ဘာကို မဟုတ်လဲ ခများနဲ့ jamesနဲ့က ဘာလဲ ဟမ်!"
"Nani ရှင်းပြမယ်"
Nani တစ်ယောက် ကြောက်လန့်တကြားလေး ဖြစ်နေကာ ဖြစ်ခဲ့တာတွေကို ရှင်းပြဖို့ အသံလေးတွေတောင် တုန်တုန်ရီရီ ဖြစ်လို့ လာခဲ့သည်။
"ကျွန်တော် ခများကို ချစ်ပေးနေတာတွေက မလုံလောက်ဘူးလား ကျွန်တော် မုန်းပါတယ် ဆိုတဲ့ လူနဲ့မှ ခများက ကတောက်စ် "
"Nani ပြောပြမယ် မောင်ထင်နေသလို မဟုတ်ဘူး "
"ဒီလောက် ပုံတွေအကုန်လုံး ကျွန်တော့ဆီ ရောက်လာတာတောင် ခများက ငြင်းချင်သေးတာလား "
"Nani ပြောတာလေးကို အရင်ဆုံး နားထောင်ပေးပါအုန်း jamesနဲ့ အပြင်သွားခဲ့တာ ဆိုတာ ဟုတ်တယ် ဒါပေမဲ့ ဒီလို ပုံတွေ ထဲကလို မဟုတ်ဘူး "
"ခများတို့ ဆိုင်ထဲ ဝင်သွားတဲ့ ပုံတွေ ကိတ်ခွံကျွေးနေတဲ့ ပုံတွေကရော ဘာလဲ ခများ ပြောစမ်းပါအုန်း "
"James က သူအရင်က Nani ပေါ်ကို ထားခဲ့တဲ့ စိတ်တွေ ပြောခဲ့တဲ့ စကားတွေကို တောင်းပန်ခဲ့တယ် ပြီးတော့ မိတ်ဆွေ ဖြစ်ချင်တယ် ဆိုပြီး ဆိုင်တစ်ဆိုင်မှာ မုန့်စားခဲ့ကြတာ "
"အဲ့လို ကောင်မျိုးနဲ့ ဘာသူငယ်ချင်းမှ ဖြစ်စရာ မလိုဘူး ဆိုတာ ခများနားမလည်ဘူးလား "
"သူ့ဘက်ကတောင် တောင်းပန်နေတာလေ Nani က ကြေအေးပေးသင့်တယ် မဟုတ်ဘူးလား"
"အဲ့တာဆို ပုံတွေကရော သူသာ ရိုးသားတဲ့လူ ခများ ပေါ်မှာသာ အရင်လို စိတ်တွေ မရှိဘူးဆို ဒီပုံတွေက ကျွန်တော့ဆီ ရောက်လာပါ့မလား "
"Jamesမဟုတ်လောက်ဘူး ဒါက တစ်ယောက်ယောက်က တမင်ကြံစည်တာ ဖြစ်နိုင်တယ် "
"ခများ မှာ ဦးနှောက်မရှိဘူးလား ဦးနှောက်ပဲ ပါမလာခဲ့တာလား ဒီလို ကောင်မျိုးက ဒီလို အကြံစည် ရှိလို့ လုပ်တယ် ဆိုတာ နည်းနည်းလေးမှ မတွေးမိဘူးလား ဘယ်ချိန်ထိ ဒီကောင့်ကို လူကောင်းလို တွေးနေအုန်းမှာလဲ သူ့ကုတင်ပေါ် ခများရောက်သွားမှ အသိတရားရမှာလား "
"Sky!! မင်းစကားတွေက သိပ်ကို တရားလွန်လွန်းတယ် "
"ခများ မှန်နေရင် ဘာမှ နာစရာ မလိုဘူး ဒါမှ မဟုတ် ခများနာနေတာလား "
"ငါဘာမှ မနာဘူး James နဲ့ငါ ဆိုင်တစ်ဆိုင်မှာ စားခဲ့တယ် ၇နာရီကျော်လောက် ငါပြန်ခဲ့တယ် "
"အခု အချိန်လည်း ကြည့်လိုက်ပါအုန်း ၉နာရီထိုးတော့မှာ ခများပါးစပ်က လိမ်ပြောလို့ ရပေမဲ့ ခများနဲ့ သူနဲ့ ဘာတွေ ဖြစ်နေလဲ ဆိုတာ တပ်အပ်မှ မမြင်ရတာ"
"ငါစီးလာတဲ့ taxiက ဘီးပေါက်နေလို့ ငါမင်းကို ဖုန်းဆက်ချင်ပေမဲ့လည်း မင်းအလုပ်ရှုပ် နေပြီး ငါ့အတွက် အချိန်ကုန်နေမှာ ဆိုးလို့ အဲ့တာကို မင်းနားလည်လား "
"Kan ကို ဖုန်းဆက်လေ ခများမှ အသိမရှိဘူးလား"
"ငါတစ်ခုခု ဖြစ်နေတဲ့ အချိန်မှာတောင် မင်းကိုပဲ ငါသတိရမိတာ "
"ခများရဲ့ ဆင်ခြေတွေကို ဘယ်ချိန်ကျမှ ရပ်မှာလဲ ခများစိတ်ထဲသာ ကျွန်တော်ဆိုတာ ရှိနေရင် အဲ့အကောင်နဲ့ သွားနေစရာကို မလိုတာ "
"မင်းကိုငါ ရှင်းပြနေလဲ အပိုပဲမို့ မင်းထင်ချင်သလို ထင်နိုင်တယ် နောက်ဆုံးအနေနဲ့ ငါသိလိုက်ရတာက မင်းက ငါ့ကို ဘယ်တော့မှ မယုံကြည်ခဲ့ဘူး ဆိုတာပဲ "
Nani လည်း သူ့လွယ်အိတ်လေးသူ ယူကာ အိမ်အောက်ကိုသာ ဆင်းလာခဲ့တော့သည်။
"ဘယ်သွားမှာလဲ "
"ငါ့ကို မထိနဲ့ "
"ခများ ဘယ်မှ မသွားရဘူး "
"ငါ့လက်ကို လွှတ်လိုက်နော် မင်းမလွှတ်ရင် ငါဒီအပေါ်ထပ်ကနေ ခုန်ချမှာ"
အပေါ်မှာ စကားများနေတဲ့ ကောင်လေး နှစ်ယောက်ကြောင့် အဒေါ်ပရင်နဲ့ Kan လည်း အလျင်အမြန် တက်သွားခဲ့ကြသည်။
"သား သူ့မျက်နှာကို မမြင်ချင်တော့တာမို့ သားသွားတော့မယ် အဒေါ် လွှတ်ငါ့လက်ကို "
"ခများအပြစ်ကနေ ကျွန်တော့အပြစ် ဖြစ်သလို လာမလွှဲချနဲ့ "
"အေး ဟုတ်တယ် ငါ့အပြစ်ပဲ မင်းထင်ချင်သလို ထင် မင်းတွေးချင်သလိုတွေး မင်းစိတ်ထဲမှာ ငါက မကောင်းတဲ့ ကောင်ပဲ "
"အကိုလေးတို့ စိတ်လျော့ပါဗျာ ပါဆယ်ကြောင့် ပြဿနာ ဖြစ်တယ် ဆိုရင် သွားယူမိတဲ့ ကျွန်တော့ကိုသာ အပြစ်တင်လိုက်ပါဗျာ "
"မင်းဘာမှ မမှားဘူး Kan ဒီလို တွဲသွားတွဲလာ လုပ်နေတဲ့ လူတွေကိုက လူ့စည်းလူ့ဘောင်ဆိုတာကို နားမလည်တာ "
"ငါတို့ ဘာတွေ ဖြစ်ခဲ့လဲ ဘာတွေ ပြောခဲ့လဲ ဆိုတာ မင်းမှ မသိတာ ဓာတ်ပုံတွေကြောင့် ညံ့ဖျင်းတဲ့ အတွေးတွေသာ တွေးတက်တဲ့ မင်းလို လူရဲ့ ဘဝကိုလည်း ငါသနားတယ် အနည်းဆုံးတော့ Jamesက မင်းလို မဟုတ်ဘူး "
"ကျွန်တော့ကို လာပြီး ခများအကောင်နဲ့ လာမနှိုင်းနဲ့ "
"မနှိုင်းပါဘူး ဟိုက မင်းထက် သာတယ် "
Skyလည်း အလွန်အမင်း စိတ်တွေ တိုကာ အိမ်ပေါ်ထပ်မှာ အလှ ထား ထားတဲ့ ပန်းအိုးတွေကို ပစ်ခွဲမိသည်။
"Sky သား စိတ်လျော့ပါ ဒီလို အိမ်မှာအပူတွေ လုပ်တာ မကောင်းပါဘူး "
"Nani ခများဆိုတဲ့ လူက ကျွန်တော့ရဲ့ သည်းခံစိတ်တွေကို လာစမ်းသပ်နေတာလား "
"ငါအဲ့လောက် အားမနေဘူး မင်းရဲ့ တစ်နပ်စားဉာဏ်တွေနဲ့ မင်းဘာသာမင်း နေလိုက်တော့ "
Nani လည်း ဒေါသတွေ ထွက်ကာ အခန်းထဲ ပြန်ဝင်သွားလိုက်ပြီး တံခါးပိတ်ထားသည်။
Skyလည်း ပိတ်ထားတဲ့ တံခါးအား ဖွင့်ကာ မရတော့ အဒေါ်ပရင်ဆီမှာ သော့ပိုယူကာ အခန်းတံခါးအား ဖွင့်ခဲ့လိုက်သည်။
"မင်းဘာလာ လုပ်တာလဲ ထွက်သွား "
"ခများလို လူနဲ့လည်း မနေပါဘူး ထွက်သွားမှာ"
"ထွက်သွား မြန်မြန် ထွက်သွား မင်းမျက်နှာကို မကြည့်ချင်ဘူး "
"ဘယ်ကြည့်ချင်မလဲ ခများမှာ ကျွန်တော့ထက် ပိုကြည့်ချင်တဲ့လူ ရှိနေပြီလေ ခများနဲ့ ခများအဖေ James ကို ဘာလို့ သဘောကျနေတာလဲ ဆို တော့ jamesက ခများတို့ လိုချင်တာတွေကို ဖြည့်စည်းပေးနိုင်နေလို့ပဲ ဆိုတာ ကျွန်တော် သိလိုက်ပြီ "
"အေးဟုတ်တယ် မင်းသိပြီမလား မင်းဒီအခန်းထဲက ထွက်သွားလိုက်တော့ "
"ခများက နောက်ဆုံးတော့လည်း ဒီအချိုးပါပဲ ကျွန်တော်တွဲခဲ့တဲ့ clubက လူတွေထပ်ကို ပိုက်ဆံပိုမက်နေတာပဲ "
Nani လည်း sky ကိုယ်အား ရင်ဘတ်ကနေ တွန်းထုတ်ကာ အခန်းထဲမှ ထွက်သွားလိုက်စေတော့သည်။sky လည်း အခန်းထဲက ထွက်သွားတော့ အခန်းပေါက်ဝ ရှေ့မှာ Nani ရဲ့ ခန္ဓာကိုယ်လေး ခွေယိုင်ကာ အခန်းတံခါးလေးကို မှီရင်းဖော်ပြလို့ မရလောက်တဲ့ နာကျင်မှုတွေနဲ့ အတူ နာကျဉ်းမျက်ရည်တွေပါ ကျဆင်းမိခဲ့သည်။
Skyလည်း ဒေါသတစ်ရှူးရှူး ထွက်ကာ ကားသော့ဆွဲပြီး ခြေဦးတည့်ရာ မောင်းနှင်းခဲ့လိုက်တော့သည်။skyလည်း အိမ်နဲ့ အဝေးတစ်နေရာကို မောင်းနှင်းခဲ့လိုက်ပြီး ကားစီယာတိုင်ကို ထုကာ ပေါက်ကွဲနေမိတော့သည်။
Sky ပေါက်ကွဲလို့ပင် မဆုံးသေးဘူး ဖုန်းဝင်လာတော့ ကိုင်လိုက်ရာ pinkဆီမှ ဖြစ်နေတော့သည်။
Skyလည်း မကိုင်ပဲ နေလိုက်ပေမဲ့ အဆက်မပြတ် ခေါ်နေတဲ့ သူကြောင့် စိတ်တိုကာ ကိုင်လိုက်သည်။
"ဘာကိစ္စ ရှိလို့ လဲ "
"ကိုကို အခု ဘယ်မှာလဲ "
"ဘာလို့ ဖုန်းခေါ်တာလဲ "
"Pink နဲ့ ကိုကို မဆုံတာကို ဘယ်လောက်ကြာပြီလဲ "
"မင်း ပြောစရာ မရှိရင် ဒါပဲကွာ "
"ခနလေးပါ ကိုကိုရယ် pinkပြောစရာ ရှိလို့ပါ "
"မြန်မြန်ပြော ငါ့စိတ်တွေ ကြည်နေတာ မဟုတ်ဘူး "
"ကိုကိုကလည်း စိတ်ညစ်နေရင် pinkတို့ရှိတဲ့ clubကို လာခဲ့ပါ့လား "
"ရတယ် ငါမလာချင်ဘူး "
"ကိုကို လာခဲ့ပါလား "
"တော်ပြီကွာ ငါမလာချင်ဘူးလို့ "
"ကိုကို pinkကို ကတိတစ်ခု ပေးထားတာ မှတ်မိသေးလား "
"ဘာလဲ "
"Pink မွေးနေ့ တုန်းက ပေးထားတာလေ အဲ့တာ pinkအခု တောင်းလို့ရမလား "
"အလုပ်ရှုပ်ပြီကွာ မြန်မြန်ပြော "
"အဲ့တာ pinkတောင်းချင်တာ ကိုကို အခု club ကို လာခဲ့ပါလားဟင် "
"တစ်ခြားဟာ တောင်းလို့ မရဘူးလား "
"Pink တောင်းဆိုတာ ကိုကို့တွက် အရမ်းမခက်ခဲပါဘူး ကိုကိုယောက်ျားကတိ တည်သင့်ပါတယ် "
"မင်းတို့ clubလိပ်စာ ပို့လိုက်တော့ "
"ဒါမှ pink ကိုကို "
Sky အနေနဲ့လည်း စိတ်တွေ အရမ်းရှုပ်နေတော့ မြန်မြန်ပြီးရင် ပြီးရော ဆိုပြီး pinkတောင်းဆိုတာတဲ့ ကတိအတိုင်း clubကို သွားခဲ့လိုက်သည်။
Skyလည်း clubရောက်တော့ pink,linn,pat ရယ် တစ်ခြားလူသစ်တွေလည်း ရှိလို့ နေသည်။
"ကိုကို ရောက်လာပြီလား "
"ဟာဟျောင့် သူငယ်ချင်းကြီး မလာစဖူးကွာ "
"အင်း မင်းက မှောက်တောင် နေပြီလား "
"နည်းနည်းလေးပါ "
"မင်းမျက်လုံးကို အရင်ပွင့်အောင် လုပ်လိုက်အုန်း"
"မင်းကလည်းကွာ "
"လာကိုကို ပျော်ရအောင် "
Pinkနဲ့ sky လည်း တူတူ ထိုင်လိုက်ပြီး တစ်ဝိုင်းလုံးကလည်း sky ပေါ်ကို pinkက ဘာလို စိတ်ရှိနေလဲ ဆိုတာ သိကြတော့ တွန်းကာ တိုက်ကာ စနေကြသည်။
Pinkသူငယ်ချင်း အသစ်တွေက sky ရင်ခွင်ထဲကို pinkရောက်သွားအောင် တွန်းလိုက်ရာ လျှပ်တစ်ပြက်ဆိုတော့ pinkလက်ထဲက ခွက်ကြောင့် sky အင်္ကျီရင်ဘတ်ပေါ်သို့ alcohol အချို့ ဖိတ်ဆင်သွားခဲ့သည်။
"အာ ကိုကို sorry pinkသုတ်ပေးမယ်နော် "
"ရတယ် ရတယ် "
"ဖိတ်သွားတာ များသွားတယ် ကိုကို pink သုတ်ပေးမယ်နော် "
"ငါ့ဘာသာပဲ toilet ထဲ သွားလိုက်မယ် ရတယ် "
"အင်းပါ "
Sky လည်း စိတ်ထဲမှာ မကြည်ပေမဲ့ ပေကျံသွားတဲ့ အရက်အနံ့တွေကြောင့် သန့်စင်ဖို့သာ toilet ထဲ သွားလိုက်သည်။
အိမ်မှာ ရှိနေတဲ့ ကောင်လေးကတော့ အတွေးပေါင်းစုံဖြင့် ငူငူငိုင်ငိုင် ဖြစ်နေတော့သည်။သူjamesပြောတာတွေကို တကယ်ထင်မိသွားတာကတော့ ဝန်ခံပါသည်။sky ပြောသလိုများ ဖြစ်နေလား ဆိုပြီး jamesအား မေးဖို့ သူဖုန်းဆက်လိုက်သည်။
Nani ဖုန်းခေါ်နေပေမဲ့ James ဘက်ရဲ့ ဖုန်းက စက်ပိတ်ထားတာကလွှဲလို့ ဘာမှ တုံ့ပြန်လာခြင်း မရှိဘူး
Nani တကယ်ပင် sky ပြောသလို jamesရဲ့ အစီစဉ်ထဲ ကိုပဲ သူဝင်သွားခဲ့တာလား ဆိုပြီး စိတ်ထဲမှာ မေးခွန်းတွေပဲ ပေါ်လာခဲ့တော့သည်။ဒါပေမဲ့ အခု Nani နဲ့ skyရဲ့ အခြေနေကတော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေး ထွက်သွားခဲ့ကြသည်။Nani အနေနဲ့ ဘာပြောပြော မယုံကြည့်တဲ့ လူတစ်ယောက်ရဲ့ စိတ်ကို အမှန်တရားကို ရှင်းပြနိုင်ဖို့ အခွင့်ရေးကို မရခဲ့တာက Nani အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်နေခဲ့တော့သည်။
အပြင်က တံခါးခေါက်သံကြောင့် Nani တွေးနေတဲ့ အတွေးတွေပင် ရပ်တန့်သွားခဲ့ရသည်။
ဒေါက် ဒေါက်
"သား Nani "
Nani လည်း တံခါးကို မှီထိုင်နေရာကနေ ချက်ချင်း ထလိုက်မိသည်။တံခါး လာခေါက်တဲ့ လူက အဒေါ်ပရင် ဖြစ်နေတော့ ချက်ချင်းတံခါး ဖွင့်ပေးလိုက်သည်။
"ဟုတ် အဒေါ် "
"သား sky က အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး အဲ့တာ..."
"သူမလာချင်လို့ နေမှာ တံခါးပိတ်လိုက်ပါ "
"သား ၁၂ ကျော်နေပြီ ဖုန်းဆက်ကြည့်ပါလား "
"ကျွန်တော် မဆက်တော့ပါဘူး "
"အကိုလေး ဆက်ကြည့်လိုက်ပါ အကိုလေးတို့ မိဘတွေ သိရင်လည်း မကောင်းပါဘူး ပြဿနာတွေက ပိုကြီးသွားလိမ့်မယ် "
"ဘာမှ မဖြစ်ဘူး Kan သူ့ကို ဆက်ချင်စိတ်လည်း မရှိဘူး "
"သား Nani အဒေါ်တို့ အနေနဲ့လည်း သားတို့ အမြဲ ပျော်ရွှင်နေတာပဲ မြင်ချင်တာ သားတို့ အဆင်မပြေရင် အဒေါ်တို့ အနေနဲ့ နေရတာလဲ အဆင်မပြေဘူးကွယ်"
"ဟုတ်ပါတယ် အကိုလေးရာ "
"သားတို့ ဘာအကြောင်းကြောင်းကြောင့် စကားများကြအုန်းတော့ အခန့်မသင့်လို ဖြစ်ကြတာပဲလေ စိတ်ထဲက မပါကြပဲလည်း ဒီလောက်ကြီးလည်း မဖြစ်သင့်ဘူး "
"သား သူ့ကို ဘယ်လောက် ပြောပြော skyက မယုံကြည်ဘူး "
"အကိုလေး ဒီကိစ္စမှာ အကို လေး တို့ နှစ်ယောက်လုံး မှားကြတာပဲလေ အကိုလေး skyကလည်း ချစ်တဲ့စိတ်က လွန်သွားလို့ နေမှာပါ "
"မဟုတ်ဘူး သူက သူ့ရဲ့ မကောင်းတဲ့ အမြင်တွေနဲ့ ဆုံးဖြတ်နေတာ "
"သားတို့ ဖြစ်တဲ့ ကိစ္စကို သားတို့ အသိဆုံးပါ ဒါပေမဲ့ သားskyကလည်း သားကို ချစ်လွန်းသွားတာ နေမှာပါ အဲ့တာ သားဘက်ကပဲ ဆက်သွယ်ကြည့်လိုက်ပါ သူ့ဘက်က ဘာမှ ပြန်မဖြေရင်တော့ သူမှားတာပေါ့ "
'အဒေါ်ပရင် ပြောတာ ဟုတ်ပါတယ် အကိုလေးရာ ဆက်ကြည့်လိုက်ပါ "
Nani လည်း ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်တော့လည်း ရှင်းပြနေတာ မရတဲ့ အဆုံး သူရဲ့ စိတ်ခံလေး အတိုင်းရွဲ့စောင်းကာ skyရဲ့ စိတ်ကို ပိုဆိုးစေခဲ့လောက်သည်။
"ကျွန်တော် ဆက်ကြည့်ပါလိုက်ပါ့မယ် "
"အေးအေး သား "
Nani လည်း အခန်းထဲ ဝင်သွားကာ 'မောင်' ဆိုတဲ့ contact ကို နှိပ်လိုက်ကာ ခေါ်ဆိုလိုက်သည်။
Clubထဲမှာ ဆူညံ့ နေတဲ့ အသံစုံကြောင့် skyရဲ့ ဖုန်းလာနေတာကို ဘယ်သူမှ သတိမထားမိလိုက်ချေ။
Nani လည်း ပထမ တစ်ခေါက် မကိုင်တော့ နောက်ဆုံး တစ်ခါက် အနေနဲ့ ခေါ်မယ် ဆိုပြီး ခေါ်ဆိုလိုက်သည်။
Skyရဲ့ ဖုန်းလေး မြည်သံတွေ ထွက်ပေါ်လာတော့ pink က သတိထားမိခဲ့သည်။
Contact ကို ကြည့်လိုက်တော့ Nani ဆိုပြီး နှုတ်ခမ်းစူနေတဲ့ ပုံလေးက အခုထိ မပြောင်းလဲပဲ ရှိနေသေးသည်။
"Hello "
"Hello "
"ဘယ်သူလဲရှင့် "
Nani လည်း ထွက်ပေါ်လာတဲ့ အသံက sky ဟုတ်မနေတော့ စိတ်ထဲ နေလို့ မကောင်းလာခဲ့ပေ။
"Sky ရှိလားဗျ "
"အော် ကိုကိုလား ရေချိုးနေတာ ဘာကိစ္စရှိလို့လဲ ဘယ်သူ့လို့ ပြောလိုက်ရမလဲ ကိုကိုက နာမည်လည်း မှတ်မထားဘူး ဆိုတော့လေ ကိုကိုလာမှ ပြန်ဆက်ခိုင်းလိုက်ရမလား "
"ရတယ် "
Pinkလည်း ချသွားတဲ့ ဖုန်းလေးကြောင့် ကျေနပ်အားရကာ အပြုံးတစ်ခု ပန်ဆင်လိုက်သည်။
Nani လည်း နားလည်လိုက်ရတာက မင်းနဲ့ငါက အစခနဲက မတွေ့ခဲ့သင့်ဘူး ဆိုတဲ့ အတွေးတွေပဲ ပြည့်နှက်နေတော့သည်။ဘာပဲ ဖြစ်ဖြစ် ငါတို့မှာ အမှားတွေ ရှိခဲ့ရင်တောင် အဲ့အမှားတွေကို အမှန်ပြန်ဖြစ်အောင် မလုပ်ချင်တော့ဘူး နောက်ဆုံးတော့လည်း မင်းလည်း ငါ့ကို ပြောသလို ဒီပုံစံကတော့ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး ဆိုတာပဲ။Nani လည်း ဒီည sky ပြန်မလာဖြစ်ဘူး ဆိုပြီး kan တို့အား ပြောကာ တံခါးပိတ်စေခဲ့လိုက်သည်။အခန်းထဲရှိ ကုတင်ထက်မှာ အိပ်ပျော်စွာ အိပ်စက်ဖို့ရန် Nani အတွက် အရမ်းကြောက်ဖို့ကောင်းနေတော့သည်။
TBCThanks for reading, guys
(Zawgyi)
"ဘာကိစ်စ ရှိလို့ လဲ "
"ကိုကို အခု ဘယျမှာလဲ "
"Hello "
"Hello "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





