part 37
18:35, 17 April 2025(Unicode)
James ဆိုတဲ့ လူ ဒီလို ချက်ချင်းပြောင်းလဲ သွားတာကရော သာမန်ရိုးကျ ဖြစ်နိုင်ပါ့မလား။james လည်း သူခိုင်းထားတဲ့ အတိုင်း ဓာတ်ပုံတွေကို တမင်ကို ချိန်ရွယ် ရိုက်စေခဲ့ကာ skyဆီသို့ ပို့ခဲ့သည်။sky နဲ့ Nani အဆင်မပြေမှ Nani ဆိုတဲ့ လူသားလေးကို သူပိုင်နိုင်မှာ ဆိုပြီး Nani ယုံကြည်အောင် လှည့်စားခဲ့သည်။
"ငါပြောတဲ့ အတိုင်း သေချာပို့ခဲ့တယ်မလား "
"ဟုတ် ကျွန်တော် သေချာပို့ခဲ့ပါတယ်ဗျ "
"အင်း တော်တယ် ဒီမှာ မင်းတွက်အခကြေးငွေ "
"ကျေးဇူးပါဗျ နောက်လိုအပ်တာ ရှိရင်လည်း ပြောပါ"
"အင်း မင်းပြန်လို့ရပြီ "
James တစ်ယောက်ကတော့ မဲ့ပြုံးပြုံးကာ ကျေနပ်နေပုံ ရသည်။
Sky လည်း toilet မှာ ပေသွားတဲ့ အင်္ကျီကို ရေဆေးကာ tissue ဖြင့် သုတ်ပြီး ဝိုင်းနေရာသို့ ပြန်သွားခဲ့သည်။
"ကိုကို အဆင်ပြေလား"
"အင်း "
"ဒီမှာ ကိုကို့ဖုန်း တော်သေးတယ် pink တွေ့လို့"
Pinkလည်း Nani ဆီက ဖုန်းလာပြီးခနဲက call log ကို ဖျက်ပစ်ဖို့ လုပ်ပေမဲ့ password ရှိနေသောကြောင့် သူမလုပ်နိုင်ခဲ့ပေ။Sky လည်း pink ကမ်းပေးတဲ့ ဖုန်းကို လှမ်းယူလိုက်သည်။ ဖုန်းကို ဘာမှမစစ်ဆေးပဲ ယူလိုက်မိတာက sky အတွက် ပေါ့လျော့မှု တစ်ခု ဖြစ်နေခဲ့သည်။
__________________
ညတစ်ညလေးကို အိပ်ပျော်စွာ အိပ်စက်ဖို့ရန် ခက်ခဲနေသည့်အတိုင်း Nani အတွက် အခုထိ အိပ်စက်လို့ မရသေးပေ။အိပ်မပျော်တဲ့ အဆုံး Nani အောက်ကို ဆင်းပြီး skyများ လာမလား ဆိုတဲ့ ရူးကြောင်ကြောင် အတွေးလေးဖြင့် အိမ်အောက်မှာ သွားစောင့်လိုက်သည်။
အချိန်တွေလည်း လည်ပတ်နေတာ မနည်းတော့ဘူး။နာရီတွေကို ကြည့်လိုက်ရင်လည်း သူ့ခေါင်းတွေ မူးချာနေတာက လွှဲလို့ ရင်ထဲမှာ ခံစားနေရတာတွေကတော့ ဘယ်လိုနည်းနဲ့မှ မသက်သာလာပေ။
အရာအားလုံးကို လွှတ်ချပြီးတော့ အေးချမ်းတဲ့ နေရာလေးကိုပဲ သူသွားချင်တော့သည်။Nani ဆန္ဒတွေ ပြည့်သွားခဲ့သလိုပဲ သူတွေးပြီးပြီး ချင်း သူ့ဘဝကြီးလည်း လေနဲ့ အတူ လွှင့်မျောပါသွားခဲ့သလို ပေါ့ပါးသွားခဲ့သည်။
ထိုစဉ် တရေနိုး ရေဆာလို့ ရေထွက်သောက်တဲ့ Kan တစ်ယောက် Nani ဧည့်ခန်းထဲက ခုံလေးပေါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်သည်။
"အကိုလေး အကိုလေး Nani "
တစ်ခါနှစ်ခါမက သော ခေါ်သံတွေကြားမှာ ဘာမှ တုံ့ပြန်နိုင်ခြင်း မရှိတဲ့ ကောင်လေးတစ်ယောက်က အိပ်ပျော်နေတဲ့ ကောင်လေး တစ်ယောက်လိုပင် ပိရိလှသည်။
"အဒေါ်ပရင် အဒေါ်ပရင် "
"Kan ဘာဖြစ်လို့လဲ "
"အကိုလေး Nani ကို ခေါ်လို့ မရလို့ အဒေါ် ထွက်ခဲ့ပါအုန်း "
"အေးအေး လာပြီ "
အဒေါ်ပရင်လည်း အခန်းထဲက ချက်ချင်းထွက်ပြီး Nani ရှိရာသို့ သွားလိုက်ပြီး ပါးလေး ပုတ်ကာ နှိုးလိုက်ပေမဲ့ Nani က ဘာမှ မတုံ့ပြန်လာပေ ။သာမန်လူတစ်ယောက် အိပ်နေရင် ဒီလိုမှ မဟုတ်တာ ဆိုပြီး kan လည်း Nani ကိုယ်လေးအား မကာ ကားနဲ့ ဆေးရုံသွားဖို့သာ ပြင်လိုက်တော့သည်။
ဆေးရုံရောက်တော့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ Nani က စိတ်ဖိအားတွေ အရမ်းများပြီး သတိလစ်သွားခဲ့သည်။ဒီလိုတွေသာ ထပ်ဖြစ်မယ် ဆိုရင် နောက်ကြာလာရင် နှလုံးရောဂါတွေပါ ဖြစ်လာနိုင်တယ် ဆိုပြီး ဆရာဝန်ကြီးက အသိပေးသွားခဲ့သည်။
Kan လည်း sky အား အသိပေးပြီး ဆေးရုံလာဖို့ ခေါ်ခဲ့ပေးမဲ့လည်း skyရဲ့ ဖုန်းကတော့ စက်ပိတ်ထားပါသည် ဆိုတာက လွှဲပြီး ဘာအသံမှ ထပ်မထွက်လာပေ။
အဒေါ်ပရင်နဲ့ Kan လည်း ဘာလုပ်ရမလဲ မသိသောကြောင့် Nani မိဘတွေကို ခေါ်ဖို့ လုပ်ချင်ပေမဲ့ အချိန်ကလည်း စောလွန်းနေတဲ့ အချိန် မဟုတ်တာကြောင့် မနက်ကျမှ အသိပေးဖို့သာ သဘောတူလိုက်ကြတော့သည်။
ဆေးရုံကုတင်ထက်က ကောင်လေးကတော့ သူ့ရဲ့ စိတ်အရင်းခံကိုက မနိုးထလာချင်နေပုံ ရသည်။ဆရာဝန်ကြီးကတော့ စောင့်ကြည့်ရအုန်းမယ်တဲ့ လူနာသတိရလာ ရင်လည်း ပြောပေးပါ ဆိုလို့ Kan နဲ့ အဒေါ်ပရင်လည်း Nani အား စောင့်ပေးနေကြသည်။
Sky လည်း pinkကို ပေးထားတဲ့ ကတိအတိုင်း clubကို လာခဲ့လိုက်ပြီး ဝိုင်းမှာသာ တစ်ချိန်လုံး ထိုင်နေခဲ့သည်။အိမ်မှာ ကျန်ခဲ့တဲ့ Nani ဘယ်လို ရှိနေမလဲ ဆိုတာ သူမတွေးချင်ပေမဲ့ သူ့ခေါင်းထဲမှာ ဘယ်လို့မှန်း မသိ Nani အကြောင်းက ရောက်လာပြန်သည်။
ငှဲ့ပေးထားတဲ့ အရက်ခွက်ကို တစ်ခါတည်း မော့ချ ပစ်ကာ Nani အကြောင်းတွေးနေတာကို မေ့ပျောက်ဖို့အတွက် သောက်ခဲ့လိုက်သည်။sky လည်း ၂နာရီကျော်လောက် ရှိနေပေမဲ့ အိမ်ကို ပြန်မလာချင်သောကြောင့် pat အိမ်ကိုသာ လိုက်သွားလိုက်သည်။
မနက်ဖြန်ကို မရောက်ချင်သေးသောကြောင့် ညတစ်ညကို patအိမ်မှာ အိပ်စက်ခဲ့လိုက်သည်။မနက်ရောက်တဲ့ထိ sky တစ်ယောက် မထနိုင်ပဲ အလုပ်သွားရမဲ့ အချိန်ထက် ကျော်လွန်ပြီး အိပ်ပျော်သွားခဲ့သည်။
"ဟျောင့် sky "
"အင်း "
"မင်းအလုပ်သွားရမှာ မလား"
"ဘယ်အလုပ်မှ သွားချင်စိတ် မရှိဘူး ငါအိပ်လိုက်အုန်းမယ် '
"ဟာ မင်းကလည်း P'Nani ကို ပို့ရအုန်းမှာ မလား "
Nani ဆိုတဲ့ အသံလေးကို ကြားတော့ sky တစ်ယောက် မှောက်အိပ်နေရင်းကနေ မျက်စိလေး ဖွင့်မိသည်။သို့သော် သူ့ပါးစပ်မှ ထွက်ပေါ်လာတဲ့ စကားကတော့.....
"Kan ရှိတယ် ငါပို့ပေးစရာ မလိုဘူး "
"မင်းပဲ ပို့ပေးတာ မဟုတ်ဘူးလား "
"မင်းစကားတွေ ရှည်လိုက်တာကွာ ငါအိပ်ပြီ"
Patကတော့ ခေါင်းတကုတ်ကုတ်နဲ့ ဒီကောင်ဘာဖြစ်နေတာလဲ ဆိုပြီး မယုံနိုင် ဖြစ်နေတော့သည်။
_____________________
မျက်လုံးဖွင့်လိုက်ရာ မျက်နှာကျက် အဖြူကြီးက ကိုယ့်ရဲ့ အပေါ်မှာ ရှိနေပြီး ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်နေပြီး ငါဘယ်ကို ရောက်နေတာလဲ ဘေးကို ကြည့်တော့လည်း စက်ကိရိယာတွေနဲ့အတူ လက်ကလေးမှာလည်း ဆေးထိုးပိုက် တပ်ရပ်လေးနဲ့ Nani ကတော့ သူ့ဘယ်နေရာကို ရောက်နေလဲ ဆိုတာ မှန်းလို့မရသေးပေ။Naniလည်း ပထမဆုံးလိုက်ရှာမိတဲ့ လူကတော့ အရိပ်လေးတောင် ရှိမနေခဲ့ပေ။ထို့နောက် သူ့ဘေးမှာ အိပ်နေတဲ့ လူနှစ်ယောက်ကို အသံပြုကာ အားယူပြီး ခေါ်လိုက်မိသည်။
"Kan....အဒေါ်ပရင်...."
နိုးကြာတဲ့ Kan နဲ့ အဒေါ်ပရင်ကတော့ Nani နိုးလာတာကို ဝမ်းသာနေကြသည်။Kan ကတော့ Nani သတိရလာတော့ အပြေးအလွှား ဆရာဝန် သွားခေါ်တော့သည်။
"သားသတိရလာပြီလား "
"ဟုတ် ဒါနဲ့ သားက ဒီလိုဘယ်လို ဖြစ်ပြီးရောက်လာတာလဲ "
"သား မနေ့ညက ဧည့်ခန်းထဲမှာ သတိလစ်သွားလို့ ဆေးရုံးကို ချက်ချင်းလာလိုက်တာ"
"သားတကယ်ကို ကျေးဇူးတင်ပါတယ်"
ထိုစဉ်Nani နဲ့ အဒေါ်ပရင် စကားပြောနေရင်း ဆရာဝန်နဲ့ Kan တို့က အခန်းထဲသို့ ဝင်လာခဲ့သည်။
ဆရာဝန်ကြီးက စစ်ဆေးစရာတွေ လုပ်ပြီးခဲ့တော့ စိုးရိမ်စရာ မရှိတော့ဘူး ပြောတော့ Kan နဲ့ အဒေါ်ပရင်လည်း ဝမ်းသာ သွားတော့သည်။
"ဆရာ ကျွန်တော် ညနေလောက် ဆင်းလို့ရပြီလား"
"ဟုတ်ရပါတယ် လူနာအနေနဲ့ အနားယူဖို့လိုပဲ ဘာတွေပဲ ဖြစ်လာဖြစ်လာ stress တွေ အရမ်းမထားပါနဲ့လို့ ကျွန်တော်မှာပါရစေ ရေရှည်ကြရင် ဒီအရာတွေက အဆင်မပြေနိုင်ဘူး လူနာပဲ စုပြုံပြီး ခံရလိမ့်မယ်"
"ဟုတ်ကဲ့ဆရာ "
"အဲ့တာဆိုရင် လူနာက ဆင်းချင်နေပြီ စိတ်ချရတဲ့ အခြေနေလည်း ရောက်ပြီ ဆိုတော့ ကျွန်တော် ညနေ ဆင်းခွင့်ပြုလိုက်ပါမယ် "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ "
"ရပါတယ် "
ဆရာဝန်ကြီးလည်း ထွက်သွားတော့ Nani ကတော့ Kan နဲ့ အဒေါ်ပရင်ကို ကျေးဇူးတင်စကား ဆိုနေလိုက်သည်။သို့သော် မျက်လုံးလေးတွေက တစ်စုံတစ်ယောက်ကို လိုအပ်နေမှန်းလည်း Kan သတိထားမိပါသည်။
Nani သတိရခနဲက အဒေါ်ပရင်တစ်ယောက် Nani တို့မိဘတွေကို ဖုန်းဆက် အကြောင်းကြားပေးထားသည်။နေ့လည်ရောက်တော့ Nani မေမေနဲ့ ဖေဖေ လည်း ဆေးရုံသို့ ရောက်လာခဲ့သည်။
"သားလေး ဘယ်လိုဖြစ်တာလဲ "
"သားအဆင်ပြေပါတယ် ဘာမှ မဖြစ်ပါဘူး မေမေစိတ်မပူနဲ့နော် "
"စိတ်ပူရတာပေါ့ မေမေက ဒီသားလေး တစ်ယောက်ပဲ ရှိတာ သားက ဘယ်လို ဖြစ်တာလဲရှင့်"
Nani မေမေ လည်း ဘေးနားမှာ ရှိနေတဲ့ အဒေါ်ပရင်အား မေးလိုက်သည်။အဒေါ်ပရင်တို့က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မပြောဖူးဆိုတာ သိပေမဲ့ skyကိုလည်း အမြင်မကြည်သွားမှာ ဆိုးသဖြင့် Nani တစ်ယောက် အဒေါ်ပရင် မပြောခင် အရင်ပြောလိုက်သည်။
"သားပင်ပန်းသွားလို့ပါ မေမေ ဆိုင်ကလည်း အခုတစ်လော အရမ်းရောင်းရတယ်လေ "
"သားရယ် အလုပ်ကို ဖြေးဖြေးမှန်မှန်လေး လုပ်ပါ အရမ်းမလုပ်ပါနဲ့ "
"ဟုတ်မေမေ "
အခုထိ စကားတစ်လုံးမှ ဝင်မပြောသူက Nani အဖေ ဖြစ်နေသည်။သူ့အနေနဲ့ သူ့သားက တကယ်ပဲ ပင်ပန်းလို့ ဆေးရုံရောက်နေတာလား ဘာအကြောင်းကြောင့်လဲ ဆိုတာ မယုံသင်္ကာဖြစ်နေသည်။
"CEO သားကရော "
"Skyက အောက်မှာ သားစားဖို့ တစ်ခုခု သွားဝယ်နေတာ ဖေဖေ "
"သူပြောနေတာ တကယ်လား "
Nani ဖေဖေ Kan အား လှမ်းမေးလိုက်တော့ Kanတို့အနေနဲ့ ဖြစ်ခဲ့သမျှကို အကြောင်းစုံ သိနေတော့ ခနတာ ကြောင်အမ်းသွားခဲ့သည်။
"ဖေဖေကလည်း တကယ်ပါဆို "
"ငါမေးတာ ဒီကောင်လေးကို "
"ဟုတ်ပါတယ်ဦးလေး အကိုလေး skyက အောက်မှာ တစ်ခုခု သွားဝယ်နေတာပါ "
ထိုအခါ Nani ဖေဖေလည်း မယုံချင်ပဲ ယုံလိုက်ရတယ် အခြေနေသို့ ရောက်ရှိသွားခဲ့သည်။
"သား ဘာစားချင်သေးလဲ မေမေ ဘာလုပ်ပေးရမလဲ "
"ရပါတယ် မေမေ သားဘာမှ မစားချင်ပါဘူး "
"အားရှိမှ ဖြစ်မှာလေ သားရဲ့ ညကျရင် ဖေဖေနဲ့ မေမေက ဆေးရုံမှာ နေပေးမယ် "
"သားညနေ ကျရင် ဆင်းလို့ရပြီ မေမေတို့ မလာပါနဲ့ သားအတွက် ဒုက္ခများနေလိမ့်မယ် "
"သားက ဆင်းရတော့မှာ ဆိုရင် သားအိမ်ကို မေမေ လာပြုစုပေးမယ် "
"ရပါတယ် Kan နဲ့ အဒေါ်ပရင်လည်း ရှိပါတယ် သားအတွက် မစိုးရိမ်နဲ့နော် "
"အွန်းပါ အဲ့တာဆိုလည်း မေမေ စွပ်ပြုတ်လေးတော့ လာပို့ပေးမယ် "
"ဟုတ်မေမေ "
"ဖေဖေ တို့ ပြန်ရင် ပြန်တော့လေ အလုပ်တွေလည်း ရှိတယ်မလား "
"အင်း ရှိတယ် CEOသားက အခုထိကို မလာသေးဘူးလား နေ့လည်တောင် ရောက်နေပြီ ဘာမှမစားရသေးဘူးမလား "
"သားစားချင်တာ ပတ်ရှာနေလို့ နေမှာ ရတယ် သားဘာသာ kanကိုပဲ ဝယ်ခိုင်းလိုက်တော့မယ် "
'နေကောင်းသွားတဲ့ နေ့ကျမှ ဖေဖေ လာခဲ့တော့မယ် "
"ဟုတ်ဖေဖေ "
"အဲ့တာတို့ မေမေတို့ ပြန်တော့မယ်နော် "
"ဟုတ်မေမေ "
Nani ဖေဖေ ကတော့ အခု နေမကောင်းလို့ လွှတ်ပေးထားတဲ့ သဘောဖြင့် သားဖြစ်သူများ မသိချင်ယောင်ဆောင်ထားလိုက်သည်။Nani တို့ မိဘတွေလည်း ထွက်သွားတော့ kanတစ်ယောက် အကိုလေးNani စားဖို့ ဆန်ပြုတ်လေး သွားဝယ်ပေးရှာသည်။
"သားskyကို အဒေါ်ဖုန်းဆက်လိုက်အုန်းမယ်နော်"
"အဒေါ်ရတယ် မဆက်ပါနဲ့ သားဖြစ်ခနဲက သူ့ကို ဆက်ခဲ့တယ်မလား"
"အဒေါ်တို့ဆက်ခဲ့ပါတယ် သားskyဖုန်းက စက်ပိတ်ထားတယ်"
"ကျွန်တော်တို့ ညနေ ကျမှ အိမ်ပြန်ကြတာပေါ့"
Kan လည်း အကိုလေး အတွက် ဆန်ပြုတ်လေး ဝယ်ပြီး အခန်းသို့ပြန်လာခဲ့ပြီး ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။
"အကိုလေး "
"ဟင်"
"အဆင်ပြေလား "
"ပြေပါတယ် ဘာလို့လဲ "
"အကိုလေး အဆင်မပြေရင် ပြောပါ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ "
"kan နဲ့ အဒေါ်ပရင်ကို တကယ်ကို ကျေးဇူးတယ်တယ် P'အတွက် မိသားစုတွေလိုပါပဲ kanတို့သာ မရှိရင် P'ဘာဖြစ်နေမလဲ ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်လောက်ဘူး "
"အကိုလေး sky ကိုရော ကျွန်တော်သွားရှာမလား အကိုလေး "
"မရှာပါနဲ့ သူလည်း P'ကို တကယ်စိတ်နာသွားလို့နေမှာပါ "
'သားတို့က ချစ်ရဲ့သားနဲ့ ဒီလို အခြေနေကြီးမှာ မနေကြပါနဲ့လား သားရယ် "
"အမှန်တိုင်း ပြောရရင် ကျွန်တော် ဒီနေရာမှာ ရှိနေခဲ့ပြီး သတိရတဲ့ အချိန်မှာ skyကျွန်တော့ဘေးမှာ ရှိလောက်မယ် ထင်ခဲ့တာ "
"အကိုလေးskyကို ကျွန်တော်တို့ ဆက်သွယ်ခဲ့ပါတယ် သူလည်း မအားလို့ နေမှာ "
"အင်း P'တို့က ဒီလို အဆုံးသတ်ဖို့ကို ပါလာလို့ နေမှာ "
"သားတို့ဖြစ်နေတာတွေကိုလည်း အဒေါ်တို့မကြည့်ရက်တော့ဘူးကွယ်"
"ဟုတ်ပါတယ် အကိုလေးရယ် ကျွန်တော် အကိုလေးskyကို ဖုန်းထပ်ဆက်လိုက်မယ် "
"Kan မဆက်နဲ့တော့ ညနေကျရင်လည်း ပြန်ရတော့မှာ P'ခန အနားယူလိုက်အုန်းမယ်"
"သား ဆန်ပြုတ်လေးတော့ ဝင်အောင် စားလိုက်ပါအုန်း"
"သားစားချင်စိတ် မရှိလို့ပါ"
Nani လည်း ဖြစ်နေတဲ့ အခြေနေတွေကို စိတ်ထဲကနေ ထုတ်ပစ်ပြီး မအိပ်ချင်လည်း အတင်းသာ မျက်လုံးတွေ မှိတ်ပြီး လှဲလျောင်းနေတော့သည်။
_______________________
မနက် ၂နာရီလောက်မှ ပြန်လာတဲ့ လူတစ်ယောက်ကတော့ အခုထိ အိပ်နေတာ ညနေကျမှ နိုးထလာတော့သည်။
ဘေးဘီကို ကြည့်တော့လည်း အခန်းထဲမှာ သူက လွှဲလို့ patက မရှိနေတော့ပေ။အိပ်ရာကနေ ထကာ မျက်နှာသစ်လိုက်ပြီး လန်းဆန်းအောင် ရေချိုးလိုက်သည်။ရေချိုးပြီးတာနဲ့ သူ့ဒယ်ဒီဆီ sky တစ်ယောက် ဖုန်းခေါ်လိုက်သည်။
"Hello "
"အင်း ဒီနေ့ ဘာလို့ အလုပ်မလာတာလဲ "
"သားနေမကောင်းလို့ ဒယ်ဒီ "
"အခုရော သက်သာပြီလား မာမီကို လာခိုင်းရအုန်းမလား "
"သက်သာနေပါပြီ ဒယ်ဒီ "
"ဂရုစိုက်အုန်း ဒယ်ဒီတို့ အခုက ထုတ်ကုန်အသစ်တွက် လုပ်နေတာ မို့လို့ "
"ဟုတ်ဒယ်ဒီ "
"မနက်ဖြန်ရော လာနိုင်လား "
"သား အဆင်ပြေရင် လာခဲ့ပါမယ် "
"အေးအေး ဆေးခန်းသွားနော် "
"ဟုတ်ဒယ်ဒီ "
Sky လည်း အလိမ်အညာတွေ ပြောနေရတာ သူ့အတွက် တော်တော် ပင်ပန်းနေလောက်ပြီ။သူစက် ပိတ်ထားတဲ့ ဖုန်းကို ပွင့်ပြီး သူ့ဒယ်ဒီဆီ ဖုန်းခေါ်လိုက်ပြီး သူလိုအပ်တဲ့ အချိန်သာ စက်ဖွင့်ပြီး ကျန်တဲ့အချိန်ကတော့ စက်ပိတ်ထားလိုက်သည်။
Skyလည်း pat ဆီကို လိုက်သွားပြီး အပြန်ကျတော့ pat နဲ့ အတူ ဆိုင်တစ်ဆိုင်မှာ ညစာ ဝင်စားဖို့သာ ပြင်လိုက်တော့သည်။
______________________
ဆေးရုံကနေ ပြန်လာတဲ့ ကားလေးထဲက ကောင်လေးမှာလည်း အလွန်အမင်းကို ငြိမ်သက်တိတ်ဆိတ်လှသည်။
အိမ်ရောက်တော့ Kan နဲ့ အဒေါ်ပရင်က တွဲကာ အခန်းထဲသို့ ပို့ပေးခဲ့သည်။ထို့နောက် ဆန်ပြုတ်ပူပူလေးကိုလည်း အရသာရှိအောင် ပြုတ်ပြီး လာပို့ပေးခဲ့သည်။
"သား ဒါလေးတော့ စားလိုက်ပါနော် မဟုတ်ရင် ပိုဆိုးသွားမှာ ဆိုလို့ "
"သားမစားချင်..."
"အကိုလေးရယ် ဒါလေးတော့ စားလိုက်ပါ"
"ဟုတ်ပါတယ် သားရယ် သားစားနိုင်သလောက်ပဲ စားလိုက်ပါနော် "
"ဟုတ်ကဲ့ အဒေါ်နဲ့ kanကို တကယ် ကျေးဇူးတင်တာက လွှဲလို့ ဘာမှကို မပြောနိုင်တော့ပါဘူး "
"ကျွန်တော်တို့ ကြားမှာ အဲ့တာတွေ မလိုပါဘူး အကိုလေးရာ "
"ဟုတ်ပါတယ် သားရယ် စားနော် အဒေါ်အများကြီး ပြုတ်ထားတယ် "
"ဟုတ်ကဲ့ "
~~~~~~~~~~~~~~~~~
"ဟျောင့် သောက်တာ များလှရီလား"
"အင်း စိတ်ညစ်လို့ "
"ဘာတွေ ဖြစ်နေလို့လဲ ဒီည အိမ်ပြန်မှာမလား တော်ကြာ P'Nani က မောင်းထုတ်နေအုန်းမယ်နော် "
"ငါအိမ်မပြန်ဘူး"
"ဘာလို့လဲ ရန်ဖြစ်ထားတာလား "
"အင်း ဟုတ်တယ် "
"မင်းကွာ ဘာဖြစ်ပြန်ရတာလဲ"
"ငါမင်းကို အရင်က ပြောပြဖူးတဲ့ လူသိတယ်မလား "
"ဟို jamesဆိုတဲ့ လူလား"
"ဟုတ်တယ် အဲ့အကောင်ကြောင့်ဖြစ်တာ"
"ဘယ်လို ဖြစ်တာလဲကွာ "
"Naniနဲ့ အဲ့အကောင်နဲ့က ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြတာ "
"အေး မင်းက ဘယ်လို သိတာလဲ မင်းတွေ့ခဲ့တာလား "
"မဟုတ်ဘူး ငါ့ဆီကို ပုံတွေ ရောက်လာတာ"
Skyတစ်ယောက် ပါးစပ်ကလည်း စိတ်တိုရင်း beer ခွက်ကိုလည်း မော့ရင်း ပြောဆိုနေသည်။
"ဟင် ဘယ်လို ဖြစ်ပြီးများ ရောက်လာတာလဲ"
"အေးကွာ အဲ့အကောင် က Nani ကို ကြိုက်နေတာလေ သူလုပ်တာရော မဖြစ်နိုင်ဘူးလား "
"အေးနော်"
" ငါက အဲ့လို ပြောတာကို Nani က အဲ့အကောင်လုပ်တာ မဖြစ်နိုင်ပါဘူးတဲ့ "
"အဲ့လူနဲ့ P'Nani ကရော ဘယ်လို လုပ်ပြီးတူတူရှိမိသွားတာလဲ "
"အဲ့အကောင်က သူ့ရဲ့ အရင်က Nani အပေါ်ကို ထားခဲ့တဲ့ စိတ်တွေအတွက် တောင်းပန်ချင်လို့ ဆိုပြီး ဆိုင်မှာ ချိန်းတာ နေမှာပေါ့ ငါပြောချင်တာက အဲ့လို ကောင်မျိုးက ရုတ်တရက် ကြီး ပြောင်းလဲသွားတာ ဖြစ်နိုင်ပါ့မလား မင်းစဉ်းစားကြည့်ကွာ"
"သူက ဘာတွေ ဘယ်လိုပြောပြီး တောင်းပန်တာလဲမှ မသိတာ ပြီးတော့ P'Nani ဆိုတာ ရိုးသားလွန်းတယ်လေကွာ မင်းမသိတာလဲ မဟုတ်ပဲနဲ့ "
"ငါသိတယ် အဲ့လိုတွေ စိုးရိမ်လို့ကို ငါပြောမိတာကို သူကပါ ငါ့ကို လိမ်တယ် သူ့ဆိုင်က ကောင်လေးတစ်ယောက်ကို မုန့်လိုက်ကျွေးတာတဲ့ ငါ့ဆီမှာက သူနဲ့ ဟိုအကောင်ရဲ့ ပုံတွေက ရောက်နေပြီ"
"ပုံတွေက ဘယ်လိုတွေမို့လို့ မင်းက အရမ်းပေါက်ကွဲမိတာလဲ "
"မသိရင်ကွာ သမီးရည်းစားတွေလိုပဲ "
"မင်းပြောသလို အဲ့အကောင်က အကြံနဲ့ တမင်ချိန်ရိုက်တာတွေရော ဖြစ်နိုင်ဘူးလား "
"ဖြစ်နိုင်ရင်လည်း Nani အနေနဲ့ ငါအဲ့အကောင်ကို မုန်းပါတယ် ဆိုနေမှ ပတ်ကို မပတ်သတ်သင့်တာ ပြီးတော့ ည၉နာရီမှ အိမ်ပြန်ရောက်တာ "
"မင်းက အဲ့နေ့က သွားမကြိုဘူးလား"
"ပစ္စည်းသစ် ထုတ်မှာမို့ အလုပ်ရှုပ်နေတာ kanကို ကြိုခိုင်းလိုက်တာ သူက သွားစရာရှိလို့တဲ့ taxiနဲ့ ပြန်လာမယ် ပြောပြီး အဲ့အကောင်နဲ့ အတူရှိနေတာ ငါပြောရင်းနဲ့ကို ဒေါသ ထွက်လိုက်တာ "
"စိတ်လျှော့ပါအုန်းကွာ P'Nani လည်း တစ်ခုခု ဖြစ်လို့ နောက်ကျတာ နေမှာပေါ့ "
"Taxi ဘီးပေါက်လို့တဲ့ ကလေးအကွက်တွေကွာ ဒီအကောင်နဲ့ သွားတာတောင် ငါ့ကို လိမ်ချင်နေတာ အဲ့နောက်ကျတာလဲ ငါ့ကို လိမ်တာပဲ နေမှာပေါ့"
"မင်းကလည်း အဲ့လို တစ်ဖက်သတ်ကြီး မပြောပါနဲ့ကွာ မင်းP'Nani ရှင်းပြတုန်းကတော့ သေချာနားထောင်ခဲ့လား "
"နားထောင်ဘူး ပြီးတော့ နားထောင်ချင်စိတ်လည်း မရှိဘူး "
"မင်းကိုက မဟုတ်တာ P'Nani သူသွားတာကို မသိစေချင်ရတာလဲ မင်းက အဲ့လူကို မကြိုက်လို့လေ သူလိမ်လိုက်တာ နေမှာပေါ့"
"ငါအဲ့လို လုပ်တာကို မကြိုက်တာ ငါက သူ့ယောက်ျား မဟုတ်ဘူးလား "
"အေး သူက အမှန်တိုင်း ပြောပြရင်ရော မင်းက လက်ခံမှာလား အေး မင်းမကြိုက်တဲ့ ကောင်နဲ့ သူက သွားမိလို့ ရှင်းပြခဲ့တာရော မင်းက နားထောင်ခဲ့လို့လား ပြီးတော့ မင်းမယုံကြည်ခဲ့ဘူးမလား "
"ငါ့ဘက်ကိုလည်း ခံစားကြည့်ပါအုန်းကွာ"
"P'Nani သာ တကယ်လို့ အဲ့အကောင်နဲ့ ပတ်သတ်မှု တစ်ခုရှိခဲ့ရင် မင်းအနေနဲ့ ပျက်မှာမလား ပျက်ပစ်လိုက် ရတယ် အခုက ပုံတွေကြောင့်နဲ့ မင်းက သူ့ကို မယုံတာ ဖြစ်နေပြီကွ "
"မသိဘူးကွာ ငါ့စိတ်ကိုလည်း မင်းအသိဆုံးပဲ ငါစိတ်တိုသွားရင် ဘာနဲ့မှ မတူဘူးဆိုတာ"
"အေးသိတယ် သိလို့ ပြောနေတာပဲ "
"P'Nani လည်း မှားခဲ့တယ် အေးအဲ့လိုပဲ မင်းလည်း မှန်မနေဘူး မင်းလုပ်ရပ်တွေက ပိုဆိုးစေတယ် ဘယ် နေ့အိမ်ပြန်မှာလဲ "
"ဘယ်တော့မှ မပြန်ဘူး"
"ငါမင်းကို တစ်သက်လုံး တင်မကျွေးထားနိုင်ဘူးနော် ပြန်ပါကွာ "
"ငါပြန်ချင်စိတ် မရှိသေးဘူး ငါမှတ်လောက်သားလောက် ပစ်ထားအုန်းမယ် "
"မနေနိုင်တဲ့ ကောင်က မင်းပဲ ဖြစ်နေမှာ "
"တော်ပြီကွာ မင်းစောက်ရမ်းစကားများတယ် သောက်စရာရှိတာ သောက် "
"မင်းပြဿနာတွေကို ငါက ရှင်းပေးနေတာလေ "
"မရှင်းပေးနဲ့ မလိုဘူး Nani ရဲ့ စိတ်ကိုက အဲ့အကောင်ဆီမှာ ပိုနေတာ "
"မင်းက ဘာနဲ့ တိုင်းလိုက်တာလဲ "
"ငါသိတယ် ငါ့ရဲ့ အသွေးတွေ အသားထဲကကို သိတယ် "
Patတစ်ယောက် အခုထိ အသိတရားမရသေးတဲ့ သူငယ်ချင်း ဖြစ်သူ ခေါင်းအား အသံထွက်အောင် ရိုက်လိုက်သည်။
"ဘာလို့ရိုက်တာလဲ နာတယ်ကွာ "
"နာရင်သေ မင်းလို့ ကောင်မျိုးကတော့ ငါလုပ်ရင် သေတော့မယ် "
"မင်း အခု ဖြစ်နေတာတွေက အရမ်းချစ်လွန်းလို့ ဖြစ်နေတာ အချစ်ကြီးရင် အမြတ်ကြီးတယ် ဆိုတဲ့ စကားက အလကား ဖြစ်လာတာ မဟုတ်ဘူး ဆိုတာ ငါသိတယ် ဒါပေမဲ့ မင်းက အဲ့ထက် အစွန်းရောက်နေမှာ ဆိုးတယ် "
"မြန်မြန်သောက်ကွာ "
"ဘာလဲ အသိတရားရပြီး အိမ်ပြန်တော့မှာလား"
"ဘယ်အိမ်မှ မပြန်ဘူး "
Patတစ်ယောက်ကတော့ သူ့သူငယ်ချင်း ဖြစ်သူအား သက်ပြင်းချကာ ဘာလို့ လမ်းပြရမလဲ အတွေးခက်နေတော့သည်။
~~~~~~~~~~~~~~~~~
အိပ်ခန်းကျယ်ကြီးထဲမှာ တစ်ယောက်တည်း ရှိနေရတဲ့ အရသာကြီးက ချိမြန်နေပါ့မလား။Nani လည်း အခုမှ ဆေးရုံက ဆင်းလာပေမဲ့ ရင်တွင်းခံစားနေရတာတွေက ချက်ချင်းတော့ လျော့ကျမသွားနိုင်ခဲ့ပေ။
"ငါတို့တွေက ဘယ်နေရာမှာများ မှားသွားခဲ့တာလဲအခုတော့ မင်းက အိမ်ပြန်မလာတာကို နှစ်ရက်ရှိနေပြီ မင်းဘက်က ငါ့ကို တကယ်မုန်းသွားပြီလားဟင်"
ပါးစပ်လေးကလည်း ပြောရင်း စောင်လေးခြုံထားတဲ့ ကောင်လေးကလည်း တစ်ဖြေးဖြေး ကွေးလာပြီး ပါးပြင်ပေါ်ကလည်း မျက်ရည်ပူလေးတွေက ထိန်းမရအောင် လှိမ့်ဆင်းလာခဲ့သည်။
"မင်းငါ့ကို မကြည့်ချင်လို့ မုန်းလို့ အိမ်မလာချင်ရင်တောင် အဲ့ကောင်မလေးနဲ့တော့ တူတူမရှိသင့်ဘူးမလားပြီးတော့ အဲ့ကောင်မလေးကရော ဘယ်သူလဲ"
မွန်းကြပ်မှုတွေက ထိပ်ဆုံးသို့ မြင့်တက်လာခဲ့ပြီးအခန်းထဲမှာ ရှိုက်သံလေးတွေ ထွက်ပေါ်နေတဲ့ ကောင်လေးမှာလည်း တစ်ခြားသူများ မကြားမိပါစေနဲ့ ဆိုတဲ့ ဆန္ဒလေးနဲ့ လွန်စွာ ကြေကွဲနေတော့သည်။
TBCThanks for reading, guys
(Zawgyi)
__________________
_____________________
_______________________
"Hello "
______________________
~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





