part 26
16:46, 5 March 2025(Unicode)
"မောင် အခန်းရှေ့ ရောက်တော့မှာ ချပေးတော့"
"အခန်းထဲ ရောက်ရင် ချပေးမယ်"
"အခု ချပေးလို့ "
"မောင်ပြောတာ နားထောင်ပါဗျာ မဟုတ်ရင် မောင်ပစ်ချလိုက်မယ်နော် "
"ဟာ... မလုပ်နဲ့လေ "
"အဲ့တာဆို မောင့်ပြောစကား နားထောင် "
Nani လည်း မကျေနပ် တော့ ကျောပေါ်ကနေ ဘာမှ ပြန်မပြောပဲ မျက်နှာ ရှုံ့ကာ မသိချင်ယောင် ဆောင်နေတော့သည်။
"မောင်ပြောတာ နားမထောင်ဘူးလား"
"သိတယ်လို့! "
ကျောပေါ်ကနေ အသံစူးစူး အော်လိုက်တဲ့ ကောင်လေးကြောင့် skyကုန်းပိုးရင်း အပြုံးတစ်ခု ပြုံးလိုက်မိသည်။
အခန်းထဲ ရောက်တော့ skyက သူ့အပြောတိုင်း Nani ကို ကုတင်ပေါ်မှာ ချပေးလိုက်သည်။
ကုတင်ပေါ် ရောက်တာနဲ့ လက်နှစ်ထောင့်ပြီး Nani အား အုပ်မိုးစကားပြောဆို နေတဲ့ လူကြောင့် Nani ကိုယ်လေး အနောက်ဆုတ်ကာ လန့်သွားခဲ့သည်။
"မင်းဘာလုပ်မလို့လဲ "
"မျက်နှာတော်လေးက ဘာဖြစ်နေတာလဲ ကြည့်မလို့ "
"ဘာမှ မဖြစ်ဘူး ဖယ်ပေးတော့"
"သေချာလား "
"သေချာတယ်လို့ ဖယ် ရေသွားချိုးတော့မယ် "
"မောင် ချိုးပေးရမလား "
"ရူးနေလား ငါ့ဘာသာ ချိုးမယ် "
"မောင်က စေတနာနဲ့ ပြောတာလေဗျာ"
"အပိုတွေ ဖယ်ကွာ "
Nani လည်း skyကို ရန့်တွေ ပြောဆိုပြီး ရေချိုးခန်းထဲ ဝင်သွားတော့သည်။ ရေချိုးခန်းထဲက မှန်မှာ ကောင်လေး တစ်ယောက်က မကျေနပ်ကြောင်း ပွစိပွစိ ပြောနေပေမဲ့ skyရဲ့ စကားတွေ အပြု အမူတွေကြောင့် ရှက်နေတယ် ဆိုတာ နှာရွက်နီကလေးတွေကပင် သက်သေဖြစ်သည်။
Nani ရေချိုး ခန်းထဲ ထွက်လာတော့ sky တစ်ယောက် TV ကြည့်ရှုနေသည်။
"Nani ပြီးပြီလား အဲ့တာဆို မောင်ချိုးတော့မယ်နော်"
"အင်း "
Nani လည်း လုပ်စရာရှိတဲ့ skincare stepsတွေကို လုပ်ပြီး ပင်လယ်ရေနဲ့ ထိထားတော့ အသားရည် မပျက်စီးအောင် moisturizerအပြည့်ပါတဲ့ lotion တွေနဲ့ ကာကွယ်လိုက်သည်။
Sky ထွက်လာတော့ မှန်တင်ခုံ ရှေ့မှာ အပီပြင် careနေတဲ့ ကောင်လေး ဆီကို သဘတ် အောက်ပိုင်းခြုံထားသည့် ပုံစံဖြင့် သွားလိုက်ပြန်သည်။
"Nani"
"အင်း "
Nani အသံလာရာကို လှည့်ကြည့်တော့ skyကို ဒီလို ပုံစံနဲ့ ထပ်မံ မြင်ရပြန်သည်။Nani အကြိမ်နဲ့ မနည်း မြင်တွေ့ဖူးသော်လည်း မြင်လိုက်ရတဲ့ အချိန်တိုင်း ရှက်မိပါသည်။
"ဘာလို့ အဲ့တိုင်းကြီး လုပ်လာတာလဲ "
"ဘာလို့လဲ "
"သွား အင်္ကျီသွားဝတ် "
"Nani ကလည်း မောင့်တစ်ကိုယ်လုံးကို Nani မြင်ဖူးသလို Nani တစ်ကိုယ်လုံးကိုလည်း မောင်မြင်....."
Nani လည်း နောက်ဆက်တွဲ ထွက်လာမဲ့ စကားကို မကြားဝံ့တော့ skyရဲ့ ပါးစပ်အား အလျင်အမြန်ပင် ထပိတ်လိုက်ရသည်။
"ဘာတွေ ပြောနေတာလဲ အရှက်ကို မရှိဘူး"
"ဘာဖြစ်လဲ မောင်တို့က လက်ထပ်ထားတဲ့ လူတွေလေ ရှက်စရာလိုလို့လား"
"မင်းမရှက်ရင်နေ ငါရှက်တယ်"
"မောင်ကတော့ မရှက်ပါဘူး အဲ့နေ့ညလေးကို မောင်ကတော့ မေ့လို့ကို မရဘူး"
"စိတ်ပျက်လိုက်တာ တော်တော်ကို အရှက်မရှိတာပဲ မင်းဘာသာ နေခဲ့တော့ ငါ N'mikeတို့နဲ့ ညစာ သွားစားတော့မယ် "
Nani လည်း မှန်တင်ခုံရှေ့ကနေ အလျင်အမြန် ထွက်သွားတော့မည် အလုပ် skyလည်း လှမ်းဆွဲကာ လက်နှစ်ဖက်ဖြင့် ဖတ်ထားလိုက်လေသည်။
"အမေ့!"
ပါးနှစ်ကို မွှေးကြူနေတဲ့ skyကြောင့် Nani မှာ အော်သံတွေ ပြုကာ ရပ်တန့်စေခဲ့သည်။
"အာ့ ဘာလုပ်တာလဲ"
"အား မွှေးနေတာပဲ "
"မနမ်းနဲ့လို့ "
"မွှေးလိုက်တာ နမ်းလို့ကို မဝဘူး "
"တော်တော့ကွာ ငါလိမ်းထားတာတွေ ကုန်တော့မှာ "
"မောင် ပြန်ဝယ်ပေးမယ် "
"မဝယ်ပေးနဲ့ နမ်းတာပဲ ရပ်ပေး "
"မရပ်ပေးဘူး မောင်နဲ့ တူတူသွားမယ် ဆိုမှ ရပ်ပေးမယ်"
"အင်း တူတူသွားမယ်ကွာ "
"အဲ့တာဆို မောင့်ကို စောင့်နေနော် "
"အင်းကွာ"
Skyလည်း အင်္ကျီအမြန်ဝတ်ပြီး ဖြီးလိမ်းတာ ၁နာရီလောက်ပင် ရှိတော့မည်။Nani စိတ်မရှည်တဲ့ လေသံနဲ့ နှိုးဆော်ပေးမှ ပြီးလာတော့သည်။
"Nani သွားမယ် "
"သွားအုန်းမှပဲ မဟုတ်ရင် ဒီနေ့ညစာ စားရမှာကို မဟုတ်ဘူး "
"မောင် toiletသွားနေတာ ကြာနေလို့ စိတ်မဆိုးပါနဲ့ ကွာ "
"အင်း မြန်မြန်လုပ် သွားမယ် "
Nani နဲ့ skyလည်း အဒေါ်ပရင်တို့ကို သွားခေါ်လိုက်ပြီး ညစာစားဖို့ hotel dinning room area ကို ထွက်လာခဲ့ကြသည်။
"အဒေါ်ပရင် စားချင်တာ မှာနော် Kan ရော၊ N'mike ရော"
"ဟုတ်အကိုလေး "
"ဟုတ်P'Nani"
"ရပါတယ် သားတို့ အဆင်ပြေတာ မှာပါ အဒေါ်က စားပါတယ် "
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ စားချင်တာ စားပါ"
"မောင်ရော အင်"
Nani လည်း ပါးစပ်လေး တင်းတင်းစေ့စေ့ကာ သူမှားခေါ်မိပါတယ် ဆိုတဲ့ ပုံစံလေးနဲ့
"Skyရော ဘာစားမလဲ"
"P'Nani အခုမှ ရှက်မနေနဲ့ မောင် မောင်နဲ့ ကျွန်တော်တို့ ကြားပါတယ်နော် "
"ကြားရင်လည်း နားထောင်လိုက်ကွာ "
Mike နဲ့ အပြိုင် ရန်စွာ နေတဲ့ ကောင်လေးကို ကြည့်ကာ skyကတော့ ပြုံးစိစိပေါ့
"Nani ရော"
"ပင်လယ်စာ ဗန်းစားချင်တာ "
"အဲ့ထဲမှာ ပုဇွန်တွေ မှာပါ တစ်ခြားဟာ သီးသန့် မှာလိုက်ပါ "
"တစ်ကောင် နှစ်ကောင် ဘာမှ မဖြစ်ပါဘူး"
"မရဘူး မစားနဲ့ တစ်ခြားဟာစား "
"အဲ့ဗန်းကြီးပဲ စားချင်တာ ပါတဲ့ ပုဇွန် တွေ မောင်စားလိုက်လေနော် နော်လို့ "
"အဟွန်း အဟွန်း "
ချောင်းဟန့်လိုက်တဲ့ mikeကြောင့် Nani တစ်ယောက် လက်သီး ပြမိပါသည်။
"အင်း အဲ့တာဆို မှာလိုက် "
"ရက်စ် "
Nani တို့ဝိုင်းလေးကတော့ ပင်လယ်စာ အစုံနဲ့ တည်ခင်းကာ ညစာတစ်နက်နဲ့ နတ်ပြည်တက်နိုင်လောက်သည်။
ပင်လယ်စာ ဗန်းကြီး ရောက်လာတော့ sky လည်း Nani စားလို့ အဆင်ပြေအောင် ပုဇွန်က လွှဲလို့ ခွာစရာရှိတာ ခွာ နွှင် စရာ ရှိတာ နွှင်ပေးနေလေသည်။
"မောင် ပုဇွန်စားမှာ မလား "
"တော်ပြီ မစားတော့ဘူး "
ပုဇွန်ဆိုတာ skyအကြိုက်ဆုံး ဖြစ်ပေမဲ့ သူ့ကြောင့် Naniပုဇွန်နဲ့ ပတ်သတ်ပြီး ဖြစ်သွားခနဲက အိမ်မှာလည်း မချက်ခိုင်းသလို သူကိုယ်တိုင်လည်း မစားဖြစ်တော့ပါ
"ဘာလို့လဲ ကြိုက်တယ် မဟုတ်လား "
"အင်း Nani နဲ့ မတည့်တာ သိခနဲက မစားတော့တာ "
"Nani က မတည့်လို့လေ မောင်က စားလိုက်ပါ ခွာပေးမယ်လေ"
"ရပါတယ် Nani လက်တွေ ဆူးကုန်လိမ့်မယ် "
"ရတယ် ငါခွာပေးချင်လို့ "
"P'Nani ကျွန်တော် တို့ရော ခွာ မပေးချင်ဘူးလား "
"ကိုယ့်ဘာသာ ခွာလေ N'mike ရဲ့"
" P'Nani က မျက်နှာ လိုက်ချက်ပဲ "
"Mike စားမှာဆို ကျွန်တော် ခွာပေးပါ့မယ်"
"အာ ရပါတယ် Kan ကျွန်တော်က P'Nani ကို စတာပါ "
"အော် ဒါပေမဲ့ ကျွန်တော် ခွာထားတာလေး တွေကို ယူလိုက်ပါ "
"Kan ကျေးဇူးပဲနော် "
သူတို့နှစ်ယောက်ကို ကြောင်ကြည့်ရတဲ့ လူတွေက Nani, နဲ့ အဒေါ်ပရင်ပင် ဖြစ်သွားခဲ့သည်။skyကတော့ ဘာမှ အာရုံ မထားပဲ Naniစားဖို့တွက်ပဲ လုပ်ပေးနေတော့သည်။
Nani လည်း skyကို ပုဇွန် ခွာပေးနေရင်း skyမသိအောင် တစ်ကောင်ကို ဝှက်ထားလိုက်သည်။
"Nani မောင် toilet ခန သွားလိုက်အုန်းမယ်"
"အင်း "
Skyထွက်သွားတော့လည်းသူ့ အရှေ့မှာ လူတွေ ရှိနေသေးတယ်။mike တို့ အလစ် ပုဇွန်ကို မသိသာအောင် ခရင်းနဲ့ ပိုင်းဖြတ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။
Nani မတည့်ဘူး ဆိုတာ သိပေမဲ့ အရမ်းကို စားချင်လာတော့ စိတ်အလိုလိုက်ကာ ပါးစပ်ထဲ တစ်ကောင်ထည့်လိုက်မိသည်။
Skyလည်း ပြန်ရောက်လာတော့ Nani ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ထိုစဉ် mikeဆီမှစိုးရိမ်တကြီး အသံ ထွက်ပေါ်လာခဲ့သည်။
"P'Nani လည်ပင်းမှာ အနီပြင်ကြီး ဘာဖြစ်တာလဲ"
"ဟင် မရှိပါဘူး"
ထိုအခါ skyလည်း ပြာပြာသလဲ Nani လည်ပင်းအား စစ်ဆေးလိုက်သည်။
"ဟုတ်တယ် Nani ဘာဖြစ်တာလဲ"
"မသိဘူးလေ"
"သားNani ပင်လယ်စာနဲ့များ ဓာတ်မတည့်လို့လား"
"သားတည့်ပါတယ် "
"အကိုလေး Nani ပါးတွေကော ရဲလာပြီ "
"ဟုတ်တယ် Nani မောင့်ကိုပြော ပုဇွန်စားလိုက်တာလား"
"မောင်ကလည်း မစားပါဘူး "
"မစားရင် ဒီလို ဖြစ်စရာမှ မရှိတာ"
"တစ်ခုခုကြောင့် နေမှာပေါ့"
"မောင့်ကို မလိမ်နဲ့ အမှန်တိုင်း ပြော "
"မစားပါဘူးဆို "
"အေး မပြောဘူးပေါ့ ရတယ် မပြောနဲ့ ဖြစ်ချင်ရာ ဖြစ်တော့ "
Skyလည်း ထိုင်နေတဲ့ ခုံမှ ချက်ချင်း ထကာ ခုံကို ခြေထောက်နဲ့ တစ်ချက်ကန်ပြီး သောင်ပြင်ပေါ်ကို ထွက်လာခဲ့သည်။အမှားလုပ်ထားတဲ့ Nani ကတော့ စားပွဲအောက်မှာ လက်နှစ်ဖက်ကို ပွတ်ချေနေကာ အသံတိတ်နေခဲ့သည်။
"P'Nani "
"ဟင် "
"P'Nani တကယ်ပဲ ပုဇွန်ကို မစားခဲ့ဘူးလား"
"အင်း"
"အဲ့တာဆို ဘာလို့ အနီပြင်တွေ ထနေရတာလဲ "
"တစ်ကောင်တည်းပဲ စားလိုက်တာ "
"ဟင် အကိုလေး/P'Nani "
"မင်းတို့ကလည်း လန့်လိုက်တာ"
"သားရယ် ဘာလို့ စားရတာလဲ"
"ကျွန်တော်လည်း တစ်ကောင်က ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး စားလိုက်တာပါ "
"အခု ဘယ်လို လုပ်မလဲ Khun skyက စိတ်တိုသွားတာ နေမှာ "
"P'လည်း ဖြစ်မယ်မှန်း သိရင် မစားပါဘူး"
"P'စားကို မစားသင့်တာလေဗျာ "
"အဲ့တာဆို အခု ဘာလုပ်ရမှာလဲ "
"သားskyနောက်ကို လိုက်သွား ပါလား သား"
"မလိုက်ချင်ပါဘူး"
"လိုက်ပြီး ချော့လိုက်ပါ အကိုလေးရာ အကိုလေးskyကလည်း စိုးရိမ်သွားတာ နေမှာ"
"အဲ့တာပြောတာ ယောက်ျား ဖြစ်သူက စိုးရိမ်လိုက်တာ လွန်ရော P'က ဘာလို့ စားလိုက်တာလဲ P'မှားတာပဲ လိုက်ချော့လိုက် "
"အေးပါ ပုဇွန်လေး တစ်ကောင် စားမိတာ အဲ့လောက်တောင် အပြစ်ကြီးသွားလားကွာ "
Nani လည်း sky နောက်ကို လိုက်သွားလိုက်သည်။skyအခန်းထဲမှာ ရှိမည် ဆိုသည့် အထင်ဖြင့် သွားရောက်ကြည့်သော်လည်း အခန်းထဲမှာ ရှိမနေပေ။
ဖုန်းဆက်ပြီး လှမ်းမေးမလို့ လုပ်ပေးမဲ့လည်း ဖုန်းကို လည်း မကိုင်။Nani လည်း hotel နေရာစုံ ပတ်ရှာ မတွေ့။နောက်ဆုံး သောင်ပြင်ပဲ ကျန်တော့တယ် ဆိုပြီး သွားရှာလိုက်ရာ သောင်ပြင်မှာ လမ်းလျှောက်နေတဲ့ ကောင်လေးကို တွေ့ပါပြီ
"မောင် "
"ဘာကိစ္စလဲ"
"ငါပြောစရာ ရှိလို့"
"ဘာပြောမှာလဲ"
"ငါ ငါ ပုဇွန်စားလိုက်မိတယ် "
"ဘာ! ခများက တော်တော် ပြောရဆိုရ ခက်တဲ့ လူပဲ မတည့်ဘူး ဆိုတာ သိရက်သားနဲ့ ခများက သေချင်နေတာလား "
"မဟုတ်ဘူး ငါ တစ်ကောင်တည်း စားလိုက်မိတာ"
"တစ်ကောင်မကလို့ ဘာနှစ်ကောင် စားစား စားတာက စားတာပဲ "
"အဲ့လို မဟုတ်ပါဘူး အစက ငါထိန်းထားပေမဲ့ ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး ငါစားလိုက်တာပါ"
" အခုမှ လာရှင်းပြမနေနဲ့ ကျွန်တော် စိုးရိမ်နေလည်း အလကားပဲ နောက်ဆုံးကျ ခများ လုပ်ချင်တာ လုပ်တာပဲ "
Skyလည်း Nani အား ပြောပြီး အခန်းဆီပြန်ဖို့ လှည့်ထွက်ခဲ့လိုက်သည်။ကျန်ခဲ့တဲ့ Nani လေးကတော့ အမှန်တိုင်း ရှင်းပြခါမှ ပိုဆိုးနေတဲ့ အခြေနေတဲ့ ကြုံတွေ့ နေရသည်။
Nani ရဲ့ မြင်ကွင်းထဲမှာ skyကတော့ တစ်ဖြေးဖြေး ပျောက်ကွယ် သွားခဲ့သည်။Nani သောင်ပြင်က သဲတွေကို ခြေထောက်လေးဖြင့် ထိုးကော်လိုက်၊ တက်နင်းလိုက်နဲ့ skyတစ်ယောက်အား မကျေနပ်ကြောင်း တွေ ပေါက်ကွဲနေတော့သည်။
"ဒါများ ငါ့ကို ချစ်တာတဲ့ အမြဲတမ်း သူ့စိတ်အလိုကျကြည့်ပဲ အမှန်တိုင်းလည်း ပြောပြရသေးတယ် အဆုံးကျ ငါ့အပြစ်ကြည့်ပဲ ပုံချနေတာ ကဲဟာ ကဲဟာ "
Nani ပေါက်ကွဲ နေရင်းပင် သူ့ဘေး ပတ်ချာလည်မှာ မီးလေးတွေ လင်းလာခဲ့သည်။Nani လန့်သွားကာ ဘေးပတ်လည်ကို ကြည့်မိလိုက်တော့ မီးအလင်းရောင်လေးက အသည်းပုံ ပုံစံ ထွန်းလင်းထားသည်။
Nani အံ့ဩနေလို့ပင် မဆုံးသေးဘူး နှင်းဆီပန်းအနီ အပွင့် အရေအတွက် ၁၀၈ပွင့် ပန်းစည်းကြီးနဲ့ ဝင်လာတဲ့ လူကြောင့် အံ့ဩမှုက မြင့်တက်လာပြန်သည်။
"မောင် ဒါ ဘာတွေလဲ "
"မောင်တို့ ၁၀လပြည့်တာလေ ဘယ်လိုလဲ surprise ဖြစ်ရဲ့လား "
"ဖြစ်တာပေါ့ မဟုတ်ရင် ငါက ညတွင်းချင်း ကားငှားပြီး ပြန်တော့မှာ မင်း ကံကောင်းသွားတယ်"
"ဟောဗျာ ဘာလို့တုန်း "
"ငါ့ကို ဆူငေါက်နေတဲ့ လူနဲ့ မနေချင်လို့ "
"Nani မှားတာလား မောင်မှားတာလား ပြောပါအုန်း "
"ငါမှားရင်တောင် အကြောင်းရင်း ရှိတယ်လေ မင်းနားလည်ပေးသင့်တယ် မဟုတ်ဘူးလား"
"အသက်အန္တရာယ် ဖြစ်နိုင်တာတောင်မှ မောင်က နားလည်ပေးရအုန်းမှာလား "
"ငါအခု ဘာမှ မဖြစ်တာ မင်းက စိုးရိမ်လွန်တာ"
"Nani တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ အခုတောင် ကြည့် လည်ပင်းနဲ့ ပါးတွေက အရောင်မကျသေးဘူး အခန်းပြန်ရင် ဆေးသောက်ရမယ် "
"အင်းအင်း အခုက ဘာလုပ်ရမှာလဲ "
"Nani ပုဇွန်စားလိုက်တာနဲ့ကို မောင်က romantic ဆန်ဆန် မလုပ်ရဘူး "
"မင်းကလည်းအဲ့တာတွေ မလိုပါဘူး"
"လိုတယ် မောင်ပြောထားတယ်လေ Nani ကို မောင့်အချစ်တွေ ပြသပေးမှာလို့ "
"မပြနဲ့ မယူချင်ဘူး"
"ဘာလို့လဲ "
"မင်းက ငါ့ကို ခများ ခများနဲ့ ဆူနေတာ "
"အဲ့တာကတော့ မောင့်တာဝန်လေ ချစ်စရာရှိရင် ချစ်မယ် အလိုလိုက်စရာ ရှိရင် လိုက်မယ် ဆူစရာရှိရင် ဆူမယ် Nani ကို မောင် အမြဲတမ်း ဆူနေလို့လား ပြောပါအုန်းဗျာ"
"မသိဘူး နောက်ခါ ဆူငေါက်မနေနဲ့ "
"အဲ့တာဆို Nani ကတော့ မောင့်ကို ဘာလို့ မင်း မင်း နဲ့ ပြောပြောနေရတာလဲ "
"ငါစိတ်ကြည်ရင် မောင်ပဲ ဒါပေမဲ့ မင်းအချိုးမပြေရင် မင်းလို့ ခေါ်မှာပဲ "
"အသက်ကြီးတဲ့ လူတွေ တရားကျဖို့ ကောင်းတယ်နော် "
"ဘာဖြစ်လဲ အဲ့အသက်ကြီးတဲ့ လူကို မင်းပဲ လိုက်ပိုးနေတာ မဟုတ်ဘူးလား "
"ဟုတ်ပါတယ်ဗျာ ရော့ Nani တွက် "
"ကျေးဇူးပဲ ဘယ်ခနဲက ပြင်ဆင်ထားတာလဲ "
"မောင် toilet နှစ်ခါ သွားတာ သိတယ်မလား room မှာ တစ်ခါ dinner စားတုန်းက တစ်ခါလေ "
"အင်း အဲ့တာဆို toilet တကယ်မသွားပဲ စီစဉ်နေတာပေါ့"
"ဟုတ်တာပေါ့ဗျာ ဘယ်လိုလဲ မောင်တော်တယ်မလား '
"မဆိုးပါဘူး"
"အဲ့တာဆို မောင့်ကို ချစ်တယ်လို့ ပြောတော့ "
"မပြောပါဘူး မင်း အမှတ် ၁၀၀တောင် မပြည့်သေးပဲနဲ့ "
"အခုတောင် ၁၀လရှိနေပြီ ၁၀၀မပြည့်သေးဘူးလား "
"၇၀ပဲ ရှိအုန်းမှာ "
"၁၀၀ပြည့်ဖို့ မလိုတော့ပါဘူး "
"ဆက်ကြိုးစားပေါ့ "
"ဟုတ်ကဲ့ပါ Khun Nani ရဲ့ အချစ်ရဖို့ လက်တစ်ကမ်းပဲ လိုပါတော့တယ် "
"အဲ့တာတော့ မသေချာနိုင်ဘူး အရာအားလုံးက မင်းပေါ်ပဲ မူတည်တယ် "
"ကြည့်နေ Nani မောင့်ကို ပြန်ချစ်စေရမယ် "
Nani လည်း ပန်းစည်းကြီး ပွေ့ထားကာ မသိချင်ယောင် ဆောင်နေလိုက်သည်။
Skyလည်း Nani ကို အသဲယားကာ နှုတ်ခမ်း နှစ်ခုကို နူးနူးညံညံလေး ထိခွင့်ပေးလိုက်သည်။Nani ဘက်မှလည်း sky ကို အလိုက်ထိုက်လေး တုံ့ပြန်လိုက်သည်။ထိုအချိန် ထွက်ပေါ်လာတဲ့ အသံတွေကြောင့် skyနဲ့ Nani အနမ်းတွေတောင် ရပ်တန့် ကုန်ကြသည်။
ရွီး... ဒိုင်း
"P'Nani yay "
အဒေါ်ပရင်တို့ အုပ်စုကတော့ skyမှာကြားထားတဲ့ အတိုင်း လုပ်လိုက်ကြသည်။
"N'mike ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"ကျွန်တော်တို့ကို Khun skyက တာဝန်ပေးထားတာပါဗျာ"
တကယ်တော့ skyက Nani ရေချိုးနေတုန်း Kanတို့ ဘက်ကို လာပြီး သူ့ပလန်တွေကို ပြောပြထားသည်။ အစီစဉ် အရဆိုရင် sky ပန်းစည်းနဲ့ ဝင်ပြီး Nani ကို ပေးခနဲက မီးရှူး မီးပန်းများကို ဖောက်ခိုင်းထားခြင်း ဖြစ်သည်။
သို့သော် Kan တို့ ရောက်လာတာက သူတို့ နမ်းတဲ့ အချိန်မှ ကွက်တိရောက်လာခဲ့ကြတော့ skyလည်း ပျော်နေလောက်ရောပေါ့
"ဟုတ်တယ် မောင်လုပ်ခိုင်းထားတာ "
"မိုက်တယ် P'Nani ရာ ကျွန်တော် အားကျနေပြီ"
"အဲ့လောက်လည်း မဟုတ်ပါဘူးကွာ "
"သားတို့ ၁၀လ ပြည့်တာ ပျော်ရွှင်ပါစေနော်"
"ကျေးဇူးပါဗျ"
"အဲ့တာဆို အဒေါ်တို့ အခန်းပြန်တော့မယ် Kan နဲ့ mikeသွားရအောင်လေ"
"ဟုတ် "
Kan ကို ပြန်သွားတော့ skyလည်း အနမ်းလေးကို ဆက်မည့်အလုပ် အရှေ့က ကောင်လေးက လက်မခံတော့ချေ။
"တော်ပြီ ရှက်လိုက်တာကွာ ဘာလို့ ဒီချိန်မှ ဖောက်ခိုင်းရတာလဲ "
"မောင်က သူတို့ကို ပန်းစည်းပေးတဲ့ ချိန် လာခိုင်းတာ အဲ့တာကို သူတို့က အခု ရောက်လာတာလေ"
"အဲ့တာဆို N'mike တို့က ဒီနားမှာ ရှိနေခဲ့တာလား"
"အင်း သူတို့လည်း ထင်ထင်ရှားရှား မြင်ရအောင် မသိသာတဲ့ နေရာမှာ ပုန်းနေကြမှာပေါ့"
"ရှက်စရာ ကောင်းလိုက်တာ အခန်းပြန်ရအောင်"
"အင်း အခန်းထဲမှ အတိုးချ နမ်းကြမယ် "
"မင်းဘာသာ တစ်ယောက်တည်း နမ်းနေခဲ့ ငါတော့ သွားတော့မယ် "
"မောင့်ကို စောင့်အုန်းလေ "
Nani လည်း အရှေ့ကနေ ခြေလှမ်းသွက်သွက် လျှောက်လိုက်သော်လည်း sky ရဲ့ ခြေလှမ်းအကျယ်ကြီးတွေနဲ့ အမှီလိုက်နိုင်ပါသည်။
"လာ တူတူ သွားမယ် ရှက်ရင် မောင့်ရင်ခွင်ထဲမှာ နေ "
"မနေချင်ပါဘူး မင်းလုပ်တဲ့ အစီစဉ်တွေ အကုန်လုံးက မင်းတွက်ကြည့်ပဲ "
"အဲ့တာ ချစ်လို့လေ "
"မချစ်နဲ့ "
"စွာနေတဲ့ ကောင်လေးကို အခန်းထဲ ရောက်မှ...."
"မင်းနော် "
"Nani ကလည်း အမှတ်တရတွေ မဖန်တီးချင်ဘူးလား "
"တော်စမ်းပါ ဟိုမှာ အခန်းရောက်ပြီ ငါအရင်ဝင်တော့မယ် "
Nani လည်း အခန်းရှေ့ ရောက်တော့ skyလက်အား ဖြုတ်ချကာ လစ်ပြေးသွားတော့သည်။
Nani ပန်းစည်းကြီးကို ကုတင်ပေါ် တင်ပြီး ရေချိုးခန်းထဲ ဝင်ပုန်းနေမိသည်။
"Nani မောင် တံခါး ဖျက်ပြီး ဝင်ခဲ့ရမလား "
"မလုပ်နဲ့နော် "
"Nani ထွက်မလာရင် မောင်ဝင်လာမှာ"
"မင်းအကြောင်း ငါသိတယ် ထွက်မလာချင်ဘူး"
"မောင်ဘာမှ မလုပ်ဘူး ထွက်လာခဲ့ "
"သေချာလား"
"မောင်ဘယ်တုန်းက လိမ်ဖူးလို့လဲ "
Nani လည်း ယုံသွားကာ တံခါး lockကို ဖွင့်လိုက်ပြီး ဘေးကို ကြည့်လိုက်တော့ skyက မရှိပေ။သူလည်း သေချာတယ် ဆိုပြီး အပိုင်တွက်ကာ ရေချိုးခန်းထဲမှ ထွက်လိုက်သည်။
Nani မမြင်နိုင်တဲ့ နေရာမှာ ပုန်းကွယ်နေတဲ့ sky ကတော့ ရေချိုးခန်းထဲမှ ထွက်လာတဲ့ ကောင်လေးကို ဒူးအောက်ကနေ လက်လျှိုကာ ပွေ့ချီလိုက်သည်။
"မောင့်! ဘယ်က ထွက်လာတာလဲ "
"ဟိုတံခါး အနောက်မှာ ပုန်းနေတာ"
Skyလည်း Nani အား စကားပြောရင်း ကုတင်ပေါ်သို့ ချပေးလိုက်သည်။
"မင်းဘာလို့ လိမ်တာလဲ "
"မလိမ်ပါဘူးဗျာ မောင့်ယောက်ျားလေးက အရမ်းချစ်ဖို့ ကောင်းနေလို့"
"ဖယ် အိပ်တော့မှာ "
"ဆန်းဆန်းပြားပြားလေး အိပ်ကြမယ်လေ "
"မင်းနော် ဘာမှ မအိပ်ဘူး လူလိမ် "
"ချစ်မိရင် လူတိုင်း လိမ်တက်ကြတာပဲလေ "
"မသိဘူး ဖယ် မင်းအိပ်တော့ "
"မအိပ်ချင်ဘူး "
"မအိပ်ချင် ထိုင်နေ"
Skyလည်း အိပ်ဖို့ လုပ်နေတဲ့ ကောင်လေးအား မအိပ်နိုင်အောင် လည်ပင်းသားလေးတွေကို နမ်းကာ လိုက်စ နေသည်။
"ယားတယ် မလုပ်နဲ့လို့!"
လည်ပင်းကနေ တစ်ဆင့် ညှပ်ရိုးလေးတွေကို မခံနိုင်အောင် သွားချွန်လေးတွေဖြင့် ကိုက်နေပြန်သည်။
"ဘာလို့ ကိုက်တာလဲ မကိုက်နဲ့ တော်တော့လို့ ခွေးပေါက် "
Nani နဲ့ skyကတော့ ရယ်သံလေးတွေ လွှမ်းနေပြီး တစ်ဆင့်ပြီး တစ်ဆင့် ခရီးဆက်လာကြသည်။
Nani ရဲ့ ကိုယ်လေးမှာ အပေါ်အင်္ကျီတွေ ရှိမ နေပါ။Nani ရဲ့ ဖြူဖွေးနေတဲ့ ခန္ဓာကိုယ်လေး ပေါ်မှာ skyရဲ့ နှုတ်ခမ်းတစ်စုံကလည်း ဖြတ်သန်းသွားလာနေတော့သည်။
ထိုမှ တစ်ဆင့် skyရဲ့ လက်တွေက Nani ရဲ့ ဘောင်းဘီကို ချွတ်ဖို့ လုပ်လိုက်ပေမဲ့
"မောင် "
"ဘာဖြစ်လို့လဲ မရှက်ပါနဲ့ "
ပထမ ကြိမ်တုန်းက Nani မူးနေလို့ ဆိုပေမဲ့ အခုက မူးလည်း မူးမနေတော့ Nani ရှက်မိပါသည်။
"မောင် နာလိမ့်မယ်"
ခေါင်းလေးကို ရမ်းပြနေကာ ငြင်းဆန်နေတဲ့ ကောင်လေးကြောင့် Skyလည်း အကြပ်ရိုက်မိပါသည်။
"မနာဘူးနော် မောင့်ကို ယုံ"
Skyလည်း အာရုံလွှဲကာ Nani ရဲ့ နှုတ်ခမ်းပါးပါးလေးတွေကို နမ်းပြီး လက်ကတော့Nani တစ်ကိုယ်လုံး ကို ပွတ်သတ်နေလိုက်ပြီး Nani စိတ်ပါလာအောင်ပဲ ဆောင်ရွက်လိုက်တော့သည်။
"မောင် ငါ မရတော့ဘူး"
"အင်း မောင်စလိုက်တော့မယ်နော် "
Nani လည်း skyအပြောကို သူလက်ခံပါတယ် ဆိုပြီး ခေါင်းလေး ငြိမ့်ပြလိုက်သည်။ပင်လယ်ကြီး အတွက် လှိုင်းသံလေး ရှိမှ လှပနေသလို ကောင်လေး နှစ်ယောက်ရဲ့ အချစ်တွေကလည်း အခန်းမီးရောင်အောက်မှာ ပင်လယ်ပြင်ကြီးနဲ့ အတူ ချိုမြိန်နေလောက်သည်။
TBCThanks for reading, guys
(Zawgyi)
"Nani"
"P'Nani "
"ဘာကိစ်စလဲ"
"ငါပွောစရာ ရှိလို့"
"ဘာပွောမှာလဲ"
"P'Nani yay "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





