part 27
19:54, 6 March 2025(Unicode)
ညတစ်ရက် တာကို ဖြတ်သန်း ခဲ့တဲ့ ကောင်လေး နှစ်ယောက်ကတော့ ကုတင်ထက်မှာ အိပ်ပျော်နေကြသည်။skyကလည်း အနောက်ကနေ ဖက်အိပ်နေပြီး နှစ်ယောက်လုံးရဲ့ ကိုယ်ပေါ်မှာတော့ စောင်တစ်ထည်ကိုသာ လွမ်းခြုံထားသည်။
Nani လည်း အနည်းငယ် လှုပ်လာကာ ပလက်အနေထားလေး အိပ်လိုက်ပြန်သည်။ skyတစ်ယောက် လှုပ်လာတဲ့ ကောင်လေးကြောင့် မျက်စိဖွင့်ကာ နားထင်မှာ လက်ထောက်ပြီး အချစ်မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။
နှဖူးထက်မှာ ဝဲကျ နေတဲ့ ဆံပင်လေးတွေကို အနည်းငယ် သပ်လိုက်ပြီး မြတ်နိုးတန်ဖိုးထားပါတဲ့ ဆိုတဲ့ ကိုယ်စားပြု အနမ်းလေးကို နဖူးထက်မှာ ခြွေလိုက်သည်။
Nani ကို စောင်လေး ခြုံပေးကာ sky ရေအရင် ချိုးဖို့သာ ပြင်ဆင်လိုက်သည်။skyရေချိုးခန်းထဲက ထွက်လာသည် အထိကို အိပ်ရာ ထက်မှာ အိပ်ပျော်နေတဲ့ ကောင်လေးကတော့ ပင်ပန်းမှုကြောင့် နိုးထလာခြင်း မရှိပါ။
Skyလည်း အချိန်အားဖြင့် နေ့လည်တောင် ရောက်တော့မည် ဖြစ်သည်။ဆက်အိပ်နေရင် ဖျားသွားမှာ ဆိုးလို့ Nani အား နှိုးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
"Nani "
"ဟင် "
"အိပ်ရာ ထရအောင်လေ "
"အိပ်ချင်သေးတယ်"
"၁၂ထိုးတို့မှာ Nani ရဲ့ "
"ဘာ! အားးကျွတ်ကျွတ်"
Nani တစ်ယောက် ပထမက အိပ်ချင်မူးတူး ဖြစ်နေပေမဲ့ သူအဲ့လောက်တောင် အိပ်ပျော်နေတာလား ဆိုပြီး ရုတ်တရက် ထလိုက်ရာ ခါးအောက်ပိုင်းမှ နာကျင်လာသည်ကို ခံစားလိုက်ရသည်။
"ဖြေးဖြေး ထလေ Nani ရဲ့ "
"ဖယ် လာမထိနဲ့ အဲ့တာ မင်းကြောင့် ငါ့တစ်ကိုယ်လုံး ရိုက်ချိုးထားသလိုပဲ "
"Nani က အရမ်းကို လှနေလို့ မောင် အချစ်ကြမ်းမိတာပါကွာ"
"တော်စမ်းပါ မင်းကိုငါ အယုံကြည်ကို မရှိတော့ဘူး ပြောတော့ မနာဘူးတဲ့ ငါလမ်းတောင် လျှောက်နိုင်ပါ့မလား"
"မောင်သန့်ရှင်းရေး လုပ်ပြီးရင် ဆေးလိမ်းပေးပါမယ်နော် "
"ငါဘာသာ လုပ်မယ် မင်းမလိုဘူး"
"မောင့်ကြောင့်ဖြစ်တာမို့ မောင်လုပ်ပေးပါရစေ"
"ကြည့်အုန်း တစ်ကိုယ်လုံးလည်း ရစရာ ကို မရှိဘူး "
"အဲ့တာ အချစ်ရဲ့ သင်္ကေတတွေလေ"
"ဘာသင်္ကေတမှ သိလည်း မသိချင်ဘူး လိုလည်း မလိုချင်ဘူး"
"အချစ်ကလည်း "
"နာရတာ တစ်မျိုး အဲ့ချွဲပစ်ပစ် စကားတွေ လာမပြောနဲ့"
"ချစ်လို့လေဗျာ "
"ဘာမှ မချစ်နဲ့ ယောက်ျားချင်းတောင် ငါက ခံရတာ နောက်တစ်ခါ မင်းအလှည့် စောင့်နေ"
"Nani အဲ့လို မဟုတ်ဘူးလေ မောင်က Nani ကို ပဲ ချစ်ပေးချင်တာလေ မောင့်ကို Naniက..."
Skyလည်း မျက်စိထဲ တွေးကြည့်လိုက်ရာ မြင်မကောင်းတော့ ခေါင်းတယမ်းယမ်းနဲ့ ကျားကန်ငြင်းနေလေသည်။
"မကောင်းဘူး မကောင်းဘူး"
"ဘာမကောင်းတာလဲ"
"Nani ကိုပဲ မောင်က ချစ်မယ်လေနော် မောင်နောက်ခါ ဆင်ခြင်ပါ့မယ် Nani မနာစေရဘူးနော်"
"ဘာကို နောက်တစ်ခေါက်လဲ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး "
"မဟုတ်ဘူးလေ မောင်တောင်းပန်ပါတယ်ကွာ Nani ဘာလုပ်ချင်လဲ မောင်လုပ်ပေးမယ်လေနော် "
"ဘာမှ မလုပ်ချင်ဘူး ဖယ် ရေချိုးတော့မှာ"
"မောင်ချိုးပေးမယ် "
"အဲ့လောက်တော့ ငါချိုးနိုင်ပါသေးတယ် "
"Nani က အားကုန်ထားတာလေ မောင်က ထပ်ပြီး အားမသုံးစေချင်တော့ဘူး "
Nani လည်း sky လက်မောင်းကို ဖြတ်ရိုက်လိုက်ပြီး ပါးစပ်ပိတ်စေခဲ့လိုက်သည်။
"လာပါ မောင်သန့်ရှင်းရေး လုပ်ပေးမယ် "
Nani လည်း ငြင်းနေပေမဲ့ တကယ်နာကျင်နေတော့လည်း သက်ပြင်းချကာ ရေချိုးခန်းထဲ ပါသွားရပြန်သည်။
ဒီလိုနဲ့ ရေချိုးသန့်စင်ပေးပြီး ဆေးပါ လိမ်းပေးလိုက်သည်။skyတစ်ယောက် ဖခင်သဖွယ် ကလေးငယ်ကို အဝတ်အစားတွေ ဝတ်ပေးတဲ့ အထိ ဆက်လက် ဆောင်ရွက်နေသည်။
"ရတယ် ငါ့ဘာသာ ဝတ်လိုက်မယ် "
"မောင်ဝတ်ပေးပါ့မယ် ပြီးရင် skincare အုန်းမှာ မလား"
"အင်း "
"မောင်လိမ်းပေးရမလား"
"လက်ကြီးက သန့်လို့လား ငါ့ဘာသာ လိမ်းမယ်"
"Nani ကလည်း သန့်ပါတယ် "
"ငါ့လက်နဲ့ ငါပဲ လိမ်းလိုက်ပါ့မယ် "
"အင်းပါ အဲ့တာဆိုလည်း မောင် မှန်တင်ခုံထိ တွဲကူပို့ပေးမယ်နော် "
"အင်း "
Nani လည်း skincare တွေ လိမ်းနေတုန်း skyကတော့ Nani အတွက် hotelကို ဆန်ပြုတ်လာပို့ပေးဖို့ ဖုန်းဆက်မှာယူလိုက်သည်။
"Nani ပြီးပြီလား "
"အင်း "
"မောင် ဆန်ပြုတ် မှာထားတယ် အဲ့တာ စားပြီးရင် ဆေးသောက်ရမယ်နော် "
"ပင်လယ်လာပြီး ဆန်ပြုတ်လာသောက်နေရတယ် ရယ်မနေနဲ့ အဲ့တာ မင်းကြောင့် "
Nani အပြောကြောင့် ရယ်နေတဲ့ skyက မရပ်နိုင်ပဲ ဆက်လက်ရယ်ပြုံးနေတော့သည်။
တီးတောင်
"ဆန်ပြုတ်လာပို့ပြီ ထင်တယ် မောင်သွားယူလိုက်အုန်းမယ် "
"အင်း "
"Nani ရပြီနော် မောင်ထည့်ပေးမယ် "
"အင်း "
"လာ ဘယ်နားမှာ စားချင်လဲ "
"အဆင်ပြေတဲ့ နေရာသာ လုပ်လိုက်ပါ"
"မောင့်ရင်ခွင်ထဲရော "
"တော်တော် တက်နေတာလား ဗိုက်ဆာနေပြီလို့ "
"စတာပါဗျာ လာ ဒီမှာ ထိုင် မောင်ခွံ့ကျွေးမယ် "
"လုပ်ပြန်ပြီ မင်းကလေး မဟုတ်ဘူးနော်"
"သိပါတယ် ကျွန်တော့ သက်ဆိုင်သူလေးပါဗျာ "
"ဟင်း "
Nani နှုတ်ခမ်းရှုံကာ skyလက်ထဲက ဇွန်းလေးကို လုယူသော်လည်း လက်ထဲ ပါမလာချေ
"မောင်ခွံ့မယ် "
"လုပ်ကွာ အဲ့တာဆိုလည်း ခွံ့တော့ "
"ရော့ မပူတော့ဘူး"
"အင်း "
"ကောင်းလား"
"အရသာရှိပါတယ်"
"မောင် ရှယ်လုပ်ခိုင်းထားတာ ကျွန်တော့အမျိုးသားလေး အားမရှိလို့လို "
Nani လက်သီးဖြင့် skyလက်မောင်းအား ထိုးကာ ချက်ချင်း တုံ့ပြန်လိုက်သည်။
"မင်းအရှက်မရှိတိုင်း ဘာလို့ အဲ့လိုတွေ ပြောတာလဲ"
"မောင်တကယ်မပြောပါဘူး စတာပါ"
"တကယ်ပြောရဲရင် ပြောကြည့် မင်းနာမယ်မှတ်"
"မနာချင်ပါဘူး "
"မင်းသတိထားနေပါ မင်းအလှည့် ရောက်လာစေရမယ် "
"ဟိတ်ကောင်လေး နောက်တစ်ပွဲ ကစားချင်တာလား "
"အရူးး သူများကို အနိုင်ကျင့်ဖို့ပဲ တွေးနေတာ "
"မတွေးရဲပါဘူးဗျာ Nani တွက်ဆို မောင်က အရှုံးပေးပြီးသားပါ"
"ပြီးတာပဲ "
Nani လည်း skyခွံ့နေတဲ့ ဆန်ပြုတ်ကို စားနေရင်း skyအား မေးလိုက်မိသည်။
"Sky "
Skyတစ်ယောက် သူနာမည်မဟုတ်တဲ့ အတိုင်း မသိချင်ယောင် ဆောင်နေသည်။
"Skyလို့ "
ဒုတိယ အကြိမ်တောင် မထူးတော့ Nani သဘောပေါက်သွားကာ skyဖြစ်စေချင်တဲ့ အတိုင်း ခေါ်လိုက်သည်။
"Wongravee ငါခေါ်နေတာ ကြားလား"
"မကြားဘူး hirunkit"
Nani တစ်ယောက် skyပြန်စွာတော့ မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။
"ဘာရယ်တာလဲ "
"မင်းက ချစ်ဖို့ကောင်းတယ် "
"တကယ်လား မောင်က ချစ်ဖို့ ကောင်းတယ်လား"
" မဟုတ်ဘူး ငါကြည့်နေကျ sanrio characters ထဲက ဇာတ်ကောင်တစ်ခုကို တွေးမိသွားလို့ "
"မောင့်ကို ပြောတာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး မင်းက အမြင်ကတ်ဖို့ ကောင်းတာ"
"ဟင်း Khun Nani ကိုယ့်ယောက်ျားကို တကယ်ကြီး အဲ့လိုပဲ ပြောတော့မှာလား "
"ပြောမှာပဲ မင်းဘာလို့ ငါခေါ်နေတာကို မထူးတာလဲ"
"ဘယ်မှာ ခေါ်တာလဲ "
"ငါskyလို့ ခေါ်နေတာလေ အဲ့တာ မင်းနာမည် မဟုတ်ဘူးလား "
"မဟုတ်ပါဘူး မောင့်လို့ပဲ ခေါ်"
"No! မခေါ်နိုင်ဘူး ဗိုက်ဝပြီ အပြင်ထွက်တော့မယ် "
"Nani က ဒီပုံစံအတိုင်း အပြင်ထွက်မလို့လား"
"ဘာဖြစ်နေလို့လဲ"
"မှန်ကြည့်ပါအုန်း"
Skyအပြောကြောင့် Nani တစ်ယောက် မှန်ကြည့်ကာ အော်နေလေသည်။
"Sky! မင်းကို မကျေနပ်ဘူး "
Nani တစ်ယောက် မျက်နှာကိုသာ လိမ်းခြယ်နေပြီး လည်ပင်းက အရာတွေကို ဒီလောက်ထိ ဆိုးနေမှန်း သူသတိမထားခဲ့ပေ။
"စိတ်မဆိုးပါနဲ့ လာပါ အနွေးထည် ဝတ်ပြီး သွားမယ်လေနော် "
Skyလည်း Nani အား ချော့မြူကာ အနွေးထည်လေးကို လည်ပင်းထိ ကြယ်သီးတွေ အကုန်လုံး တပ်စေခဲ့လိုက်သည်။
ကမ်းခြေမှာ လက်တွဲကာ လမ်းလျှောက်နေရင်း Nani စိတ်ထဲ မလှုံမလဲ ဖြစ်လာရပြန်သည်။
"မောင် လူတွေက ငါ့ကို ကြည့်နေကြတာ "
"ချောလို့ ကြည့်တာ နေမှာပေါ့ "
"ငါချောတာ သိပင်မဲ့ သူတို့က ငါ့ကို ရူးနေသလိုမျိုးကြီး ကြည့်နေတာ "
"သူတို့က မောင်တို့ကို အားကျပြီး မနာလိုနေတာ လာ ဟိုဘက်ကို သွားမယ် "
သောင်ပြင်မှာ လမ်းလျှောက်နေရင်း Kan တို့သုံးယောက်နဲ့ တွေ့သည်။စပ်စုတက်တဲ့ mikeကြောင့်မေးခွန်းတွေ မေးလာမှာကိုNani ကတော့ ထိတ်လန့်နေရသည်။
"P'Nani ဘာလို့ ကြယ်သီးတွေ တပ်ထားတာလဲ"
"အင်း ဒီတိုင်းပဲ "
"P'ကလည်း style ပဲ့လိုက်တာ ဖြုတ်လိုက်ပါ ကြယ်သီးတွေ
ပြောရင်းဆိုရင်း လာဖြုတ်နေတဲ့ mikeကြောင့်Skyအေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
"Nani နေမကောင်းလို့ "
Mikeလည်း အေးစက်မှုတွေ ခံစားလိုက်ရတော့ Nani ဆီ သွားမဲ့ သူ့လက်တွေကို သူ့ကိုယ်မှာပဲ ပြန်နေရာယူလိုက်သည်
" ကျွန်တော်တို့ ဟိုဘက်ကို သွားလိုက်အုန်းမယ်"
"အော် ဟုတ်ကဲ့"
Skyလည်း Nani ရဲ့ လက်ကလေးအား ဆွဲကာ mikeတို့ ရှေ့ကနေ ထွက်လာခဲ့လိုက်သည်။
"P'Nani ကတော့ တော်တော် အချစ်ခံနေရပြီပဲ"
"Mikeကရော အချစ်ခံချင်လို့လား "
"အချစ်ခံချင်တာပေါ့ "
"ကဲပါ နောက်မှ အချစ်ခံကြပါ ဟိုဘက်ကို သွားလျှောက်ရအောင် "
"ဟုတ်ကဲ့ပါ အဒေါ်ပရင်"
Kanတို့ သုံးယောက်လည်း တစ်ဖွဲ့ဖြစ်ကာ မရောက်သေးတဲ့ နေရာတွေကို ဆက်လှမ်း လျှောက်လှမ်းနေကြသည်။
တစ်ဖက်မှာလည်း Nani တို့က နှစ်ယောက် သီးသန့် တစ်ကမ္ဘာပေါ့
"မောင် ဘာလို့ အဲ့လိုကြီး ပြောတာလဲ N'mike ကို အားနာလိုက်တာ "
"သူက Nani ကို အတင်း ကြယ်သီးတွေ ဖြုတ်နေတာလေ "
"အော် သူက စတာပါ"
"ဘာစတာလဲ တကယ်လို့ သူက ဖြုတ်လိုက်လို့ မြင်သွားရင် Nani က ရှက်ပြီး မောင့်ကို စိတ်ဆိုးအုန်းမှာ "
"ဟားဟား မောင်ရာ မင်းက တကယ် ချစ်စရာကောင်းတယ် "
"မောင်အကောင်းပြောနေတာ ဘာလို့ ရယ်နေတာလဲ "
"ကဲပါ စိတ်မဆိုးနဲ့တော့ သွားမယ် ညနေ ရောက်တော့မှာ "
"အင်း"
Naniလည်း skyလက်ကလေးကို ဆွဲလိုက်ကာ အရှေ့ကနေ ဦးဆောင်ပြီး သွားလိုက်သည်။skyကလည်း Nani ရဲ့ အပြုမူလေးကြောင့် စိတ်မဆိုးနိုင်ပဲ ပြုံးပြုံးကြီး ပါသွားခဲ့တော့သည်။
"Nani "
"ဟင် "
"မောင်တို့ ဓာတ်ပုံ ရိုက်ရအောင် "
"အင်း ရိုက်လေ "
"လာ ပင်လယ်ကြီးကို သက်သေထားပြီး ရိုက်မယ်"
"အင်း "
Skyက ဖုန်း ကိုင်ပြီး selfie ဆွဲလိုက်သည်။ပထမ တစ်ပုံခနဲက skyသဘောကျပေမဲ့ နောက်တစ်ပုံ ရိုက်ဖို့ Naniအား ခွင့်တောင်းလိုက်ပြန်သည်။
Skyလည်း လက်တစ်ဖက်က ဖုန်းကို ကိုင်ပြီး နောက်လက်တစ်ဖက်က Nani ခါးလေးကို ဖက်ကာ ပါးလေးကို အနမ်းလှည့်ပေးလိုက်တဲ့ အချိန်ကို ကွက်တိ ရိုက်လိုက်သည်။ထိုပုံလေးက skyရဲ့ သဘောအကျဆုံး ပုံဖြစ်ခဲ့ပြီး ဓာတ်ပုံထဲမှာ ကြောင်သွားသလို အပြင်မှာလည်း နှုတ်ခမ်းလေး ဆူလိုက်မိသည်။
"မောင် ဘာလို့ နမ်းတာလဲ ကောင်းကောင်း မရိုက်ပဲနဲ့ "
"မောင်ကောင်းကောင်းရိုက်တယ်လေ မောင်ကတော့ ကြိုက်တယ် "
"ငါတော့ မကြိုက်ပါဘူး ပထမ ပုံကမှ တော်သေးတယ် "
"မောင်က ဒုတိယပုံ "
"ကြိုက်ကြိုက် နေခဲ့တော့ ပင်လယ်မှာပဲ"
"မနေချင်ပါဘူး မောင့် Nani အနားမှာပဲ နေချင်တာ "
"အပြောကြီးတာကတော့ ဖျားသွားနိုင်တယ် "
"အပြောတင်ကြီးတာ မဟုတ်ပါဘူး နှလုံးသားလည်း ကြီးတယ် "
"မယုံပါဘူး"
"မယုံရင် ချစ်ကြည့်ပါ့လား"
"မချစ်ပါဘူး လမ်းဆက်လျှောက်မယ်လို့ "
"ဟုတ်ပါပြီဗျာ ကမ္ဘာမြေ အဆုံးထိ လျှောက်ကြမလား "
"မလျှောက်ပါဘူး ညောင်းတယ် "
"မောင်ချီမှာပေါ့ Nani သာ မောင်နဲ့ လိုက်မှာလား"
"ဟင် "
Nani ကတော့ သူ့အတွေးလေးတွေနဲ့ သူ အသံတိတ်ဆိတ်သွားခဲ့သည်။
"ကဲပါ အဲ့လောက် မတိတ်ဆိတ်ပါနဲ့ "
"အင်း "
"မောင်တို့ အခန်းပြန်ကြမယ်"
"အင်း ပြန်မယ် "
____________________
Nani တို့ရဲ့ ကမ်းခြေ ခရီးစဉ်လေး ကလည်း ပျော်ပျော်ပါးပါး ရှိခဲ့ကြသည်။ ကမ်းခြေသွားလို့ ဆိုင်ကို ပိတ်ထားခဲ့တော့ အခု ပြန်ဖွင့်ဖို့ အတွက် mike နဲ့ Nani ဆောင်ရွက် ရပြန်သည်။
"P'Nani ကျွန်တော့ ပုံလေးတွေ လှတယ်မလား "
"အင်း လှတယ်"
"Kan ရိုက်ပေးထားတာ P'ရော မရိုက်ခဲ့ဘူးလား"
"ရိုက်ခဲ့ပါတယ်"
"ကျွန်တော့ကို ပြအုန်း"
"Skyဆီမှာ "
"ကောင်းပါတယ်ဗျာ P'Nani တို့ကတော့ ကိုယ့်ပုံတွေ ကိုယ့်ဘာသာ သိမ်းစရာ မလိုဘူး"
"ကဲပါကွာ မုန့်လုပ်ရအောင် "
"မျက်နှာကြီး မရဲပါနဲ့ဗျာ "
Nani နဲ့ mike ကျီစယ်နေရင်း Nani ဆီ ဖုန်းနံပါတ်စိမ်းလေးတစ်ခု ဝင်လာခဲ့သည်။
"ခနလေး ဖုန်းကိုင်လိုက်အုန်းမယ် ပြီးမှ စာရင်းဆက်ရှင်းမယ် "
"မုန့်လုပ်ဖို့တွက် ပြေးပြီဗျာ "
"Hello "
Nani လည်း ဖုန်းကိုင်လိုက်တော့ အနည်းငယ် အံ့ဩသွားခဲ့သည်။
"Nani လား'
"ဘယ်လို ဖြစ်ပြီး ကျွန်တော့ ဖုန်းနံပါတ်ကို ရတာလဲ "
"ဒါက မခက်ပါဘူး "
"ဖေဖေ ဆီက တောင်းလိုက်တာလား"
"Nani က အဖြေကို ကွက်တိမှန်အောင် ပြောတက်တာပဲ ကျွန်တော်လည်း အဲ့လို ထက်မြက်နေလို့ကို စိတ်ဝင်စားတာ"
"ကျွန်တော့ကို ထပ်မဆက်သွယ်ဖို့ တောင်းဆိုပါရစေ"
"အဲ့တာတော့ လိုက်လျောပေးနိုင်မယ် မထင်ဘူး"
"ဘာလို့ ကျွန်တော့ကို ဒီလိုတွေ လာပတ်သတ်နေရတာလဲ "
"Nani ရဲ့ အချစ်ကို လိုချင်လို့ "
"ကျွန်တော် တစ်ခါတည်း ပြတ်ပြတ် ပြောလိုက်မယ် ကျွန်တော် jamesကို စိတ်မဝင်စားဘူး "
'အဲ့တာဆို အခုလက်ထပ်ထားတဲ့လူကို စိတ်ဝင်စားတာလား"
"ကျွန်တော့ကိစ္စပါ "
"Naniလည်းမချစ်ဘူး သူလည်း မချစ်ဘူး ပြီးတော့ သူ့ကို ပြောင်းလဲအောင် လုပ်ဖို့ သက်သက်ပဲ မလား "
"အဲ့တာတွေက james နဲ့ မဆိုင်ပါဘူး "
"ကျွန်တော်က Nani အတွက် စိုးရိမ်လို့ပါဗျာ တကယ်လို့ Nani ပြောင်းလဲ မပေးနိုင်ရင် Khun Thun က တရားရင်ဆိုင်ရမှာ မလား"
"ခများနဲ့ မဆိုင်ဘူးလို့ ကျွန်တော် ပြောနေတယ်လေ "
"ဟုတ်ပါပြီ ကိုယ်ညနေကျမှ လာခဲ့မယ်နော်"
Nani လည်း သူ့ဘက်ကနေ ဖုန်းကို အရင်ချလိုက်ပြီး black list ထဲကိုပါ တစ်ခါတည်း ထည့်လိုက်သည်။
ညနေရောက်တော့ ဆိုင်က ၅နာရီ ပိတ်နေကျထပ်ကို စောစောပိတ်ဖြစ်လိုက်သည်။Nani လည်း jamesလာမှာတဲ့ မကြုံချင်လို့ မောင့်ကို လာကြိုခိုင်းလိုက်သည်။
"မောင် လာကြိုတော့နော်"
"ဟုတ်ပါပြီဗျာ မောင်လာခဲ့မယ် "
Nani ဆုတောင်းပင် မပြည့်လိုက် jamesရဲ့ ကားက Nani ရှေ့ကို ရောက်လာခဲ့သည်။
"Nani ကျွန်တော် လိုက်ပို့ပေးရမလား"
"မလိုဘူး ကျွန်တော့ကို လာကြိုမှာ "
Jamesတစ်ယောက် ကားပေါ်က ဆင်းကာ Nani ရဲ့ ဘေးမှာ ရပ်လိုက်ပြီး စကားတွေ ပြောနေတော့သည်။
"Nani အိမ်က လာမကြိုသေးခင် ကျွန်တော်နဲ့ ဆိုင်တစ်ဆိုင် သွားထိုင်ကြမလား"
"တော်ပြီ ကိုယ့်ဘာသာပဲ သွားထိုင်လိုက်ပါ "
"ကျွန်တော်က Nani နဲ့ သွားချင်တာ"
Jamesရဲ့ Nani လက်အား ဆွဲကာ သူ့နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်လိုက်သည်။ဖြစ်ချင်တော့ ထိုမြင်ကွင်းကို skyတစ်ယောက် မြင်ဖြစ်အောင် မြင်လိုက်ရပါတယ်။ ချက်ချင်းဆိုသလို ကားကနေ ထွက်ကာ jamesဆိုတဲ့ လူ ဆီ ဒေါသ ဖြင့် သွားလိုက်သည်။
"ဟျောင့် မင်းဘာလုပ်တာလဲ "
"အော် မင်းက ရောက်လာပြန်ပြီလား "
"အေး ငါရောက်တော့ ဘာဖြစ်လဲ "
"မင်းကို Nani နဲ့ကို တူတူ မရှိစေချင်တာ"
'အဲ့စကားက ငါ့ပြောရမဲ့ စကားပါကွာ မင်းသာ အရှက်မရှိပဲ သူများလူကို ပေါ်တင်လုနေတာ "
"ငါမှာ ယုံကြည်ချက် ရှိလို့ ပေါ်တက်လုရဲတာ ဘာဖြစ်လဲ "
"မင်းလို လူက ဘာတွေများ ယုံကြည်ချက် လွန်ကဲ နေရတာလဲ "
"မင်းစဉ်းစားကြည့်လိုက်လေ ငါ့လို ကိုယ်ခြေထောက် ပေါ် ရပ်တည်ပြီး အောင်မြင်နေတဲ့ လူကသာ Nani နဲ့ လိုက်ဖက်တာ မင်းလို့ အလုပ်မရှိ အကိုင်မရှိ မင်းမိဘပိုက်ဆံ မင်းသုံးနေတဲ့ လူက Nani ကို တစ်သက်လုံး ပျော်ရွှင်အောင် ထားနိုင်ပါ့မလား "
"အဲ့တာ ငါ့ကိစ္စ မင်းကိစ္စ မဟုတ်ဘူး "
"ပြီးတော့ Nani နဲ့ ငါနဲ့က သက်တူရွယ်တူလည်း ဖြစ်သလို စီးပွားရေး မှာ ကြိုးစားနေတဲ့ လူတွေ ဆိုတော့ အဆင်ပြေတယ် မင်းကြည့်ရတာလည်း ငါ့ထက် ငယ်မဲ့ပုံပဲ မင်းက ချာတိတ်ရှိပါသေးတယ်ကွာ "
"ချာတိတ်ဆိုရင်တောင် မင်းလို ကောင်ရဲ့ မျက်နှာကို စုတ်ပြတ်သတ်အောင် ထိုးနိုင်တယ် "
Skyလည်း jmaesရဲ့ မျက်နှာကို ခပ်ပြင်းပြင်း လက်သီးဖြင့် ထိုးကြိတ်လိုက်သည်။
"မောင် တော်တော့ မလုပ်နဲ့တော့ "
"ငါပြောတာ သေးသေးလေးတွေပဲ ရှိသေးတယ် မင်းကလည်း စိတ်ကြီးလိုက်တာ "
"James ပြန်လိုက်ပါတော့ "
"ကျွန်တော် မပြန်ဘူး ဒီလို လူနဲ့ နေမဲ့ အစား ကျွန်တော့ဆီကို လာခဲ့လိုက်ပါ Nani ရာ "
Jamesရဲ့ စကားတွေက လွန်လွန်လာတော့ Skyလည်း နောက်တစ်ကြိမ် ထပ်ထိုးလိုက်ပြန်သည်။
"မောင် တော်တော့ ပြန်ရအောင် "
"မင်းစဉ်းစားကြည့်လိုက်ပါ ဘယ်လောက်ပဲ typeတူအုန်းတော့ တစ်ချိန်ချိန်ကြရင် ကွဲကြတာပဲ မင်းနဲ့ Nani ဆိုတာက မိဘပေးစားထားတဲ့ အပြင် typesချင်းကလည်း လုံးဝ မတူဘူး typeတူနဲ့ ငါက Nani နဲ့ ပိုဖြစ်နိုင်တယ် ဆိုတာ မင်းမမေ့နဲ့"
Jamesလည်း အပိုင်တွက်ကာ ကျေနပ်အောင်ရအောင် ပြောပြီး ထွက်လာခဲ့လိုက်သည်။မင်းနဲ့ ထာဝရ ရှိမဲ့သူက ကိုယ်ပဲ ဖြစ်သင့်တာ Nani ဆိုပြီး မဲ့ပြုံး တစ်ချက် ပြုံးလိုက်သေးသည်။
"မောင် တော်တော့ စိတ်လျော့ပါ"
"မောင်က ဘယ်လို စိတ်လျော့ရမှာလဲ "
"အဲ့လို အရေးမပါတဲ့ ကိစ္စတွေကို တွေးမနေနဲ့တော့ အိမ်ပြန်ရအောင်နော် "
"မောင် အိမ်မပြန်နိုင်သေးဘူး မောင့်စိတ်ထဲမှာ အဲ့လူကို သတ်ပါ သတ်ပစ်ချင်တာ "
"မောင် "
အသားတွေကို တစ်ဆက်ဆက်တုန်နေပြီး ပေါက်ကွဲတော့မဲ့ လူတစ်ယောက်က Nani ရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
"အိမ်ပြန်ရအောင်နော် "
Nani လည်း skyကိုယ်လေးအား ကားမောင်းတဲ့ နေရာမှာ ထိုင်စေခဲ့လိုက်ပြီး သူကတော့ lover seat လေးမှာ ထိုင်လိုက်သည်။
Skyလည်း အိမ်ပြန်ရောက်တဲ့ထိ အသံတိတ်ကာ ညစာ စားဖို့ ထိကို အတင်း ခေါ်ယူရပြန်သည်။
"မောင် ထမင်းစားရအောင်လေ "
"မောင်စားချင်စိတ် မရှိဘူး Nani သွားစားလိုက်ပါ"
"မောင်မစားရင် ငါလည်း မစားတော့ဘူး"
"မရဘူး သွားစားရမယ် "
"တော်ပြီ မစားတော့ဘူး "
"Nani!! မောင် စိတ်တွေ အရမ်းရှုပ်နေလို့ သွားစားလိုက်ပါကွာ "
"မင်းပဲ စိတ်ရှုပ်တက်တာ မဟုတ်ဘူး ငါလည်း စိတ်ရှုပ်တက်တယ် "
"ထမင်းသွားစားလိုက်ပါဗျာ ကျွန်တော် စကား မများချင်ဘူး "
Nani လည်း တံခါးကို ဝုန်းခနဲက ပိတ်ကာ ထွက်သွားခဲ့လေသည်။skyတစ်ယောက်ကတော့ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စိတ်တိုနေသည်။
သူ့ဘဝမှာလည်း ဒယ်ဒီအပါအဝင် Nani သူ့ကို အလုပ်တဲ့ ပတ်သတ်ပြီး ပြောရင်တောင်ဒီလောက် နာရကောင်းမှန်း မသိခဲ့ပါ။အခုကျမှ ဒီလူရဲ့ စကားတွေကြောင့် သူ့စိတ်ထဲမှာ မတင်မကျဖြစ်ကာ Naniကို သူကပဲ လက်လွှတ်ရတော့မဲ့ ပုံစံ ဖြစ်နေသည်။
Nani လည်း ထမင်းစားပြီးခနဲက skyကိုလည်း မကြည့်ပဲ ကုတင်ပေါ်မှာ ဝင်လှဲအိပ်နေလိုက်သည်။
Skyကတော့ Nani ဝင်လာသည် အထိကို သူ့အတွေးတွေနဲ့ သူ ဆက်လက် စဉ်းစား နေပြန်သည်။
Skyလည်း ကုတင်ပေါ် ဝင်လှဲမည် လုပ်တော့ Nani လေးကတော့ အိပ်ပျော်နေပြီ ဖြစ်သည်။
Skyလည်း အိပ်နေတဲ့ ကောင်လေးကို ရင်ခွင်ထဲ ထည့်ကာ အိပ်စေခဲ့လိုက်ပြီး စကားတွေလည်း တဖွဖွ ပြောနေခဲ့သည်။
"Nani မရှိရင် မောင်ရူးသွားလိမ့်မယ် ဘာလို့မှန်း မသိပေမဲ့ မောင့်စိတ်ထဲမှာ အဆင်မပြေဘူး အဲ့လူ ပြောတဲ့ အတိုင်းသာ ဖြစ်သွားရင် မောင့်ဘဝက သေသွားနိုင်တယ်"
Skyလည်း ဟိုလူစကားတွေ နားထဲမှာ ပြန်ကြားနေပြီး ချက်ချင်းပင် ဖုန်းခေါ်လိုက်မိသည်။
"ဒယ်ဒီ"
ကောင်လေး တစ်ယောက်ကတော့ ညကြီး အချိန်မတော် သူ့ဒယ်ဒီဆီ ဖုန်းခေါ်မိလိုက်သည်။သူ့မှာ အလုပ်ဖို့ကို အစီစဉ် ရှိသော်လည်း ဒီလို လူတစ်ယောက်ကြောင့် သူလုပ်မှ ဖြစ်တော့မယ် ဆိုတဲ့ အတွေးတွေပင် ဝင်လာခဲ့တော့သည်။
TBCThanks for reading, guys
(Zawgyi)
"Nani "
"အဲ့တာ အခဈြရဲ့ သငျ်ကတေတှလေေ"
"Sky "
တဈဖကျမှာလညျး Nani တို့က နှဈယောကျ သီးသနျ့ တဈကမ်ဘာပေါ့
"Nani "
"ဟုတျပါပွီဗြာ ကမ်ဘာမွအေဆုံးထိ လြှောကျကွမလား "
____________________
"Hello "
"ကြှနျတော့ကိစ်စပါ "
"အဲ့တာ ငါ့ကိစ်စ မငျးကိစ်စ မဟုတျဘူး "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





