Fanfics

part 25

19:16, 3 March 2025

(Unicode)

Nani လည်း ဒီရက်ပိုင်းထဲ တော်တော် အဆင်မပြေတွေတာကို များနေပြီ။Jamesနဲ့ ဖေဖေက စိတ်‌ပင်ပန်းအောင် လုပ်နေကြသည်။သူ jamesကို ဂရုမစိုက်ပဲ နေသော်လည်း တိုက်ဆိုင်ချင်တော့ Nani နဲ့ Jamesတစ်ယောက် ဆိုင်ရှေ့မှာ စကား ပြောနေတာကို skyလာကြိုရင်း တွေ့လိုက်သည်။

"Nani"

"မောင် လာကြိုပြီလား ပြန်ကြမယ်လေ "

Nani လည်း skyလာတာကို မြင်လိုက်တော့ ချက်ချင်းဆိုသလို အိမ်ပြန်ဖို့ပဲ လုပ်လိုက်သည်။

"Nani "

ဒီခေါ်သံက skyဆီက မဟုတ်ပဲ jamesဆီက ဖြစ်နေသည်။

"ကိုယ်ပြောတာကို စဉ်းစားထားအုန်းနော် "

Jamesလည်း စကားကြောင့် Nani လည်း မနှစ်မြို့တဲ့ အကြည့်နဲ့ ကြည့်ပြီး skyနဲ့ ထွက်သွားဖို့ လုပ်လိုက်သည်။

"Nani မှာသာ သေချာတွေးတော တက်ရင် စဉ်းစားကြည့်လိုက်ပါ Nani ဘေးက လူနဲ့ ကိုယ်က ဘယ်သူက ပိုသာလဲ ဆိုတာ "

အနောက်ကနေ စကားပြော မပြတ်သေးတဲ့ သူရဲ့ စကားတွေကြောင့် skyအခုမှ နားလည်သဘောပေါက်သွားခဲ့သည်။

"မင်း ဘာစကား ပြောတာလဲ "

ချက်ချင်းဆိုသလို sky လည်း အနောက်မှာ ရပ်နေတဲ့ jamesဆီအား စိတ်တိုတဲ့ လေသံဖြင့်  ရောက်ရှိလာသည်။

"Nani ကို ချစ်တဲ့ အကြောင်း ပြောနေတာ"

"ဘာ! မင်းအရှက်မရှိဘူးလား Nani မှာ ယောက်ျားရှိတယ်ဆိုတာ မသိဘူးလား"

"သိတယ် မင်းတို့က မိဘ ပေးစားလို့ ယူထားတာလေ"

"အဲ့တော့ မင်းနဲ့ ဘာဆိုင်လဲ "

"မင်းလည်း Naniကို မချစ်တာခြင်း တူတူ ဘာလို့ အချိန်ကုန်ခံနေတာလဲ ချစ်‌တဲ့သူက အဆင်သင့် ရှိတယ် မင်းလက်လွှတ်ပေးလိုက်စမ်းပါ"

"မင်းက တော်တော် စောက်ရှက်မရှိတဲ့ ကောင်ပဲ"

"အချစ်နဲ့ ပတ်သတ်လာရင် ဘယ်သူမှ အဲ့တာတွေ ထည့်တွက် မနေဘူး မင်းနားလည်လား "

"သူများ အပိုင်ကို ပေါ်တင်ကြီး လုနေတာကတော့ မြင်လို့ မကောင်းဘူးကွ "

"ပေါ်တင်လုတယ်ဆိုတာ မင်းလို လူက Nani နဲ့ မတန်လို့ "

"မင်းကရော တော်တော် တန်နေတာလား "

"မောင် ပြန်ရအောင် "

"မင်းကို Nani ရဲ့ ဘေးမှာ မမြင်ချင်ဘူး မင်းသာ လူကြီးလူကောင်း တစ်ယောက်ဆိုရင် ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်ကို ဒီလိုကြီး တွယ်ကပ်နေတာကတော့ မဖြစ်သင့်ဘူး ငါတို့ သွားတော့မယ် ကိုယ့်ဝတ်ထားတဲ့ အဝတ်အစားလည်း အားနာအုန်း ငါမင်းအစား ရှက်လို့ Nani လာ မောင်တို့ သွားမယ် "

Naniလည်း skyခေါ်တဲ့ နောက် ပါသွားခဲ့သည်။ကားပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေပေမဲ့ ဘေးမှာ လူတစ်ယောက်ကတော့ မျက်နှာ ကြော တင်းတင်းဖြင့် မောင်းနှင်းနေသည်။

မူလထက် ပိုတိုးလာတဲ့ အရှိန်ကြောင့် Nani ကားbeltလေးကို ဆုတ်ကိုင်ထားလိုက်ရသည်။

Sky လည်း လူသူနည်းတဲ့ နေရာကို မောင်းသွားလိုက်ပြီး ကားပေါ်က ဆင်းကာ ကန်ပြင်ကြီး တစ်ခုရှေ့မှာ ရပ်လိုက်ပြီး အသားကုန် အော်လိုက်မိသည်။

ကားအပြင်မှာ ပေါက်ကွဲနေတဲ့ ကောင်လေး တစ်ယောက် ရှိသလို ကားထဲမှာ ဝမ်းနည်းအားငယ်နေတဲ့ ကောင်လေး တစ်ယောက်လည်း ရှိနေပြန်သည်။

Nani လည်း ကားပေါ်ကနေ ဆင်းပြီး skyကို ခေါ်လိုက်သော်လည်း ဘာမှ တုံ့ပြန်လာခြင်း မရှိပေ။

"မောင် "

"..........."

"မောင် ငါ... အင့်!"

Skyလည်း တိုနေတဲ့ စိတ်တွေကို အနောက်မှာ ရှိတဲ့ ကောင်လေးကို နမ်းပြီး ဖြေလျော့ လိုက်မိသည်။

"မောင် ခနလေး အင့်!"

Nani လည်း skyရဲ့ အနမ်းကြမ်းတွေကို ပြန်လည် မတုံ့ပြန်နိုင်တော့ချေ။skyရဲ့ ရင်ဘတ်ကို Nani တွန်းလိုက်မှ skyမြင်လိုက်ရတဲ့ လူသားလေးမှာ မောဟိုက်နေတဲ့ အပြင် မျက်ဝန်းလေးတွေကြောင့်ပါ ရပ်တန့်လိုက်သည်။နှုတ်ခမ်းပါးလေး တစ်စုံက skyရဲ့ အနမ်းတွေကြောင့် ဖူးယောင်ယောင်လေး ဖြစ်နေသည်။

"အဲ့လူက ဘာလဲ ဟိုတစ်ခါ မုန့်ပေးတဲ့ လူပဲ မလား"

"အင်း"

"ဘယ်ခနဲက Nani ကို အဲ့စကားတွေ ပြောနေတာလဲ "

'နည်းနည်းကြာပြီ "

"ဘာလို့ မောင့်ကို မပြောတာလဲ!"

"ငါက ဘယ်လို ပြောရမှာလဲ ငါ့ကို ချစ်နေတဲ့သူရှိတယ်လို့ ပြောရမှာလား "

"မောင်ဆိုလိုချင်တာက အဲ့လိုမဟုတ်ဘူး ပြီးတော့ သူက ဆိုင်ကို အမြဲလာနေကြလား "

"ဟုတ်တယ် "

"နောက်တစ်ခေါက် Nani ဆီကို အဲ့လို စကားတွေ ပြောရင် မောင့်ကို ဖုန်းဆက်လိုက် "

"မောင်ဘာလုပ်မလို့လဲ"

"အဲ့လိုကောင်မျိုးကို လက်သီးနဲ့ ထိုးမလို့ "

"မောင်အဲ့လို လုပ်စရာ မလိုပါဘူး ပြီးတော့ ငါလည်း သူ့ကို စိတ်မဝင်စားဘူး "

"အင်း မောင်သိတယ် ဒါပေမဲ့ မောင် မကျေနပ်ဘူးအဲ့အကောင်ကို "

"ထားလိုက်ပါတော့ သူ့အကြောင်း‌ကို မတွေးချင်တော့ဘူး"

"တွေးလို့လည်း မရဘူး Nani ခေါင်းထဲမှာ မောင်ပဲ ရှိနေရမယ် "

"မောင်ရော သူရော ဘယ်သူမှ မရှိဘူး "

Nani လည်း skyအား စလိုက်ကာ ကားပေါ်ကို အမြန်သွားဖို့ လုပ်လိုက်သည်။

"ဟိတ် ဘယ်သွားမလို့လဲ "

Skyလည်း ‌Nani နောက်ကို အပြေးသွားကာ လိုက်ဖမ်းပါတော့သည်။

"ဘာလို့ပြေးတာလဲ ချော်လှဲမယ်"

"ကားနဲ့ ငါတို့ရပ်ခဲ့တဲ့ နေရာက လေးငါး လမ်းပဲ ကွာတာကို အပိုလုပ်ပြန်ပြီ "

"လုပ်ရမှာပေါ့ မောင့်မှာ ဒါလေးပဲ ရှိတာ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ "

"ငါဘာမှ မဖြစ်ဘူး ဖက်ထားတာ လွှတ်တော့ အိမ်ပြန်ချင်နေပြီ "

"ဘာလို့ ပြန်ချင်တာလဲ ညအိပ်ချင်နေပြီလား "

"မောင်နော် ဘာလို့ အစ ဖော်နေတာလဲ "

သူတို့နှစ်ယောက် ပထမညတာကို ဖြတ်သန်းပြီးခနဲက skyကတော့ Naniကို အရှက်သည်းမှန်း သိတော့ မခံချင်အောင် လိုက်လိုက်စတက်သည်။

"မောင် ‌ဘာပြောလို့လဲ Nani ဆိုင်ကအပြန် ပင်ပန်းနေတာလေ အဲ့တော့ အိပ်ရမှာပေါ့ "

"မောင်ဘာဆိုလိုတာလဲ သိတယ်နော် "

"ကဲပါ မောင်ရိုးသားပါတယ်ကွာ ပြန်ကြမယ်"

"အင်း "

တစ်ဖက်တွင်လည်း jamesတစ်ယောက် ပေါက်ကွဲနေပြီး သူ့စိတ်ထဲ အခဲ မကြေနိုင်ပေ။

"မင်းစောင့်နေလိုက်ပါ တစ်နေ့ကျရင် Naniငါ့လက်ထဲကို ရောက်စေရမယ်" ဆိုတဲ့ အကြံနဲ့ ဘာဆက်လုပ်ရမလဲ ဆိုပြီး ခြေလှမ်းစဖို့ အတွက် ပြင်ဆင်နေသည်"

Skyကို သူသေချာ မြင်တွေ့လိုက်ရပေမဲ့ ဘယ်သူဘယ်ဝါ သားမှန်း သူမသိပေ။Nani ကိုတောင် ကံကောင်းလို့လား တိုက်ဆိုင်သွားလို့လား Khun Thun သားမှန်း သိခဲ့ပေမဲ့ Nani နဲ့ လက်ထပ်ပေးတဲ့ သူကို jmaesအတိကျ မသိခဲ့ပါ။______________________

Nani နဲ့ sky ရဲ့ အိမ်ထောင်သက်တမ်းက ယူပြီးတဲ့ နေ့ကနေ အခုဆိုရင် ၁၀လထဲ ရောက်နေပြီ ဖြစ်သည်။

ပင်လယ် သွားချင်တယ် ဆိုလို့ skyလိုက်ပို့ပေးမည် ပြောတာကို N'mike, Kan နဲ့ အဒေါ်ပရင်ရောပါ ခေါ်ခဲ့တဲ့ ဆိုလို့ skyမခေါ်ချင်ဘူး ပြောလိုက်မိရာ သူပါ မလိုက်တော့ဘူးတဲ့ဗျာ။skyလည်း "မောင်တစ်ယောက်တည်း ဘာသွားလုပ်ရမှာလဲ" ဆိုပြီး Naniကို ပြောလိုက်တော့ "သွားပေါ့ တစ်ယောက်တည်း" တဲ့ skyတစ်ယောက် ချစ်တော့လည်း အပြစ်မမြင်ရက်ပေါ့။ mikeတို့နဲ့ဆိုမှ သူလိုက်မယ် ဆိုလို့ skyလည်း လက်လျှော့လိုက်ရသည်။နှစ်ယောက်တည်း အပျော်ထွက်ချင်ပေမဲ့ skyအကြံစည် မအောင်မြင်ခဲ့ပါ။

"မောင် "

".........."

"မောင်လို့ "

"..........."

"Khun sky"

Naniတစ်ယောက် အသံကုန်ခြစ်ပြီး အော်ကာမှ skyတစ်ယောက် မျက်စိပွင့်လာတော့သည်။

"ဟင် Nani "

"မင်း ပင်လယ်လိုက်ပို့ပေးမှာဆို အချိန်လဲ ကြည့်အုန်း မနက်၅နာရီ ထိုးနေပြီ "

"Nani ကလည်း မောင်တို့ကားက မနက် ၁၀နာရီမှ ထွက်မှာလေကွာ"

"မသိဘူး ငါသွားချင်နေပြီ "

"မောင်က ကားမောင်းရမှာလေ အိပ်ရေးဝအောင် အိပ်အုန်းမယ် "

"Kanကို မောင်းခိုင်းလည်း ရတာပဲကို "

"မောင်က ကားတစ်စီး Kanက ကားတစ်စီးလေ"

"ဟင် အားလုံး တူတူ မစီးဘူးလား"

"Nani မောင်က Nani နဲ့ပဲ သီးသန့်စီးချင်တာ အခုတောင် Naniက သူတို့ပါ ခေါ်ခဲ့ဆိုလို့ မောင်ခေါ်လိုက်တာ အဲ့တော့ သူတို့က သက်သက် တစ်စီး မောင်တို့က တစ်စီးတော့ သွားရမယ် "

"ဟင်း မောင်ကလည်း"

"Nani ကို မောင်အလိုလိုက်တယ် မောင့်ကို ဒီတစ်ခုပဲ လိုက်လျောပေး"

"အင်းအင်း "

"အဲ့တာဆို ပြန်အိပ်ကြမယ်"

"မအိပ်ချင်ပါဘူး အဝတ်တွေ မထည့် တော့ ဘူးလား"

"မောင်တို့ ထည့်ပြီးသားလေ"

"ဟုတ်လား မသိဘူးကွာ စိတ်ထဲက အပျော်လုံးတွေ စို့နေတော့ မအိပ်နိုင်တော့ဘူး "

"လာပါ တော်ကြာ ပင်လယ်ရောက်လို့ ရေမဆော့နိုင်ရင် ဘယ်လို လုပ်မလဲ "

Skyအဲ့လို ပြောလိုက်တော့လည်း ကလေးတစ်‌ ယောက်နယ် အတွေးလေး ဝင်ကာ စဉ်းစားဟန် ပြုနေသည်။

"မောင်ပြောတာ ဟုတ်တယ်မလား "

"အင်း ဟုတ်တယ် ၇နာရီ ကျရင် ပြန်နှိုးမှာနော်"

"ဟုတ်ပါပြီဗျာ "

Skyလည်း Nani ကို စောင်လေး ပြန်ခြုံပေးကာ ရင်ခွင်ထဲ ထည့်ပြီး သိပ်လိုက်သည်။

မနက်ရောက်တော့ skyလည်း အထုပ်တွေကို ကားပေါ်တင်ကာ အဆင်သင့်လုပ်ထားလိုက်သည်။သူတင်စရာရှိတာတွေ ယူစရာရှိတာတွေ အကုန်သယ်ပြီးတော့ အပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်လေးဆီ အပြေးသွားရသည်။

"Nani Nani"

"ဟင်"

'ထတော့ မောင်တို့ခရီးသွားကြမယ်လေ"

"ဟင် ဘယ်နှစ်နာရီ ရှိပြီလဲ "

"၁၀နာရီ ခွဲတော့မှာ"

"ဘာ! မင်း ဘာလို့ မနှိုးတာလဲ "

"မောင်နှိုးနေတာ ကြာပြီး Naniက မနိုးတော့ အိပ်ပါစေ ဆိုပြီး မောင်ပစ္စည်းတွေ သွားတင်နေတာ "

"မင်းကွာ ရအောင် နှိုးပါလား "

"ကဲပါ အခုလည်း စောပါသေးတယ် "

"ဘာကို စောတာလဲ "

Nani လည်း ရေချိုးခန်းထဲ ဇွတ်ပြေးကာ ရေချိုးပြီး အဝတ်အစားတွေ ဝတ်ဖို့ အမြန်ဆုံး ပြင်ဆင်လိုက်သည်။

"အဆင်သင့် ဖြစ်ရင် သွားမယ်'

"ငါ့ဘာသာ kanတို့နဲ့ လိုက်သွားမှာ မင်းနဲ့ မလိုက်ဘူး" ဆိုပြီး Nani အောက်ကို ဆင်းသွားလိုက်သည်။

အိမ်ရှေ့ရောက်တော့ ဆင်ဝင်အောက်မှာ skyရဲ့ ကားက လွှဲလို့ တစ်ခြားဘာမှ မရှိပေ။

အကြောင်းသိတဲ့ skyကတော့ အခုNani  ဖြစ်နေတဲ့ ပုံစံလေးကို ခိုးရယ်နေမိသည်။

"မောင် "

"ဗျာ "

"ငါမင်းကို ခေါ်ချင်လို့ ခေါ်နေတာ မဟုတ်ဘူး Kanတို့ကရော "

"သွားပြီလေ "

"ဘာ! ဘယ် ခနဲက သွားတာလဲ ဘာလို့ ငါတို့ကို မစောင့်တာလဲ "

"မောင်တို့က နောက်မှ လိုက်ခဲ့မယ် ဆိုပြီး Kanတို့ကို ၁၀နာရီလောက် ခနဲက သွားခိုင်းလိုက်တာ"

"မင်းက ဘာလို့ မစောင့်ခိုင်းရတာလဲ "

"Nani အိပ်နေ‌လို့လေ"

"အဲ့တာ မင်းကြောင့် ငါမအိပ်ချင်ပါဘူးဆို ငါ့ကို အိပ်ခိုင်းတာ အခု နောက်ကျသွားပြီ "

"လာပါ မောင်တို့ အနောက်ကနေ လိုက်ရင် မှီပါတယ် "

"မမှီရင်ရော "

"မမှီတော့လည်း တစ်နေရာထဲ တူတူသွားတာပဲကို ဟိုရောက်ရင် တွေ့မှာပဲလေ "

'မင်းကို ငါမကျေနပ်ဘူးကွာ"

"ကဲပါ စိတ်လျော့ပါ အခု ၁၁ထိုးတော့မှာ ပိုနောက်ကျလိမ့်မယ် "

Sky လည်း ကားတံခါး ဖွင့်ပေးလိုက်ကာ Nani ကို ဝင်ထိုင်စေခဲ့လိုက်သည်။

လမ်းတစ်ဝက် ရောက်တဲ့ ထိ စကား မပြောပဲ မျက်မှန်ကြီး တပ်ကာ နှုတ်ခမ်း ဆူနေတဲ့ တစ်ယောက်ကြောင့် skyအူယား‌မိနေသည်။

"Nani စကားလေး ဘာလေး ပြောပါအုန်း "

".........."

"မောင်တို့ ကားမှာ မောင်နဲ့ Nani ပဲ ရှိတာ Nani က စကား မပြောရင် မောင်ပျင်းတာပေါ့"

"မင်းဘာသာ ပျင်း ပျင်း "

"ပျင်းပြီး အိပ်ငိုက်သွားရင်ရော ဘယ်လို လုပ်မလဲ ကားမောင်းရတာ ပင်ပန်းတယ်လေကွာ "

"မင်း တော်တော်ကို စကား များတာပဲ ငါပြောပေးရင် ကျေနပ်တယ်မလား "

"ကျေနပ်တယ် မင်းလို့ မခေါ်ပါနဲ့ မောင့်နားထဲမှာ နေလို့ မကောင်းလို့ပါ "

"ခေါ်မှာပဲ မင်းအချိုးမပြေရင် ဘယ်မောင်မှ လာမပြောနဲ့  မခေါ်ဘူး "

"မောင် အချိုးပြေအောင် နေပါမယ်နော် ဟိုရောက်ရင်လည်း Nani စိတ်ကျအတိုင်း မောင်ဆောင်ရွက်ပေးမှာနော် "

"သေချာလား "

"သေချာတာပေါ့ "

"အဲ့တာဆို ပြီးတာပဲ "

ဒီလိုနဲ့ skyလည်း ဘယ်နေရာမှ မရပ်ပဲ မောင်းလာခဲ့တော့ Kan တို့ ကားနဲ့ ရှေ့နောက် သိပ်မကွာပဲ တည်နေရာသို့ ရောက်လာခဲ့တယ်။လမ်းတစ်လျှောက် ကားမောင်းခဲ့တာ skyဆိုပေမဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကတော့ Nani ဖြစ်လို့ နေသည်။

"Nani "

"ဟင် ရောက်ပြီလား "

"မရောက်သေးဘူး "

"အဲ့တာဆို ဘာလို့ နှိုးတာလဲ "

"အရှေ့ကို သေချာ ကြည့်ပါအုန်းဗျာ"

"မောင်! ပင်လယ်ကြီးပဲ "

"ဟုတ်တယ် မောင်တို့ ရောက်ပြီ အခုက မောင်တို့ နေမဲ့ hotel ကနေ မြင်နေရတာ "

"လုပ် သွားရအောင်လေ "

"ဟုတ်ပါပြီဗျာ"

Sky တို့လည်း hotel မှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးပါတစ်ခန်းရယ်၊ တစ်ယောက်အိပ် ကုတင်နှစ်လုံးပါ တစ်ခန်းရယ်၊တစ်ယောက်အိပ် တစ်ခန်းရယ် ယူလိုက်သည်။

Skyနဲ့ Nani က တစ်ခန်း၊kan နဲ့ mikeက တစ်ခန်း အဒေါ်ပရင်က တစ်ခန်းပေါ့ ။အဒေါ်ပရင်နဲ့ kanတို့ အခန်းက နီးပေမဲ့ skyတို့ အခန်းနဲ့ကျ ဝေးပြန်သည်။

"မောင် သွားမယ် သွားမယ် "

"ခန‌နားပါအုန်း Nani ရဲ့ "

"ဟာ မနားချင်တော့ဘူး"

"အခုက ပူသေးတယ်လေ ညနေလောက်မှ သွားရအောင် ပြီးတော့ မောင်ကားမောင်းလာရတာ ပင်ပန်းတယ်"

"အဲ့တာဆို မောင်နေခဲ့ ငါအရင် သွားလိုက်မယ်"

Skyလည်း စိတ်ဆိုးသွားကာ Naniကို ဘာမှ မပြောပဲ ဟိုဘက်လှည့်ကာ အနားယူလိုက်တော့သည်။

Nani လည်း ဘာမှ တွေးမနေပဲ mike တို့ အခန်းဘက်ကို လာလိုက်သည်။

ဒေါက် ဒေါက်

"P'Nani "

"N'mike ကမ်းခြေမှာ ရေဆော့ရအောင်လေ "

"P'ကလည်း ခနနားပါအုန်း ညနေမှ ဆော့ရအောင်လေ "

"P'က အခု ဆော့ချင်တာ "

P'ယောက်ျားကရော "

"သူက ကားမောင်းလာရတာ ပင်ပန်းလို့တဲ့ "

"ဟုတ်တယ် P'ရယ် kan တောင် အိပ်နေတာ ကျွန်တော်လည်း အိပ်မလို့ "

"ဘာလို့ အိပ်မှာလဲ ရေဆော့ပါမယ်ဆို "

"P'ရယ် ညနေမှ ဆော့ရအောင်ပါနော် ဒါမှ မဟုတ်လည်း  P'ယောက်ျားနဲ့ အရင်ဆော့လိုက် "

"သူက ညနေမှ ဆော့ခိုင်းလို့ မင်းဆီလာတာပါဆို မင်းကပါ တစ်မျိုး"

"P'ကလည်း ပူသေးတာကို ဘယ်လို ဆော့မလဲ နေမကောင်းတွေ ဖြစ်နေလိမ့်မယ် P'အခန်းကို ပြန်တော့နော် '

တံခါးကို အရင်ဦးစွာ ပိတ်သွားတဲ့ mikeကြောင့် Nani မှာ ဘာမှ မပြောလိုက်ရပဲ ကိုယ့်အခန်းကို ပြန်လာခဲ့ရသည်။

အခန်းထဲ ရောက်တော့ sky က ကုတင်ပေါ်မှာ Tvကြည့်ပြီး အနားယူနေတာကို Nani တွေ့လိုက်သည်။

"မောင် "

"အင်း"

"N'mike တို့ကလည်း အိပ်မလို့တဲ့ "

"အင်း"

"Kanလည်း ပင်ပန်းလို့ အနားယူနေတာတဲ့ ညနေကျမှ ဆော့ကြမယ်တဲ့ "

"အင်း "

"တစ်အင်းအင်းနဲ့ ဘာဖြစ်နေတာလဲ "

"ဘာမှ မဖြစ်ဘူး "

Skyလည်း TVပိတ်ကာ ပြန်အိပ်ဖို့ အတွက် လုပ်လိုက်သည်။ထိုအချိန် sky ကုတင်ဘေးဘက်ကို ရောက်လာတဲ့ ကောင်လေး တစ်ယောက်

"မောင် ဘာဖြစ်နေတာလဲ "

"ဘာမှ မဖြစ်ဘူး ပင်ပန်းလို့ "

"မလိမ်နဲ့ အမှန်တိုင်းပြော "

"တကယ် ဘာမှ မဖြစ်ဘူး "

"တစ်ခုခု ဖြစ်နေတာမလား ငါ စကားနားမထောင်လို့လား "

"..........."

"ဟုတ်တယ်မလား "

"..........'

"မပြောချင်လည်း ရတယ် ငါမနှောက်ယှက်တော့ဘူး "

Nani တစ်ယောက် ကုတင်ပေါ် ဝင်လှဲကာ ဟိုဘက်လှည့်ပြီး ရှိုက်သံ ပိစိလေးတွေ ထွက်လာသည်။

ထိုအခါ skyလည်း ပြာပြာသလဲ ဖြစ်ကာ Naniပုခုံးလေးကို လှည့်ကာ မေးယူလိုက်သည်။

"Nani ငိုနေတာလား မောင်တောင်းပန်!"

Sky အထင်နဲ့ အမြင်နဲ့ တစ်ခြားစီ ဖြစ်သွားခဲ့သည်။ပုခုံးကနေ ဆွဲလှည့်တာ ခံလှည့်ရတဲ့ ကောင်လေးက တစ်ကယ်တော့ ငိုချင်ယောင် ဆောင်ပြီး skyမေးလိုက်တော့ လျှာထုတ်ကာ ပြောပြသည်။

"ဟာ Nani တကယ်ငိုနေတာ မဟုတ်ဘူးလား"

"မင်းက ဘာမှ မပြောပဲ နေနေ တာလေ ပြောမင်းဘာဖြစ်နေတာလဲ မင်းမပြောရင် ငါတကယ် ငိုမှာ"

"Nani ကို မောင်က နားစေချင်တာလေ Nani ကမှ နားမထောင်တာ ပြီးတော့ မောင့်ကိုလည်း ဂရုမစိုက်ဘူး မောင်နဲ့ လာရတာ မပျော်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး ငါပင်လယ်ကြီးကို ရောက်‌တော့ ပျော်သွားလို့ပါ မင်းကို ဂရုမစိုက်သလို ဖြစ်သွားရင် ငါတောင်းပန်ပါတယ်နော်"

"အင်း ရတယ် ဘာမှ မဖြစ်ဘူး လာ မောင့်လက်မောင်းပေါ် ခေါင်းအုံး ညနေကျမှ ဆော့ကြမယ်နော် "

"အင်း "

_____________________

ညနေ ရောက်တော့ Nani ဆန္ဒ အတိုင်း ပင်လယ်ထဲ သွားဖို့ တွက် readyဖြစ်နေသည်။

"‌P'Nani "

"ဟေး လာပြီ "

Nani လည်း အခန်းကနေ ထွက်သွားမည့် အလုပ်

"မောင့်ကို မစောင့်တော့ဘူးလား"

"စောင့်မှာပေါ့ မောင် မြန်မြန်လုပ် "

အောက်ခံ စွပ်ကျယ် အပေါ်က white shirt နဲ့ အောက်က ဒူးဖုံး ဂျင်းဘောင်းဘီနဲ့  ကောင်လေး နှစ်ယောက်ကတော့ couple ဝတ်ထားသလား အောက်မေ့ရတယ် လိုက်ဖက်မှု အပြည့်နဲ့ ပေါ့။

"P'Nani ချောလိုက်တာ"

"တကယ်လား "

"ဟုတ်တယ် အကိုလေးရဲ့"

Nani ,Kan mikeတို့ ပြောနေရင်း အနောက်က skyရောက်လာတော့ ပြောလက်စ စကားတွေက ပင်လယ်လှိုင်းနဲ့တူ မျောပါသွားသလိုပင် တိတ်ဆိတ်ငြိမ်သက်ကုန်သည်။

"မောင်တို့ သွားတော့မလား"

"အင်း သွားမယ် "

ပင်လယ်ထဲ ရောက်တော့ Kan နဲ့ mikeက အဒေါ်ပရင်ကို ဘောကွင်းပေါ် ထိုင်စေပြီး ရေထဲမှာ ဆွဲယူ ဆော့ပေးကြသလို Nani လည်း အ‌ဒေါ်ပရင်လို ဘောကွင်းထဲမှာ ထိုင်ကာ skyရဲ့ စောက် ရှောက်ခြင်းကို ခံနေရသည်။

Nani က ရေကစားချင်တာလေ အခုက ဘောကွင်းထဲမှာ ထိုင်နေရတဲ့ အခြေနေကြီးကို သူလုံးဝ မကြိုက်ပါ။

"မောင် ဒါစီး မစီးချင်တော့ဘူး"

"ဘာလို့လဲ Nani ရဲ့ "

"ငါက ရေကူးပြီး ဆော့ချင်တာလေ "

"အန္တရာယ်များတယ် "

"ငါ ယောက်ျားလေးပါကွာ ဘာမှ မဖြစ်ပါဘူး "

"အန္တရာယ် ဆိုတာ ပြောမှ မရတာ "

Skyနဲ့ Nani ပြောနေရင်း အနောက်ကနေ ဘယ်ချိန် ရောက်လာမှန်း မသိတဲ့ Kan နဲ့ mikeက Nani ရဲ့ ဘောကွင်းအား မှောက်လိုက်သည်။

Nani လန့်သွားကာ ပါးစပ်ကလည်း skyအား ခေါ်လိုက်မိသည်။

"မောင့်! "

ရုတ်တရက် လည်ပင်း လာဖတ်တဲ့ ကောင်လေးကြောင့် skyလည်း ပြန်လည်ထိန်းလိုက်နိုင်ပေမဲ့ ထိုမြင်ကွင်း ဖြစ်အောင် လုပ်တဲ့ နှစ်ယောက်ကတော့ P'Nani အား လှောင်ပြောင်နေလေရဲ့

"N'mike နဲ့ Kan လန့်သွားတာပဲ "

"P'Nani ရာ အဲ့လောက်လည်း မလန့်ပါနဲ့ ဖတ်ထားတဲ့ လက်တွေလည်း လွှတ်ပါအုန်း "

Skyလည်း ရယ်ကာ Nani ကို ချီထားလိုက်သည်။

"မောင် တွေ့လား စမဲ့သူ ကြည့်ပြီး အဲ့တာကြောင့်မို့ ငါဒါကြီးကို မစီးချင်တာ "

"အင်း အဲ့တာဆို မစီးနဲ့တော့"

Nani လည်း skyလည်း ပြုံးပြလိုက်ပြီး ရေကူးပြိုင်မလား ဆိုပြီး စိန်ခေါ်လိုက်သည်။

"Hotel ကြမှ ကူးမယ် ဒီမှာက သိပ်ကူးလို့ မကောင်းဘူး "

"အင်း "

"အကိုလေး Nani ကျွန်တော်တို့ ဘောလီဘော  ဆော့ရအောင် "

"အင်း ဆော့ကြမယ်လေ"

"P'Nani တို့ နှစ်ယောက် နေရင် မမျှဘူး လူခွဲမယ်"

"အင်း ခွဲကြမယ် "

အ‌ဒေါ်ပရင်က အလည်စီးကနေ ဒိုင်လုပ်ပေးပြီး kanနဲ့ Nani က တစ်ဖွဲ့ skyနဲ့ mikeက တစ်ဖွဲ့ ဘောလီဘော ပုတ်ကြသည်။

စည်းရဲ့ တစ်ဖက် တစ်ချက် ဆီမှာ အရှေ့မှာ Nani နဲ့ mikeက နေပြီး အနောက်မှာတော့ sky နဲ့ Kan က နေလေသည်။

အစကတော့ sky တို့က အမှတ်များနေသည် Nani လည်း ရှုံးမှာကို မခံနိုင်တော့ အပေါ် အင်္ကျီချွတ်ကာ ကစားဖို့ လုပ်လိုက်သည်။

"Nani ဘာလို့ ချွတ်တာလဲ"

"ပူလို့ "

"ပြန်ဝတ်ထား "

"မဝတ်ဘူး "

"မောင်ပြောနေတယ် ပြန်ဝတ်"

"မင်းတို့ အလျော့ပေး ဆော့ရင် ဝတ်မယ် "

"မောင် အလျော့ပေးမယ် ပြန်ဝတ်ထား"

"Khun sky မဟုတ်သေးဘူးလေ ကျွန်တော်တို့ နိုင်တော့မှာလေ "

Skyလည်း mikeကို ဘာမှ ပြန်မပြောပဲ Nani ဘက်က လာတဲ့ ဘောလုံး မှန်သမျှကို ပြန်ပုတ်မပုတ် ပဲ မတ်တပ်ကြီး ရပ်နေလိုက်သည်။လာသမျှ ဘောလုံးကို လိုက်တုံ့ပြန်နေတဲ့ mikeတစ်ယောက်ကတော့ ဟောဟဲ လိုက်နေရောပေါ့

"ရေး Kan P'တို့ နိုင်ပြီ "

"P'Nani ရဲ့ အကွက်တွေကတော့ လေးစားပါတယ်ဗျာ အချစ်သမားကြီးနဲ့မှ တစ်သင်းတည်း လာကြနေရတယ် "

"နောက်တစ်ပွဲ ဆော့ အုန်း မလား N'mike "

"တော်ပြီ မဆော့တော့ဘူး အခန်း ပြန်နားတော့မယ် "

အဒေါ်ပရင်ရယ် Kan နဲ့ mikeက သူတို့အခန်းစီ အသီးသီး ပြန်သွားပေမဲ့ sky နဲ့ Nani ကတော့ သူတို့ အခန်းစီကို လက်ကလေး တွဲကာ လျှောက်သွားကြသည်။

"ပင်ပန်းနေပြီလား"

"အင်းနည်းနည်းပါ "

"လာ လမ်းမလျှောက်နိုင်တော့ရင် မောင့်ကျောပေါ် ကုန်းပိုးလိုက် "

"အဲ့လောက်တော့ ငါလျှောက်နိုင်ပါတယ်ကွာ "

"လျှောက်ရမှာ ကျန်သေးတယ် လာ မောင့်ကျောပေါ်တက်ပါ "

Skyလည်း Nani လက်ကလေးနှစ်အား သူ့ပုခုံးပြီး တင်ပြီး Nani ကိုယ်လေးအား သူ့ကျောပေါ်မှာ နေရာ ယူစေခဲ့လိုက်သည်။

"မောင်! ရှက်စရာကြီး "

" ကိုယ့်ယောက်ျားကို ကုန်းပိုးတာ ဘာလို့ ရှက်ရမှာလဲ Nani ရဲ့ "

"ရှက်တာပေါ့ တကယ်ဆို အားနွဲ့တဲ့ ကောင်မလေးတွေကပဲ ကျောပေါ်မှာ ရှိရမှာ မဟုတ်ဘူးလား "

"မဆိုင်ပါဘူး Nani လေးရာ "

'ပြီးတော့ ငါက ယောက်ျားလေး လေ ဒီလိုကြီး အပိုးခံရတာတော့ တစ်မျိုးကြီးပဲ "

"ဘာမှ မဖြစ်ဘူး မောင်က ချစ်လို့ ပိုးတာ ယောက်ျားလေး လဲ ဘာဖြစ်လဲ သူများ တွေက အပိုးခံချင်မှ ခံရမှာ Nani က ထူးဆန်းသွားတော့ ပိုမကောင်းဘူးလား"

"မကောင်းပါဘူး အရှေ့နားကျ ချပေးတော့ လမ်းဆင်းလျှောက်တော့မယ် "

"မချပေးပါဘူး ငါက အခန်းထဲကို ခေါ်သွားမှာ ပြီးမှ ကုတင်ပေါ် ချပေးမှာ "

"မောင့် ! "

ကျောပေါ်က ‌ကောင်လေးက လက်နဲ့ ကျောကို ရိုက်တာ တောင်မှ skyတစ်ယောက် နာရကောင်းမှန်း သိချင်မှ သိလိမ့်မည်။ခရီးစဉ် ပထမ ရက်ကတော့ ပင်လယ်ကြီး ရဲ့ နေဝင်ဆည်းဆာနဲ့ အပြိုင် ကောင်လေးနှစ်ယောက်ကတော့  လှပနေတော့သည်။

မနေ့ညက စာရေးသူ မအားလို့ မရေးဖြစ်လိုက်မိတာ တောင်းပန်ပါတယ် မအိပ်ပဲ စောင့်နေ‌ပေးကြတဲ့ အတွက်လည်း အားနာရပါတယ် တစ်ရက်တစ်ခါ ပုံမှန် မupပေးနိုင်ရင်လည်း စာရေးသူကို နားလည်ပေးပါ စာရေးသူ ပုံမှန်ရေးဖြစ်နိုင်အောင်လည်း ကြိုးစားပါမယ်ဗျ သဘောကျပေးလို့လည်း အားလုံးကို ကျေးဇူးတင်ပါတယ်🥺💓TBCThanks for reading, guys

(Zawgyi)


"Nani"



"Nani "


























"..........."









































".........."


"..........."

"Khun sky"

























"Nani Nani"
































".........."












"Nani "



















"P'Nani "



























"..........."


"..........'












_____________________


"‌P'Nani "















"ဘာလို့လဲ Nani ရဲ့ "

"ငါက ရကေူးပွီး ဆော့ခငြျတာလေ "

"အန်တရာယျမြားတယျ "

"ငါ ယောကျြားလေးပါကှာ ဘာမှ မဖွဈပါဘူး "

"အန်တရာယျ ဆိုတာ ပွောမှ မရတာ "



















































There are no comments yet. Log in to be the first to leave a review!

Similar stories