part 24
19:27, 1 March 2025(Unicode)
"Nani ဆိုင်မဖွင့်တာ ဘာလို့လဲ"
"ကျွန်တော် နေမကောင်းလို့ပါ"
"Nani လက်ထပ်ထားတဲ့လူနဲ့ နေရတာ အဆင်ပြေလား"
"ဗျာ! ဘာလို့ မေးတာလဲဗျ"
"ကျွန်တော် Khun Thun ကို အကုန်မေးပြီးပါပြီ"
"ဖေဖေက ဘာ ပြောလိုက်လို့လဲ "
"ဘာမှတော့ မပြောပါဘူး Nani လက်ထပ်ထားတာ အကြောင်းအရင်း ရှိလို့ ဆိုတာပဲ ပြောပြတာပါ "
Nani တစ်ယောက် jamesစကားတွေကြောင့် မယုံနိုင်စွာ သူဖေဖေကို ဖုန်းဆက်ဖို့သာ လုပ်လိုက်သည်။
"မဆက်ပါနဲ့ Khun Thun က ကျွန်တော့ကို Nani လက်ထပ်ရတာက သူကြောင့်ဆိုတာပဲ ပြောပြတာပါ "
"James က ဘာလို့ ကျွန်တော့ အကြောင်းတွေကို မေးရတာလဲ "
"ကျွန်တော် Nani ကို စိတ်ဝင်စားလို့ "
"ကျွန်တော့မှာ လက်ထပ်ထားတဲ့သူ ရှိတယ်လို့ ပြောပြီးပြီလေ"
"သူနဲ့က တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြဘူး မလား ပြီးတော့ အိမ်က ပေးစားလို့ ယူထားတာလေ"
"အဲ့တာနဲ့ ဘာဆိုင်လို့လဲဗျ"
"Naniက Khun Thun ကြောင့် လက်ထပ်ရတာလေ အဲ့တော့ မချစ်တဲ့ လူတစ်ယောက်နဲ့ အချိန်ကုန်နေမဲ့အစား...."
"James စကားတွေ ရပ်ပေးလို့ ရမလား "
"ပြီးတော့ သူက အလုပ်လည်း မရှိဘူးဆို "
"အဲ့တာ ကျွန်တော်တို့ ကိစ္စပါ ပြီးတော့ ကျွန်တော်လက်ထပ်ထားတဲ့ လူကလည်း ကျွန်တော့အပေါ်မှာ တကယ်ကို ကြင်နာပေးလွန်းပါတယ် "
"အဲ့တာ တွေက ရေရည်ဖြစ်နိုင်ပါ့မလား Nani စဉ်းစားပါ "
"James စိတ်မပူပါနဲ့ အရာအားလုံးက အဆင်ပြေမှာပါ ပြီးတော့ ကျွန်တော်ချစ်လာအောင်လည်း သူက ကြိုးစားနေတာပါ"
"Nani က သူ့ကို အချိန် တစ်နှစ်အတွင်း ပြောင်းလဲ ပေးရမှာ မလား"
"အဲ့တာတွေရော ဖေဖေက ပြောပြလိုက်တာလား"
"အင်းပဲ ဆိုပါတော့ "
Nani မျက်စိမှိတ်ပြီး သက်ပြင်းသာ ချနေရတော့သည်။ဖေဖေက တကယ်ကို ဘာတွေ လုပ်နေမှန်း သူနားလည်လို့ မရတော့ပေ။
"မပြောင်းလဲပေးနိုင်ရင်ရော "
"အဲ့တာ ကျွန်တော့ ကိစ္စပါ "
"အခု အကြောင်းတွေကို ကျွန်တော် Naniနဲ့ လက်ထပ်ထားတဲ့ သူကို ပြောပြပေးရမလား"
"James!! ခများ တကယ်ကို ဘာဖြစ်ချင်နေတာလဲ "
"ကျွန်တော်က Nani ရဲ့ အချစ်ကို လိုချင်တာ "
"ကျွန်တော် jamesကို မချစ်နိုင်ဘူး"
"ဘာလို့လဲ ယှဉ်ကြည့်လိုက်ရင် အစစအရာရာမှာ ကျွန်တော်ကတောင် သာနေသေးတယ် "
"အခု ကျွန်တော့ဆိုင်ကနေ ထွက်သွားပေးလို့ ရမလားဗျ"
"ကောင်းပါပြီ စိတ်အေးအေး ထားပြီး စဉ်းစားလိုက်အုန်းနော် "
Nani လည်း James ပြန်သွားတာနဲ့ သူ့ဖေဖေအား ချက်ချင်း ဖုန်းဆက်လိုက်သည်။
"Hello သား "
"ဖေဖေ ဘာလို့ သားတို့ ကိစ္စတွေကို jamesကို ပြောပြရတာလဲ "
"ဘာဖြစ်လို့လဲ "
"သူအခုလေးတင် ဆိုင်ကို လာပြီး ပြောသွားတာ"
"Khun jamesက သားကို စိတ်ဝင်စားနေတာ"
"အဲ့တာနဲ့ ဖေဖေက အိမ်တွင်းရေးတွေကို ပြောပြစရာမှ မလိုတာ "
"ဖေဖေက သားအတွက် ကောင်းအောင်မို့ပါ Khun James ဆိုတာလည်း တကယ်ကို လူတော် လူကောင်း တစ်ယောက် သားအပေါ်ကိုလည်း တကယ့်ကို မေတ္တာစစ်နဲ့ ချစ်ပေးနိုင်မယ်လို့ ထင်တယ် "
"ကျွန်တော့မှာ skyရှိတယ် "
"Skyဆိုတာ CEOကမ်းလှမ်းထားတဲ့ ကိစ္စတစ်ခုပဲ သူလည်း သား အပေါ်မှာ အချစ်မရှိဘူး"
"ဒါပေမဲ့...."
"သားလုပ်ရမှာက တစ်နှစ်အတွင်း ပြောင်းလဲအောင် လုပ်မဲ့ ကိစ္စကို အာရုံစိုက်ရမှာ skyနဲ့ အချစ်ပေါ်ပေါက်လာရမှာ မဟုတ်ဘူး"
"ဖေဖေ! "
"သား ဒါပဲ ဖေဖေ အလုပ်တွေ ရှိသေးတယ် "
Nani အဖေလည်း လူရှင်းတဲ့ နေရာမှာ ဖုန်းသွား ပြောလိုက်ပြီး သူ့အလုပ်နေရာသို့ ပြန်သွားလိုက်သည်။ထို့နောက် Nani လည်း ဖုန်းပြောပြီး ဆိုင်ထဲ ဝင်သွားလိုက်သည်။
"P'Nani အဆင်ပြေလား ကိစ္စရှိလို့လား"
"အင်း ဒီလိုပါပဲ P'အဆင်ပြေပါတယ် "
Nani လည်း ခေါင်းလေး မျက်နှာညိုးငယ်စွာ N'mike အား ပြန်ပြောလိုက်သည်။
___________________
Nani တို့လည်း ဒီနေ့တွက် မုန့်တွေက ရောင်းစရာ မရှိအောင်ကို အကုန် ကုန်သွားခဲ့သည်။အရင်က ကုန်သွားရင် ထပ်လုပ်ပြီး ရောင်းပေမဲ့ ဒီနေ့ကျ စောစော ဆိုင်ပိတ်လိုက်သည်။
Nani ဆိုင်ပိတ်ပြီးလို့ skyကို ခေါ်ဖို့ လုပ်လိုက်ပေမဲ့ ကားတစ်စီးက သူ့နားကို ရပ်တန့်လိုက်သည်။ကားပိုင်ရှင်က skyမဟုတ်ပဲ jamesဖြစ်နေသည်။
"Nani "
"James ဘာလို့ ရောက်လာပြန်ရတာလဲ "
"ကျွန်တော် Nani နဲ့ ဆိုင်တစ်ဆိုင် ထိုင်ချင်လို့ပါ"
"ကျွန်တော်တို့က အဲ့လောက် ရင်းနှီးလို့လား "
"ဒီနားလေးပါပဲ ခနလေး စကားပြောလို့ ရမလား"
"ကျွန်တော် ပြန်တော့မှာ ပြီးတော့ jamesအတွက်လည်း အချိန်မရှိဘူး "
"ခနလေးပါပဲ Nani ကို ကျွန်တော် ပြောစရာလေး ရှိလို့ပါ "
"ဒီနားမှာ ပြောပါ ကျွန်တော် နားထောင်ပေးမယ် "
"ဒီနေရာမှာတော့ မပြော...."
'မပြောချင်လည်း ရပါတယ် ကျွန်တော့ကို သွားခွင့်ပြုပါအုန်း "
"ရတယ်! ကျွန်တော် ပြောမယ်"
"မြန်မြန်ပြောပါ "
"Nani အနေနဲ့ ကျွန်တော့ကို အခွင့်ရေးလေး ပေးစေချင်တယ် "
"ခများ လူရော ဟုတ်ရဲ့လား အိမ်ထောင်ရှိတဲ့ လူတစ်ယောက်ကို ဒီလို စကားတွေ လာပြောနေရတာလဲ "
" Nani နဲ့ သူနဲ့က ဘယ်လိုမှ အချစ်မပါဘူး ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်တယ်"
"ခများက ဘာကို မြင်ပြီး ဘာတွေ လာပြောနေရတာလဲ ပြီးတော့ ခများကိုလည်း မချစ်နိုင်ဘူး "
" ကျွန်တော်က ပြည့်စုံမှာ ထားနိုင်မှာလား သူက ပြည့်စုံအောင် ထည့်နိုင်မှာလား ဆိုတာ Nani သေချာ စဉ်းစားပါ"
"ကျွန်တော် ဘာမှ မစဉ်းစားချင်ဘူး ကျွန်တော့ကို သွားခွင့်ပြုပါအုန်း "
Nani လည်း jamesဆိုတဲ့ လူရှေ့ကနေ အမြန်ထွက်လိုက်ပြီး taxiငှားကာ သူ့မိဘတွေ အိမ်ကိုပဲ ပြန်လိုက်သည်။
အချိန်အားဖြင့် 5နာရီလောက် ရှိနေပြီ ဆိုတော့ skyလာကြိုမှာ ဆိုးလို့ taxiပေါ်မှာ skyအား ဖုန်းခေါ်လိုက်သည်။
"Hello "
"Hello မောင်လာကြိုရတော့မလား"
"အင်း လာမကြိုနဲ့တော့ "
"ဘာလို့လဲ "
"မေမေတို့ အိမ်ကို ရောက်နေတာ မေမေ နေမကောင်းလို့ "
"မောင့်ကိုတော့ မပြောပဲနဲ့ "
"ငါလည်း စောနကမှ သိတာ အဲ့တာ မင်းကို ဖုန်းလှမ်းဆက်လိုက်တာ "
"အင်းအင်း မောင်လာခဲ့လိုက်မယ်လေ "
"မလာနဲ့ ပြီးတော့ အပြန်ကျရင်လည်း လာမကြိုနဲ့နော် taxiနဲ့ပဲ ပြန်လာခဲ့လိုက်မယ် "
"စိတ်မချပါဘူး မောင်လာကြိုမယ် "
"ရတယ် မောင်အိမ်မှာပဲ စောင့်နေနော်"
"အင်းအင်း "
Nani လည်း ဒီနေ့ တစ်နေ့ကုန် သက်ပြင်းတွေပဲ ချနေမိသည်။
သူအိမ်ရောက်တော့ မေမေက ဝမ်းသာနေပေမဲ့ ဖေဖေကတော့ Nani ဘာကြောင့် လာတာလဲ ဆိုတာ သိပါသည်။
"သား မေမေက လွမ်းနေတာ အိမ်ကိုတောင် အလည်မလာဘူး"
"သား အလုပ်တွေ ရှုပ်နေလို့ပါ"
"နေရတာရော အဆင်ပြေလား "
"ပြေတယ် မေမေ "
"ဒီမှာ ထမင်းစားသွားပါ့လား "
"Skyနဲ့ပဲ စားလိုက်မယ် သူစောင့်နေမှာ "
"တကယ်တည်းစားသွား "
"သားစားချင်စိတ် မရှိဘူး ဖေဖေ"
"ဟုတ်ပါတယ် အကိုရယ် သားစားချင်မှ စားပါစေ မေမေ ဟင်းထည့်ပေးလိုက်မယ် skyနဲ့ တူတူစားနော် "
"ဟုတ် မေမေ "
Nani လည်း သူ့မေမေ ဟင်းထည့်နေရင်း သူ့ဖေဖေနဲ့သာ ဧည့်ခန်းထဲမှာ စကား ပြောလိုက်သည်။
"Khun James က ဘာတဲ့လဲ "
"သူ့ရဲ့ စကားတွေက လွန်လွန်လာတယ် သူ့ကို အခွင့်ရေး ပေးခိုင်းနေတယ် "
"ပေးလိုက်ပေါ့ သားအတွက် အဆင်ပြေနိုင်တယ်"
"လက်ထပ်ထားတဲ့သူ ရှိရက်နဲ့ သားကို jamesနဲ့ ဒီလို စကားတွေ ပြောနေရတာလဲ ဖေဖေ"
"မင်းလက်ထပ်ထားတာ ဘယ်သူမှလည်း သိတာ မဟုတ်ဘူး"
"ဘယ်သူမှ မသိရင်တောင် သားတို့မိသားစု နှစ်စု သိတယ် "
"ဘာကို မိသားစုလဲ CEOတို့က မင်းကို ကမ်းလှမ်းချက် တစ်ခုအနေနဲ့ပဲ သဘောထားတာ "
"အဲ့လို ဖြစ်အောင် လုပ်တာကရော ဘယ်သူလဲ ဖေဖေကိုယ်တိုင်ပဲလေ"
"အေး အခုလို လုပ်ခဲ့မိလို့ ငါက မင်းကို ကောင်းတဲ့ နေရာ ပို့ပေးနေတာလေ"
"ဘာကို ကောင်းတဲ့ နေရာလဲ သားက ဘာကောင်ဖြစ်သွားမလဲ ပြီးတော့ သားတို့ မိသားစုက ဘာဖြစ်သွားမလဲ အကြွေးတွေတောင် မဆပ်နိုင်လို့ ဒီလိုဖြစ်နေတာကို ဖေဖေက အခုထိ ဘာလို့ လောဘ မလျှော့နိုင်သေးရတာလဲ"
"Nani !!!!"
"ကျွန်တော် James ဆိုတဲ့ လူကို အခွင့်ရေး ပေးဖို့ နေနေသာသာ မျက်နှာကို မမြင်ချင်တာ "
"ဘာလဲ မင်းက skyကို ချစ်နေတာလား ဟမ် မင်းပြောလိုက်စမ်း ငါ့ကို "
".........."
" မင်းလုပ်ရမှာကိုပဲ အာရုံစိုက်ပါလို့ မင်းနဲ့ သူနဲ့က အပေးအယူသက်သက်ပဲလို့ ငါပြောပြီးသားပဲ"
"ဖေဖေ ဘာလို့ Jamesကို အဲ့လောက်တောင်သဘောကျနေရတာလဲ jamesက ဘာတွေမက်လုံး ပေးလိုက်လို့လဲ "
"ဘာမက်လုံးမှ မပေးဘူး အဲ့လို ကြိုးစားနေတဲ့ လူငယ် တစ်ယောက်ကို ငါက သဘောမကျရအောင် ရူးနေတာမှ မဟုတ်တာ ပြီးတော့ ကိုယ့်သား တစ်ယောက်လုံးကို အနိုင်ကျင့်တဲ့ လူတစ်ယောက်နဲ့လည်း တစ်သက်လုံး တူတူ မရှိစေချင်ဘူး "
"ကျွန်တော်က jamesကို ပြန်ချစ်လိုက်ရင်ကော ကျွန်တော်တို့က ပိုက်ဆံမက်လို့ လက်ထပ်လိုက်တယ် ဆိုပြီး ပြောခံရတာက လွှဲပြီး ဘာမှ ပိုလာမှ မဟုတ်ဘူး "
မီးဖိုထဲက နားထောင်နေတဲ့ Nani မေမေကတော့ ဘာတွေပြောနေကြတာလဲ ဆိုတာ သူတကယ်ကို နားမလည်တော့ပေ။ထွက်လာဖို့ လုပ်ပေမဲ့လည်း သူဝင်ပါနေရင်းလည်း ဘာမှ ကူညီပေးနိုင်မယ်မည်လည်း မဟုတ်ပေ။
"အဲ့တာတွေ မင်းခေါင်းထဲမှာ ထည့်စရာ မလိုဘူး တစ်နှစ်ပြည့်ရင် မင်းဆက်လုပ်ရမဲ့ အရာကိုသာ မင်းခေါင်းထဲမှာ တွေးထား အခုတောင် 8လထဲ ရောက်နေပြီ ဘာပြောင်းလဲ လဲ "
"သူပြောင်းလဲမှာ ဖေဖေ စောင့်ကြည့်ပေးပါ "
"အေး မပြောင်းလဲနိုင်ရင် ငါ့ကို ထောင်ထဲမှာသာ လာတွေ့လိုက် "
"ကျွန်တော် ပြန်တော့မယ် "
Nani လည်း မေမေကိုတောင် မနှုတ်ဆက်ပဲ ပြန်လာခဲ့မိသည်။Taxi ပေါ်မှာ ထိုင်နေပေမဲ့ သူ့စိတ်တွေက အိမ်ကိုတော့ မပြန်ချင်သေးပေ။skyနဲ့ သူနဲ့ ပထမဆုံး ဆုံဖြစ်တဲ့ ဆိုင်လေးမှာ သူနေခဲ့လိုက်သည်။
တကယ်မှ မသောက်ဘူးတဲ့ အရည်တွေကို သူပထမဆုံး သောက်လိုက်မိသည်။အရသာက ခါးနေပေမဲ့ သူအခုဖြစ်နေတဲ့ အခြေနေလောက်တော့ဆိုးလောက်မယ် မထင်ရပါ။
ပထမ တစ်ခွက်နဲ့တင် ဒေါင်ချာ ဆိုင်းနေတဲ့ ကောင်လေး တစ်ယောက်က အပြန်လမ်းတွေလည်း မသိလောက်အောင် ချာချာ လည်နေပြီ အားတင်းကာ Taxiငှားပြီးပဲ အိမ်လိပ်စာကို အားကုန်သုံးကာ ပြောပြလိုက်တော့ ကားလေးက အိမ်တိုင်ရာရောက် ပို့ပေးသည်။
သော့ခတ်ထားခြင်း မရှိပေမဲ့ တံခါးက စေ့ရုံပဲ စေ့ထားတာ ဆိုတော့ Nani လည်း အသာလေး လှပ်ကာ ဝင်ခဲ့လိုက်သည်။အိမ်ထဲကို လျှောက်လာတော့ အပေါက်ဝမှာ sky နဲ့ တိုက်မိသည်။
Skyလည်း အခုထိ ပြန်မလာသေးတဲ့ ကောင်လေးကြောင့် စိတ်ပူကာ ကားသော့ဆွဲပြီး အိမ်ရှေ့ ထွက်လာတော့ ပတ်ပင်းတိုးနေသည်။
"Nani "
"ဟင် "
"အရက်တွေ သောက်လာတာလား "
"No! ဒီတိုင်းပဲ တစ်ခွက်ပဲ "
လက်ညိုးလေး တစ်ချောင်းထောင်ကာ ပြောပြတဲ့ ကောင်လေးကြောင့် skyလည်း ကြောင်နေမိသည်။
"ဘာလို့ သောက်လာရတာလဲ "
"သောက်ချင်လို့ "
"ဘာလို့ သောက်ချင်ရတာလဲ "
"စိတ်ညစ်စရာတွေ ရှိလို့ "
"ဘာတွေ စိတ်ညစ်နေတာလဲ မောင့်ကို ပြော "
"မပြောဘူး အိပ်တော့မယ် "
Skyလည်း သူ့အား ကျော်ကာ အရှေ့က ထွက်သွားတဲ့ ကောင်လေးအား ပွေ့ချီကာ အိပ်ပေါ်သွားလိုက်သည်။
Nani လည်း မူးနေတဲ့ အရှိန် ကြောင့် မရုန်းကန်နိုင်ပဲ အိပ်နေတဲ့ ကလေးကို ချီသွားတဲ့ အတိုင်း ဖြစ်နေသည်။
အိပ်ရာပေါ် ရောက်တော့လည်း Sky အသာချပေးလိုက်ပြီး စောင်လေး ခြုံပေးလိုက်သည်။
Skyလည်း မနက်ကျမှ စစ်ဆေးပစ်မယ် ဆိုပြီး တေးထားလိုက်သည်။ဒီလိုနဲ့ toilet ထဲ ဝင်မည့်အလုပ် အိပ်ရာ ပေါ်က ကောင်လေးက ထလာသည်။
"ပူတယ် အား မူးတယ် "
"Nani ဘာဖြစ်လို့လဲ "
"ခေါင်းတွေထဲက မူးတယ် အန်ချင်တယ် "
ပါးစပ်ကလည်း မပြီးသေးဘူး ကလေး တစ်ယောက်လိုလည်း ငိုနေသည်။
"Nani အန်မလား "
"ခေါင်းတွေထဲက မူးတယ် လည်နေအောင်ကို မူးနေတာ "
"မငိုပါနဲ့ ငိုရင် ပိုဆိုးလိမ့်မယ် "
"ငိုမှာပဲ မင်းခံကြည့်ပါလား အိမ်ကြီးက လည်နေတာ "
အဲ့တာဆို ဘာလို့ သောက်လာတာလဲ မောင့်ကို "မလိမ်နဲ့ ဘယ်နှစ်ခွက် သောက်လာတာလဲ "
"မမှတ်မိတော့ဘူး"
"လာ မငိုနဲ့ မောင်ဖက်ထားပေးမယ် "
"မင်း ဖက်ထား ပေးရင်ရော ပျောက်မှာ မို့လို့လား"
"သက်သာသွားအောင် မောင်က ဖက်ထားပေးမှာ"
Skyလည်း ကုတင်ပေါ် တက်လာရင်း Nani ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ ထည့်လိုက်သည်။
"မူးတယ် "
"အဲ့တာ ငိုလို့ ခေါင်းကြီး ကိုက်နေတာ မငိုနဲ့တော့ ကြည့်ပါအုန်း နှာခေါင်းလေးတွေကို ရဲနေတာပဲ"
"ခေါင်းတွေ မူးနေတာ မင်းလာမစနဲ့နော် "
အချိန်ကြာလာတော့ Nani လည်း အသံလေးတိတ်သွားသည်။
"Nani ဘာလို့ အရက်တွေ သောက်လာတာလဲ"
"အင် "
အိပ်တော့မည့် ကောင်လေးက အိပ်ခံနီး ဆဲဆဲ လန့်သွားရပြန်သည်။
"အဲ့တာ မင်းကြောင့် "
"မောင်ကြောင့် မောင် ဘာလုပ်မို့လို့လဲ "
"မင်းက ဆိုးလို့ "
"မောင်က ဆိုးတယ် "
"အင်း မင်းက ဆိုးလို့ မင်းနဲ့ငါ လက်ထပ်ရတာ"
Skyလည်း သဘောကျ ရယ်လိုက်မိသည်။
"မောင်က အခု လိမ္မာနေပြီလေ "
"မဟုတ်ပဲနဲ့ "
"ဟုတ်ပါတယ်ဆို "
"အိပ်ချင်နေပြီလို့"
"အင်း အိပ်တော့နော် "
"မောင် "
"Nani မောင့်ကို မောင်လို့ ခေါ်လိုက်တာလား"
"အင်း "
Skyကတော့ အ ပျော်ကြီး ပျော်သွားတာပေါ့ အမူးလေးက အခုမှ ဘာစိတ်ကူးတွေ ပေါက်ပြီး သူ့ကို အခုလို ခေါ်ရတာလဲ ဆိုပြီး ကြိတ်ပြုံး ပြုံးလိုက်မိသည်။
"တကယ်လို့ ငါက မောင့်ကို ပြန်မချစ်..."
ပိတ်နမ်းခံလိုက်ရတဲ့ နှုတ်ခမ်းတစ်စုံကြောင့် Nani ရဲ့ စကားလုံးလေးတွေက ထွက်ပေါ်လာခွင့်မရချေ။
"Nani မောင့်ကို ချစ်မယ် ဆိုတာ ယုံတယ် "
Nani မျက်ရည်လေးတွေ ဝှဲကာ ပထမဆုံး အကြိမ် skyရဲ့ မျက်နှာအား သူ့လက်နှစ်ဖက်လေးနဲ့ ဆွဲယူကာ ပထမဆုံး အကြိမ် သူ့ဘက်က စတင် နမ်းရှိုက်မိသည်။
Nani ဘက်က စတင် နမ်းလိုက်ပေမဲ့ အချိန်တစ်ခု ရောက်တော့ Nani ဘက်ကပဲ ရပ်တန့်လိုက်သည်။skyကတော့ Nani ရဲ့ အပြုမူလေးတွေကို လိုက်လို့ပင် မရနိုင်ပေ။skyငေးငိုက်စွာ ကြည့်နေလိုက်ပြီး Nani ဘက်ကလည်း တောင်းပန်စကား ဆိုလိုက်မိသည်။
"Sorry ငါ.."
"မောင်တို့ကြားမှာ တောင်းပန်စရာ လို လို့လား "
Skyလည်း Nani ပါးပြင်လေးအား ညင်ညင်သာသာ လက်မလေးဖြင့် ပွတ်ကာ လက်ကို လည်ဂုတ်ကလေးမှာ နေရာယူလိုက်ပြီး Nani မျက်နှာလေးကို ဆွဲယူကာ အနမ်းတွေကို ဒုတိယ အကြိမ် ဆက်မိသည်။
Skyလည်း လက်တွေကလည်း Nani ခန္ဓာကိုယ်တွေအား ပွတ်သတ်နေပြီး အိပ်ရာပေါ်မှာ မျက်နှာ ချင်းဆိုင် နှုတ်နေတဲ့ အနေထားကနေ Nani ခန္ဓာကိုယ်လေးအား ဆွဲယူကာ နှစ်ယောက်သား ထိုင်နေတဲ့ အနေထားပင် ဖြစ်သွားခဲ့သည်။
"အွန်း အင့် ခနလေး!"
Nani လည်း အနမ်းတွေက ကြမ်းလာတော့ အသက်ရှုဖို့ကို မနည်း ဖြစ်လာခဲ့သည်။
"ဘာလို့လဲ "
"အသက်ရှု ကြပ်နေပြီ "
"မောင် ဖြေးဖြေး နမ်းမယ်လေနော် "
Nani မှာ ဘာမှတောင် မဖြေရသေး
Skyလည်း Nani ကို ပလက် အနေထားလေး ကုတင်ပေါ်သို့ ပြန်လှဲပေးရင်း သူကတော့ Nani အပေါ်ကနေ အုပ်မိုးကာ နမ်းနေလိုက်သည်။
Skyလည်း Nani အင်္ကျီအောက်ထဲ လက်ထည့်ကာ ရင်ဘတ်နဲ့ ဗိုက်သားလေးတွေအား ပွတ်သတ်နေလိုက်သည်။
နမ်းနေရင်း လက်တွေကအင်္ကျီကြယ်သီးလေးတွေကို ဖြုတ်ဖို့ လုပ်နေတော့ Nani လန့်သွားကာ တားလိုက်ရသည်။
"Sky! "
"မောင် ကတိပေးတယ် Nani ဘာမှ မဖြစ်စေရဘူး"
"ဟင့်အင့် ငါအဲ့လိုကြီး မနေချင်ဘူး "
အသက်ရွယ် ပြည့်ပြီးသား လူနှစ်ယောက်ဖြစ်သည့်အပြင် အိမ်ထောင်သည် တွေ ဖြစ်ပေမဲ့ ဒီကိစ္စတွေက အတွေ့ကြုံ မရှိတဲ့ Nani အတွက်ကတော့ ခဲယဉ်းလှနိုင်သည်။
"မောင်တို့က လက်ထပ်ထားတဲ့ လူတွေ လေ ပြီးတော့ ဒါက ပုံမှန်ကိစ္စတွေပဲကို "
"ငါ့အတွက် အဆင်သင့် မဖြစ်သေးဘူး "
"အင်း အဲ့တာဆို မောင်တို့ အိပ်ကြမယ်လေ "
"ငါဒီလို ပြောလိုက်လို့ စိတ်ခုသွားလား "
"မောင် ဘာမှ မဖြစ်ပါဘူး Nani မှ စိတ်မပါတာ မောင် အတင်းမယူချင်ဘူး"
Nani ဒီလို ပြောလိုက်ရလို့ စိတ်ထဲမှာ အဆင်မပြေပေ။အဲ့တော့ skyရဲ့ ဆန္ဒကို သူလိုက်လျောဖို့သာ ဆုံးဖြတ်လိုက်သည်။
"မောင် "
"ဟင်"
"ငါမင်းနဲ့ တူတူဖြတ်သန်းချင်တယ် "
"Nani မောင့်ကို အားနာပြီး နေပေးစရာ မလိုပါဘူး "
"မဟုတ်ဘူး ငါဆန္ဒရှိတယ် "
Nani လည်း မီးစိမ်းပြလိုက်ပြီး သူ့ဘက်ကနေ sky မျက်နှာအား ဆွဲယူနမ်းလိုက်သည်။
Skyလည်း Nani ရဲ့ အင်္ကျီကြယ်သီးလေးတွေအား ဖြုတ်လိုက်ပြီး လည်ပင်းမှ တစ်ဆင့် ရင်ဘတ်အနှံ့ အနမ်းလေးတွေ ချပေးလိုက်သည်။
ရင်ဘတ်ခန္ဓာကိုယ်ကနေ နမ်းပြီး လည်ပင်းတည့်တည့်က မှဲ့နက်လေးမှာ နေရာ ပြန်ယူလိုက်သည်။
လည်ပင်းမှဲကလေးက Nani အတွက် အထင်ရှားဆုံး နေရာလေးပင် ဖြစ်နေသည်။
လည်ပင်းက တစ်ဆင့် မူပိုင်နေရာ နှုတ်ခမ်းလေးသို့ ပြန်သွားလိုက်ကာ "ချစ်တယ်"ဆိုတဲ့ စကားလေးကိုလည်းsky မမေ့မလျော့ ပြောလိုက်သည်။
ညအမှောင်ယံမှာ ကောင်လေး နှစ်ယောက်ရဲ့ အချစ်တွေကလည်း ပိုပိုပြီး တိုးလာကာ ခိုင်မြဲလာနိုင်ပါသည်။ယူထားပြီး ပထမဆုံး အကြိမ်လို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ကောင်လေး နှစ်ယောက်လည်း ခရီးတွေ ဆက်မိနေသည်။
TBCThanks for reading, guys
(Zawgyi)
"အဲ့တာ ကြှနျတော့ ကိစ်စပါ "
"Hello သား "
"ဖဖေဘောလို့ သားတို့ ကိစ်စတှကေို jamesကို ပွောပွရတာလဲ "
"ဘာဖွဈလို့လဲ "
"P'Nani အဆငျပွလေား ကိစ်စရှိလို့လား"
___________________
"Nani "
"Hello "
"Nani !!!!"
".........."
"Nani "
"မောငျက အခု လိမ်မာနပွေီလေ "
"မဟုတျပဲနဲ့ "
"ဟုတျပါတယျဆို "
"အိပျခငြျနပွေီလို့"
"Sky! "
"မဟုတျဘူး ငါဆန်ဒရှိတယျ "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





