part 11
19:21, 14 February 2025(Unicode)
" Kan သွားရအောင်"
" ဟုတ်အကိုလေး"
အိမ်ပေါ် ဝရံတာကနေ ကြည့်နေတဲ့ ကောင်လေးကတော့ ခများကလေ ကျွန်တော်က လွှဲရင် အကုန် အကောင်းပဲ။sky လည်း clubမတက်ဖြစ်တော့ မနက် အစောနိုးနေသည်။သူ့ဘက်ကလည်း Naniကို လိုက်ပို့ပေးမယ် မပြောခဲ့သလို။naniဘက်ကလည်း လိုက်ပို့ပေးပါလို့ မတောင်းဆိုခဲ့ပါ။
Skyလည်း အတွေးပေါင်း ဗောက်သောက်နဲ့မို့ နေ့လည်ကျတော့ patဆီပဲ ထွက်လာခဲ့လိုက်သည်။
"ငါ့ကောင်ကြီး ညတွေတောင် ထွက်မလာဘူးနော် ဘာလဲ အိမ်က သူလေးကို စိတ်မချတာလား"
"ဘာကို စိတ်မချရမှာလဲ သူလည်း သူ့ဘာသူ နေတာ ငါလည်း ငါ့ဘာသာ နေတာပဲ"
"အဲ့တာဆို မင်းက ဘာလို့ clubမလာတော့တာလဲ ငါက P'Naniကြောင့်လားလို့ပါ"
" ဝေးသေး ငါက ဘာကိစ္စ သူကြောင့် မလာရမှာလဲ အခုတောင် ညကျရင် သွားဖို့ မင်းကို လာခေါ်တာ"
" အမယ်လေး အချိန်လည်း ကြည့်ပါအုန်း အစောကြီး ရှိသေးတာကို "
" ငါသိပါတယ် အခုက မင်းဆီကို ခန အလည်လာတာ "
Patလည်း skyအား ကြည့်ကာ ဒီကောင်က ဘာလို့ ငါ့ကို ရန်လုပ်နေရတာလဲ။ဒီကောင် တစ်ခုခု ဖြစ်လာတာ နေမှာ ဆိုပြီး သူ့အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။
_________________________
"ဘာလာလုပ်တာလဲ "
"ကိုယ့်ဆိုင်ကို လာတဲ့ လူကို ဒီလိုပဲ ပြောရတာလား"
Mikeတစ်ယောက်ကတော့ naniနဲ့ ဈေးဝယ်သူကြားမှာ ဘာများ ရှိလို့လဲ ဆိုပြီး ခေါင်းလေးကို ဟိုဘက်လှည့် ဒီဘက်လှည့်ကာ ကြည့်နေလိုက်သည်။
" မင်းကောင်မလေး စားနေကြက ကုန်နေလောက်ပြီ နောက်နေ့မှ စောစောလာဝယ်လိုက်"
"သူ့အတွက် လာဝယ်တယ်လို့ ဘယ်သူက ပြောလို့လဲ"
"နောက်တစ်ယောက်လား"
Nani လည်း ရွဲ့ကာ ပြောလိုက်သည်။
"ခများက ကျွန်တော့ကို အဲ့လောက်တောင် အထင်ကြီးနေတာလား"
"ပြောမရဘူးလေ မင်းက "
"ခများရဲ့ ဆိုင်ကို လာတယ် ဆိုတာ လာချင်လို့ လာတယ် မထင်နဲ့ ဈေးဝယ်ရုံ သက်သက်ပဲ"
"မင်းကို မလာခိုင်းပါဘူး ဆိုင်တွေ အများကြီး ရှိတာကို လာပေးလို့ကို ကျေးဇူးတင်ပါတယ် "
"ခများ မရွဲ့နဲ့"
Skyနဲ့ Nani ကတော့ တစ်ယောက် တစ်လှည့် ဆိုင်ထဲလည်း မရှောင် စကားနိုင် လုနေကြပြန်သည်။
Skyလည်း Naniနဲ့ ဆက်ပြောနေရင် ပြီးတော့မှာ မဟုတ်လို့ mikeဘက်ကို လှည့်ကာ သူလိုချင်တဲ့ ကိတ်တွေကိုသာ ထည့်ခိုင်းလိုက်သည်။
"ဟုတ် ဒီဘက်မှာ ရှင်းပေးပါဗျ"
"ရော့ အဲ့ဘက်ကို မသွားချင်လို့ ဒီမှာပဲ တစ်ခါတည်း ပေးလို့ရတယ်မလား"
"အော်ဟုတ် ရပါတယ်ဗျ ကျေးဇူးတင်ပါတယ်ဗျ"
"ဟုတ်ရပါတယ် "
mikeကတော့ skyထွက်သွားသည့် လမ်းအတိုင်း မျက်စိတစ်ဆုံး လိုက်ကြည့်မိလိုက်သည်။သူ့မြင်ကွင်းထဲမှာ skyပျောက်သွားမှ
"P'Nani ရဲ့ အသိလား ချောတယ်နော် "
"အသိမဟုတ်ပါဘူး"
"အဲ့တာဆို ဘာလို့ စကားတွေ ပြောနေကြတာလဲ"
"စကားပြောနေတာ မဟုတ်ဘူး ရန်ဖြစ်နေတာ"
"P'နဲ့ အရင်က ပြဿနာ တက်ဖူးလို့လား"
"အဲ့တာ P'နဲ့ အိမ်က ပေးစားထားတဲ့လူ"
"ဗျာ P' ပြောတော့ ရုပ်ဆိုးတယ်ဆို "
"ဟုတ်တယ်လေ ဒီလောက် ဆိုးနေတာကို N'mike ကလည်း"
"ဟာဗျာ P'ရာ ဒီလောက် ချောနေတာကို"
"ရုပ်ပဲ ချောနေတာ သူ့အကြောင်းလည်း မသိပဲနဲ့"
"သိစရာ မလိုတော့ဘူး P'သူက အရမ်းချောတာနဲ့ ပြည့်စုံနေပြီ "
Nani လည်း mikeနဲ့တော့ ခက်ပြီ။ဘာမှ လည်း မသိပဲနဲ့ လူတစ်ယောက်ကို ရုပ်ရည်နဲ့ ဆုံးဖြတ်နေပြန်ပြီ။
_____________________
Kanလည်း Naniကို ကြိုပြီး ခြံထဲသို့ ကားလေး မောင်းဝင်လာခဲ့သည်။
အိမ်ထဲရောက်တော့ skyနဲ့ သူ့သူငယ်ချင်း ဧည့်ခန်းထဲမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။Naniလည်း သူ့ဘာသာသူ အိမ်ပေါ်တက်ကို တက်သွားလိုက်သည်။ဒီအိမ်မှာ naniလုပ်နေရတာလဲ အိမ်ပေါ်နဲ့ အလုပ်နဲ့ ကူးနေရခြင်းပင် ဖြစ်သည်။
အိမ်ပေါ်ကို တက်နေရင်း skyဆီမှ ခေါ်သံ တစ်ခု ကြားလိုက်ရသည်။
"ဒီမှာ ခနလာထိုင်အုန်း"
"ဟျောင့် မင်းကလည်း သေချာပြောပါဟ"
Naniလည်း သူက ဘယ်သူ့ကို ပြောနေတာလဲ သူ့သူငယ်ချင်းရှေ့မှာမို့ ငါ့ကို အာဏာပြနေတာလား
"ဒီမှာ Nani ဆိုတဲ့သူ ခများကို ခေါ်နေတာ "
"ဘာလဲ "
"လာထိုင်"
ကြားထဲက patကတော့ အိမ်လည်လာတာပဲ မှားပြီလား။အလုပ်ပြီးတော့ patတစ်ယောက် skyနဲ့ ပြန်လိုက်လာခဲ့သည်။skyကတော့ မိဘပေးစားလို့သားပဲ သူ့အမျိုးသား ဆိုင်က မုန့်တွေ ဝယ်ပြီး ဧည့်ခံသည်။
"ဒီမှာ ဒါက ကျွန်တော်ရဲ့ သူငယ်ချင်း Patခများကို တွေ့ချင်လို့ လာတာ"
"တွေ့ရတာ ဝမ်းသာပါတယ်နော် P'က Naniပါ"
"ဟုတ်ကဲ့ P' ကျွန်တော်ကလေ လာမယ် လာမယ်နဲ့အလုပ်ကလည်းမအားနေလို့ပါ"
"Patကလည်း အလုပ် လုပ်နေတာလား"
"ဟုတ်တယ် P' အဖေရဲ့ ကား ဝပ်ရှော့ကိုပဲ ဦးစီးပေးနေတာလေ"
"ဟုတ်လား ကြိုးစားနေတဲ့ လူငယ်ပဲ ကောင်းတယ်"
"ဟုတ် P' "
"P'လည်း patဆိုင်ကို လာအားပေးချင်ပေမဲ့ P'က ကားမမောင်းတက်ဘူး"
Nani စကားကြောင့် skyက ခွီးခနဲ ထရယ်လေသည်။
"မင်းဘာရယ်တာလဲ "
"ဘာမှ မဟုတ်ပါဘူး ဟာသတစ်ခု စဉ်းစားမိသွားလို့ "
"ဒါပေမဲ့ P'ဖေဖေရဲ့ ကားကို အောက်ပိုင်းစစ်ဖို့ လိုအပ်ရင် လာခဲ့မယ်နော်"
"ဟုတ်ရပါတယ် P' ကျွန်တော်သေချာလုပ်ပေးပါမယ် "
"ဒါမှန်းသိရင် P'ဆိုင်ကနေ မုန့်တွေ ယူလာပါတယ်"
"ကျွန်တော် skyဝယ်လာတာတွေကို skyနဲ့ တူတူစားလိုက်တယ်ဗျ"
Nani လည်း skyအား ကြည့်ကာ သူက ငါ့ဆိုင်က မုန့်တွေကို စားနေတာလား။
"ဘယ်မှာ ငါစားလို့လဲ မင်းပဲ စားပြီးတော့"
"ဘာ ငါက နှစ်ခုပဲ စားတာ မင်းက ကျန်တာတွေ အကုန်စားတာလေ"
ဒါမျိုးကျတော့ မုသာဝါဒ ကို ဒီအကောင်က မကျူးလွန်ဘူး။တော်တော်ကို တက်နေတာ မသိရင် သက်သေခေါ်ထားတဲ့ အတိုင်းပဲ။
"ရော့ ဒါက P'ရဲ့adress card ဆိုင်ကို လာခဲ့နော် P'မုန့်ကျွေးမယ်"
"တစ်ဆိုင်လုံး ကျွေးမှာလား "
"ရပါတယ် စားနိုင်ရင် စားပါ P'ကျွေးပါတယ် "
"သွားမယ် ဟျောင့် နောက်ကျလိမ့်မယ်"
Skyကတော့ သူမနက်က ပြောခဲ့သလိုပဲ Naniက သူက လွှဲပြီး ကျန်တဲ့ လူတွေပေါ်ဆိုရင်ကို တကယ်ကို သဘောကောင်းနေရှာသည်။
"P'ကျွန်တော်တို့နဲ့ လိုက်မလား "
"ဟင် ဘယ်ကိုလဲ"
"မင်းက ဘာလို့ ခေါ်နေတာလဲ "
"Clubသွားမလို့ လိုက်မလား P' "
Patလည်း သူငယ်ချင်း အရင်းရဲ့ စကားကို လစ်လျူရှုကာ naniကိုပဲ အရေးလုပ်နေတော့သည်။
"တော်ပြီ P'မလိုက်တော့ပါဘူး P'အဲ့တာ မျိုးတွေ သွားရတာ မကြိုက်လို့ပါ"
"P'ကောင်းတဲ့ နေရာ မရောက်ဘူးလို့ နေမှာပါ"
"ဟုတ်လောက်မယ် P'တစ်ခါမှ မရောက်ဖူးဘူး"
"တကယ်ကြီးလား P'Nani"
"ဟုတ်တယ် patတို့လည်း သွားတော့လေ တော်ကြာ နောက်ကျလိမ့်မယ်"
"ဟုတ်"
"သွားမယ် ဟျောင့် မင်းက ပြီးကို မပြီးနိုင်ဘူး ခများ ခြံတံခါး မပိတ်ထားနဲ့နော်"
"Kanကို မှာခဲ့လိုက်"
Naniလည်း အိပ်ခန်းထဲသာ ဝင်နေလိုက်သည်။တွေ့လား skyဘယ်လောက်ထိများ နေနိုင်မှာ မို့လို့လဲ။တစ်ပတ်လောက် မသွား လို့ ချီးကျူးနေလို့ပင် မဆုံးသေးဘူး။ဒီနေ့ကျတော့ သူ့ရဲ့ ညဘက် ထွက်ကဲခြင်း လုပ်ငန်းကို ပြန်စလိုက်ပြန်သည်။
ကားပေါ်ရောက်တော့ patကလည်း မနေနိုင်စွာ ပြောလိုက်မိသည်။
"ဟျောင့် မင်းယောက်ျားရ ကံကောင်းတယ် ပြောရမှာလား"
"ဘာကိုလဲ"
"P'Naniက ချောလိုက်တာကွာ ငါတို့ထက် ကြီးမယ်လို့တောင် မထင်ရဘူး မင်းကတောင် သူ့ထက် ကြီးတဲ့ပုံ ပေါက်နေတယ်"
"ငါက မင်းသူငယ်ချင်း အရင်းကြီးနော် "
"အေးပါ သိပါတယ် P'Nani ကလေ တော်တော် ခင်ဖို့ ကောင်းတာပဲ"
"ဟျောင့် တွေ့တာမှ တစ်ရက်ပဲ ရှိသေးတယ် အဲ့လောက် အိုဗာ မတင်းစမ်းနဲ့"
"တင်းသင့်ရင် တင်းရမှာပဲ ဟျောင့် မင်းရထားတာ အဖိုးတန်လေးနော် ဂရုစိုက်"
"အိမ်က ပေးစားလို့ ယူထားတာ ချစ်လို့ ယူထားတာ မဟုတ်ဘူး"
"အေးပါ အဲ့စကားကို ဘယ်ချိန်ထိ ပြောနိုင်မလဲ စောင့်ကြည့်ကြတာပေါ့"
"မင်း စောင့်ကြည့်နေလိုက်"
_____________________
Skyလည်း တစ်ပတ်လောက် မသွားထားတော့ ရောက်တာနဲ့ အသားကုန် ကဲကာ သူ့ရဲ့ ပုံမှန် limit တွေထပ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
"ဟျောင့် sky ထအုန်း "
Patတစ်ယောက် ပြန်ဖို့ရာ နှိုးနေသော်လည်း skyကတော့ ဘာမှ တုံ့ပြန်လာခြင်း မရှိပေ။အကြံကုန်တဲ့ အဆုံး patလည်း skyကို အိမ်ပြန်လိုက်ပို့ပေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
တီ
ဟွန်း သံကြားတော့ kanလည်း ခြံတံခါးကို လာဖွင့်ပေးလိုက်သည်။ဆင်ဝင်အောက်တွင် ရပ်လိုက်ကာ သူငယ်ချင်း ဖြစ်သူအား ကား ပေါ်မှ ကူချတွဲပေးရသေးသည်။
"P'Nani မရှိဘူးလား "
"အကိုလေးက အိပ်ပြီလား မသိဘူးဗျ"
"အဲ့တာဆို ဘယ်လို လုပ်ကြမလဲ "
"ကျွန်တော်ပဲ အကိုလေး skyကို သူတို့ အခန်းထဲ ပို့ပေးလိုက်ရမလားဗျ"
"အေး လုပ်ပါအုန်း အဲ့တာဆို ကျွန်တော်လည်း ပြန်တော့မယ်ဗျ "
Kanတစ်ယောက် skyကို တွဲကာ သူတို့ အခန်း ရှေ့ ရောက်သည်ထိ ပို့ပေးလိုက်သည်။
"အကိုလေးsky အကိုလေးတို့ အခန်းရှေ့ ရောက်ပြီဗျ"
"ဟင်... ဟုတ်လို့လား မင်းက ဘယ်သူလဲ "
"ကျွန်တော် kanပါ အကိုလေး"
"အော် မင်းကိုး ရပြီ ငါ့ကို ထားခဲ့လိုက် ငါ့ဘာသာ အခန်းထဲ ဝင်လိုက်မယ်"
"ဟုတ်အကိုလေး ကျွန်တော် အကိုလေး Naniကို နိုးပေးရမလားဗျ"
"ဘာ! မင်းက သူ့ကို နှိုးပြီး ဘာလုပ်မလို့လဲ"
"အကိုလေးskyကို ကူညီပေးမလို့ပါ"
"ရတယ် မလိုဘူး ငါ့ဘာသာ နှိုးလိုက်မယ် မင်းအိပ်တော့ "
"ဟုတ်ကဲ့ အကိုလေး sky "
Skyလည်း သူက နှိုးပြီး ဘာလုပ်မလို့လဲ။ငါ့ဘာသာ ရအောင်နှိုးမယ် ဆိုပြီး အခန်း တံခါးရှေ့မှာ ကျောမှီကာ ထိုင်နေလိုက်သည်။အားမပါတဲ့ လက်နဲ့ တံခါးသံကို မြည်အောင် လုပ်နေသော်လည်း တိုးလွန်းသောကြောင့် အခန်းထဲရှိ လူသားက ကြားမည် မဟုတ်။မူးတဲ့ အရှိန်ကလည်း နည်းတာ မဟုတ်တော့ skyလည်း တံခါးမှာ မှီရင်း အိပ်ပျော်သွားခဲ့သည်။
Naniလည်း တစ်ရေးနိုး ဗိုက်ဆာထဲမှ အသံမြည်လာသည်။Naniလည်း မုန့်တွေကို အခန်းထဲ ယူခဲ့ဖို့ မေ့နေခဲ့သည်။အောက်ကို ဆင်းကာ သွားယူမည့် အလုပ် ဘေးကို ကြည့်လိုက်တော့ skyက အခုထိ ရောက်မလာသေးပေ။
ပြောတော့ ပြန်လာမှာတဲ့။ငါအခန်းတံခါး ပိတ်ထားတာ မှန်ကန်သွားပြီ ဆိုပြီး အပြုံးတစ်ခုနဲ့ အောက်ဆင်းဖို့ ကြံရွယ်လိုက်သည်။
တံခါးလည်း ဖွင့်လိုက်တော့ ဘုန်း ခနဲ ကျလာတဲ့ ခန္ဓာကိုယ် တစ်ခု။
ဟင် သူက ဘာလုပ်နေတာလဲ။ဘယ်ခနဲက ပြန်ရောက်နေတာလဲ ဆိုပြီး Nani လည်း skyအား လှုပ်ရမ်းကာ နှိုးလိုက်သည်။
"Sky... Sky... ထပါအုန်း"
"ဟမ်..."
"ထ ကုတင်ပေါ် အိပ် "
"အခု ကုတက်ပေါ် အိပ်နေတာ မဟုတ်ဘူးလား"
"မင်းမျက်စိလည်း ဖွင့်ကြည့်အုန်း မင်းကြမ်းပြင်ပေါ်မှာ အိပ်နေတာ "
Skyလည်း မျက်စိကမှ မပွင့်ပါဘူးဆို Naniဆိုတဲ့ သူက ပူညံ ပူညံ လုပ်နေသည်။
"မင်း မထနိုင်ရင် ငါထူပေးမယ်"
Naniလည်း skyခန္ဓာကိုယ်ကြီးအား လက်နှစ်ဖက်ကနေ ဆွဲထူလိုက်သည်။သို့သော် အချည်းနှီးပင် ဖြစ်နေသည်။နဂိုခနဲကမှ skyသည် မိမိ ထက် ခန္ဓာကိုယ်က ထွားပါတယ်ဆို အခုက ဆီတစ်စည်များ သောက်လားတာလားလို့တောင် အောက်မေ့ရသည်။Naniဘယ်လောက် အားကုန်သုံးအုန်းတော့ sky က ကြွကို မလာပေ။
"Sky ထပါအုန်း မင်းကို ငါမနိုင်ဘူးကွ"
အားကုန်သုံးပြီး ဆွဲနေတဲ့ Nani အား skyက ပြန်ဆွဲလိုက်ရာ nani တစ်ယောက် သူ့ဟန်ချက်သူ မထိန်းနိုင်ပဲ skyကိုယ်ပေါ် ထပ်လျက် ပြုတ်ကျသွားခဲ့သည်။
"အာ့ "
"တောင်းပန်ပါတယ်ကွာ မင်းက ငါ့ကို ဘာလို့ ပြန်ဆွဲရတာလဲ"
"ခများဗျာ နားတွေကို ညီးနေပြီ "
"ငါက မင်းကို စေတနာနဲ့ ပြောနေတာလေ မင်းက ထမှ မထတာ မင်းရဲ့ ကျားကိုးကြီး စားမကုန်တဲ့ ခန္ဓာကိုယ်ကြီးကိုလည်း ငါမနိုင်ဘူး "
"ဘာဗျ ဒါခန္ဓာကိုယ် တောင့်တာ ခများ နားမလည်ဘူးလား "
"မင်းငါ့ကို အဲ့လောက် ပြန်ပြောနိုင်နေရင်လည်း ကိုယ့်ဘာသာ ကုတင်ပေါ် တက်အိပ်လိုက်တော့ ငါ့အားတွေ ကုန်သွားတာပဲ အဖတ်တင်တယ်"
Naniလည်း skyအား အားရအောင် ပြောပြီး သူ့ဘာသာ အောက်ဆင်းဖို့သာ လုပ်လိုက်သည်။
"ခများက ဘယ်လဲ"
"အောက်သွားမလို့"
"ဘာသွားလုပ်မလို့လဲ "
"ဗိုက်ဆာလို့"
"ခများ မစားရသေးဘူးလား မသွားနဲ့ ပြန်အိပ်"
"ငါ့ဘာသာ ဗိုက်ဆာလို့ သွားစားတာကို မင်းက ဘာလို့ ပိတ်ပင်နေရတာလဲ "
"ခများ kanဆီ သွားမလို့ မလား မလိမ်နဲ့"
"မင်း ဘာပြောလိုက်တာ ငါက kanဆီကို သွားပြီး ဘာလုပ်ရမှာလဲ"
"အဲ့တာတော့ ဘယ်သိမလဲ ခများက ကျွန်တော့ထက် kanကို ပိုအားကိုးနေတော့ ခများများ တစ်ရွာတစ်ကျီ ဆောက်နေတာလားလို့ "
"မင်းစကားပြောတာ မမိုက်ရိုင်းနဲ့ အေး လူတိုင်းကို မင်းလို မထင်နဲ့ မင်းစိတ်နဲ့ လိုက်နှိုင်းနေရင်တော့ တစ်လောကလုံး ရိုင်းကုန်လိမ့်မယ်"
"ထင်တဲ့အတိုင်း ပြောတာလေ ဘာလဲ မှန်သွားလို့လား "
"မင်းကလေ တော်တော်ကို အကျင့်မကောင်းတဲ့လူပဲ ယောက်ျားဖြစ်ပြီး မိန်းမစိတ်နဲ့ကောင်"
"ခများ ပြောချင်တာပြော ကျွန်တော်က ကိုယ်မဟုတ်တဲ့ အတွက် နာမနေဘူး "
"အေး မင်းလို လူကျတော့ရော တော်တော် လူကြီးလူကောင် ဆန်နေလား ကိုယ့်ကိုကိုယ် ပြန်မေးပါအုန်း clubသွား တွေ့သမျှ ကောင်မလေးတွေနဲ့ ပွေရှုပ်နေပြီ ဘာမှ ရေရေရာရာ မရှိတဲ့ လူကများ "
"ခများ! "
Skyလည်း Nani အင်္ကျီကော်လံအား ရုတ်တရက် လှမ်းဆွဲလိုက်သည်။
"လုပ်လိုက်လေ မင်းတင် လက်ပါတာ မဟုတ်ဘူး ငါ့မှာလည်း လက်ပါတယ် "
Skyလည်း Naniခန္ဓာကိုယ်အား ကုတင်ပေါ်သို့ တွန်းချ လိုက်ပစ်သည်။
"ဖယ်စမ်း လွှတ် မင်းငါ့ကို ဘာလုပ်မလို့လဲ "
Naniလည်း ခြေတွေ လက်တွေ အကုန်ရုန်းကန်လိုက်သည်။
"တစ်ခါပဲ ရမယ် နှစ်ခါ မရဘူး"
Skyလည်း Naniရဲ့ ခြေထောက်တွေအား ချုပ်ထားလိုက်သည်။
"လူယုတ်မာ ဖယ်စမ်း"
"အိုး...နေပါအုန်း ဘာမှတောင် မယုတ်မာရသေးဘူး "
Skyလည်း Nani မျက်နှာလေးအား ကြည့်ကာ naniရဲ့ မေးစေ့လေးအား ဆွဲကာ မော့စေခဲ့သည်။
"ခများကလေ ရုပ်လေး ချောသလောက် အဲ့နှုတ်ခမ်းတွေက ဘာလို့ အဲ့လောက် စွာနေရတာလဲ "
ပါးစပ်ကလည်း ပြော လက်ကလည်း naniနှုတ်ခမ်းလေးအား ပွတ်ဆွဲလိုက်သည်။
"ဖယ်စမ်း မင်းရဲ့လက်တွေ "
"ခများက ကျွန်တော်က လွှဲရင် တစ်ခြား လူတွေပေါ်မှာ ကောင်းတယ်နော်"
"အဲ့တာကတော့ မင်းနဲ့ ငါ့ကြားမှာ မပေါက်ဖွားနိုင်တဲ့ အရာပဲ "
Skyလည်း Naniရဲ့ လည်ပင်းသားလေးတွေကို နမ်းရှိုက်လိုက်သည်။naniလည်း ရုန်းကန်လို့ မရနိုင်ပေ။skyက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ပါ naniကိုယ်လေးအား ချုပ်နှောင်ထားသည်။
Skyရဲ့ အခုစိတ်တွေက ဘာတွေကို အလို မကျနေမှန်းလည်း မသိ။သူNaniကိုလည်း နာကျင်အောင် လုပ်ပစ်ချင်သည်။
ရုတ်တရက် ဆန်သလို Naniရဲ့ အင်္ကျီကြယ်သီးတွေကို ဖြုတ်နေရမှာ စိတ်မရှည်တဲ့ အတွက် အကြမ်းပတမ်း ဆွဲဖြဲလိုက်မိသည်။
"ဟျောင့် မင်းဘာလုပ်မလို့ မလဲ "
"မမေးနဲ့ ခများကို နာကျင်အောင် လုပ်ပစ်မယ်"
Skyလည်း နှုတ်ခမ်းသား ပါးပါးလေးကို ချန်ထားပြီး Nani မျက်နှာ အနှံ့သူ့စိတ်ကြိုက် အနမ်းတွေ ပေးလိုက်သည်။
"မလုပ်နဲ့ ငါတောင်းပန်ပါတယ် "
ပြဲနေတဲ့ အင်္ကျီအောက်ကို ဝင်မဲ့ လက်ကလေးတွေတောင် ရပ်တန့်သွားခဲ့သည်။
အသံတိတ်ကာ မျက်ရည်ကျနေတဲ့ ကောင်လေး တစ်ယောက် ကြောင့် skyသူ့ကိုယ်ပင် အသိစိတ် ဝင်သွားခဲ့သည်။
"ခများ! "
"ဖယ် ဘေးဖယ်"
Nani လည်း သူ့ကိုယ်ပေါ်မှာ အုပ်မိုးနေတဲ့ skyရဲ့ ကိုယ်အား တွန်းဖယ်ကာ ဖရိုဖရဲ ဖြစ်နေတဲ့ အင်္ကျီလေးတွေကို လက်ကလေးဖြင့် အုပ်ကာ သူဒီနေရာမှာ မရှိနေချင်သောကြောင့် ထွက်သွားဖို့သာ လုပ်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့စိတ်တွေ လုံးဝကို အဆင်မပြေနေလို့ပါ"
"ရတယ် ငါဝဋ်ကြွေးရှိလို့ပဲ မှတ်ယူလိုက်မယ်"
ကျန်ခဲ့တဲ့ ကောင်လေးကလည်း သူ့ရဲ့ ဆံပင်တွေကို ထိုးဖွကာ ငါဘာတွေ လုပ်နေတာလဲ ငါဘာလို့ အဲ့လို အပြုအမူတွေ သွားလုပ်နေရတာလဲ ဆိုပြီး သူ့ဆံပင်တွေကို ဆွဲဆုတ်ကာ ပေါက်ကွဲနေလေရဲ့
တစ်ဖက်ခန်းက ကောင်လေးကလည်း အရမ်းကို ကြောက်ရွံသွားကာ ဝမ်းနည်းခြင်းတွေနဲ့ အိပ်ရာ ပေါ်မှာ ကွေးကွေးလေး အားငယ်နေမိသည်။သူ့အနေနဲ့ ဒီလိုအပြုမူတွေက စိမ်းသက်သလို ဖြစ်ရတဲ့ထဲ skyရဲ့ အရိုင်းစိတ်တွေက ပိုလို့တောင် ဆိုးရွာစေခဲ့သည်။တစ်နှစ်ဆိုတဲ့ အချိန်ကို အမြန်လည်း ပြည့်ချင်နေသလို skyလည်း ပြောင်းလဲပါတော့ ဆိုပြီး Nani ဆုတောင်းတိုင်း ပြည့်မယ် ဆိုရင် သူတကယ်ကို ဘုရားရှင်ဆီမှာ ဆုတောင်းချင်မိပါသည်။
TBCThanks for reading, guys
(Zawgyi)
_________________________
_____________________
_____________________
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





