Fanfics

Part 5

13:04, 3 October 2022

Unicode.....

"Sunghoon စာမေးပွဲဖြေတော့မှာနော် မင်းဒီလိုပဲလျှောက်သွားနေအုန်းမှာလား"

"မင်းကလဲကိုယ်ကHanwonကိုဂရုစိုက်ပေးနေရသေးလို့ပါ"

"သူကစာရနေပြီလားမင်းကစာမကျက်ဘဲသူဘေးမှာပဲထိုင်နေတာမလား"

"ကိုယ်မှစာလုပ်ရတာဝါသနာမပါတာကို"

"အဲ့ဆိုလဲ မင်းဒီအတန်းပဲနောက်တစ်နှစ်ထပ်နေလိုက်တော့"

"မင်းကလဲ"

"..."

"ဒီလိုလုပ်လေ ကိုယ့်ကိုညနေတိုင်းကျောင်းရှေ့ကcafeမှာစာလိုက်ရှင်းပြပေးလေတူတူစာလုပ်ကြရင်းပေါ့"

"မင်းဟာမင်းHanwonနဲ့ပဲလုပ်တော့ ငါJungwonနဲ့လုပ်ဖို့သဘောတူပြီးပြီ"

"Jungwonကဘာလို့လဲသူ့အစ်ကိုရှိတာကို ကိုယ်နဲ့ပဲတူတူလုပ်မယ်လေနော်"

"Jungwonကအစ်ကိုHeeseungနဲ့အတန်းမှမတူတာငါနဲ့ပဲတူတူလုပ်မှာ"

"ကိုယ်ကလဲမင်းနဲ့မှတူတူမလုပ်ရရင်စာမလုပ်တော့ဘူး"

"Sunghoon"

"ဗျာ"

"မင်း"

"ပြောလေကလေးလေးရဲ့နှခမ်းကြီးပဲသူထော်မနေနဲ့"

"မနက်ဖြန်ညနေနောက်မကျစေနဲ့"

"အိုကေကလေးလေးသဘောအတိုင်းပါ"

"ဘာကလေးလေးလဲမခေါ်စမ်းနဲ့"

"ဟုတ်ပြီ ဟုတ်ပြီ"

SunghoonခုတလောHanwonနဲ့ပဲအချိန်ကုန်နေမိတာကြောင့် Jaeyunအနားမှာသိပ်မရှိ။Jayလဲခုတလောငြိမ်နေသည်ဘာကြောင့်လဲတော့မသိ။

Jaeyunခုတလောပေါင်းမိနေတာကတော့ Jungwonနဲ့အစ်ကိုHeeseungနဲ့သာ။

ညီအစ်ကိုနှစ်ယောက်လုံးကညီအစ်ကိုလို့ပြောရင်မယုံနိုင်လောက်အောင်အကျင့်စရိုက်ကကွာခြားလွန်းသည်။

ခုတောင်မှကြည့်လေ တစ်ယောက်ကစာကိုသဲကြီးမဲကြီးအာရုံစိုက်နေပြီး နောက်တစ်ယောက်ကဖုန်းနှင့်မျက်နှာနဲ့ကိုမခွာ။

အဲ့တာကြောင့်အစ်ကိုHeeseungကJaeyunကိုသူ့ညီJungwonနဲ့စာလုပ်ပေးဖို့ပြောလာသည်ထင်၏။

ဒါပေမဲ့Jaeyunမတတ်နိုင်စွာ တစ်စုံတစ်ယောက်ကြောင့် Jungwonနဲ့စာစာတူမလုပ်ပေးနိုင်​ေတာ့ကြောင်း ပြောရတော့မည်။

"အစ်ကိုHeeseung"

"အင်းပြောလေ Jaeyun"

"ကျွန်တော်မနက်ဖြန်ကစပြီး Jungwonနဲ့တူတူစာမလုပ်ပေးနိုင်တော့ဘူးထင်တယ်"

ထိုစကားကြားတော့ခေါင်းတညိတ်ညိတ်နဲ့နားလည်ပါတယ်ဆိုတဲ့Heeseungရယ် ကြိတ်ပြုံးနေတဲ့Jungwonရယ်။

"အစ်ကိုကအဆင်ပြေပါတယ် ခုလဲJaeyunနဲ့စာတူတူလုပ်နေပေမဲ့ဒီကောင်လေးစာထဲစိတ်ဝင်စားနေတာမှမဟုတ်တာ"

"Hyungကလဲ"

"Jaeyunအားနာစရာမလိုပါဘူး Jungwonကိုအိမ်ကိုပြောပြီးပဲအိမ်မှာဆရာခေါ်သင်ပေးဖို့ပြောလိုက်တော့မယ်"

"ဟုတ်ကဲ့ပါအစ်ကိုHeeseung အဲ့တာဆိုဒီနေ့ပြန်လိုက်တော့မယ်နော် ဝင်စရာလေးလဲရှိနေသေးလို့"

Jaeyunထွက်ခွာသွားတဲ့ဝိုင်းလေးမှာခုနကြိတ်ပြုံးနေတဲ့မျက်နှာလေးနဲ့မတူစွာ စူပုတ်နေတဲ့မျက်နှာလေးနဲ့ကျန်ခဲ့တဲ့ကောင်လေးတစ်ယောက်ရှိသည်။

ဒီမြင်ကွင်းလေးကိုအူယားစွာကြည့်နေတဲ့ကောင်လေးတစ်ယောက်လဲရှိခဲ့တယ် ဒါကိုတော့ဘယ်သူမှသတိထားမိမည်မဟုတ်။

Jaeyunကျောင်းဆင်းတော့Sunghoonနဲ့တူတူသွားမလို့လုပ်ပေမဲ့ Hanwonကိုလိုက်ပို့စရာလေးရှိသေးလို့ပြီးမှလာခဲ့မယ်ဆိုတဲ့Sunghoonကြောင့် Jaeyunအရင်ထွက်လာခဲ့ရသည်။

Jaeyunဆိုင်ထဲဝင်ခါနီးJayနဲ့မှထိပ်တိုက်လာတိုးတာကြောင့်စိတ်ပျက်မိတာတော့အမှန်။

"ခနနေပါအုန်း Jaeyun"

"မင်းဘာပြောချင်သေးလို့လဲJay"

"ငါတို့စေ့စပ်ပွဲကိုဖျက်သိမ်းတော့မယ်"

Jayပါးစပ်ကဘယ်တော့မှမထွက်လာတော့ဘူးထင်ခဲ့တဲ့စကားကြောင့်Jaeyunအံ့ဩသွားရသည်။

စိတိထဲတွင်လဲမယုံကြည်နိုင်ခြင်းများစွာနဲ့ Jayမြန်းတစ်ခုခုကြံစည်နေတာလားဆိုပြီး။

"ငါတစ်ကယ်ပြောနေတာ Jaeyun"

"..."

"ငါအစကမင်းကိုချစ်တယ်လို့ထင်ခဲ့မိပေမဲ့ မင်းနဲ့တူတူငယ်ငယ်ကတည်းကတူတူရှိနေခဲ့မိလို့အထင်မှားသွားတယ်ဆိုတာကိုငါခုချစ်မိနေတဲ့တစ်စုံတစ်ယောက်ကြောင့်နားလည်သွားပြီ"

"Jayမင်းတကယ်ပြောနေတာလား"

"ဟုတ်ပါတယ်ဆိုကွာ အဲ့တာကြောင့်ငါ့ကိုအရင်လိုပဲသူငယ်ချင်းလိုဆက်ခင်ပေးကွာနော်"

"အေးပါ ဒါနဲ့မင်းချစ်မိနေတဲ့သူကဘယ်သူလဲ"

"ဒါကတော့ ပြောလို့မဖြစ်သေးဘူး"

"ဘယ်သူမို့လို့လဲ"

"သူ့ကိုမင်းသိပါတယ် အဲ့တာ့သိထားပေး ငါသွားတော့မယ်"

Jaeyunဒီနေ့အတွက်ကတော့ပျော်ရွှင်ရဆုံးအချိန်လို့ပင်ပြောလို့ရသည်။

ဒါပေမဲ့ဒီပျော်ရွှင်မှုဆိုတာကခနတာပါပဲ။Jaeyunစောင့်နေခဲ့တာနှစ်နာရီတိတိရှိပြီဖြစ်သည် Sunghoonကရောက်မလာသေး။

Jaeyunစိတ်ကတိမတည်တဲ့သူတစ်ယောက်ကိုဆက်မစောင့်ချင်တော့တာကြောင့် စိတ်တိုတိုနဲ့သာအိမ်ကိုပြန်လာခဲ့လိုက်သည်။

Sunghoonတစ်ယောက်Hanwonကိုလိုက်ပို့ပြီးတန်းပြန်မလို့လုပ်ပေမဲ့ Clubကိုဇွတ်ခေါ်နေတဲ့Hanwonကြောင့်Sunghoonပါသွားရသည်။

Clubရောက်တော့အယ်လ်ကိုဟောလေးနည်းနည်းဝင်သွားတာကြောင့်Jaeyunနဲ့ချိန်းထားတာကိုမေ့သွားရသည်။

Sunghoonမူးနေတဲ့အချိန် ကောင်မ​လေးတွေကSunghoonနားလာကပ်ကြသည်။Sunghoonအရင်ပုံစံအတိုင်းဆိုလက်ခံမိမှာမှန်ပေမဲ့ ခုတစ်စုံတစ်ယောက်ကြောင့်ဘေးနားကိုအကပ်မခံမိ။

Sunghoonအကပ်မခံခဲ့တဲ့ထဲမှာ Hanwonလဲပါ၏။Hanwonခဗျာ သူ့ကိုတွန်းထုတ်လိုက်တဲ့Sunghoonကြောင့်ကြောင်အသွားရသည်။ရှက်လဲရှက်သွားရသည်။

Sunghoonဝန်ခံပါသည်။Hanwonနဲ့တွဲနေတာကြာပြီဆိုပေမဲ့Jakeကိုရွဲ့ချင်စိတ်ကြောင့်တွဲခဲ့မိတာလဲအမှန်။

အစကHanwonကိုJakeကြိုက်နေတယ်လို့ထင်မိတာကြောင့်Jakeတစ်ခြ ားသူနဲ့မတွဲရလေအောင်Hanwonနဲ့Sunghoonတွဲခဲ့ခြင်းဖြစ်သည်။

တွဲမိတာမှားသွားပြီလားဟုထင်ရလောက်အောင် Jakeဟာ Heeseung hyungနဲ့Jungwonတို့နဲတစ်တွဲတွဲ။

JakeကHanwonကိုမချစ်ဖူးလို့အတိအကျပြောလာသောအခါတွင်လည်း စိတ်မအေးနိုင်သူမှာ Sunghoon။

ဘာကြောင့်လဲဆိုရင် Jaeyunကပြောထားတယ်လေ ငါသဘောကျနေတဲ့သူရှိ​ပေမဲ့Hanwonတော့မဟုတ်ဘူးတဲ့လေ။

ဘယ်သူလဲဆိုပြီးစဥ်းစားခဲ့ရတာလဲအခါခါ။ဖြစ်နိုင်တာအများဆုံးကတော့Heeseung hyungပဲမလား။

Sunghoonချစ်မိနေပါပြီ အဲ့တာကလဲJakeကိုမှဘယ်တုန်းကစပြီးချစ်မိခဲ့လဲမသိပေမဲ့ မြင်မြင်ချင်းချင်းကတည်းကတစ်ခြားသူတွေနဲ့မတူမိမိခံစားချက်ကိုရောထွေးအောင်လုပ်နိုင်တဲ့ကောင်လေးဟာပထမဆုံးတွေ့ဆုံမှုကတည်းကSunghoonရဲ့နှလုံးသားတစ်နေရာမှာဝင်ရောက်နေပြီဆိုတာကိုတော့ Sunghoonဘယ်သူမှမပြောလဲရိပ်မိပါသည်။

Jakeကတော့ Heeseung hyungကိုပဲသဘောကျနေတာမလား။

စာမလုပ်ရင်ငေါက်တတ်တဲ့Jake။ဆေးလိပ်သောက်ရင်ဆူတတ်တဲ့Jake။အတန်းချိန်ပျက်ရန်ဖြစ်ရင်လဲဆူတတ်တဲ့Jake။ထိုအရာ​လေးတွေပျက်စီးမသွားရလေအောင်Sunghoonဘက်ကပဲရှေ့ဆက်မတိုးဖို့ဆုံးဖြတ်ထား​လေသည်။

ဒီနေ့ပြီးရင်လဲ Hanwonကိုလမ်းခွဲစကားပြောဖို့ဆုံးဖြတ်ထားတာကိုSunghoonဘေးကကောင်မလေးကတော့သိမည်မထင်။

Sunghoon Clubမှာ Jaeyunအကြောင်းတွေအများကြီးစဥ်းစားတွေးတောနေပေမဲ့ ကျောင်းရှေ့ကဆိုင်လေးမှာစာတူတူလုပ်ဖို့Jaeyunနဲ့ချိန်းထားတယ်ဆိုတာ​းေလးကိုတော့မေ့လို့နေသည်။

To Be Continue.....

Zawgyi.....







"..."






"Sunghoon"
































"..."


























To Be Continue.....

There are no comments yet. Log in to be the first to leave a review!

Similar stories