Fanfics

Part - 4

19:38, 12 September 2021

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Yoongiအစည်းအဝေးကနေပြန်လာပြီးရုံးခန်းထဲ၌ အမောဖြေနေသည်။အလုပ်တွေကများလွန်းတော့အစည်းအဝေးတွေကလည်းတက်လိုက်ရတာ အခုမှပဲအေးဆေးနားရတော့တယ် နာရီကိုကြည့်လိုက်တော့နေ့လည်စာစားချိန်တောင်ကျော်သွားပြီ အခုအချိန်လောက်ဆိုကလေးလည်းထမင်းစားပြီးလောက်‌ရောပေါ့။

Yoongiလည်းသူ့အမောပြေလေးဆီဖုန်းခေါ်လိုက်သည်။ဖုန်းဝင်ပြီးမကြာပါဘူး Yoongi‌မျှော်နေတဲ့ အသံစူးစူးလေးကထွက်လာပြီ.....။

"Hello..ဘယ်သူလဲ ဘာကိစ္စလဲ သားမုန့်စားနေတယ် အားသေးဝူး"

ဒီကလူကဘာမှမပြောရသေးဘူး တဖက်ကနေအသံဆာဆာလေးနဲ့မုန့်စားရင်းလှမ်းအော်နေတဲ့ကလေးပေါက်...။

"ကိုကိုပါ ကလေးလေးရဲ့"

"ဟင် ကိုကိုလား ဟီးဟီး‌ ဆောတီး သားကမုန့်စားနေရင်းဖုန်းနံပါတ်မကြည့်ပဲကိုင်လိုက်တော့ကိုကိုမှန်းမသိလိုက်လို့ ကိုကို စိတ်ဆိုးနက် သားမသိလိုက်လို့နော် ကိုကို နော်"

ကလေးကYoongiစိတ်ဆိုးမှာစိုးလို့ အတင်းရှင်းပြနေလေရဲ့ အဲ့ဒါလေးတွေကြောင့်ကလေးလေးကို‌ချစ်နေရတာ...

"ကိုကိုစိတ်မဆိုးပါဘူး ကလေးရယ် ကလေးမုန့်စားနေတာဆို စားစား ကိုကိုခနနေမှပြန်ခေါ်လိုက်မယ်"

"ဟိုးထား...ကိုကို ဖုန်းမချနဲ့"

Yoongiဖုန်းချမလို့လုပ်တုန်းတားသံလေးပေါ်လာတာကြောင့် ဖုန်းကိုပြန်နားထောင်လိုက်သည်။

"ဘာလို့လဲ ကလေးရဲ့ ကလေးပဲမုန့်စားနေတာဆို"

"မုန့်ကနောက်မှစားလို့ရတယ်ကိုကိုရဲ့ ကိုကိုကခနနေရင်အားချင်မှအားတော့မှာ အခုကိုကိုအလုပ်အားတုန်းလေးသားဆီဖုန်းဆက်တာမှတ်လား အာ့ကြောင့်အခုပြော မုန့်ကိုဂရုမစိုက်နဲ့ မုန့်မစားရရင်နေပါစေ ကိုကိုနဲ့ကဒီအချိန်လေးပဲစကားပြောရတာ..."

Yoongiအံ့သြရသည်..စကားကိုမနားပဲတရစပ်ပြောကာ အစားကြိုက်တဲ့ကလေးကသူနဲ့စကားမပြောရမှာစိုးလို့အစားကိုတောင်ဂရုမစိုက်နဲ့တဲ့ ပိုပိုချစ်နေရပြီကလေးငယ်ရေ.....။

"ဟုတ်ပါပြီဗျာ..."

"ကိုကို ထမင်းစားပြီးပြီလား"

"မစားရသေးဘူး ကလေးရဲ့"

"ဟင် ဘာလို့မစားသေးတာလဲ ကိုကို နောက်ကျ‌နေပြီလေ"

"ကိုကိုအလုပ်များနေလို့ပါ"

"သားလာခဲ့ရမလား"

"ဘာလို့လာမှာလဲ"

"ကိုကို့ကိုထမင်းချိုင့်လာပို့မယ်လေ"

"ရပါတယ်ဗျာ မလာနဲ့ကလေး ပင်ပန်းနေမယ်"

"ပြီးရော...အာ့ဆိုအခုစား"

"စားပါမယ်ဗျာ ကိုကိုအခုပဲစားလိုက်မယ်"

"အွန်း အွန်း တာ့တာ"

"တာ့တာ..."

Yoongiထမင်းစားချိန်နောက်ကျပြီးအစာလွန်နေပြီမို့လို့မစားတော့ဖို့တွေးထားပေမဲ့ချစ်ရသူရဲ့စကားကိုမလွန်ဆန်နိုင်ဘူးလေအဲ့ဒါနဲ့အတွင်းရေးမှူးကိုချက်ချင်းခေါ်ပြီးနေ့လယ်စာစီစဉ်ခိုင်းလိုက်ပြီးထမင်းစားလိုက်သည်။

ညနေအလုပ်ဆင်းတော့ Yoongiအိမ်ကိုမပြန်‌သေးပဲကလေးအိမ်ကိုအရင်ဝင်ဖို့ဆုံးဖြတ်လိုက်သည်။သူ ကလေးလေးကိုတွေ့ချင်လွန်းလို့...........။

Parkအိမ်ကိုရောက်တော့ Yoongiအိမ်ထဲကိုအမြန်ဝင်လိုက်သည်။ အိမ်ထဲရောက်တော့ ဘယ်သူမှမတွေ့တာနဲ့ ဟိုရှာဒီရှာလိုက်ရှာမိသည်။ထိုစဉ် အပေါ်ထပ်ကနေ အလုပ်သမားတစ်ယောက်ကဗန်းကိုကိုင်ကာဆင်းလာသည်။အလုပ်သမားလည်းYoongiကိုတွေ့တော့

"CEO Min..သခင်လေးဆီလာတာလားရှင့်"

"အင်း အိမ်ကလူတွေဘယ်ရောက်ကုန်တာလဲ"

"အပေါ်မှာရှိပါတယ်"

"အကုန်လုံးအပေါ်ထပ်မှာဘာလုပ်နေကြတာလဲ"

"ဟို..ဟိုလေ သခင်လေးသတိလစ်သွားလို့ဆရာဝန်ပင့်ထားရတာပါ"

"ဘာ!!!"

ထိုအလုပ်သမားလဲYoongiအော်သံကြောင့်လန့်သွားသည်။

ဘာဖြစ်ကုန်တာလဲ နေ့လည်ကတောင်သူနဲ့စကားပြောနေတုန်းကအကောင်းကြီးကို...Yoongiချက်ချင်းကလေးငယ်အခန်းဆီတက်လာခဲ့သည်။

Yoongiအခန်းတံခါးဖွင့်လိုက်တော့ အခန်းထဲမှာ လူကြီးတွေအကုန်ရှိသည်။သူတို့လည်းYoongiကိုမြင်တော့မှစိတ်လျော့သွားသလို......

"သား Yoongi လာ.."

"အန်တီ.ကလေးက ဘယ်လိုဖြစ်တာလဲ နေ့လည်ကတောင်ကျွန်တော်နဲ့စကားပြောနေသေးတယ်"

"ဟုတ်တယ် သားရေ နေ့လည်ကအကောင်းကြီး ခုနကသူ့အဘိုးနဲ့စကားပြောနေရင်းမေ့လဲသွားလို့"

"Jiminieလေးနိုးလာရင်သိပ်မလှုပ်ရှားခိုင်းပါနဲ့ဦးနော် ပြီးတော့အစာကိုလည်းဝင်အောင်ကျွေးပေးပါ ဆေးကုန်သွားရင် အပ်ဖြုတ်လိုက်လို့ရတယ်နော်"

"ကောင်းပါပြီ ဒေါက်တာ"

"မအားတဲ့ကြားကလာပေးလို့ Seokjinကိုလည်းကျေးဇူးတင်ပါတယ်ကွယ်"

"ရပါတယ်ဗျ..ကျွန်တော်သွားလိုက်ပါဦးမယ်"

"အေးအေး Seokjinကိုလိုက်ပို့ပေးလိုက်ကြဦး"

ဥက္ကဌကြီးတို့လည်းParkအိမ်ရဲ့Family doctorဖြစ်တဲ့Kim Seokjinကိုကျေးဇူးတင်ကြောင်းပြောပြီးအလုပ်သမား‌ေတွကိုလိုက်ပို့ခိုင်းလိုက်သည်။

Yoongiလည်းကုတင်ပေါ်မှာမျက်နှာလေးဖြူဖပ်ဖြူရော်ဖြစ်ပြီးလက်မှာလဲ‌ဆေးပိုက်တွေချိတ်ထားရင်းလဲလျောင်းနေတဲ့သူ့ကလေးငယ်ကိုကြည့်ပြီးရင်နာရသည်။ကလေးရဲ့ဆံပင်လေးတွေကိုသပ်ပေးလိုက်ရင်းပါးလေးကိုပါလက်ဖဝါးလေးနဲ့ခနထိကပ်လိုက်သည်။

နှလုံးရောဂါရှိတဲ့Jiminကနဂိုတည်းကခံနိုင်ရည်အားနည်းတော့ ခနခနသတိလစ်တတ်သည်။Jiminတို့အိမ်ကလူကြီးတွေအတွက်တော့ ဒါဟာဖြစ်နေကျဆိုပေမဲ့ စိတ်ပူတာတော့လျော့မသွားပေ။အိမ်ရဲ့အချစ်ဆုံးလေးကဒီလိုခံနေရတော့ဘယ်သူကစိတ်ကောင်းပါ့မလဲ။

"ဥက္ကဌကြီးတို့နားလိုက်ပါ ကျွန်တော်ကလေးကိုကြည့်ပေးထားပါ့မယ်"

"အေးကွယ် မောင်ရင်ကပဲကြည့်ပေးထားပါဦး"

"ဟုတ်ကဲ့ စိတ်မပူပါနဲ့ဗျ"

လူကြီးတွေလည်းအပြင်ထွက်သွားကြပြီးအခန်းထဲမှာ Jiminနဲ့Yoongiပဲကျန်ခဲ့သည်။

Yoongi ကလေးငယ်ကိုကြည့်ရင်းသနားမိသည်။သူကလေးကိုတခြားအရာတွေကနေကာကွယ်နိုင်တယ်ဆိုပေမဲ့ ရုတ်တရက်‌ေပါ်လာတတ်တဲ့ကလေးရဲ့ရောဂါကိုတော့ သူမတတ်နိုင်ဘူး....ကလေးရဲ့ရောဂါပျောက်ဖို့သူကြိုးစားရုံပဲရှိတော့တာပေါ့

"အင်းးးဟင်းးးး"

Yoongi တွေးနေတုန်း ကလေးဆီကအသံထွက်လာပြီး ကလေးငယ်နိုးလာသည်။

"ကလေး နိုးပြီလား ဘယ်နားတွေနေလို့မကောင်းဖြစ်သေးလဲ"

"အ့! ကိုကို"

ကလေးက ခေါင်းမူးသွားလို့ထင်သည် နားထင်ကိုလက်နှင့်ဖိထားသည်။

"အင်း ကလေး သိပ်မလှုပ်ရှားနဲ့ဦး ခေါင်းပိုမူးသွားလိမ့်မယ် ခနမှေးနေလိုက်ဦး"

Yoongiပြောလိုက်တော့ Jiminမျက်လုံးကိုပြန်‌မှိတ်လိုက်ကာငြိမ်နေလိုက်သည်။ပြီးမှမျက်လုံးကိုဖြည်းဖြည်းဖွင့်လိုက်ရင်းYoongiကိုကြည့်လာသည်။

"ကိုကို ဘယ်လိုလို့ဒီကိုရောက်နေတာလဲ"

"ကိုကို အလုပ်ကပြန်ရင်းက‌လေးဆီတန်းဝင်လာတာ ဒီရောက်တော့ ကလေးသတိလစ်နေတယ်လဲဆိုရော ကိုကိုလန့်သွားတာပဲ"

"အူးဝါးးးးကိုကို"

ကလေးပေါက်ကရုတ်တရက်Yoongiကိုထဖက်ရင်းအော်ငိုလာတာကြောင့်Yoongiလန့်သွားသည်။

"ကလေးငယ် ဘာလို့လဲ ကိုကို့ကိုပြော ဘာလို့ငိုတာလဲ"

"အဟင့်..ပျော်လို့ ဟင့် ပြီးတော့လွမ်းလို့ အဟင့်"

"လွမ်းတာကထားပါ ကလေးကဘာလို့ပျော်တာတုန်း"

Yoongiလည်းဖက်ထားရက်နဲ့ပင် ကလေးငယ်ကိုပြန်မေးသည်။

"သားကကိုကို့ကိုလွမ်းနေတာလေ သားနိုးလာတော့ပထမဆုံးမြင်ရတဲ့သူကလည်းကိုကိုဖြစ်နေတာကို အဲ့တော့‌ပျော်တာပေါ့လို့"

Jiminရဲ့အဖြေကြောင့်Yoongiသဘောတကျပြုံးမိသည်။

"အိုက်ယိုး ချစ်ဖို့ကောင်းလိုက်တာ"

"အ့!"

Yoongiကသူ့ရှေ့ကချစ်ဖို့ကောင်းနေတဲ့ကလေးလေးကိုအသည်းယားပြီးပါးလေးအားဆွဲမိသည်။ကလေးပေါက်ကနာသွားလို့ထင်တယ် သူဆွဲလိုက်တဲ့ပါးလေးကိုသူ့လက်သေးသေးလေးနဲ့ပွတ်နေသည်။

"ကလေး နာသွားလား ဆောတီး ကိုကိုအသည်းယားသွားလို့"

"ဟီးဟီး ရပါတယ် ကိုကိုဆွဲချင်ရင်သားပါးကိုအချိန်တိုင်းဆွဲလို့ရတယ် ဟဲဟဲသားကချစ်ဖို့ကောင်းတော့ကိုကိုလည်းအသည်းယားမှာပေါ့"

"ဒီကလေး စကားတွေတတ်နေပါလား"

"ကိုကို"

"ဗျာ"

"သား ဗိုက်ဆာတယ်"

"ဟုတ်သား ကလေးဗိုက်ဆာနေမှာပေါ့ ကိုကိုဆန်ပြုတ်ယူခိုင်းလိုက်မယ်နော်"

"ဟုတ် ကိုကို"

Yoongi ကလေးအတွက်ဆန်ပြုတ်ယူခိုင်းရန်အခန်းရှေ့သို့ထွက်လိုက်ပြီး ခနကြာတော့ ဆန်ပြုတ်ပန်းကန်နဲ့အတူ Jiminနားပြန်ရောက်လာသည်။

"ကိုကို ခွံ့ကျွေးမယ်နော်"

"ဟုတ်"

Yoongiလည်းပူနေတဲ့ဆန်ပြုတ်ကိုမှုတ်ပေးရင်းဖြည်းဖြည်းချင်းတိုက်နေသည်။Jiminလည်းကိုကိုခွံ့ကျွေးတော့စားကောင်းကောင်းနဲ့စားလိုက်တာ နောက်ဆုံးတော့ဆန်ပြုတ်ပန်းကန်ပြောင်သွားသည်။

"ကဲ ကုန်ပြီ..ကိုကို့ကလေးကလိမ္မာလိုက်တာ ဆေးသောက်ရမယ်နော်"

"ဟုတ် ဟီးဟီး"

"ရပြီ ကလေးဆန်ပြုတ်လည်းသောက်ပြီးပြီ ဆေးလည်းသောက်ပြီးပြီဆိုတော့ အိပ်လိုက်ဦးနော်"

"ကိုကို အိမ်မပြန်တော့ဘူးလား"

"ဟောဗျာ ကိုကို့ကလေးကနေမှမကောင်းတာ ကိုကိုကဘယ်လိုလုပ်အိမ်ပြန်နိုင်မလဲဗျာ"

"အာ့ဆို ကိုကိုကအခုဘာလုပ်မှာလဲ"

"ဒီကကလေးလေးအိပ်ပျော်တဲ့အထိစောင့်ပေးမှာပေါ့ဗျာ"

"ဟီးဟီး"

"အိပ်တော့နော် ကိုကိုစောင့်ပေးမယ်"

"ဟုတ်"

Jiminအသက်ရှူမှန်မှန်နဲ့အိပ်ပျော်သွားတော့ ဆေးလည်းကုန်သွားတာကြောင့်ဖြည်းဖြည်းချင်းဖြုတ်ပေးလိုက်သည်။

"အ့"

ဆေးအပ်ဖြုတ်လိုက်တော့နာသွားလို့ မျက်မှောင်ကျုံ့သွားသည်။Yoongiလည်းကလေးငယ်နိုးသွားမှာစိုးလို့ပုခုံးလေးအားဖွဖွလေးပုတ်ပြီးပြန်သိပ်လိုက်သည်။ပြီးတာနဲ့သူ့ကလေးရဲ့နဖူးပြင်လေးအားအနမ်းတစ်ပွင့်ခြွေလိုက်သည်။

အခန်းထဲမှာဖြစ်ပျက်သွားတာတွေကိုအခန်းပြင်ကနေကြားသိနေရတဲ့လူကြီးတွေမှာလည်းပျော်ရွှင်လို့မဆုံးပေ။သမက်ကလည်းကလေးမှကလေးဖြစ်သလို သားကလည်းကိုကိုမှကိုကိုဖြစ်နေပါလေရောလားဒီကလေးတွေနှယ် တတ်လည်းတတ်နိုင်ပါ့...........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရင်ခွင်ထဲကလှုပ်စိလှုပ်စိလေးကြောင့်Yoongiနိုးလာသည်။မျက်လုံးကိုအသာဖွင့်ပြီးကြည့်လိုက်တော့Jiminဆိုတဲ့ကလေးပေါက်က Yoongiကိုယ်ကိုဖက်လုံးနဲ့များမှားလားမသိ လက်တွေရောခြေထောက်တွေနဲ့ပါတက်ခွထားတာ Yoongiလည်းနိုးသွားမှာစိုးလို့အသာငြိမ်နေလိုက်သည်။

မနေ့ညကကလေးအိပ်တာကိုစောင့်ရင်း အလုပ်လုပ်နေလိုက်တာ အလုပ်ပြီးသွားတော့အိမ်ကိုဖုန်းဆက်ပြီးကလေးနေမကောင်းကြောင်းပြောပြတော့အဘိုးကစောင့်ပေးလိုက်ပါဦးဆိုတာနဲ့အိမ်မပြန်တော့တာ။ အလုပ်ပင်ပန်းလို့ကလေးနားခနလှဲနေတာ တခါတည်းအိပ်ပျော်သွားတယ်ထင်တယ် တစ်ညလုံးပါပဲလား ကလေးကတော့ဆေးအရှိန်ကြောင့် နိုးမှာတော့မဟုတ်ပါဘူး

နာရီကြည့်လိုက်တော့ မနက် 6နာရီတောင်ရှိပြီ ကုမ္ပဏီလည်းသွားရ‌ဦးမှာဆိုတော့ မထလို့ကမဖြစ် ကလေးပေါက်ကလည်းဖက်ထားတာမလျော့တော့ Yoongiဘယ်လိုထရမှန်းမသိဖြစ်နေသည်။ သူလှုပ်လိုက်ရင် ကလေးနိုးသွားမှာကြောက်ရသည်။

'ဒေါက်  ဒေါက်!!'

တံခါးခေါက်သံနဲ့အတူအခန်းတံခါးကိုဖွင့်ကာ Jiminမေမေဝင်လာသည်။ သူမလည်းညကYoongiဆင်းလာတာမတွေ့တော့ Ji Jiလေးနားမှာပဲနေနေတယ်ထင်လို့...... မနက်ရောက်တော့ Yoongiအလုပ်သွားရဦးမယ်ဆိုတာသတိရမှ Ji Jiအခန်းကိုလာခြင်း

တံခါးဖွင့်လိုက်တာနဲ့သူ့ကိုကိုကိုဖက်ကာအိပ်ပျော်နေသောသားငယ်ကိုကြည့်ကာ ကြည်နူးမိသည်။ Yoongiကတော့နိုးနေပေမဲ့ ငြိမ်ငြိမ်လေးနေပေးနေသည်။

"သား Yoongi"

"ဟုတ်ကဲ့ အန်တီ အာ."

သူမကိုမြင်တော့Yoongiကထလို့မဖြစ်တာကြောင့် အားနာသွားရသည်။

"ရတယ် ရတယ် နေ သားအလုပ်သွားမှာလား"

"သွားမှာ အန်တီ ဒါမဲ့ ကလေးက.."

"သားစိတ်မပူနဲ့ JiJiကအိပ်မောကျနေရင် လှုပ်နှိုးဖို့မပြောနဲ့alarmမြည်တာတောင်မနိုးဘူး😆😆"

ကလေးအမေပြောတာကြောင့်Yoongiအံ့ဩသွားရသည်။အဲ့ဒါနဲ့ Yoongiလည်းဖြည်းဖြည်းချင်းထကြည့်လိုက်တော့ အမေပြောတာအမှန်ပါပဲ အိပ်ရေးမက်သူပီပီတဖက်တောင်စောင်းအိပ်သွားသေးတယ် ဒီကလေးပေါက်စကတော့....

"ကျွန်တော်လည်းမနေ့ကအလုပ်ကပင်ပန်းလာတော့ အိပ်ပျော်သွားတယ် အန်တီ"

"ရပါတယ်ရှင် သားနေချင်ရင်ဒီမှာတောင်လာနေလို့ရတယ် သားအလုပ်သွားရင်အင်္ကျီတွေကရော"

"ကျွန်တော် လာပို့ခိုင်းလိုက်လို့ရပါတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုအန်တီသွားပြီနော်"

"ဟုတ်ကဲ့"

Yoongiလည်းအန်တီထွက်သွားတာနဲ့ ဟိုအိမ်ကတစ်ယောက်ယောက်ကို အင်္ကျီတစ်စုံလာပို့ခိုင်းလိုက်သည်။မျက်နှာသစ်ရေချိုးပြီးတော့ လာပို့သွားတဲ့အင်္ကျီကိုဝတ်ကာ အလုပ်သွားတော့သည်။အိပ်နေတဲ့ကလေးကိုအနမ်းပေးခဲ့ဖို့လည်းမမေ့ပေ။

Jiminတစ်ယောက်အိပ်ယာနိုးလာတော့ မနေ့ကနဲ့မတူပဲလန်းဆန်းနေသည်။ဆင်မအိပ်ချင်တော့တာနဲ့ကုတင်ပေါ်မှာထထိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်ပြီးသန်းလိုက်သေးသည်။ပြီးမှတစုံတခုကိုသတိရသွားဟန်နှင့် မျက်လုံးပြူးသွားလေသည်။(😆😆)

"အယ်...ကိုကို ကိုကိုဘယ်ရောက်သွားတာလဲ ကိုကိုရော မနေ့ကတောင်ရှိပါသေးတယ် ဟယ် ကိုကိုပျောက်သွားပြီ မေမေရေ!!!!"

Jiminသူ့ကိုကို့ကိုပျောက်နေတယ်ဆိုပြီးအော်ဟစ်နေသည်။အိပ်ချင်မူးတူး ဆံပင်စုတ်ဖွားနှင့်အောက်ထပ်အားအပြေးဆင်းလာသည်။

"မေမေ!!!! မေမေရေ!!!"

"ဟယ် ငါသားလေးဘယ်လိုတောင်ဖြစ်လာတာလဲ အိပ်ချင်မူးတူးနဲ့"

"မေမေ သားကိုကိုမနေ့ကတောင်ရှိပါသေးတယ် အခုတွေ့တော့ဝူး ပျောက်သွားပြီ"

"ဟေ..."

"မေမေ ကိုကိုပျောက်သွားပြီ ကိုကိုကိုယ်ပျောက်သိုင်းများတတ်တာလား ဟင်မေမေ"

"ဟားးးဟားးဟားး"

Jiminပြောလိုက်တဲ့စကားကြောင့် အနားကအမေတင်မဟုတ် စာဖတ်ခန်းထဲကနေထွက်လာတဲ့ဘွားဘွားရော အလုပ်နားတဲ့ဘိုးဘိုးအပြင်အိမ်မှာရှိတဲ့အလုပ်သမားတွေကပါ သူတို့သခင်လေးကြောင့်ရယ်နေရသည်။

"ငါ့မြေးရယ် သားကိုကိုကဘယ်နှယ့်ကိုယ်ပျောက်သိုင်းတုန်း"

"ဟာ ဘိုးဘိုးကလည်း မနေ့ကတောင်သားနဲ့အတူရှိနေတာကို ဒီနေ့မနက်ကျမတွေ့တော့ဘူး အာ့ကိုကိုပျောက်သွားလို့လေ"

"Ji Jiသားကိုကိုကပျောက်သွားတာမဟုတ်ပါဘူး အလုပ်သွားတယ်လေ သားကိုကိုကသားနဲ့တောင်အိပ်ပေးသွားသေးတယ်"

"ဟင်"

"Yoongiကအလုပ်သွားတာပါ JiJiရယ် အိပ်ချင်မူးတူးနဲ့ ပျောက်သွားတာတဲ့လား ဟားဟား...."

"အော် ဟုတ်သား ကိုကိုကအလုပ်သွားတာကို ဟီးဟီး သားမေ့သွားတယ် ဆောတီး ဆောတီး"

"ဒီကလေးလေးကတော့"

"အင်းပါ အလုပ်သွားတာဆိုတော့လည်းသွားပေါ့ သားမျက်နှာမသစ်ရသေးဘူးသွားသစ်လိုက်ဦးမယ် ကိုကို့ကိုလိုက်ရှာလိုက်ရလို့‌မောပြီးဗိုက်လည်းဆာနေပြီ ဟွန့်"

ပြောပြီးအပေါ်ထပ်သို့ပြေးတက်သွားသောJiminကိုကြည့်ကာလူကြီးတွေရဲ့မျက်နှာမှာလည်းအပြုံးတွေနဲ့ပြည့်နှက်နေသည်။အရင်ကတော့ ဖျောင်းဖျလိုက်ရတာ အခုတော့ အိပ်ယာနိုးတာတောင် သူ့ကိုကိုကိုရှာနေပါရောလား........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

                                 

𝐙𝐚𝐰𝐠𝐲𝐢✓✓✓

Yoongiအစည္းအေဝးကေနျပန္လာၿပီး႐ုံးခန္းထဲ၌ အေမာေျဖေနသည္။အလုပ္ေတြကမ်ားလြန္းေတာ့အစည္းအေဝးေတြကလည္းတက္လိုက္ရတာ အခုမွပဲေအးေဆးနားရေတာ့တယ္ နာရီကိုၾကည့္လိုက္ေတာ့ေန႔လည္စာစားခ်ိန္ေတာင္ေက်ာ္သြားၿပီ အခုအခ်ိန္ေလာက္ဆိုကေလးလည္းထမင္းစားၿပီးေလာက္‌ေရာေပါ့။

Yoongiလည္းသူ႕အေမာေျပေလးဆီဖုန္းေခၚလိုက္သည္။ဖုန္းဝင္ၿပီးမၾကာပါဘူး Yoongi‌ေမွ်ာ္ေနတဲ့ အသံစူးစူးေလးကထြက္လာၿပီ.....။

"Hello..ဘယ္သူလဲ ဘာကိစၥလဲ သားမုန္႔စားေနတယ္ အားေသးဝူး"

ဒီကလူကဘာမွမေျပာရေသးဘူး တဖက္ကေနအသံဆာဆာေလးနဲ႔မုန္႔စားရင္းလွမ္းေအာ္ေနတဲ့ကေလးေပါက္...။

"ကိုကိုပါ ကေလးေလးရဲ႕"

"ဟင္ ကိုကိုလား ဟီးဟီး‌ ေဆာတီး သားကမုန္႔စားေနရင္းဖုန္းနံပါတ္မၾကည့္ပဲကိုင္လိုက္ေတာ့ကိုကိုမွန္းမသိလိုက္လို႔ ကိုကို စိတ္ဆိုးနက္ သားမသိလိုက္လို႔ေနာ္ ကိုကို ေနာ္"

ကေလးကYoongiစိတ္ဆိုးမွာစိုးလို႔ အတင္း႐ွင္းျပေနေလရဲ႕ အဲ့ဒါေလးေတြေၾကာင့္ကေလးေလးကို‌ခ်စ္ေနရတာ...

"ကိုကိုစိတ္မဆိုးပါဘူး ကေလးရယ္ ကေလးမုန္႔စားေနတာဆို စားစား ကိုကိုခနေနမွျပန္ေခၚလိုက္မယ္"

"ဟိုးထား...ကိုကို ဖုန္းမခ်နဲ႔"

Yoongiဖုန္းခ်မလို႔လုပ္တုန္းတားသံေလးေပၚလာတာေၾကာင့္ ဖုန္းကိုျပန္နားေထာင္လိုက္သည္။

"ဘာလို႔လဲ ကေလးရဲ႕ ကေလးပဲမုန္႔စားေနတာဆို"

"မုန္႔ကေနာက္မွစားလို႔ရတယ္ကိုကိုရဲ႕ ကိုကိုကခနေနရင္အားခ်င္မွအားေတာ့မွာ အခုကိုကိုအလုပ္အားတုန္းေလးသားဆီဖုန္းဆက္တာမွတ္လား အာ့ေၾကာင့္အခုေျပာ မုန္႔ကိုဂ႐ုမစိုက္နဲ႔ မုန္႔မစားရရင္ေနပါေစ ကိုကိုနဲ႔ကဒီအခ်ိန္ေလးပဲစကားေျပာရတာ..."

Yoongiအံ့ၾသရသည္..စကားကိုမနားပဲတရစပ္ေျပာကာ အစားႀကိဳက္တဲ့ကေလးကသူနဲ႔စကားမေျပာရမွာစိုးလို႔အစားကိုေတာင္ဂ႐ုမစိုက္နဲ႔တဲ့ ပိုပိုခ်စ္ေနရၿပီကေလးငယ္ေရ.....။

"ဟုတ္ပါၿပီဗ်ာ..."

"ကိုကို ထမင္းစားၿပီးၿပီလား"

"မစားရေသးဘူး ကေလးရဲ႕"

"ဟင္ ဘာလို႔မစားေသးတာလဲ ကိုကို ေနာက္က်‌ေနၿပီေလ"

"ကိုကိုအလုပ္မ်ားေနလို႔ပါ"

"သားလာခဲ့ရမလား"

"ဘာလို႔လာမွာလဲ"

"ကိုကို႔ကိုထမင္းခ်ိဳင့္လာပို႔မယ္ေလ"

"ရပါတယ္ဗ်ာ မလာနဲ႔ကေလး ပင္ပန္းေနမယ္"

"ၿပီးေရာ...အာ့ဆိုအခုစား"

"စားပါမယ္ဗ်ာ ကိုကိုအခုပဲစားလိုက္မယ္"

"အြန္း အြန္း တာ့တာ"

"တာ့တာ..."

Yoongiထမင္းစားခ်ိန္ေနာက္က်ၿပီးအစာလြန္ေနၿပီမို႔လို႔မစားေတာ့ဖို႔ေတြးထားေပမဲ့ခ်စ္ရသူရဲ႕စကားကိုမလြန္ဆန္ႏိုင္ဘူးေလအဲ့ဒါနဲ႔အတြင္းေရးမႉးကိုခ်က္ခ်င္းေခၚၿပီးေန႔လယ္စာစီစဥ္ခိုင္းလိုက္ၿပီးထမင္းစားလိုက္သည္။

ညေနအလုပ္ဆင္းေတာ့ Yoongiအိမ္ကိုမျပန္‌ေသးပဲကေလးအိမ္ကိုအရင္ဝင္ဖို႔ဆုံးျဖတ္လိုက္သည္။သူ ကေလးေလးကိုေတြ႕ခ်င္လြန္းလို႔...........။

Parkအိမ္ကိုေရာက္ေတာ့ Yoongiအိမ္ထဲကိုအျမန္ဝင္လိုက္သည္။ အိမ္ထဲေရာက္ေတာ့ ဘယ္သူမွမေတြ႕တာနဲ႔ ဟို႐ွာဒီ႐ွာလိုက္႐ွာမိသည္။ထိုစဥ္ အေပၚထပ္ကေန အလုပ္သမားတစ္ေယာက္ကဗန္းကိုကိုင္ကာဆင္းလာသည္။အလုပ္သမားလည္းYoongiကိုေတြ႕ေတာ့

"CEO Min..သခင္ေလးဆီလာတာလား႐ွင့္"

"အင္း အိမ္ကလူေတြဘယ္ေရာက္ကုန္တာလဲ"

"အေပၚမွာ႐ွိပါတယ္"

"အကုန္လုံးအေပၚထပ္မွာဘာလုပ္ေနၾကတာလဲ"

"ဟို..ဟိုေလ သခင္ေလးသတိလစ္သြားလို႔ဆရာဝန္ပင့္ထားရတာပါ"

"ဘာ!!!"

ထိုအလုပ္သမားလဲYoongiေအာ္သံေၾကာင့္လန္႔သြားသည္။

ဘာျဖစ္ကုန္တာလဲ ေန႔လည္ကေတာင္သူနဲ႔စကားေျပာေနတုန္းကအေကာင္းႀကီးကို...Yoongiခ်က္ခ်င္းကေလးငယ္အခန္းဆီတက္လာခဲ့သည္။

Yoongiအခန္းတံခါးဖြင့္လိုက္ေတာ့ အခန္းထဲမွာ လူႀကီးေတြအကုန္႐ွိသည္။သူတို႔လည္းYoongiကိုျမင္ေတာ့မွစိတ္ေလ်ာ့သြားသလို......

"သား Yoongi လာ.."

"အန္တီ.ကေလးက ဘယ္လိုျဖစ္တာလဲ ေန႔လည္ကေတာင္ကြၽန္ေတာ္နဲ႔စကားေျပာေနေသးတယ္"

"ဟုတ္တယ္ သားေရ ေန႔လည္ကအေကာင္းႀကီး ခုနကသူ႕အဘိုးနဲ႔စကားေျပာေနရင္းေမ့လဲသြားလို႔"

"Jiminieေလးႏိုးလာရင္သိပ္မလႈပ္႐ွားခိုင္းပါနဲ႔ဦးေနာ္ ၿပီးေတာ့အစာကိုလည္းဝင္ေအာင္ေကြၽးေပးပါ ေဆးကုန္သြားရင္ အပ္ျဖဳတ္လိုက္လို႔ရတယ္ေနာ္"

"ေကာင္းပါၿပီ ေဒါက္တာ"

"မအားတဲ့ၾကားကလာေပးလို႔ Seokjinကိုလည္းေက်းဇူးတင္ပါတယ္ကြယ္"

"ရပါတယ္ဗ်..ကြၽန္ေတာ္သြားလိုက္ပါဦးမယ္"

"ေအးေအး Seokjinကိုလိုက္ပို႔ေပးလိုက္ၾကဦး"

ဥကၠဌႀကီးတို႔လည္းParkအိမ္ရဲ႕Family doctorျဖစ္တဲ့Kim Seokjinကိုေက်းဇူးတင္ေၾကာင္းေျပာၿပီးအလုပ္သမား‌ေတြကိုလိုက္ပို႔ခိုင္းလိုက္သည္။

Yoongiလည္းကုတင္ေပၚမွာမ်က္ႏွာေလးျဖဴဖပ္ျဖဴေရာ္ျဖစ္ၿပီးလက္မွာလဲ‌ေဆးပိုက္ေတြခ်ိတ္ထားရင္းလဲေလ်ာင္းေနတဲ့သူ႕ကေလးငယ္ကိုၾကည့္ၿပီးရင္နာရသည္။ကေလးရဲ႕ဆံပင္ေလးေတြကိုသပ္ေပးလိုက္ရင္းပါးေလးကိုပါလက္ဖဝါးေလးနဲ႔ခနထိကပ္လိုက္သည္။

ႏွလုံးေရာဂါ႐ွိတဲ့Jiminကနဂိုတည္းကခံႏိုင္ရည္အားနည္းေတာ့ ခနခနသတိလစ္တတ္သည္။Jiminတို႔အိမ္ကလူႀကီးေတြအတြက္ေတာ့ ဒါဟာျဖစ္ေနက်ဆိုေပမဲ့ စိတ္ပူတာေတာ့ေလ်ာ့မသြားေပ။အိမ္ရဲ႕အခ်စ္ဆုံးေလးကဒီလိုခံေနရေတာ့ဘယ္သူကစိတ္ေကာင္းပါ့မလဲ။

"ဥကၠဌႀကီးတို႔နားလိုက္ပါ ကြၽန္ေတာ္ကေလးကိုၾကည့္ေပးထားပါ့မယ္"

"ေအးကြယ္ ေမာင္ရင္ကပဲၾကည့္ေပးထားပါဦး"

"ဟုတ္ကဲ့ စိတ္မပူပါနဲ႔ဗ်"

လူႀကီးေတြလည္းအျပင္ထြက္သြားၾကၿပီးအခန္းထဲမွာ Jiminနဲ႔Yoongiပဲက်န္ခဲ့သည္။

Yoongi ကေလးငယ္ကိုၾကည့္ရင္းသနားမိသည္။သူကေလးကိုတျခားအရာေတြကေနကာကြယ္ႏိုင္တယ္ဆိုေပမဲ့ ႐ုတ္တရက္‌ေပၚလာတတ္တဲ့ကေလးရဲ႕ေရာဂါကိုေတာ့ သူမတတ္ႏိုင္ဘူး....ကေလးရဲ႕ေရာဂါေပ်ာက္ဖို႔သူႀကိဳးစား႐ုံပဲ႐ွိေတာ့တာေပါ့

"အင္းးးဟင္းးးး"

Yoongi ေတြးေနတုန္း ကေလးဆီကအသံထြက္လာၿပီး ကေလးငယ္ႏိုးလာသည္။

"ကေလး ႏိုးၿပီလား ဘယ္နားေတြေနလို႔မေကာင္းျဖစ္ေသးလဲ"

"အ့! ကိုကို"

ကေလးက ေခါင္းမူးသြားလို႔ထင္သည္ နားထင္ကိုလက္ႏွင့္ဖိထားသည္။

"အင္း ကေလး သိပ္မလႈပ္႐ွားနဲ႔ဦး ေခါင္းပိုမူးသြားလိမ့္မယ္ ခနေမွးေနလိုက္ဦး"

Yoongiေျပာလိုက္ေတာ့ Jiminမ်က္လုံးကိုျပန္‌မွိတ္လိုက္ကာၿငိမ္ေနလိုက္သည္။ၿပီးမွမ်က္လုံးကိုျဖည္းျဖည္းဖြင့္လိုက္ရင္းYoongiကိုၾကည့္လာသည္။

"ကိုကို ဘယ္လိုလို႔ဒီကိုေရာက္ေနတာလဲ"

"ကိုကို အလုပ္ကျပန္ရင္းက‌ေလးဆီတန္းဝင္လာတာ ဒီေရာက္ေတာ့ ကေလးသတိလစ္ေနတယ္လဲဆိုေရာ ကိုကိုလန္႔သြားတာပဲ"

"အူးဝါးးးးကိုကို"

ကေလးေပါက္က႐ုတ္တရက္Yoongiကိုထဖက္ရင္းေအာ္ငိုလာတာေၾကာင့္Yoongiလန္႔သြားသည္။

"ကေလးငယ္ ဘာလို႔လဲ ကိုကို႔ကိုေျပာ ဘာလို႔ငိုတာလဲ"

"အဟင့္..ေပ်ာ္လို႔ ဟင့္ ၿပီးေတာ့လြမ္းလို႔ အဟင့္"

"လြမ္းတာကထားပါ ကေလးကဘာလို႔ေပ်ာ္တာတုန္း"

Yoongiလည္းဖက္ထားရက္နဲ႔ပင္ ကေလးငယ္ကိုျပန္ေမးသည္။

"သားကကိုကို႔ကိုလြမ္းေနတာေလ သားႏိုးလာေတာ့ပထမဆုံးျမင္ရတဲ့သူကလည္းကိုကိုျဖစ္ေနတာကို အဲ့ေတာ့‌ေပ်ာ္တာေပါ့လို႔"

Jiminရဲ႕အေျဖေၾကာင့္Yoongiသေဘာတက်ျပဳံးမိသည္။

"အိုက္ယိုး ခ်စ္ဖို႔ေကာင္းလိုက္တာ"

"အ့!"

Yoongiကသူ႕ေ႐ွ႕ကခ်စ္ဖို႔ေကာင္းေနတဲ့ကေလးေလးကိုအသည္းယားၿပီးပါးေလးအားဆြဲမိသည္။ကေလးေပါက္ကနာသြားလို႔ထင္တယ္ သူဆြဲလိုက္တဲ့ပါးေလးကိုသူ႕လက္ေသးေသးေလးနဲ႔ပြတ္ေနသည္။

"ကေလး နာသြားလား ေဆာတီး ကိုကိုအသည္းယားသြားလို႔"

"ဟီးဟီး ရပါတယ္ ကိုကိုဆြဲခ်င္ရင္သားပါးကိုအခ်ိန္တိုင္းဆြဲလို႔ရတယ္ ဟဲဟဲသားကခ်စ္ဖို႔ေကာင္းေတာ့ကိုကိုလည္းအသည္းယားမွာေပါ့"

"ဒီကေလး စကားေတြတတ္ေနပါလား"

"ကိုကို"

"ဗ်ာ"

"သား ဗိုက္ဆာတယ္"

"ဟုတ္သား ကေလးဗိုက္ဆာေနမွာေပါ့ ကိုကိုဆန္ျပဳတ္ယူခိုင္းလိုက္မယ္ေနာ္"

"ဟုတ္ ကိုကို"

Yoongi ကေလးအတြက္ဆန္ျပဳတ္ယူခိုင္းရန္အခန္းေ႐ွ႕သို႔ထြက္လိုက္ၿပီး ခနၾကာေတာ့ ဆန္ျပဳတ္ပန္းကန္နဲ႔အတူ Jiminနားျပန္ေရာက္လာသည္။

"ကိုကို ခြံ႕ေကြၽးမယ္ေနာ္"

"ဟုတ္"

Yoongiလည္းပူေနတဲ့ဆန္ျပဳတ္ကိုမႈတ္ေပးရင္းျဖည္းျဖည္းခ်င္းတိုက္ေနသည္။Jiminလည္းကိုကိုခြံ႕ေကြၽးေတာ့စားေကာင္းေကာင္းနဲ႔စားလိုက္တာ ေနာက္ဆုံးေတာ့ဆန္ျပဳတ္ပန္းကန္ေျပာင္သြားသည္။

"ကဲ ကုန္ၿပီ..ကိုကို႔ကေလးကလိမၼာလိုက္တာ ေဆးေသာက္ရမယ္ေနာ္"

"ဟုတ္ ဟီးဟီး"

"ရၿပီ ကေလးဆန္ျပဳတ္လည္းေသာက္ၿပီးၿပီ ေဆးလည္းေသာက္ၿပီးၿပီဆိုေတာ့ အိပ္လိုက္ဦးေနာ္"

"ကိုကို အိမ္မျပန္ေတာ့ဘူးလား"

"ေဟာဗ်ာ ကိုကို႔ကေလးကေနမွမေကာင္းတာ ကိုကိုကဘယ္လိုလုပ္အိမ္ျပန္ႏိုင္မလဲဗ်ာ"

"အာ့ဆို ကိုကိုကအခုဘာလုပ္မွာလဲ"

"ဒီကကေလးေလးအိပ္ေပ်ာ္တဲ့အထိေစာင့္ေပးမွာေပါ့ဗ်ာ"

"ဟီးဟီး"

"အိပ္ေတာ့ေနာ္ ကိုကိုေစာင့္ေပးမယ္"

"ဟုတ္"

Jiminအသက္႐ွဴမွန္မွန္နဲ႔အိပ္ေပ်ာ္သြားေတာ့ ေဆးလည္းကုန္သြားတာေၾကာင့္ျဖည္းျဖည္းခ်င္းျဖဳတ္ေပးလိုက္သည္။

"အ့"

ေဆးအပ္ျဖဳတ္လိုက္ေတာ့နာသြားလို႔ မ်က္ေမွာင္က်ံဳ႕သြားသည္။Yoongiလည္းကေလးငယ္ႏိုးသြားမွာစိုးလို႔ပုခုံးေလးအားဖြဖြေလးပုတ္ၿပီးျပန္သိပ္လိုက္သည္။ၿပီးတာနဲ႔သူ႕ကေလးရဲ႕နဖူးျပင္ေလးအားအနမ္းတစ္ပြင့္ေႁခြလိုက္သည္။

အခန္းထဲမွာျဖစ္ပ်က္သြားတာေတြကိုအခန္းျပင္ကေနၾကားသိေနရတဲ့လူႀကီးေတြမွာလည္းေပ်ာ္႐ႊင္လို႔မဆုံးေပ။သမက္ကလည္းကေလးမွကေလးျဖစ္သလို သားကလည္းကိုကိုမွကိုကိုျဖစ္ေနပါေလေရာလားဒီကေလးေတြႏွယ္ တတ္လည္းတတ္ႏိုင္ပါ့...........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရင္ခြင္ထဲကလႈပ္စိလႈပ္စိေလးေၾကာင့္Yoongiႏိုးလာသည္။မ်က္လုံးကိုအသာဖြင့္ၿပီးၾကည့္လိုက္ေတာ့Jiminဆိုတဲ့ကေလးေပါက္က Yoongiကိုယ္ကိုဖက္လုံးနဲ႔မ်ားမွားလားမသိ လက္ေတြေရာေျခေထာက္ေတြနဲ႔ပါတက္ခြထားတာ Yoongiလည္းႏိုးသြားမွာစိုးလို႔အသာၿငိမ္ေနလိုက္သည္။

မေန႔ညကကေလးအိပ္တာကိုေစာင့္ရင္း အလုပ္လုပ္ေနလိုက္တာ အလုပ္ၿပီးသြားေတာ့အိမ္ကိုဖုန္းဆက္ၿပီးကေလးေနမေကာင္းေၾကာင္းေျပာျပေတာ့အဘိုးကေစာင့္ေပးလိုက္ပါဦးဆိုတာနဲ႔အိမ္မျပန္ေတာ့တာ။ အလုပ္ပင္ပန္းလို႔ကေလးနားခနလွဲေနတာ တခါတည္းအိပ္ေပ်ာ္သြားတယ္ထင္တယ္ တစ္ညလုံးပါပဲလား ကေလးကေတာ့ေဆးအ႐ွိန္ေၾကာင့္ ႏိုးမွာေတာ့မဟုတ္ပါဘူး

နာရီၾကည့္လိုက္ေတာ့ မနက္ 6နာရီေတာင္႐ွိၿပီ ကုမၸဏီလည္းသြားရ‌ဦးမွာဆိုေတာ့ မထလို႔ကမျဖစ္ ကေလးေပါက္ကလည္းဖက္ထားတာမေလ်ာ့ေတာ့ Yoongiဘယ္လိုထရမွန္းမသိျဖစ္ေနသည္။ သူလႈပ္လိုက္ရင္ ကေလးႏိုးသြားမွာေၾကာက္ရသည္။

'ေဒါက္  ေဒါက္!!'

တံခါးေခါက္သံနဲ႔အတူအခန္းတံခါးကိုဖြင့္ကာ Jiminေမေမဝင္လာသည္။ သူမလည္းညကYoongiဆင္းလာတာမေတြ႕ေတာ့ Ji Jiေလးနားမွာပဲေနေနတယ္ထင္လို႔...... မနက္ေရာက္ေတာ့ Yoongiအလုပ္သြားရဦးမယ္ဆိုတာသတိရမွ Ji Jiအခန္းကိုလာျခင္း

တံခါးဖြင့္လိုက္တာနဲ႔သူ႕ကိုကိုကိုဖက္ကာအိပ္ေပ်ာ္ေနေသာသားငယ္ကိုၾကည့္ကာ ၾကည္ႏူးမိသည္။ Yoongiကေတာ့ႏိုးေနေပမဲ့ ၿငိမ္ၿငိမ္ေလးေနေပးေနသည္။

"သား Yoongi"

"ဟုတ္ကဲ့ အန္တီ အာ."

သူမကိုျမင္ေတာ့Yoongiကထလို႔မျဖစ္တာေၾကာင့္ အားနာသြားရသည္။

"ရတယ္ ရတယ္ ေန သားအလုပ္သြားမွာလား"

"သြားမွာ အန္တီ ဒါမဲ့ ကေလးက.."

"သားစိတ္မပူနဲ႔ JiJiကအိပ္ေမာက်ေနရင္ လႈပ္ႏိႈးဖို႔မေျပာနဲ႔alarmျမည္တာေတာင္မႏိုးဘူး😆😆"

ကေလးအေမေျပာတာေၾကာင့္Yoongiအံ့ဩသြားရသည္။အဲ့ဒါနဲ႔ Yoongiလည္းျဖည္းျဖည္းခ်င္းထၾကည့္လိုက္ေတာ့ အေမေျပာတာအမွန္ပါပဲ အိပ္ေရးမက္သူပီပီတဖက္ေတာင္ေစာင္းအိပ္သြားေသးတယ္ ဒီကေလးေပါက္စကေတာ့....

"ကြၽန္ေတာ္လည္းမေန႔ကအလုပ္ကပင္ပန္းလာေတာ့ အိပ္ေပ်ာ္သြားတယ္ အန္တီ"

"ရပါတယ္႐ွင္ သားေနခ်င္ရင္ဒီမွာေတာင္လာေနလို႔ရတယ္ သားအလုပ္သြားရင္အက်ႌေတြကေရာ"

"ကြၽန္ေတာ္ လာပို႔ခိုင္းလိုက္လို႔ရပါတယ္"

"ဟုတ္ၿပီ ဟုတ္ၿပီ ဒါဆိုအန္တီသြားၿပီေနာ္"

"ဟုတ္ကဲ့"

Yoongiလည္းအန္တီထြက္သြားတာနဲ႔ ဟိုအိမ္ကတစ္ေယာက္ေယာက္ကို အက်ႌတစ္စုံလာပို႔ခိုင္းလိုက္သည္။မ်က္ႏွာသစ္ေရခ်ိဳးၿပီးေတာ့ လာပို႔သြားတဲ့အက်ႌကိုဝတ္ကာ အလုပ္သြားေတာ့သည္။အိပ္ေနတဲ့ကေလးကိုအနမ္းေပးခဲ့ဖို႔လည္းမေမ့ေပ။

Jiminတစ္ေယာက္အိပ္ယာႏိုးလာေတာ့ မေန႔ကနဲ႔မတူပဲလန္းဆန္းေနသည္။ဆင္မအိပ္ခ်င္ေတာ့တာနဲ႔ကုတင္ေပၚမွာထထိုင္ကာ ဟိုၾကည့္ဒီၾကည့္လုပ္ၿပီးသန္းလိုက္ေသးသည္။ၿပီးမွတစုံတခုကိုသတိရသြားဟန္ႏွင့္ မ်က္လုံးျပဴးသြားေလသည္။(😆😆)

"အယ္...ကိုကို ကိုကိုဘယ္ေရာက္သြားတာလဲ ကိုကိုေရာ မေန႔ကေတာင္႐ွိပါေသးတယ္ ဟယ္ ကိုကိုေပ်ာက္သြားၿပီ ေမေမေရ!!!!"

Jiminသူ႕ကိုကို႔ကိုေပ်ာက္ေနတယ္ဆိုၿပီးေအာ္ဟစ္ေနသည္။အိပ္ခ်င္မူးတူး ဆံပင္စုတ္ဖြားႏွင့္ေအာက္ထပ္အားအေျပးဆင္းလာသည္။

"ေမေမ!!!! ေမေမေရ!!!"

"ဟယ္ ငါသားေလးဘယ္လိုေတာင္ျဖစ္လာတာလဲ အိပ္ခ်င္မူးတူးနဲ႔"

"ေမေမ သားကိုကိုမေန႔ကေတာင္႐ွိပါေသးတယ္ အခုေတြ႕ေတာ့ဝူး ေပ်ာက္သြားၿပီ"

"ေဟ..."

"ေမေမ ကိုကိုေပ်ာက္သြားၿပီ ကိုကိုကိုယ္ေပ်ာက္သိုင္းမ်ားတတ္တာလား ဟင္ေမေမ"

"ဟားးးဟားးဟားး"

Jiminေျပာလိုက္တဲ့စကားေၾကာင့္ အနားကအေမတင္မဟုတ္ စာဖတ္ခန္းထဲကေနထြက္လာတဲ့ဘြားဘြားေရာ အလုပ္နားတဲ့ဘိုးဘိုးအျပင္အိမ္မွာ႐ွိတဲ့အလုပ္သမားေတြကပါ သူတို႔သခင္ေလးေၾကာင့္ရယ္ေနရသည္။

"ငါ့ေျမးရယ္ သားကိုကိုကဘယ္ႏွယ့္ကိုယ္ေပ်ာက္သိုင္းတုန္း"

"ဟာ ဘိုးဘိုးကလည္း မေန႔ကေတာင္သားနဲ႔အတူ႐ွိေနတာကို ဒီေန႔မနက္က်မေတြ႕ေတာ့ဘူး အာ့ကိုကိုေပ်ာက္သြားလို႔ေလ"

"Ji Jiသားကိုကိုကေပ်ာက္သြားတာမဟုတ္ပါဘူး အလုပ္သြားတယ္ေလ သားကိုကိုကသားနဲ႔ေတာင္အိပ္ေပးသြားေသးတယ္"

"ဟင္"

"Yoongiကအလုပ္သြားတာပါ JiJiရယ္ အိပ္ခ်င္မူးတူးနဲ႔ ေပ်ာက္သြားတာတဲ့လား ဟားဟား...."

"ေအာ္ ဟုတ္သား ကိုကိုကအလုပ္သြားတာကို ဟီးဟီး သားေမ့သြားတယ္ ေဆာတီး ေဆာတီး"

"ဒီကေလးေလးကေတာ့"

"အင္းပါ အလုပ္သြားတာဆိုေတာ့လည္းသြားေပါ့ သားမ်က္ႏွာမသစ္ရေသးဘူးသြားသစ္လိုက္ဦးမယ္ ကိုကို႔ကိုလိုက္႐ွာလိုက္ရလို႔‌ေမာၿပီးဗိုက္လည္းဆာေနၿပီ ဟြန္႔"

ေျပာၿပီးအေပၚထပ္သို႔ေျပးတက္သြားေသာJiminကိုၾကည့္ကာလူႀကီးေတြရဲ႕မ်က္ႏွာမွာလည္းအျပဳံးေတြနဲ႔ျပည့္ႏွက္ေနသည္။အရင္ကေတာ့ ေဖ်ာင္းဖ်လိုက္ရတာ အခုေတာ့ အိပ္ယာႏိုးတာေတာင္ သူ႕ကိုကိုကို႐ွာေနပါေရာလား........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

                                 

There are no comments yet. Log in to be the first to leave a review!

Similar stories