Fanfics

Part - 3

19:37, 12 September 2021

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Minအိမ်တော်၌....Yoongiညအိပ်ခါနီး ကုတင်ပေါ်မှာထိုင်ကာစာအုပ်ဖတ်နေသည်။အလုပ်အားလို့ဘာမှလုပ်စရာမရှိတဲ့အချိန်စာဖတ်တတ်တာလည်းသူ့အကျင့်တစ်ခုပင်......

ထိုစဉ် ဖုန်းမှ Vibrateသံမြည်လို့ကြည့်လိုက်တော့ Unknown number...Yoongiလည်းဘယ်သူ့ဖုန်းမှန်းမသိပေမဲ့ အရေးကြီးတဲ့ဖုန်းဖြစ်နေမှာစိုးလို့ ကိုင်လိုက်သည်။

"Hello.."

"Hello..ကိုကိုလား"

"ဘယ်ကကိုကိုလဲ.."

"အခုပြောနေတာMin Yoongiမှတ်လား"

"ဟုတ်တယ် မင်းကဘယ်သူလဲလို့"

"ကိုကို!!"

"ဘယ်ကိုကိုလဲ..မင်းဘယ်သူလဲလို့မေး‌နေ တာကိုမဖြေပဲနဲ့..တီ!"

Yoongiလည်းစိတ်ပေါက်ပေါက်နဲ့ဖုန်းကိုချပစ်လိုက်သည်။ နာမည်မေးတော့မပြောနဲ့ တစ်ကိုကိုတည်းကိုကိုနေတယ်...ဖုန်းပြန်လာလို့ကြည့်လိုက်တော့ ခုနကနံပါတ်ပဲ မကိုင်ပေမဲ့ ခနခနခေါ်နေတော့ ဒေါသထွက်လာတာနဲ့ နောက်ထပ်လာတော့‌ကိုင်လိုက်ရသည်။

"ကိုကို..ဖုန်းမချနဲ့နော်.."

"တောက်စ်!!!"

"အူးဝါးးးးးးးဗြဲ..အီးဟီးးးးးအူးဝါးးးးးးး"

Yoongiလည်းသူ့ကို ကိုကိုလို့ခေါ်တာကိုမရပ်ပဲဖုန်းမချဖို့တောင်ပြောနေတော့ ဒေါသထွက်ပြီး တောက်ခေါက်လိုက်တော့ တခါတည်းငိုသံကြီးထွက်လာပါလေရော....

"........"

"အီးဟီးးးကိုယ့်ခင်ပွန်းလောင်းရဲ့အဟင့်..အ အသံကိုတောင် အီးဟီးးးးးမမှတ်မိဘူးလား အဟင့်...."

"ဟင်...Ji Ji"

ဒါဆို ကလေးပေါက်ပေါ့.....

"အဟင့်.နာမည်ပြောမို့ကို..အဟင့် နားမထောင်ပဲနဲ့..လူကိုအသေအော်နေတယ် အီးဟီးးးးးးး"

"Ji Ji..ကိုယ်"

"သူများက လွမ်းလို့ အဟင့် စကားပြောချင်လွန်းလို့ ဟင့်..မေမေတို့ဆီကနေဖုန်းနံပါတ်တောင်တောင်းပြီးဖုန်းခေါ်တာကိုအဟင့်..သူများကိုတောက်စ်တွေလည်းခေါက်တယ် အော်လည်းအော်တယ် အူးဝါးးးးး"

"Ji Ji"

"အခုမှ Ji Jiလာလုပ်မနေနဲ့ သွား မခေါ်ဝူး အူးဝါးးးးဗြဲ......."

"မဟုတ်..Ji Ji..Ji Ji hello"

Yoongiလည်းပြောရန်‌ပြင်တော့ အပြောမခံပဲဖုန်းချသွားပါလေရော...ကိုယ်ကအစတည်းကစိတ်မရှည်တတ်တဲ့သူဆိုတော့ ဒေါသထွက်ပြီးအော်မိတယ်...ကလေးပေါက်ကိုချော့ရဦးမှာပဲ....

Yoongi Jiminကိုချော့ဖို့ဖုန်းပြန်ခေါ်တော့ ကိုယ်တော်ချောကဖုန်းကိုမကိုင်တဲ့အပြင် ချချပစ်နေသည်။ ဒီကလေးကောက်သွားပြီ....အဲ့ဒါနဲ့ ဒုဥက္ကဌParkကိုဖုန်းခေါ်လိုက်ရသည်။ဖြစ်စဉ်တွေအကုန်ပြောပြလိုက်သည်။ကလေးစိတ်ကောက်နေတာလည်းအပါအဝင်ပေါ့။

"ဟုတ်ပြီ သား အဖေ နားလည်ပြီ အဲ့ဒါဆို ဒါပဲနော် သားကိုသွားကြည့်လိုက်ဦးမယ်"

ဒုဥက္ကဌလည်းဖုန်းချပြီးတာနဲ့သူ့မိန်းမကိုပြောပြလိုက်သည်။

"ဒီကလေးတွေနဲ့တော့...Ji Jiကိုသွားကြည့်ရအောင်"

"အေးအေး"

ဒုဥက္ကဌတို့လင်မယားလည်းအပေါ်ထပ်ကိုတက်ပြီးJiminအခန်းဆီသွားသည်။အခန်းကိုလော့မချထားတာနဲ့ နှစ်ယောက်လုံးဝင်လိုက်တော့Jiminကကုတင်ပေါ်မှာခေါင်းအုံး‌ကို မျက်နှာကြီးအပ်ပြီးမှောက်ရပ်ကြီး။

"Ji Ji သားလေး"

"ဟင်"

ခေါ်လိုက်တော့ အလန့်တကြားနဲ့ထကြည့်တဲ့Jimin..Jiminလည်း ကိုကိုကမသိလို့အော်လိုက်မိတယ်ဆိုပေမဲ့ Jiminကိုအော်တယ်ဆိုတဲ့အသိကဝမ်းနည်းဖို့ကောင်းသည်။အဲ့ဒါနဲ့ဖုန်းချလိုက်ပြီး ငိုနေမိသည်။မေမေတို့ရောက်လာတော့လန့်သွားပြီး မျက်ရည်တွေကိုလက်နဲ့အတင်းသုတ်နေမိသည်။

"သားလေး မငိုပါနဲ့ တိတ်တော့"

"အဟင့်.."

Jiminကငိုတာကိုရပ်လိုက်ပေမဲ့ တချက်တချက်ရှိုက်သံလေးတွေထွက်လာသေးသည်။

"သားကိုကိုက‌ဖေဖေ့ကိုဖုန်းဆက်ပြီးပြောတယ်..တောင်းပန်ပါတယ်တဲ့သားကိုကိုကမသိလိုက်လို့အော်မိတာပါတဲ့ အရမ်းဝမ်းနည်းမနေနဲ့တော့"

"ဟုတ်.."

ထိုစဉ်Jiminဆီမှဖုန်းသံမြည်လာတော့ contantက"❣️ကိုကို❣️"တဲ့Jiminမိဘတွေလည်းမြင်သွားတော့ Jiminကို ကိုင်လိုက်ဆိုတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြသည်။Jiminဖုန်းကိုင်လိုက်တော့ မိဘတွေကလည်းအလိုက်တသိနဲ့ထွက်သွားပေးသည်။

"အဟင့်..Hello"

"Ji Ji ငိုနေတာလား"

"........"

"မငိုနဲ့တော့ ကိုကိုတောင်းပန်တယ်နော် Ji Jiကိုအော်မိတယ်...မငိုနဲ့ လိမ္မာတယ်"

"ဟုတ်..ငိုတော့မငိုတော့ဘူး ဒါမဲ့ ကိုကို့ကိုစိတ်ဆိုးတယ် သားကစကားပြောချင်လို့ပါဆို ဖုန်းလည်းမကိုင်ဘူး"

"အင်း အခုကိုကိုနဲ့စကားပြောကြရအောင်လေ"

"မပြောဘူး"

"ဟောဗျာ..ဘယ်လိုဖြစ်ပြန်တာတုန်း"

"မသိဘူး ‌မပြောချင်တော့ဘူး ဒါပဲ"

Jiminလည်းကိုကို့ကိုစိတ်ဆိုးနေတာကြောင့်ဖုန်းချပစ်လိုက်သည်။အခုတော့ငိုရတာမောသွားပြီ အိပ်တော့မယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

နောက်နေ့မနက် နေရောင်စူးစူးကအခန်းတစ်ခုကပြတင်း‌ပေါက်ကို ထိုးခွင်းဝင်ရောက်ကာ ထိုအခန်းထဲရှိနေရာတချို့သို့ရောင်ခြည်များဖြာကျနေသည်။ကုတင်‌ပေါ်ကကောင်လေးမှာလည်း ပြတင်းပေါက်ဘက်ကိုမျက်နှာပေးကာဘေးတစ်စောင်းလှဲအိပ်နေတာကြောင့် ထိုကောင်လေးရဲ့မျက်နှာပေါ်သို့နေရောင်ခြည်တွေကကျရောက်နေသည်။

မနက်မိုးလင်းလို့ဖြစ်ပေါ်လာတဲ့နေရောင်စူးစူးကြောင့်အိပ်ယာမှနိုးလာကာလေးလံနေတဲ့မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်ကာ အိပ်ယာနိုးနိုးချင်းဖြစ်တတ်တဲ့သန်းခြင်းအလုပ်ကိုလုပ်ဆောင်လိုက်သည်။သူတစ်ယောက်တည်းရှိသည်အထင်နှင့် သန်းခြင်းအလုပ်နှင့်အတူတခါတည်းအပျင်းကြောပါဆန့်မိလိုက်သည်။

နောက်ကျောမလုံသလို့ခံစားလာရတာကြောင့်အိပ်နေရာကနေချက်ချင်းထထိုင်ကာ နောက်ကျောလှည့်ကြည့်မိတော့ အခန်းတံခါးကိုမှီလျက်လက်ကိုပိုက်ကာ ကြည့်နေသောထိုလူ......။

'ဗုန်း!!' 'အ့'

Jiminလည်းအလန့်လွန်ပြီး ထခုန်မတက်ဖြစ်သွားကာ သတိထားမိတဲ့အချိန်မှာတော့ ကိုယ်တိုင်ကိုကစောင်တွေနဲ့အတူ ကုတင်အောက်ခြေမှာအပုံရက်သား။

အိပ်ယာနိုးနိုးချင်းမို့ ချစ်စရာထိုလူသားကဆံပင်‌စုတ်ဖွား ကာတွန်းပုံညဝတ်အင်္ကျီမှာလည်း တွန့်ကြေကာ အလန့်လွန်ပြီးစောင်တွေနဲ့ပါ လုံးထွေးနေတော့ မြင်ရတဲ့သူအဖို့ ထိုလူသားဟာ စောင်ပုံထဲကဝါဂွမ်းလုံးလေးပမာ။

နောက်မှJiminလည်းသတိပြန်ဝင်လို့ကြည့်လိုက်တော့မှ

"ကိုကို"

Yoongi မနေ့ညကသူ့ကိုစိတ်ကောက်သွားတဲ့ ထိုဝါဂွမ်း‌လုံးလေးကိုလာပြန်ချော့ခြင်းကုမ္ပဏီမသွားခင်Parkအိမ်ကိုဝင်ပြီးကလေးစိတ်ဆိုးပြေအောင်အရင်ချော့ရမယ် အိမ်ရောက်တော့ကလေးပေါက်ကအိပ်တုန်းဆိုလို့ ကလေးပေါက်ရဲ့အမေနဲ့အဖေကိုခွင့်တောင်းကာကလေးငယ်ရဲ့အခန်းသို့တက်လာခဲ့သည်။ သူအခန်းထဲဝင်သွားတော့ အိပ်မောကျနေတဲ့အကောင်ပေါက်လေးကိုမနှိုးရက်တာနဲ့ ဒီတိုင်းစောင့်ကြည့်နေလိုက်သည်။

ခနကြာတော့ လူးလွန့်ကာ နိုးလာပြီး အားရပါးရပျင်းကြောဆန့်ကာသန်းနေတဲ့အကောင်ပေါက်ကိုကြည့်ပြီးအူယားလာသည်။ Yoongiကိုမြင်တော့ လန့်သွားပုံရသည်။ကုတင်ပေါ်ကနေစောင်တွေနဲ့လုံးထွေးကာပြုတ်ကျသည်။Yoongiခမျာရီချင်စိတ်ကိုမနည်းအောင့်ထားရသည်။ဒီတိုင်းရပ်ကြည့်နေလို့မဖြစ်တာကြောင့် ကလေးပေါက်ကိုသွားထူရသေးသည်။

"Ji Ji နာသွားလား ဖြည်းဖြည်းထ"

"အားလားလား..သားဖင်နာသွားပြီ"

"အင်း ထ ကိုကိုထူပေးမယ်"

Yoongi Jiminကိုထူပေးလိုက်ပြီးပြုတ်ကျနေတဲ့စောင်တွေကိုကောက်တင်ပေးလိုက်သည်။

"Ji Jiမျက်နှာသစ်လိုက်ဦး"

"ဟွန့်..."

Yoongiမှမျက်နှာသစ်ရန်ပြောတော့ နှုတ်ခမ်းကြီးဆူကာ ခြေထောက်ဆောင့်ပြီးကော့တော့ကော့တော့နဲ့ရေချိုးခန်းထဲဝင်သွားသည်။ငါဘာအပြစ်လုပ်မိလို့လဲ....

Jiminလဲကျတော့ လာထူပေးတဲ့ကိုကို့ကိုမြင်တော့စိတ်ထဲပျော်ရွှင်မိပေမဲ့ မနေ့ညကကိစ္စကိုမကျေနပ်သေးဘူး..မနက်အစောကြီးသူများအိမ်ကိုဘာလာလုပ်မှန်းမသိဘူး အလုပ်ကျမသွားပဲနဲ့သူများအိမ်ကိုအားအားယားယား...

Jiminတစ်ယောက်ရေချိုးခန်း၌ အပြင်ကYoongiကိုမေတ္တာပို့နေသည်။မျက်နှာသစ်ပြီးထွက်လာတော့ ရှင်းလင်းနေတဲ့အိပ်ယာနဲ့အတူကုတင်ထောင့်စွန်းမှာထိုင်နေတဲ့ကိုကို...အိပ်ယာကကိုကိုသိမ်းပေးထားတာပဲနေမှာ..အဟွန်းတော်တယ် စိတ်ဆိုးနဲနဲပြေပေးမယ် နဲနဲဆိုပိစိလေးမှပိစိ...

"ကလေး"

ဘယ်လို ဘယ်လို ကိုကိုငါ့ကိုဘယ်လိုခေါ်လိုက်တယ် ငါနားကြားမှားတာတော့မဟုတ်ဘူးမှတ်လား တခြားသူကိုခေါ်တယ်ဆိုလည်းဒီအခန်းထဲမှာငါနဲ့သူနဲ့ကလွဲပြီးဘယ်သူရှိသေးလို့လဲ ပြီးတော့ ငါ့ကိုကြည့်နေတာ အိုက်ယိုး ဒီကိုကို ဘာတွေစတန့်ထွင်နေပြန်ပြီလဲ

"ကလေး..ကိုကို့ကိုစိတ်ဆိုးမပြေသေးဘူးလား"

"........"

Yoongiသူ့ရှေ့ကနေဘာစကားမှမပြောပဲအသံတိတ်နေတဲ့ကလေးကိုကြည့်ကာစကားတောင်မပြောချင်လောက်အောင်စိတ်ဆိုးသွားတယ်လို့တောင်ထင်မိသည်။

Yoongiလည်းဆုံးဖြတ်ချက်ချပြီး ကလေးနားသွားကာ သူ့ကိုကြောင်ကြည့်နေတဲ့ကလေးကိုရင်ခွင်ထဲထွေးပွေ့လိုက်သည်။

Jiminလည်းကိုကိုလုပ်လိုက်တဲ့အပြုအမူကြောင့်ကြောင်သွားသည်။ပြီးတာနဲ့ကိုကိုကဖက်ထားရင်းနဲ့စကားစလာသည်။

"ကလေး..ကိုကိုကလေးကိုအော်မိတာတောင်းပန်တယ်နော် ကိုကို့ကိုစိတ်မဆိုးပါနဲ့"

"ကိုကို.."

"ကလေးဘာလုပ်ချင်လဲကိုကို့ကိုပြော ကိုကိုဖြည့်ဆည်းပေးမယ် ကိုကို့ကိုစိတ်မဆိုးပါနဲ့တော့"

Jiminတစ်ယောက်Yoongiရင်ခွင်ထဲကနေ အူမြူးနေသည်။ကိုကိုကဒီလိုကျချစ်ဖို့ကောင်းသားပဲ သူ့ကိုအခေါ်အဝေါ်ပြောင်းလိုက်တာရော ရုတ်တရက်ကြီးဖက်ကာချော့နေတာရော ကြည့်ပြီးJiminအသည်းတွေအူတွေဗြောင်းဆန်နေသည်။ကိုကိုကချစ်စရာကြီး သူစိတ်ဆိုးတယ်ဆိုတာတောင်ဘယ်ဘုံရောက်သွားမှန်းမသိ....

"ကိုကို..သားစိတ်မဆိုးပါဘူး ကိုကိုကအော်လိုက်တော့နည်းနည်းစိတ်မကောင်းဖြစ်တာပါ ကိုကို"

Jimin စိတ်မဆိုးဘူးလို့ညာပြောလိုက်သည်။နဂိုတည်းကဝမ်းနည်းနေတဲ့ပုံရှိတဲ့ကိုကိုက အမှန်ပြောလိုက်မှ ပိုဆိုးသွားမယ် ကိုကိုဝမ်းနည်းတာမမြင်ချင်ဘူး အဲ့ဒါဘာကြောင့်လဲ သားကိုကို့ကို သေးသေးလေးချစ်‌နေပြီထင်တယ်😗😗ဒါပေမဲ့ ကိုကို့ဘက်ကရော သားကိုတာဝန်အရမို့ဂရုစိုက်ပေးနေတာလား သားကိုချစ်လို့ဂရုစိုက်ပေးတာလား😢😓 သားသိချင်မိတယ် စိတ်ချပါ သားကကိုကိုဖွင့်ပြောတဲ့အထိစောင့်နေမှာ😊😊သားစောင့်နိုင်ပါတယ်😚😚😚

"အင်းပါ ကလေးမကြိုက်ရင် နောက်မအော်တော့ဘူးနော် အခုအောက်ဆင်းရအောင် ကလေးမနက်စာစားရမယ်လေ"

"ဟုတ်...ကိုကို"

"ဗျာ"

"ကိုကို အလုပ်မသွားရဘူးလား"

"သွားရမှာလေ ကလေးပေါက်လေးတစ်ယောက်စိတ်ကောက်နေလို့အလုပ်မသွားခင်အပြေးလာချော့ရတာ"

"ဟီးဟီး..ကိုကိုကချစ်စရာကြီး"

"ဟုတ်ပါပြီဗျာ"

Yoongi Jiminရဲ့ပုခုံးလေးကိုဖက်ကာ‌ထမင်းစားခန်းသို့ဆင်းလာခဲ့သည်။ဧည့်ခန်းမှာထိုင်နေတဲ့ ကလေးမေမေကမြင်တော့

"အကောက်တော်လေး အကောက်ပြေသွားပြီလား"

"ဟီးဟီး မေမေကလည်း သားကပိစိလေးကောက်တာပါ"

ပိစိလေးဆိုပြီးလက်ညိုးနဲ့လက်မကိုပုံလေးလုပ်ပြနေတဲ့ကလေးကိုကြည့်ပြီးYoongiအသည်းယားနေသည်။

"လာ မနက်စာစားရအောင်"

"ဟုတ် ကိုကို"

Yoongiလည်းကလေးမုန့်စားပြီးတဲ့အထိစောင့်ပြီးမှအလုပ်သွားသည်။သူ့မှာကလေးလေးစိတ်ကောက်မပြေမှာစိုးလို့ မနက်အစောကြီးထပြီးအလုပ်သွားဖို့အကုန်ပြင်ဆင်ပြီးကလေးအိမ်ကိုထွက်လာခဲ့တာ

"ကလေး အာ့ဆိုကိုကိုအလုပ်သွားတော့မယ်နော်"

"ဟုတ် ကိုကို ကားကိုဂရုစိုက်မောင်းနော် တာ့တာ ကိုကို"

"ဟုတ်ကဲ့ပါဗျာ..တာ့တာပါ"

Jiminလည်း ကိုကိုအလုပ်သွားတော့အားရဝမ်းသာစွာနှုတ်ဆက်လိုက်သည်။Jiminပျော်တာပေါ့ ကိုကိုကစတွေ့တုန်းကလိုမဟုတ်ပဲ အခုJiminကိုကလေး ကလေးနဲ့အရမ်းနူးညံ့နေတာ မနက်စာစားတုန်းကလည်းဘေးကနေထိုင်ပြီး စောင့်ပေးနေတာအရင်ကဆို ကိုကို လို့ခေါ်လိုက်ရင် ဟင် တို့ အင်း တို့ အခုများကျတော့ ကိုကို လို့ခေါ်လိုက်ရင် ဗျာ တဲ့ ဟဲဟဲ ကိုကိုကလိမ္မာလိုက်တာ။

Jiminလည်းကိုကို့အကြောင်းတွေးရင်း ‌မျက်နှာကပြုံးဖီးနေသည်။ခနကြာတော့ Jimin phထဲသို့messageတစ်စောင်ဝင်လာသည်။ဖွင့်ကြည့်လိုက်တော့ကိုကို့ဆီက....

📩ကလေး ကိုကိုအလုပ်ကိုရောက်ပြီ ကလေးရောဘာလုပ်နေလဲ📩

ကိုကိုကသူအလုပ်ကိုရောက်ကြောင်းစာပို့တော့ Jiminကလည်းပြန်ပို့လိုက်ပါတယ်

📩ကိုကို့အကြောင်းတွေးနေတာ😚📩

📩ဟားဟား ဒီကလေးကတော့📩

Jiminပြောလိုက်တော့ ကိုကိုပျော်သွားပုံရသည်။တကယ်လည်းတွေးနေတာပဲကို..

📩ကိုကို အလုပ်တွေကိုအရမ်းကြီးလည်းလုပ်မနေနဲ့ဦး ပင်ပန်းနေမှာစိုးလို့📩

📩ဟုတ်ပါပြီဗျာ..အခုကိုကိုအစည်းအဝေးသွားတက်လိုက်ဦးမယ်နော်📩

📩ဟုတ်ကဲ့ တာ့တာ📩

📩တာ့တာ..ကလေး📩

Yoongiလည်းကလေးနဲ့စကားပြောရင်း ကိုယ့်အကြောင်းတွေးနေတယ်ဆိုရော ပျော်မိသည်။ဒီကလေးလေးက Yoongiရဲ့ရေခဲရိုက်ထားတဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့တဲ့တစ်ဦးတည်းသောလူသားလေး။

ငယ်ငယ်ထဲကလူကြီးတွေရဲ့စကားကိုမငြင်းဆန်ခဲ့ဖူးတော့ ဒီအိမ်ထောင်ရေးကိုလည်းအချစ်ပါပါမပါပါသူလက်ခံခဲ့သည်။သူအစကတွေးမိခဲ့သည်။အချစ်မပါပဲဖြစ်တည်လာမဲ့အိမ်ထောင်‌ရေးတစ်ခုမှာ ပျော်ရွှင်မှုဆိုတာရှိလာမှာမဟုတ်ဘူးလို့လေ။သို့ပေမဲ့သူ့အတွေးနဲ့ကွဲလွဲစွာ မင်္ဂလာပွဲကိုလက်ခံခဲ့တာနဲ့တန်အောင် သူ့ဆုံးဖြတ်ချက်မှန်အောင် ဒီ‌ကလေးလေးကသက်သေပြသွားနိုင်သည်။

မိဘတွေကသူတို့နှစ်ဦးဘက်ကိုငဲ့ပေးပြီး တစ်ယောက်ကိုတစ်ယောက်ချစ်လာမှလက်ထပ်ပွဲကိုစီစဉ်ပေးတာ။ထိုဆုံးဖြတ်ချက်ကိုသူသ‌ေဘာကျသည်။အဲ့လိုသာမဟုတ်ရင် ကလေးငယ်ကစိတ်အားငယ်နေမှာလေ။

ကလေးကသာ သူ့ကိုရင်ခုန်သံတွေမြန်လာအောင်လှုံဆော်ပေးတယ်။ကလေးကြောင့် သူပျော်ရတယ်။ကလေးကြောင့် သူရယ်မိတယ်။ဒီကလေး သူ့ဘဝထဲဝင်လာမှပဲ အရင်ကမဖြစ်ဖူးတဲ့ခံစားချက်တွေက အခုများတော့ နှလုံးသားမှာဗြောင်းဆန်နေလို့။

စတွေ့ကတည်းက မြတ်နိုးမိပါသည် ဒီလူသားလေးကို။ သူ့အချစ်တွေအများကြီးနဲ့ဘာအန္တရာယ်မှမကြုံအောင် ကာကွယ်ပေးချင်ပါသည် ဒီလူသားလေးကို။အခုလောလောဆယ်တော့ ကလေးငယ်ကသူ့ကိုအစ်ကိုတစ်ယောက်လိုချစ်လို့ဒီလိုလေးတွေပြုမူနေတယ်လို့ပဲထင်တယ်။ထိုကလေးဘက်ကသူ့အပေါ်ဘာစိတ်မှမရှိသေးဘူးဆိုရင်တောင် ကလေးချစ်လာအောင်သူကြိုးစားမယ်။သူကလေးအချစ်ကိုရဖို့အတင်းအကြပ်လုပ်မယူပါဘူး။ကိုယ့်အပိုင်ဖြစ်တော့မယ်ဆိုပေမဲ့ လက်မထပ်ခင်အထိကတော့ကိုယ့်အပိုင်မဟုတ်သေးဘူးလေ။

ချစ်တာထက်ပိုပြီးမြတ်နိုးရတဲ့ဒီကလေးငယ်ကို သူပိုင်ဆိုင်ချင်တာပေါ့။ဒါ‌ကြောင့် ကလေးငယ်သူ့ကိုချစ်လာတဲ့အထိဘယ်လောက်ကြာကြာသူစောင့်နိုင်တယ် ချက်ချင်းကြီးပြောလိုက်လို့ကလေးငယ်စိတ်ဆိုးသွားမှာမလိုလားဘူး ကလေးငယ်မထိခိုက်အောင်အတတ်နိုင်ဆုံးကာကွယ်မယ် သူနဲ့သာဆိုရင်ကလေးလုံခြုံတယ်ဆိုတဲ့အသိလေးကို‌တော့ရစေချင်တယ် ကလေးငယ်......။

Yoongiလည်း ဖုန်းScreenကWallpaperလေးမှာပေါ်နေတဲ့ချစ်ဖို့‌ကောင်းအောင်ပြုံးပျော်နေတဲ့ သူ့ရဲ့ချစ်ရသောPark Jiminဆိုတဲ့ကလေးငယ်ရဲ့ပုံလေးကိုကြည့်ပြီးပြုံးရယ်နေတဲ့သူရဲ့အပြုံးကကျေနပ်စရာကောင်းလှသည်။ဒီအပြုံးတွေဟာလည်းထိုကလေးနဲ့မှဖြစ်တည်လာတာမျိုး

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

နှစ်ယောက်လုံးကချစ်နေကြပေမဲ့ ဖွင့်ပြောလိုက်ရင်စိတ်ဆိုးသွားမယ်ဆိုတဲ့အတွေးကြီးကြောင့် ချစ်နေတာကိုလျှို့ဝှက်ထားကြပါတယ်🙄🙄ဒီနေ့တော့ စိတ်ဆိုးစိတ်ကောက်တဲ့အပိုင်းလေးရယ် သူတို့နှစ်ဦးရဲ့ အတွေးလေးတွေကိုပုံဖော်တာနဲ့ပြီးသွားတယ်😗😗နောက်မှ အသေရိုပေးမယ်နော် love u ဒါဒါလေးတို့😘😘😘😘

                                   

𝐙𝐚𝐰𝐠𝐲𝐢✓✓✓

Minအိမ္ေတာ္၌....Yoongiညအိပ္ခါနီး ကုတင္ေပၚမွာထိုင္ကာစာအုပ္ဖတ္ေနသည္။အလုပ္အားလို႔ဘာမွလုပ္စရာမ႐ွိတဲ့အခ်ိန္စာဖတ္တတ္တာလည္းသူ႕အက်င့္တစ္ခုပင္......

ထိုစဥ္ ဖုန္းမွ Vibrateသံျမည္လို႔ၾကည့္လိုက္ေတာ့ Unknown number...Yoongiလည္းဘယ္သူ႕ဖုန္းမွန္းမသိေပမဲ့ အေရးႀကီးတဲ့ဖုန္းျဖစ္ေနမွာစိုးလို႔ ကိုင္လိုက္သည္။

"Hello.."

"Hello..ကိုကိုလား"

"ဘယ္ကကိုကိုလဲ.."

"အခုေျပာေနတာMin Yoongiမွတ္လား"

"ဟုတ္တယ္ မင္းကဘယ္သူလဲလို႔"

"ကိုကို!!"

"ဘယ္ကိုကိုလဲ..မင္းဘယ္သူလဲလို႔ေမး‌ေန တာကိုမေျဖပဲနဲ႔..တီ!"

Yoongiလည္းစိတ္ေပါက္ေပါက္နဲ႔ဖုန္းကိုခ်ပစ္လိုက္သည္။ နာမည္ေမးေတာ့မေျပာနဲ႔ တစ္ကိုကိုတည္းကိုကိုေနတယ္...ဖုန္းျပန္လာလို႔ၾကည့္လိုက္ေတာ့ ခုနကနံပါတ္ပဲ မကိုင္ေပမဲ့ ခနခနေခၚေနေတာ့ ေဒါသထြက္လာတာနဲ႔ ေနာက္ထပ္လာေတာ့‌ကိုင္လိုက္ရသည္။

"ကိုကို..ဖုန္းမခ်နဲ႔ေနာ္.."

"ေတာက္စ္!!!"

"အူးဝါးးးးးးးၿဗဲ..အီးဟီးးးးးအူးဝါးးးးးးး"

Yoongiလည္းသူ႕ကို ကိုကိုလို႔ေခၚတာကိုမရပ္ပဲဖုန္းမခ်ဖို႔ေတာင္ေျပာေနေတာ့ ေဒါသထြက္ၿပီး ေတာက္ေခါက္လိုက္ေတာ့ တခါတည္းငိုသံႀကီးထြက္လာပါေလေရာ....

"........"

"အီးဟီးးးကိုယ့္ခင္ပြန္းေလာင္းရဲ႕အဟင့္..အ အသံကိုေတာင္ အီးဟီးးးးးမမွတ္မိဘူးလား အဟင့္...."

"ဟင္...Ji Ji"

ဒါဆို ကေလးေပါက္ေပါ့.....

"အဟင့္.နာမည္ေျပာမို႔ကို..အဟင့္ နားမေထာင္ပဲနဲ႔..လူကိုအေသေအာ္ေနတယ္ အီးဟီးးးးးးး"

"Ji Ji..ကိုယ္"

"သူမ်ားက လြမ္းလို႔ အဟင့္ စကားေျပာခ်င္လြန္းလို႔ ဟင့္..ေမေမတို႔ဆီကေနဖုန္းနံပါတ္ေတာင္ေတာင္းၿပီးဖုန္းေခၚတာကိုအဟင့္..သူမ်ားကိုေတာက္စ္ေတြလည္းေခါက္တယ္ ေအာ္လည္းေအာ္တယ္ အူးဝါးးးးး"

"Ji Ji"

"အခုမွ Ji Jiလာလုပ္မေနနဲ႔ သြား မေခၚဝူး အူးဝါးးးးၿဗဲ......."

"မဟုတ္..Ji Ji..Ji Ji hello"

Yoongiလည္းေျပာရန္‌ျပင္ေတာ့ အေျပာမခံပဲဖုန္းခ်သြားပါေလေရာ...ကိုယ္ကအစတည္းကစိတ္မ႐ွည္တတ္တဲ့သူဆိုေတာ့ ေဒါသထြက္ၿပီးေအာ္မိတယ္...ကေလးေပါက္ကိုေခ်ာ့ရဦးမွာပဲ....

Yoongi Jiminကိုေခ်ာ့ဖို႔ဖုန္းျပန္ေခၚေတာ့ ကိုယ္ေတာ္ေခ်ာကဖုန္းကိုမကိုင္တဲ့အျပင္ ခ်ခ်ပစ္ေနသည္။ ဒီကေလးေကာက္သြားၿပီ....အဲ့ဒါနဲ႔ ဒုဥကၠဌParkကိုဖုန္းေခၚလိုက္ရသည္။ျဖစ္စဥ္ေတြအကုန္ေျပာျပလိုက္သည္။ကေလးစိတ္ေကာက္ေနတာလည္းအပါအဝင္ေပါ့။

"ဟုတ္ၿပီ သား အေဖ နားလည္ၿပီ အဲ့ဒါဆို ဒါပဲေနာ္ သားကိုသြားၾကည့္လိုက္ဦးမယ္"

ဒုဥကၠဌလည္းဖုန္းခ်ၿပီးတာနဲ႔သူ႕မိန္းမကိုေျပာျပလိုက္သည္။

"ဒီကေလးေတြနဲ႔ေတာ့...Ji Jiကိုသြားၾကည့္ရေအာင္"

"ေအးေအး"

ဒုဥကၠဌတို႔လင္မယားလည္းအေပၚထပ္ကိုတက္ၿပီးJiminအခန္းဆီသြားသည္။အခန္းကိုေလာ့မခ်ထားတာနဲ႔ ႏွစ္ေယာက္လုံးဝင္လိုက္ေတာ့Jiminကကုတင္ေပၚမွာေခါင္းအုံး‌ကို မ်က္ႏွာႀကီးအပ္ၿပီးေမွာက္ရပ္ႀကီး။

"Ji Ji သားေလး"

"ဟင္"

ေခၚလိုက္ေတာ့ အလန္႔တၾကားနဲ႔ထၾကည့္တဲ့Jimin..Jiminလည္း ကိုကိုကမသိလို႔ေအာ္လိုက္မိတယ္ဆိုေပမဲ့ Jiminကိုေအာ္တယ္ဆိုတဲ့အသိကဝမ္းနည္းဖို႔ေကာင္းသည္။အဲ့ဒါနဲ႔ဖုန္းခ်လိုက္ၿပီး ငိုေနမိသည္။ေမေမတို႔ေရာက္လာေတာ့လန္႔သြားၿပီး မ်က္ရည္ေတြကိုလက္နဲ႔အတင္းသုတ္ေနမိသည္။

"သားေလး မငိုပါနဲ႔ တိတ္ေတာ့"

"အဟင့္.."

Jiminကငိုတာကိုရပ္လိုက္ေပမဲ့ တခ်က္တခ်က္႐ိႈက္သံေလးေတြထြက္လာေသးသည္။

"သားကိုကိုက‌ေဖေဖ့ကိုဖုန္းဆက္ၿပီးေျပာတယ္..ေတာင္းပန္ပါတယ္တဲ့သားကိုကိုကမသိလိုက္လို႔ေအာ္မိတာပါတဲ့ အရမ္းဝမ္းနည္းမေနနဲ႔ေတာ့"

"ဟုတ္.."

ထိုစဥ္Jiminဆီမွဖုန္းသံျမည္လာေတာ့ contantက"❣️ကိုကို❣️"တဲ့Jiminမိဘေတြလည္းျမင္သြားေတာ့ Jiminကို ကိုင္လိုက္ဆိုတဲ့သေဘာနဲ႔ ေခါင္းၿငိမ့္ျပသည္။Jiminဖုန္းကိုင္လိုက္ေတာ့ မိဘေတြကလည္းအလိုက္တသိနဲ႔ထြက္သြားေပးသည္။

"အဟင့္..Hello"

"Ji Ji ငိုေနတာလား"

"........"

"မငိုနဲ႔ေတာ့ ကိုကိုေတာင္းပန္တယ္ေနာ္ Ji Jiကိုေအာ္မိတယ္...မငိုနဲ႔ လိမၼာတယ္"

"ဟုတ္..ငိုေတာ့မငိုေတာ့ဘူး ဒါမဲ့ ကိုကို႔ကိုစိတ္ဆိုးတယ္ သားကစကားေျပာခ်င္လို႔ပါဆို ဖုန္းလည္းမကိုင္ဘူး"

"အင္း အခုကိုကိုနဲ႔စကားေျပာၾကရေအာင္ေလ"

"မေျပာဘူး"

"ေဟာဗ်ာ..ဘယ္လိုျဖစ္ျပန္တာတုန္း"

"မသိဘူး ‌မေျပာခ်င္ေတာ့ဘူး ဒါပဲ"

Jiminလည္းကိုကို႔ကိုစိတ္ဆိုးေနတာေၾကာင့္ဖုန္းခ်ပစ္လိုက္သည္။အခုေတာ့ငိုရတာေမာသြားၿပီ အိပ္ေတာ့မယ္။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ေနာက္ေန႔မနက္ ေနေရာင္စူးစူးကအခန္းတစ္ခုကျပတင္း‌ေပါက္ကို ထိုးခြင္းဝင္ေရာက္ကာ ထိုအခန္းထဲ႐ွိေနရာတခ်ိဳ႕သို႔ေရာင္ျခည္မ်ားျဖာက်ေနသည္။ကုတင္‌ေပၚကေကာင္ေလးမွာလည္း ျပတင္းေပါက္ဘက္ကိုမ်က္ႏွာေပးကာေဘးတစ္ေစာင္းလွဲအိပ္ေနတာေၾကာင့္ ထိုေကာင္ေလးရဲ႕မ်က္ႏွာေပၚသို႔ေနေရာင္ျခည္ေတြကက်ေရာက္ေနသည္။

မနက္မိုးလင္းလို႔ျဖစ္ေပၚလာတဲ့ေနေရာင္စူးစူးေၾကာင့္အိပ္ယာမွႏိုးလာကာေလးလံေနတဲ့မ်က္လုံးေတြကိုအားယူၿပီးဖြင့္လိုက္ကာ အိပ္ယာႏိုးႏိုးခ်င္းျဖစ္တတ္တဲ့သန္းျခင္းအလုပ္ကိုလုပ္ေဆာင္လိုက္သည္။သူတစ္ေယာက္တည္း႐ွိသည္အထင္ႏွင့္ သန္းျခင္းအလုပ္ႏွင့္အတူတခါတည္းအပ်င္းေၾကာပါဆန္႔မိလိုက္သည္။

ေနာက္ေက်ာမလုံသလို႔ခံစားလာရတာေၾကာင့္အိပ္ေနရာကေနခ်က္ခ်င္းထထိုင္ကာ ေနာက္ေက်ာလွည့္ၾကည့္မိေတာ့ အခန္းတံခါးကိုမွီလ်က္လက္ကိုပိုက္ကာ ၾကည့္ေနေသာထိုလူ......။

'ဗုန္း!!' 'အ့'

Jiminလည္းအလန္႔လြန္ၿပီး ထခုန္မတက္ျဖစ္သြားကာ သတိထားမိတဲ့အခ်ိန္မွာေတာ့ ကိုယ္တိုင္ကိုကေစာင္ေတြနဲ႔အတူ ကုတင္ေအာက္ေျခမွာအပုံရက္သား။

အိပ္ယာႏိုးႏိုးခ်င္းမို႔ ခ်စ္စရာထိုလူသားကဆံပင္‌စုတ္ဖြား ကာတြန္းပုံညဝတ္အက်ႌမွာလည္း တြန္႔ေၾကကာ အလန္႔လြန္ၿပီးေစာင္ေတြနဲ႔ပါ လုံးေထြးေနေတာ့ ျမင္ရတဲ့သူအဖို႔ ထိုလူသားဟာ ေစာင္ပုံထဲကဝါဂြမ္းလုံးေလးပမာ။

ေနာက္မွJiminလည္းသတိျပန္ဝင္လို႔ၾကည့္လိုက္ေတာ့မွ

"ကိုကို"

Yoongi မေန႔ညကသူ႕ကိုစိတ္ေကာက္သြားတဲ့ ထိုဝါဂြမ္း‌လုံးေလးကိုလာျပန္ေခ်ာ့ျခင္းကုမၸဏီမသြားခင္Parkအိမ္ကိုဝင္ၿပီးကေလးစိတ္ဆိုးေျပေအာင္အရင္ေခ်ာ့ရမယ္ အိမ္ေရာက္ေတာ့ကေလးေပါက္ကအိပ္တုန္းဆိုလို႔ ကေလးေပါက္ရဲ႕အေမနဲ႔အေဖကိုခြင့္ေတာင္းကာကေလးငယ္ရဲ႕အခန္းသို႔တက္လာခဲ့သည္။ သူအခန္းထဲဝင္သြားေတာ့ အိပ္ေမာက်ေနတဲ့အေကာင္ေပါက္ေလးကိုမႏိႈးရက္တာနဲ႔ ဒီတိုင္းေစာင့္ၾကည့္ေနလိုက္သည္။

ခနၾကာေတာ့ လူးလြန္႔ကာ ႏိုးလာၿပီး အားရပါးရပ်င္းေၾကာဆန္႔ကာသန္းေနတဲ့အေကာင္ေပါက္ကိုၾကည့္ၿပီးအူယားလာသည္။ Yoongiကိုျမင္ေတာ့ လန္႔သြားပုံရသည္။ကုတင္ေပၚကေနေစာင္ေတြနဲ႔လုံးေထြးကာျပဳတ္က်သည္။Yoongiခမ်ာရီခ်င္စိတ္ကိုမနည္းေအာင့္ထားရသည္။ဒီတိုင္းရပ္ၾကည့္ေနလို႔မျဖစ္တာေၾကာင့္ ကေလးေပါက္ကိုသြားထူရေသးသည္။

"Ji Ji နာသြားလား ျဖည္းျဖည္းထ"

"အားလားလား..သားဖင္နာသြားၿပီ"

"အင္း ထ ကိုကိုထူေပးမယ္"

Yoongi Jiminကိုထူေပးလိုက္ၿပီးျပဳတ္က်ေနတဲ့ေစာင္ေတြကိုေကာက္တင္ေပးလိုက္သည္။

"Ji Jiမ်က္ႏွာသစ္လိုက္ဦး"

"ဟြန္႔..."

Yoongiမွမ်က္ႏွာသစ္ရန္ေျပာေတာ့ ႏႈတ္ခမ္းႀကီးဆူကာ ေျခေထာက္ေဆာင့္ၿပီးေကာ့ေတာ့ေကာ့ေတာ့နဲ႔ေရခ်ိဳးခန္းထဲဝင္သြားသည္။ငါဘာအျပစ္လုပ္မိလို႔လဲ....

Jiminလဲက်ေတာ့ လာထူေပးတဲ့ကိုကို႔ကိုျမင္ေတာ့စိတ္ထဲေပ်ာ္႐ႊင္မိေပမဲ့ မေန႔ညကကိစၥကိုမေက်နပ္ေသးဘူး..မနက္အေစာႀကီးသူမ်ားအိမ္ကိုဘာလာလုပ္မွန္းမသိဘူး အလုပ္က်မသြားပဲနဲ႔သူမ်ားအိမ္ကိုအားအားယားယား...

Jiminတစ္ေယာက္ေရခ်ိဳးခန္း၌ အျပင္ကYoongiကိုေမတၱာပို႔ေနသည္။မ်က္ႏွာသစ္ၿပီးထြက္လာေတာ့ ႐ွင္းလင္းေနတဲ့အိပ္ယာနဲ႔အတူကုတင္ေထာင့္စြန္းမွာထိုင္ေနတဲ့ကိုကို...အိပ္ယာကကိုကိုသိမ္းေပးထားတာပဲေနမွာ..အဟြန္းေတာ္တယ္ စိတ္ဆိုးနဲနဲေျပေပးမယ္ နဲနဲဆိုပိစိေလးမွပိစိ...

"ကေလး"

ဘယ္လို ဘယ္လို ကိုကိုငါ့ကိုဘယ္လိုေခၚလိုက္တယ္ ငါနားၾကားမွားတာေတာ့မဟုတ္ဘူးမွတ္လား တျခားသူကိုေခၚတယ္ဆိုလည္းဒီအခန္းထဲမွာငါနဲ႔သူနဲ႔ကလြဲၿပီးဘယ္သူ႐ွိေသးလို႔လဲ ၿပီးေတာ့ ငါ့ကိုၾကည့္ေနတာ အိုက္ယိုး ဒီကိုကို ဘာေတြစတန္႔ထြင္ေနျပန္ၿပီလဲ

"ကေလး..ကိုကို႔ကိုစိတ္ဆိုးမေျပေသးဘူးလား"

"........"

Yoongiသူ႕ေ႐ွ႕ကေနဘာစကားမွမေျပာပဲအသံတိတ္ေနတဲ့ကေလးကိုၾကည့္ကာစကားေတာင္မေျပာခ်င္ေလာက္ေအာင္စိတ္ဆိုးသြားတယ္လို႔ေတာင္ထင္မိသည္။

Yoongiလည္းဆုံးျဖတ္ခ်က္ခ်ၿပီး ကေလးနားသြားကာ သူ႕ကိုေၾကာင္ၾကည့္ေနတဲ့ကေလးကိုရင္ခြင္ထဲေထြးေပြ႕လိုက္သည္။

Jiminလည္းကိုကိုလုပ္လိုက္တဲ့အျပဳအမူေၾကာင့္ေၾကာင္သြားသည္။ၿပီးတာနဲ႔ကိုကိုကဖက္ထားရင္းနဲ႔စကားစလာသည္။

"ကေလး..ကိုကိုကေလးကိုေအာ္မိတာေတာင္းပန္တယ္ေနာ္ ကိုကို႔ကိုစိတ္မဆိုးပါနဲ႔"

"ကိုကို.."

"ကေလးဘာလုပ္ခ်င္လဲကိုကို႔ကိုေျပာ ကိုကိုျဖည့္ဆည္းေပးမယ္ ကိုကို႔ကိုစိတ္မဆိုးပါနဲ႔ေတာ့"

Jiminတစ္ေယာက္Yoongiရင္ခြင္ထဲကေန အူျမဴးေနသည္။ကိုကိုကဒီလိုက်ခ်စ္ဖို႔ေကာင္းသားပဲ သူ႕ကိုအေခၚအေဝၚေျပာင္းလိုက္တာေရာ ႐ုတ္တရက္ႀကီးဖက္ကာေခ်ာ့ေနတာေရာ ၾကည့္ၿပီးJiminအသည္းေတြအူေတြေျဗာင္းဆန္ေနသည္။ကိုကိုကခ်စ္စရာႀကီး သူစိတ္ဆိုးတယ္ဆိုတာေတာင္ဘယ္ဘုံေရာက္သြားမွန္းမသိ....

"ကိုကို..သားစိတ္မဆိုးပါဘူး ကိုကိုကေအာ္လိုက္ေတာ့နည္းနည္းစိတ္မေကာင္းျဖစ္တာပါ ကိုကို"

Jimin စိတ္မဆိုးဘူးလို႔ညာေျပာလိုက္သည္။နဂိုတည္းကဝမ္းနည္းေနတဲ့ပုံ႐ွိတဲ့ကိုကိုက အမွန္ေျပာလိုက္မွ ပိုဆိုးသြားမယ္ ကိုကိုဝမ္းနည္းတာမျမင္ခ်င္ဘူး အဲ့ဒါဘာေၾကာင့္လဲ သားကိုကို႔ကို ေသးေသးေလးခ်စ္‌ေနၿပီထင္တယ္😗😗ဒါေပမဲ့ ကိုကို႔ဘက္ကေရာ သားကိုတာဝန္အရမို႔ဂ႐ုစိုက္ေပးေနတာလား သားကိုခ်စ္လို႔ဂ႐ုစိုက္ေပးတာလား😢😓 သားသိခ်င္မိတယ္ စိတ္ခ်ပါ သားကကိုကိုဖြင့္ေျပာတဲ့အထိေစာင့္ေနမွာ😊😊သားေစာင့္ႏိုင္ပါတယ္😚😚😚

"အင္းပါ ကေလးမႀကိဳက္ရင္ ေနာက္မေအာ္ေတာ့ဘူးေနာ္ အခုေအာက္ဆင္းရေအာင္ ကေလးမနက္စာစားရမယ္ေလ"

"ဟုတ္...ကိုကို"

"ဗ်ာ"

"ကိုကို အလုပ္မသြားရဘူးလား"

"သြားရမွာေလ ကေလးေပါက္ေလးတစ္ေယာက္စိတ္ေကာက္ေနလို႔အလုပ္မသြားခင္အေျပးလာေခ်ာ့ရတာ"

"ဟီးဟီး..ကိုကိုကခ်စ္စရာႀကီး"

"ဟုတ္ပါၿပီဗ်ာ"

Yoongi Jiminရဲ႕ပုခုံးေလးကိုဖက္ကာ‌ထမင္းစားခန္းသို႔ဆင္းလာခဲ့သည္။ဧည့္ခန္းမွာထိုင္ေနတဲ့ ကေလးေမေမကျမင္ေတာ့

"အေကာက္ေတာ္ေလး အေကာက္ေျပသြားၿပီလား"

"ဟီးဟီး ေမေမကလည္း သားကပိစိေလးေကာက္တာပါ"

ပိစိေလးဆိုၿပီးလက္ညိဳးနဲ႔လက္မကိုပုံေလးလုပ္ျပေနတဲ့ကေလးကိုၾကည့္ၿပီးYoongiအသည္းယားေနသည္။

"လာ မနက္စာစားရေအာင္"

"ဟုတ္ ကိုကို"

Yoongiလည္းကေလးမုန္႔စားၿပီးတဲ့အထိေစာင့္ၿပီးမွအလုပ္သြားသည္။သူ႕မွာကေလးေလးစိတ္ေကာက္မေျပမွာစိုးလို႔ မနက္အေစာႀကီးထၿပီးအလုပ္သြားဖို႔အကုန္ျပင္ဆင္ၿပီးကေလးအိမ္ကိုထြက္လာခဲ့တာ

"ကေလး အာ့ဆိုကိုကိုအလုပ္သြားေတာ့မယ္ေနာ္"

"ဟုတ္ ကိုကို ကားကိုဂ႐ုစိုက္ေမာင္းေနာ္ တာ့တာ ကိုကို"

"ဟုတ္ကဲ့ပါဗ်ာ..တာ့တာပါ"

Jiminလည္း ကိုကိုအလုပ္သြားေတာ့အားရဝမ္းသာစြာႏႈတ္ဆက္လိုက္သည္။Jiminေပ်ာ္တာေပါ့ ကိုကိုကစေတြ႕တုန္းကလိုမဟုတ္ပဲ အခုJiminကိုကေလး ကေလးနဲ႔အရမ္းႏူးညံ့ေနတာ မနက္စာစားတုန္းကလည္းေဘးကေနထိုင္ၿပီး ေစာင့္ေပးေနတာအရင္ကဆို ကိုကို လို႔ေခၚလိုက္ရင္ ဟင္ တို႔ အင္း တို႔ အခုမ်ားက်ေတာ့ ကိုကို လို႔ေခၚလိုက္ရင္ ဗ်ာ တဲ့ ဟဲဟဲ ကိုကိုကလိမၼာလိုက္တာ။

Jiminလည္းကိုကို႔အေၾကာင္းေတြးရင္း ‌မ်က္ႏွာကျပဳံးဖီးေနသည္။ခနၾကာေတာ့ Jimin phထဲသို႔messageတစ္ေစာင္ဝင္လာသည္။ဖြင့္ၾကည့္လိုက္ေတာ့ကိုကို႔ဆီက....

📩ကေလး ကိုကိုအလုပ္ကိုေရာက္ၿပီ ကေလးေရာဘာလုပ္ေနလဲ📩

ကိုကိုကသူအလုပ္ကိုေရာက္ေၾကာင္းစာပို႔ေတာ့ Jiminကလည္းျပန္ပို႔လိုက္ပါတယ္

📩ကိုကို႔အေၾကာင္းေတြးေနတာ😚📩

📩ဟားဟား ဒီကေလးကေတာ့📩

Jiminေျပာလိုက္ေတာ့ ကိုကိုေပ်ာ္သြားပုံရသည္။တကယ္လည္းေတြးေနတာပဲကို..

📩ကိုကို အလုပ္ေတြကိုအရမ္းႀကီးလည္းလုပ္မေနနဲ႔ဦး ပင္ပန္းေနမွာစိုးလို႔📩

📩ဟုတ္ပါၿပီဗ်ာ..အခုကိုကိုအစည္းအေဝးသြားတက္လိုက္ဦးမယ္ေနာ္📩

📩ဟုတ္ကဲ့ တာ့တာ📩

📩တာ့တာ..ကေလး📩

Yoongiလည္းကေလးနဲ႔စကားေျပာရင္း ကိုယ့္အေၾကာင္းေတြးေနတယ္ဆိုေရာ ေပ်ာ္မိသည္။ဒီကေလးေလးက Yoongiရဲ႕ေရခဲ႐ိုက္ထားတဲ့ႏွလုံးသားကိုလႈပ္ခတ္ေစခဲ့တဲ့တစ္ဦးတည္းေသာလူသားေလး။

ငယ္ငယ္ထဲကလူႀကီးေတြရဲ႕စကားကိုမျငင္းဆန္ခဲ့ဖူးေတာ့ ဒီအိမ္ေထာင္ေရးကိုလည္းအခ်စ္ပါပါမပါပါသူလက္ခံခဲ့သည္။သူအစကေတြးမိခဲ့သည္။အခ်စ္မပါပဲျဖစ္တည္လာမဲ့အိမ္ေထာင္‌ေရးတစ္ခုမွာ ေပ်ာ္႐ႊင္မႈဆိုတာ႐ွိလာမွာမဟုတ္ဘူးလို႔ေလ။သို႔ေပမဲ့သူ႕အေတြးနဲ႔ကြဲလြဲစြာ မဂၤလာပြဲကိုလက္ခံခဲ့တာနဲ႔တန္ေအာင္ သူ႕ဆုံးျဖတ္ခ်က္မွန္ေအာင္ ဒီ‌ကေလးေလးကသက္ေသျပသြားႏိုင္သည္။

မိဘေတြကသူတို႔ႏွစ္ဦးဘက္ကိုငဲ့ေပးၿပီး တစ္ေယာက္ကိုတစ္ေယာက္ခ်စ္လာမွလက္ထပ္ပြဲကိုစီစဥ္ေပးတာ။ထိုဆုံးျဖတ္ခ်က္ကိုသူသ‌ေဘာက်သည္။အဲ့လိုသာမဟုတ္ရင္ ကေလးငယ္ကစိတ္အားငယ္ေနမွာေလ။

ကေလးကသာ သူ႕ကိုရင္ခုန္သံေတြျမန္လာေအာင္လႈံေဆာ္ေပးတယ္။ကေလးေၾကာင့္ သူေပ်ာ္ရတယ္။ကေလးေၾကာင့္ သူရယ္မိတယ္။ဒီကေလး သူ႕ဘဝထဲဝင္လာမွပဲ အရင္ကမျဖစ္ဖူးတဲ့ခံစားခ်က္ေတြက အခုမ်ားေတာ့ ႏွလုံးသားမွာေျဗာင္းဆန္ေနလို႔။

စေတြ႕ကတည္းက ျမတ္ႏိုးမိပါသည္ ဒီလူသားေလးကို။ သူ႕အခ်စ္ေတြအမ်ားႀကီးနဲ႔ဘာအႏၲရာယ္မွမၾကဳံေအာင္ ကာကြယ္ေပးခ်င္ပါသည္ ဒီလူသားေလးကို။အခုေလာေလာဆယ္ေတာ့ ကေလးငယ္ကသူ႕ကိုအစ္ကိုတစ္ေယာက္လိုခ်စ္လို႔ဒီလိုေလးေတြျပဳမူေနတယ္လို႔ပဲထင္တယ္။ထိုကေလးဘက္ကသူ႕အေပၚဘာစိတ္မွမ႐ွိေသးဘူးဆိုရင္ေတာင္ ကေလးခ်စ္လာေအာင္သူႀကိဳးစားမယ္။သူကေလးအခ်စ္ကိုရဖို႔အတင္းအၾကပ္လုပ္မယူပါဘူး။ကိုယ့္အပိုင္ျဖစ္ေတာ့မယ္ဆိုေပမဲ့ လက္မထပ္ခင္အထိကေတာ့ကိုယ့္အပိုင္မဟုတ္ေသးဘူးေလ။

ခ်စ္တာထက္ပိုၿပီးျမတ္ႏိုးရတဲ့ဒီကေလးငယ္ကို သူပိုင္ဆိုင္ခ်င္တာေပါ့။ဒါ‌ေၾကာင့္ ကေလးငယ္သူ႕ကိုခ်စ္လာတဲ့အထိဘယ္ေလာက္ၾကာၾကာသူေစာင့္ႏိုင္တယ္ ခ်က္ခ်င္းႀကီးေျပာလိုက္လို႔ကေလးငယ္စိတ္ဆိုးသြားမွာမလိုလားဘူး ကေလးငယ္မထိခိုက္ေအာင္အတတ္ႏိုင္ဆုံးကာကြယ္မယ္ သူနဲ႔သာဆိုရင္ကေလးလုံျခဳံတယ္ဆိုတဲ့အသိေလးကို‌ေတာ့ရေစခ်င္တယ္ ကေလးငယ္......။

Yoongiလည္း ဖုန္းScreenကWallpaperေလးမွာေပၚေနတဲ့ခ်စ္ဖို႔‌ေကာင္းေအာင္ျပဳံးေပ်ာ္ေနတဲ့ သူ႕ရဲ႕ခ်စ္ရေသာPark Jiminဆိုတဲ့ကေလးငယ္ရဲ႕ပုံေလးကိုၾကည့္ၿပီးျပဳံးရယ္ေနတဲ့သူရဲ႕အျပဳံးကေက်နပ္စရာေကာင္းလွသည္။ဒီအျပဳံးေတြဟာလည္းထိုကေလးနဲ႔မွျဖစ္တည္လာတာမ်ိဳး

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ႏွစ္ေယာက္လုံးကခ်စ္ေနၾကေပမဲ့ ဖြင့္ေျပာလိုက္ရင္စိတ္ဆိုးသြားမယ္ဆိုတဲ့အေတြးႀကီးေၾကာင့္ ခ်စ္ေနတာကိုလွ်ိဳ႕ဝွက္ထားၾကပါတယ္🙄🙄ဒီေန႔ေတာ့ စိတ္ဆိုးစိတ္ေကာက္တဲ့အပိုင္းေလးရယ္ သူတို႔ႏွစ္ဦးရဲ႕ အေတြးေလးေတြကိုပုံေဖာ္တာနဲ႔ၿပီးသြားတယ္😗😗ေနာက္မွ အေသ႐ိုေပးမယ္ေနာ္ love u ဒါဒါေလးတို႔😘😘😘😘

                                     

There are no comments yet. Log in to be the first to leave a review!

Similar stories