Fanfics

Brownie

12:06, 27 May 2023

Unicode

တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့အခန်းမုိ့ ရှုပ်ပွမနေရင်တောင် ရှင်းနေတာမျိုးတော့မဟုတ်ဘူး။ သူ့အခန်းကသိပ်မကျယ်လှတာမို့ ဆွယ်တာ့ကို အနည်းငယ်တော့အားနာမိတယ်။ ရှက်ကိုးရှက်ကန်းနဲ့ အခန်းထဲဝင်စေလိုက်ပေမဲ့ ဆွယ်တာကတော့ ဘာကိုမှဂရုစိုက်နေတဲ့ပုံမပေါ်ဘူး။ ဆိုဖာခပ်ကျဉ်းကျဉ်းပေါ်ပဲ ထိုင်ချသွားတယ်။

"Sam...ရေချိုးဦးမလား၊ ကျွန်တော်ရေပူဖြည့်ထားလိုက်မယ်လေ"

"အင်း...နည်းနည်းလန်းအောင်ချိုးချင်တယ်၊ အလုပ်ရှုပ်ပေမဲ့ တောင်းဆိုပါတယ်"

"ရေပူခလုတ်လေးနှိပ်ချတာ ဘာအလုပ်မှမဟုတ်ပါဘူး"

ဆွယ်တာ့အတွက် ရေပူဖြည့်နေတုန်း စားဖို့တစ်ခုခုစီစဉ်ပေးရန် တွေးမိတယ်။ ဆွယ်တာ ဘာမှစားထားမည်မထင်တာကြောင့်ဖြစ်တယ်။

"ညစာစားပြီးပြီလား Sam"

"ကော်ဖီသောက်ထားတယ်လေ"

ဆွယ်တာ့အသံက အနည်းငယ်စိတ်မပါလက်မပါပဲ။

"တစ်ခုခုလုပ်ပေးမယ်လေ၊ ဘာစားချင်လဲ"

ဆွယ်တာ့နားကပ်ထိုင်ရင်းမေးနေရာကနေ ကြားမိတဲ့ရေလျှံကျသံကြောင့် ရေကိုအပြေးအလွှားပိတ်လိုက်ရတယ်။

"ရေတော့ရပြီ၊ Samရေချိုးတုန်း တစ်ခုခုစီစဉ်ထားပေးမယ်လေ၊ ဘာစားမလဲ၊ ကျွန်တော့်မှာ လောလောဆယ်တော့ ခေါက်ဆွဲခြောက်တွေပဲရှိတယ်"

"စားချင်စိတ်မရှိဘူး Lixရာ...၊ ရေချိုးပြီးအိပ်လိုက်တော့မယ်"

ပြောပြောဆိုဆိုနဲ့ သူ့အနားကနေ ဆွယ်တာထသွားပြီး ရေချိုးခန်းဝင်သွားတယ်။ တစ်ခုခုတော့စားစေချင်တာမို့ သူခေါက်ဆွဲနှစ်ထုပ်ကိုပေါင်းပြုတ်ဖို့ ရေနွေးတည်လိုက်တယ်။ ဆွယ်တာမစားလည်း နှစ်ထုပ်စာတော့ သူကုန်ပါတယ်။

"Lix"

"ဟုတ်...ဟုတ်ကဲ့၊ ဘာဖြစ်လို့လဲ Sam"

ရေချိုးခန်းထဲကနေ အောင်းထွက်လာတဲ့အသံကြောင့် သူကပျာကယာပြန်ထူးမိသွားတယ်။

"ငါအထီးကျန်လို့၊ စကားလာပြောပေးမလား"

"Samရေချိုးပြီးရင်..."

"ငါတစ်ယောက်တည်းမနေချင်သေးလို့ပါ၊ စိတ်မရှိရင် ခဏလာပေးမလား"

သူတွန့်ဆုတ်တဲ့ခြေလှမ်းတွေနဲ့ ရေချိုးခန်းဝရောက်သွားမိတယ်။ တားဆီးလို့လည်းမရ တွန့်ဆုတ်ခြင်းလည်းဖြစ်မိတဲ့ ခက်ခဲတဲ့အခိုက်အတန့်ပဲ။

"ကျွန်တော်ဒီမှာရှိတယ်နော် Sam"

"တံခါးနည်းနည်းဟလိုက်ပါလား၊ အခန်းထဲမှာ တစ်ယောက်တည်းရှိနေရတာ မွန်းကြပ်လို့ပါ"

"ခင်ဗျာ"

"လိုက်ကာကာထားတာပဲ၊ Lixကို ငါဘာမှမလုပ်ပါဘူး"

အရဲစွန့်ခြင်းများစွာနဲ့ သူရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ လိုက်ကာခပ်ပါးပါးခြားနေပေမဲ့ ဆွယ်တာ့အသက်ရှူသံကိုတော့ သူ့ဆီမရောက်နိုင်အောင် တားဆီးနိုင်ဟန်မရဘူး။

"ခင်ဗျားအဆင်ပြေရဲ့လား Sam"

မထိတထိရယ်သံလေးတစ်ချက် သူကြားမိမှ အပြန်စကားကလာတယ်။

"ပြေပါတယ်၊ ဒါပေမဲ့...."

ဒါပေမဲ့ဆိုတဲ့လေသံနောက်မှာ တိမ်ဝင်သွားတဲ့လည်ချောင်းသံက သူ့ကိုအသက်ရှူတစ်ချက်ကြပ်သွားစေတယ်။

"Lix"

"ကျွန်တော်ရှိတယ် Sam"

"Brownieစားချင်တယ်"

"အခု ...အခုလား"

"အွန်း စားချင်တယ်၊ ရနိုင်မလား"

"ဒါဆို ကျွန်တော်သွားဝယ်လိုက်မယ်"

"Lixလက်ရာစားချင်တာ"

"ခင်ဗျာ"

အပြန်စကားထပ်မလာဘဲ လက်ချောင်းတွေနဲ့ရေတွေကို ဆော့ကစားနေတဲ့ပုံရိပ်ကိုပဲ မြင်လိုက်ရတယ်။ ဆွယ်တာက ဘယ်လိုလူမျိုးလဲသူမစဉ်းစားတတ်ဘူး။ ဒါပေမဲ့ ဆွယ်တာ့ကို ငြင်းဆန်နိုင်စွမ်းသူ့မှာမရှိဘူး။

အပျင်းပြေမုန့်ဖုတ်တတ်တာမို့ သူ့ဆီမှာပါဝင်ပစ္စည်းတချို့ကျန်နေသေးတာပဲ တော်တော့တယ်။ တည်ပြီးမေ့နေလို့ အငွေ့ရိုက်နေတဲ့ ရေနွေးအိုးကို ရေထပ်ဖြည့်ပြီးတည်ထားတယ်။ ဆွယ်တာအဆာပြေစားဖို့တစ်ခုခုတော့လုပ်ထားရမယ်။ ကိုယ်တိုင်သိပ်ထားတဲ့ ကင်မ်ချီတချို့နဲ့ ခေါက်ဆွဲပြုတ်လေးက အရောင်အသွေးတောက်ပနေတယ်။ ကြက်ဥလေးနှစ်လုံးဖောက်ထည့်ပြီးတဲ့အခါမှာတော့ ပြည့်စုံသွားပြီ။

စားပွဲခုံမှာ ခေါက်ဆွဲအိုးလေးကိုချပြီး ထည့်စားဖို့ ပန်းကန်နှစ်ချပ်ပြင်ထားလိုက်တယ်။ အဲ့ဒီနောက် မုန့်ဖုတ်လုပ်ငန်းစတင်ရတယ်။ သူမကြာခဏလက်တည့်စမ်းတတ်တဲ့မုန့်မို့ပဲတော်တော့တယ်။ မဟုတ်ရင် သူဆွယ်တာ့ကိုဘယ်လိုငြင်းရမလဲ စဉ်းစားလို့တောင်မရဘူး။

"Lix...ဝတ်စရာတစ်ခုခုငှားဦးလေ"

ကိုယ်တစ်ပိုင်းပြတ်နဲ့ ရေချိုးခန်းကနေ ဆွယ်တာထွက်လာတော့ သူတစ်ချက်ကြည့်ပြီး ခေါင်းပြန်ငုံ့ထားလိုက်တယ်။

"ခဏလေးနော်၊ ကျွန်တော်သွားရှာပေးမယ်"

လက်ကိုကပျာကယာဆေးပြီး တီရှပ်အဖြူခပ်ပွပွတစ်ထည်နဲ့ ဘောင်းဘီချည်သားခပ်ပွပွကိုပဲရွေးလိုက်တယ်။

"ကျွန်တော့်မှာ ဆွယ်တာတွေတော့မရှိလို့..."

ဆွယ်တာ့လက်ထဲ ဝတ်စရာတွေထည့်ပေးပြီးဆိုတော့ ဆွယ်တာကအနည်းငယ်ပြုံးလျက် သူ့ခေါင်းကိုအသာပုတ်သွားတယ်။ မသိရင် သူကသုံးနှစ်သားကလေးလိုပဲ။

သူ့အဝတ်အစားတွေဝတ်ပြီးထွက်လာတဲ့ ဆွယ်တာက အမြင်သစ်မို့ ထူးဆန်းနေတယ်။ ဒီလို ပေါ့ပေါ့ပါးပါးလေးတွေမဝတ်ဘဲ ဘာလို့များ ဆွယ်တာလေးလေးတွေကို ဝတ်ချင်ရတာပါလိမ့်။

"Samကဒီလိုတွေလိုက်သားနဲ့ အခုမှဝတ်တာတွေ့ဖူးတော့တယ်"

"ဒီလိုပါပဲ၊ ငါလည်းအရင်ကတော့ ပုံမှန်ပဲဝတ်တာပါပဲ၊ ဆွယ်တာနဲ့လိုက်တယ်လို့ပြောဖူးတဲ့လူကြောင့် မကြာခဏဝတ်ရင်းကနေ အကျင့်ဖြစ်သွားတာထင်တယ်"

နာကျင်မှုပါတဲ့အပြုံးလေးကတောင် သူမျက်စိလွှဲဖို့မခိုင်းစေနိုင်ဘူး။

"နေ့တိုင်းဝတ်တာတော့ လွန်တာပေါ့"

မကျေမနပ်မြည်တွန်တောက်တီးမိပြီးနောက် သူ့ကိုစိုက်ကြည့်နေတဲ့ဆွယ်တာ့ကြောင့် သူနှုတ်ဆိတ်ပြီး Brownieကိုပဲအာရုံစိုက်လိုက်တယ်။

"အာ ခေါက်ဆွဲ...၊ Samအတွက်လုပ်ထားတာ၊ စားနှင့်လိုက်နော်"

ဆွယ်တာကခပ်ငြိမ်ငြိမ်လေးခေါင်းညိတ်ပြီး တူနဲ့ထည့်စားမယ့်ပန်းကန်လေးကို ဆွဲယူလိုက်တယ်။ သိပ်မပြောရဘဲ အစားစားတဲ့အတွက် သူစိတ်အေးသွားတယ်။ နောက်တော့ Brownieလုပ်ဖို့ လုံးပန်းရတော့တာပဲ။

မုန့်ဖုတ်သည့်အိုဗင်ထဲ Brownieဖြစ်လာမည့်မုန့်လောင်းလေးကိုထည့်ပြီး ဆွယ်တာ့အနားသွားတဲ့အခါ ခေါက်ဆွဲတစ်အိုးလုံးက ဘာမှမကျန်ချင်တော့ဘူး။ ဆွယ်တာက အရည်များကိုပါ ထည့်လိုက်သောက်လိုက်မို့ သူခပ်ကျဲကျဲသာရယ်မိရင်း သူ့အတွက်ထပ်ပြုတ်ဖို့ စဉ်းစားရတော့သည်။

"Sam...ဗိုက်ပြည့်ရဲ့လား၊ ကျွန်တော့်ဖို့ပြုတ်ဦးမလို့၊ စားဦးမလား"

"တော်ပြီ၊ Brownieပဲစောင့်တော့မယ်"

အားတင်းထားတဲ့အပြုံးလေးနဲ့ပြောပြီးတဲ့နောက်တော့ ဆွယ်တာက ဖုန်းသုံးနေတော့တယ်။ သူလည်းပျင်းပျင်းရိရိနဲ့ ခေါက်ဆွဲပြုတ်စားပြီး ဆွယ်တာ့ကိုပဲအရိပ်တကြည့်ကြည့်နေမိတယ်။ အိုဗင်ကနေ တီခနဲတစ်ချက်အချက်ပြတဲ့အခါ သူအပြေးအလွှား Brownieကိုထုတ်ရတယ်။

"ရပြီ Sam..."

"ရတောင်ရပြီလား"

ဆွယ်တာကပါထလာပြီး စားပွဲပေါ်က Brownieကိုသဘောတကျကြည့်နေတယ်။

"Lixကတကယ်တော်တာ၊ ဒီBrownieကတစ်ခါစားဖူးတာနဲ့ ထပ်စားချင်နေရောပဲ"

ပေကျံနေသော Brownieလေးနှစ်ပန်းကန်က ဆိုဖာခပ်ကျဉ်းကျဉ်းလေးရှေ့က စားပွဲပေါ်မှာကျန်ခဲ့ပြီ။ တစ်ယောက်အိပ်အိပ်ရာပေါ်မှာ ဆွယ်တာကအိပ်နေပြီးတော့ သူကတော့အောက်မှာအိပ်ရာခင်းနဲ့လှဲနေမိတယ်။ အိပ်ရာဘေးမှာရှိတဲ့စားပွဲပေါ်က အနုမြူပါတဲ့မကောင်းဆိုးဝါးမှင်စာရုပ်လေးတွေကို ဆွယ်တာကစိတ်ဝင်တစားကြည့်နေရှာတယ်။

"Lix..."

"အွန်း Sam"

"ဒီအရုပ်တွေက အူယားစရာမကောင်းဘူးလား၊ ရုပ်လေးတွေက ရွဲ့စောင်းနေတာပဲလေ"

"ကျွန်တော်လည်းမပြောတတ်ဘူး၊ သဘောကျလို့"

ဆွယ်တာကတစ်ချက်ရယ်ပြီး သက်ပြင်းရှည်ကြီးကိုဆက်ချတယ်။

"ငါ့အပြစ်တွေက ဘယ်လိုမျိုးကျေအောင်လုပ်ရမလဲ Lix"

သူဘာမှပြန်မဖြေမိဘူး။ ဖြေလည်းမဖြေတတ်ဘူး။ ဖြေတတ်လည်းမဖြေချင်ဘူး။ သူဆွယ်တာ့ကိုမကျေနပ်ဘူး။

"ငါ့အခန်းထဲမှာဆို ငါတစ်ယောက်တည်းအထီးကျန်ပြီး သူနဲ့ရှိခဲ့တာတွေကို တွေးရင်းတွေးရင် သတိရမိနေမှာ၊ အဲ့တာကြောင့် Lixနဲ့လိုက်လာတာ"

"Samကြိုက်သလောက်နေပါ၊ ကျွန်တော်ကြိုဆိုပါတယ်"

"အဲ့ဒီလိုသာဆိုရင်တော့ ငါမပြန်ဘဲနေရတော့မှာပဲ၊ သူ့ကိုငါသတိမရတဲ့ရက်မှမရှိတာ"

"ခင်ဗျားစိတ်ပဲလေ Sam...၊ သတိရချင်သေးရင် ခင်ဗျားပြန်ဦးမှာပဲ"

သူ ငေါက်ခနဲထထိုင်ပြီး ခေါင်းအုံးကိုဆွဲရင်း ထထွက်လာမိတယ်။ သူမသိချင်တော့ဘူး။ မကြားချင်တော့ဘူး။ သူဒေါသတွေမထွက်ချင်တော့ဘူး။

"Lix....ငါ့ကိုစိတ်ဆိုးတာလား"

နံရံကိုမှီရင်းမေးလာတဲ့ ဆွယ်တာ့ကို သူတစ်ချက်ကြည့်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်။

"Lix..."

"နောက်ကျနေပြီလေ Sam...၊ အိပ်တော့"

"ငါလည်းမင်းနဲ့အတူလာအိပ်မယ်"

ဆွယ်တာက ခေါင်းအုံးနဲ့စောင်ကိုမရင်း သူ့ဘေးလာထိုင်တယ်။

"Lixကငါ့ကိုဘာလို့စိတ်ဆိုးတာလဲ"

"မဆိုးပါဘူး"

"ဆိုးနေတာပဲလေ၊ မျက်နှာကသိသာနေတာပဲ"

"Sam...ခင်ဗျားအေးဆေးနေ"

"ဟာ...ငါကဘာလုပ်မိလို့လဲ"

သူဆွယ်တာ့ကို တစ်ချက်စူးစူးကြည့်မိတယ်။

"ဟော တွေ့လား၊ အဲ့ဒီမျက်လုံးကြီး"

"Sam..."

ဆွယ်တာက သူ့ကိုသက်သက်လိုက်ကလိနေသလိုမို့ သူရယ်ချင်လာတယ်။

"ရယ်ချင်တယ်မလား၊ ရယ်လေ တင်းမထားနဲ့"

"တင်းမထားပါဘူး"

"ဟုတ်လို့လား"

"သေချာပေါက်..."

သူ့စကားမဆုံးခင်မှာပဲ ဆွယ်တာ့လက်တွေက သူ့ခါးဆီပြေးဝင်သွားတာမို့ သူတွန့်လိမ်သွားရတော့တယ်။

"ရယ်ပြီမလား"

"မရယ်ဘူးလို့"

"ရယ်နေပြီလေ"

သူတကယ်လည်း အားပါးတရကို ရယ်နေမိတာ။

"တော်ပါတော့၊ ကျွန်တော်အူနာနေပြီ"

"ဒါဆိုရယ်ပြီလား"

"ရယ်ပြီ ရယ်ပြီ"

သူဝန်ခံမှပဲ ဆွယ်တာကရပ်သွားတယ်။ ပြီးတော့ နှစ်ယောက်လုံးပက်လက်လှန်လှဲကြရင်း ရယ်ခြင်းကိုပြိုင်တူအတောသတ်ကြတယ်။

"အခန်းထဲသွားအိပ် Sam...၊ ခင်ဗျားအအေးမိမယ်"

"Lixလည်းလိုက်အိပ်လေ"

"တော်တော်လက်ပေါက်ကပ်တဲ့လူ"

သူဒီလိုပြောတာကို ဆွယ်တာက ဟားဟားဆိုပြီး ကျယ်ကျယ်လောင်လောင်ရယ်တယ်။ အဲ့ဒီနောက်တော့ သူဆွယ်တာ့စကားနားထောင်ရတော့တာပဲ။

"ခုတင်ပေါ်အတူအိပ်မယ်"

"၂ယောက်မဆန့်ဘူး"

"ဆန့်တယ်၊ လာ"

သူ့လက်ကိုဆွယ်တာကရုတ်တရက်ဆွဲလိုက်တာမို့ အိပ်ရာပေါ် အရှိန်လွန်ပြီးပါချသွားတယ်။ ထို့နောက် ကြည်လင်သောမျက်လုံးတို့ရဲ့ ဆုံစည်းခြင်းစက္ကန့်ပိုင်းတို့။ တစ်ယောက်ရဲ့အသက်ရှူသံက တစ်ယောက်ဆီမှာပြန်ကြားနေရသလိုမျိုး။

"ဆောရီး Lix"

ဆွယ်တာကဖယ်ခွာဖို့လုပ်တဲ့အခါ သူကိုယ်တိုင်မသိလိုက်ဘဲ လျင်လျင်မြန်မြန်နဲ့ ဆွယ်တာ့ကိုပြန်ဆွဲထားမိတယ်။ အရာအားလုံးက တဖြည်းဖြည်းနှေးလာသလိုပဲ။ သူဘာကိုမှမမြင်တော့ဘူး။ မြင်နိုင်တာ ဆွယ်တာ့မျက်ဝန်းအောက်ကမှဲ့နက်လေးပဲ။ သတိလက်လွတ်နဲ့မျက်လုံးတွေကို မှိတ်ချပြီးတဲ့နောက်မှာ မှဲ့နက်လေးဆီကို သူ့အနမ်းတွေရောက်သွားတယ်။ ပြီးမှ ရှက်ကိုးရှက်ကန်းဖြစ်ပြီး မျက်နှာကိုအနည်းငယ်လွှဲမိတဲ့အခါ ဆွယ်တာ့နှုတ်ခမ်းတွေကပါ သူ့ဆီရောက်ရှိလာတော့တယ်။

သူဘာကိုမှမမြင်တော့တာသေချာတယ်။ သူလွှမ်းမိုးခံလိုက်ရတာလား။ မဟုတ်ဘူး။ ဒီစည်းကို သူအရင်ချိုးတာ။

နှစ်လွှာသောနှုတ်ခမ်းများက သီးခြားစီဖြစ်ပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက်မပြောဘဲ သိသွားတဲ့ခံစားချက်မျိုးတွေနဲ့ ပြုံးပြမိကြတယ်။ သည့်နောက်မှာတော့ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားမိကြတယ်။

အသက်ရှူသံမှန်မှန်နဲ့ ဆွယ်တာအိပ်ပျော်သွားပြီ။ Felixဆိုတဲ့ဒီလူကတော့ ရှေ့တိုးရမလား နောက်ဆုတ်ရမလားတွေဝေတဲ့အနေအထားနဲ့ ကြည်နူးစိတ်တွေကလည်းယိုစိမ့်နေပြန်တယ်။ ဒါဟာဖြစ်သင့်ရဲ့လားသူတွေးမိတယ်။ အနေနီးလို့ခဏစိတ်ယိုင်သွားကြတာလား။

သူ့နှာဖျားကလေက ဆွယ်တာ့ဆံနွယ်တွေကို ဝေ့သွားတဲ့နောက်မှာတော့ အလန့်တကြားနဲ့အသက်ရှူပါအောင့်မိလိုက်တယ်။ ဆွယ်တာအိပ်ရေးပျက်သွားမှာကို သူစိုးရိမ်သွားတာ။

"ကျွန်တော်ရူးမှာပဲ၊ ရူးလည်းရူးနေပြီထင်တာပဲ"

စိတ်ထဲကနေ တိုးတိုးတိတ်တိတ်ရေရွတ်သံကို အနုမြူမှင်စာလေးတွေကြားနေမယ်ထင်တယ်။ အိပ်ဖို့အတော်ကြိုးစားရတဲ့ညပဲ။ တကယ်ပဲ သူနောက်မဆုတ်နိုင်တော့ဘူးထင်တယ်။

မနက်စာကို ညကကျန်တဲ့Brownieရယ်၊ လိမ္မော်ရည်တချို့ရယ်နဲ့ စတင်လိုက်တယ်။

"ဒီနေ့ Samအတန်းပါတယ်နော်"

"ဟုတ်တယ်၊ အဲ့တာကြောင့် အိမ်ခဏပြန်ရမယ်၊ အဝတ်အစားတွေလဲရဦးမယ်လေ"

လိမ္မော်ရည်လက်ကျန်ကိုမော့ရင်း သူ့ဆွယ်တာ့ကိုပြောဖို့အားတင်းလိုက်တယ်။

"Samကျွန်တော်နဲ့လာနေမလား"

ပြုံးစိမ့်စိမ့်ဖြစ်သွားတဲ့ဆွယ်တာ့မျက်နှာက သူ့ကိုရှက်ရဲရဲဖြစ်သွားစေသလိုပဲ။

"Lixက ငါနဲ့လိုက်နေလေ၊ Lixသာဆိုရင် ရွှေ့စရာမှသိပ်မရှိတာ"

"အာ...မနေပါဘူး၊ Samပဲ ဒီမှာနေချင်နေ၊ မနေချင်လည်းရတယ်"

အကြောက်အကန်ငြင်းမှုရဲ့နောက်ကွယ်မှာ သူ့ရဲ့မနာလိုခြင်းနဲ့ သဝန်တိုခြင်းဆိုတဲ့အရာတွေရှိခဲ့တယ်။ ဆွယ်တာ့အိမ်မှာသူနေလိုက်ရင် သူကအစားထိုးခံလိုက်ရသလိုမျိုးခံစားနေရမှာ။ အဲ့ဒီလိုဖြစ်မှာထက် ဆွယ်တာ့ကိုပဲ စိတ်သစ်၊ လူသစ်၊ ခံစားချက်အသစ်နဲ့ သူ့နေရာမှာပဲနေစေချင်တော့တယ်။

"ငါ့အိမ်ကစာချုပ်လည်းပြည့်တော့မှာဆိုတော့ မကြာခင်လာနေဖြစ်မယ်ထင်ပါတယ်၊ ဖြတ်စရာအလုပ်တွေလည်းရှိသေးလို့ပါ၊ Lixကငါ့ကိုနားလည်တယ်မလား"

သူခေါင်းလည်းမညိတ်ဘူး၊ ခေါင်းလည်းမခါဘူး။ ဆွယ်တာဆုံးဖြတ်တာကိုပဲ သူလက်ခံလိုက်မယ်။ သူ့မှာဆွယ်တာနဲ့အတူရှိနေရတဲ့ ကြည်နူးစိတ်ကို ဘာနဲ့မှအဖျက်ဆီးမခံချင်သေးဘူး။

ဆွယ်တာက သူ့အိမ်သူပြန်တဲ့အခါ သူပါလိုက်သွားလိုက်တယ်။ ပြီးမှ ဆွယ်တာ့ကားကိုကပ်စီးပြီး ကျောင်းကိုဆက်သွားမယ်။ သူတို့အတူတူလာရင် လူတွေဘယ်လိုထင်မလဲ။ ထင်စရာတော့မရှိပါဘူး။ သူကိုယ်ကမလုံမလဲဖြစ်နေတာပါ။

"Samပြောင်းရမယ့်ရက်ကျ ကျွန်တော့်ကိုကြိုပြောနော်၊ ပစ္စည်းတွေလာကူသိမ်းမယ်"

လှေကားကို သွက်သွက်လက်လက်တက်ရင်း စကားကောင်းနေကြတယ်။ ထို့နောက်တွင်တော့ ဆွယ်တာက သူ့ကိုအခန်းသော့လေးထုတ်ပေးတာမို့ သူဆွဲယူပြီး တံခါးကိုဖွင့်ပေးလိုက်တယ်။

"ဝင်လို့ရပြီ Sam"

ဆွယ်တာက သူ့ကိုကျော်ပြီးအခန်းတံခါးကိုဖြတ်ဝင်လိုက်တယ်။ အဲ့ဒီနောက်မှာ ဆက်မဝင်သေးဘဲ ဖိနပ်ချွတ်တဲ့နေရာမှာရှိတဲ့ ဖိနပ်တစ်စုံကိုငေးစိုက်နေတယ်။ သူလည်းမအူမလည်နဲ့ အိမ်ထဲလိုက်ဝင်ဖို့ဟန်ပြင်ကာရှိသေး၊ သူတို့ရှေ့ရောက်လာတဲ့လူတစ်ယောက်။

"ဆွယ်တာ...."

ဒီလိုမျိုးခေါ်ပြီး ဆွယ်တာ့ကို သိမ်းကြုံးဆွဲဖက်လိုက်တဲ့လူတစ်ယောက်။ သူခြေမကိုင်မိလက်မကိုင်မိဖြစ်သွားအောင် တုန်လှုပ်သွားတယ်။ အဲ့ဒီလူပြန်ရောက်လာခဲ့ပြီ....။ Felixကိုယ်တိုင်လိုက်ရှာပေးခဲ့မိတဲ့လူ။ ကင်မရာထဲကလူ။

"ဆွယ်တာရယ်၊ ကိုယ်မင်းကိုလွမ်းတာရူးတော့မလို့..."

ရုတ်တရက်ပြေးထွက်ပြီး အခန်းတံခါးကိုဆွဲပိတ်ချလိုက်တယ်။ ထို့နောက် လှေကားထစ်တွေကို ထိမိသလားတောင်မသိရဘဲ သူလျင်လျင်မြန်မြန်ကျော်ဆင်းလာခဲ့တယ်။ သူ့ဦးနှောက်ကထူပူပြီး အပြစ်ရှိသလိုလည်းခံစားလိုက်ရတယ်။

သူဘာလုပ်ရမလဲ။ ဘာဆက်လုပ်ရမလဲ။

ဆွယ်တာကရော....ဘာဆက်လုပ်မှာလဲ။

ဒီလိုနဲ့ တိုကျိုမြို့ကြီးကတော့ နေသာနေခဲ့တယ်...။

Thanks For Reading

Note

Wpထဲဝင်မရလို့၊ log outကြီးautoဖြစ်သွားလို့ updateကြာသွားပါတယ်ဗျ။

Zawgyi

တကၠသုိလ္ေက်ာင္းသားတစ္ေယာက္ရဲ႕အခန္းမု႔ိ ရႈပ္ပြမေနရင္ေတာင္ ရွင္းေနတာမ်ဳိးေတာ့မဟုတ္ဘူး။ သူ႔အခန္းကသိပ္မက်ယ္လွတာမုိ႔ ဆြယ္တာ့ကုိ အနည္းငယ္ေတာ့အားနာမိတယ္။ ရွက္ကုိးရွက္ကန္းနဲ႔ အခန္းထဲဝင္ေစလိုက္ေပမဲ့ ဆြယ္တာကေတာ့ ဘာကုိမွဂရုစုိက္ေနတဲ့ပံုမေပၚဘူး။ ဆုိဖာခပ္က်ဥ္းက်ဥ္းေပၚပဲ ထုိင္ခ်သြားတယ္။

"Sam...ေရခ်ဳိးဦးမလား၊ ကြၽန္ေတာ္ေရပူျဖည့္ထားလိုက္မယ္ေလ"

"အင္း...နည္းနည္းလန္းေအာင္ခ်ဳိးခ်င္တယ္၊ အလုပ္ရႈပ္ေပမဲ့ ေတာင္းဆုိပါတယ္"

"ေရပူခလုတ္ေလးနွိပ္ခ်တာ ဘာအလုပ္မွမဟုတ္ပါဘူး"

ဆြယ္တာ့အတြက္ ေရပူျဖည့္ေနတုန္း စားဖုိ႔တစ္ခုခုစီစဥ္ေပးရန္ ေတြးမိတယ္။ ဆြယ္တာ ဘာမွစားထားမည္မထင္တာေၾကာင့္ျဖစ္တယ္။

"ညစာစားၿပီးၿပီလား Sam"

"ေကာ္ဖီေသာက္ထားတယ္ေလ"

ဆြယ္တာ့အသံက အနည္းငယ္စိတ္မပါလက္မပါပဲ။

"တစ္ခုခုလုပ္ေပးမယ္ေလ၊ ဘာစားခ်င္လဲ"

ဆြယ္တာ့နားကပ္ထုိင္ရင္းေမးေနရာကေန ၾကားမိတဲ့ေရလ်ွံက်သံေၾကာင့္ ေရကုိအေျပးအလႊားပိတ္လိုက္ရတယ္။

"ေရေတာ့ရၿပီ၊ Samေရခ်ဳိးတုန္း တစ္ခုခုစီစဥ္ထားေပးမယ္ေလ၊ ဘာစားမလဲ၊ ကြၽန္ေတာ့္မွာ ေလာေလာဆယ္ေတာ့ ေခါက္ဆြဲေျခာက္ေတြပဲရွိတယ္"

"စားခ်င္စိတ္မရွိဘူး Lixရာ...၊ ေရခ်ိဳးၿပီးအိပ္လိုက္ေတာ့မယ္"

ေျပာေျပာဆုိဆုိနဲ႔ သူ႔အနားကေန ဆြယ္တာထသြားၿပီး ေရခ်ဳိးခန္းဝင္သြားတယ္။ တစ္ခုခုေတာ့စားေစခ်င္တာမုိ႔ သူေခါက္ဆြဲနွစ္ထုပ္ကုိေပါင္းျပဳတ္ဖုိ႔ ေရေႏြးတည္လိုက္တယ္။ ဆြယ္တာမစားလည္း နွစ္ထုပ္စာေတာ့ သူကုန္ပါတယ္။

"Lix"

"ဟုတ္...ဟုတ္ကဲ့၊ ဘာျဖစ္လို႔လဲ Sam"

ေရခ်ဳိးခန္းထဲကေန ေအာင္းထြက္လာတဲ့အသံေၾကာင့္ သူကပ်ာကယာျပန္ထူးမိသြားတယ္။

"ငါအထီးက်န္လို႔၊ စကားလာေျပာေပးမလား"

"Samေရခ်ဳိးၿပီးရင္..."

"ငါတစ္ေယာက္တည္းမေနခ်င္ေသးလို႔ပါ၊ စိတ္မရွိရင္ ခဏလာေပးမလား"

သူတြန္႔ဆုတ္တဲ့ေျခလွမ္းေတြနဲ႔ ေရခ်ဳိးခန္းဝေရာက္သြားမိတယ္။ တားဆီးလို႔လည္းမရ တြန္႔ဆုတ္ျခင္းလည္းျဖစ္မိတဲ့ ခက္ခဲတဲ့အခိုက္အတန္႔ပဲ။

"ကြၽန္ေတာ္ဒီမွာရွိတယ္ေနာ္ Sam"

"တံခါးနည္းနည္းဟလိုက္ပါလား၊ အခန္းထဲမွာ တစ္ေယာက္တည္းရွိေနရတာ မြန္းၾကပ္လို႔ပါ"

"ခင္ဗ်ာ"

"လိုက္ကာကာထားတာပဲ၊ Lixကုိ ငါဘာမွမလုပ္ပါဘူး"

အရဲစြန္႔ျခင္းမ်ားစြာနဲ႔ သူေရခ်ဳိးခန္းတံခါးကုိ တြန္းဖြင့္လိုက္တယ္။ လိုက္ကာခပ္ပါးပါးျခားေနေပမဲ့ ဆြယ္တာ့အသက္ရွဴသံကုိေတာ့ သူ႔ဆီမေရာက္ႏုိင္ေအာင္ တားဆီးႏုိင္ဟန္မရဘူး။

"ခင္ဗ်ားအဆင္ေျပရဲ႕လား Sam"

မထိတထိရယ္သံေလးတစ္ခ်က္ သူၾကားမိမွ အျပန္စကားကလာတယ္။

"ေျပပါတယ္၊ ဒါေပမဲ့...."

ဒါေပမဲ့ဆုိတဲ့ေလသံေနာက္မွာ တိမ္ဝင္သြားတဲ့လည္ေခ်ာင္းသံက သူ႔ကုိအသက္ရွဴတစ္ခ်က္ၾကပ္သြားေစတယ္။

"Lix"

"ကြၽန္ေတာ္ရွိတယ္ Sam"

"Brownieစားခ်င္တယ္"

"အခု ...အခုလား"

"အြန္း စားခ်င္တယ္၊ ရႏုိင္မလား"

"ဒါဆုိ ကြၽန္ေတာ္သြားဝယ္လိုက္မယ္"

"Lixလက္ရာစားခ်င္တာ"

"ခင္ဗ်ာ"

အျပန္စကားထပ္မလာဘဲ လက္ေခ်ာင္းေတြနဲ႔ေရေတြကုိ ေဆာ့ကစားေနတဲ့ပံုရိပ္ကုိပဲ ျမင္လိုက္ရတယ္။ ဆြယ္တာက ဘယ္လိုလူမ်ဳိးလဲသူမစဥ္းစားတတ္ဘူး။ ဒါေပမဲ့ ဆြယ္တာ့ကုိ ျငင္းဆန္ႏုိင္စြမ္းသူ႔မွာမရွိဘူး။

အပ်င္းေျပမုန္႔ဖုတ္တတ္တာမုိ႔ သူ႔ဆီမွာပါဝင္ပစၥည္းတခ်ဳိ႕က်န္ေနေသးတာပဲ ေတာ္ေတာ့တယ္။ တည္ၿပီးေမ့ေနလို႔ အေငြ႕ရုိက္ေနတဲ့ ေရေႏြးအုိးကုိ ေရထပ္ျဖည့္ၿပီးတည္ထားတယ္။ ဆြယ္တာအဆာေျပစားဖုိ႔တစ္ခုခုေတာ့လုပ္ထားရမယ္။ ကုိယ္တုိင္သိပ္ထားတဲ့ ကင္မ္ခ်ီတခ်ဳိ႕နဲ႔ ေခါက္ဆြဲျပဳတ္ေလးက အေရာင္အေသြးေတာက္ပေနတယ္။ ၾကက္ဥေလးနွစ္လံုးေဖာက္ထည့္ၿပီးတဲ့အခါမွာေတာ့ ျပည့္စံုသြားၿပီ။

စားပြဲခံုမွာ ေခါက္ဆြဲအုိးေလးကုိခ်ၿပီး ထည့္စားဖုိ႔ ပန္းကန္နွစ္ခ်ပ္ျပင္ထားလိုက္တယ္။ အဲ့ဒီေနာက္ မုန္႔ဖုတ္လုပ္ငန္းစတင္ရတယ္။ သူမၾကာခဏလက္တည့္စမ္းတတ္တဲ့မုန္႔္မုိ႔ပဲေတာ္ေတာ့တယ္။ မဟုတ္ရင္ သူဆြယ္တာ့ကုိဘယ္လိုျငင္းရမလဲ စဥ္းစားလို႔ေတာင္မရဘူး။

"Lix...ဝတ္စရာတစ္ခုခုငွားဦးေလ"

ကုိယ္တစ္ပုိင္းျပတ္နဲ႔ ေရခ်ဳိးခန္းကေန ဆြယ္တာထြက္လာေတာ့ သူတစ္ခ်က္ၾကည့္ၿပီး ေခါင္းျပန္ငံု႔ထားလိုက္တယ္။

"ခဏေလးေနာ္၊ ကြၽန္ေတာ္သြားရွာေပးမယ္"

လက္ကုိကပ်ာကယာေဆးၿပီး တီရွပ္အျဖဴခပ္ပြပြတစ္ထည္နဲ႔ ေဘာင္းဘီခ်ည္သားခပ္ပြပြကုိပဲေ႐ြးလိုက္တယ္။

"ကြၽန္ေတာ့္မွာ ဆြယ္တာေတြေတာ့မရွိလို႔..."

ဆြယ္တာ့လက္ထဲ ဝတ္စရာေတြထည့္ေပးၿပီးဆုိေတာ့ ဆြယ္တာကအနည္းငယ္ၿပံဳးလ်က္ သူ႔ေခါင္းကုိအသာပုတ္သြားတယ္။ မသိရင္ သူကသံုးနွစ္သားကေလးလိုပဲ။

သူ႔အဝတ္အစားေတြဝတ္ၿပီးထြက္လာတဲ့ ဆြယ္တာက အျမင္သစ္မုိ႔ ထူးဆန္းေနတယ္။ ဒီလို ေပါ့ေပါ့ပါးပါးေလးေတြမဝတ္ဘဲ ဘာလို႔မ်ား ဆြယ္တာေလးေလးေတြကုိ ဝတ္ခ်င္ရတာပါလိမ့္။

"Samကဒီလိုေတြလိုက္သားနဲ႔ အခုမွဝတ္တာေတြ႕ဖူးေတာ့တယ္"

"ဒီလိုပါပဲ၊ ငါလည္းအရင္ကေတာ့ ပံုမွန္ပဲဝတ္တာပါပဲ၊ ဆြယ္တာနဲ႔လိုက္တယ္လို႔ေျပာဖူးတဲ့လူေၾကာင့္ မၾကာခဏဝတ္ရင္းကေန အက်င့္ျဖစ္သြားတာထင္တယ္"

နာက်င္မႈပါတဲ့အၿပံဳးေလးကေတာင္ သူမ်က္စိလႊဲဖုိ႔မခိုင္းေစႏုိင္ဘူး။

"ေန႔တုိင္းဝတ္တာေတာ့ လြန္တာေပါ့"

မေက်မနပ္ျမည္တြန္ေတာက္တီးမိၿပီးေနာက္ သူ႔ကုိစုိက္ၾကည့္ေနတဲ့ဆြယ္တာ့ေၾကာင့္ သူနႈတ္ဆိတ္ၿပီး Brownieကုိပဲအာရံုစုိက္လိုက္တယ္။

"အာ ေခါက္ဆြဲ...၊ Samအတြက္လုပ္ထားတာ၊ စားနွင့္လိုက္ေနာ္"

ဆြယ္တာကခပ္ၿငိမ္ၿငိမ္ေလးေခါင္းညိတ္ၿပီး တူနဲ႔ထည့္စားမယ့္ပန္းကန္ေလးကုိ ဆြဲယူလိုက္တယ္။ သိပ္မေျပာရဘဲ အစားစားတဲ့အတြက္ သူစိတ္ေအးသြားတယ္။ ေနာက္ေတာ့ Brownieလုပ္ဖုိ႔ လံုးပန္းရေတာ့တာပဲ။

မုန္႔ဖုတ္သည့္အုိဗင္ထဲ Brownieျဖစ္လာမည့္မုန္႔ေလာင္းေလးကုိထည့္ၿပီး ဆြယ္တာ့အနားသြားတဲ့အခါ ေခါက္ဆြဲတစ္အုိးလံုးက ဘာမွမက်န္ခ်င္ေတာ့ဘူး။ ဆြယ္တာက အရည္မ်ားကုိပါ ထည့္လိုက္ေသာက္လိုက္မုိ႔ သူခပ္က်ဲက်ဲသာရယ္မိရင္း သူ႔အတြက္ထပ္ျပဳတ္ဖုိ႔ စဥ္းစားရေတာ့သည္။

"Sam...ဗုိက္ျပည့္ရဲ႕လား၊ ကြၽန္ေတာ့္ဖုိ႔ျပဳတ္ဦးမလို႔၊ စားဦးမလား"

"ေတာ္ၿပီ၊ Brownieပဲေစာင့္ေတာ့မယ္"

အားတင္းထားတဲ့အၿပံဳးေလးနဲ႔ေျပာၿပီးတဲ့ေနာက္ေတာ့ ဆြယ္တာက ဖုန္းသံုးေနေတာ့တယ္။ သူလည္းပ်င္းပ်င္းရိရိနဲ႔ ေခါက္ဆြဲျပဳတ္စားၿပီး ဆြယ္တာ့ကုိပဲအရိပ္တၾကည့္ၾကည့္ေနမိတယ္။ အုိဗင္ကေန တီခနဲတစ္ခ်က္အခ်က္ျပတဲ့အခါ သူအေျပးအလႊား Brownieကုိထုတ္ရတယ္။

"ရၿပီ Sam..."

"ရေတာင္ရၿပီလား"

ဆြယ္တာကပါထလာၿပီး စားပြဲေပၚက Brownieကုိသေဘာတက်ၾကည့္ေနတယ္။

"Lixကတကယ္ေတာ္တာ၊ ဒီBrownieကတစ္ခါစားဖူးတာနဲ႔ ထပ္စားခ်င္ေနေရာပဲ"

ေပက်ံေနေသာ Brownieေလးနွစ္ပန္းကန္က ဆုိဖာခပ္က်ဥ္းက်ဥ္းေလးေရွ႕က စားပြဲေပၚမွာက်န္ခဲ့ၿပီ။ တစ္ေယာက္အိပ္အိပ္ရာေပၚမွာ ဆြယ္တာကအိပ္ေနၿပီးေတာ့ သူကေတာ့ေအာက္မွာအိပ္ရာခင္းနဲ႔လွဲေနမိတယ္။ အိပ္ရာေဘးမွာရွိတဲ့စားပြဲေပၚက အႏုျမဴပါတဲ့မေကာင္းဆုိးဝါးမွင္စာရုပ္ေလးေတြကုိ ဆြယ္တာကစိတ္ဝင္တစားၾကည့္ေနရွာတယ္။

"Lix..."

"အြန္း Sam"

"ဒီအရုပ္ေတြက အူယားစရာမေကာင္းဘူးလား၊ ရုပ္ေလးေတြက ႐ြဲ႕ေစာင္းေနတာပဲေလ"

"ကြၽန္ေတာ္လည္းမေျပာတတ္ဘူး၊ သေဘာက်လို႔"

ဆြယ္တာကတစ္ခ်က္ရယ္ၿပီး သက္ျပင္းရွည္ႀကီးကုိဆက္ခ်တယ္။

"ငါ့အျပစ္ေတြက ဘယ္လိုမ်ဳိးေက်ေအာင္လုပ္ရမလဲ Lix"

သူဘာမွျပန္မေျဖမိဘူး။ ေျဖလည္းမေျဖတတ္ဘူး။ ေျဖတတ္လည္းမေျဖခ်င္ဘူး။ သူဆြယ္တာ့ကုိမေက်နပ္ဘူး။

"ငါ့အခန္းထဲမွာဆုိ ငါတစ္ေယာက္တည္းအထီးက်န္ၿပီး သူနဲ႔ရွိခဲ့တာေတြကုိ ေတြးရင္းေတြးရင္ သတိရမိေနမွာ၊ အဲ့တာေၾကာင့္ Lixနဲ႔လိုက္လာတာ"

"Samႀကိဳက္သေလာက္ေနပါ၊ ကြၽန္ေတာ္ႀကိဳဆုိပါတယ္"

"အဲ့ဒီလိုသာဆုိရင္ေတာ့ ငါမျပန္ဘဲေနရေတာ့မွာပဲ၊ သူ႔ကုိငါသတိမရတဲ့ရက္မွမရွိတာ"

"ခင္ဗ်ားစိတ္ပဲေလ Sam...၊ သတိရခ်င္ေသးရင္ ခင္ဗ်ားျပန္ဦးမွာပဲ"

သူ ေငါက္ခနဲထထုိင္ၿပီး ေခါင္းအံုးကုိဆြဲရင္း ထထြက္လာမိတယ္။ သူမသိခ်င္ေတာ့ဘူး။ မၾကားခ်င္ေတာ့ဘူး။ သူေဒါသေတြမထြက္ခ်င္ေတာ့ဘူး။

"Lix....ငါ့ကုိစိတ္ဆုိးတာလား"

နံရံကုိမွီရင္းေမးလာတဲ့ ဆြယ္တာ့ကုိ သူတစ္ခ်က္ၾကည့္ၿပီး မသိခ်င္ေယာင္ေဆာင္လိုက္တယ္။

"Lix..."

"ေနာက္က်ေနၿပီေလ Sam...၊ အိပ္ေတာ့"

"ငါလည္းမင္းနဲ႔အတူလာအိပ္မယ္"

ဆြယ္တာက ေခါင္းအံုးနဲ႔ေစာင္ကုိမရင္း သူ႔ေဘးလာထုိင္တယ္။

"Lixကငါ့ကုိဘာလို႔စိတ္ဆုိးတာလဲ"

"မဆုိးပါဘူး"

"ဆုိးေနတာပဲေလ၊ မ်က္နွာကသိသာေနတာပဲ"

"Sam...ခင္ဗ်ားေအးေဆးေန"

"ဟာ...ငါကဘာလုပ္မိလို႔လဲ"

သူဆြယ္တာ့ကုိ တစ္ခ်က္စူးစူးၾကည့္မိတယ္။

"ေဟာ ေတြ႕လား၊ အဲ့ဒီမ်က္လံုးႀကီး"

"Sam..."

ဆြယ္တာက သူ႔ကုိသက္သက္လိုက္ကလိေနသလိုမုိ႔ သူရယ္ခ်င္လာတယ္။

"ရယ္ခ်င္တယ္မလား၊ ရယ္ေလ တင္းမထားနဲ႔"

"တင္းမထားပါဘူး"

"ဟုတ္လို႔လား"

"ေသခ်ာေပါက္..."

သူ႔စကားမဆံုးခင္မွာပဲ ဆြယ္တာ့လက္ေတြက သူ႔ခါးဆီေျပးဝင္သြားတာမုိ႔ သူတြန္႔လိမ္သြားရေတာ့တယ္။

"ရယ္ၿပီမလား"

"မရယ္ဘူးလို႔"

"ရယ္ေနၿပီေလ"

သူတကယ္လည္း အားပါးတရကုိ ရယ္ေနမိတာ။

"ေတာ္ပါေတာ့၊ ကြၽန္ေတာ္အူနာေနၿပီ"

"ဒါဆုိရယ္ၿပီလား"

"ရယ္ၿပီ ရယ္ၿပီ"

သူဝန္ခံမွပဲ ဆြယ္တာကရပ္သြားတယ္။ ၿပီးေတာ့ နွစ္ေယာက္လံုးပက္လက္လွန္လွဲၾကရင္း ရယ္ျခင္းကုိၿပိဳင္တူအေတာသတ္ၾကတယ္။

"အခန္းထဲသြားအိပ္ Sam...၊ ခင္ဗ်ားအေအးမိမယ္"

"Lixလည္းလိုက္အိပ္ေလ"

"ေတာ္ေတာ္လက္ေပါက္ကပ္တဲ့လူ"

သူဒီလိုေျပာတာကုိ ဆြယ္တာက ဟားဟားဆုိၿပီး က်ယ္က်ယ္ေလာင္ေလာင္ရယ္တယ္။ အဲ့ဒီေနာက္ေတာ့ သူဆြယ္တာ့စကားနားေထာင္ရေတာ့တာပဲ။

"ခုတင္ေပၚအတူအိပ္မယ္"

"၂ေယာက္မဆန္႔ဘူး"

"ဆန္႔တယ္၊ လာ"

သူ႔လက္ကုိဆြယ္တာကရုတ္တရက္ဆြဲလိုက္တာမုိ႔ အိပ္ရာေပၚ အရွိန္လြန္ၿပီးပါခ်သြားတယ္။ ထုိ႔ေနာက္ ၾကည္လင္ေသာမ်က္လံုးတုိ႔ရဲ႕ ဆံုစည္းျခင္းစကၠန္႔ပုိင္းတုိ႔။ တစ္ေယာက္ရဲ႕အသက္ရွဴသံက တစ္ေယာက္ဆီမွာျပန္ၾကားေနရသလိုမ်ဳိး။

"ေဆာရီး Lix"

ဆြယ္တာကဖယ္ခြာဖုိ႔လုပ္တဲ့အခါ သူကုိယ္တုိင္မသိလိုက္ဘဲ လ်င္လ်င္ျမန္ျမန္နဲ႔ ဆြယ္တာ့ကုိျပန္ဆြဲထားမိတယ္။ အရာအားလံုးက တျဖည္းျဖည္းေနွးလာသလိုပဲ။ သူဘာကုိမွမျမင္ေတာ့ဘူး။ ျမင္ႏုိင္တာ ဆြယ္တာ့မ်က္ဝန္းေအာက္ကမွဲ႔နက္ေလးပဲ။ သတိလက္လြတ္နဲ႔မ်က္လံုးေတြကုိ မွိတ္ခ်ၿပီးတဲ့ေနာက္မွာ မွဲ႔နက္ေလးဆီကုိ သူ႔အနမ္းေတြေရာက္သြားတယ္။ ၿပီးမွ ရွက္ကုိးရွက္ကန္းျဖစ္ၿပီး မ်က္နွာကုိအနည္းငယ္လႊဲမိတဲ့အခါ ဆြယ္တာ့နႈတ္ခမ္းေတြကပါ သူ႔ဆီေရာက္ရွိလာေတာ့တယ္။

သူဘာကုိမွမျမင္ေတာ့တာေသခ်ာတယ္။ သူလႊမ္းမုိးခံလိုက္ရတာလား။ မဟုတ္ဘူး။ ဒီစည္းကုိ သူအရင္ခ်ဳိးတာ။

နွစ္လႊာေသာနႈတ္ခမ္းမ်ားက သီးျခားစီျဖစ္ၿပီးတဲ့ေနာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္မေျပာဘဲ သိသြားတဲ့ခံစားခ်က္မ်ဳိးေတြနဲ႔ ၿပံဳးျပမိၾကတယ္။ သည့္ေနာက္မွာေတာ့ တစ္ေယာက္လက္ကုိတစ္ေယာက္ဆုပ္ကုိင္ထားမိၾကတယ္။

အသက္ရွဴသံမွန္မွန္နဲ႔ ဆြယ္တာအိပ္ေပ်ာ္သြားၿပီ။ Felixဆုိတဲ့ဒီလူကေတာ့ ေရွ႕တုိးရမလား ေနာက္ဆုတ္ရမလားေတြေဝတဲ့အေနအထားနဲ႔ ၾကည္ႏူးစိတ္ေတြကလည္းယုိစိမ့္ေနျပန္တယ္။ ဒါဟာျဖစ္သင့္ရဲ႕လားသူေတြးမိတယ္။ အေနနီးလို႔ခဏစိတ္ယုိင္သြားၾကတာလား။

သူ႔နွာဖ်ားကေလက ဆြယ္တာ့ဆံႏြယ္ေတြကုိ ေဝ့သြားတဲ့ေနာက္မွာေတာ့ အလန္႔တၾကားနဲ႔အသက္ရွဴပါေအာင့္မိလိုက္တယ္။ ဆြယ္တာအိပ္ေရးပ်က္သြားမွာကုိ သူစုိးရိမ္သြားတာ။

"ကြၽန္ေတာ္ရူးမွာပဲ၊ ရူးလည္းရူးေနၿပီထင္တာပဲ"

စိတ္ထဲကေန တုိးတုိးတိတ္တိတ္ေရ႐ြတ္သံကုိ အႏုျမဴမွင္စာေလးေတြၾကားေနမယ္ထင္တယ္။ အိပ္ဖုိ႔အေတာ္ႀကိဳးစားရတဲ့ညပဲ။ တကယ္ပဲ သူေနာက္မဆုတ္ႏုိင္ေတာ့ဘူးထင္တယ္။

မနက္စာကုိ ညကက်န္တဲ့Brownieရယ္၊ လိေမၼာ္ရည္တခ်ဳိ႕ရယ္နဲ႔ စတင္လိုက္တယ္။

"ဒီေန႔ Samအတန္းပါတယ္ေနာ္"

"ဟုတ္တယ္၊ အဲ့တာေၾကာင့္ အိမ္ခဏျပန္ရမယ္၊ အဝတ္အစားေတြလဲရဦးမယ္ေလ"

လိေမၼာ္ရည္လက္က်န္ကုိေမာ့ရင္း သူ႔ဆြယ္တာ့ကုိေျပာဖုိ႔အားတင္းလိုက္တယ္။

"Samကြၽန္ေတာ္နဲ႔လာေနမလား"

ၿပံဳးစိမ့္စိမ့္ျဖစ္သြားတဲ့ဆြယ္တာ့မ်က္နွာက သူ႔ကုိရွက္ရဲရဲျဖစ္သြားေစသလိုပဲ။

"Lixက ငါနဲ႔လိုက္ေနေလ၊ Lixသာဆုိရင္ ေ႐ႊ႕စရာမွသိပ္မရွိတာ"

"အာ...မေနပါဘူး၊ Samပဲ ဒီမွာေနခ်င္ေန၊ မေနခ်င္လည္းရတယ္"

အေၾကာက္အကန္ျငင္းမႈရဲ႕ေနာက္ကြယ္မွာ သူ႔ရဲ႕မနာလိုျခင္းနဲ႔ သဝန္တုိျခင္းဆုိတဲ့အရာေတြရွိခဲ့တယ္။ ဆြယ္တာ့အိမ္မွာသူေနလိုက္ရင္ သူကအစားထုိးခံလိုက္ရသလိုမ်ဳိးခံစားေနရမွာ။ အဲ့ဒီလိုျဖစ္မွာထက္ ဆြယ္တာ့ကုိပဲ စိတ္သစ္၊ လူသစ္၊ ခံစားခ်က္အသစ္နဲ႔ သူ႔ေနရာမွာပဲေနေစခ်င္ေတာ့တယ္။

"ငါ့အိမ္ကစာခ်ဳပ္လည္းျပည့္ေတာ့မွာဆုိေတာ့ မၾကာခင္လာေနျဖစ္မယ္ထင္ပါတယ္၊ ျဖတ္စရာအလုပ္ေတြလည္းရွိေသးလို႔ပါ၊ Lixကငါ့ကိုနားလည္တယ္မလား"

သူေခါင္းလည္းမညိတ္ဘူး၊ ေခါင္းလည္းမခါဘူး။ ဆြယ္တာဆံုးျဖတ္တာကုိပဲ သူလက္ခံလိုက္မယ္။ သူ႔မွာဆြယ္တာနဲ႔အတူရွိေနရတဲ့ ၾကည္ႏူးစိတ္ကုိ ဘာနဲ႔မွအဖ်က္ဆီးမခံခ်င္ေသးဘူး။

ဆြယ္တာက သူ႔အိမ္သူျပန္တဲ့အခါ သူပါလိုက္သြားလိုက္တယ္။ ၿပီးမွ ဆြယ္တာ့ကားကုိကပ္စီးၿပီး ေက်ာင္းကုိဆက္သြားမယ္။ သူတုိ႔အတူတူလာရင္ လူေတြဘယ္လိုထင္မလဲ။ ထင္စရာေတာ့မရွိပါဘူး။ သူကုိယ္ကမလံုမလဲျဖစ္ေနတာပါ။

"Samေျပာင္းရမယ့္ရက္က် ကြၽန္ေတာ့္ကုိႀကိဳေျပာေနာ္၊ ပစၥည္းေတြလာကူသိမ္းမယ္"

ေလွကားကုိ သြက္သြက္လက္လက္တက္ရင္း စကားေကာင္းေနၾကတယ္။ ထုိ႔ေနာက္တြင္ေတာ့ ဆြယ္တာက သူ႔ကုိအခန္းေသာ့ေလးထုတ္ေပးတာမုိ႔ သူဆြဲယူၿပီး တံခါးကုိဖြင့္ေပးလိုက္တယ္။

"ဝင္လို႔ရၿပီ Sam"

ဆြယ္တာက သူ႔ကုိေက်ာ္ၿပီးအခန္းတံခါးကုိျဖတ္ဝင္လိုက္တယ္။ အဲ့ဒီေနာက္မွာ ဆက္မဝင္ေသးဘဲ ဖိနပ္ခြၽတ္တဲ့ေနရာမွာရွိတဲ့ ဖိနပ္တစ္စံုကုိေငးစုိက္ေနတယ္။ သူလည္းမအူမလည္နဲ႔ အိမ္ထဲလိုက္ဝင္ဖုိ႔ဟန္ျပင္ကာရွိေသး၊ သူတုိ႔ေရွ႕ေရာက္လာတဲ့လူတစ္ေယာက္။

"ဆြယ္တာ...."

ဒီလိုမ်ဳိးေခၚၿပီး ဆြယ္တာ့ကုိ သိမ္းႀကံဳးဆြဲဖက္လိုက္တဲ့လူတစ္ေယာက္။ သူေျခမကုိင္မိလက္မကုိင္မိျဖစ္သြားေအာင္ တုန္လႈပ္သြားတယ္။ အဲ့ဒီလူျပန္ေရာက္လာခဲ့ၿပီ....။ Felixကုိယ္တုိင္လိုက္ရွာေပးခဲ့မိတဲ့လူ။ ကင္မရာထဲကလူ။

"ဆြယ္တာရယ္၊ ကုိယ္မင္းကုိလြမ္းတာရူးေတာ့မလို႔..."

ရုတ္တရက္ေျပးထြက္ၿပီး အခန္းတံခါးကုိဆြဲပိတ္ခ်လိုက္တယ္။ ထုိ႔ေနာက္ ေလွကားထစ္ေတြကုိ ထိမိသလားေတာင္မသိရဘဲ သူလ်င္လ်င္ျမန္ျမန္ေက်ာ္ဆင္းလာခဲ့တယ္။ သူ႔ဦးေနွာက္ကထူပူၿပီး အျပစ္ရွိသလိုလည္းခံစားလိုက္ရတယ္။

သူဘာလုပ္ရမလဲ။ ဘာဆက္လုပ္ရမလဲ။

ဆြယ္တာကေရာ....ဘာဆက္လုပ္မွာလဲ။

ဒီလိုနဲ႔ တုိက်ိဳၿမိဳ႕ႀကီးကေတာ့ ေနသာေနခဲ့တယ္...။

Thanks For Reading

Note

Wpထဲဝင္မရလို႔၊ log outႀကီးautoျဖစ္သြားလို႔ updateၾကာသြားပါတယ္ဗ်။

There are no comments yet. Log in to be the first to leave a review!

Similar stories