Fanfics

A Cup Of Coffee

11:42, 17 May 2023

Unicode

လမ်းမထက် အရှိန်ပြင်းစွာခုန်ချနေတဲ့ မိုးစက်တွေတစ်ပေါက်ချင်းစီက သူ့နှလုံးသားပေါ်ခုန်ဆင်းနေသလိုမျိုး တဒုတ်ဒုတ်နဲ့လှုပ်ရှားနေတယ်။ အခုမှအိပ်ရာနိုးလာတဲ့သူနဲ့ ရေချိုးခန်းထဲကနေ ကိုယ်တစ်ပိုင်းဗလာကျင်းပြီးထွက်လာတဲ့ ဆွယ်တာပဲရှိတဲ့အခန်းမှာ အနေခက်နေတဲ့သူက သူကိုယ်တိုင်ပဲ။

"Lix...မနက်စာ ပေါင်မုန့်မီးကင်ဆိုရမလား"

သူမျက်လွှာကိုမသိမသာအောက်ချရင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။ သူတကယ်နေရခက်တယ်။

"မင်းအဝတ်အစားတွေ ခြောက်နေပြီနော်၊ ရေချိုးပြီးလဲချင်ရင်ရပြီ၊ ငါမနက်စာသွားပြင်လိုက်ဦးမယ်၊ သြော် အခုဝတ်ထားတာတွေ ဒီအတိုင်းခြင်းထဲထည့်ခဲ့ပေး၊ ငါလျှော်စရာတွေထည့်ထားတဲ့ခြင်းက အဲ့ဒီနားတင်ရှိတယ်"

သူခုတင်ဘေးက အဝတ်ခြင်းကိုလှမ်းကြည့်လိုက်တယ်။

"ကျေးဇူးပါပဲ Sam"

ဆွယ်တာအဝတ်အစားလဲပြီးထွက်သွားတဲ့အချိန်မှာမှ သူခေါင်းကိုရဲရဲမော့ရဲတယ်။ ရေချိုးအဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတဲ့အခါ ပေါင်မုန့်မီးကင်နဲ့ ကြက်ဥကြော်နံ့ကသင်းပျံ့နေတာပဲ။

"Lix...ရေချိုးတာမြန်လိုက်တာ၊ ခဏလေး ဒီမှာဝက်ပေါင်ခြောက်မကြော်ရသေးလို့၊ ခဏလေးစောင့်၊ ဒီမှာနွားနို့လေးသောက်ရင်း အဆာဖြေထား"

စားပွဲဝိုင်းပေါ် အသံတစ်ချက်ဆောင့်ပြီးကျလာတဲ့နွားနို့ပူပူခွက်လေးက ဆွယ်တာအလျင်လိုနေတာကို သိသာစေတယ်။ သူခပ်ငြိမ်ငြိမ်ထိုင်ရင်း နွားနို့ကိုဖြည်းဖြည်းချင်းသောက်ဖြစ်တယ်။ အညိုရောင်ဆွယ်တာတစ်ထည်ဝတ်ထားတဲ့ ဆွယ်တာ့ကျောပြင်ကို သူမမှိတ်မသုန်ကြည့်နေမိတယ်။ ဒီနေ့ နည်းနည်းအေးတော့ ဆွယ်တာကခေါင်းစွပ်လေးတစ်ခုကို စွပ်ထားသေးတယ်။ ဒီလိုဆိုတော့လည်း ဆွယ်တာက လူငယ်လေးပါပဲ။ သက်တူရွယ်တူကောင်လေးတစ်ယောက်နဲ့တူတယ်။ ဆွယ်တာ့ဆီမှာ လေးလံတဲ့ခံစားချက်တွေရှိတာမြင်ရတယ်။ ကင်မရာထဲကလူကို သူအသားလွတ်မုန်းလာသလိုပဲ။ ဆွယ်တာလေးလံနေတာ ဒီလူ့ကြောင့်ဖြစ်မယ်။

"ဒီနေ့ရော ဘယ်မှာသွားရှာကြမလဲ Sam"

"မရှာတော့ဘူး"

"ခင်ဗျာ"

"ဟုတ်တယ် Lix...၊ ငါမရှာတော့ဘူး၊ သူငါ့ကိုမတွေ့ချင်လို့တောင် ရှောင်ပြေးသွားတာပဲ၊ ငါရှာနေလည်းအပိုပဲထင်တယ်၊ တစ်သက်လုံး ငါ့အပြစ်တွေကို ငါခံစားသွားဖို့ပဲ ဆုံးဖြတ်လိုက်ပြီ"

ကြက်ဥ Half-friedပေါ်မှာ အပြုံးသဏ္ဍာန်တင်ပေးထားတဲ့ ဝက်ပေါက်ခြောက်ကိုကြည့်ပြီး သူပြုံးမိလိုက်တယ်။ မနက်စာက တကယ်ကိုမြိန်တာ။

"Lixပြန်မယ်ဆို ငါလိုက်ပို့မယ်နော်"

"ကျွန်တော်မပြန်တော့ဘူး၊ ညနေအချိန်ပိုင်းရှိတော့ ဒီမှာပဲနေလိုက်တော့မယ်၊ သြော် ဒီမှာဆိုတာ Samအိမ်ကိုပြောတာမဟုတ်ပါဘူး၊ ဟိုနားဒီနားလျှောက်သွားရင်းနေမယ်လို့ပြောတာပါ"

"ငါ့အိမ်နေလည်းရတာပဲ၊ ဒါပေမဲ့ Lixဘယ်သွားချင်လို့လဲ၊ ငါလည်းလိုက်မယ်လေ၊ အိမ်မှာပိတ်နေချင်စိတ်မရှိလို့"

"အထွေအထူးတော့မရှိဘူးထင်တာပဲ"

"ဒါဆို တစ်ခုကူညီမလား"

"ဘာများလဲ Sam"

ဆွယ်တာဆိုတဲ့လူက တကယ့်လူ။ သူ့အိမ်မှာနေခိုင်းတာအကောင်းတော့မဟုတ်ဘူး။ သူပန်းချီပုံတူဆွဲဖို့အတွက် သူ့ကိုငုတ်တုတ်ငြိမ်ငြိမ်ကြီး ထိုင်ခိုင်းထားတာမျိုး။

"ညောင်းရင်ပြောနော် Lix"

"မညောင်းပါဘူး"

ညောင်းတယ်။ တကယ့်ကိုညောင်းနေတာ။ အမှီမပါဘာမပါခုံမှာ တောင့်တောင့်ကြီး တစ်ငြိမ်တည်းထိုင်နေရတာ အသက်ထွက်လုဆဲဆဲခံစားချက်မျိုးပဲ။ စထိုင်ကတည်းက "Lixသက်တောင့်သက်သာဖြစ်သလိုလေးထိုင်"လို့ပြောခဲ့တာပဲလေ။ သူကိုယ်ကပို့စ်ပေးလွဲတာပဲ။ ဆိုဖာပေါ်လှဲခဲ့ရင်လည်းအကောင်းသား။ သူကသာအတွေးပေါင်းများစွာ ရီဝေနေတာ။ ဆွယ်တာက မျက်လုံးတွေကို ဆုတ်ချက်တွေနဲ့မလွတ်စေသေးဘူး။

"Lixရဲ့လက်က ဘာလို့ရဲနေတာလဲ"

ဆွယ်တာပြောကာမှ သူလက်နှစ်ဖက်လုံးကို မရေမရာမြှောက်ကြည့်မိလိုက်တယ်။ ပြီးမှ မနေ့က ကော်ဖီအပူလောင်ထားတဲ့လက်ကိုသတိရတယ်။

"သြော် ဒါလား၊ ကော်ဖီဖိတ်ကျတာပါ၊ မနာတော့ပါဘူး"

"ဟုတ်လို့လား"

ဆွယ်တာကမေးရုံတင်မဟုတ်ဘူး။ အနားရောက်လာပြီးပါ သူ့အပူလောင်ဒဏ်ရာကိုဖိကြည့်တာ။

"အ့..."

"နာတယ်မလား"

သူဘာမှမပြောသာဘဲ မော့ပဲကြည့်နိုင်တယ်။ ဆွယ်တာကခပ်ပြုံးပြုံးနဲ့ ဆေးသေတ္တာသွားယူပြီး သူ့လက်ကိုဆေးလိမ်းပေးခဲ့တယ်။ ဆွယ်တာ့လက်ထဲမှာ အခုသူ့လက်ရှိနေတယ်။ သတိမထားမိတာအကောင်း။ သတိထားမိကာမှ သူထူပူလာပြန်တယ်။ သူဆွယ်တာ့ကို ပထမဆုံးထိဖူးတာမို့လား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ ဆွယ်တာမေ့လဲတဲ့တစ်ခေါက်က ဒီခြေတံရှည်တွေကိုဆွဲပွေ့ပြီး ကားထဲထည့်ခဲ့တာသူပဲလေ။ အဲ့ဒီတုန်းက သူ့စိတ်ကငြိမ်သလောက် အခုကျတဖျပ်ဖျပ်ထနေတဲ့မီးတောက်ထဲကို ဝင်ဝင်ဖြတ်ကူးဆော့ကစားနေတဲ့ ပိုးကောင်လိုမျိုးခံစားရတယ်။ ပူပေမဲ့ တိုးဝင်ချင်တုန်း၊ ဆက်ပြီး တိုးဝင်ချင်တုန်း။

"ရပြီ သခင်လေး"

နောက်နောက်ပြောင်ပြောင်နဲ့ထထွက်သွားတော့မှ သူ့လက်ကိုပတ်တီးစည်းပေးသွားတာသတိထားမိတော့တယ်။

"ဆက်ဆွဲလို့ရနိုင်မလား Lix"

"ခင်ဗျားသဘောပဲ Sam"

ဆွယ်တာဆိုတဲ့လူ ပန်းချီအဆွဲကောင်းတာ သူနေ့လယ်စာလွတ်တဲ့အပြင် အချိန်ပိုင်းအလုပ်တောင်မနည်းပြေးရတာပဲ။ ပြေးရတယ်ဆိုတာထက် ဆွယ်တာလိုက်ပို့တာပေါ့။ ပြီးတော့လည်း သူ့ကိုအားနာနေပုံရတယ်။ အချိန်ပိုင်းပြီးရင် ညစာလိုက်ကျွေးပါ့မယ်ဆိုပြီး စာအုပ်တစ်အုပ်နဲ့ထိုင်စောင့်နေပြန်တယ်။ ဆွယ်တာရှိနေတော့ သူအလုပ်လုပ်ရတာတောင်သိပ်မဖြောင့်ချင်ဘူး။ သူ့ကိုပဲ ကြည့်ကွက်ကြည့်ကွက်လုပ်နေမိတာပဲ။

"ယုံးဘို့-ကွန်းရဲ့မိတ်ဆွေလား၊ ချောလိုက်တာနော်၊ တော်တော်ကို ဆွဲဆောင်မှုရှိတဲ့မျက်နှာပိုင်ထားတာပဲ"

တာရှိဂဝ-စံက သူ့အပြုအမူတွေကြောင့် ဆွယ်တာ့ကိုသတိထားမိပြီး ချီးကျူးတော့ သူဂုဏ်ယူပြုံးပြုံးလိုက်မိတယ်။ တကယ်ဆို သူ့ကိုချီးကျူးနေတာတောင်မဟုတ်ပါဘဲနဲ့။ မီးရောင်ဝါဝါက ဆွယ်တာ့မျက်နှာပေါ်မှာကျနေတာက အတည်ကြည့်ကောင်းနေတာတော့ သူမငြင်းနိုင်ဘူး။ အလိုအလျောက်ဖုန်းကိုထုတ်ယူမိပြီး စာဖတ်နေတဲ့ဆွယ်တာ့ကို ကင်မရာချိန်မိလိုက်တယ်။ ဖျက်ခနဲလက်သွားတဲ့မီးရောင်ပြီးတဲ့နောက် ဓာတ်ပုံကိုပြန်ကြည့်မိတဲ့အခါ သူ့အားမျက်လုံးလေးလှန်ကြည့်နေတဲ့ဆွယ်တာ...။

အလိုလိုကျောပေးမိသွားတဲ့အခိုက်အတန့်။ သူတကယ်ကိုထူပူသွားတာ။ ဆွယ်တာ့ကြောင့်ကြာရင် သူရူးတော့မှာ။

သူအလုပ်ပြီးတဲ့အချိန်မှာ မိုးတစ်ခေါက်ရွာလာပြန်ပြီ။ ဒီနေ့တော့ သူ့တိုက်ခန်းသူပြန်မှဖြစ်တော့မယ်။ ဆွယ်တာ့နားမှာထပ်နေရင် သူဘာမှန်းမသိတဲ့ခံစားချက်တွေရရနေတယ်လေ။ သူခေါင်းထပ်မရှုပ်ချင်တော့ဘူး။ ဒီနေ့တော့ ကိုယ့်တိုက်ခန်းကိုယ်အရကိုပြန်ရမယ်။

"Lix...စားကောင်းလား"

"တကယ်စားလို့ကောင်းတယ်၊ ညစာအတွက် ကျေးဇူးပဲ Sam..."

"မိုးရွာနေတယ်နော် Lix...၊ ပိုသည်းမလားမသိဘူး၊ မုန်တိုင်းကြေညာချက်လည်းရှိတယ်"

"ရထားလိုင်းတွေပိတ်လည်း Taxiနဲ့ပြန်လိုက်တော့မယ်၊ Samဆီမှာအကြာကြီးကပ်နေလို့မရဘူးလေ"

သူ့အပြောကို ဆွယ်တာက တစ်ချက်ရယ်သွားတယ်။ တကယ်ဒီလူက ရယ်စရာမပါဘဲ ရယ်ကိုရယ်တယ်။

"Lixနေရင် ခေါ်ထားပါတယ် Lixရာ၊ ကိုယ့်ကျောင်းသားကိုယ် ဘယ်ဆရာကမှမောင်းမထုတ်ပါဘူး၊ ပြီးတော့ ငါတို့ဆက်ဆံရေးက ဆရာတပည့်ထက်ပိုတယ်လေ"

ဒီတစ်ခေါက်တော့ ရယ်စရာမပါ ပြုံးစရာမပါဘဲ ပြုံးမိသွားတာကတော့ Felixဆိုတဲ့သူပဲ။

"စားပြီးရင် Lixကိုလိုက်ပို့ပေးမယ်"

"မဟုတ်တာ၊ ရပါတယ်၊ Samပြန်တဲ့အချိန်မှောင်နေလိမ့်မယ်၊ ကျွန်တော်က တက္ကစီနဲ့အဆင်ပြေတယ်၊ မနက်ဖြန်မှကျောင်းမှာတွေ့ကြတယ်"

"အာ မနက်ဖြန် ငါ့အချိန်မှမပါဘဲ Lixကလည်း"

စားလက်စညစာကိုအဆုံးသတ်ရင်း ချမိသွားတဲ့သက်ပြင်းနောက်မှာ အဓိပ္ပါယ်တွေအများကြီးပါတယ်။ ကားမှန်ပေါ် စီးကျရိုက်ခတ်နေကြတဲ့ မိုးစက်တွေကိုကြည့်နေမိပေမဲ့ ခေါင်းထဲမှာက ဆွယ်တာ့အကြောင်းပဲရှိတယ်။ သူ့အတွက်ပြုတ်ပေးတဲ့ခေါက်ဆွဲပြုတ်၊ ချစ်ဖို့ကောင်းတဲ့မနက်စာ၊ နောက်ပြီး ပန်းချီဆွဲနေတဲ့ဆွယ်တာ။ တစ်ရက်တာပြည့်ဖို့နာရီပိုင်းတောင်လိုတဲ့အချိန်လေးမှာ သူတကယ်ကိုပျော်ဝင်ကြည်နူးနေခဲ့မိတာပဲ။

"Lix...Lix...."

နှုတ်ကနေ ကိုယ့်နာမည်ကိုယ် တတွတ်တွတ်ရွတ်ပေမဲ့ ကြားယောင်နေတာကတော့ ဆွယ်တာခေါ်တဲ့အသံ။ နားထောင်လို့ကောင်းတယ်ဆိုတာထက်ကိုပိုပါတယ်။ ဖြစ်နိုင်ရင် လူတိုင်းကိုနားထောင်ကြည့်စေချင်တယ်။ သူဘာကြောင့်တွေးတွေးပြီးသဘောကျလဲဆိုတာ ဆွယ်တာ့ခေါ်သံကိုကြားရင် သဘောပေါက်သွားမှာ။

"Lix...Lix...Lix"

နာရီသံက ချက်ချက်လို့မမြည်ဘဲ Lix Lixလို့မြည်နေတယ်ပြောရင်လည်း အရယ်ခံရမယ်ထင်တယ်။ ရယ်ချင်လည်းရယ်စေတော့။ တကယ်ပဲနာရီက အဲ့ဒီလိုမြည်တာ။ "ချက်ချက်"ဆိုတာက သူတစ်သက်လုံး နားကြားမှားလာခဲ့တာဖြစ်မယ်။

"Lix...."

သူ့နားသယ်စကဆံပင်တွေကို ဆွယ်တာက သပ်တင်ရင်းခေါ်လိုက်တဲ့နာမည်။ သူပြန်ထူးချင်ပေမဲ့ မထူးနိုင်ဘဲ ဆွယ်တာ့မျက်ဝန်းအိမ်အောက်နားက မှဲ့လေးကိုကြည့်နေမိတာ။ အဲ့ဒီမှဲ့လေးက သူ့ကိုအဆွဲဆောင်နိုင်ဆုံးအရာလေးပဲ။ သူသိပ်သဘောကျနေမိတာ...။

"Sam"

မိုးခြိမ်းသံနောက်က ယောင်ယမ်းသံတစ်ခု။ လျှပ်ပြက်သလိုမျိုးပဲ၊ အရာရာက တဒင်္ဂလေးနဲ့ ဖြစ်ပျက်နိုင်သလို ပျောက်ကွယ်သွားနိုင်တယ်။ နောက်ထပ်မိုးခြိမ်းသံတစ်ခု။ သူ့နောက်ကမိုးသံ၊ လေသံ။ အဲ့ဒီနောက်က မျောလွင့်အိပ်မက်။

ဆွယ့်တာနောက်ကို မျောလွင့်ပြီးပါသွားတဲ့အိပ်မက်။

********

""ဒူ.....ဒူ.....""

Alarmသံတဒူဒူကြောင့် သူလန့်နိုးလာခဲ့တယ်။ ဒီနေ့သူအတန်းတက်ရမှာပဲ။ ရေချိုးကာ ကျောင်းဝတ်စုံလဲပြီးတဲ့နောက်မှာတော့ မနက်စာကို ပေါင်မုန့်အသားညှပ်ပြေးဝယ်စားလိုက်တယ်။ နေ့တိုင်း ကြုံသလို ဖြစ်သလိုစားရတာကိုအသားကျနေပြီဖြစ်ပေမဲ့ မမေ့နိုင်တဲ့ တစ်နပ်စာလေးကိုတော့သတိရမိသေးတယ်။

"Lix...ဖုန်းပြောလို့ရမလား"

တင်ခနဲအသံမြည်ပြီးဝင်လာတဲ့ မတ်ဆေ့ခ်ျတစ်ခု။ နေ့လယ်စာစားချိန်ဖြစ်တဲ့အတွက် သူဆွယ်တာ့ကိုဖုန်းခေါ်ပေးလိုက်တယ်။

"ဖုန်းပြောချင်တာ ဘာဖြစ်လို့လဲ Sam"

ဆွယ်တာဖုန်းကိုင်ကိုင်ချင်းပဲ သူအရင်မေးလိုက်တယ်။ ဖုန်းစပီကာကနေတစ်ဆင့် ဆွယ်တာ့ရဲ့အသက်ရှူသံပြင်းပြင်းကိုကြားရတယ်။ တစ်ခုခုများဖြစ်လေလို့လား။

"Sam...တစ်ခုခုဖြစ်နေတာလား၊ ကျွန်တော်လာရမလား"

"ဟို...သူ့ကို သူ့ကို ငါ့အသိတစ်ယောက်ကတွေ့မိတယ် ဖုန်းဆက်လာလို့...."

"ဟင် ခင်ဗျားလူလား"

သူ့ရင်ထဲထိတ်ခနဲဖြစ်သွားတာ သူသိလိုက်တယ်။

"ဟုတ်တယ် Lix...၊ အမြင်ပဲမှားတာလားတော့မသိပေမဲ့ ပန်းချီပြပွဲတစ်ခုမှာတွေ့လိုက်တယ်လို့ပြောတာပဲ၊ အဲ့ဒီမှာ ငါ့ပန်းချီကားတွေလည်း နည်းနည်းရှိတယ်ဆိုတော့...."

"သူခင်ဗျားကို သတိရလို့ ခင်ဗျားပန်းချီတွေလာကြည့်တာလို့ ပြောချင်တာလား"

"အင်း အဲ့ဒီလိုပြောချင်တာ"

သူသက်ပြင်းအရှည်ကြီးချမိလိုက်တယ်။

"အဲ့ဒီကို Samသွားကြည့်ပြီးပြီလား"

"အခုပဲငါလည်းသိရတာပဲ၊ အဲ့တာသွားကြည့်ရင်ကောင်းမလားလို့ Lixကို လှမ်းပြီးတိုင်ပင်တာ"

"ခင်ဗျား သူ့ကိုပြန်တွေ့ချင်တယ်ဆို သွားရှာကြည့်သင့်တယ်ထင်တယ်၊ ပြပွဲမှာမရှိတော့ရင်တောင် အဲ့ဒီဝန်းကျင်မှာ ရှိနေနိုင်တယ်လေ"

"Lixလိုက်ခဲ့မလား၊ ငါလာခေါ်မယ်လေ"

ဆွယ်တာ့အသံကတုန်ရီနေသလိုပဲ။ ဒါပေမဲ့ သူကူညီချင်စိတ်ဖြစ်မလာဘူး။

"ကျွန်တော် နောက်အတန်းလွတ်လို့မရလို့"

"ဟုတ်လား၊ ဒါဆိုငါပဲသွားလိုက်မယ်နော်"

"ကားကိုဂရုစိုက် မောင်း Sam..."

ရုတ်တရက်ကျသွားတဲ့ဖုန်းသံကြောင့် သူစိတ်ပျက်လက်ပျက်နဲ့ ထိုင်ချမိသွားတယ်။ ကိုယ့်ဆံပင်တွေကိုယ်လည်း စိတ်ရှိတိုင်းထိုးဖွပစ်လိုက်တယ်။

"ဘာအဓိပ္ပါယ်မှရှိမနေဘူး"

ရေရေရာရာမသိတဲ့ခံစားချက်နဲ့ မြည်တွန်တောက်တီးမှုမို့ ဘာကိုမကျေမနပ်ပြောဆိုနေမိလဲသူမသိဘူး။ အတန်းချိန်ကိုလည်းအာရုံစိုက်လို့မရတော့ဘူး။ အလုပ်ချိန်မှာလည်းဒီလိုပဲ။ အသံမြည်မလာဘဲငြိမ်သက်နေတဲ့ဖုန်းကိုပဲ တကြည့်ကြည့်လုပ်နေမိတာ။ ဖုန်းကိုတကြည့်ကြည့်လုပ်နေတာမို့ တာရှိဂဝ-စံကတောင် အိမ်ကမိဘတွေနေကောင်းရဲ့လားမေးနေသေးတယ်။

အလုပ်ပြီးဖို့ နာရီဝက်အလိုမှာ သူ့ဖုန်းလေးကတုန်ခါလာခဲ့တယ်။ စိတ်လှုပ်ရှားစွာထုတ်ကြည့်မိပေမဲ့ မိခင်ဖြစ်နေခဲ့တာပဲ။

"ယုံးဘို့-ကွန်း အရေးကြီးရင်ကိုင်နော်"

"ရ...ရပါတယ် တာရှိဂဝ-စံ"

သူဖုန်းသံကိုပိတ်ပြီး ကျောပိုးအိတ်ထဲသွားထိုးထည့်ပြီးမှ မုန့်ကောင်တာကိုပြန်ထွက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဆိုင်တံခါးဝမှာ ငြိမ်သက်နေတဲ့ဆည်းလည်းလေးတွေက တံခါးဘောင်နဲ့တိုက်မိမှုကြောင့် အသံစာစာလေးမြည်လာတော့တယ်။

"Sam..."

သူ့ကို အားသိပ်မရှိစွာနဲ့ပြုံးပြတယ်။

"အမေရိကာနိုတစ်ခွက်ပေးပါ Lix"

"ခဏလေးစောင့်ပေးပါနော်"

ဆွယ်တာကခေါင်းညိတ်ပြီး သူထိုင်နေကျဝိုင်းလေးကို လှမ်းကြည့်တယ်။ ဆွယ်တာထိုင်နေကျနေရာလေးမှာ တခြားဧည့်သည်တွေရှိနေတယ်။

"ဘယ်လောက်ကြာဦးမှာလဲ Lix..."

"မကြာဘူးလေ Sam...၊ ခဏပဲ ရပြီ"

ဆွယ်တာ့ရဲ့ အမေရိကာနိုကို သူသွက်သွက်လုပ်ပေးရင်းဖြေလိုက်တယ်။

"ကော်ဖီမဟုတ်ဘူး၊ Lixဘယ်အချိန်ပြီးမှာလဲ မေးတာ"

"ဟင်"

သူနည်းနည်းကြောင်အအဖြစ်ပြီးမှ နာရီကိုလှည့်ကြည့်မိတယ်။

"မိနစ်၂၀လောက်တော့လိုသေးတယ်"

"ဒီနေ့မင်းအိမ်လိုက်ခဲ့လို့ရလား"

"ဟင်"

ဆွယ်တာက သူ့ကိုကြောင်သထက်ကြောင်အောင်ကို လုပ်နေတော့တာပဲ။

"ရ...ရပါတယ်၊ ဘာဖြစ်လို့လဲ"

"ငါစောင့်နေမယ်"

အမေရိကာနိုဘူးကိုဆွဲယူသွားပြီး အဆင်ပြေတဲ့ဝိုင်းမှာ ဆွယ်တာသွားထိုင်နေတယ်။ ဒီနေ့တော့ စာအုပ်လည်းဖတ်မနေဘူး။ မှန်နံရံတွေကိုပဲဖြတ်ပြီးလမ်းမကိုကြည့်နေတော့တယ်။ မျက်နှာနဲ့ဆွယ်တာဝတ်ထားတဲ့အရောင်က တစ်သားတည်းဖြစ်နေပြန်တယ်။ ထပ်ပြီးမေ့လဲသွားမှာတောင်သူစိုးရိမ်တယ်။

ဒီညတော့ ကောင်းကင်မှာကြယ်တွေစီရီနေကြပြီ။ ကားမောင်းနေတဲ့ဆွယ်တာ့မျက်နှာမှာ အပြုံးမရှိဘူး။

"Sam အင်္ကျီမှာကော်ဖီတွေစွန်းကုန်တာလား"

အမှတ်တမဲ့နဲ့ အဖြူရောင်ဆွယ်တာပေါ်က ကော်ဖီကွက်ကို သူသတိပြုမိသွားတယ်။

"ဟုတ်မယ်ထင်တယ်"

ခပ်အေးအေးပြန်ဖြေတယ်။ သူလည်းဘာဆက်ပြောရမယ်မှန်းမသိဘဲ ငြိမ်မိသွားပြန်တယ်။ လိုတာထက်ပိုတည်နေတဲ့ဆွယ်တာ့မျက်နှာမှာ ဝမ်းနည်းရိပ်တွေကိုထိန်းထားတာသိသာတယ်။ ဆွယ်တာမပြောလည်း ဖြစ်ခဲ့တာကိုသူရိပ်မိတယ်။ ဆွယ်တာ အဲ့ဒီလူကိုရှာမတွေ့ခဲ့ဘူး။ ဆွယ်တာလည်း အဲ့ဒီလူကိုချစ်ရှာပါတယ်။ ဒါကြောင့်လည်း ဒီလောက်ခံစားနေရတာပေါ့။

သူ့ရင်ထဲလေးလံသွားတယ်။ ကြယ်တွေကိုတိမ်တွေဖုံးသွားရင်ကောင်းမယ်။ သူမျက်လုံးတွေမှိတ်ထားလိုက်တယ်။ တချို့အရာတွေက ကိုယ်မမြင်ချင်တဲ့အခါ ပျောက်ကွယ်သွားခိုင်းလို့မရဘူး။ ကိုယ်တိုင်မျက်စိမှိတ်ပြီး မမြင်ဖို့ကြိုးစားရုံပဲရှိတယ်။

လေပြေနုက သူ့မျက်နှာကိုဖြတ်သွားတယ်။ အဲ့ဒီနောက်မှာ အဖြူရောင်ဆွယ်တာလေးက သူ့မျက်စိရှေ့ပေါ်လာတော့တယ်....။

Thanks For Reading

Note

စာရေးဖို့မိုတီလေးတော့ ပေးကြဦးလေဗျာ....။

Zawgyi

လမ္းမထက္ အရွိန္ျပင္းစြာခုန္ခ်ေနတဲ့ မုိးစက္ေတြတစ္ေပါက္ခ်င္းစီက သူ႔နွလံုးသားေပၚခုန္ဆင္းေနသလိုမ်ဳိး တဒုတ္ဒုတ္နဲ႔လႈပ္ရွားေနတယ္။ အခုမွအိပ္ရာႏုိးလာတဲ့သူနဲ႔ ေရခ်ဳိးခန္းထဲကေန ကုိယ္တစ္ပုိင္းဗလာက်င္းၿပီးထြက္လာတဲ့ ဆြယ္တာပဲရွိတဲ့အခန္းမွာ အေနခက္ေနတဲ့သူက သူကုိယ္တုိင္ပဲ။

"Lix...မနက္စာ ေပါင္မုန္႔မီးကင္ဆုိရမလား"

သူမ်က္လႊာကုိမသိမသာေအာက္ခ်ရင္းပဲ ေခါင္းညိတ္ျပလုိက္တယ္။ သူတကယ္ေနရခက္တယ္။

"မင္းအဝတ္အစားေတြ ေျခာက္ေနၿပီေနာ္၊ ေရခ်ဳိးၿပီးလဲခ်င္ရင္ရၿပီ၊ ငါမနက္စာသြားျပင္လိုက္ဦးမယ္၊ ေၾသာ္ အခုဝတ္ထားတာေတြ ဒီအတုိင္းျခင္းထဲထည့္ခဲ့ေပး၊ ငါေလ်ွာ္စရာေတြထည့္ထားတဲ့ျခင္းက အဲ့ဒီနားတင္ရွိတယ္"

သူခုတင္ေဘးက အဝတ္ျခင္းကုိလွမ္းၾကည့္လိုက္တယ္။

"ေက်းဇူးပါပဲ Sam"

ဆြယ္တာအဝတ္အစားလဲၿပီးထြက္သြားတဲ့အခ်ိန္မွာမွ သူေခါင္းကုိရဲရဲေမာ့ရဲတယ္။ ေရခ်ဳိးအဝတ္အစားလဲၿပီး ေအာက္ထပ္ဆင္းလာတဲ့အခါ ေပါင္မုန္႔မီးကင္နဲ႔ ၾကက္ဥေၾကာ္နံ႔ကသင္းပ်ံ႕ေနတာပဲ။

"Lix...ေရခ်ဳိးတာျမန္လိုက္တာ၊ ခဏေလး ဒီမွာဝက္ေပါင္ေျခာက္မေၾကာ္ရေသးလို႔၊ ခဏေလးေစာင့္၊ ဒီမွာႏြားႏုိ႔ေလးေသာက္ရင္း အဆာေျဖထား"

စားပြဲဝုိင္းေပၚ အသံတစ္ခ်က္ေဆာင့္ၿပီးက်လာတဲ့ႏြားႏုိ႔ပူပူခြက္ေလးက ဆြယ္တာအလ်င္လိုေနတာကုိ သိသာေစတယ္။ သူခပ္ၿငိမ္ၿငိမ္ထုိင္ရင္း ႏြားႏုိ႔ကုိျဖည္းျဖည္းခ်င္းေသာက္ျဖစ္တယ္။ အညိဳေရာင္ဆြယ္တာတစ္ထည္ဝတ္ထားတဲ့ ဆြယ္တာ့ေက်ာျပင္ကုိ သူမမွိတ္မသုန္ၾကည့္ေနမိတယ္။ ဒီေန႔ နည္းနည္းေအးေတာ့ ဆြယ္တာကေခါင္းစြပ္ေလးတစ္ခုကုိ စြပ္ထားေသးတယ္။ ဒီလိုဆုိေတာ့လည္း ဆြယ္တာက လူငယ္ေလးပါပဲ။ သက္တူ႐ြယ္တူေကာင္ေလးတစ္ေယာက္နဲ႔တူတယ္။ ဆြယ္တာ့ဆီမွာ ေလးလံတဲ့ခံစားခ်က္ေတြရွိတာျမင္ရတယ္။ ကင္မရာထဲကလူကုိ သူအသားလြတ္မုန္းလာသလိုပဲ။ ဆြယ္တာေလးလံေနတာ ဒီလူ႔ေၾကာင့္ျဖစ္မယ္။

"ဒီေန႔ေရာ ဘယ္မွာသြားရွာၾကမလဲ Sam"

"မရွာေတာ့ဘူး"

"ခင္ဗ်ာ"

"ဟုတ္တယ္ Lix...၊ ငါမရွာေတာ့ဘူး၊ သူငါ့ကုိမေတြ႕ခ်င္လို႔ေတာင္ ေရွာင္ေျပးသြားတာပဲ၊ ငါရွာေနလည္းအပုိပဲထင္တယ္၊ တစ္သက္လံုး ငါ့အျပစ္ေတြကုိ ငါခံစားသြားဖုိ႔ပဲ ဆံုးျဖတ္လိုက္ၿပီ"

ၾကက္ဥ Half-friedေပၚမွာ အၿပံဳးသ႑ာန္တင္ေပးထားတဲ့ ဝက္ေပါက္ေျခာက္ကုိၾကည့္ၿပီး သူၿပံဳးမိလိုက္တယ္။ မနက္စာက တကယ္ကုိၿမိန္တာ။

"Lixျပန္မယ္ဆုိ ငါလိုက္ပုိ႔မယ္ေနာ္"

"ကြၽန္ေတာ္မျပန္ေတာ့ဘူး၊ ညေနအခ်ိန္ပုိင္းရွိေတာ့ ဒီမွာပဲေနလိုက္ေတာ့မယ္၊ ေၾသာ္ ဒီမွာဆုိတာ Samအိမ္ကုိေျပာတာမဟုတ္ပါဘူး၊ ဟုိနားဒီနားေလ်ွာက္သြားရင္းေနမယ္လို႔ေျပာတာပါ"

"ငါ့အိမ္ေနလည္းရတာပဲ၊ ဒါေပမဲ့ Lixဘယ္သြားခ်င္လို႔လဲ၊ ငါလည္းလိုက္မယ္ေလ၊ အိမ္မွာပိတ္ေနခ်င္စိတ္မရွိလို႔"

"အေထြအထူးေတာ့မရွိဘူးထင္တာပဲ"

"ဒါဆုိ တစ္ခုကူညီမလား"

"ဘာမ်ားလဲ Sam"

ဆြယ္တာဆုိတဲ့လူက တကယ့္လူ။ သူ႔အိမ္မွာေနခုိင္းတာအေကာင္းေတာ့မဟုတ္ဘူး။ သူပန္းခ်ီပံုတူဆြဲဖုိ႔အတြက္ သူ႔ကုိငုတ္တုတ္ၿငိမ္ၿငိမ္ႀကီး ထုိင္ခိုင္းထားတာမ်ဳိး။

"ေညာင္းရင္ေျပာေနာ္ Lix"

"မေညာင္းပါဘူး"

ေညာင္းတယ္။ တကယ့္ကုိေညာင္းေနတာ။ အမွီမပါဘာမပါခံုမွာ ေတာင့္ေတာင့္ႀကီး တစ္ၿငိမ္တည္းထုိင္ေနရတာ အသက္ထြက္လုဆဲဆဲခံစားခ်က္မ်ဳိးပဲ။ စထုိင္ကတည္းက "Lixသက္ေတာင့္သက္သာျဖစ္သလိုေလးထုိင္"လို႔ေျပာခဲ့တာပဲေလ။ သူကုိယ္ကပုိ႔စ္ေပးလြဲတာပဲ။ ဆုိဖာေပၚလွဲခဲ့ရင္လည္းအေကာင္းသား။ သူကသာအေတြးေပါင္းမ်ားစြာ ရီေဝေနတာ။ ဆြယ္တာက မ်က္လံုးေတြကုိ ဆုတ္ခ်က္ေတြနဲ႔မလြတ္ေစေသးဘူး။

"Lixရဲ႕လက္က ဘာလို႔ရဲေနတာလဲ"

ဆြယ္တာေျပာကာမွ သူလက္နွစ္ဖက္လံုးကုိ မေရမရာေျမႇာက္ၾကည့္မိလိုက္တယ္။ ၿပီးမွ မေန႔က ေကာ္ဖီအပူေလာင္ထားတဲ့လက္ကုိသတိရတယ္။

"ေၾသာ္ ဒါလား၊ ေကာ္ဖီဖိတ္က်တာပါ၊ မနာေတာ့ပါဘူး"

"ဟုတ္လို႔လား"

ဆြယ္တာကေမးရံုတင္မဟုတ္ဘူး။ အနားေရာက္လာၿပီးပါ သူ႔အပူေလာင္ဒဏ္ရာကုိဖိၾကည့္တာ။

"အ့..."

"နာတယ္မလား"

သူဘာမွမေျပာသာဘဲ ေမာ့ပဲၾကည့္ႏုိင္တယ္။ ဆြယ္တာကခပ္ၿပံဳးၿပံဳးနဲ႔ ေဆးေသတၱာသြားယူၿပီး သူ႔လက္ကုိေဆးလိမ္းေပးခဲ့တယ္။ ဆြယ္တာ့လက္ထဲမွာ အခုသူ႔လက္ရွိေနတယ္။ သတိမထားမိတာအေကာင္း။ သတိထားမိကာမွ သူထူပူလာျပန္တယ္။ သူဆြယ္တာ့ကုိ ပထမဆံုးထိဖူးတာမုိ႔လား။ ဒီလိုလည္းမဟုတ္ျပန္ပါဘူး။ ဆြယ္တာေမ့လဲတဲ့တစ္ေခါက္က ဒီေျခတံရွည္ေတြကုိဆြဲေပြ႕ၿပီး ကားထဲထည့္ခဲ့တာသူပဲေလ။ အဲ့ဒီတုန္းက သူ႔စိတ္ကၿငိမ္သေလာက္ အခုက်တဖ်ပ္ဖ်ပ္ထေနတဲ့မီးေတာက္ထဲကုိ ဝင္ဝင္ျဖတ္ကူးေဆာ့ကစားေနတဲ့ ပုိးေကာင္လိုမ်ဳိးခံစားရတယ္။ ပူေပမဲ့ တုိးဝင္ခ်င္တုန္း၊ ဆက္ၿပီး တုိးဝင္ခ်င္တုန္း။

"ရၿပီ သခင္ေလး"

ေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ထထြက္သြားေတာ့မွ သူ႔လက္ကုိပတ္တီးစည္းေပးသြားတာသတိထားမိေတာ့တယ္။

"ဆက္ဆြဲလို႔ရႏုိင္မလား Lix"

"ခင္ဗ်ားသေဘာပဲ Sam"

ဆြယ္တာဆုိတဲ့လူ ပန္းခ်ီအဆြဲေကာင္းတာ သူေန႔လယ္စာလြတ္တဲ့အျပင္ အခ်ိန္ပုိင္းအလုပ္ေတာင္မနည္းေျပးရတာပဲ။ ေျပးရတယ္ဆုိတာထက္ ဆြယ္တာလိုက္ပုိ႔တာေပါ့။ ၿပီးေတာ့လည္း သူ႔ကုိအားနာေနပံုရတယ္။ အခ်ိန္ပုိင္းၿပီးရင္ ညစာလိုက္ေကြၽးပါ့မယ္ဆုိၿပီး စာအုပ္တစ္အုပ္နဲ႔ထုိင္ေစာင့္ေနျပန္တယ္။ ဆြယ္တာရွိေနေတာ့ သူအလုပ္လုပ္ရတာေတာင္သိပ္မေျဖာင့္ခ်င္ဘူး။ သူ႔ကုိပဲ ၾကည့္ကြက္ၾကည့္ကြက္လုပ္ေနမိတာပဲ။

"ယံုးဘို႔-ကြန္းရဲ႕မိတ္ေဆြလား၊ ေခ်ာလိုက္တာေနာ္၊ ေတာ္ေတာ္ကို ဆြဲေဆာင္မႈရွိတဲ့မ်က္နွာပုိင္ထားတာပဲ"

တာရွိဂဝ-စံက သူ႔အျပဳအမူေတြေၾကာင့္ ဆြယ္တာ့ကုိသတိထားမိၿပီး ခ်ီးက်ဴးေတာ့ သူဂုဏ္ယူၿပံဳးၿပံဳးလိုက္မိတယ္။ တကယ္ဆုိ သူ႔ကုိခ်ီးက်ဴးေနတာေတာင္မဟုတ္ပါဘဲနဲ႔။ မီးေရာင္ဝါဝါက ဆြယ္တာ့မ်က္နွာေပၚမွာက်ေနတာက အတည္ၾကည့္ေကာင္းေနတာေတာ့ သူမျငင္းႏုိင္ဘူး။ အလိုအေလ်ာက္ဖုန္းကုိထုတ္ယူမိၿပီး စာဖတ္ေနတဲ့ဆြယ္တာ့ကုိ ကင္မရာခ်ိန္မိလိုက္တယ္။ ဖ်က္ခနဲလက္သြားတဲ့မီးေရာင္ၿပီးတဲ့ေနာက္ ဓာတ္ပံုကုိျပန္ၾကည့္မိတဲ့အခါ သူ႔အားမ်က္လံုးေလးလွန္ၾကည့္ေနတဲ့ဆြယ္တာ...။

အလိုလိုေက်ာေပးမိသြားတဲ့အခုိက္အတန္႔။ သူတကယ္ကုိထူပူသြားတာ။ ဆြယ္တာ့ေၾကာင့္ၾကာရင္ သူရူးေတာ့မွာ။

သူအလုပ္ၿပီးတဲ့အခ်ိန္မွာ မုိးတစ္ေခါက္႐ြာလာျပန္ၿပီ။ ဒီေန႔ေတာ့ သူ႔တုိက္ခန္းသူျပန္မွျဖစ္ေတာ့မယ္။ ဆြယ္တာ့နားမွာထပ္ေနရင္ သူဘာမွန္းမသိတဲ့ခံစားခ်က္ေတြရရေနတယ္ေလ။ သူေခါင္းထပ္မရႈပ္ခ်င္ေတာ့ဘူး။ ဒီေန႔ေတာ့ ကုိယ့္တုိက္ခန္းကုိယ္အရကုိျပန္ရမယ္။

"Lix...စားေကာင္းလား"

"တကယ္စားလို႔ေကာင္းတယ္၊ ညစာအတြက္ ေက်းဇူးပဲ Sam..."

"မုိး႐ြာေနတယ္ေနာ္ Lix...၊ ပုိသည္းမလားမသိဘူး၊ မုန္တုိင္းေၾကညာခ်က္လည္းရွိတယ္"

"ရထားလိုင္းေတြပိတ္လည္း Taxiနဲ႔ျပန္လိုက္ေတာ့မယ္၊ Samဆီမွာအၾကာႀကီးကပ္ေနလို႔မရဘူးေလ"

သူ႔အေျပာကုိ ဆြယ္တာက တစ္ခ်က္ရယ္သြားတယ္။ တကယ္ဒီလူက ရယ္စရာမပါဘဲ ရယ္ကုိရယ္တယ္။

"Lixေနရင္ ေခၚထားပါတယ္ Lixရာ၊ ကုိယ့္ေက်ာင္းသားကုိယ္ ဘယ္ဆရာကမွေမာင္းမထုတ္ပါဘူး၊ ၿပီးေတာ့ ငါတုိ႔ဆက္ဆံေရးက ဆရာတပည့္ထက္ပုိတယ္ေလ"

ဒီတစ္ေခါက္ေတာ့ ရယ္စရာမပါ ၿပံဳးစရာမပါဘဲ ၿပံဳးမိသြားတာကေတာ့ Felixဆုိတဲ့သူပဲ။

"စားၿပီးရင္ Lixကုိလိုက္ပုိ႔ေပးမယ္"

"မဟုတ္တာ၊ ရပါတယ္၊ Samျပန္တဲ့အခ်ိန္ေမွာင္ေနလိမ့္မယ္၊ ကြၽန္ေတာ္က တကၠစီနဲ႔အဆင္ေျပတယ္၊ မနက္ျဖန္မွေက်ာင္းမွာေတြ႕ၾကတယ္"

"အာ မနက္ျဖန္ ငါ့အခ်ိန္မွမပါဘဲ Lixကလည္း"

စားလက္စညစာကုိအဆံုးသတ္ရင္း ခ်မိသြားတဲ့သက္ျပင္းေနာက္မွာ အဓိပၸါယ္ေတြအမ်ားႀကီးပါတယ္။ ကားမွန္ေပၚ စီးက်ရုိက္ခတ္ေနၾကတဲ့ မုိးစက္ေတြကုိၾကည့္ေနမိေပမဲ့ ေခါင္းထဲမွာက ဆြယ္တာ့အေၾကာင္းပဲရွိတယ္။ သူ႔အတြက္ျပဳတ္ေပးတဲ့ေခါက္ဆြဲျပဳတ္၊ ခ်စ္ဖုိ႔ေကာင္းတဲ့မနက္စာ၊ ေနာက္ၿပီး ပန္းခ်ီဆြဲေနတဲ့ဆြယ္တာ။ တစ္ရက္တာျပည့္ဖုိ႔နာရီပုိင္းေတာင္လိုတဲ့အခ်ိန္ေလးမွာ သူတကယ္ကုိေပ်ာ္ဝင္ၾကည္ႏူးေနခဲ့မိတာပဲ။

"Lix...Lix...."

နႈတ္ကေန ကုိယ့္နာမည္ကုိယ္ တတြတ္တြတ္႐ြတ္ေပမဲ့ ၾကားေယာင္ေနတာကေတာ့ ဆြယ္တာေခၚတဲ့အသံ။ နားေထာင္လုိ႔ေကာင္းတယ္ဆိုတာထက္ကုိပုိပါတယ္။ ျဖစ္ႏုိင္ရင္ လူတုိင္းကုိနားေထာင္ၾကည့္ေစခ်င္တယ္။ သူဘာေၾကာင့္ေတြးေတြးၿပီးသေဘာက်လဲဆုိတာ ဆြယ္တာ့ေခၚသံကုိၾကားရင္ သေဘာေပါက္သြားမွာ။

"Lix...Lix...Lix"

နာရီသံက ခ်က္ခ်က္လို႔မျမည္ဘဲ Lix Lixလို႔ျမည္ေနတယ္ေျပာရင္လည္း အရယ္ခံရမယ္ထင္တယ္။ ရယ္ခ်င္လည္းရယ္ေစေတာ့။ တကယ္ပဲနာရီက အဲ့ဒီလိုျမည္တာ။ "ခ်က္ခ်က္"ဆုိတာက သူတစ္သက္လံုး နားၾကားမွားလာခဲ့တာျဖစ္မယ္။

"Lix...."

သူ႔နားသယ္စကဆံပင္ေတြကုိ ဆြယ္တာက သပ္တင္ရင္းေခၚလိုက္တဲ့နာမည္။ သူျပန္ထူးခ်င္ေပမဲ့ မထူးႏုိင္ဘဲ ဆြယ္တာ့မ်က္ဝန္းအိမ္ေအာက္နားက မွဲ႔ေလးကုိၾကည့္ေနမိတာ။ အဲ့ဒီမွဲ႔ေလးက သူ႔ကုိအဆြဲေဆာင္ႏုိင္ဆံုးအရာေလးပဲ။ သူသိပ္သေဘာက်ေနမိတာ...။

"Sam"

မုိးၿခိမ္းသံေနာက္က ေယာင္ယမ္းသံတစ္ခု။ လ်ွပ္ျပက္သလိုမ်ဳိးပဲ၊ အရာရာက တဒဂၤေလးနဲ႔ ျဖစ္ပ်က္ႏုိင္သလို ေပ်ာက္ကြယ္သြားႏုိင္တယ္။ ေနာက္ထပ္မုိးၿခိမ္းသံတစ္ခု။ သူ႔ေနာက္ကမုိးသံ၊ ေလသံ။ အဲ့ဒီေနာက္က ေမ်ာလြင့္အိပ္မက္။

ဆြယ့္တာေနာက္ကုိ ေမ်ာလြင့္ၿပီးပါသြားတဲ့အိပ္မက္။

********

""ဒူ.....ဒူ.....""

Alarmသံတဒူဒူေၾကာင့္ သူလန္႔ႏုိးလာခဲ့တယ္။ ဒီေန႔သူအတန္းတက္ရမွာပဲ။ ေရခ်ဳိးကာ ေက်ာင္းဝတ္စံုလဲၿပီးတဲ့ေနာက္မွာေတာ့ မနက္စာကုိ ေပါင္မုန္႔အသားညႇပ္ေျပးဝယ္စားလိုက္တယ္။ ေန႔တုိင္း ႀကံဳသလို ျဖစ္သလိုစားရတာကုိအသားက်ေနၿပီျဖစ္ေပမဲ့ မေမ့ႏုိင္တဲ့ တစ္နပ္စာေလးကိုေတာ့သတိရမိေသးတယ္။

"Lix...ဖုန္းေျပာလို႔ရမလား"

တင္ခနဲအသံျမည္ၿပီးဝင္လာတဲ့ မတ္ေဆ့ခ်္တစ္ခု။ ေန႔လယ္စာစားခ်ိန္ျဖစ္တဲ့အတြက္ သူဆြယ္တာ့ကုိဖုန္းေခၚေပးလိုက္တယ္။

"ဖုန္းေျပာခ်င္တာ ဘာျဖစ္လို႔လဲ Sam"

ဆြယ္တာဖုန္းကုိင္ကုိင္ခ်င္းပဲ သူအရင္ေမးလိုက္တယ္။ ဖုန္းစပီကာကေနတစ္ဆင့္ ဆြယ္တာ့ရဲ႕အသက္ရွဴသံျပင္းျပင္းကုိၾကားရတယ္။ တစ္ခုခုမ်ားျဖစ္ေလလို႔လား။

"Sam...တစ္ခုခုျဖစ္ေနတာလား၊ ကြၽန္ေတာ္လာရမလား"

"ဟုိ...သူ႔ကုိ သူ႔ကုိ ငါ့အသိတစ္ေယာက္ကေတြ႕မိတယ္ ဖုန္းဆက္လာလို႔...."

"ဟင္ ခင္ဗ်ားလူလား"

သူ႔ရင္ထဲထိတ္ခနဲျဖစ္သြားတာ သူသိလိုက္တယ္။

"ဟုတ္တယ္ Lix...၊ အျမင္ပဲမွားတာလားေတာ့မသိေပမဲ့ ပန္းခ်ီျပပြဲတစ္ခုမွာေတြ႕လိုက္တယ္လို႔ေျပာတာပဲ၊ အဲ့ဒီမွာ ငါ့ပန္းခ်ီကားေတြလည္း နည္းနည္းရွိတယ္ဆုိေတာ့...."

"သူခင္ဗ်ားကုိ သတိရလို႔ ခင္ဗ်ားပန္းခ်ီေတြလာၾကည့္တာလို႔ ေျပာခ်င္တာလား"

"အင္း အဲ့ဒီလိုေျပာခ်င္တာ"

သူသက္ျပင္းအရွည္ႀကီးခ်မိလိုက္တယ္။

"အဲ့ဒီကုိ Samသြားၾကည့္ၿပီးၿပီလား"

"အခုပဲငါလည္းသိရတာပဲ၊ အဲ့တာသြားၾကည့္ရင္ေကာင္းမလားလို႔ Lixကုိ လွမ္းၿပီးတုိင္ပင္တာ"

"ခင္ဗ်ား သူ႔ကုိျပန္ေတြ႕ခ်င္တယ္ဆုိ သြားရွာၾကည့္သင့္တယ္ထင္တယ္၊ ျပပြဲမွာမရွိေတာ့ရင္ေတာင္ အဲ့ဒီဝန္းက်င္မွာ ရွိေနႏုိင္တယ္ေလ"

"Lixလိုက္ခဲ့မလား၊ ငါလာေခၚမယ္ေလ"

ဆြယ္တာ့အသံကတုန္ရီေနသလိုပဲ။ ဒါေပမဲ့ သူကူညီခ်င္စိတ္ျဖစ္မလာဘူး။

"ကြၽန္ေတာ္ ေနာက္အတန္းလြတ္လို႔မရလို႔"

"ဟုတ္လား၊ ဒါဆုိငါပဲသြားလိုက္မယ္ေနာ္"

"ကားကုိဂရုစုိက္ ေမာင္း Sam..."

ရုတ္တရက္က်သြားတဲ့ဖုန္းသံေၾကာင့္ သူစိတ္ပ်က္လက္ပ်က္နဲ႔ ထုိင္ခ်မိသြားတယ္။ ကုိယ့္ဆံပင္ေတြကုိယ္လည္း စိတ္ရွိတုိင္းထုိးဖြပစ္လိုက္တယ္။

"ဘာအဓိပၸါယ္မွရွိမေနဘူး"

ေရေရရာရာမသိတဲ့ခံစားခ်က္နဲ႔ ျမည္တြန္ေတာက္တီးမႈမုိ႔ ဘာကုိမေက်မနပ္ေျပာဆုိေနမိလဲသူမသိဘူး။ အတန္းခ်ိန္ကုိလည္းအာရံုစုိက္လို႔မရေတာ့ဘူး။ အလုပ္ခ်ိန္မွာလည္းဒီလိုပဲ။ အသံျမည္မလာဘဲၿငိမ္သက္ေနတဲ့ဖုန္းကုိပဲ တၾကည့္ၾကည့္လုပ္ေနမိတာ။ ဖုန္းကုိတၾကည့္ၾကည့္လုပ္ေနတာမုိ႔ တာရွိဂဝ-စံကေတာင္ အိမ္ကမိဘေတြေနေကာင္းရဲ႕လားေမးေနေသးတယ္။

အလုပ္ၿပီးဖုိ႔ နာရီဝက္အလိုမွာ သူ႔ဖုန္းေလးကတုန္ခါလာခဲ့တယ္။ စိတ္လႈပ္ရွားစြာထုတ္ၾကည့္မိေပမဲ့ မိခင္ျဖစ္ေနခဲ့တာပဲ။

"ယံုးဘို႔-ကြန္း အေရးႀကီးရင္ကုိင္ေနာ္"

"ရ...ရပါတယ္ တာရွိဂဝ-စံ"

သူဖုန္းသံကုိပိတ္ၿပီး ေက်ာပုိးအိတ္ထဲသြားထုိးထည့္ၿပီးမွ မုန္႔ေကာင္တာကုိျပန္ထြက္လာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာပဲ ဆုိင္တံခါးဝမွာ ၿငိမ္သက္ေနတဲ့ဆည္းလည္းေလးေတြက တံခါးေဘာင္နဲ႔တုိက္္မိမႈေၾကာင့္ အသံစာစာေလးျမည္လာေတာ့တယ္။

"Sam..."

သူ႔ကုိ အားသိပ္မရွိစြာနဲ႔ၿပံဳးျပတယ္။

"အေမရိကာႏုိတစ္ခြက္ေပးပါ Lix"

"ခဏေလးေစာင့္ေပးပါေနာ္"

ဆြယ္တာကေခါင္းညိတ္ၿပီး သူထုိင္ေနက်ဝုိင္းေလးကုိ လွမ္းၾကည့္တယ္။ ဆြယ္တာထုိင္ေနက်ေနရာေလးမွာ တျခားဧည့္သည္ေတြရွိေနတယ္။

"ဘယ္ေလာက္ၾကာဦးမွာလဲ Lix..."

"မၾကာဘူးေလ Sam...၊ ခဏပဲ ရၿပီ"

ဆြယ္တာ့ရဲ႕ အေမရိကာႏုိကုိ သူသြက္သြက္လုပ္ေပးရင္းေျဖလိုက္တယ္။

"ေကာ္ဖီမဟုတ္ဘူး၊ Lixဘယ္အခ်ိန္ၿပီးမွာလဲ ေမးတာ"

"ဟင္"

သူနည္းနည္းေၾကာင္အအျဖစ္ၿပီးမွ နာရီကုိလွည့္ၾကည့္မိတယ္။

"မိနစ္၂၀ေလာက္ေတာ့လိုေသးတယ္"

"ဒီေန႔မင္းအိမ္လိုက္ခဲ့လို႔ရလား"

"ဟင္"

ဆြယ္တာက သူ႔ကုိေၾကာင္သထက္ေၾကာင္ေအာင္ကုိ လုပ္ေနေတာ့တာပဲ။

"ရ...ရပါတယ္၊ ဘာျဖစ္လို႔လဲ"

"ငါေစာင့္ေနမယ္"

အေမရိကာႏုိဘူးကုိဆြဲယူသြားၿပီး အဆင္ေျပတဲ့ဝုိင္းမွာ ဆြယ္တာသြားထုိင္ေနတယ္။ ဒီေန႔ေတာ့ စာအုပ္လည္းဖတ္မေနဘူး။ မွန္နံရံေတြကုိပဲျဖတ္ၿပီးလမ္းမကုိၾကည့္ေနေတာ့တယ္။ မ်က္နွာနဲ႔ဆြယ္တာဝတ္ထားတဲ့အေရာင္က တစ္သားတည္းျဖစ္ေနျပန္တယ္။ ထပ္ၿပီးေမ့လဲသြားမွာေတာင္သူစုိးရိမ္တယ္။

ဒီညေတာ့ ေကာင္းကင္မွာၾကယ္ေတြစီရီေနၾကၿပီ။ ကားေမာင္းေနတဲ့ဆြယ္တာ့မ်က္နွာမွာ အၿပံဳးမရွိဘူး။

"Sam အက်ႌမွာေကာ္ဖီေတြစြန္းကုန္တာလား"

အမွတ္တမဲ့နဲ႔ အျဖဴေရာင္ဆြယ္တာေပၚက ေကာ္ဖီကြက္ကုိ သူသတိျပဳမိသြားတယ္။

"ဟုတ္မယ္ထင္တယ္"

ခပ္ေအးေအးျပန္ေျဖတယ္။ သူလည္းဘာဆက္ေျပာရမယ္မွန္းမသိဘဲ ၿငိမ္မိသြားျပန္တယ္။ လိုတာထက္ပုိတည္ေနတဲ့ဆြယ္တာ့မ်က္နွာမွာ ဝမ္းနည္းရိပ္ေတြကုိထိန္းထားတာသိသာတယ္။ ဆြယ္တာမေျပာလည္း ျဖစ္ခဲ့တာကုိသူရိပ္မိတယ္။ ဆြယ္တာ အဲ့ဒီလူကုိရွာမေတြ႕ခဲ့ဘူး။ ဆြယ္တာလည္း အဲ့ဒီလူကုိခ်စ္ရွာပါတယ္။ ဒါေၾကာင့္လည္း ဒီေလာက္ခံစားေနရတာေပါ့။

သူ႔ရင္ထဲေလးလံသြားတယ္။ ၾကယ္ေတြကုိတိမ္ေတြဖံုးသြားရင္ေကာင္းမယ္။ သူမ်က္လံုးေတြမွိတ္ထားလိုက္တယ္။ တခ်ဳိ႕အရာေတြက ကုိယ္မျမင္ခ်င္တဲ့အခါ ေပ်ာက္ကြယ္သြားခုိင္းလို႔မရဘူး။ ကုိယ္တုိင္မ်က္စိမွိတ္ၿပီး မျမင္ဖုိ႔ႀကိဳးစားရံုပဲရွိတယ္။

ေလေျပႏုက သူ႔မ်က္နွာကုိျဖတ္သြားတယ္။ အဲ့ဒီေနာက္မွာ အျဖဴေရာင္ဆြယ္တာေလးက သူ႔မ်က္စိေရွ႕ေပၚလာေတာ့တယ္....။

Thanks For Reading

Note

စာေရးဖုိ႔မိုတီေလးေတာ့ ေပးၾကဦးေလဗ်ာ....။

There are no comments yet. Log in to be the first to leave a review!

Similar stories