Fanfics

The Rainy Night

21:32, 8 May 2023

Unicode

ဆွယ်တာနဲ့အတူ ဆေးရုံတွေလိုက်စုံစမ်းတာ ၂ရက်မြောက်ခဲ့ပေမဲ့ ထူးထူးခြားခြားမရှိသေးဘူး။ ဒီအတိုင်း ထင်ရာမြင်ရာလိုက်မေးနေမှာထက် သိတဲ့လူတစ်ယောက်ဆီမှာ စုံစမ်းလိုက်တာပိုအဆင်ပြေလိမ့်မယ်လို့တွေးမိတယ်။ ဆွယ်တာကတော့ သူ့အကြောင်းနဲ့သူ စုံစမ်းလို့မရဘူးဆိုပေမဲ့ သူကတော့စုံစမ်းနိုင်မလား။

"Lix...ကော်ဖီတွေအေးတော့မယ်နော်"

သူခေါင်းညိတ်ပြမိပြီး ကော်ဖီခွက်ကို မ,ယူလိုက်တယ်။ တစ်ပြိုင်တည်းပဲ နှာဝရှေ့တိုးဝင်လာတဲ့ ခါးရနံ့သက်က သူ့နှလုံးသွေးကြောထိ စီးဆင်းသွားပြန်တာမို့ မသိမသာပြန်ချထားလိုက်တော့တယ်။

"Lix...ကော်ဖီမကြိုက်ဘူးလား"

"ကျွန်တော်က အခါးမကြိုက်လို့"

"သကြားနဲ့တစ်ခွက်ပြန်ဖျော်ပေးမယ်လေ"

"ရပါတယ်၊ ထားလိုက်ပါတော့၊ အခုလောလောဆယ် ခင်ဗျားလူရဲ့ ကုမ္ပဏီလိပ်စာကို သိခွင့်ရနိုင်မလား"

ဆွယ်တာက ကော်ဖီခွက်လေးကို ပန်းကန်ပြားပေါ်အသာတင်ရင်း သူ့ကိုစူးစမ်းသလိုကြည့်လာတယ်။

"Lixသွားစုံစမ်းမလို့လား"

"ရလိုရငြားပေါ့"

သူ့စကားမှာရယ်စရာမပါပေမဲ့ ဆွယ်တာက ခပ်ပြုံးပြုံးလုပ်တယ်။

"Lixလည်း ကိုယ်နဲ့မှစုံထောက်လိုလိုတွေ လုပ်နေရပြီထင်တယ်"

ဆွယ်တာပြောကာမှပဲ သူအလိုလိုရှက်မိသွားတယ်။ ဆွယ်တာကဆက်ပြောတယ်။

"ဒါပေမဲ့ တစ်ခုခုတော့သိလာနိုင်တာမို့ Lixကိုပဲအားကိုးပါရစေ"

ဆွယ်တာ့စကားကရိုးရိုးပဲ။ ဒါပေမဲ့ သူ့မှာခွန်အားအပြည့်ရှိသွားတယ်။ Felixဆိုတဲ့ သာမန်ယောက်ျားတစ်ယောက်က ဆွယ်တာ့ရဲ့ခပ်နုနုအပြောအောက်မှာ မဆိုင်တာတွေဝင်ပါဖို့အထိ ခွန်အားရှိနေတာ။ သူစိမ်းတစ်ယောက်အပေါ် ဒီလောက်ထိကူညီဖို့ စိတ်အားထက်သန်ခဲ့မှန်း သူကိုယ်တိုင်တော့မသိတတ်သေး။

"Lix...မင်းအရောင်လွဲပြန်ပြီ"

ကျောဘက်ကနေ ခပ်တိုးတိုးဆိုသွားတဲ့လေသံက သူ့ကျောပြင်ကိုတောင် စိမ့်ခနဲဖြစ်စေတဲ့ခံစားချက်။ ဆွယ်တာက ဂေးတစ်ယောက်ဆိုတဲ့အသိက သူ့စိတ်ကိုအတည်ရိုက်ခတ်နေတာများလား။ ဂေးတစ်ယောက်ကအနားမှာရှိနေတာမို့ သူထူးထူးဆန်းဆန်းခံစားချက်တွေ ခံစားနေရတာများလား။

"ငါထိုင်မယ်နော် Lix"

နေ့လယ်စာစားချိန်မှာလည်း ဆွယ်တာက သူ့ဆီရောက်လာတတ်ပြန်တာပင်။ မြင်ပါများလာတာမို့ ရင်းနှီးလာသလိုခံစားရပေမဲ့ စိတ်ထဲပေါ့ပေါ့ပါးပါးတော့မရှိလှသေးချေ။

"ဒါလေးက မင်းတို့ဆိုင်ကလား"

လိမ္မော်ရောင်အဖုံးတပ်ပြီး ကော်ဘူးအကြည်ဖြင့်ထည့်လာသော Brownieကိတ်ကို ဆွယ်တာကမေးလာတယ်။

"ဆိုင်ကတော့မဟုတ်ဘူး၊ မနေ့ညက ကျွန်တော်လုပ်စားရင်းပိုတာကို ပြန်ထည့်လာတာ"

"ဟင် ဒါဆို Lixကိုယ်တိုင်လုပ်ထားတာပေါ့"

သူယုံကြည်မှုမရှိတရှိနဲ့ခေါင်းညိတ်ပြလိုက်တယ်။ ဝါသနာက ကိတ်မုန့်ဖုတ်ခြင်းမို့ တစ်ခါတရံမှာ ကိုယ့်ဘာသာလက်တည့်စမ်းတာမျိုးလေးတွေလည်းရှိတတ်တယ်။

"မြည်းကြည့်လို့ရမလား Lix"

"ရပါတယ်"

လိမ္မော်ရောင်အဖုံးလေးကို လှစ်ဟပြီး ဆွယ်တာရှေ့တိုးပေးလိုက်တယ်။ ပလတ်စတစ်ဇွန်းလေးနဲ့ ကိတ်မုန့်ကိုကော်ယူလိုက်တဲ့ဆွယ်တာ့ကိုကြည့်ပြီး ရုတ်တရက်ရင်တုန်သွားတဲ့ ပြိုင်ပွဲဝင်လိုမျိုးခံစားချက်မျိုးရတယ်။ Brownieကို နောက်တစ်ဇွန်းယူစားနေပြန်ပေမဲ့ ထပ်တူခံစားချက်မျိုးပဲ။ သူ့ဆီက စကားတစ်ခုခုကို အသည်းအသန်မျှော်လင့်နေမိတာ Felixကိုယ်တိုင်သိတယ်။

"ဝါး...Lixက ဒါမျိုးလည်းရတာပဲလား၊ လုံးဝကိုစားတာမရပ်ချင်ဘူး"

"အကုန်စားလိုက်လို့ရပါတယ်"

"Really? ကျေးဇူးပဲ Lix"

အဲ့ဒီနေ့လယ်က Brownieကို ကောင်းကောင်းစားပေးနေတဲ့ ဆွယ်တာ့ကို သူမငေးရုံတမယ်ကြည့်မိခဲ့မယ်ထင်တယ်။

ဆွယ်တာ့လူရဲ့ကုမ္ပဏီရှေ့ကို သူရောက်နေတယ်။ ဆွယ်တာ့အတွက်စုံစမ်းမယ်ဆိုပြီးသာရောက်လာပေမဲ့ သူဘယ်ကနေစလုပ်ရမယ်မှန်းမသိသေးဘူး။ ကုမ္ပဏီနဲ့မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာ ခဏထိုင်နေလိုက်ပြီးစောင့်ကြည့်နေမိတယ်။ အလုပ်ဆင်းချိန်ရောက်တဲ့အခါ ကုမ္ပဏီထဲကနေထွက်လာတဲ့လူအချို့ကိုတွေ့တော့ သူလွယ်အိတ်နဲ့ မှာထားတာမကြာသေးတဲ့ကော်ဖီဘူးကိုဆွဲပြီး ချက်ချင်းပြေးထွက်ခဲ့တယ်။ ပြီးတော့ အသက်ခပ်လတ်လတ်နဲ့လူတစ်ယောက် သက်သက်ကြံစည်ပြီးဝင်တိုက်လိုက်တဲ့အခါ ကော်ဖီတွေက အဲ့ဒီလူအပေါ်ပေကုန်ရုံမကဘဲ သူ့လက်ကိုပါလောင်ကုန်တယ်။ ဒါပေမဲ့ လက်အပူလောင်သွားတာကို သူဂရုမစိုက်အားသေးဘူး။

"အာ...ကျွန်တော်တောင်းပန်ပါတယ်၊ အလျင်လိုနေလို့ပါ၊ တောင်းပန်ပါတယ်၊ ကျွန်တော်ပြန်လျှော်ပေးပါ့မယ်"

ရို့ရို့ကျိုးကျိုးနဲ့ အရင်ဆုံးပိတ်ပြီးတောင်းပန်လိုက်တော့ တစ်ဖက်လူခမျာ အပြစ်တင်ဖို့တောင် မပြောနိုင်ဘဲဖြစ်ပြီး စိတ်ပျက်လက်ပျက်မျက်နှာပဲမြင်ရတယ်။

"စိတ်ပျက်ပါတယ်၊ ရုံးဆင်းချိန်မို့တော်သေးတာပေါ့"

Felixကိုပြောနေတာမျိုးမဟုတ်ဘဲ သူ့အင်္ကျီသူဆွဲခါရင်း ညည်းညူနေတာမျိုးဖြစ်တယ်။

"ကျွန်တော်ပြန်လျှော်ပေးပါ့မယ်၊ ဒီနားမှာပင်မင်းဆိုင်ရှိပါတယ်"

"မင်းကကျောင်းသားလား"

လက်ညှိုးထိုးပြီးမေးခံရတော့ Felixခေါင်းညိတ်ပြလိုက်တယ်။ သူ့လက်ကတကယ်ထူပူနေပြီ။

"ကျောင်းသားဆိုတော့ လျော်ကြေးတော့မတောင်းတော့ပဘူး၊ ပင်မင်းဆိုင်ပဲသွားကြတာပေါ့"

တစ်ဖက်လူကသဘောကောင်းလို့ Felixအသက်ရှူချောင်သွားတယ်။ တကယ်လျော်လျော်ဆိုရင် အနောက်တိုင်းဝတ်စုံတစ်စုံတန်ဖိုးက မနည်းလှဘူး။

ပင်မင်းဆိုင်မှာ အဝတ်လျှော်ထားတုန်း အဲ့ဒီလူကရေချိုးခန်းပါဝင်သွားတယ်။ သတင်းစုံစမ်းဖို့လုပ်ကာမှ သူငုတ်တုတ်မေ့နေပြန်ပြီ။

"ဟေ့...ငါ့အင်္ကျီရပြီလား"

"အခြောက်မခံရသေးလို့ ခဏစောင့်ပေးနိုင်မလားခင်ဗျ"

"ကောင်းပါပြီ"

ပင်မင်းဆိုင်ထဲမှာ သူနဲ့ထိုလူကြီးက ငြိမ်ငြိမ်သက်သက်ထိုင်နေမိကြတယ်။ Felixဘယ်ကနေ ဘယ်လိုစကားစရမလဲအကြံထုတ်ရလွန်းပြီး ဦးနှောက်ပါအရည်ပျော်ချင်ချင်ဖြစ်မိတယ်။

"ဟို... ဒီက"

"Nomura(နိုမူရ)ပါ"

"ဟုတ်ကဲ့ နိုမူရ-စံ၊ နိုမူရ-စံတို့ကုမ္ပဏီက ဘယ်လိုလုပ်ငန်းမျိုးလဲမသိဘူးနော်"

နိုမူရ-စံက ရေအေးအေးတစ်ဘူးကိုဖောက်သောက်ပြီးမှ သူမေးခွန်းကိုဖြေတယ်။

"ဆောက်လုပ်ရေးကုမ္ပဏီပါ၊ ငါက မန်နေဂျာလေ"

"တော်တော်မိုက်တာပဲနော်"

သူရဲ့လူငယ်ဆန်ဆန်အပြောအဆိုတွေက တစ်ဖက်လူနားထဲ အဆင်ပြေပုံမရဘူးထင်ရတယ်။ မျက်မှောင်နည်းနည်းကြုတ်သွားတယ်။

"ကျွန်တော်လည်းဘွဲ့ရရင် အဲ့ဒီကုမ္ပဏီမှာလာလျှောက်ရင်ကောင်းမလားပဲ"

"ကောင်းတာပေါ့၊ ကြိုးစားရင် ဘယ်အလုပ်မဆိုကောင်းတာပဲ"

"ဟုတ်တယ်နော်၊ ဒါပေမဲ့ ကျွန်တော်က ဂျပန်မဟုတ်တော့ နည်းနည်းတစ်မျိုးဖြစ်နေမလားမသိဘူး၊ ကိုရီးယားလူမျိုးနည်းနည်းသာရှိမယ်ဆိုရင်တော့ ကျွန်တော်လုပ်ရဲမယ်ထင်တယ်"

"မင်းက အခုကျောင်းတက်ရင်းအလုပ်လုပ်မနေဘူးလား"

"အာ လုပ်နေပါတယ်၊ ဒါပေမဲ့အချိန်ပိုင်းကကျ ခဏဆိုတော့ကိစ္စမရှိပေမဲ့ တကယ့်လုပ်ငန်းခွင်မှာ ကိုယ့်လူမျိုးရှိတာပိုကောင်းမလားလို့ပါ"

"ထင်ရတာပါပဲ"

Felixလိုချင်တဲ့အနေအထားအထိ စကားကိုဆက်လာခဲ့ပြီမို့ နည်းနည်းတော့ကျေနပ်မှုရှိလာတယ်။

"နိုမူရ-စံတို့ကုမ္ပဏီမှာရော ကိုရီးယားလူမျိုးမရှိဘူးလား"

"မရှိဘူး"

အဖြေကကျေနပ်စရာမဟုတ်ဘဲဖြစ်သွားပြန်တယ်။ ဆွယ်တာ့ရဲ့လူက ကိုရီးယားလူမျိုးပဲလေ။ အလုပ်ဆက်မလုပ်တော့လို့ မရှိတော့ဘူးဖြေတာမျိုးလား။

"သြော် ရှိတယ်၊ ဒါပေမဲ့ သူကလက်ရှိကျန်းမာရေးအရတော့ အလုပ်ဆက်လုပ်နိုင်တော့မှာမဟုတ်ဘူး"

"သူကဆေးရုံတက်နေလုိ့လား"

"ဟုတ်တယ်၊ ဆေးရုံကဆင်းနိုင်တော့မှာတော့မဟုတ်ပါဘူးကွာ"

အခြောက်ခံစက်လေးက အချိန်ပြည့်သွားတာမို့ လည်နေတာရပ်သွားတယ်။ နိုမူရ-စံကလည်း သူ့အဝတ်တွေသူ ဆွဲထုတ်ပြီးဝတ်ဖို့ပြင်နေပြီမို့ Felixဘာကိုမှဆက်မပြောသာဘူး။ ဒါပေမဲ့လည်း နောက်တစ်ကြိမ်ထပ်ဆုံပြီး ဆွယ်တာ့လူအကြောင်းမေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ သူအရဲစွန့်ဖို့လိုမယ်တော့ထင်တယ်။

"အဲ့ဒီလူက အခုဘယ်ဆေးရုံမှာလဲမသိဘူး"

သူ့မေးခွန်းကြောင့် အဲ့ဒီလူဆီကနေ မျက်မှောင်တစ်ချက်ကြုတ်ပြီးကြည့်တာကို ခံလိုက်ရတယ်။ သူသံသယဝင်ခံလိုက်ရပြီထင်တယ်။

"မင်းက ဟိုလူလွှတ်လိုက်တဲ့လူလား"

ဆွယ်တာ့ကိုရည်ညွှန်းမှန်း Felixတန်းသဘောပေါက်လိုက်တယ်။

"မ...မဟုတ်ပါဘူး"

"ဟုတ်လည်းကိစ္စမရှိပါဘူး၊ ဘာလို့ဆို ငါတို့ကိုယ်တိုင် သူဘယ်မှာရှိလဲမသိတော့တာမို့ပဲ၊ ငါတို့ကိုယ်တိုင်ဆေးရုံတင်ပေးခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ သူပျောက်သွားတယ်၊ အစကတော့ သူမပြောခိုင်းလို့ လာရှာတဲ့ကောင်လေးကိုမပြောခဲ့ပေမဲ့ နောက်ကျတကယ်ပျောက်သွားတာဆိုတော့ ငါတို့လည်းမတတ်နိုင်တော့ဘူးပေါ့"

ထီးအကြည်ရောင်ပေါ်ကနေ ဖြတ်သွားတဲ့ မိုးရေစက်တွေက အားရစရာမရှိဘူး။ ဒီလိုနဲ့ပဲ ကိစ္စကပြီးသွားပြီလား။ ဆွယ်တာ့လူကိုဆက်ရှာနိုင်စရာ ဘာသက်သေရှိဦးမလဲ။ ဆွယ်တာ့ကို သူဘယ်လိုပြန်ပြောပြရမလဲ။ ဆွယ်တာစိတ်ပျက်လက်ပျက်ဖြစ်သွားမလား။ ဒီလိုအတွေးတွေရှိပေမဲ့ သူ့ခြေလှမ်းတွေက ပေါ့ပါးတာထူးဆန်းနေတယ်။ မိုးရေကြောင့်သွားရခက်နေတဲ့လမ်းမကြီးက သူ့ခြေထောက်တွေကိုတော့ ဆွဲထားနိုင်ဟန်မရဘူး။ သူထီးကိုပိတ်လိုက်တယ်။ ဒီလိုနဲ့ ဒီလိုနဲ့ပဲ......။

"Lix....မိုးမိတာလား"

တံခါးဝကိုဖွင့်လှစ်ပေးရင်း စိုးရိမ်သံပါတဲ့လေသံလေး။ တကယ်ကိုပြင်းရှရှဝီစကီကို မိုးမိတဲ့အချိန်သောက်လိုက်ရသမျိုး လေသံချိုရှရှလေး။

"ဟုတ်တယ် Sam...၊ ကျွန်တော် ဒီနေ့ ခင်ဗျားလူရဲ့အလုပ်ကိုသွားခဲ့တယ်"

"အထဲကိုအရင်ဝင်ပါဦး၊ အဝတ်အစားလဲပြီးမှ အေးဆေးပြောတာပေါ့"

ဆွယ်တာက တစ်ဖက်လူကိုဂရုမစိုက်တတ်ဘူးလို့ထင်ခဲ့ရပေမဲ့ တကယ်ကဂရုစိုက်တတ်တာအလွန်ပဲ။ အခုဆို သူ့ရှေ့မှာ အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲပြုတ်ပူပူလေးတစ်ပွဲ။ ဆွယ်တာကိုယ်တိုင်ပြုတ်ပေးတဲ့ခေါက်ဆွဲက တကယ်စားကောင်းလွန်းတယ်။ သူအစားကိုအရင်ကုန်စေပြီးမှ အခြေအနေတွေကိုပြောပြခဲ့တယ်။ ဆွယ်တာ့ကြည့်ရတာ သိပ်တော့စိတ်ဓာတ်ကျသွားပုံမပေါ်ဘူး။ သူမျှော်လင့်ပြီးသားဖြစ်မယ်။

"တိုက်ဖွန်းကြောင့် မိုးကပိုသည်းမှာ၊ Lix...မင်းအိမ်ပြန်ဦးမှာလား"

"အိမ်တော့မပြန်တော့ဘူး၊ တာရှိဂဝ-စံအိမ်မှာသွားတည်းလိုက်မယ် Sam..."

"ငါ့ဆီတည်းလည်းကိစ္စမရှိပါဘူး၊ မင်းစိတ်သန့်ရင်ပေါ့"

ဆွယ်တာကဒီလိုပြောပြီး သူစားထားတဲ့ခေါက်ဆွဲပန်းကန်ကိုဆွဲယူရင်း ပန်းကန်ဆေးစင်ဘက်ထွက်သွားတယ်။

"ကျွန်တော့်ဘာသာဆေးပါ့မယ် Sam"

စတင်ဆေးကြောဖို့လုပ်နေတဲ့ ဆွယ်တာ့လက်ကို သူအသာဆွဲဖယ်ရင်း ကိုယ်တိုင်ဝင်ဆေးလိုက်တယ်။ အပူလောင်တဲ့အပြင် မိုးမိလာလို့ထိရင်တောင်နာချင်တဲ့လက်ချောင်းတွေက အခုရေထိနေတာတောင် နွေးထွေးမှုလေးရှိသလိုပဲ။ ဆွယ်တာ့ခန္ဓာကိုယ်က အနွေးဓာတ်ပိုနေတာများလား။

ခပ်ကျယ်ကျယ်ခုတင်တစ်ခုပေါ်မှာ သူနဲ့ဆွယ်တာအတူလှဲနေကြတယ်ဆိုတာ ထူးဆန်းသလိုတောင်ခံစားရတယ်။ ပြီးတော့ သူဆွယ်တာ့ရဲ့ ဆွယ်တာအပြာရောင်လေးကိုဝတ်ထားရတာ။ တကယ်ကိုနွေးတာပဲ။

"Lix"

"ဟုတ်ကဲ့ Sam"

"ငါလက်လျှော့လိုက်ရတော့မလား"

"ဒါက Samရွေးချယ်မှုပါ၊ ကျွန်တော်စွက်ဖက်လို့မရဘူးလေ"

"မင်းသာဆိုရင်ရော ဒီလိုဆက်ရှာနေမှာလား Lix"

"ကျွန်တော်မသိဘူး"

အပြင်ကမိုးသံကို သူတို့အတိုင်းသားကြားနေရတယ်။ တစ်ယောက်စကားအစကို နောက်တစ်ယောက်ကလည်းစောင့်နေတဲ့ခံစားချက်။

"သူ့နေရာမှာ ငါပျောက်သွားတာဆိုရင်တော့ သူကငါ့ကိုမရမကရှာမှာ"

သူပြန်ဖြေစရာအဖြေမရှိတာမို့ အင်းသံတစ်ချက်ပေးပြီး မျက်နှာကျက်ကိုစိုက်ကြည့်နေမိတယ်။

"လူတစ်ယောက်ကို အချစ်ခံချင်ရုံသက်သက် ငါပြန်ချစ်ခဲ့တာ တော်တော်ဆိုးတယ်နော်၊ ဟုတ်တယ်မလား Lix...၊ မင်းရောကြုံဖူးလား"

"ကျွန်တော့်ဘဝမှာ ရည်းစားမထားဖူးဘူး"

"တကယ်ကြီးလား Lix...၊ မင်းကတက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီနော်၊ သဘောကျတဲ့လူတော့ရှိဖူးမှာပါ"

"အဲ့ဒီလိုတော့မပြောတတ်ဘူး၊ ကျွန်တော့်ဘဝမှာ စွဲလမ်းဖူးတာ ကိတ်မုန့်ဖုတ်တာရယ် သီချင်းနားထောင်တာရယ်ပဲရှိတယ်"

"Lixနှလုံးသားက အေးစက်တာပဲ"

ခင်ဗျားနှလုံးသားကပိုအေးစက်တယ် Samလို့ သူပြောချင်မိပေမဲ့ မပြောဘဲနေလိုက်တယ်။ ဆွယ်တာ့ကို သူဘာစိတ်ဆိုးနေမှန်း သူမသိဘူး။ ရုတ်တရက်ကြီး နေသာရာကနေ မိုးတွေအုံ့သွားတဲ့ခံစားချက်ပဲရင်ထဲရှိနေတယ်။

"အိုယာစုမိ Lix"

"အိုယာစုမိ Sam"

ညကဒီလိုနဲ့ငြိမ်သက်သွားတယ်။ အဲ့ဒီနောက်မှာ ဆွယ်တာအသက်ရှူသံပြင်းပြင်းလေး။ အိပ်ရာပေါ်ကနေ ဆတ်ခနဲထထိုင်ရင်း အကြောင်းမရှိစွာ ဆွယ်တာ့ကိုငေးကြည့်မိလိုက်တယ်။

ကျွန်တော်ရူးချင်ချင်ဖြစ်နေတာထင်တယ် Sam.....။

Thanks For Reading

Note

တစ်နှစ်တစ်ခါပေါ်တဲ့မှိုလေးလာပါပြီ။

Zawgyi

ဆြယ္တာနဲ႔အတူ ေဆးရံုေတြလိုက္စံုစမ္းတာ ၂ရက္ေျမာက္ခဲ့ေပမဲ့ ထူးထူးျခားျခားမရွိေသးဘူး။ ဒီအတုိင္း ထင္ရာျမင္ရာလိုက္ေမးေနမွာထက္ သိတဲ့လူတစ္ေယာက္ဆီမွာ စံုစမ္းလိုက္တာပုိအဆင္ေျပလိမ့္မယ္လို႔ေတြးမိတယ္။ ဆြယ္တာကေတာ့ သူ႔အေၾကာင္းနဲ႔သူ စံုစမ္းလို႔မရဘူးဆုိေပမဲ့ သူကေတာ့စံုစမ္းႏုိင္မလား။

"Lix...ေကာ္ဖီေတြေအးေတာ့မယ္ေနာ္"

သူေခါင္းညိတ္ျပမိၿပီး ေကာ္ဖီခြက္ကုိ မ,ယူလိုက္တယ္။ တစ္ၿပိဳင္တည္းပဲ နွာဝေရွ႕တုိးဝင္လာတဲ့ ခါးရနံ႔သက္က သူ႔နွလံုးေသြးေၾကာထိ စီးဆင္းသြားျပန္တာမုိ႔ မသိမသာျပန္ခ်ထားလိုက္ေတာ့တယ္။

"Lix...ေကာ္ဖီမႀကိဳက္ဘူးလား"

"ကြၽန္ေတာ္က အခါးမႀကိဳက္လို႔"

"သၾကားနဲ႔တစ္ခြက္ျပန္ေဖ်ာ္ေပးမယ္ေလ"

"ရပါတယ္၊ ထားလိုက္ပါေတာ့၊ အခုေလာေလာဆယ္ ခင္ဗ်ားလူရဲ႕ ကုမၸဏီလိပ္စာကုိ သိခြင့္ရႏုိင္မလား"

ဆြယ္တာက ေကာ္ဖီခြက္ေလးကုိ ပန္းကန္ျပားေပၚအသာတင္ရင္း သူ႔ကုိစူးစမ္းသလိုၾကည့္လာတယ္။

"Lixသြားစံုစမ္းမလို႔လား"

"ရလိုရျငားေပါ့"

သူ႔စကားမွာရယ္စရာမပါေပမဲ့ ဆြယ္တာက ခပ္ၿပံဳးၿပံဳးလုပ္တယ္။

"Lixလည္း ကုိယ္နဲ႔မွစံုေထာက္လုိလိုေတြ လုပ္ေနရၿပီထင္တယ္"

ဆြယ္တာေျပာကာမွပဲ သူအလိုလိုရွက္မိသြားတယ္။ ဆြယ္တာကဆက္ေျပာတယ္။

"ဒါေပမဲ့ တစ္ခုခုေတာ့သိလာႏုိင္တာမုိ႔ Lixကုိပဲအားကုိးပါရေစ"

ဆြယ္တာ့စကားကရုိးရုိးပဲ။ ဒါေပမဲ့ သူ႔မွာခြန္အားအျပည့္ရွိသြားတယ္။ Felixဆုိတဲ့ သာမန္ေယာက္်ားတစ္ေယာက္က ဆြယ္တာ့ရဲ႕ခပ္ႏုႏုအေျပာေအာက္မွာ မဆုိင္တာေတြဝင္ပါဖုိ႔အထိ ခြန္အားရွိေနတာ။ သူစိမ္းတစ္ေယာက္အေပၚ ဒီေလာက္ထိကူညီဖုိ႔ စိတ္အားထက္သန္ခဲ့မွန္း သူကုိယ္တုိင္ေတာ့မသိတတ္ေသး။

"Lix...မင္းအေရာင္လြဲျပန္ၿပီ"

ေက်ာဘက္ကေန ခပ္တုိးတုိးဆုိသြားတဲ့ေလသံက သူ႔ေက်ာျပင္ကုိေတာင္ စိမ့္ခနဲျဖစ္ေစတဲ့ခံစားခ်က္။ ဆြယ္တာက ေဂးတစ္ေယာက္ဆုိတဲ့အသိက သူ႔စိတ္ကုိအတည္ရုိက္ခတ္ေနတာမ်ားလား။ ေဂးတစ္ေယာက္ကအနားမွာရွိေနတာမုိ႔ သူထူးထူးဆန္းဆန္းခံစားခ်က္ေတြ ခံစားေနရတာမ်ားလား။

"ငါထုိင္မယ္ေနာ္ Lix"

ေန႔လယ္စာစားခ်ိန္မွာလည္း ဆြယ္တာက သူ႔ဆီေရာက္လာတတ္ျပန္တာပင္။ ျမင္ပါမ်ားလာတာမုိ႔ ရင္းနွီးလာသလိုခံစားရေပမဲ့ စိတ္ထဲေပါ့ေပါ့ပါးပါးေတာ့မရွိလွေသးေခ်။

"ဒါေလးက မင္းတုိ႔ဆုိင္ကလား"

လိေမၼာ္ေရာင္အဖံုးတပ္ၿပီး ေကာ္ဘူးအၾကည္ျဖင့္ထည့္လာေသာ Brownieကိတ္ကုိ ဆြယ္တာကေမးလာတယ္။

"ဆုိင္ကေတာ့မဟုတ္ဘူး၊ မေန႔ညက ကြၽန္ေတာ္လုပ္စားရင္းပုိတာကုိ ျပန္ထည့္လာတာ"

"ဟင္ ဒါဆုိ Lixကုိယ္တုိင္လုပ္ထားတာေပါ့"

သူယံုၾကည္မႈမရွိတရွိနဲ႔ေခါင္းညိတ္ျပလိုက္တယ္။ ဝါသနာက ကိတ္မုန္႔ဖုတ္ျခင္းမုိ႔ တစ္ခါတရံမွာ ကုိယ့္ဘာသာလက္တည့္စမ္းတာမ်ဳိးေလးေတြလည္းရွိတတ္တယ္။

"ျမည္းၾကည့္လို႔ရမလား Lix"

"ရပါတယ္"

လိေမၼာ္ေရာင္အဖံုးေလးကုိ လွစ္ဟၿပီး ဆြယ္တာေရွ႕တုိးေပးလိုက္တယ္။ ပလတ္စတစ္ဇြန္းေလးနဲ႔ ကိတ္မုန္႔ကုိေကာ္ယူလိုက္တဲ့ဆြယ္တာ့ကုိၾကည့္ၿပီး ရုတ္တရက္ရင္တုန္သြားတဲ့ ၿပိဳင္ပြဲဝင္လိုမ်ဳိးခံစားခ်က္မ်ိဳးရတယ္။ Brownieကုိ ေနာက္တစ္ဇြန္းယူစားေနျပန္ေပမဲ့ ထပ္တူခံစားခ်က္မ်ဳိးပဲ။ သူ႔ဆီက စကားတစ္ခုခုကုိ အသည္းအသန္ေမ်ွာ္လင့္ေနမိတာ Felixကုိယ္တုိင္သိတယ္။

"ဝါး...Lixက ဒါမ်ဳိးလည္းရတာပဲလား၊ လံုးဝကုိစားတာမရပ္ခ်င္ဘူး"

"အကုန္စားလိုက္လို႔ရပါတယ္"

"Really? ေက်းဇူးပဲ Lix"

အဲ့ဒီေန႔လယ္က Brownieကုိ ေကာင္းေကာင္းစားေပးေနတဲ့ ဆြယ္တာ့ကုိ သူမေငးရံုတမယ္ၾကည့္မိခဲ့မယ္ထင္တယ္။

ဆြယ္တာ့လူရဲ႕ကုမၸဏီေရွ႕ကုိ သူေရာက္ေနတယ္။ ဆြယ္တာ့အတြက္စံုစမ္းမယ္ဆုိၿပီးသာေရာက္လာေပမဲ့ သူဘယ္ကေနစလုပ္ရမယ္မွန္းမသိေသးဘူး။ ကုမၸဏီနဲ႔မ်က္နွာခ်င္းဆုိင္က ေကာ္ဖီဆုိင္မွာ ခဏထုိင္ေနလိုက္ၿပီးေစာင့္ၾကည့္ေနမိတယ္။ အလုပ္ဆင္းခ်ိန္ေရာက္တဲ့အခါ ကုမၸဏီထဲကေနထြက္လာတဲ့လူအခ်ိဳ႕ကုိေတြ႕ေတာ့ သူလြယ္အိတ္နဲ႔ မွာထားတာမၾကာေသးတဲ့ေကာ္ဖီဘူးကုိဆြဲၿပီး ခ်က္ခ်င္းေျပးထြက္ခဲ့တယ္။ ၿပီးေတာ့ အသက္ခပ္လတ္လတ္နဲ႔လူတစ္ေယာက္ သက္သက္ႀကံစည္ၿပီးဝင္တုိက္လိုက္တဲ့အခါ ေကာ္ဖီေတြက အဲ့ဒီလူအေပၚေပကုန္ရံုမကဘဲ သူ႔လက္ကုိပါေလာင္ကုန္တယ္။ ဒါေပမဲ့ လက္အပူေလာင္သြားတာကုိ သူဂရုမစုိက္အားေသးဘူး။

"အာ...ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ အလ်င္လိုေနလို႔ပါ၊ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ျပန္ေလ်ွာ္ေပးပါ့မယ္"

ရုိ႔ရုိ႔က်ဳိးက်ဳိးနဲ႔ အရင္ဆံုးပိတ္ၿပီးေတာင္းပန္လိုက္ေတာ့ တစ္ဖက္လူခမ်ာ အျပစ္တင္ဖုိ႔ေတာင္ မေျပာႏုိင္ဘဲျဖစ္ၿပီး စိတ္ပ်က္လက္ပ်က္မ်က္နွာပဲျမင္ရတယ္။

"စိတ္ပ်က္ပါတယ္၊ ရံုးဆင္းခ်ိန္မို႔ေတာ္ေသးတာေပါ့"

Felixကုိေျပာေနတာမ်ဳိးမဟုတ္ဘဲ သူ႔အက်ႌသူဆြဲခါရင္း ညည္းညဴေနတာမ်ဳိးျဖစ္တယ္။

"ကြၽန္ေတာ္ျပန္ေလ်ွာ္ေပးပါ့မယ္၊ ဒီနားမွာပင္မင္းဆုိင္ရွိပါတယ္"

"မင္းကေက်ာင္းသားလား"

လက္ညႇိဳးထုိးၿပီးေမးခံရေတာ့ Felixေခါင္းညိတ္ျပလိုက္တယ္။ သူ႔လက္ကတကယ္ထူပူေနၿပီ။

"ေက်ာင္းသားဆုိေတာ့ ေလ်ာ္ေၾကးေတာ့မေတာင္းေတာ့ပဘူး၊ ပင္မင္းဆုိင္ပဲသြားၾကတာေပါ့"

တစ္ဖက္လူကသေဘာေကာင္းလို႔ Felixအသက္ရွဴေခ်ာင္သြားတယ္။ တကယ္ေလ်ာ္ေလ်ာ္ဆုိရင္ အေနာက္တုိင္းဝတ္စံုတစ္စံုတန္ဖုိးက မနည္းလွဘူး။

ပင္မင္းဆုိင္မွာ အဝတ္ေလ်ွာ္ထားတုန္း အဲ့ဒီလူကေရခ်ဳိးခန္းပါဝင္သြားတယ္။ သတင္းစံုစမ္းဖုိ႔လုပ္ကာမွ သူငုတ္တုတ္ေမ့ေနျပန္ၿပီ။

"ေဟ့...ငါ့အက်ႌရၿပီလား"

"အေျခာက္မခံရေသးလို႔ ခဏေစာင့္ေပးႏုိင္မလားခင္ဗ်"

"ေကာင္းပါၿပီ"

ပင္မင္းဆုိင္ထဲမွာ သူနဲ႔ထုိလူႀကီးက ၿငိမ္ၿငိမ္သက္သက္ထုိင္ေနမိၾကတယ္။ Felixဘယ္ကေန ဘယ္လိုစကားစရမလဲအႀကံထုတ္ရလြန္းၿပီး ဦးေနွာက္ပါအရည္ေပ်ာ္ခ်င္ခ်င္ျဖစ္မိတယ္။

"ဟုိ... ဒီက"

"Nomura(ႏုိမူရ)ပါ"

"ဟုတ္ကဲ့ ႏုိမူရ-စံ၊ ႏုိမူရ-စံတုိ႔ကုမၸဏီက ဘယ္လိုလုပ္ငန္းမ်ဳိးလဲမသိဘူးေနာ္"

ႏိုမူရ-စံက ေရေအးေအးတစ္ဘူးကုိေဖာက္ေသာက္ၿပီးမွ သူေမးခြန္းကုိေျဖတယ္။

"ေဆာက္လုပ္ေရးကုမၸဏီပါ၊ ငါက မန္ေနဂ်ာေလ"

"ေတာ္ေတာ္မုိက္တာပဲေနာ္"

သူရဲ႕လူငယ္ဆန္ဆန္အေျပာအဆုိေတြက တစ္ဖက္လူနားထဲ အဆင္ေျပပံုမရဘူးထင္ရတယ္။ မ်က္ေမွာင္နည္းနည္းၾကဳတ္သြားတယ္။

"ကြၽန္ေတာ္လည္းဘြဲ႕ရရင္ အဲ့ဒီကုမၸဏီမွာလာေလ်ွာက္ရင္ေကာင္းမလားပဲ"

"ေကာင္းတာေပါ့၊ ႀကိဳးစားရင္ ဘယ္အလုပ္မဆုိေကာင္းတာပဲ"

"ဟုတ္တယ္ေနာ္၊ ဒါေပမဲ့ ကြၽန္ေတာ္က ဂ်ပန္မဟုတ္ေတာ့ နည္းနည္းတစ္မ်ဳိးျဖစ္ေနမလားမသိဘူး၊ ကုိရီးယားလူမ်ဳိးနည္းနည္းသာရွိမယ္ဆုိရင္ေတာ့ ကြၽန္ေတာ္လုပ္ရဲမယ္ထင္တယ္"

"မင္းက အခုေက်ာင္းတက္ရင္းအလုပ္လုပ္မေနဘူးလား"

"အာ လုပ္ေနပါတယ္၊ ဒါေပမဲ့အခ်ိန္ပုိင္းကက် ခဏဆုိေတာ့ကိစၥမရွိေပမဲ့ တကယ့္လုပ္ငန္းခြင္မွာ ကုိယ့္လူမ်ဳိးရွိတာပုိေကာင္းမလားလို႔ပါ"

"ထင္ရတာပါပဲ"

Felixလိုခ်င္တဲ့အေနအထားအထိ စကားကုိဆက္လာခဲ့ၿပီမုိ႔ နည္းနည္းေတာ့ေက်နပ္မႈရွိလာတယ္။

"ႏုိမူရ-စံတုိ႔ကုမၸဏီမွာေရာ ကုိရီးယားလူမ်ဳိးမရွိဘူးလား"

"မရွိဘူး"

အေျဖကေက်နပ္စရာမဟုတ္ဘဲျဖစ္သြားျပန္တယ္။ ဆြယ္တာ့ရဲ႕လူက ကုိရီးယားလူမ်ဳိးပဲေလ။ အလုပ္ဆက္မလုပ္ေတာ့လို႔ မရွိေတာ့ဘူးေျဖတာမ်ဳိးလား။

"ေၾသာ္ ရွိတယ္၊ ဒါေပမဲ့ သူကလက္ရွိက်န္းမာေရးအရေတာ့ အလုပ္ဆက္လုပ္ႏုိင္ေတာ့မွာမဟုတ္ဘူး"

"သူကေဆးရံုတက္ေနလု႔ိလား"

"ဟုတ္တယ္၊ ေဆးရံုကဆင္းႏုိင္ေတာ့မွာေတာ့မဟုတ္ပါဘူးကြာ"

အေျခာက္ခံစက္ေလးက အခ်ိန္ျပည့္သြားတာမုိ႔ လည္ေနတာရပ္သြားတယ္။ ႏုိမူရ-စံကလည္း သူ႔အဝတ္ေတြသူ ဆြဲထုတ္ၿပီးဝတ္ဖုိ႔ျပင္ေနၿပီမုိ႔ Felixဘာကုိမွဆက္မေျပာသာဘူး။ ဒါေပမဲ့လည္း ေနာက္တစ္ႀကိမ္ထပ္ဆံုၿပီး ဆြယ္တာ့လူအေၾကာင္းေမးဖုိ႔ဆုိတာလည္းမျဖစ္ႏုိင္ဘူး။ သူအရဲစြန္႔ဖုိ႔လိုမယ္ေတာ့ထင္တယ္။

"အဲ့ဒီလူက အခုဘယ္ေဆးရံုမွာလဲမသိဘူး"

သူ႔ေမးခြန္းေၾကာင့္ အဲ့ဒီလူဆီကေန မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ၿပီးၾကည့္တာကုိ ခံလိုက္ရတယ္။ သူသံသယဝင္ခံလိုက္ရၿပီထင္တယ္။

"မင္းက ဟုိလူလႊတ္လိုက္တဲ့လူလား"

ဆြယ္တာ့ကုိရည္ၫႊန္းမွန္း Felixတန္းသေဘာေပါက္လိုက္တယ္။

"မ...မဟုတ္ပါဘူး"

"ဟုတ္လည္းကိစၥမရွိပါဘူး၊ ဘာလို႔ဆုိ ငါတုိ႔ကုိယ္တုိင္ သူဘယ္မွာရွိလဲမသိေတာ့တာမုိ႔ပဲ၊ ငါတုိ႔ကုိယ္တုိင္ေဆးရံုတင္ေပးခဲ့ေပမဲ့ သိပ္မၾကာခင္မွာပဲ သူေပ်ာက္သြားတယ္၊ အစကေတာ့ သူမေျပာခုိင္းလုိ႔ လာရွာတဲ့ေကာင္ေလးကုိမေျပာခဲ့ေပမဲ့ ေနာက္က်တကယ္ေပ်ာက္သြားတာဆုိေတာ့ ငါတုိ႔လည္းမတတ္ႏုိင္ေတာ့ဘူးေပါ့"

ထီးအၾကည္ေရာင္ေပၚကေန ျဖတ္သြားတဲ့ မုိးေရစက္ေတြက အားရစရာမရွိဘူး။ ဒီလိုနဲ႔ပဲ ကိစၥကၿပီးသြားၿပီလား။ ဆြယ္တာ့လူကုိဆက္ရွာႏုိင္စရာ ဘာသက္ေသရွိဦးမလဲ။ ဆြယ္တာ့ကုိ သူဘယ္လိုျပန္ေျပာျပရမလဲ။ ဆြယ္တာစိတ္ပ်က္လက္ပ်က္ျဖစ္သြားမလား။ ဒီလိုအေတြးေတြရွိေပမဲ့ သူ႔ေျခလွမ္းေတြက ေပါ့ပါးတာထူးဆန္းေနတယ္။ မုိးေရေၾကာင့္သြားရခက္ေနတဲ့လမ္းမႀကီးက သူ႔ေျခေထာက္ေတြကုိေတာ့ ဆြဲထားႏုိင္ဟန္မရဘူး။ သူထီးကုိပိတ္လိုက္တယ္။ ဒီလိုနဲ႔ ဒီလုိနဲ႔ပဲ......။

"Lix....မုိးမိတာလား"

တံခါးဝကုိဖြင့္လွစ္ေပးရင္း စုိးရိမ္သံပါတဲ့ေလသံေလး။ တကယ္ကုိျပင္းရွရွဝီစကီကုိ မုိးမိတဲ့အခ်ိန္ေသာက္လိုက္ရသမ်ဳိး ေလသံခ်ဳိရွရွေလး။

"ဟုတ္တယ္ Sam...၊ ကြၽန္ေတာ္ ဒီေန႔ ခင္ဗ်ားလူရဲ႕အလုပ္ကုိသြားခဲ့တယ္"

"အထဲကုိအရင္ဝင္ပါဦး၊ အဝတ္အစားလဲၿပီးမွ ေအးေဆးေျပာတာေပါ့"

ဆြယ္တာက တစ္ဖက္လူကုိဂရုမစုိက္တတ္ဘူးလို႔ထင္ခဲ့ရေပမဲ့ တကယ္ကဂရုစုိက္တတ္တာအလြန္ပဲ။ အခုဆုိ သူ႔ေရွ႕မွာ အေငြ႕တေထာင္းေထာင္းနဲ႔ ေခါက္ဆြဲျပဳတ္ပူပူေလးတစ္ပြဲ။ ဆြယ္တာကုိယ္တုိင္ျပဳတ္ေပးတဲ့ေခါက္ဆြဲက တကယ္စားေကာင္းလြန္းတယ္။ သူအစားကုိအရင္ကုန္ေစၿပီးမွ အေျခအေနေတြကုိေျပာျပခဲ့တယ္။ ဆြယ္တာ့ၾကည့္ရတာ သိပ္ေတာ့စိတ္ဓာတ္က်သြားပံုမေပၚဘူး။ သူေမ်ွာ္လင့္ၿပီးသားျဖစ္မယ္။

"တုိက္ဖြန္းေၾကာင့္ မုိးကပုိသည္းမွာ၊ Lix...မင္းအိမ္ျပန္ဦးမွာလား"

"အိမ္ေတာ့မျပန္ေတာ့ဘူး၊ တာရွိဂဝ-စံအိမ္မွာသြားတည္းလိုက္မယ္ Sam..."

"ငါ့ဆီတည္းလည္းကိစၥမရွိပါဘူး၊ မင္းစိတ္သန္႔ရင္ေပါ့"

ဆြယ္တာကဒီလိုေျပာၿပီး သူစားထားတဲ့ေခါက္ဆြဲပန္းကန္ကုိဆြဲယူရင္း ပန္းကန္ေဆးစင္ဘက္ထြက္သြားတယ္။

"ကြၽန္ေတာ့္ဘာသာေဆးပါ့မယ္ Sam"

စတင္ေဆးေၾကာဖို႔လုပ္ေနတဲ့ ဆြယ္တာ့လက္ကုိ သူအသာဆြဲဖယ္ရင္း ကုိယ္တုိင္ဝင္ေဆးလိုက္တယ္။ အပူေလာင္တဲ့အျပင္ မုိးမိလာလို႔ထိရင္ေတာင္နာခ်င္တဲ့လက္ေခ်ာင္းေတြက အခုေရထိေနတာေတာင္ ေႏြးေထြးမႈေလးရွိသလိုပဲ။ ဆြယ္တာ့ခႏၶာကုိယ္က အေႏြးဓာတ္ပုိေနတာမ်ားလား။

ခပ္က်ယ္က်ယ္ခုတင္တစ္ခုေပၚမွာ သူနဲ႔ဆြယ္တာအတူလွဲေနၾကတယ္ဆုိတာ ထူးဆန္းသလိုေတာင္ခံစားရတယ္။ ၿပီးေတာ့ သူဆြယ္တာ့ရဲ႕ ဆြယ္တာအျပာေရာင္ေလးကုိဝတ္ထားရတာ။ တကယ္ကုိေႏြးတာပဲ။

"Lix"

"ဟုတ္ကဲ့ Sam"

"ငါလက္ေလ်ွာ႔လိုက္ရေတာ့မလား"

"ဒါက Samေ႐ြးခ်ယ္မႈပါ၊ ကြၽန္ေတာ္စြက္ဖက္လို႔မရဘူးေလ"

"မင္းသာဆုိရင္ေရာ ဒီလိုဆက္ရွာေနမွာလား Lix"

"ကြၽန္ေတာ္မသိဘူး"

အျပင္ကမုိးသံကုိ သူတုိ႔အတုိင္းသားၾကားေနရတယ္။ တစ္ေယာက္စကားအစကုိ ေနာက္တစ္ေယာက္ကလည္းေစာင့္ေနတဲ့ခံစားခ်က္။

"သူ႔ေနရာမွာ ငါေပ်ာက္သြားတာဆုိရင္ေတာ့ သူကငါ့ကုိမရမကရွာမွာ"

သူျပန္ေျဖစရာအေျဖမရွိတာမုိ႔ အင္းသံတစ္ခ်က္ေပးၿပီး မ်က္နွာက်က္ကုိစုိက္ၾကည့္ေနမိတယ္။

"လူတစ္ေယာက္ကုိ အခ်စ္ခံခ်င္ရံုသက္သက္ ငါျပန္ခ်စ္ခဲ့တာ ေတာ္ေတာ္ဆုိးတယ္ေနာ္၊ ဟုတ္တယ္မလား Lix...၊ မင္းေရာႀကံဳဖူးလား"

"ကြၽန္ေတာ့္ဘဝမွာ ရည္းစားမထားဖူးဘူး"

"တကယ္ႀကီးလား Lix...၊ မင္းကတကၠသုိလ္ေက်ာင္းသားေတာင္ျဖစ္ေနၿပီေနာ္၊ သေဘာက်တဲ့လူေတာ့ရွိဖူးမွာပါ"

"အဲ့ဒီလိုေတာ့မေျပာတတ္ဘူး၊ ကြၽန္ေတာ့္ဘဝမွာ စြဲလမ္းဖူးတာ ကိတ္မုန္႔ဖုတ္တာရယ္ သီခ်င္းနားေထာင္တာရယ္ပဲရွိတယ္"

"Lixနွလံုးသားက ေအးစက္တာပဲ"

ခင္ဗ်ားနွလံုးသားကပုိေအးစက္တယ္ Samလို႔ သူေျပာခ်င္မိေပမဲ့ မေျပာဘဲေနလိုက္တယ္။ ဆြယ္တာ့ကုိ သူဘာစိတ္ဆုိးေနမွန္း သူမသိဘူး။ ရုတ္တရက္ႀကီး ေနသာရာကေန မုိးေတြအံု႔သြားတဲ့ခံစားခ်က္ပဲရင္ထဲရွိေနတယ္။

"အုိယာစုမိ Lix"

"အုိယာစုမိ Sam"

ညကဒီလိုနဲ႔ၿငိမ္သက္သြားတယ္။ အဲ့ဒီေနာက္မွာ ဆြယ္တာအသက္ရွဴသံျပင္းျပင္းေလး။ အိပ္ရာေပၚကေန ဆတ္ခနဲထထုိင္ရင္း အေၾကာင္းမရွိစြာ ဆြယ္တာ့ကုိေငးၾကည့္မိလိုက္တယ္။

ကြၽန္ေတာ္ရူးခ်င္ခ်င္ျဖစ္ေနတာထင္တယ္ Sam.....။

Thanks For Reading

Note

တစ္နွစ္တစ္ခါေပၚတဲ့မႈိေလးလာပါၿပီ။

There are no comments yet. Log in to be the first to leave a review!

Similar stories