Fanfics

MINE-38

14:47, 31 December 2023

နေရထိုင်ရခက်ခဲပြီး မကြာခဏဆိုသလို အောင့်အောင့်လာတဲ့ ဗိုက်ကြောင့် ဂျီမင်းအခု ဆေးရုံမှာပဲပြောင်းနေရတယ်။ မွေးခါနီး ဖွားခါနီးဖြစ်တတ်တဲ့ အခြေအနေတွေကြောင့် ဆေးရုံကိုပြောင်းနေတာက ပိုပြီး စိတ်ချရတယ်လေ...

ကလေးလေးက ဘာလေးဖြစ်မလဲဆိုတာကိုတော့ ဂျွန်ကကြိုမသိထားချင်ဘူးတဲ့လေ။ ဗိုက်ထဲကထွက်လာတာကိုပဲ ရင်ခုန်ပြီး စောင့်ချင်ပါတယ်တဲ့။

အခုတော့ သားကိုကျောင်းကြိုသွားလေရဲ့...

ချပ်!

ဟော..ပြန်လာကြပြီ။ သားအဖနှစ်ယောက်..

" ပြန်လာကြပြီလား.."

" ဟုတ်ကဲ့ပါးပါး .. ကလေးလေးရေ ကိုကိုတို့ပြန်လာပြီနော်..မြန်မြန်ထွက်ခဲ့ပါတော့ ကိုကိုတွေ့ချင်နေပီ "

ဂျီမင်းရဲ့ဗိုက်ဖောင်းဖောင်းလေးကို ခပ်ဖွဖွပွတ်သပ်ပြီးနောက် သားကဗိုက်ထဲက ကလေးလေးကိုနှုတ်ဆက်၏။ ဂျွန်ကပါ ဗိုက်ပူပူလေးကို တစ်ချက်နမ်းပြီး

" ဗိုက်ထဲက ထွက်ခဲ့တော့ကွာ..ဒယ်ဒီတွေ့ချင်နေပြီ "

ဂျွန်တို့ပြန်ရောက်ပြီးနောက် နေ့လည်စာအတူတူစားဖြစ်သည်။နေ့လည်ဘက် တရေးတမောအိပ်ရင်း ဗိုက်ထဲကစူးအောင့်ကာ နာကျင်လာမှုကြောင့် ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းထထိုင်ကာ ဘေးဘီကိုကြည့်မိတော့ ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ သားအဖနှစ်ယောက်ကြောင့်..

" ဂျွန်...."

နာကျင်မှုကြောင့်အသံကျယ်ကျယ်ထွက်အောင် မခေါ်နိုင်ပေ။

" ဂျွန်..ကျွန်တော်ဗိုက်နာနေပြီ..အာ့! "

ဆီးအစပ်ကနေ ဗိုက်တစ်ခုလုံးအောင့်တတ်နာကျင်မှုကြောင့် နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်ခဲပြီး ကုတင်တန်းကိုဆုပ်ကိုင်ထားမိသည်။

" ဟင့်! ဂျွန်...ခေါ်နေတယ် မကြာဘူးလား "

ဒီမှာဗိုက်ကနာနေပါပြီဆို သူကတခေါခေါအိပ်နေသည်။

" ဂျွန့်........! "

" ဟင်..ကလေး ဘာ..ဘာဖြစ်တာလဲ! "

အခုမှပြာပြာသလဲ ကုတင်နားကိုအပြေးလာပြီး လူကိုမေးသည်။

" ဒီမှာဗိုက်နာနေပြီ..ဟင်းးး! ဆရာဝန်ခေါ်လေ "

" အော်..အင်း အင်း..ကိုယ်အခုပဲ ခေါ်လိုက်မယ် "

ဂျောင်ကုတစ်ယောက်လဲ ​ပူထူပြီးတော့ ပြာဝေသွားရသည်။ ဗိုက်ထဲက ကလေးလေးထွက်ချင်လာလို့ထင်ပါရဲ့ နာနေပြီတဲ့..ကလေးလေးကိုတွေ့ရတော့မယ်။ တစ်ခါမှမဖြစ်ဖူးတဲ့အခြေအနေကြီးကြောင့် လူက ကတုန်ကရင်ဖြစ်နေပြီး လုပ်သမျှအလွဲလွဲအချော်ချော်ဖြစ်နေသေး၏။

အရေးပေါ်ခလုတ်ကိုအမြန်နှိပ်လိုက်တော့ ဆရာဝန်နဲ့ သူနာပြုဆရာမတစ်ချို့ရောက်လာကြပြီး ဆေးစစ်မှုတွေ စလုပ်တော့သည်။

" ကလေးမီးဖွားဖို့အချိန်ကျပြီ.. ချက်ချင်းခွဲခန်းဝင်ရမယ် "

" ဟုတ်ကဲ့ ဆရာ.."

" ဆရာမ လူနာရှင်ကို ခွဲစိတ်ဖို့လက်မှတ်ထိုးခိုင်းလိုက်ပါ "

" ဟုတ်ကဲ့ပါရှင်.."

သူနာပြုဆရာမရဲ့ညွှန်ကြားချက်အတိုင်း လက်မှတ်ထိုးပြီးနောက် သားနဲ့အတူ ခွဲခန်းအပြင်ဘက်မှာ စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေရသည်။ ခဏနေတော့ ထယ်​ယောင်းတို့ပါရောက်လာပြီး အထဲက ကလေးအဖေရော ကလေးပါ ကျန်းမာစေဖို့ ဆုတောင်းပေးကြသည်။

ခွဲခန်းထဲက သူနာပြုဆရာမထွက်လာတာကြောင့်..

" ဆရာမ အခြေအနေဘယ်လိုရှိလဲ "

" အဆင်ပြေပါတယ် ကလေးကအမွှာလေးဖြစ်နေလို့ နည်းနည်းအချိန်ယူရတာပါရှင်..ကလေးတွေရဲ့ ဒယ်ဒီကတော့ ပျော်​နေတော့မှာပဲ "

" ဗျာ..! အမွှာလေးတဲ့လား "

" ဟုတ်ပါတယ်ရှင်...သားလေးကအကြီး၊ သမီးလေးကအငယ်ပါရှင့်..အမွှာဆိုပေမယ့် နှစ်ယောက်လုံးကျန်မာရေးကောင်းတယ်။ ကလေးအဖေလဲ အဆင်ပြေတယ်..အခုတော့မေ့ဆေးရှိန်နဲ့အိပ်နေတယ်။ ခဏနေ အခန်းထဲပြောင်းပေးပါမယ်ရှင်.. "

" ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်ဗျာ..."

အမွှာလေးဆိုတဲ့စကားကြောင့် ဂျောင်ကုအပျော်တွေသည် အတိုင်းအဆမဲ့။ ဘေးနာမှာရပ်နေတဲ့သားကိုပွေ့ချီပြီး ကျစ်နေအောင်ဖက်ထားလိုက်တယ်။

" သား..သားအတွက် ညီလေးနဲ့ညီမလေးရပြီ..ဒယ်ဒီ့သားလေး "

" ဒယ်ဒယ်..ပါးပါးက နှစ်ယောက်မွေးတာလား "

" သားအတွက် ညီလေးရော ညီမလေးရောနှစ်ယောက်မွေးပေးတာတဲ့ "

" ယေးးးးးးး! "

ခဏနေတော့ အိပ်ပျော်နေတဲ့ ကျွန်တော့်အပိုင်လူသားလေးကို အခန်းထဲပြောင်းရွေ့ပြီး ကလေးနှစ်ယောက်ကိုခေါ်ထုတ်လာပြီး ပြသည်။

အဝတ်ဖြူလေးတွေနဲ့ထုတ်ထားတဲ့ ကလေးနှစ်ယောက်ကိုမြင်လိုက်ရတော့ ဂျောင်ကုရင်ထဲဖြစ်ပျော်လာတဲ့ခံစားချက်က ပြောပြဖို့၊ရှင်းပြဖို့ခက်သည်။

နီနီရဲရဲကလေးလေးနှစ်ယောက် မျက်လုံးတွေမှိတ်ထားပြီး နှုတ်ခမ်းလေးတွေကိုလျှာလေးတွေနဲ့ သပ်နေပုံက အူယားစရာကောင်းလှသည်။ ထိုကလေးလေးနှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို ဂျောင်ကုနဲ့သားအတူထိုင်ကြည့်နေတာ ၁နာရီလောက်ပင်ရှိနေပြီ။ အခုထိကြည့်လို့မဝသေး...

အသံသေးသေးလေးတွေထွက်လာရင်လဲ အသဲယားလို့မဆုံး။

"အင်းးးးး ဂျွန်.."

ကုတင်ပေါ်ကနေ အသံပြုလာတာကြောင့်လှည့်ကြည့်လိုက်တော့ ကလေးတွေရဲ့ပါးပါးကနိုးနေပြီ။

" ကလေး..နိုးလာပြီလား "

" ဘာလေးမွေးတာလဲဟင်..ကလေးလေး ဘယ်မှာလဲ.. ကျွန်တော်ကြည့်ချင်တယ် "

" အမွှာလေးမွေးတာ..ကိုယ်ခေါ်လာပေးမယ် "

" ဟင်! အမွှာလေးလား "

" ဟုတ်တယ်..သားတစ်ယောက်၊သမီးတစ်ယောက်..နီရဲနေတာပဲ ချစ်စရာလေးတွေ "

ဂျွန်ကအလွန်ပျော်နေပြီး ကလေးတွေကိုပွေ့ချီကာ ကျွန်တော့်ပြပေးသည်။ တကယ်ပဲ ကလေးလေးတွေက နီရဲပြီး ချစ်ဖို့ကောင်းလှသည်။

ကျွန်တော်တို့အိမ်ကို ဆည်းလည်းလေးနှစ်ယောက် ထပ်ရောက်လာတာပေါ့။

ဆေးရုံမှာ တစ်ပတ်သာနေခဲ့ပြီး အိမ်ကိုပြန်ပြောင်းခဲ့ကြသည်။ ဂျီမင်းမှာ အမွှာမွေးထားတယ်ဆိုပြီး မပင်ပန်းရ။ ကလေးတွေက အရမ်းမဂျီပဲ လိမ္မာ၏။ ညဘက်နို့ဆာလို့သာ အသံသေးသေးလေးတွေပေးတတ်ပေမယ့် အော်ငိုတာမျိုးတော့ မရှိပါ။

ညဘက်နို့ဘူးတိုက်ရင်လဲ ဂျွန်ကထပြီးတိုက်တော့ ဂျီမင်းမှာအိပ်ရေးမပျက်။ သေးစိုတာတွေလဲ ဂျွန်ကပဲ ထထလဲပေးတာဖြစ်သည်။ အခုဆို ဂျီမင်းတို့မွေ့ယာကြီးက မိသားစု၅ယောက်စာ မွေ့ယာအကြီးကြီးလဲထားရပြီ။

ကလေးသေးသေးလေးတွေက အခုဆိုလသားအရွယ်ပင်ရောက်လာကြပြီ။ နှစ်လသားအရွယ်ဖြစ်တော့ ခေါင်းခိုင်ရုံသာဖြစ်ပြီး ဟိုကြည့်ဒီကြည့်လုပ်တတ်နေပြီ။

သားလေးကတော့ ဂျွန့်ဆန္ဒအတိုင်း မျက်လုံးဝိုင်းလေးတွေအပြင် နှုတ်ခမ်းပါးလေးတွေနဲ့ဖြစ်ပြီး..သမီးလေးကတော့ ကျွန်တော်နဲ့သားဂျောင်မင်နှင့်တူ၏။ မျက်ဝန်းကျဥ်းကျဥ်း၊ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ပေါ့..

သားလေးကိုတော့ ကူးငယ်လို့ခေါ်ပြီး သမီးလေးကိုတော့ မင်မင်လို့အဖျားစွတ်ခေါ်သည်။

အခုတော့ မွေ့ယာထက်မှာ ယက်ကန်ယက်ကန်ဖြင့် တအဲ့အဲ့လုပ်နေလေရဲ့...

" ကူးငယ်နဲ့ မင်လေးရေ နို့သောက်ချိန်ရောက်ပြီ "

" အဲ....အဲ့! "

" အယ်...... "

" ပါးပါး သားတိုက်မယ်နော် "

" ရော့...ကူးငယ်ကိုတိုက်လိုက် "

" ဟုတ် '

နို့ဘူးလေးတွေနဲ့ နှုတ်ခမ်းနားတေ့ပေးလိုက်တော့ တပြွတ်ပြွတ်မြည်အောင်စို့နေကြပြီ။ ကူးငယ်ထက် သမီးလေးက နို့စို့သန်သည်။

------------

ကူးနဲ့မင် ၈လခန့်အရွယ်....

အိမ်အောက်ထပ်က အခန်းကျယ်ကြီး တစ်ခုထဲမှာ..ကူးနဲ့မင် ကစားစေဖို့ သဲနုနုလေးတွေ ခင်းထားတဲ့နေရာရှိ၏။ ၈လခန့်အရွယ်ဆိုတာက လေးဘက်သွားတဲ့အရွယ်ကိုရောက်လာပြီ။ ကျယ်ကျယ်ပြန်ပြန့် ကလေးတွေ ကစားစေဖို့ ဂျွန်ကစီစဥ်ပေးထားတာဖြစ်သည်။

ကလေးနှစ်ယောက်ကလဲ ထိုသဲနုနုထဲမှာဆော့ကစားရတာကို အလွန်ကြိုက်ကြသည်။

" အေ....အေ..."

" အဲ...အူဝါးးးးးး "

သားလေးကူးရဲ့အော်ငိုသံကြောင့် အမြန်ကြည့်လိုက်တော့..

" မင်ငယ်..ကူးဆံပင်ကိုလွှတ်လိုက်! မဆွဲရဘူး "

" အေ....အေ..."

သားကူးရဲ့ဆံပင်ကို ကျစ်ကျစ်ပါအောင်ဆွဲထားတဲ့လက်ကို အမြန်ဆွဲဖြုတ်ရသည်။ ကူးငယ်မှာ မျက်နှာလေးတွေပင် နီရဲလို့..

" မင်ငယ်..ပါးပါးမလုပ်ရဘူးလို့ပြောထားတယ်နော် "

" အေ....အေ...."

တအေအေနဲ့ အိပ်ပေါက်ကိုလက်ညှိုးထိုးပြနေလေသည်။ သားကူးကတော့ မင်ငယ်ကို လက်ညှိုးထိုးပြနေလျက်။

နှစ်ယောက်သား လူစုခွဲပြီးတော့ တစ်ယောက်တစ်နေရာစီ အရုပ်လေးတွေဖြင့် ကစားနေကြတော့သည်။

" ကိုကို ပြန်လာပြီ..မင်နဲ့ကူးရေ..."

" အေ..အေ! တ! "

" အဲ့.."

သားဂျောင်မင်လေး ကျောင်းကပြန်ရောက်လာတဲ့အသံကြားတော့ အိမ်ပေါက်ကို လေးဘက်ကုန်းပြေးကြတော့သည်။

" အာဘွာ...မွ! မွ! "

သားဂျောင်မင်က ကလေးတွေကို အနမ်းပေးပြီးတော့ ဟိုနှစ်ယောက်ကလဲ အာဘွားပြန်ပေးသည်။ သို့သော် မင်ငယ်ကတော့..

" အားးးး! ပါးပါး..သားဆံပင် "

" မင်ငယ်..မလုပ်ရဘူးလို့ "

ဆံပင်ဆွဲတာက မင်ငယ်ရဲ့နှုတ်ဆက်နည်း။

"  အေ..ခစ်! ခစ်! "

" ကဲ..မုန့်မုန့်စားမယ်..ဘယ်သူစားမလဲ "

" အေ..အဲ..."

မုန့်ဆိုတဲ့အသံကြားတော့ ဂျီမင်းဆီကိုအမြန်ပြေးခဲ့ကြပြန်ပြီ။

စားပွဲနဲ့တွဲလျက်ပါတဲ့ ထိုင်ခုံလေးမှာ တစ်ယောက်တစ်ခုံစီထည့်ထားလိုက်ပြီး ပူတင်းနှစ်ခွက်ကိုယူလာခဲ့လိုက်သည်။

" သား..အိမ်စာပါသေးလား "

" ပါဘူး.. သား ကူးကိုကျွေးမယ်.."

" ရော့..ဖြေးဖြေးကျွေးနော် သား "

" ဟုတ်.."

မင်ငယ်ကတော့ လက်ခုတ်တီးပြီး မုန့်စားရတော့မယ်ဆိုတော့ ပျော်နေပြီ။ သားကူးကတော့အနေအေးပြီး ငြိမ်ငြိမ်လေးထိုင်နေလျက်။ သူ့ဒယ်ဒီနဲ့မှ သားကူးက တအားကဲတာ..

" ဒယ်ဒီပြန်လာပြီ.."

အပြင်က ကားရပ်သံကြားတော့ သားဂျောင်မင်ကအော်ပြောသည်။ ဒယ်ဒီဆိုတဲ့အသံကြားမှသာ သားကူးက လှုပ်ရွလာပြီး လက်ခုတ်ထတီးတော့သည်။

" ဒယ်ဒီပြန်လာပြီ..အာဘွားပေးကြပါအုံး.."

" ဘွား! "

ကူးငယ်ကတတ်ကြွစွာပေးပြီး မင်ငယ်ကတော့ မပေးပဲ ဆံပင်ကိုဆွဲပြစ်သည်။

" အားး ဒယ်ဒီ့ဆံပင်ကိုမဆွဲပါနဲ့ကွာ.."

မင်ငယ်က သူ့ဒယ်ဒီကိုသိပ်မကပ်..ဂျီမင်းတွေးမိတာတစ်ခုက ဗိုက်ထဲမှာနေတုန်းက သားကူးကိုပဲနှုတ်ဆက်လို့နေမှာပေါ့..

" ဒယ်ဒီအဝတ်လဲပြီးရင် ရေကူးကြမယ်ကွာ.."

" အဲ..."

ရေကူးဆိုတဲ့စကားသံကြားတော့ မင်ရော ကူးရောလက်ခုတ်ထတီးကြတော့သည်။

ဗွမ်း! ဗွမ်း!

ရေကူးကန်အကျယ်ကြီးထဲမှာတော့ ဂျွန်နဲ့သားဂျောင်မင်တို့က တဗွမ်းဗွမ်းကူးနေကြပြီး ထိုရေကူးကန်ရဲ့ဘေးမှာတော့ လေဖောင်းရေကူးကန်အသေးလေးထဲ ရေကူးဝတ်စုံလေးတွေဖြင့် မင်နဲ့ကူး..။ ရေကူးဝတ်စုံလေးတွေဖြင့် သိပ်ကိုချစ်စရာကောင်းနေသေးသည်။

" အဲ..ခစ်! ခစ် "

" ဒဲ့..ဒဲ့! "

မင်ငယ်ကတော့ ရေကူးကန်ထဲက ဘဲရုပ်လေးတွေဖြင့် ​ဆော့ကစားရင်း တခြားကိုအာရုံမရောက်ပေမယ့် သားကူးကတော့ ဒဲ့! ဒဲ့! ဆိုပြီး သူ့ဒယ်ဒီကိုလက်ညှိုးထိုးပြနေလေရဲ့။

" ကူးက ရေမကူး​တတ်သေးဘူးလေ.."

" ဒဲ့..! "

ဗွမ်း!

" သားကူး..ဒယ်ဒီ့ဆီလာမှာလား.."

" ဒဲ့! "

" သားကူးကို ကိုယ့်ဆီပေးလိုက် ကလေး "

" မဖြစ်ပါဘူး..မတော်လို့.. '

" ကဲပါ စိတ်ချစမ်းပါ..ဒီကိုလာပေးလိုက်! "

သားကူးလေးကို သူ့ဒယ်ဒီခေါ်သွားပေးမှာ ပြုံးပျော်သွားတော့သည်။ ရေကူးကန်ထဲမှာ သူ့ဒယ်ဒီနဲ့ တဗွမ်းဗွမ်းဆော့ကစားနေတော့၏။

" အေ... "

ဟော..ဇာတ်လမ်းကစပြီ။ သားကူးသွားတာတွေ့တော့ မင်ငယ်ပါလိုက်ချင်ပြီလေ..လက်ညှိုးထိုးပြီး သူ့အကိုဆော့တဲ့ဆီ အာရုံရောက်သွားပြီ။

" အေ...! "

" သမီးကိုချီပြီး ရေထဲဆင်းခဲ့ပါလား.."

" မဆင်းဘူး..သားကူးကိုပြန်ပို့လိူက်..ဒီမှာသမီးက လိုက်ချင်နေပြီ "

" သမီးက ကိုယ်တို့နဲ့အတူချိုးချင်တာလေ..အတူဆင်းခဲ့ "

" ပါးပါး ညီမလေးနဲ့ အောက်ဆင်းခဲ့ပါ.."

သားရောဂျွန်ရော ခေါ်နေပြီး မင်ငယ်ကပါ သွားချင်နေတာကြောင့် ပွေ့ချီပြီး ရေထဲဆင်းခဲ့ရတော့သည်။ အထိုအခါမှသာ မင်ငယ်ကျေနပ်ပြီး လက်ခုတ်တီးတော့သည်။ ရေထဲကနေ သူ့ဒယ်ဒီဆံပင်ကိုလဲ လိုက်လိုက်ဆွဲနေသေးတာ...

ကလေးတွေရေအတူချိုးပြီးနောက် bathrobe ကိုယ်စီဖြင့် အိမ်ပေါ်တတ်ခဲ့ကြသည်။ သူတို့သားအဖတွေအတွက် အဝတ်ထုတ်ပေးနေတုန်း သူတို့ကတော့ မွေ့ယာထက်လူးလိမ့်ကာ ဆော့နေကြပြီ ။

သားဂျောင်မင်လေးကိုတော့ အဝတ်တွေဝတ်ပေးစရာမလိုတော့တာကြောင့် ကလေးနှစ်ယောက်ကို လိုးရှင်းလူးပေးပြီး အင်္ကျီဆင်တူလေး ဝတ်ပေးလိုက်၏။

သားကူးကတော့ အပြာရောင်လေးနဲ့ဖြစ်ပြီး သမီးမင်ငယ်ကတော့ ပန်းရောင်လေးဖြင့်ဖြူနုနေတော့သည်။ အဝတ်စားဝတ်ပြီးနောက် မျက်လုံးတွေမှေးစင်းကာ အိပ်ချင်နေကြပြီ။ ထို့ကြောင့် နို့ဘူးလေးကိုတေ့ပေးထားလိုက်တော့ တခဏအတွင်းအိပ်ပျော်သွားကြ၏။ သူတို့အိပ်မှ ဂျီမင်းအဝတ်စားလဲရသည့်အဖြစ်။

ညဘက်ရောက်တော့ သားကြီးကတော့အိပ်ပျော်နေတာ ၉နာရီလောက်ကတည်းကဖြစ်ပြီး သားကူးနဲ့မင်းငယ်ကတော့ အခုထိမအိပ်သေးပေ။အချိန်က၁၀နါရီလောက်ဖြစ်နေပြီ။

သားကူးကတော့ သူ့ဒယ်ဒီပေါ်မှာ အိပ်ငိုက်နေပြီး မကြာခင်အိပ်ပျော်တော့မယ့်ပုံ။ မင်ငယ်ကတော့ မျက်လုံးတွေကျယ်နေပြီး တော်တော်နဲ့အိပ်မယ့်ပုံလဲ မမြင်။ အိပ်ခန်းထဲက သူသွားချင်တဲ့နေရာအနှံ့ ဟိုသွားလိုက်၊ ဒီသွားလိုက်ဖြင့် ပျော်နေသည်။

ပြောရင်းဆိုရင်း သားကူးလေးကအိပ်သွားပြီ။ သူ့ဒယ်ဒီက သားကြီးနားသွားချထားပြီး မင်ငယ်ကိုသိပ်ဖို့လုပ်ရ၏။

"သမီးရေ..ဒီကိုလာ ဒယ်ဒီနဲ့အိပ်မယ် "

" အယ်.....အေ! "

သူ့ကိုခေါ်တော့မှာ သိတဲ့သမီးက ဂျီမင်းဆီကို လေးဘက်ကုန်းပြေးလာသည်။

" မင်ငယ် အိပ်ချိန်ရောက်နေပြီလေ..၁၀နါရီခွဲတော့မယ်..ဒီလိုနဲ့.. "

" နေပါစေ..သမီးက မအိပ်ချင်သေးလို့နေမှာပေါ့.."

ဘေးနားမှာရှိတဲ့ ဘောလုံးလေးတွေကို ကောက်ကိုင်ကာ လွှင့်ပြစ်နေပြန်သည်။

" ဒယ်ဒီလာပြီနော်..ဝါးးးး"

" အဲ..ခစ်! ခစ်! "

" ဒယ်ဒီလာပြီ သမီးရေ...."

" ပါးပါးဆီပြေးခဲ့..သမီးလေး..."

" အယ်..ခစ်...! "

ဂျီမင်းဆီပြေးလာပြီး ရင်ခွင်ထဲ အတင်းတိုးဝင်သည်။ ဂျွန်က သမီးလေးရဲ့ဗိုက်ကို ခေါင်းနဲ့တိုးတော့ ဆံပင်တွေကိုဆွဲပြစ်ပြန်သည်။

" အားးး ဒယ်ဒီနာနေပြီလေကွာ.."

" အေ..ခစ်! ခစ်! "

" မင်ငယ် ဒယ်ဒီ့ကိုမလုပ်ရဘူးလေ.."

ဂျီမင်းပြောမှ ဆံပင်ကိုလွှတ်ပေးပြီး အာဘွားပြန်ပေးသည်။ ခဏနေတော့ မျက်လုံးလေးတွေမှေးကျဥ်းနေကာ သူ့ဒယ်ဒီရင်ခွင်ထဲ တိုးဝင်တော့သည်။ သူအိပ်ချင်ရင် လုပ်နေကျ အပြုအမူလေး တစ်ခု။

သမီးလေးမင်ငယ်က သူ့ဒယ်ဒီကို ကျန်တဲ့အချိန်တာမကပ်တာ အိပ်ပြီဆိုရင် သူ့ဒယ်ဒီရင်ခွင်ထဲမှာအိပ်တာဖြစ်သည်။ အခုတောင် သူ့ဒယ်ဒီရင်ခွင်ထဲ အိပ်ပျော်သွားပြီ။

ကလေးတွေအိပ်သွားတော့ ကျွန်တော်နဲ့ဂျွန်လဲ နားရတော့သည်။ ကုတင်ခေါင်းရင်းကိုမှီထိုင်ထားတဲ့ ဂျွန်ရဲ့ရင်ခွင်ကြီးထဲ ဂျီမင်းတိုးဝင်လိုက်၏။ ကလေးတွေအိပ်မှသာ ဂျီမင်းဒီရင်ခွင်ကြီးကို မှီတွယ်ခွင့်ရတော့သည်။

ဂျွန်ရဲ့ရင်ခွင်က ကျွန်တော်တို့မိသားစုအတွက် အနွေးထွေးဆုံးရင်ခွင်ကျယ်ကြီး။

_______________________________My boy လေးဆီကူးပြီ🐒🐒 ep. 1 upထားတယ်နော်💗

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories