Fanfics
MINE-25
16:39, 2 December 2023
သာယာအေးချမ်းသော နံနက်ခင်းလေးတစ်ခု....
" သားရေ... မထသေးဘူးလား..ပါး မနက်စာပြင်ပြီးပြီနော်..ဂျောင်မင်..သားလေး..."
ဒေါက်! ဒေါက်!
" သား...ချစ်ဆုံး.."
ဂျီမင်းနဲ့သားလေးအတူအိပ်တဲ့အခန်းထဲ ဝင်ကြည့်လိုက်တော့ အိပ်ယာထက်မှာ သားကိုမတွေ့တာကြောင့် ရေချိုးခန်းထဲဲသွားကြည့်လိုက်တယ်။ ရေချိုးခန်းထဲသွားကြည့်ပြန်တော့လဲမရှိ...
ထို့ကြောင့် အခန်းပြင်ထွက်ခဲ့လိုက်ပြီး သားကစားနေကျနေရာကိုသွားကြည့်လိုက်တော့..
" သား.... "
" ဂျာ.... ပါး.."
" ကြည့်ဦး အိပ်ယာထတာကို အခုထိမျက်နှာမသစ်သေးဘူးလား.."
" သားက သစ်မလို့ကို သူတို့က ကစားချင်နေလို့.."
" ဒီနေ့ အတန်းသွားရမှာလေ...'
" ဟင့်အင်း..ကျောင်းသွားဝူး.."
" မရဘူးလေ သားရဲ့.. "
" ဟင့်အင်း..ဆရာမတေက စာပဲမေးနေတာ သားကြိုက်ဘူး.."
သားလေးက အခုမှ၃နှစ်သာ ရှိသေးပေမယ့် လူမှုဆက်ဆံရေး၊ ပေါင်းတတ်သင်းတတ်အောင် သူငယ်ချင်းတွေနဲ့ပျော်ပျော်နေတတ်အောင်..ဗဟုသုတရအောင်ဆိုပြီး မူကြိုလေးထားထားတာဖြစ်သည်။ ဒါပေမယ့် သားကမသွားချင်....
ကျွန်တော်လဲ ဒီနှစ်တွေအတွင်း ကိုယ်ဝါသနာပါရာအလုပ်ကို လုပ်လာခဲ့တာ အနည်းငယ်တော့အဆင်ပြေလာတယ်လို့ ပြောရမယ်...
သားလေး ၁နှစ်ပြည့်တော့ ကျွန်တော် ကလေးနဲ့တိုက်ခန်းငှားနေပြီး အလုပ်တစ်ခုခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် အဆင်မပြေပါ..ပြီးတော့ ဘိုးဘိုးကလဲ သဘောမတူ...
ဘိုးဘိုးက ကျွန်တော်တို့သားအဖနှစ်ယောက်အတွက်ဆိုပြီး တစ်ထပ်တိုက်လေးကိုစီစဥ်ပေးထားတာဖြစ်ပြီး မကြာခဏဆိုသလို ဘိုးဘိုးက သားလေးကိုအလည်ခေါ်တတ်သည်။
သားလေးက မနက်ပိုင်းပဲ အတန်းသွားရတာဖြစ်တော့ နေ့လည်ဘက်တွေမှာ ကျွန်တော့်အလုပ် ဒါမှမဟုတ် ဘိုးဘိုးအိမ်မှာသွားနေတာဖြစ်သည်။ တစ်ခါတစ်ခါ ဂျီဟိုကခေါ်သွားတတ်တော့ ဂျီမင်းအတော်လေးသက်သာပါသည်။
အခုလဲ ဂျီဟိုလက်ဆောင်ပေးထားတဲ့ ကြောင်လေးတွေနဲ့ကစားနေတာဖြစ်သည်။ ကြောင်လက်ဆောင်ပေးတာကို ကျေးဇူးတင်ပေမယ့် ကျွန်တော့်မှာ သားရောကြောင်တွေရော​ကြည့်နေရတော့ အလုပ်တစ်ခုကအပိုဖြစ်နေသည်။ သားကလဲ သဘောကျတော့ ထားထားရတာဖြစ်သည်။
သားလေးက ကျွန်တော်နဲ့တူတယ်လို့ တစ်ချို့က ပြောကြပေမယ့် ဘိုးဘိုးကတော့ သူ့မြေးနဲ့သာတူသည်ဟု ​ပြောတတ်သေးတာ...
တကယ်တော့ ကလေးက ကျွန်တော်နဲ့တူတာပါ...
" သား လာ.. မျက်နှာသစ်မယ်.."
" ဟုတ် ပါး.."
သားကိုရေချိုးခန်းထဲ ခေါ်လာပြီး သွားတိုက်ဆေးကိုအဆင်သင့်ပြင်ပေးလိုက်ပြီး သားကသွားတိုက်ရင်းဖြင့်...
" ပါး... ဒီနေ့ဘိုးဘိုးတို့အိမ် အလည်သွားမို့.."
" ဘိုးဘိုးက အားပါ့မလားသားရဲ့.."
" အားပါရယ် ပါးရဲ့.."
" ပါးပါး အလုပ်ကလူတွေတောင် သားကိုသတိရနေကြပြီ.."
" နော်ပါး.. သားအလည်သွားမယ်နော်..ပါး"
" လာ မနက်စာစားမယ်..အတန်းနောက်ကျလိမ့်မယ်.."
ဂျီမင်းအဖြေမပြုသေးပဲ ထမင်းစားခန်းထဲခေါ်သွားလိုက်သည်။ ကျွန်တော် မလွှတ်ချင်တာတော့မဟုတ်ပေမယ့် ဘိုးဘိုးက သားကို ဂျွန့်အကြောင်းတွေပြောပြလိုက်တော့ အိမ်ရောက်ရင် သားက ဒယ်ဒီကဘယ်မှာလဲ ၊ ဒယ်ဒီ့ကိုခေါ်ပေးဆိုပြီး ရစ်တာတွေကို ကျွန်တော်လုံးဝမကြိုက်ပါ...
တစ်ခါ တစ်ခါစိတ်မထင်လို့ သားလေးကိုဆူလိုက်မိရင် စိတ်မကောင်းဖြစ်ရသေးတာ..
သားကို ထမင်းစားခန်းထဲခေါ်သွားကာ နံနက်စာစားဖို့ပြင်ပေးလိုက်သည်။
" ပါး သားပေါင်မုန့်ကြက်ဥကြော် အရမ်းကြိုက်တယ် "
" အင်း..ကြိုက်ရင်များများစား.."
" ဒါမဲ့ နေ့တိုင်းချားနေရတော့ ရိုးလာပေါ့.."
ဂျီမင်း သဘောကျစွာ တစ်ချက်ပြုံးမိသည်။ ထမင်းချက်အဒေါ်ကြီး နေမကောင်းလို့နားနေတဲ့ တစ်ပတ်အတွင်း ကျွန်တော်မနက်စာကို သားအကြိုက် ပေါင်မုန့်ကြက်ဥကြော်ပဲ ကျွေးဖြစ်တာဖြစ်သည်။ အခုတော့ရိုးနေပြီထင်ပါရဲ့..
" ပါးပါး နောက်နေ့တခြားဟာပြင်ပေးမယ်နော်.."
" ဟုတ် "
" ညစာကို သားအကြိုက် ငါးပေါင်းလေးနဲ့စားကြမယ်.."
" ဟုတ်..ပါး သားဘိုးတို့ ဆီသွားရမှာလား... "
သားကိုမေ့သွားပြီထင်ပေမယ့် မမေ့သေးပေ..
" သားအတန်းပျက်မှာပေါ့ ပိတ်ရက်မှသွား..'
သားကတစ်ပတ်ကို ၄ရက်တတ်ရတော့ ကျန်၃ရက်ကပိတ်ရက်ဖြစ်သည်။
" သား.. နေ့လည်ဘက်ပဲ... ကျောင်းကိုဘိုးဘိုးလာကြိုမှာ "
" ဒါဆိုရင် ကျောင်းပိတ်ရက်မသွားရတော့ဘူးနော်.."
" ဟုတ် "
" ဘိုးဘိုးအိမ်မှာ လိမ်လိမ်မာမာနေ ညမအိပ်ရဘူးနော်.."
" ဟုတ် သားကပါးတစ်ယောက်ထဲ ကျစ်မထားပါဘူး ဟီး "
" ဟုတ်ပါပြီ အတတ်လေး.."
" ပါးကို ချစ်တယ် .. သားကျောင်းသွားဖို့ အင်္ကျီသွားလဲတော့မယ်.."
" ဟုတ်ပြီ သား..ပါးကို အားဘွားပေး.."
" အာဘွား! မွ..! ပါး သားကိုယ့်ဘာသာ အဝတ်လဲမှာ.."
" ဟုတ်ပါပြီ.. ပါးပါး သားအတွက်ပူတင်းထည့်ပေးလိုက်မယ်နော် နားချိန်စားဖို့.. သူငယ်ချင်းတွေနဲ့အတူစား.."
" no no တစ်ယောက်ထဲစားမှာ.."
" သား... ပါပါး ဘာမှာထားလဲ.."
" တစ်ထု ကျွေးလိုက်မယ် "
လို့ပြောကာ အခန်းထဲပြေးဝင်သွားတဲ့ သားလေးကြောင့် ကျွန်တော်ခေါင်းခါမိသည်။ သားက အဲ့လိုပဲ တစ်ခါတစ်ခါနှမြောတတ်တာဖြစ်သည်။ ဒီကိစ္စလေးကိုတော့ သားကိုအချိန်ပေးပြီး သေချာ သင်ပေးရဦးမည်။
အခန်းထဲတွင်...
ကုတ်ချောင်းကုတ်ချောင်းဖြင့်ကလေးလေးသည် စောင်အောက်တွင်ဖွက်ထားသော ဖုန်းလေးကိုထုတ်ယူပြီးနောက် အသံသွင်းကာ ပြောလိုက်သည်က...
* ဒယ်ဒယ် သားဒီနေ့ ဘိုးတို့အိမ်လာမှာ သားကိုလာကြိုနော်... ဘမ်နဲ့အတူချော့(ဆော့)မယ်..*
တဖက်က အသံဖိုင်ပြန်ရောက်လာသည်က
* ဟုတ်ပြီ သားလေး... မင်းပါပါးရဲ့ ပါးကို ဒယ်ဒီ့အစားနမ်းခဲ့ပါ * တဲ့...
--------
သားကိုကျောင်းကားလာကြိုလို့ ထည့်ပေးလိုက်ပြီးနောက် အလုပ်သွားဖို့ပြင်ရတော့သည်။ ဒါမှ ဂျီဟိုလာခေါ်တဲ့အချိန် မစောင့်ခိုင်းရမှာ...
ကျွန်တော့်အတွက် ဘိုးဘိုးက ကားပြင်ပေးထားပေမယ့် ခြံစောင့်ဦးလေးကို အကြိုအပို့အလုပ်မပိုစေလိုတာကြောင့် လမ်းကြုံသည့် ဂျီဟို့ကားနဲ့သာ လိုက်သွားဖြစ်တာများသည်။ တကူးတကမဟုတ်ပဲ လမ်းကြုံနေလို့သာ အားမနာစတမ်းလိုက်သွားဖြစ်တာ....
ဂျီဟိုက ဒီရောက်ပြီးမှ အတော်အဆင်ပြေလာသည်ဟု ဆိုရမည်။ company တစ်ခုမှာ ရာထူးလေးလဲကောင်းပြီး လစာလေးကလဲ အတော်အဆင်ပြေသည်မို့ သူ့မိသားစုကို ကောင်းကောင်း ထောက်ပင့်နိုင်တာဖြစ်သည်။
ကျွန်တော်ကတော့ ဝါသနာပါသည့် ဒီဇိုင်းနာအလုပ်လေးဖြင့် နာမည်ရရုံတော့ အဆင်ပြေပါသည်။ ဂျီဟိုအလုပ်နဲ့နီးတော့ အသွားအပြန်အဆင်ပြေနေတာဖြစ်သည်။
ဂျီဟိုနဲ့လဲ ဒီအတောအတွင်းမိသားစုဝင်တွေလိုဖြစ်နေကာ သားလေးကလဲ ခင်တွယ်သည်။ ခင်တွယ်တာကတော့ သားကိုဂျီဟိုက အလိုလိုက်လွန်းလို့သာ။ လိုချင်တာတွေ တောင်းတာတွေကိုဝယ်ပေးလွန်းလို့ ဂျီမင်းမှာ အားနာရသည့်အဖြစ်။
တီ! တီ!
အိမ်ရှေ့က ကားသံကြားတာကြောင့် ထမင်းဗူးကိုယူကာ ထွက်လာခဲ့ပြီး ကားပေါ်တတ်လိုက်တော့ ဂျီဟိုကပြုံးပြလာသည်။
ဂျီဟိုက အရင်ကထက်ပိုချောကာ ပိုခန့်လာသည်ကိုတော့ ငြင်းလို့မရ။ လူငယ်လေးဖြစ်ပြီး အရည်အချင်းလဲရှိတော့ ကောင်မလေးတွေဆိုဝိုင်းဝိုင်းလည်.. ဒါပေမယ့် ခက်တာက ဂျီဟိုကမိန်းမမယူတော့ဘူးတဲ့လေ... ငယ်သေးတာမို့ သေချာတော့မပြောနိုင်သေးပါဘူး...
" ဟျောင်း ဖြေးဖြေးလာပါ ကျွန်တော်စောင့်နိုင်ပါတယ်.."
" သူများကားနဲ့လိုက်စီးရတာကို ဖြေးဖြေးလုပ်နေလို့မဖြစ်ဘူးလေ..."
" ဂျောင်မင်ရော ကျောင်းသွားပြီလား.."
" သွားပြီ...ကျောင်းမလိုက်ချင်ပါဘူး လုပ်နေလို့.."
" ဂျောင်မင်က တကယ့်ကျောင်းပျင်းလေး.."
" ဟုတ်ပါ့.."
" ရောက်ပြီ ဟျောင်း.."
" အင်း သွားပြီနော် ဂျီဟို.."
" ဟုတ်ကဲ့ပါ... ညနေမှတွေ့မယ်.. "
ဂျီမင်း အထဲဝင်လာခဲ့တော့ အမတို့ကရောက်နှင့်နေပြီဖြစ်သည်။ ကျွန်တော်တို့က ဆိုင်ကို ၅ယောက်စုဖွင့်တာဖြစ်ပြီး အခုတော့ ၄ယောက်သာကျန်တော့သည်။
ယောင်္ကျားလေးကတော့ ကျွန်တော်တစ်ယောက်ထဲသာဖြစ်သည်။ အစကတော့ နှစ်ယောက်ဖြစ်ပေမယ့် တစ်ယောက်ကထွက်သွားတာဖြစ်သည်။
" ဂျောင်မင်လေး လာမှာလား ဒီနေ့ "
" မလာဘူး အမ.."
သားလေးက ချစ်မွှေးလေးဖြစ်တော့ ကျွန်တော့်အလုပ်ထဲကလူတွေကလဲ အသဲတယားယားဖြင့် ဝိုင်းချစ်ကြတာဖြစ်ပြီး သားလေးမပါခဲ့ရင်လဲ အခုလိုပဲမေးတတ်ကြသည်။
" ဂျောင်မင်လေးက အခုတလော သူ့အဘိုးအိမ်ပဲသွားချင်နေတာ အဲ့တာကြောင့် ကျွန်တော်သွားမကြိုတော့ဘူး သူ့အဘိုးလာကြိုမှာတဲ့.."
" နောက်နေ့ခေါ်ခဲ့ပါ ဂျီမင်းရယ်... သူလာမှ စစရာနောက်စရာရှိတာ.."
" ဟုတ်ကဲ့ ကျွန်တော်ခေါ်ခဲ့ပါမယ် "
" ငါတော့လေ ဂျီမင်းကိုကြည့်တိုင်း တကယ်အသဲတယားယားနဲ့ဆွဲနမ်းပြစ်ချင်တာ အမ ဂျောင်မင်တို့သားအဖကိုတာဝန်ယူလိုက်ရမလား.."
" ဟဲ့...ကောင်မ နင်အရမ်းယွတယ်နော်.."
အမတို့ကအမြဲအခုလို စနောက်တတ်သေးတာ...
" သွားမလုပ်နဲ့ လာကြိုနေကြကောင်ချောလေးက ဆွဲထိုးနေဦးမယ်.."
" အမကလဲ ကျွန်တော်နဲ့ဂျီဟိုက ရိုးရိုးသားသားပါ.."
" ဒါပေမယ့် ဟိုကောင်လေးကတော့ ဟိ ဟိ.."
" ဟဲ့.. ကလေးကိုမစစမ်းပါနဲ့.. "
" အေးပါဟာ.."
" ဘာပဲ​ဖြစ်ဖြစ်ပါ ငါတို့ဂျီမင်းနဲ့အတူ အလုပ်လုပ်ရတာ တကယ်ကံကောင်းတယ် နေ့တိုင်းအစားအသောက်တွေက တစ်ခုနဲ့တစ်ခုထပ်ကိုမထပ်ဘူး.."
" ဟုတ်ပါ့..."
ဂျီမင်းဆီကို နေ့လည်ဘက်တွေ ဂျီဟိုကအမြဲ စားစရာတွေပို့ပေးတတ်တာကြောင့် ပြောနေကြခြင်း..။ ဂျီဟို့ကို မပို့ဖို့ပြောပေမယ့် ပြောလို့မရလို့လွှတ်ထားရခြင်းသာ။
ဒီလိုနဲ့ ကျွန်တော့်ရဲ့တစ်နေ့တာက အလုပ်ကအမတွေနဲ့စလိုက် ၊ နောက်လိုက်ဖြင့်သာ ကုန်ဆုံးသည်။
---------
ညနေဘက်.. ဂျီမင်းအလုပ်ပြန်ချိန်...
" ရောက်ပါပြီ ဟျောင်း.."
" ဂျီဟို.. အိမ်ထဲဝင်ဦး.."
" ဟုတ်..ကျွန်တော် ဂျောင်မင်လေးကိုဝင်တွေ့ဦးမယ် "
" သားကမရောက်လောက်သေးဘူး..လာ..ညစာစားရင်းစောင့်ကြတာပေါ့.."
" ကျွန်တော်မစားတော့ပါဘူး ဟျောင်းရဲ့.. "
" မရဘူး စားသွားရမယ်.. လာ ဒီမှာခဏထိုင် ဟျောင်းသွားပြင်လိုက်ဦးမယ်.."
" ဂျောင်မင်လေးကို မစောင့်တော့ဘူးလား.."
" သားကိုနောက်မှပဲ ကျွေးလိုက်တော့မယ်..ဟျောင်းတို့အရင်စားကြတာပေါ့.."
" ကျွန်တော်လဲ ကူမယ်.."
" အင်း ဟုတ်ပြီ.."
မနက်က ချက်ထားတဲ့ဟင်တွေကိုပြန်နွှေးကာ စားပွဲပြင်ဆင်ကြသည်။ ငါးပေါင်းလေးကိုတော့ ဆိုင်မှာဝင်ဝယ်ခဲ့ပြီး ရေညှိဟင်းချို၊ တို့ဟူးကြော်နဲ့ ကင်မ်ချီ အပြင် ဝက်သားကြော်လေးကတော့ မနက်ကဂျီမင်းချက်ထားခဲ့တာဖြစ်လို့ ပြန်နွှေးရသည်။
ဂျီမင်းနဲ့ဂျီဟို စားပွဲမှာထိုင်လိုက်ပြီး...
" ကောင်းကောင်းစားပါ့မယ် "
" များများစားပါ ဂျီဟို.. အားမနာနဲ့နော်.."
ကျွန်တော်တို့ စားရင်းသောက်ရင်းဖြင့် စကားဆက်ကြပြန်တယ်...
" ဟျောင်း.. တို့ဟူးကြော်က အစပ်ကြီး ဂျောင်မင်လေးစားနိုင်ပါ့မလား.."
" သားအတွက် ခွဲထားတယ်..သားကတို့ဟူးကြော်ကြိုက်တာလေ.."
" ဟျောင်း မနက်ဖြန်တော့ ဂျောင်မင်လေးကို ကျွန်တော်ပဲကြည့်လိုက်မယ်လေ... ဟျောင်းတို့ အရေးကြီးအော်ဒါရှိတယ်ကြားလို့.."
" ဟုတ်တယ်..နေ့လည်က အော်ဒါအသစ်တွေရောက်တာ မနက်ဖြန်တော့ ပန်းတော့မယ်.."
" အဲ့တာကြောင့် ကလေးကိုကျွန်တော်ပဲကြိုပြီး ရုံးကိုခေါ်သွားလိုက်မယ်လေ ရုံးကလူတွေက ခဏခဏမေးနေတာ ဟျောင်းရဲ့.."
" ဒါဆို အကူအညီတောင်းပါတယ် ဂျီဟို.. ဟျောင်းတို့သားအဖကြောင့် အလုပ်များရပြီ.."
" မဟုတ်တာပဲ ကျွန်တော် ဟျောင်းတို့သားအဖကြောင့် အလုပ်လဲမများသလို၊ အနှောင့်အရှက်လဲမဖြစ်ဘူး..ကျွန်တော် ဟျောင်းတို့နဲ့ရှိနေတဲ့အချိန်ဆိုပျော်တယ်.."
ဂျီဟိုက ကျွန်တော့်ကို လေးလေးနက်နက်ကြည့်ကာ ပြောလာတော့...
" အာ... ကျေးဇူး ကျေးဇူးပါ ဂျီဟို.."
" ကျွန်တော် ဟျောင်းတို့နဲ့ဒီထက်ပိုပြီး နီးစပ်လို့ရမလား.."
" ဟင်! "
" ကျွန်တော်ကို ချက်ချင်းကြီးပြန်ပြောစရာမလိုပါဘူး..."
" ဟို... ဂျီဟို့ကိုအားနာပေမယ့်လေ ဟျောင်းအခုချိန်မှာ ဒီကိစ္စတွေကို မစဥ်းစားချင်သေးဘူး..သားလေးရှေ့ရေးကလဲရှိနေသေးတော့လေ.."
" ကျွန်တော်နားလည်ပါတယ် ဟျောင်း... ကျွန်တော် တစ်သက်လုံးဆိုလဲစောင့်နိုင်ပါတယ်..ဒီကိစ္စအတွက် အချိန်ပေးတော့မယ်ဆို ကျွန်တော့်ကိုသတိရပေးပါ.."
" အ..အင်းပါ.."
ရုတ်တရက် အခြေအနေက နေရခက်လာသလို... ထိုအချိန်၌...
" ပါး..သားရောက်ပါပီ.."
" ဟင်! သားလေး ကားသံလဲမကြားဘူး ဘယ်သူလိုက်ပို့တာလဲ.."
သားက ထမင်းစားခန်းထဲ ဝင်လာတော့ ကျွန်တော်မေးလိုက်သည်။
" ဟို..ဟို...ဘိုးလိုက်ပို့တာ.."
" သားထမင်းစားတော့မလား.."
" သားချား(စား) ​ပီးပီ..."
" သေချာလား..များများရောစားခဲ့ရဲ့လား.."
" ဟုတ်... ဦးဂျီဟိုရောက်နေတာလား.."
" ဟုတ်တယ် ဂျောင်မင်လေး..ဘာတွေစားခဲ့လဲ ဦးကိုပြောပါဦး.."
" များရီးပဲ.."
" ဟားဟား... ဂျောင်မင်လေးက ချစ်ဖို့ကောင်းလိုက်တာ လာပါဦးဆီ အာဘွားပေးရအောင်.."
" no no ရဘူး ရဘူး...သား ပါးကိုရင်နမ်းရဦးမယ် ဒယ်က..! "
ပြောရင်း ကိုယ့်ပါးစပ်ကိုလက်နဲ့အုပ်လိုက်တဲ့ သားလေးကြောင့် ဂျီမင်းတို့ကြည့်နေမိသည်။
" ပါပါးကိုအရင်ပေးမှာဆိုပေး.."
မွ!
" ဒါကဘယ်ဘက်..မွ! ဒါကညာဘက်.. ပါးရဲ့နှုတ်ခမ်းကိုတော့နောက်မှနမ်းမယ်တဲ့.."
" ဟင်! ဘာတွေပြောနေတာလဲ သားရဲ့.."
" ဘားဟုတ်ဘူး..ဦးပေးလို့ရပါပီ.."
" လာပါဦးကွာ..."
သားနဲ့ဂျီဟို အချန်အတော်ကြာကစားနေကြပြီး သားလေးအိပ်ပျော်သွားမှ ဂျီဟိုပြန်သွားတာ..
ကျွန်တော်လဲ ထိုအချိန်မှသာ ကိုယ်လက်သန့်စင်ပြီး အဝတ်စားလဲကာ စားပြီးသားပန်းကန်တွေ ဆေးကြောရသည်။ ဂျီဟိုက သားလေးကို တို့ဟူးကြော်တွေဝင်အောင် ချော့ကာကျွေးသွားသေးတာဖြစ်သည်။ သားအတွက်ကြော်ပေးထားမှန်းသိလို့ ထင်ပါရဲ့...။
သားကတော့အခန်းထဲမှာ အိပ်နေတာမှ သိုးလို့..
ဝူး...ကျွီ!
အိမ်ရှေ့က ကားရပ်သံကြီးကြောင့် လန့်သွားရသည့်အဖြစ်.. ဒီလိုအချိန် ဘယ်သူမှလာလေ့မရှိတော့ စိုးရိမ်လာသည်။ ခြံစောင့်ဦးလေးကလဲ လာနေကျသူမဟုတ်ရင်တော့ အဝင်ခံမှာမဟုတ်....
ကိုယ့်မှာကလဲ ကလေးနဲ့ဆိုတော့ အမြန်သွားကြည့်ဖို့ပြင်လိုက်တယ်....
ဂျောင်ကု ဒီတစ်ခါတော့ လုံးဝကြည့်နေရုံနဲ့အဆင်မပြေတော့ပေ။ ဂျပန်ကိုရောက်နေတာ တစ်လလောက်ရှိကာ သားနဲ့ပင်အတော်ရင်းနှီးနေပြီ။
ဘိုးဘိုးဆီက အကြောင်းစုံသိပြီးနောက် ဂျပန်ကိုချက်ချင်းလိုက်လာခဲ့တာ။ သူတို့သားအဖဆီကိုလဲ ချက်ချင်းသွားမလို့ပါပဲ။ ဒါပေမယ့် ဘိုးဘိုးက အကြမ်းပတမ်းမလုပ်ရဘူး ကလေးနဲ့အရင်ရင်းနှီးအောင်လုပ်ရမယ်တွေ ပြောနေလို့သာ စိတ်လျော့ထားရတာ။ ဘိုးဘိုးအထင်မှားနေတဲ့ဟာတွေကိုလဲ သေချာရှင်းပြမှ နာလည်တာ။
သားလေးနဲ့ကလဲ သူ့ပါပါး မသိအောင်လဲ လျှို့လျှို့ဝှက်ဝှက်နေနေကြတာ...
ညတိုင်းသူ့အိမ်ရှေ့မှာ ကားရပ်ထားပြီး ၁၂လောက်မှအိမ်ပြန်သည်။ ဒါပေမယ့်ဒီနေ့တော့မရတော့ပေ.. ဂျီဟိုဆိုတဲ့ကောင်နဲ့ကလဲ လိုတာထက်ပိုနီးကပ်နေတာသိတယ်။ အခုလဲကြည့် ၁၀နါရီလောက်မှအိမ်ထဲကထွက်လာပြီး ပြန်သွားတာမဟုတ်သေး... အစကတော့ ဖြေးဖြေးချင်း သားကနေတဆင့်အသိပေးမလို့ အခုတော့မရတော့...
ဒုန်း!
ကားတံခါးကိုစောင့်ပိတ်ပြီး အိမ်ထဲဝင်လာခဲ့လိုက်သည်။
နှစ်နဲ့ချီပြီး လွမ်းနေခဲ့ရတဲ့မျက်နှာလေး၊ နှစ်နဲ့ချီပြီး လွမ်းနေခဲ့တဲ့ ကိုယ်သင်းရနံ့လေးတွေ..အခုတွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားလာသည်က အမှန်ပင်။ ဘယ်လိုပုံစံများ ပြောင်းလဲသွားမလဲပေါ့...
ဂျီမင်းထမင်းစားခန်းထဲကနေ ဧည့်ခန်းဘက်ကိုထွက်လာတော့ ဧည့်ခန်းထဲရောက်နေတဲ့ လူကြောင့် ခြေပင်မခိုင်ချင်တော့... သူ..ဘယ်လိုရောက်လာတာလဲ..
" ဂျွန်...!! "
" အင်း..ဟုတ်တယ် မင်းရဲ့ဂျွန်.."
သူက ကျွန်တော့်ကို စူးစူးရဲရဲကြည့်နေတာဖြစ်ပြီး တဖြေးဖြေးရှေ့တိုးလာသည်မို့ ကျွန်တော်လဲနောက်ကိုတဖြေးဖြေးဆုတ်မိသည်။
အရင်ကထက် ပိုခန့်လာတဲ့ရုပ်ရည်အပြင် ပိုမိုတောင့်တင်းလာသော ခန္တာကိုယ်အရွယ်အစားနဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံက အရင်ကထက်ပိုစူးရဲနေပြီး သားရဲတစ်ကောင်လိုဖြစ်နေတာ။ နှုတ်ခမ်းမွှေးစိမ်းဖန့််ဖန့်တို့ကလဲ ရှိနေသေးတာကြောင့် ပို၍ပင် လူကြီးဆန်နေသည်။
ကျွန်တော်ကတော့ သူ့ရှေ့မှာရောက်နေတဲ့ အမဲဖျက်ခံရတော့မယ့် သားကောင်လေးလိုမျိုး ခံစားလာရသည်။
" ခင်ဗျား.. ထွက်သွား..! "
ဂျီမင်းက ဘာကိစ္စကြောက်နေရမှာလဲ။ လူတွေကကြောက်ရင် ပိုဖြဲခြောက်တတ်တာ သဘာဝပဲ။ ဒါကြောင့်သူ့ရှေ့မှာ ကြောက်ပြနေလို့မဖြစ်... အရင်ကတော့ ကြောက်ရင်ကြောက်ခဲ့လိမ့်မယ်.. အခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် သားလဲရှိနေပြီဖြစ်လို့ ကျွန်တော် ရင်ဆိုင်ရမယ်။
" ကိုယ့်ကိုလား..."
" ဒီနေရာမှာဘယ်သူရှိသေးလို့လဲ.."
" ကိုယ်ကိုတော့ နှင်တယ်ပေါ့... ဟိုကောင့်ကိုကျတော့.."
" အခုထွက်သွား...ခင်ဗျားဘယ်လိုရောက်လာတာလဲ..! "
" ကိုယ့်သားနဲ့ ကိုယ့်ယောင်္ကျားဆီလာတာ ဘာဖြစ်လဲ..ဘာလို့ကိုယ့်ယောင်္ကျားကို နှင်ထုတ်နေတာလဲ.."
" ဘယ်လို! ခင်ဗျားသား ဟုတ်လား... ဂျောင်မင်က ခင်ဗျားသားမဟုတ်ဘူး.."
" အဲ့လိုငြင်းလို့ရလား..ကိုယ့်သားဆိုတာ သိသာနေတာကို.."
" ဟုတ်တယ် ခင်ဗျားသား... ခင်ဗျားတာဝန်မယူချင်လို့ ဖျက်ချခိုင်းတဲ့ကလေး... အခုမှဘာလို့ ခင်ဗျားသားဖြစ်စေချင်နေရတာလဲ..!! "
" ကျစ်! အဲ့တာနားလည်မှုလွဲနေတာ ကိုယ်ရှင်းပြမယ်.."
" မရှင်းပြနဲ့ ဘာမှမကြားချင်ဘူး..အခုထွက်သွား..!! "
ဘုန်း! ဘုန်း!
ဂျီမင်းသူ့ရင်ဘတ်ကြီးကို အတင်းထုရိုက်ကာတွန်းထုတ်နေပေမယ့် အရင်ကထက်ပိုမာကျောလာသော ရင်အုပ်ကြီးနဲ့ နည်းနည်းလေးမှရွေ့မသွားသော ခန္တာကိုယ်ကြီးကြောင့် စိတ်တိုလာရပြန်တယ်။ ငိုချင်စိတ်ကိုလဲ အများကြီးထိန်းထားရတာ..သူ့ရှေ့မှာ အားနည်းတဲ့ပုံစံကိုမပြချင်လို့...
" သွား..!! ကျွန်တော်တို့ဆီ ထပ်မလာနဲ့..သားနဲ့လဲမပတ်သတ်နဲ့! ထွက်သွား..အင့်! "
သူ့ကိုတွန်းထိုးနေတဲ့ ဂျီမင်းကို ဆွဲဖတ်ပြစ်တာက တင်းကြပ်စွာ။ ကျွ​န်တော်ရုန်းနေပေမယ့် သူ့အားကြောင့် လှုပ်၍ပင်မရ....
" လွှတ်! မထိနဲ့..! "
" ခဏလေးပါ ကလေးရယ်... ခဏလေးပါပဲ ကိုယ်မင်းကိုအရမ်းလွမ်းနေလို့ပါ..."
" လွှတ်..! "
" ကိုယ်မင်းကို သိပ်ချစ်တယ်...ကိုယ်မင်းကို အရမ်းချစ်တာမို့ ကိုယ့်ကိုမနှင်ပါနဲ့နော်..."
ကျွန်တော် သူ့ရင်ခွင်ထဲမှာအတိုင်း ငြိမ်သက်သွားမိတယ်။ အခုန်မြန်လာတဲ့ ရင်ဘတ်တစ်နေရာကြောင့် အသက်ရှုပါအောင့်ထားမိသည်အထိ။
" မင်းအထင်မှားနေတာတွေကို ကိုယ်သေချာရှင်းပြမှာမို့ ကိုယ့်ကိုမနှင်ပါနဲ့.."
" .... "
" မင်းကိုအရမ်းလွမ်းနေလို့ပါ..."
ဂျွန်က ကျွန်တော်ကို ထွက်ပြေးသွားမှာကြောက်သည့်အတိုင်း တင်းကြပ်နေအောင်ဖက်ထားကာ ခေါင်းကိုလဲ အနမ်းပေးလာတယ်..
ယိုင်နဲ့သွားတော့မယ့် နှလုံးသားကိုမျက်ကွယ်ပြုလိုက်ပြီး...
" လွှတ်..! "
ဂျွန်က ပြန်လွတ်ပေးပေမယ့် ကျွန်တော်ကို ဆိုဖာရှိရာကိုခေါ်သွားပြီး ထိုင်ခိုင်းသည်။ ကျွန်တော်ငြင်းဆန်ပေမယ့် မရပါ..
" ကိုယ်မင်းကိုသေချာ ရှင်းပြမယ်.. မင်းကနားထောင်ပေးပါ.."
" နားမထောင်ဘူး! ထွက်သွား..! "
" ဘာလို့ အဲ့လောက်ထိပြောရခက်နေတာလဲ.."
" ခင်ဗျားကိုဘယ်သူက ပြောခိုင်းနေလို့လဲ..! မထိနဲ့..အာ့ "
ဂျောင်ကုစိတ်မရှည်စွာ ရုန်းကန်နေတဲ့ခန္တာကိုယ်သေးသေးလေးကို ဆိုဖာပေါ်လှဲချကာတတ်ဖိထားလိုက်သည်။ အရင်ကထက်အများကြီးပိုသေးသွားတာ..
" လွှတ်..! "
ဂျီမင်းကိုဆိုဖာပေါ်တွန်းလှဲပြီး ဖိထားသူကြောင့် နည်းနည်းလေးပင်လှုပ်လို့မရ။ သူကအပေါ်ကနေ၍ ကျွန်တော်မျက်နှာအစိတ်အပိုင်းတွေကို သေချာကြည်ရင်းဖြင့်...
" ကိုယ်ပြောတာကို ခဏနားထောင်ပေး..ပြီးမှမင်းကြိုက်သလိုဆုံးဖြတ်.. ဒါပေမယ့် ကိုယ်ကိုသားနဲ့ခွဲထားလို့တော့မရဘူး.."
" ဖယ်ပေး!! "
ကျွန်တော်ကသာ ရုန်းနေတာ ဂျွန်ကတော့ဖြင့် သူ့စိတ်သဘောအတိုင်း.. ကျွန်တော်ကို ထိန်းချုပ်နေတုန်း၊ ကျွန်တော့်ကို ဆွဲလားရမ်းလားနဲ့ တန်ဖိုးမထားတုန်း..
" အဲ့ညက မင်းအဖေ ကိုယ့်ကိုပြောတာက မင်းအမမှာကိုယ်နဲ့ရတဲ့ ကိုယ်ဝန်တဲ့.. မင်းကိုပြောတာက မင်းမှာကိုယ်နဲ့ရတဲ့ကိုယ်ဝန်... ကိုယ် တကယ်တော့ မင်းအမကိုတာဝန်မယူနိုင်ဘူးလို့ပြောလိုက်တာ... သူကိုယ်ဝန်က ကိုယ်နဲ့ရတာမဟုတ်ဘူး...ကိုယ်တို့အဲ့နေ့က သေချာမဖြေရှင်းခဲ့မိတာ။ အဲ့တာတွေသေချာသိတဲ့အချိန် မင်းကကိုယ့်ဆီမှာမရှိတော့ဘူး..ကိုယ့်ဆီကနေ ထွက်ပြေးသွားခဲ့ပြီ "
" ..... "
ဂျီမင်း သူပြောတာတွေနားထောင်ရင်း တစ်ခဏမျှငြိမ်သက်သွားမိသည်။ တကယ်ပဲ အမှန်တွေလား..
" ကိုယ် မင်းကိုဒီနှစ်တွေအတွင်းလိုက်ရှာနေခဲ့တာ.. မင်းနဲ့သားလေးကို..မင်းကတော့ကိုယ့်ကို ပြစ်ထားခဲ့တာအကြာကြီး.."
" .... "
" မင်းကို သိပ်ချစ်တယ် ကလေး... ကိုယ့်ကိုစိတ်ဆိုးပြေတော့နော်.."
ပြွတ်!
" လွှတ်..! "
နှုတ်ခမ်းကိုတစ်ချက်နမ်းပြီး လွှတ်ပေးတော့ ဂျီမင်းသူနဲ့ဝေးဝေးမှာ ထိုင်လိုက်သည်။
" ခင်ဗျားပြောတာတွေယုံရမှာလား... "
" မင်းအဖေနဲ့ မင်းအမကိုအခုချက်ချင်းခေါ်မေးလို့ရတယ်... ဒီထက်ပိုပြီး မင်းတို့သားအဖနဲ့ခွဲမနေချင်တော့ဘူး.. စိတ်ဆိုးပြေတော့.."
" ကျစ်! '
" အဲ့တာက ဘာဖြစ်တာလဲ.. မင်းပဲ ဂျွန့်ကိုချစ်တယ်၊ ကျွန်တော့်နှလုံးသားက ဂျွန့်အပိုင်ပါ ဆိုပြီး ကိုယ်ကိုခြွေခဲ့တာမလား..အခုကိုယ်လဲ မင်းကိုချစ်နေပြီဆိုမှ ကိုယ့်နှလုံးသားကိုတာဝန်မယူချင်တာလား.."
ဂျီမင်းမှာ သူပြောတဲ့စကားတွေကြောင့် မျက်လုံးပင်ပြူးကျယ်သွားရသည်။
" အဲ့တာအရင်က..! "
" သားကလဲ အခုဒယ်ဒီမှ ဒယ်ဒီလိုချင်နေတာမလား.."
" ရတယ်.. သားအတွက်ဒယ်ဒီရှာပေးလိုက်ရုံပေါ့.."
" ဘာ!! ဘာပြောလိုက်တယ်!! ဘယ်ကောင်လဲပြော! ဘယ်ကောင့်ကိုဒယ်ဒီလုပ်ခိုင်းချင်နေတာလဲ! အသေသတ်ပြစ်မှာ..! "
" ခင်ဗျား! မဆိုင်တာကို.."
" စောနကထွက်သွားတဲ့ကောင်လား! ဟမ်! အေး.... အဲ့ကောင်ကိုလဲအသေသတ်ပြစ်မှာ သူ့မိသားစုတွေပါရစရာမရှိအောင်..!! "
" ဂျွန်..!! ခင်ဗျားဘယ်လိုဖြစ်နေတာလဲ... လူတစ်ယောက်ဘဝပျက်အောင်လုပ်ဖို့ အဲ့လောက်ထိလွယ်လား..ခင်ဗျားကိုယ်ချင်းစာစိတ်မရှိ! "
" မရှိဘူး.. မင်းနဲ့ပတ်သတ်ရင် လူသတ်ရမယ်ဆိုလဲရတယ်..ဘယ်သူ့ကိုမှလှည့်ကြည့်နေမှာမဟုတ်ဘူး... အဲ့တာ ကိုယ်မင်းကိုသိပ်ချစ်လို့ဖြစ်တာ..ကိုယ့်ကိုအပြစ်မပြောနဲ့..."
" ခင်ဗျား..ပြန်တော့! မိုးချုပ်နေပြီ "
" မိုးချုပ်တော့ဘာဖြစ်လဲ... ကိုယ်ကမင်းယောင်္ကျား ၊ သားရဲ့ဒယ်ဒီ..အဲ့တာကိုငြင်းဆန်လို့မရဘူး.."
" ကျစ်! "
စိတ်မရှည်သလိုပြုမူနေတဲ့ ဂျီမင်းကြောင့် ကျွန်တော်အသဲယားလာရသည်။
အရင်ကထက် ပိုသေးသွယ်လာတဲ့ကိုယ်လုံးလေးအပြင် ဖြူဖွေးကြည်လင်နေတဲ့အသားအရေလေးကြောင့် လူကပို၍ပင် နုပျိုလှပနေတာ... အသဲတယားယား နမ်းပြစ်ချင်တဲ့စိတ်ကို ချုပ်ထိန်းထားရတာ... တစ်သားမွေးတစ်သွေးလှဆိုတာ ဒါမျိုး...ဒီအလှလေးကိုလဲ ကိုယ်ပဲပိုင်တာ..
" ကိုယ်ကို ပြန်လက်ခံမှာလား.. အကြောင်းစုံလဲသိနေပြီလေ.. ကိုယ်မမှားခဲ့တာ မင်းလက်ခံရမယ်.."
ဂျီမင်း ချက်ချင်းအဖြေပြန်ပေးဖို့ ခက်သည်။ မချစ်တော့လို့မဟုတ်၊ ရင်မခုန်တော့လို့မဟုတ် ကျွန်တော့်ကို တန်ဖိုးထားပြီး ချစ်ပြစေချင်လို့။ လူတွေက လွယ်လွယ်ရရင် လွယ်လွယ်စွန့်ပြစ်တတ်ကြတာ.. စွန့်ပြစ်ပြီးရင်လဲ သူတို့မဟုတ်သလို လွယ်လွယ်ပြန်လိုချင်ကြပြန်သည်။ ကျွန်တော်အဲ့လိုလူတွေဆို သိပ်မုန်းသည်။
တိတ်ဆိတ်နေတဲ့ အခြေအနေအတွင်း...
" ဟင့်! ပါး.."
သားက အိပ်ချင်မူးတူးဖြင့် အခန်းပြင်ထွက်လာသည်။
" ဟင်! ဒယ် ရောက်နေတယ်..ပါးနဲ့ စိတ်ဆိုးပြေပီလား.."
သားက ကျွန်တော့်ဆီအရင်မလာပဲ ဂျွန်ပေါင်ပေါ်တွင်ဝင်ထိုင်ကာ ပါးကိုနမ်းတော့ ကျွန်တော့်ရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးဖြစ်ပေါ်လာကာ မျက်ရည်တွေအလိုလိုဝေ့သီလာသည်မို့ အကြည့်လွှဲထားလိုက်ရတယ်။
" သား အိပ်နေတာလား.."
" ဟုတ် ဒယ်ဒယ် "
သူ့ဒယ်ဒီကမေးတော့ သားကဖြေသည်။ ဟင်! ကျွန်တော်အခု ဒယ်ဒီလို့တွေးလိုက်မိတာလား..အင်းလေ ဒါကငြင်းဆန်လို့မရတဲ့ အမှန်တရားပဲမဟုတ်လား..
" ဒါဆိုဘာလို့ထလာတာလဲ.."
သားက ဂျွန့်အမေးကိုမဖြေပဲ ကျွန်တော့်ဆီလျှောက်လာပြီး ကျွန်တော့်ပေါင်ပေါ်တွင်ထိုင်ကာ ပြောလိုက်တဲ့စကားကြောင့် မျက်နှာတစ်ပြင်လုံး ပူတတ်သွားရတယ်..
" ပါး.. ချိုချို.." တဲ့..
" ဟင်! သား..ခဏ! "
သားက ကျွန်တော့်အင်္ကျီခပ်ပွပွထဲ ခေါင်းတိုးဝင်ကာ ကျွန်တော့်ရဲ့..
ပြွတ်! ပလပ်!
" သား..ခဏ! အာ့! "
သားကိုအပြင်ဆွဲထုတ်လိုက်တော့ သားကကိုက်ဆွဲထားပြီးမှ လွှတ်လိုက်လို့ နာကျင်စွာ ကျွန်တော်အော်ညဥ်းမိသည်။ သားကမျက်ခုံးတွေ မှေးကာဖြင့်..
" ဟင့်! အင့် ပါပါး ချို... ဟင့်! ချို..ဟင့်..."
သားက ပါးစပ်လေးဟကာ တဂျီဂျီလုပ်နေတော့တာ..
" အဟွင်း..! "
" ခင်ဗျား..! ပြန်.. ပြန်တော့! "
" ဟင့်.. ပါပါး ချို..တိုက်..ချိုတိုက်ပါဆို..ဟင့်! "
ဂျွန်က ကျွန်တော်နဲ့သားအဖြစ်အပျက်ကို သေချာကြည့်ရင်း ပြုံးစစဖြင့်..
" ကိုယ်ပြန်တော့မယ် နောက်နေ့မှထပ်ရှင်းမယ်..ကလေးကတောင်းနေပြီ..တိုက်လိုက်ဦး "
ဂျွန်ပြန်သွားတော့မှ သားကိုပွေ့ချီကာ အခန်းထဲသို့...
ဂျောင်ကု ကားမောင်းထွက်လာပြီး အတွေးဖြင့် ပြုံးရိပ်သန်းနေသည်။
ဒီကောင်လေး သားကို နို့တိုက်နေတာလား..
ဘိုးဘိုးပြောပြလို့ ကလေးကနို့ဘူးတိုက်ရသည်ဟု သိထားတာ..ဒါကို အခုသားက ချိုချိုဆိုပြီး အသဲအသန်တောင်းနေတာ...
ဒီကောင် ကိုယ်နဲ့တူတာဖြစ်သည်။ နို့ကြိုက်တာကအစ! အော်..နို့ဆိုလို့ ကျွန်တော်က သူရဲ့ခပ်ရဲရဲအသီးလေးကိုပဲနော်...
-----------
" မြေးဂျောင် ပြန်လာပြီလား..'
" ဘိုးဘိုး မနားသေးဘူးလား.."
" အေး..အခုပဲနားတော့မလို့.."
" ကျွန်တော် သူနဲ့တွေ့ခဲ့ပြီ "
" ဟေ... ဟိုကလေး ဘယ်လိုတုန့်ပြန်လဲ.. "
" မကြာခင် အဆင်ပြေသွားမှာပါ.."
"အေးကွယ်... ဘိုးဘိုးလဲ ​မြေးဂျောင်တို့ မိသားစုလေးကိုပြန်ပေါင်းစေချင်ပြီ.."
" မကြာခင်ပေါ့.."
" ဒါနဲ့ ​မြေးဂျောင် ဘယ်တော့ကိုရီးယားပြန်ဖြစ်မှာလဲ.."
" သူတို့သားအဖပြန်လိုက်မှပဲ... သူတို့သားအဖနဲ့ပြန်မှာ ပြီးရင်လက်ထပ်ဖို့စီစဥ်ရဦးမှာ.."
" အေးပါ.. ဘိုးဘိုးကိုတော့ ဂျောင်မင်လေးနဲ့မကြာခဏလာတွေဦး... "
" စိတ်ချပါ ဘိုးဘိုး.."
" ဘိုးဘိုး သွားနားတော့မယ်.."
" ဟုတ်ကဲ့ ဘိုးဘိုး.."
ဂျောင်ကုအစီအစဥ်ကတော့ထိုအတိုင်း သူတို့သားအဖနှစ်ယောက်ကို အိမ်ပြန်ခေါ်သွားဖို့...
ခွဲခွာနေရတဲ့နှစ်တွေက ဘယ်လောက်တောင်နှ​မြောဖို့ကောင်းလိုက်လဲ....ဘယ်မှာရှိနေမှန်းတောင်မသိပဲ အသဲအသန်လိုက်ရှာနေရတာ..စိတ်ပူနေရတာတွေက ရူးမတတ်။
ဘိုးဘိုးဆီမှာ ရှိနေလို့သာပေါ့.. စိတ်မချရတဲ့ဆီမှာသာ တစ်ခုခုဖြစ်သွားရင် ဒီလူကပဲ ရင်တွေကွဲရမှာ...
ထိုကောင်လေးကိုတွေ့သွားတော့ စိတ်တွေမထိန်းနိုင်ပဲ ကြမ်းရမ်းမိခဲ့ပြန်တာ... အဲဒါတွေက ချစ်လွန်းလို့... ရှေ့ဆက် အချစ်တွေကပိုကြမ်းဖို့သာရှိပါသည်။
__________________________________မကြာခင်မှာ ကြင်နာမယ်👨‍👨‍👧‍👦
ချိုချိုကိစ္စ idol image ထိခိုက်လိုစိတ်မရှိပါဘူး ခင်ဗျ..ကျေးဇူးပါ 💗💗
Zg
ဒေါက်! ဒေါက်!
" သား...ချစ်ဆုံး.."
" သား.... "
" ဂျာ.... ပါး.."
" မရဘူးလေ သားရဲ့.. "
" သား လာ.. မျက်နှာသစ်မယ်.."
" ဟုတ် ပါး.."
" အားပါရယ် ပါးရဲ့.."
" ဟုတ် "
" ဟုတ် "
" ဟုတ်ပါပြီ အတတ်လေး.."
" သား... ပါပါး ဘာမှာထားလဲ.."
" တစ်ထု ကျွေးလိုက်မယ် "
အခန်းထဲတွင်...
--------
တီ! တီ!
" ဟုတ်ပါ့.."
" ရောက်ပြီ ဟျောင်း.."
" မလာဘူး အမ.."
" အေးပါဟာ.."
" ဟုတ်ပါ့..."
---------
" ရောက်ပါပြီ ဟျောင်း.."
" ဂျီဟို.. အိမ်ထဲဝင်ဦး.."
" ကျွန်တော်လဲ ကူမယ်.."
" အင်း ဟုတ်ပြီ.."
" ဟင်! "
" အ..အင်းပါ.."
" ပါး..သားရောက်ပါပီ.."
" သားထမင်းစားတော့မလား.."
" သားချား(စား) ​ပီးပီ..."
" များရီးပဲ.."
မွ!
" လာပါဦးကွာ..."
ဝူး...ကျွီ!
ဒုန်း!
" ဂျွန်...!! "
" ခင်ဗျား.. ထွက်သွား..! "
" ကိုယ့်ကိုလား..."
ဘုန်း! ဘုန်း!
" လွှတ်! မထိနဲ့..! "
" လွှတ်..! "
" .... "
" လွှတ်..! "
" လွှတ်..! "
" ဖယ်ပေး!! "
" ..... "
" .... "
ပြွတ်!
" လွှတ်..! "
" ကျစ်! '
" အဲ့တာအရင်က..! "
" ခင်ဗျား! မဆိုင်တာကို.."
" ကျစ်! "
" ဟင့်! ပါး.."
" သား အိပ်နေတာလား.."
" ဟုတ် ဒယ်ဒယ် "
" ဒါဆိုဘာလို့ထလာတာလဲ.."
" ပါး.. ချိုချို.." တဲ့..
" ဟင်! သား..ခဏ! "
ပြွတ်! ပလပ်!
" သား..ခဏ! အာ့! "
" အဟွင်း..! "
" ခင်ဗျား..! ပြန်.. ပြန်တော့! "
-----------
" မကြာခင်ပေါ့.."
" စိတ်ချပါ ဘိုးဘိုး.."
" ဟုတ်ကဲ့ ဘိုးဘိုး.."
__________________________________မကြာခင်မှာ ကြင်နာမယ်👨‍👨‍👧‍👦
There are no comments yet. Log in to be the first to leave a review!
More by bubuu-nim
Similar stories