six
23:48, 20 August 2025Kira နဲ့အတူ ပျော်ပါးနေတဲ့ Jake တစ်ယောက် နောက်ပိုင်းမှာ သူငယ်ချင်းတွေကိုပါ အချိန်သိပ်မပေးနိုင်တော့ပေ။ တစ်ချိန်က ဘားတွေ၊ ကလပ်တွေမှာ အတူပျော်ခဲ့တဲ့သူငယ်ချင်းတွေက အခုဆိုရင် Jake ရဲ့ဘဝထဲကနေ ဝေးကွာသွားခဲ့ပြီ။ သူငယ်ချင်းတွေကလည်း ဒီအပြောင်းအလဲကို သတိထားမိကြ၏။
တစ်ရက်တော့ Jake ရဲ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာခဲ့တယ်။
"ဟေ့ကောင် Jake... မင်း ဘာဖြစ်နေတာလဲ"
Jake ရဲ့စိတ်ထဲမှာ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ Kira နဲ့ အချိန်ပေးဖို့ပြင်ဆင်နေချိန်မှာ ဒီလိုမေးခွန်းမျိုးက သူ့ကို စိတ်မသက်မသာဖြစ်စေတယ်။
"ဘာမှမဖြစ်ပါဘူးကွာ... ငါ အလုပ်တွေရှုပ်နေလို့ပါ"
"မင်း အလုပ်ရှုပ်နေတာမဟုတ်ဘဲ Kira နဲ့ပဲ အချိန်ကုန်နေတာ ငါတို့သိတယ် Nova ကိုထားခဲ့ပြီး အခုတော့ Kira နဲ့ စိတ်ကူးယဉ်နေတယ်ပေါ့"
သူငယ်ချင်းရဲ့စကားက Jake ရဲ့ ရင်ကို ထိမှန်သွားတယ်။ သူ့ရဲ့အတွင်းစိတ်ကို ဖော်ထုတ်လိုက်သလိုမျိုး ခံစားရတယ်။
"ငါတို့ မင်းကို ဒီလိုပုံစံဖြစ်နေတာကို သဘောမကျဘူး Kira က မင်းအတွက် အဆင်ပြေတဲ့ကောင်မလေး မဟုတ်ဘူး Nova သာဆိုရင် မင်းကို လွတ်လွတ်လပ်လပ် မင်းအဆင်ပြေနေရင်ပြီးနေတာ"
သူငယ်ချင်းရဲ့ စကားတွေက Kira က သူ့ကို မချစ်ဘူးဆိုတာ သိနေခဲ့သည်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို သူလက်မခံနိုင်သေးပါ။ သူ့ရဲ့မာနက Nova ဆီကို ပြန်သွားဖို့ခွင့်မပြုနိုင်ခဲ့သလို Kira ကိုလည်း မစွန့်လွှတ်နိုင်ခဲ့ပေ။
"မင်းတို့ရဲ့အကြံဉာဏ်တွေ ငါမလိုဘူး"
Jake က စိတ်ဆိုးဒေါသနဲ့ ဖုန်းကိုချပစ်လိုက်တော့သည်။ ဖုန်းကိုချလိုက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့စိတ်ထဲမှာ လစ်ဟာနေသလို ခံစားလိုက်ရတယ်။ သူငယ်ချင်းတွေရဲ့ စကားက တကယ်တမ်းမှာတော့ အမှန်တရားတွေချည်းပဲဆိုတာကို သူကောင်းကောင်းသိနေခဲ့တယ်။ Nova ရဲ့အချစ်က လုံခြုံမှုပေးခဲ့ပေမယ့် Kira ရဲ့အချစ်ကတော့ ဘယ်တော့မှ လုံခြုံမှုမပေးနိုင်ခဲ့ဘူး။
သူငယ်ချင်းတွေနဲ့ ဖုန်းပြောပြီး ဖုန်းကိုချလိုက်တဲ့အခါ Jake တစ်ယောက် ရုတ်တရက် တိတ်ဆိတ်သွားတယ်။ "Nova" ဆိုတဲ့ နာမည်လေးကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့ရင်ထဲမှာ လှုပ်ခါသွားခဲ့တယ်။ သူ့ခေါင်းထဲမှာ Nova ရဲ့ပုံရိပ်တွေက ပြန်ပေါ်လာတယ်။ နည်းနည်းလေး ငေါက်လိုက်ရင်တောင် မျက်ရည်ဝဲတတ်တဲ့ ကောင်မလေးတစ်ယောက်... သူ့ရဲ့အေးစက်စက်အပြုအမူတွေကြောင့် သူမ ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာကို Jake အခုမှပဲ သေချာစဉ်းစားမိလိုက်တယ်။
Kira ကတော့ Jake ကို အဆိပ်အတောက်တွေ ပေးနိုင်ပေမယ့် Nova ရဲ့မျက်ရည်တွေက သူ့ရဲ့ရင်ထဲမှာ စိတ်ပျက်မှုကို ပေးခဲ့တယ်။ Jake တစ်ယောက် Kira ကို စွဲလမ်းနေပေမယ့် Nova ကိုတော့ စိတ်အပူဆုံးသူက အမြဲတမ်း Jake ပဲ ဖြစ်နေခဲ့တယ်။
"ငါ Nova ကို လိုက်ရှာသင့်ပြီလား"
ဒီအတွေးက Jake ရဲ့ခေါင်းထဲမှာ ပေါ်လာခဲ့ပေမယ့် သူ့ရဲ့မာနက ဒီအရာကို ငြင်းပယ်နေခဲ့တယ်။ ဒါပေမဲ့ Nova ဘာဖြစ်နေမလဲဆိုတဲ့ စိုးရိမ်စိတ်က သူ့ကို ရပ်တန့်ဖို့ မပေးခဲ့ဘူး။ ဖုန်းကို ပြန်ဖွင့်ပြီး Nova ကို Call လိုက်ပေမယ့် ဖုန်းက မဝင်ခဲ့ဘူး။ စာတွေ ပို့ကြည့်ပေမယ့်လည်း မက်ဆေ့ချ်တွေက အပြာရောင်အမှတ်အသားလေးတွေ မဖြစ်ပေါ်ခဲ့ဘူး။ဒီအခြေအနေက Jake ကို ပိုပြီး စိတ်ပူပန်စေတယ်။ Nova က ဖုန်းကိုပိတ်ထားတာလား၊ ဒါမှမဟုတ် သူမ ဘာမှမဖြစ်ဘဲ သူ့ကို ဂရုမစိုက်တော့တာလားဆိုတာကို Jake မသိတော့ပေ။
Nova တစ်ယောက် သူမရဲ့အခန်းထဲမှာ ပိတ်လှောင်နေခဲ့တာ ရက်သတ္တပတ်နဲ့ချီကြာနေပြီ။ Jake မရှိတော့တဲ့ဘဝမှာ သူမရဲ့ စိတ်က လစ်ဟာနေပြီး နာကျင်မှုတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ အစားမစား၊ အိပ်ရေးမဝတော့တာကြောင့် သူမရဲ့ခန္ဓာကိုယ်က အားအင်တွေကုန်ခမ်းလာခဲ့တယ်။ မှန်ထဲမှာ ပိန်ချုံးနေတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်ပြီး Nova တစ်ယောက် ရယ်ရမလို၊ ငိုရမလို ခံစားနေခဲ့ရတယ်။
အဆိုးဆုံးကတော့ သူမဟာ နာကျင်မှုတွေကိုခနတာ မေ့ပစ်ဖို့ အတွက် ဆေးတွေကို အလွန်အကျွံသုံးစွဲနေခဲ့တာပဲ။ ဆေးတွေရဲ့အရှိန်နဲ့ သူမရဲ့စိတ်တွေက ခြောက်ခြားနေခဲ့ပြီး တစ်ခါတစ်ရံမှာ Jake ရဲ့ပုံရိပ်တွေက သူမရဲ့စိတ်အာရုံထဲမှာ ပေါ်လာပြီး လှောင်ပြောင်နေသလို ခံစားရတယ်။
တစ်ရက်တော့ သူမရဲ့သူငယ်ချင်းက သူမရဲ့အခန်းကို ရောက်လာခဲ့တယ်။ Nova ရဲ့ပုံပန်းသဏ္ဌာန်ကို မြင်တော့ သူမရဲ့မျက်နှာမှာ ထိတ်လန့်မှုတွေပြည့်နေခဲ့တယ်။
"Nova... နင် ဘာဖြစ်နေတာလဲ"
Nova က အားအင်မရှိတဲ့အသံနဲ့ ပြန်ဖြေလိုက်တယ်။ "ငါ အဆင်ပြေပါတယ်" လို့ ပြောလိုက်ပေမယ့် သူမရဲ့ပုံပန်းသဏ္ဌာန်ကတော့ လုံးဝကို အဆင်မပြေဘူးဆိုတာကို ပြသနေခဲ့တယ်။
"နင် Jake ကို မေ့လိုက်တော့ Nova... သူက နင့်အတွက် အဆင်မပြေဘူး ဒီလိုဆက်ဆံရေးမျိုးက နင့်ဘဝကို ဖျက်ဆီးနေပြီ"
သူမရဲ့သူငယ်ချင်းက Nova ကို ဖက်ထားပြီး ပြောလိုက်ပေမယ့် Nova ရဲ့စိတ်ကတော့ Jake အပေါ်ထားတဲ့ စွဲလမ်းမှုကနေ လွတ်မြောက်ဖို့ ငြင်းဆန်နေခဲ့တယ်။ သူမရဲ့နှလုံးသားက Jake ရဲ့နာမည်ကိုပဲ အကြိမ်ကြိမ်ခေါ်နေခဲ့တယ်။
"ငါ သူ့ကိုချစ်တယ်"
Nova ရဲ့စကားက သူမရဲ့အခြေအနေကို ပိုပြီးဆိုးဝါးစေတယ်။ သူမက Jake ကို မေ့ပစ်ချင်ပေမယ့် မေ့ပစ်ဖို့အတွက် သူမမှာ အားအင်တွေမရှိတော့ဘူး။ Jake ရဲ့အချစ်က သူမကို နာကျင်စေခဲ့ပေမယ့် ဒီနာကျင်မှုတွေကပဲ သူမကို ဆက်ပြီး အသက်ရှင်နေစေတယ်။ အခုတော့ သူမရဲ့ဘဝက အမှောင်ထဲမှာ ပိတ်မိနေပြီး လွတ်မြောက်ဖို့လမ်းကို သူမ မရှာနိုင်တော့ပါ။
Nova တစ်ယောက် သူမရဲ့ဘဝကို အမှောင်ထဲမှာ ပိတ်လှောင်ထားခဲ့ကာ အရင်က ရိုးသားဖြူစင်ခဲ့တဲ့ကောင်မလေးတစ်ယောက်က Jake ရဲ့အဆိပ်အတောက်တွေကြောင့် အခုတော့ မူးယစ်ဆေးစွဲနေတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ နာကျင်မှုတွေကို မေ့ပစ်ဖို့အတွက် ဆေးပြားလေးတွေက သူမရဲ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့တယ်။
တစ်နေ့တော့ သူမဟာ မှန်ထဲမှာ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်လိုက်တယ်။ ဖြူဖျော့ဖျော့မျက်နှာနဲ့ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေ၊ ညို့မှိုင်းနေတဲ့မျက်လုံးတွေက အရင်ကNova ကို ဖျက်ဆီးပစ်လိုက်သလိုပဲ။
"ငါ ဘယ်သူလဲ" လို့ သူမ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိလိုက်တော့တယ်။ အရင်ကဆိုရင် Jake ကိုချစ်တဲ့ကောင်မလေး၊ ပျော်ရွှင်တဲ့ကောင်မလေးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခဲ့ဖူးပေမယ့် အခုတော့ သူမ ဘာမှမဟုတ်တော့ဘူး။
ဒီအချိန်မှာပဲ သူမရဲ့စိတ်က ပြန်လည်ပြီး Jake ဆီကို ရောက်သွားခဲ့တယ်။ "Jake... နု်သာ ငါ့ကိုမစွန့်ပစ်ခဲ့ရင် ငါ ဒီလိုဖြစ်လာမှာမဟုတ်ဘူး" လို့ သူမ ရေရွတ်လိုက်မိတယ်။ Jake အပေါ်ထားတဲ့ အချစ်တွေက သူမကို ဒီလိုအမှောင်ထဲရောက်အောင် ဆွဲခေါ်သွားခဲ့ပြီ။ သူမရဲ့စိတ်ထဲမှာတော့ Jake ဟာ အပြစ်သားတစ်ယောက်၊ သူမဘဝကို ဖျက်ဆီးပစ်လိုက်တဲ့သူတစ်ယောက် ဖြစ်နေခဲ့ပြီ။
Jake ကိုချစ်ခဲ့တဲ့ အချစ်တွေက သူမအတွက်တော့ အဆိပ်အတောက်တွေလိုပဲ ဖြစ်လာခဲ့ပြီ။ သူမက ဖြူစင်ခဲ့တဲ့အချစ်ကို ဆေးတွေနဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ အခုတော့ Nova ရဲ့ဘဝက ကျဆုံးနေတဲ့ ကြယ်တစ်ပွင့်လိုပဲ ဖြစ်နေခဲ့ပြီ။ ဒီအမှောင်ထဲကနေ လွတ်မြောက်ဖို့အတွက် သူမ ဘယ်လိုနည်းနဲ့မှ မကြိုးစားတော့ပါ။
အခုချိန်မှာတော့ Nova ဟာ Jake ရဲ့အချစ်ကို လိုက်ရှာနေတဲ့သူ မဟုတ်တော့ဘဲ သူမရဲ့နာကျင်မှုတွေကို မျက်ကွယ်ပြုဖို့ ကြိုးစားနေတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ။
Tbc >>>
Total Words - #1369
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)