Fanfics

17🌪️

17:53, 2 August 2023

'Gem's apartment'

အထုတ်တွေပစ်ချကာ ‌Mallထဲတွင်ငိုယိုကာပြေးဖက်ခဲ့သော သူ့အား Gemဟာပြန်လည်ဖက်တွယ်လာခဲ့သည်...ထို့နောက် သူ့အား တိုက်ခန်းဆီသို့လိုက်ခဲ့ရန် ပြောတော့ ချက်ချင်းပင်ခေါင်းငြိမ့်ခဲ့သည်...ပထမအမှားလိုထပ်မမှားချင်ဘူး!

New York ရဲ့တစ်နေရာ....

ဂျောင်ကျကျမဟုတ်သလို မြို့လယ်ရောက်နေတာလည်းမဟုတ်ပြန်...အတန်အသင့်နေရာလေးမှာပင် တည်ရှိနေသော အထပ်မြင့်အဆောက်အအုံတစ်ခု...တစ်နည်းအားဖြင့် Gemရဲ့တိုက်ခန်းတည်ရှိရာပေါ့...

ကားပေါ်မှအရင်ဆင်းသွားကာ တံခါးဖွင့်ပေးလာသော Gemကြောင့် အပြုံးတို့ဟာမရပ်တန့်နိုင်...သာမန်လူတစ်ယောက်သူ့ကိုမြင်ရင် 'ဒီကောင်ရူးနေတာလား' ဟုထင်ကောင်းထင်နိုင်ပါရဲ့...Gemဆွဲခေါ်ရာနောက်သို့ အလိုက်တသင့်လေး ပါသွားရင်း....

တတိယထပ်...

ဓာတ်လှေကားမှထွက်ကာ အခန်းနံပါတ် 303ဟုသည့် အခန်းရှေ့သို့ ခေါ်သွားခဲ့သည်... ထို့နောက် Gemက တိုက်ခန်းတံခါးကိုဖွင့်၏..သူရုတ်တရက် သော့တွဲလေးဆီသို့ကြည့်မိသည်...မြင်လိုက်ရတဲ့အရာတစ်ခုကြောင့် ရင်ထဲပန်းတွေပွင့်လာသလိုတောင်ခံစားမိသည်...‌သူကိုယ်တိုင်မြင်းရုပ်ပုံစံသိုးမွှေးထိုးကာ လက်ဆောင်ပေးခဲ့တဲ့အရာလေးအား တပ်ဆင်ထားတာမြင်ရတော့ တစ်ကယ်ကိုပျော်ရပါသည်...

Gemဟာသူ့လက်ကိုထပ်မံဆွဲကိုင်ကာ တိုက်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်...မှောင်မဲနေသော တိုက်ခန်းဟာ ခလုတ်ဖွင့်လိုက်တာကြောင့် ခဏအတွင်းမှာပင်လင်းထိန်လာခဲ့သည်.....

"ခနအနားယူအုန်းနော် Fourth... ငါရေသွားချိုးအုန်းမယ်...လျှောက်ပတ်ကြည့်ချင်ကြည့်"

သူ့မျက်နှာကိုလက်ဖြင့်အုပ်ကိုင်ရင်းဆိုလာသော Gemအားပြုံးပြလိုက်တော့ ခေါင်းကိုပုတ်ကာ အိပ်ခန်းထဲသို့ဝင်သွားခဲ့သည်....

ကျန်ရှိနေသောမျက်ရည်စများအားသုတ်လိုက်ရင်း တိုက်ခန်းတစ်ခုလုံးလှည့်လည်ကြည့်မိသည်...နံရံများဟာအဖြူရောင်သုတ်ဆေးများဖြင့်ဖွေးသန့်လို့နေသည်...အသန့်ကြိုက်သည့်သူနေသည်ဆိုတော့ အခန်းဟာပိုလို့တောင်သန့်နေသေး၏...ခပ်ပြုံးပြုံးဖြင့်ပင် ဧည်ခန်းမှ မီးဖိုချောင်ရှိရာသို့ ခြေဦးလှည့်လာခဲ့သည်...ohh...မီးဖိုချောင်ကြီးက တစ်ကယ်ကိုအသစ်အတိုင်း.....

"မင်းအစားရောချက်စားရဲ့လား Gem~"

ခပ်တိုးတိုးရေရွတ်လိုက်ရင်း စားပွဲဝိုင်းအား လက်ညိုးလေးဖြင့် ပွတ်ဆွဲလိုက်သည်...ဖုန်လေးတစ်စက်တောင်မရှိဘူးဘဲ~ထို့နောက်ရေခဲသေတ္တာဆီသို့ လျှောက်သွားရင်းဖွင့်ကြည့်မိသည်...အ‌ပေါ်ထပ်တွင် အအေးဗူးပေါင်းများစွာနှင့် အောက်ထပ်တွင်တော့ အသင့်စားအစားအစာတွေချည်းသာ...

"ထင်တဲ့အတိုင်းပါဘဲလား"

ခေါင်းလေးခါရမ်းလိုက်ရင်း အိပ်ခန်းဆီသို့ဝင်လာခဲ့သည်....အိပ်ခန်းတစ်ခုလုံးဟာ ဖြူဖွေးစွတ်နေသည့်အပြင်ကို ကြမ်းပြင်မှာတောင် ဖုန်တစ်စက်မရှိပေ...သူ့လိုအမဲရောင်ချည်းသုံးတဲ့သူနဲ့ဒီလူသားနဲ့ကတော့ မိုးနဲ့မြေလို...

ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ‌ဗီရိုနားသို့ရောက်တော့ လက်ကအငြိမ်မနေနိုင်..ဖွင့်ကြည့်လိုက်သည်...အပြင်ဝတ်အနည်းငယ်နှင့် အများစုကတော့ ဆေးရုံဂျူတီကုတ်နှင့်‌ဆေးရုံအဝတ်အစားများသာ....ခပ်ရေးရေးပြုံးလိုက်ရင်း ဗီရိုကိုပြန်ပိတ်ကာ တံခါးဝနားရှိ စင်တစ်ခုဆီသို့အာရုံစိုက်မိသွားသည်...စင်နားသို့ကပ်သွားလိုက်ရင်း တင်ထားသော ပစ္စည်းများကို စူးစမ်းနေမိ၏...ဗွေမယူကြပါနဲ့...ရင့်ကျက်လာပြီဆိုပေမဲ့စပ်စုချင်စိတ်ကမွေးရာပါမို့...

အလှထားထားသော ပန်းအိုးလေးအနည်းငယ်ရှိသည်...အလှတင်ထားသည့် အသေးအဖွဲ့ပစ္စည်းလေးအချို့နှင့် အများစုကတော့ အမှတ်တရဓာတ်ပုံကလေးများကို ဘောင်ခတ်ကာ ထောင်ထားသည်....တစ်ပုံခြင်းစီယူကြည့်လိုက်ရင်း New York မှာ Gemဘယ်လိုဖြတ်သန်းခဲ့ပုံတွေကို ခန့်မှန်းကြည့်မိ၏....တက္ကသိုလ်မှာသူငယ်ချင်းများနဲ့ရိုက်ထားသည့်ပုံ....ဘွဲ့ရတုန်းက ရိုက်ထားသည့်ပုံ...ဆရာဆရာမတွေနဲ့‌တွဲရိုက်ထားတဲ့ပုံ များစွာရှိပေမဲ့ သူနှင့်တွဲရိုက်ထားသည့်အရင်ကပုံများကတော့ ခပ်များများရယ်သာ...ထိုအရာကပင် သူ့ကိုGemကသတိရနေသေးပါလားဆိုသည့်အတွေးနှင့်စိတ်ပျော်ရွှင်မှုတို့ကိုဖြစ်ပေါ်စေ၏....သို့သော် သူ့အာရုံကိုအမိအရဖမ်းစားသွားခဲ့သော ဓာတ်ပုံတစ်ခုဟာတော့ ထိုပုံများ၏အလယ်ကျကျတွင်ရှိနေသည့် ကောင်မလေးတစ်ဦးနှင့်ရိုက်ထားသော ဓာတ်ပုံလေးတစ်ခု...ဆွဲယူလိုက်ရင်း အသေအချာကြည့်မိသည်...Gemထက်တော့အသက်အနည်းငယ်ပိုကြီးမည်ထင်ရ၏...အတွေးပေါင်းစုံဖြင့်အဖြေရှာနေတုန်း နောက်ကျောဘက်မှ အသံဩဩဟာထွက်ပေါ်လို့လာသည်။

"အဲ့တာငါတို့ ပါမောက္ခလေ ဘယ်လိုလဲ ငယ်တယ်ထင်ရတယ်မို့လား"

"အင်း...ရုတ်တရက်မင်းကောင်မလေးလို့တောင်ထင်မိတာ"

"Hey...မင်းကတွေးလိုက်ရင်တစ်ဆုံးဘဲ"

"Haha...ငါ‌အတွေးကအဲ့လိုဘဲ"

"ငါ့ကိုခေါင်းသုတ်ပေးမလား?"

သဘက်ထိုးပေးကာဆိုလာသောကြောင့် ခုပေါ်သို့သွားထိုင်လိုက်ရင်း လက်ယက်ခေါ်လိုက်တော့ ပြုံးစိစိဖြင့် လျှောက်လာသည်..

"ထိုင်"

သူပြောသလိုပင်ခုတင်ခြေရင်းတွင်ထိုင်ချကာ သူပေါင်ပေါ်၌ခေါင်းလေးမှီတင်လာသည်....ရေစိုနေသောခေါင်းအားအသာအယာသုတ်ပေးရင်း..

"ဘာလို့မပြောမဆို ထွက်သွားရတာလဲ?"

လေသံတိုးတိုးလေးဖြင့်မေးမိသည်...စိတ်ဆိုးသွားမှာလဲကြောက်၏...

"ပြောရရင်အရှည်ကြီးဘဲ~ဒါပေမဲ့ တစ်အချိန်ကာလအတွင်းမှာ ငါမင်းကိုသေမတတ်လွမ်းနေခဲ့တာ"

ခေါင်းသုတ်ပေးသည်ကိုငြိမ်ခံနေရာမှထလာကာ ထိုင်နေသောသူ့အား ဆွဲယူပြီးရင်ခွင်ထဲသို့ထည့်လိုက်သည်...တင်းကြပ်နေအောင်ဖက်တွယ်ထားသော Gem၏ကြောပြင်လေးအားခပ်ဖွဖွပုတ်လိုက်သည်..

"အဲ့တာများ ဘာအကြောင်းကြောင့် ငါ့ဘေးကနေထွက်သွားခဲ့တာလဲ အရူးကောင် ဟင်~"

"ချစ်လို့....ငါမင်းကိုချစ်လို့.."

"ဟင်!"

_____________အိပ်ချင်နေတဲ့ကြားထဲက လာအပ်တာပါနော် ဂွတ်နှိုက်😪

Z.

'Gem's apartment'

အထုတ္ေတြပစ္ခ်ကာ ‌Mallထဲတြင္ငိုယိုကာေျပးဖက္ခဲ့ေသာ သူ့အား Gemဟာျပန္လည္ဖက္တြယ္လာခဲ့သည္...ထို႔ေနာက္ သူ့အား တိုက္ခန္းဆီသို႔လိုက္ခဲ့ရန္ ေျပာေတာ့ ခ်က္ခ်င္းပင္ေခါင္းၿငိမ့္ခဲ့သည္...ပထမအမွားလိုထပ္မမွားခ်င္ဘူး!

New York ရဲ႕တစ္ေနရာ....

ေဂ်ာင္က်က်မဟုတ္သလို ၿမိဳ႕လယ္ေရာက္ေနတာလည္းမဟုတ္ျပန္...အတန္အသင့္ေနရာေလးမွာပင္ တည္ရွိေနေသာ အထပ္ျမင့္အေဆာက္အအုံတစ္ခု...တစ္နည္းအားျဖင့္ Gemရဲ႕တိုက္ခန္းတည္ရွိရာေပါ႔...

ကားေပၚမွအရင္ဆင္းသြားကာ တံခါးဖြင့္ေပးလာေသာ Gemေၾကာင့္ အၿပဳံးတို႔ဟာမရပ္တန္႔ႏိုင္...သာမန္လူတစ္ေယာက္သူ့ကိုျမင္ရင္ 'ဒီေကာင္႐ူးေနတာလား' ဟုထင္ေကာင္းထင္ႏိုင္ပါရဲ႕...Gemဆြဲေခၚရာေနာက္သို႔ အလိုက္တသင့္ေလး ပါသြားရင္း....

တတိယထပ္...

ဓာတ္ေလွကားမွထြက္ကာ အခန္းနံပါတ္ 303ဟုသည့္ အခန္းေရွ႕သို႔ ေခၚသြားခဲ့သည္... ထို႔ေနာက္ Gemက တိုက္ခန္းတံခါးကိုဖြင့္၏..သူ႐ုတ္တရက္ ေသာ့တြဲေလးဆီသို႔ၾကည့္မိသည္...ျမင္လိုက္ရတဲ့အရာတစ္ခုေၾကာင့္ ရင္ထဲပန္းေတြပြင့္လာသလိုေတာင္ခံစားမိသည္...‌သူကိုယ္တိုင္ျမင္း႐ုပ္ပုံစံသိုးေမႊးထိုးကာ လက္ေဆာင္ေပးခဲ့တဲ့အရာေလးအား တပ္ဆင္ထားတာျမင္ရေတာ့ တစ္ကယ္ကိုေပ်ာ္ရပါသည္...

Gemဟာသူ့လက္ကိုထပ္မံဆြဲကိုင္ကာ တိုက္ခန္းအတြင္းသို႔ ဝင္ေရာက္လာခဲ့သည္...ေမွာင္မဲေနေသာ တိုက္ခန္းဟာ ခလုတ္ဖြင့္လိုက္တာေၾကာင့္ ခဏအတြင္းမွာပင္လင္းထိန္လာခဲ့သည္.....

"ခနအနားယူအုန္းေနာ္ Fourth... ငါေရသြားခ်ိဳးအုန္းမယ္...ေလွ်ာက္ပတ္ၾကည့္ခ်င္ၾကည့္"

သူ့မ်က္ႏွာကိုလက္ျဖင့္အုပ္ကိုင္ရင္းဆိုလာေသာ Gemအားၿပဳံးျပလိုက္ေတာ့ ေခါင္းကိုပုတ္ကာ အိပ္ခန္းထဲသို႔ဝင္သြားခဲ့သည္....

က်န္ရွိေနေသာမ်က္ရည္စမ်ားအားသုတ္လိုက္ရင္း တိုက္ခန္းတစ္ခုလုံးလွည့္လည္ၾကည့္မိသည္...နံရံမ်ားဟာအျဖဴေရာင္သုတ္ေဆးမ်ားျဖင့္ေဖြးသန္႔လို႔ေနသည္...အသန္႔ႀကိဳက္သည့္သူေနသည္ဆိုေတာ့ အခန္းဟာပိုလို႔ေတာင္သန္႔ေနေသး၏...ခပ္ၿပဳံးၿပဳံးျဖင့္ပင္ ဧည္ခန္းမွ မီးဖိုေခ်ာင္ရွိရာသို႔ ေျခဦးလွည့္လာခဲ့သည္...ohh...မီးဖိုေခ်ာင္ႀကီးက တစ္ကယ္ကိုအသစ္အတိုင္း.....

"မင္းအစားေရာခ်က္စားရဲ႕လား Gem~"

ခပ္တိုးတိုးေရရြတ္လိုက္ရင္း စားပြဲဝိုင္းအား လက္ညိဳးေလးျဖင့္ ပြတ္ဆြဲလိုက္သည္...ဖုန္ေလးတစ္စက္ေတာင္မရွိဘူးဘဲ~ထို႔ေနာက္ေရခဲေသတၱာဆီသို႔ ေလွ်ာက္သြားရင္းဖြင့္ၾကည့္မိသည္...အ‌ေပၚထပ္တြင္ အေအးဗူးေပါင္းမ်ားစြာႏွင့္ ေအာက္ထပ္တြင္ေတာ့ အသင့္စားအစားအစာေတြခ်ည္းသာ...

"ထင္တဲ့အတိုင္းပါဘဲလား"

ေခါင္းေလးခါရမ္းလိုက္ရင္း အိပ္ခန္းဆီသို႔ဝင္လာခဲ့သည္....အိပ္ခန္းတစ္ခုလုံးဟာ ျဖဴေဖြးစြတ္ေနသည့္အျပင္ကို ၾကမ္းျပင္မွာေတာင္ ဖုန္တစ္စက္မရွိေပ...သူ့လိုအမဲေရာင္ခ်ည္းသုံးတဲ့သူနဲ႔ဒီလူသားနဲ႔ကေတာ့ မိုးနဲ႔ေျမလို...

ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္း ‌ဗီ႐ိုနားသို႔ေရာက္ေတာ့ လက္ကအၿငိမ္မေနႏိုင္..ဖြင့္ၾကည့္လိုက္သည္...အျပင္ဝတ္အနည္းငယ္ႏွင့္ အမ်ားစုကေတာ့ ေဆး႐ုံဂ်ဴတီကုတ္ႏွင့္‌ေဆး႐ုံအဝတ္အစားမ်ားသာ....ခပ္ေရးေရးၿပဳံးလိုက္ရင္း ဗီ႐ိုကိုျပန္ပိတ္ကာ တံခါးဝနားရွိ စင္တစ္ခုဆီသို႔အာ႐ုံစိုက္မိသြားသည္...စင္နားသို႔ကပ္သြားလိုက္ရင္း တင္ထားေသာ ပစၥည္းမ်ားကို စူးစမ္းေနမိ၏...ေဗြမယူၾကပါနဲ႔...ရင့္က်က္လာၿပီဆိုေပမဲ့စပ္စုခ်င္စိတ္ကေမြးရာပါမို႔...

အလွထားထားေသာ ပန္းအိုးေလးအနည္းငယ္ရွိသည္...အလွတင္ထားသည့္ အေသးအဖြဲ႕ပစၥည္းေလးအခ်ိဳ႕ႏွင့္ အမ်ားစုကေတာ့ အမွတ္တရဓာတ္ပုံကေလးမ်ားကို ေဘာင္ခတ္ကာ ေထာင္ထားသည္....တစ္ပုံျခင္းစီယူၾကည့္လိုက္ရင္း New York မွာ Gemဘယ္လိုျဖတ္သန္းခဲ့ပုံေတြကို ခန္႔မွန္းၾကည့္မိ၏....တကၠသိုလ္မွာသူငယ္ခ်င္းမ်ားနဲ႔႐ိုက္ထားသည့္ပုံ....ဘြဲ႕ရတုန္းက ႐ိုက္ထားသည့္ပုံ...ဆရာဆရာမေတြနဲ႔‌တြဲ႐ိုက္ထားတဲ့ပုံ မ်ားစြာရွိေပမဲ့ သူႏွင့္တြဲ႐ိုက္ထားသည့္အရင္ကပုံမ်ားကေတာ့ ခပ္မ်ားမ်ားရယ္သာ...ထိုအရာကပင္ သူ့ကိုGemကသတိရေနေသးပါလားဆိုသည့္အေတြးႏွင့္စိတ္ေပ်ာ္ရႊင္မႈတို႔ကိုျဖစ္ေပၚေစ၏....သို႔ေသာ္ သူ့အာ႐ုံကိုအမိအရဖမ္းစားသြားခဲ့ေသာ ဓာတ္ပုံတစ္ခုဟာေတာ့ ထိုပုံမ်ား၏အလယ္က်က်တြင္ရွိေနသည့္ ေကာင္မေလးတစ္ဦးႏွင့္႐ိုက္ထားေသာ ဓာတ္ပုံေလးတစ္ခု...ဆြဲယူလိုက္ရင္း အေသအခ်ာၾကည့္မိသည္...Gemထက္ေတာ့အသက္အနည္းငယ္ပိုႀကီးမည္ထင္ရ၏...အေတြးေပါင္းစုံျဖင့္အေျဖရွာေနတုန္း ေနာက္ေက်ာဘက္မွ အသံဩဩဟာထြက္ေပၚလို႔လာသည္။

"အဲ့တာငါတို႔ ပါေမာကၡေလ ဘယ္လိုလဲ ငယ္တယ္ထင္ရတယ္မို႔လား"

"အင္း...႐ုတ္တရက္မင္းေကာင္မေလးလို႔ေတာင္ထင္မိတာ"

"Hey...မင္းကေတြးလိုက္ရင္တစ္ဆုံးဘဲ"

"Haha...ငါ‌အေတြးကအဲ့လိုဘဲ"

"ငါ႔ကိုေခါင္းသုတ္ေပးမလား?"

သဘက္ထိုးေပးကာဆိုလာေသာေၾကာင့္ ခုေပၚသို႔သြားထိုင္လိုက္ရင္း လက္ယက္ေခၚလိုက္ေတာ့ ၿပဳံးစိစိျဖင့္ ေလွ်ာက္လာသည္..

"ထိုင္"

သူေျပာသလိုပင္ခုတင္ေျခရင္းတြင္ထိုင္ခ်ကာ သူေပါင္ေပၚ၌ေခါင္းေလးမွီတင္လာသည္....ေရစိုေနေသာေခါင္းအားအသာအယာသုတ္ေပးရင္း..

"ဘာလို႔မေျပာမဆို ထြက္သြားရတာလဲ?"

ေလသံတိုးတိုးေလးျဖင့္ေမးမိသည္...စိတ္ဆိုးသြားမွာလဲေၾကာက္၏...

"ေျပာရရင္အရွည္ႀကီးဘဲ~ဒါေပမဲ့ တစ္အခ်ိန္ကာလအတြင္းမွာ ငါမင္းကိုေသမတတ္လြမ္းေနခဲ့တာ"

ေခါင္းသုတ္ေပးသည္ကိုၿငိမ္ခံေနရာမွထလာကာ ထိုင္ေနေသာသူ့အား ဆြဲယူၿပီးရင္ခြင္ထဲသို႔ထည့္လိုက္သည္...တင္းၾကပ္ေနေအာင္ဖက္တြယ္ထားေသာ Gem၏ေၾကာျပင္ေလးအားခပ္ဖြဖြပုတ္လိုက္သည္..

"အဲ့တာမ်ား ဘာအေၾကာင္းေၾကာင့္ ငါ႔ေဘးကေနထြက္သြားခဲ့တာလဲ အ႐ူးေကာင္ ဟင္~"

"ခ်စ္လို႔....ငါမင္းကိုခ်စ္လို႔.."

"ဟင္!"

_____________အိပ္ခ်င္ေနတဲ့ၾကားထဲက လာအပ္တာပါေနာ္ ဂြတ္ႏႈိက္😪

There are no comments yet. Log in to be the first to leave a review!

Similar stories