Fanfics

16🌪️

11:05, 2 August 2023

"Boss! Boss"

Melu၏လှုပ်နှိုးသံကြောင့် နိုးထလာခဲ့သည်...

"အမ်? Meluရောက်ပြီလား"

"ဟုတ်ကဲ့"

အထုတ်အပိုးများသယ်ကာဆင်းသွားသော Meluကိုတစ်ချက်မျှကြည့်ရင်း လက်ကနာရီကိုအကြည့်ရောက်မိသည်...ohh..ည 12:00တောင်ရောက်နေပြီဘဲ!

Necktie ကိုသေချာနေရာချရင်း လေယာဉ်ပေါ်မှတစ်လှမ်းခြင်းဆင်းလာသည်...အောက်ရောက်သည်ဆိုတာနှင့် အသင့်ပြင်ထားသော ကားနှင့် Melu ကစောင့်ကြိုလို့နေသည်...ကားပေါ်သို့တက်လိုက်ရင်း Bokin ချိတ်ထားသော New York အဆင့်မြင့် Hotel ကြီးဆီသို့ သွားရန် Meluကိုပြောလိုက်သည်....ဘောင်းဘီအိတ်ကပ်ထဲမှ မြည်လာသောဖုန်းသံကြောင့် ဆွဲထုတ်လိုက်သည်..

ÂŤp' Love Âť

"ဟယ်လို မမ"

"အွန်း ကလေး ရောက်ပြီလား"

"ဟုတ် မမခေါ်တာနဲ့ကွက်တိဘဲ သားအခုဘဲ ကားပေါ်ရောက်တာ"

"ဟုတ်လား ဒါဆိုမင်းမမကအချိန်မှန်းတာတော်သွားပြီဘဲ"

"ဒါပေါ့ ဒါပေါ့"

"Hotel ရောက်ရင်သေချာအနားယူအုန်းနော် ကလေး မမစိတ်ချမယ်"

"ဟုတ် မမ ဒါဆိုသားဖုန်းချတော့မယ် bye!"

"Bye baby"

ထို့နောက် ဖုန်းကိုပိတ်ကာ အပြင်ဘက်သို့‌ငေးကြည့်ရင်း ရောက်တတ်ရာရာတွေးနေမိသည်.... ထိုလူသားလေးကတော့မပါမဖြစ်ပေါ့~

............Hotel သို့ရောက်ရောက်ချင်းပင် ခုတင်ပေါ်သို့ပစ်လှဲမိသည်...ဟူး~ပင်ပန်းလိုက်တာ!

အိစက်နေ‌သော ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း အိပ်မည်ကြံတော့ စကားသံလေးတစ်ချို့ဟာ ပြန်ကြားယောင်လို့လာသည်...

"ဟေး! fourth မင်းရေမချိုးဘူးလား? မင်းတော်တော်ညစ်တီးညစ်ပတ်နိုင်တာဘဲ"

တစ်ချက်လောက်ခေါင်းကိုရိုက်လိုက်ရင်း ထထိုင်မိသည်..

"ဟင်း~Ai Gem မင်းကနေရာတိုင်းဘဲနော်"

ထို့နောက် ပြန်လည်ကြားယောင်နေမိသောစကားသံများအားမလွန်ဆန်နိုင်စွာ တဘက်တစ်ထည်ပုခုံးပေါ်တင်လျက် ရေချိုးခန်းထဲသို့ဦးတည်လျှောက်လာခဲ့မိတော့သည်....မင်းမရှိတာတောင် မင်းရဲ့စကားသံတွေက ငါ့အပေါ်လွှမ်းမိုးနေတုန်းဘဲ Gem~

ရေမိုးချိုးကာ ကိုယ်ကိုစင်အောင်သုတ်လျက် pajamas တစ်စုံယူဝတ်လိုက်သည်....ထို့နောက် ဝရံတာသို့ထွက်ကာ New York ၏အလှတရားအား ကြည့်နေမိသည်....လေညင်းများဟာဖြည်းညင်းစွာတိုက်ခတ်လာသည်နှင့်အတူ နွေးထွေးသည့်ခံစားချက်လေးအချို့ဟာ ရောက်ရှိလို့လာခဲ့သည်။

"လှလိုက်တာ~ဘာကြောင့်ရယ်မသိပေမဲ့ ငါ့စိတ်ထဲမင်းကဒီမှာရှိနေတယ်လို့တွေးထင်နေမိတယ်....မင်းကတစ်ကယ်ဘဲ ဒီလှပတဲ့မြို့ကြီးထဲမှာရှိနေတာလားဟင်?"

...........................'New York'

သိပ်ပြီးလည်လည်ပတ်ပတ်သွားတတ်တဲ့သူမဟုတ်ပေမဲ့..ရောက်တုန်းရောက်ခိုက် စိတ်ပြေလက်ပျောက်တော့လျှောက်သွားချင်မိသည်....လိုချင်သည့်ပစ္စည်းအချို့ဟာလည်း ဒီမြို့ကြီးတွင် ရှိနေတာကြောင့်လည်းပါသည်....နေ့လယ်ခင်းလောက်အချိန်ပင်...Meluကို ဖုန်းဆက်ခေါ်လိုက်ပြီးနောက် အဆင်သင့်ဖြစ်နေ‌ဖို့အတွက် ရေမိုးချိုးပြင်ဆင်ကာ ပေါ့ပေါ့ပါးပါးသာဝတ်လိုက်သည်.....suit အပြည့်နဲ့မဟုတ်... T-shirt တစ်ထည်နှင့် Style pantsတစ်ထည်ကိုရွေးယူကာဝတ်ထားသည်...

"Boss ကျတော်ရောက်ပြီ"

အခန်းတံခါးခေါက်သံနှင့်အတူရောက်ရှိလာသော Meluအသံကြောင့် ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ထွက်လာလိုက်သည်...

"Boss ဒီနေ့ကြည့်ရတာ ပေါ့ပါးနေတာဘဲနော်"

"အမြဲတမ်း အနက်ရောင်ကြီးတွေဆင်နေရတော့လဲစိတ်ထဲကြဉ်းကျပ်တယ်ကွ"

အပြုံးတစ်ခုဖြင့်Meluပုခုံးကိုပုတ်ရင်းပြောလိုက်ကာ ရှေ့မှဦးဆောင်ထွက်လာလိုက်သည်...နောက်ကအတွင်းရေးမှူးကတော့ ရီပြုံးပြုံးနှင့်ပေါ့....

...............' Manhattan Mall '

"Melu မင်းလဲဝယ်စရာရှိရင်ဝယ်လေ ငါ shopping တစ်ချက်ထွက်လိုက်မယ်"

"ဟုတ်ကဲ့ Boss Bossဝယ်ပြီးရင်ကျတော့်ကိုဖုန်းဆက်လိုက်ပါ ကျတော်လာခဲ့ပါ့မယ်ဗျ"

"Ok"

Meluထွက်သွားပြီးနောက် သူလည်း mallထဲသို့လျှောက်ပတ်ရင်း သဘောကျလောက်သည့် ပစ္စည်းအချို့ကို ဝယ်ယူခဲ့တော့သည်။

လက်ထဲတွင်ဝယ်ယူခဲ့သော အိတ်အနည်းငယ်ကိုဆွဲကာ အရုပ်တွေရှိရာသို့ ရောက်လာခဲ့သည်...တစ်နေရာအရောက် သူသဘောကျသည့် ဝက်ဝံ‌ရုပ်လေးတစ်ရုပ်အား ဆွဲကိုင်လိုက်တော့ သူနှင့်အတူ ဘေးနားရှိလူတစ်ယောက်ဟာလည်း ပြိုင်တူပင် ကိုင်လာခဲ့သည်။

"Ohh...မင်းဒါကိုယူလိုက်ပါ..ငါတစ်ခြားဟာပြောင်းယူလိုက်မယ်"(Eng)

"ရပါတယ် မင်းအရင်ကိုင်တာဘဲ မင်းယူပါ..ငါကဘာဖြစ်ဖြစ်ရတယ်"(Eng)

ဒီအသံ....ဒီအသံက..မဟုတ်မှလွဲရော!

"တစ်ဆိတ်လောက်..မင်းမျက်နှာကိုကြည့်ပါရစေ"(Eng)

"Umm?"

ထိုလူဟာ အရုပ်ကိုငုံ့ရွေးနေရာမှ သူ့ဘက်သို့လှည့်ကြည့်လာသည်..ရုတ်တရက်မြင်လိုက်ရသည့်မျက်နှာကြောင့် မျက်ရည်များပင်ဝဲတက်လာမိသည်...ဒါငါအိမ်မက်မဟုတ်ဘူးမို့လား...ငါရှေ့မှာ ဒီလူတစ်ကယ်ရှိနေတာမဟုတ်လား???မျက်စိများကိုပွတ်သပ်ကာသေချာအောင်ကြည့်မိသည်...ဟုတ်ပါတယ် ဒါသူမှသူဘဲ!! တစ်ဖက်လူဟာလည်းသူ့ကိုမမျှော်လင့်ဘဲတွေ့လိုက်ရတာကြောင့် အံ့ဩနေသည့်ပုံ...

ဒါက...ဒါက Gem!

"Gem?"

မျက်ရည်စများဖြင့် ထိုလူ၏အမည်ကိုခေါ်မိသည်....သူ့လိုပင် T-shirt, style pants နှင့်သာ...တအံ့တဩဖြင့်သူ့ကိုငေးကြည့်နေသည့် ထိုလူသားဟာ အရပ်နည်းနည်းပိုရှည်လာတာကလွဲရင် ကျန်တာအကုန်လုံးကအရင်အတိုင်းပင်...သူခေါင်းထဲရုတ်တရက်ဆိုသလိုထိုးဝင်လာသညိ့အတွေးက..သူငါ့ကိုမှတ်မိပါ့မလား?

"Fourth?"

Gemထံမှသူ၏အမည်ကိုခေါ်ဆိုသံဟာ သူတွေးတောနေသောအတွေးများကို ခဏအတွင်းမှာပင်ပျောက်ပျက်စေခဲ့သည်....မျက်ရည်များဖြင့်အတောက်ပဆုံးပြုံးလိုက်ရင်း ရှေ့ရှိလူအား ဖက်တွယ်ထားမိသည်..ဟင့်အင်း မလိုချင်တော့ဘူး ...ခက်ခက်ခဲခဲရှာဖွေခဲ့ရပြီးမှ ပြန်တွေ့လိုက်ရတဲ့ သူ့ရဲ့အဖိုးတန်လူသားလေးကို သူထပ်မဆုံးရှုံးချင်တော့ဘူး~

________________ဒိုင်း! စပရိုက်တိုက်လိုက်ပါဘီ နောက်ပိုင်းအချိုတွေတစ်ဖြည်းဖြညိးကျွေးပါမယ် ခုတော့အလုပ်မအားသေးလို့ လစ်ပြီဗျ ဘိုင်း🗿

Z.

"Boss! Boss"

Melu၏လႈပ္ႏႈိးသံေၾကာင့္ ႏိုးထလာခဲ့သည္...

"အမ္? Meluေရာက္ၿပီလား"

"ဟုတ္ကဲ့"

အထုတ္အပိုးမ်ားသယ္ကာဆင္းသြားေသာ Meluကိုတစ္ခ်က္မွ်ၾကည့္ရင္း လက္ကနာရီကိုအၾကည့္ေရာက္မိသည္...ohh..ည 12:00ေတာင္ေရာက္ေနၿပီဘဲ!

Necktie ကိုေသခ်ာေနရာခ်ရင္း ေလယာဉ္ေပၚမွတစ္လွမ္းျခင္းဆင္းလာသည္...ေအာက္ေရာက္သည္ဆိုတာႏွင့္ အသင့္ျပင္ထားေသာ ကားႏွင့္ Melu ကေစာင့္ႀကိဳလို႔ေနသည္...ကားေပၚသို႔တက္လိုက္ရင္း Bokin ခ်ိတ္ထားေသာ New York အဆင့္ျမင့္ Hotel ႀကီးဆီသို႔ သြားရန္ Meluကိုေျပာလိုက္သည္....ေဘာင္းဘီအိတ္ကပ္ထဲမွ ျမည္လာေသာဖုန္းသံေၾကာင့္ ဆြဲထုတ္လိုက္သည္..

ÂŤp' Love Âť

"ဟယ္လို မမ"

"အြန္း ကေလး ေရာက္ၿပီလား"

"ဟုတ္ မမေခၚတာနဲ႔ကြက္တိဘဲ သားအခုဘဲ ကားေပၚေရာက္တာ"

"ဟုတ္လား ဒါဆိုမင္းမမကအခ်ိန္မွန္းတာေတာ္သြားၿပီဘဲ"

"ဒါေပါ႔ ဒါေပါ႔"

"Hotel ေရာက္ရင္ေသခ်ာအနားယူအုန္းေနာ္ ကေလး မမစိတ္ခ်မယ္"

"ဟုတ္ မမ ဒါဆိုသားဖုန္းခ်ေတာ့မယ္ bye!"

"Bye baby"

ထို႔ေနာက္ ဖုန္းကိုပိတ္ကာ အျပင္ဘက္သို႔‌ေငးၾကည့္ရင္း ေရာက္တတ္ရာရာေတြးေနမိသည္.... ထိုလူသားေလးကေတာ့မပါမျဖစ္ေပါ႔~

............Hotel သို႔ေရာက္ေရာက္ခ်င္းပင္ ခုတင္ေပၚသို႔ပစ္လွဲမိသည္...ဟူး~ပင္ပန္းလိုက္တာ!

အိစက္ေန‌ေသာ ေခါင္းအုံးေပၚမ်က္ႏွာအပ္ရင္း အိပ္မည္ႀကံေတာ့ စကားသံေလးတစ္ခ်ိဳ႕ဟာ ျပန္ၾကားေယာင္လို႔လာသည္...

"ေဟး! fourth မင္းေရမခ်ိဳးဘူးလား? မင္းေတာ္ေတာ္ညစ္တီးညစ္ပတ္ႏိုင္တာဘဲ"

တစ္ခ်က္ေလာက္ေခါင္းကို႐ိုက္လိုက္ရင္း ထထိုင္မိသည္..

"ဟင္း~Ai Gem မင္းကေနရာတိုင္းဘဲေနာ္"

ထို႔ေနာက္ ျပန္လည္ၾကားေယာင္ေနမိေသာစကားသံမ်ားအားမလြန္ဆန္ႏိုင္စြာ တဘက္တစ္ထည္ပုခုံးေပၚတင္လ်က္ ေရခ်ိဳးခန္းထဲသို႔ဦးတည္ေလွ်ာက္လာခဲ့မိေတာ့သည္....မင္းမရွိတာေတာင္ မင္းရဲ႕စကားသံေတြက ငါ႔အေပၚလႊမ္းမိုးေနတုန္းဘဲ Gem~

ေရမိုးခ်ိဳးကာ ကိုယ္ကိုစင္ေအာင္သုတ္လ်က္ pajamas တစ္စုံယူဝတ္လိုက္သည္....ထို႔ေနာက္ ဝရံတာသို႔ထြက္ကာ New York ၏အလွတရားအား ၾကည့္ေနမိသည္....ေလညင္းမ်ားဟာျဖည္းညင္းစြာတိုက္ခတ္လာသည္ႏွင့္အတူ ေႏြးေထြးသည့္ခံစားခ်က္ေလးအခ်ိဳ႕ဟာ ေရာက္ရွိလို႔လာခဲ့သည္။

"လွလိုက္တာ~ဘာေၾကာင့္ရယ္မသိေပမဲ့ ငါ႔စိတ္ထဲမင္းကဒီမွာရွိေနတယ္လို႔ေတြးထင္ေနမိတယ္....မင္းကတစ္ကယ္ဘဲ ဒီလွပတဲ့ၿမိဳ႕ႀကီးထဲမွာရွိေနတာလားဟင္?"

...........................'New York'

သိပ္ၿပီးလည္လည္ပတ္ပတ္သြားတတ္တဲ့သူမဟုတ္ေပမဲ့..ေရာက္တုန္းေရာက္ခိုက္ စိတ္ေျပလက္ေပ်ာက္ေတာ့ေလွ်ာက္သြားခ်င္မိသည္....လိုခ်င္သည့္ပစၥည္းအခ်ိဳ႕ဟာလည္း ဒီၿမိဳ႕ႀကီးတြင္ ရွိေနတာေၾကာင့္လည္းပါသည္....ေန႔လယ္ခင္းေလာက္အခ်ိန္ပင္...Meluကို ဖုန္းဆက္ေခၚလိုက္ၿပီးေနာက္ အဆင္သင့္ျဖစ္ေန‌ဖို႔အတြက္ ေရမိုးခ်ိဳးျပင္ဆင္ကာ ေပါ႔ေပါ႔ပါးပါးသာဝတ္လိုက္သည္.....suit အျပည့္နဲ႔မဟုတ္... T-shirt တစ္ထည္ႏွင့္ Style pantsတစ္ထည္ကိုေရြးယူကာဝတ္ထားသည္...

"Boss က်ေတာ္ေရာက္ၿပီ"

အခန္းတံခါးေခါက္သံႏွင့္အတူေရာက္ရွိလာေသာ Meluအသံေၾကာင့္ ေဘာင္းဘီအိတ္ထဲလက္ထည့္ကာ ထြက္လာလိုက္သည္...

"Boss ဒီေန႔ၾကည့္ရတာ ေပါ႔ပါးေနတာဘဲေနာ္"

"အၿမဲတမ္း အနက္ေရာင္ႀကီးေတြဆင္ေနရေတာ့လဲစိတ္ထဲၾကဉ္းက်ပ္တယ္ကြ"

အၿပဳံးတစ္ခုျဖင့္Meluပုခုံးကိုပုတ္ရင္းေျပာလိုက္ကာ ေရွ႕မွဦးေဆာင္ထြက္လာလိုက္သည္...ေနာက္ကအတြင္းေရးမွဴးကေတာ့ ရီၿပဳံးၿပဳံးႏွင့္ေပါ႔....

...............' Manhattan Mall '

"Melu မင္းလဲဝယ္စရာရွိရင္ဝယ္ေလ ငါ shopping တစ္ခ်က္ထြက္လိုက္မယ္"

"ဟုတ္ကဲ့ Boss Bossဝယ္ၿပီးရင္က်ေတာ့္ကိုဖုန္းဆက္လိုက္ပါ က်ေတာ္လာခဲ့ပါ႔မယ္ဗ်"

"Ok"

Meluထြက္သြားၿပီးေနာက္ သူလည္း mallထဲသို႔ေလွ်ာက္ပတ္ရင္း သေဘာက်ေလာက္သည့္ ပစၥည္းအခ်ိဳ႕ကို ဝယ္ယူခဲ့ေတာ့သည္။

လက္ထဲတြင္ဝယ္ယူခဲ့ေသာ အိတ္အနည္းငယ္ကိုဆြဲကာ အ႐ုပ္ေတြရွိရာသို႔ ေရာက္လာခဲ့သည္...တစ္ေနရာအေရာက္ သူသေဘာက်သည့္ ဝက္ဝံ‌႐ုပ္ေလးတစ္႐ုပ္အား ဆြဲကိုင္လိုက္ေတာ့ သူႏွင့္အတူ ေဘးနားရွိလူတစ္ေယာက္ဟာလည္း ၿပိဳင္တူပင္ ကိုင္လာခဲ့သည္။

"Ohh...မင္းဒါကိုယူလိုက္ပါ..ငါတစ္ျခားဟာေျပာင္းယူလိုက္မယ္"(Eng)

"ရပါတယ္ မင္းအရင္ကိုင္တာဘဲ မင္းယူပါ..ငါကဘာျဖစ္ျဖစ္ရတယ္"(Eng)

ဒီအသံ....ဒီအသံက..မဟုတ္မွလြဲေရာ!

"တစ္ဆိတ္ေလာက္..မင္းမ်က္ႏွာကိုၾကည့္ပါရေစ"(Eng)

"Umm?"

ထိုလူဟာ အ႐ုပ္ကိုငုံ႔ေရြးေနရာမွ သူ့ဘက္သို႔လွည့္ၾကည့္လာသည္..႐ုတ္တရက္ျမင္လိုက္ရသည့္မ်က္ႏွာေၾကာင့္ မ်က္ရည္မ်ားပင္ဝဲတက္လာမိသည္...ဒါငါအိမ္မက္မဟုတ္ဘူးမို႔လား...ငါေရွ႕မွာ ဒီလူတစ္ကယ္ရွိေနတာမဟုတ္လား???မ်က္စိမ်ားကိုပြတ္သပ္ကာေသခ်ာေအာင္ၾကည့္မိသည္...ဟုတ္ပါတယ္ ဒါသူမွသူဘဲ!! တစ္ဖက္လူဟာလည္းသူ့ကိုမေမွ်ာ္လင့္ဘဲေတြ႕လိုက္ရတာေၾကာင့္ အံ့ဩေနသည့္ပုံ...

ဒါက...ဒါက Gem!

"Gem?"

မ်က္ရည္စမ်ားျဖင့္ ထိုလူ၏အမည္ကိုေခၚမိသည္....သူ့လိုပင္ T-shirt, style pants ႏွင့္သာ...တအံ့တဩျဖင့္သူ့ကိုေငးၾကည့္ေနသည့္ ထိုလူသားဟာ အရပ္နည္းနည္းပိုရွည္လာတာကလြဲရင္ က်န္တာအကုန္လုံးကအရင္အတိုင္းပင္...သူေခါင္းထဲ႐ုတ္တရက္ဆိုသလိုထိုးဝင္လာသညိ့အေတြးက..သူငါ႔ကိုမွတ္မိပါ႔မလား?

"Fourth?"

Gemထံမွသူ၏အမည္ကိုေခၚဆိုသံဟာ သူေတြးေတာေနေသာအေတြးမ်ားကို ခဏအတြင္းမွာပင္ေပ်ာက္ပ်က္ေစခဲ့သည္....မ်က္ရည္မ်ားျဖင့္အေတာက္ပဆုံးၿပဳံးလိုက္ရင္း ေရွ႕ရွိလူအား ဖက္တြယ္ထားမိသည္..ဟင့္အင္း မလိုခ်င္ေတာ့ဘူး ...ခက္ခက္ခဲခဲရွာေဖြခဲ့ရၿပီးမွ ျပန္ေတြ႕လိုက္ရတဲ့ သူ့ရဲ႕အဖိုးတန္လူသားေလးကို သူထပ္မဆုံးရႈံးခ်င္ေတာ့ဘူး~

________________ဒိုင္း! စပ႐ိုက္တိုက္လိုက္ပါဘီ ေနာက္ပိုင္းအခ်ိဳေတြတစ္ျဖည္းျဖညိးေကြၽးပါမယ္ ခုေတာ့အလုပ္မအားေသးလို႔ လစ္ၿပီဗ် ဘိုင္း🗿

There are no comments yet. Log in to be the first to leave a review!

Similar stories