Fanfics

15🌪️

17:39, 1 August 2023

'တက္ကသိုလ်ဘွဲ့ယူတဲ့နေ့'

သူအရမ်းပျော်ပါသည်..ဒီနေ့ဟာသူမျှော်လင့်ခဲ့ရတဲ့အကောင်းဆုံးနေ့တစ်နေ့လေးပင်....ဘွဲ့ဝတ်စုံကို သေချာဝတ်ဆင်ရင်း မှန်ရှေ့မှာရပ်နေမိသည်....ထိုစဉ်မထင်မှတ်ဘဲ အတွေးတစ်ချို့ဟာ ပျောက်ဆုံးသွားခဲ့သောထိုလူသားဆီသို့ ရောက်ရှိခဲ့ပြန်သည်...

*မင်းရော.. ဒီလိုမျိုးဘွဲ့ဝတ်စုံလေးနဲ့ ခန့်ညားနေလောက်ရောပေါ့နော်~*

"ကလေး အဆင်သင့်ဖြစ်ပြီလား.."

ပုခုံးပေါ်လက်တင်ကာဆိုလာသော အကိုဖြစ်သူ Mixအား ကြည့်လိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆို p'တို့သွားရအောင်"

"ဟုတ်"

သူ့လက်ကိုဆွဲကာ ခေါ်သွားခဲ့သော P'Mix နောက်သို့ အပြုံးလေးတစ်ပွင့်ဆင်ကာ လိုက်သွားခဲ့တော့သည်...

....."ဟေး!!! fourth"

ပန်းစည်းလေးအချို့ကိုင်ကာ လက်လှမ်းပြလာသော satang အား ပြုံးပြလိုက်တော့ ပြေးလာကာဖက်သည်..

"ငါမင်းကိုစောင့်နေတာ"

ကလေးတစ်‌ယောက်လိုစိတ်လှုပ်ရှားနေသည့်satangအား ကျော‌ပြင်လေးကိုပုတ်ပေးရင်း စိတ်ငြိမ်ငြိမ်ထားဖို့ သတိပေးလိုက်သည်...

"ဟီး ငါအရမ်းပျော်တယ် နောက်ဆုံးတော့ငါဆရာဝန်တစ်ယောက်ဖြစ်ပြီ"

သွားပေါ်အောင်ပြုံးပြကာ ဆိုလာသော satang ကိုကြည့်ရင်း တစ်စုံတစ်ဦးကို သတိရမိပြန်သည်...သူလဲဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပြီပေါ့~

"ငါ winnyဆီသွားလိုက်အုန်းမယ် တာ့တာ"

"ဟုတ်ကဲ့ပါဗျ"

ချစ်သူဆီတစ်ရှိန်ထိုးပြေးသွားသော satang အားကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ခေါင်းသာခါမိသည်...တစ်ခါတစ်လေတော့လဲသူတို့အတွဲကိုအားကျမိပါရဲ့...

"သားငယ် မာမီတို့ဓာတ်ပုံ‌ရိုက်ရအောင်လေ လာ"

အမေဖြစ်သူ၏ခေါ်သံကြောင့် ‌မိသားစုဆီသို့လျှောက်သွားခဲ့သည်....မာမီတို့စိတ်တိုင်းကျ ဓာတ်ပုံတွေရိုက်ခဲ့သည်...အကိုအမတို့၏ဂရုစိုက်မှုတွေကြား ခပ်ပြုံးပြုံးလေးသာနေခဲ့သည်...သူငယ်ချင်းအပေါင်းအသင်းတွေအသိမိတ်‌ဆွေ၊ဆွေမျိုးရင်းချာတွေပေးကမ်းလားသာပန်းစည်းများအားပြုံးပြုံးလေးဖြင့်လက်ခံခဲ့သည်။ဘွဲ့တက်ယူတုန်းကမျက်ရည်အနည်းငယ်ဝဲမိသော်ငြားသူမငိုခဲ့ပါ မျက်ရည်စများဖြင့်ပင် စင်အောက်ရှိလူများအားပြုံးပြနှုတ်ဆက်ခဲ့သည်..သူအတတ်နိုင်ဆုံးပြုံးနေခဲ့ပါသည်...ဒါက သူရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုမြေလှန်ရှာဖို့အတွက် လမ်းစဘဲလေ!

................†Company CEO†

တစ်နှစ်...ဒီတစ်နှစ်အတွင်းမှာပင် သူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲခဲ့သည်...ဘွဲ့ယူပြီးသည့်အချိန်ကစ၍ သူဟာ ဒယ်ဒီ့လုပ်ငန်းများကိုစတင်ဦးစီးရသည့်လူတစ်ယောက်ဖြစ်လာခဲ့သည်.... P'Mix ဟာကိုယ်ပိုင်ဆေးရုံနှင့်တစ်သီးတစ်သန့်ရှိနေတာကြောင့် လုပ်ငန်းများကိုတာဝန်ယူဖို့ရာအဆင်မပြေခဲ့...မမဟာလည်း သူ့ Companyနဲ့သူ အခြေကျနေတာကြောင့် ဒယ်ဒီ့ ပိုင်ဆိုင်မှုများကိုလွှဲပြောင်းယူဖို့အတွက် အဆင်မပြေခဲ့ပါ... ထို့ကြောင့်ဒယ်ဒီ့ပိုင်ဆိုင်မှု၊ဒယ်ဒီ့လုပ်ငန်းများဟာ Fourth Nattawat ဆိုသည့် သူ့ခေါင်းပေါ်သို့ ချက်ချင်းဆိုသလိုကျရောက်ခဲ့သည်...သို့သော် လူငယ်သဘာဝအရ သူပျော်ပါးချင်သေးတာကြောင့် ငြင်းဆိုခြင်းမရှိခဲ့ပါ.. ဘွဲ့ရရပြီးချင်းကိုပင် ဒယ်ဒီ့လုပ်ငန်းခွင်သို့ဝင်ကာ သေချာစွာပင်စနစ်တကျ၊အသေးစိတ်ကျကျ စီမံခန့်ခွံတတ်စေရန်သင်ယူခဲ့သည်။ ဒယ်ဒီ့၏စည်းကမ်းကြီးမှု၊စည်းစနစ်ကျမှု၊သေချာစေ့စပ်မှုတွေအကြား သူကြိုးစားသင်ယူခဲ့သည်..ဒယ်ဒီ့လိုတိကျသေချာတဲ့လူတစ်ယောက်ဖြစ်လာအောင် လေ့‌ကျင့်ခဲ့သည်...အားကြိုးမာန်တက်ဖြင့် သင်ယူမှုတွေကြောင့် ပြောင်းလဲလာတဲ့အပြောင်းအလဲကြီးဟာတော့ သူဟာတစ်နှစ်ဆိုသည့်အတိုင်းအတာအတွင်းမှာပင် လုပ်ငန်းခွင်အားလုံးကို ချုပ်ကိုင်စိုးမိုးနိုင်ခဲ့သည်....အသက်ငယ်သောကြောင့် လူတော်တော်များများဟာ သူ့ကို ဒီလောက်ထိဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပေ...အဖေဖြစ်သူ၏သင်ကြားပြသမှု၊အမေဖြစ်သူ၏ဆုံးမကွပ်ကဲမှု၊အကိုအမတွေ၏လမ်းညွှန်မှုများဖြင့် ဒီနေ့ဒီနေရာဒီအခြေအနေထိကိုသူထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ကော်ဖီအေးစက်စက်တစ်ခွက်ကိုယူရင်းသောက်လိုက်သည်....သူ့ရှေ့တွင် ရှိနေသော Fileတချို့ကိုကောက်ယူကာ စစ်ဆေးမှုများ စတင်လိုက်သည်..

"Boss ဝင်လာလို့ရမလားဗျ"

အတွင်းရေးမှူး၏ အသံကြောင့်..

"အင်း ဝင်ခဲ့"

"Boss သဘက်ခါ အမေရိကမှာရှိတဲ့ ဆေးရုံတစ်ခုမှာရှယ်ယာဝင်ဖို့အတွက် သွားရောက်တွေ့ဆုံဖို့ရှိပါတယ်ဗျ"

"အင်း ဒါဆို ဒီနေ့ထွက်ဖို့ စီစဉ်ထားနှင့် ငါပြီးရင်လာခဲ့မယ်"

"ဟုတ်ကဲ့ပါ Boss"

ဦးညွှတ်ကာပြောလာသော အတွင်းရေးမှူးအားခေါင်းငြိမ့်ပြလိုက်တော့ ထွက်သွားသည်....အချိန်အနည်းငယ်လောက် File တချို့ကိုစစ်ယူပြီးနောက် အတွင်းရေးမှူးဖုန်းဆက်တာကြောင့် car parking ဆီသို့ လျှောက်လာခဲ့သည်။

"Boss တက်ပါ"

တံခါးဖွင့်ကာဆိုလာသည့် အတွင်းရေးမှူး..

နောက်ဆုံးပေါ်ကားကြီးတွင်ခြေချိတ်ထိုင်ရင်းဖုန်းသုံးနေလိုက်သည်..

"လေယာဉ်ကွင်းရောက်ဖို့ဘယ်လောက်လိုသေးလဲ Melu"

" ဟုတ် Boss ခနနေရောက်ပါပြီဗျ"

.......ကိုယ်ပိုင်လေယာဉ်စီစဉ်ထားသော လေယာဉ်ကွင်းရှိရာသို့ရောက်ရှိလာသည်...လေယာဥ်ကွင်းထဲရှိရှိသမျှလူအားလုံးကသူ့ကိုဦးညွှတ်ကြသည်..ဒါကပုံမှန်ပါဘဲ အခုအချိန်မှာသူက အာဏာပါဝါကြီးတဲ့လူတစ်ယောက်လေ..လေယာဉ်ပေါ်သို့တက်လိုက်ရင်းစီစဥ်‌ပေးထားသောထိုင်ခုံတွင်ထိုင်ကာခါးပတ်ပတ်ပြီးနောက် earphones လေးတပ်လိုက်ကာ မျက်စိများမှိတ်ချလိုက်သည်...

"Boss တစ်ခုခုသုံးဆောင်အုန်းမလား"

ဘေးနားမှ အတွင်းရေးမှူးအသံကြောင့် ခေါင်းခါပြလိုက်သည်..အလိုက်တသိပင် သူ့အနားမှထွက်သွားကာ အနောက်ခုံ၌သွားထိုင်လေသည်....ဖြုတ်လိုက်သော earphones အားပြန်တပ်ကာ ပြတင်းပေါက်ဘက်သို့အကြည့်လွှတ်လိုက်သည်...စတင်ထွက်ခွာနေပြီ...အမေရိကဆီကိုပေါ့...သူ့ရင်ထဲစိတ်တွေလှုပ်ရှားနေ၏....ခရီးသွားရလို့စိတ်လှုပ်ရှားတာမဟုတ်ဘဲ ဒီခံစားချက်က အရမ်းထူးဆန်းနေတယ်....ဘာကြောင့်များ ဒီလိုဖြစ်နေရတာလဲ?

___________

ဟုတ်ကဲ့ ပြန်လည်တွေ့ဆုံတော့မှာဖြစ်ပါတယ် ကျေးဇူး🗿

Z.

'တကၠသိုလ္ဘြဲ႕ယူတဲ့ေန႔'

သူအရမ္းေပ်ာ္ပါသည္..ဒီေန႔ဟာသူေမွ်ာ္လင့္ခဲ့ရတဲ့အေကာင္းဆုံးေန႔တစ္ေန႔ေလးပင္....ဘြဲ႕ဝတ္စုံကို ေသခ်ာဝတ္ဆင္ရင္း မွန္ေရွ႕မွာရပ္ေနမိသည္....ထိုစဉ္မထင္မွတ္ဘဲ အေတြးတစ္ခ်ိဳ႕ဟာ ေပ်ာက္ဆုံးသြားခဲ့ေသာထိုလူသားဆီသို႔ ေရာက္ရွိခဲ့ျပန္သည္...

*မင္းေရာ.. ဒီလိုမ်ိဳးဘြဲ႕ဝတ္စုံေလးနဲ႔ ခန္႔ညားေနေလာက္ေရာေပါ႔ေနာ္~*

"ကေလး အဆင္သင့္ျဖစ္ၿပီလား.."

ပုခုံးေပၚလက္တင္ကာဆိုလာေသာ အကိုျဖစ္သူ Mixအား ၾကည့္လိုက္ရင္း ေခါင္းၿငိမ့္ျပလိုက္သည္။

"ဒါဆို p'တို႔သြားရေအာင္"

"ဟုတ္"

သူ့လက္ကိုဆြဲကာ ေခၚသြားခဲ့ေသာ P'Mix ေနာက္သို႔ အၿပဳံးေလးတစ္ပြင့္ဆင္ကာ လိုက္သြားခဲ့ေတာ့သည္...

....."ေဟး!!! fourth"

ပန္းစည္းေလးအခ်ိဳ႕ကိုင္ကာ လက္လွမ္းျပလာေသာ satang အား ၿပဳံးျပလိုက္ေတာ့ ေျပးလာကာဖက္သည္..

"ငါမင္းကိုေစာင့္ေနတာ"

ကေလးတစ္‌ေယာက္လိုစိတ္လႈပ္ရွားေနသည့္satangအား ေက်ာ‌ျပင္ေလးကိုပုတ္ေပးရင္း စိတ္ၿငိမ္ၿငိမ္ထားဖို႔ သတိေပးလိုက္သည္...

"ဟီး ငါအရမ္းေပ်ာ္တယ္ ေနာက္ဆုံးေတာ့ငါဆရာဝန္တစ္ေယာက္ျဖစ္ၿပီ"

သြားေပၚေအာင္ၿပဳံးျပကာ ဆိုလာေသာ satang ကိုၾကည့္ရင္း တစ္စုံတစ္ဦးကို သတိရမိျပန္သည္...သူလဲဆရာဝန္ႀကီးတစ္ေယာက္ျဖစ္ေနၿပီေပါ႔~

"ငါ winnyဆီသြားလိုက္အုန္းမယ္ တာ့တာ"

"ဟုတ္ကဲ့ပါဗ်"

ခ်စ္သူဆီတစ္ရွိန္ထိုးေျပးသြားေသာ satang အားၾကည့္ရင္း ခပ္ၿပဳံးၿပဳံးျဖင့္ ေခါင္းသာခါမိသည္...တစ္ခါတစ္ေလေတာ့လဲသူတို႔အတြဲကိုအားက်မိပါရဲ႕...

"သားငယ္ မာမီတို႔ဓာတ္ပုံ‌႐ိုက္ရေအာင္ေလ လာ"

အေမျဖစ္သူ၏ေခၚသံေၾကာင့္ ‌မိသားစုဆီသို႔ေလွ်ာက္သြားခဲ့သည္....မာမီတို႔စိတ္တိုင္းက် ဓာတ္ပုံေတြ႐ိုက္ခဲ့သည္...အကိုအမတို႔၏ဂ႐ုစိုက္မႈေတြၾကား ခပ္ၿပဳံးၿပဳံးေလးသာေနခဲ့သည္...သူငယ္ခ်င္းအေပါင္းအသင္းေတြအသိမိတ္‌ေဆြ၊ေဆြမ်ိဳးရင္းခ်ာေတြေပးကမ္းလားသာပန္းစည္းမ်ားအားၿပဳံးၿပဳံးေလးျဖင့္လက္ခံခဲ့သည္။ဘြဲ႕တက္ယူတုန္းကမ်က္ရည္အနည္းငယ္ဝဲမိေသာ္ျငားသူမငိုခဲ့ပါ မ်က္ရည္စမ်ားျဖင့္ပင္ စင္ေအာက္ရွိလူမ်ားအားၿပဳံးျပႏႈတ္ဆက္ခဲ့သည္..သူအတတ္ႏိုင္ဆုံးၿပဳံးေနခဲ့ပါသည္...ဒါက သူရဲ႕ဘဝတစ္စိတ္တစ္ပိုင္းကိုေျမလွန္ရွာဖို႔အတြက္ လမ္းစဘဲေလ!

................†Company CEO†

တစ္ႏွစ္...ဒီတစ္ႏွစ္အတြင္းမွာပင္ သူ့ဘဝႀကီးတစ္ခုလုံးေျပာင္းလဲခဲ့သည္...ဘြဲ႕ယူၿပီးသည့္အခ်ိန္ကစ၍ သူဟာ ဒယ္ဒီ့လုပ္ငန္းမ်ားကိုစတင္ဦးစီးရသည့္လူတစ္ေယာက္ျဖစ္လာခဲ့သည္.... P'Mix ဟာကိုယ္ပိုင္ေဆး႐ုံႏွင့္တစ္သီးတစ္သန္႔ရွိေနတာေၾကာင့္ လုပ္ငန္းမ်ားကိုတာဝန္ယူဖို႔ရာအဆင္မေျပခဲ့...မမဟာလည္း သူ့ Companyနဲ႔သူ အေျခက်ေနတာေၾကာင့္ ဒယ္ဒီ့ ပိုင္ဆိုင္မႈမ်ားကိုလႊဲေျပာင္းယူဖို႔အတြက္ အဆင္မေျပခဲ့ပါ... ထို႔ေၾကာင့္ဒယ္ဒီ့ပိုင္ဆိုင္မႈ၊ဒယ္ဒီ့လုပ္ငန္းမ်ားဟာ Fourth Nattawat ဆိုသည့္ သူ့ေခါင္းေပၚသို႔ ခ်က္ခ်င္းဆိုသလိုက်ေရာက္ခဲ့သည္...သို႔ေသာ္ လူငယ္သဘာဝအရ သူေပ်ာ္ပါးခ်င္ေသးတာေၾကာင့္ ျငင္းဆိုျခင္းမရွိခဲ့ပါ.. ဘြဲ႕ရရၿပီးခ်င္းကိုပင္ ဒယ္ဒီ့လုပ္ငန္းခြင္သို႔ဝင္ကာ ေသခ်ာစြာပင္စနစ္တက်၊အေသးစိတ္က်က် စီမံခန္႔ခြံတတ္ေစရန္သင္ယူခဲ့သည္။ ဒယ္ဒီ့၏စည္းကမ္းႀကီးမႈ၊စည္းစနစ္က်မႈ၊ေသခ်ာေစ့စပ္မႈေတြအၾကား သူႀကိဳးစားသင္ယူခဲ့သည္..ဒယ္ဒီ့လိုတိက်ေသခ်ာတဲ့လူတစ္ေယာက္ျဖစ္လာေအာင္ ေလ့‌က်င့္ခဲ့သည္...အားႀကိဳးမာန္တက္ျဖင့္ သင္ယူမႈေတြေၾကာင့္ ေျပာင္းလဲလာတဲ့အေျပာင္းအလဲႀကီးဟာေတာ့ သူဟာတစ္ႏွစ္ဆိုသည့္အတိုင္းအတာအတြင္းမွာပင္ လုပ္ငန္းခြင္အားလုံးကို ခ်ဳပ္ကိုင္စိုးမိုးႏိုင္ခဲ့သည္....အသက္ငယ္ေသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဟာ သူ့ကို ဒီေလာက္ထိျဖစ္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ၾကေပ...အေဖျဖစ္သူ၏သင္ၾကားျပသမႈ၊အေမျဖစ္သူ၏ဆုံးမကြပ္ကဲမႈ၊အကိုအမေတြ၏လမ္းၫႊန္မႈမ်ားျဖင့္ ဒီေန႔ဒီေနရာဒီအေျခအေနထိကိုသူထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့သည္။

ေကာ္ဖီေအးစက္စက္တစ္ခြက္ကိုယူရင္းေသာက္လိုက္သည္....သူ့ေရွ႕တြင္ ရွိေနေသာ Fileတခ်ိဳ႕ကိုေကာက္ယူကာ စစ္ေဆးမႈမ်ား စတင္လိုက္သည္..

"Boss ဝင္လာလို႔ရမလားဗ်"

အတြင္းေရးမွဴး၏ အသံေၾကာင့္..

"အင္း ဝင္ခဲ့"

"Boss သဘက္ခါ အေမရိကမွာရွိတဲ့ ေဆး႐ုံတစ္ခုမွာရွယ္ယာဝင္ဖို႔အတြက္ သြားေရာက္ေတြ႕ဆုံဖို႔ရွိပါတယ္ဗ်"

"အင္း ဒါဆို ဒီေန႔ထြက္ဖို႔ စီစဉ္ထားႏွင့္ ငါၿပီးရင္လာခဲ့မယ္"

"ဟုတ္ကဲ့ပါ Boss"

ဦးၫႊတ္ကာေျပာလာေသာ အတြင္းေရးမွဴးအားေခါင္းၿငိမ့္ျပလိုက္ေတာ့ ထြက္သြားသည္....အခ်ိန္အနည္းငယ္ေလာက္ File တခ်ိဳ႕ကိုစစ္ယူၿပီးေနာက္ အတြင္းေရးမွဴးဖုန္းဆက္တာေၾကာင့္ car parking ဆီသို႔ ေလွ်ာက္လာခဲ့သည္။

"Boss တက္ပါ"

တံခါးဖြင့္ကာဆိုလာသည့္ အတြင္းေရးမွဴး..

ေနာက္ဆုံးေပၚကားႀကီးတြင္ေျခခ်ိတ္ထိုင္ရင္းဖုန္းသုံးေနလိုက္သည္..

"ေလယာဉ္ကြင္းေရာက္ဖို႔ဘယ္ေလာက္လိုေသးလဲ Melu"

" ဟုတ္ Boss ခနေနေရာက္ပါၿပီဗ်"

.......ကိုယ္ပိုင္ေလယာဉ္စီစဉ္ထားေသာ ေလယာဉ္ကြင္းရွိရာသို႔ေရာက္ရွိလာသည္...ေလယာဥ္ကြင္းထဲရွိရွိသမွ်လူအားလုံးကသူ့ကိုဦးၫႊတ္ၾကသည္..ဒါကပုံမွန္ပါဘဲ အခုအခ်ိန္မွာသူက အာဏာပါဝါႀကီးတဲ့လူတစ္ေယာက္ေလ..ေလယာဉ္ေပၚသို႔တက္လိုက္ရင္းစီစဥ္‌ေပးထားေသာထိုင္ခုံတြင္ထိုင္ကာခါးပတ္ပတ္ၿပီးေနာက္ earphones ေလးတပ္လိုက္ကာ မ်က္စိမ်ားမွိတ္ခ်လိုက္သည္...

"Boss တစ္ခုခုသုံးေဆာင္အုန္းမလား"

ေဘးနားမွ အတြင္းေရးမွဴးအသံေၾကာင့္ ေခါင္းခါျပလိုက္သည္..အလိုက္တသိပင္ သူ့အနားမွထြက္သြားကာ အေနာက္ခုံ၌သြားထိုင္ေလသည္....ျဖဳတ္လိုက္ေသာ earphones အားျပန္တပ္ကာ ျပတင္းေပါက္ဘက္သို႔အၾကည့္လႊတ္လိုက္သည္...စတင္ထြက္ခြာေနၿပီ...အေမရိကဆီကိုေပါ႔...သူ့ရင္ထဲစိတ္ေတြလႈပ္ရွားေန၏....ခရီးသြားရလို႔စိတ္လႈပ္ရွားတာမဟုတ္ဘဲ ဒီခံစားခ်က္က အရမ္းထူးဆန္းေနတယ္....ဘာေၾကာင့္မ်ား ဒီလိုျဖစ္ေနရတာလဲ?

___________

ဟုတ္ကဲ့ ျပန္လည္ေတြ႕ဆုံေတာ့မွာျဖစ္ပါတယ္ ေက်းဇူး🗿

There are no comments yet. Log in to be the first to leave a review!

Similar stories