Fanfics

14🌪️

17:39, 31 July 2023

‘တက္ကသိုလ်‌နောက်ဆုံးနှစ်~’

နှစ်တွေလတွေရက်တွေအလီလီပြောင်းသွားခဲ့သည်...ဘာလိုလိုနဲ့ သူတောင် ကျောင်းပြီးတော့မည်....သူငယ်ချင်းအပေါင်းအသင်း နည်းနည်းနှင့် အသိမိတ်ဆွေ‌တွေရှိလာပြီဆိုသော်လည်း ယခုအချိန်အထိသူ့နှလုံးသားထဲတွင်နေရာယူထားသော သူငယ်ချင်းဆိုသည့်သူမှာ Gemini Norawit အမည်ရသော ကောင်ချောလေးတစ်ယောက်သာ~ကောင်းကင်ကြီးကိုငေးကြည့်ရင်း တွေးမိသည်...ထိုလူသားဟာအခုဘာတွေများလုပ်နေမှာလည်း..အဆင်ရောပြေနေတယ်မဟုတ်လား?နေရောကောင်းရဲ့လား?အစားအသောက်ကော ကျန်းမာရေးနဲ့ညီညွတ်တာတွေစားနေရဲ့လား..

*မလိမ်တမ်းပြောရမယ်ဆိုရင်..ငါမင်းကိုအရမ်းလွမ်းတယ် Gem~*

"Hey Fourth ဘာတွေငေး"

အပြုံးချိုချိုတစ်ခုပြုံးပြရင်း ဆိုလာသော satang အား ပြန်လည်ပြုံးပြလိုက်သည်။

"အင်း ဘာရယ်မဟုတ်ပါဘူးကွာ ဒီတိုင်းဘဲ"

"ဟုတ်ပါပြီ... ဒီနေ့ project ထပ်ရမယ်နော် မင်းပြီးပြီလား"

"အင်းပြီးပြီ..ငါလိုအပ်ချက်လေးတွေနည်းနည်းလောက်ကိုမင်းဖြည့်ပေးနိုင်မလား?"

Satang ဆီသို့ file ကမ်းပေးလိုက်ရင်းပြောတော့ ခေါင်းငြိမ့်ပြကာ လက်ထဲမှ fileကိုဆွဲယူသွားခဲ့သည်..

အခုဆိုရင်သူ့မှာရင်ဖွင့်စရာ၊ယုံကြည်အားကိုးစရာဟူ၍ satang kittiphop တစ်ယောက်သာရှိသည်... Gemini မရှိသည့်နောက်ပိုင်းတွင် satang ဟာသူ့ကိုအမြဲအားပေးစကားပြောခဲ့သည်..သူဖြစ်ချင်တာတွေကိုလုပ်ပေးသည် သူသွားချင်တာကိုလိုက်ပို့သည်..တစ်ခါတစ်လေ အတူတူ shopping ထွက်ကြသည်... satangကတစ်ကယ်ကိုသူငယ်ချင်းကောင်းပီသပါသည်...သို့သော်လည်း satang ဟာ Gemini နဲ့ယှဉ်လိုက်ရင်တော့ ဒုတိယနေရာမှာပင်.....

"ခနနေအတန်းတက်တော့မှာ မင်းကောအတန်းရှိလား?"

ဘေးလွယ်အိတ်ကိုကောက်လွယ်ကာ စိစစ်ထားသော file ကိုကမ်းပေးရင်းမေးသည်...

"ဟင့်အင်း...မင်းကရှိတာလား"

"အွန်း ငါ့အထင် ဒီအတန်းက နည်းနည်းနောက်ကျလိမ့်မယ်"

"အိုကေ ဒါဆိုငါဘဲအရင်ပြန်နှင့်လိုက်မယ်"

"ရလား ငါလိုက်ပို့ပေးမယ်လေ"

"ဟားဟား..!ဆရာဝန်လောင်းလေး ကျတော့်ကြောင့်အလုပ်တွေများနေပါ့မယ်ဗျာ ကျတော်ဘာသာအိမ်ပြန်တတ်ပါတယ်"

ရီသံစွက်ရင်းပြောလိုက်တော့ အပြုံးလေးဖြင့်..

"အိုးဟိုး.. ဒီဆရာဝန်လောင်းလေးက ဟောဒီအင်ဂျင်နီယာကျောင်းသားလေးကို စေတနာနဲ့လိုက်ပို့ပေးချင်တာပါ"

"ဟားဟား မင်းကတော့လေ သွားမှာဖြင့်သွား အတန်းနောက်ကျနေအုန်းမယ်"

"အေးပါကွာ ဒါဆိုသွားပြီနော် ဘိုင့်"

လက်လေးပြရင်းထွက်သွားသောကျောပြင်‌အားကြည့်ရင်း...ဆရာဝန်လုပ်မည်ဟုဟစ်ကြွေးခဲ့သောတစ်စုံတစ်ဦးကိုသတိရမိပြန်သည်....မင်းလဲအခုဆို ဆရာဝန်လောင်းလေးဖြစ်နေလောက်ရောပေါ့ Gem~

လွယ်အိတ်ကောက်လွယ်ရင်း car parking ဆီသို့လျှောက်လာခဲ့သည်...ကားနားရောက်တော့ တံခါးဖွင့်ကာ ဝင်ထိုင်လျက်သော့ဖွင့်လိုက်သည်....ထို့နောက် သူတို့နှစ်ဦး၏အမှတ်တရပေါင်းများစွာရှိသေည ကွန်ဒိုတိုက်ခန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့တော့သည်။

............'ချလောက်'

အခန်းကိုဖွင့်လိုက်တော့ အရာအားလုံးဟာမှောင်မိုက်နေ‌သည်....တံခါးနားတွင်ရှိသော ခလုတ်အားနှိပ်‌လိုက်တော့ တိုက်ခန်းတစ်ခါလုံးလင်းထိန်သွားသည်...တံခါးအားပိတ်လိုက်ရင်း sofa ပေါ်သို့လွယ်အိတ်ပစ်တင်ကာ မီးဖိုခန်းဘက်သို့ခြေဦးလှည့်မိသည်...

ဘေစင်နားတွင်မတ်တပ်လေးရပ်ကာ ရုတ်တရက်တိုးဝင်လာသောအတွေး‌ကြောင့် အလိုလိုပြုံးမိပြန်သည်။ထိုနေရာတွင်ပန်းကန်ဆေးရင်း ရေတွေဆော့နေတာကြောင့် ကလေးလိုဆော့မနေဖို့ရန် Gemကိုသူဆူပူခဲ့သေးသည်...စားပွဲဝိုင်းဆီအကြည့်ရောက်မိပြန်တော့ အမြဲလိုလိုစားဖို့အတွက်ထိုင်စောင့်နေတတ်သည့် Gem၏ပုံရိပ်လေးဟာ ခပ်မှိန်မှိန်လေးပေါ်လို့လာသည်....သူပြုံးနေခဲ့ပါသည်..ကျဆင်းနေသောမျက်ရည်တွေနှင့်အတူပေါ့~

.."ဟယ်လို မမ"

"ဟယ်လို ကလေး"

"မမသားဒီညအိမ်ပြန်မလာတော့ဘူး သားကွန်ဒိုမှာအိပ်လိုက်မယ် မေမေတို့ကိုပြောပေးပါအုန်း"

"အော်ဟုတ်ပြီ မမ အိမ်ကိုပြန်ပြောလိုက်မယ်နော် ကလေးလဲဂရုစိုက်နေအုန်း"

"ဟုတ်ကဲ့မမ ဒါဆိုသားဖုန်းချပြီ"

"ဟုတ်ကဲ့ပါရှင်"

ဖုန်းကိုခုံပေါ်တင်လိုက်ရင်း ခုတင်ပေါ်သို့ထိုင်ချလိုက်သည်...ခုံပေါ်တွင်ဘောင်လေးခတ်ကာတင်ထားသော သူတို့နှစ်ယောက်၏ အမှတ်တရဓာတ်ပုံလေးအား ဆွဲယူကာ ကြည့်မိသည်...

"ဘယ်များရောက်နေလဲ...ဘယ်တွေသွားနေတာလဲ..အဆင်ပြေနေလား...စာကောင်းကောင်းသင်ရဲ့လား...သူငယ်ချင်းအသစ်တွေနဲ့ပျော်နေရောပေါ့...‌ခုချိန်ဆိုရည်းစားလည်းရှိလောက်ပြီနော်....မင်းရည်းစားလေးကသိပ်ချောမှာဘဲ...ငါမင်းကိုထပ်တွေ့ခွင့်တော့ရနိုင်သေးတယ်မဟုတ်လား? gem~"

ဓာတ်ပုံပေါ်သို့တစ်‌ပေါက်ပေါက်ကျ‌နေသောမျက်ရည်စက်များအား ဆက်မကျစေဖို့ရာ ဆွဲသုတ်လိုက်ရင်း ဓာတ်ပုံလေးအား ဖက်ထားမိသည်...ခုတင်ပေါ်သို့အသာအယာလှဲချရင်း အတွေးပေါင်းများစွာထဲလွင့်မျောနေခဲ့သည်...ရင်ထဲမှလှိုင်တက်လာသောဝမ်းနည်းမှုတွေကြောင့် မျက်ရည်များဟာထပ်မံကျဆင်းလာခဲ့ပြန်သည်...ဓာတ်ပုံလေးအားခပ်တင်းတင်းပွေ့ပိုက်ရင်း အသံတိတ်ငိုကြွေးနေမိသည်...ခုနေဆို သူ့ကိုGemဟာ မေ့နေလောက်ပြီလို့တောင်ထင်ရပေမဲ့ သူဘက်ကတော့မမေ့နိုင်ခဲ့သလို မေ့ဖို့လည်းအစီအစဉ်မရှိ...‌ညပေါင်းများစွာ အသံတိတ်ငိုကြွေးရင်း Gemသူ့ရှေ့ပြန်ပေါ်လာမည့်နေ့ကိုစောင့်မျှော်နေရသည်...စာတွေအစွမ်းကုန်ကြိုးစားရင်း...တစ်နေ့ လုပ်ပိုင်ခွင့်တွေရှိလာတဲ့အခါ သူGemကို တစ်ကမ္ဘာလုံးမြေလှန်ရှာဖို့အထိတောင်တွေးထားခဲ့သည်..သူငယ်ချင်းကအဲ့လောက်တောင်အရေးကြီးတာလား....ဟုတ်တယ် သူကသူငယ်ချင်းဆိုတာထက်တောင်ပိုနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဘဲ..!

________________ယိုးဟိုးဟိုး ဒီရက်ပိုင်း Time skip လေးတွေအနည်းငယ်များမယ်ပေါ့နော် ဒါမှလဲ အမောင်ဂျမ်ကို အမောင်ဖော့က တွေ့နိုင်မှာလေ နော်🗿

Z.

‘တကၠသိုလ္‌ေနာက္ဆုံးႏွစ္~’

ႏွစ္ေတြလေတြရက္ေတြအလီလီေျပာင္းသြားခဲ့သည္...ဘာလိုလိုနဲ႔ သူေတာင္ ေက်ာင္းၿပီးေတာ့မည္....သူငယ္ခ်င္းအေပါင္းအသင္း နည္းနည္းႏွင့္ အသိမိတ္ေဆြ‌ေတြရွိလာၿပီဆိုေသာ္လည္း ယခုအခ်ိန္အထိသူ့ႏွလုံးသားထဲတြင္ေနရာယူထားေသာ သူငယ္ခ်င္းဆိုသည့္သူမွာ Gemini Norawit အမည္ရေသာ ေကာင္ေခ်ာေလးတစ္ေယာက္သာ~ေကာင္းကင္ႀကီးကိုေငးၾကည့္ရင္း ေတြးမိသည္...ထိုလူသားဟာအခုဘာေတြမ်ားလုပ္ေနမွာလည္း..အဆင္ေရာေျပေနတယ္မဟုတ္လား?ေနေရာေကာင္းရဲ႕လား?အစားအေသာက္ေကာ က်န္းမာေရးနဲ႔ညီၫြတ္တာေတြစားေနရဲ႕လား..

*မလိမ္တမ္းေျပာရမယ္ဆိုရင္..ငါမင္းကိုအရမ္းလြမ္းတယ္ Gem~*

"Hey Fourth ဘာေတြေငး"

အၿပဳံးခ်ိဳခ်ိဳတစ္ခုၿပဳံးျပရင္း ဆိုလာေသာ satang အား ျပန္လည္ၿပဳံးျပလိုက္သည္။

"အင္း ဘာရယ္မဟုတ္ပါဘူးကြာ ဒီတိုင္းဘဲ"

"ဟုတ္ပါၿပီ... ဒီေန႔ project ထပ္ရမယ္ေနာ္ မင္းၿပီးၿပီလား"

"အင္းၿပီးၿပီ..ငါလိုအပ္ခ်က္ေလးေတြနည္းနည္းေလာက္ကိုမင္းျဖည့္ေပးႏိုင္မလား?"

Satang ဆီသို႔ file ကမ္းေပးလိုက္ရင္းေျပာေတာ့ ေခါင္းၿငိမ့္ျပကာ လက္ထဲမွ fileကိုဆြဲယူသြားခဲ့သည္..

အခုဆိုရင္သူ့မွာရင္ဖြင့္စရာ၊ယုံၾကည္အားကိုးစရာဟူ၍ satang kittiphop တစ္ေယာက္သာရွိသည္... Gemini မရွိသည့္ေနာက္ပိုင္းတြင္ satang ဟာသူ့ကိုအၿမဲအားေပးစကားေျပာခဲ့သည္..သူျဖစ္ခ်င္တာေတြကိုလုပ္ေပးသည္ သူသြားခ်င္တာကိုလိုက္ပို႔သည္..တစ္ခါတစ္ေလ အတူတူ shopping ထြက္ၾကသည္... satangကတစ္ကယ္ကိုသူငယ္ခ်င္းေကာင္းပီသပါသည္...သို႔ေသာ္လည္း satang ဟာ Gemini နဲ႔ယွဉ္လိုက္ရင္ေတာ့ ဒုတိယေနရာမွာပင္.....

"ခနေနအတန္းတက္ေတာ့မွာ မင္းေကာအတန္းရွိလား?"

ေဘးလြယ္အိတ္ကိုေကာက္လြယ္ကာ စိစစ္ထားေသာ file ကိုကမ္းေပးရင္းေမးသည္...

"ဟင့္အင္း...မင္းကရွိတာလား"

"အြန္း ငါ႔အထင္ ဒီအတန္းက နည္းနည္းေနာက္က်လိမ့္မယ္"

"အိုေက ဒါဆိုငါဘဲအရင္ျပန္ႏွင့္လိုက္မယ္"

"ရလား ငါလိုက္ပို႔ေပးမယ္ေလ"

"ဟားဟား..!ဆရာဝန္ေလာင္းေလး က်ေတာ့္ေၾကာင့္အလုပ္ေတြမ်ားေနပါ႔မယ္ဗ်ာ က်ေတာ္ဘာသာအိမ္ျပန္တတ္ပါတယ္"

ရီသံစြက္ရင္းေျပာလိုက္ေတာ့ အၿပဳံးေလးျဖင့္..

"အိုးဟိုး.. ဒီဆရာဝန္ေလာင္းေလးက ေဟာဒီအင္ဂ်င္နီယာေက်ာင္းသားေလးကို ေစတနာနဲ႔လိုက္ပို႔ေပးခ်င္တာပါ"

"ဟားဟား မင္းကေတာ့ေလ သြားမွာျဖင့္သြား အတန္းေနာက္က်ေနအုန္းမယ္"

"ေအးပါကြာ ဒါဆိုသြားၿပီေနာ္ ဘိုင့္"

လက္ေလးျပရင္းထြက္သြားေသာေက်ာျပင္‌အားၾကည့္ရင္း...ဆရာဝန္လုပ္မည္ဟုဟစ္ေႂကြးခဲ့ေသာတစ္စုံတစ္ဦးကိုသတိရမိျပန္သည္....မင္းလဲအခုဆို ဆရာဝန္ေလာင္းေလးျဖစ္ေနေလာက္ေရာေပါ႔ Gem~

လြယ္အိတ္ေကာက္လြယ္ရင္း car parking ဆီသို႔ေလွ်ာက္လာခဲ့သည္...ကားနားေရာက္ေတာ့ တံခါးဖြင့္ကာ ဝင္ထိုင္လ်က္ေသာ့ဖြင့္လိုက္သည္....ထို႔ေနာက္ သူတို႔ႏွစ္ဦး၏အမွတ္တရေပါင္းမ်ားစြာရွိေသည ကြန္ဒိုတိုက္ခန္းဆီသို႔ ဦးတည္ေမာင္းႏွင္ခဲ့ေတာ့သည္။

............'ခ်ေလာက္'

အခန္းကိုဖြင့္လိုက္ေတာ့ အရာအားလုံးဟာေမွာင္မိုက္ေန‌သည္....တံခါးနားတြင္ရွိေသာ ခလုတ္အားႏွိပ္‌လိုက္ေတာ့ တိုက္ခန္းတစ္ခါလုံးလင္းထိန္သြားသည္...တံခါးအားပိတ္လိုက္ရင္း sofa ေပၚသို႔လြယ္အိတ္ပစ္တင္ကာ မီးဖိုခန္းဘက္သို႔ေျခဦးလွည့္မိသည္...

ေဘစင္နားတြင္မတ္တပ္ေလးရပ္ကာ ႐ုတ္တရက္တိုးဝင္လာေသာအေတြး‌ေၾကာင့္ အလိုလိုၿပဳံးမိျပန္သည္။ထိုေနရာတြင္ပန္းကန္ေဆးရင္း ေရေတြေဆာ့ေနတာေၾကာင့္ ကေလးလိုေဆာ့မေနဖို႔ရန္ Gemကိုသူဆူပူခဲ့ေသးသည္...စားပြဲဝိုင္းဆီအၾကည့္ေရာက္မိျပန္ေတာ့ အၿမဲလိုလိုစားဖို႔အတြက္ထိုင္ေစာင့္ေနတတ္သည့္ Gem၏ပုံရိပ္ေလးဟာ ခပ္မွိန္မွိန္ေလးေပၚလို႔လာသည္....သူၿပဳံးေနခဲ့ပါသည္..က်ဆင္းေနေသာမ်က္ရည္ေတြႏွင့္အတူေပါ႔~

.."ဟယ္လို မမ"

"ဟယ္လို ကေလး"

"မမသားဒီညအိမ္ျပန္မလာေတာ့ဘူး သားကြန္ဒိုမွာအိပ္လိုက္မယ္ ေမေမတို႔ကိုေျပာေပးပါအုန္း"

"ေအာ္ဟုတ္ၿပီ မမ အိမ္ကိုျပန္ေျပာလိုက္မယ္ေနာ္ ကေလးလဲဂ႐ုစိုက္ေနအုန္း"

"ဟုတ္ကဲ့မမ ဒါဆိုသားဖုန္းခ်ၿပီ"

"ဟုတ္ကဲ့ပါရွင္"

ဖုန္းကိုခုံေပၚတင္လိုက္ရင္း ခုတင္ေပၚသို႔ထိုင္ခ်လိုက္သည္...ခုံေပၚတြင္ေဘာင္ေလးခတ္ကာတင္ထားေသာ သူတို႔ႏွစ္ေယာက္၏ အမွတ္တရဓာတ္ပုံေလးအား ဆြဲယူကာ ၾကည့္မိသည္...

"ဘယ္မ်ားေရာက္ေနလဲ...ဘယ္ေတြသြားေနတာလဲ..အဆင္ေျပေနလား...စာေကာင္းေကာင္းသင္ရဲ႕လား...သူငယ္ခ်င္းအသစ္ေတြနဲ႔ေပ်ာ္ေနေရာေပါ႔...‌ခုခ်ိန္ဆိုရည္းစားလည္းရွိေလာက္ၿပီေနာ္....မင္းရည္းစားေလးကသိပ္ေခ်ာမွာဘဲ...ငါမင္းကိုထပ္ေတြ႕ခြင့္ေတာ့ရႏိုင္ေသးတယ္မဟုတ္လား? gem~"

ဓာတ္ပုံေပၚသို႔တစ္‌ေပါက္ေပါက္က်‌ေနေသာမ်က္ရည္စက္မ်ားအား ဆက္မက်ေစဖို႔ရာ ဆြဲသုတ္လိုက္ရင္း ဓာတ္ပုံေလးအား ဖက္ထားမိသည္...ခုတင္ေပၚသို႔အသာအယာလွဲခ်ရင္း အေတြးေပါင္းမ်ားစြာထဲလြင့္ေမ်ာေနခဲ့သည္...ရင္ထဲမွလႈိင္တက္လာေသာဝမ္းနည္းမႈေတြေၾကာင့္ မ်က္ရည္မ်ားဟာထပ္မံက်ဆင္းလာခဲ့ျပန္သည္...ဓာတ္ပုံေလးအားခပ္တင္းတင္းေပြ႕ပိုက္ရင္း အသံတိတ္ငိုေႂကြးေနမိသည္...ခုေနဆို သူ့ကိုGemဟာ ေမ့ေနေလာက္ၿပီလို႔ေတာင္ထင္ရေပမဲ့ သူဘက္ကေတာ့မေမ့ႏိုင္ခဲ့သလို ေမ့ဖို႔လည္းအစီအစဉ္မရွိ...‌ညေပါင္းမ်ားစြာ အသံတိတ္ငိုေႂကြးရင္း Gemသူ့ေရွ႕ျပန္ေပၚလာမည့္ေန႔ကိုေစာင့္ေမွ်ာ္ေနရသည္...စာေတြအစြမ္းကုန္ႀကိဳးစားရင္း...တစ္ေန႔ လုပ္ပိုင္ခြင့္ေတြရွိလာတဲ့အခါ သူGemကို တစ္ကမၻာလုံးေျမလွန္ရွာဖို႔အထိေတာင္ေတြးထားခဲ့သည္..သူငယ္ခ်င္းကအဲ့ေလာက္ေတာင္အေရးႀကီးတာလား....ဟုတ္တယ္ သူကသူငယ္ခ်င္းဆိုတာထက္ေတာင္ပိုေနခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ဘဲ..!

________________ယိုးဟိုးဟိုး ဒီရက္ပိုင္း Time skip ေလးေတြအနည္းငယ္မ်ားမယ္ေပါ႔ေနာ္ ဒါမွလဲ အေမာင္ဂ်မ္ကို အေမာင္ေဖာ့က ေတြ႕ႏိုင္မွာေလ ေနာ္🗿

There are no comments yet. Log in to be the first to leave a review!

Similar stories