Fanfics

10🌪️

09:00, 29 July 2023

“ဖူးခက်”

Car parking တွင် ကားထိုးလိုက်ရင်း နှစ်ယောက်သား Hotel ထဲသို့ ဝင်လာခဲ့ကြသည်..

"ဟေး သူဌေးလေးတို့ရောက်လာကြပြီ အထုတ်တွေသွားသယ်ကြ ကလေးတို့"

"ဟုတ်! ဂျာကြီး"

Hotel ထဲသို့ခြေချလိုက်သည်ဆိုတာနှင့် ရှိရှိသမျှဝန်ထမ်းအကုန်လုံး ယောက်ယက်ခတ်ကုန်ကြသည်..မန်နေဂျာ၏ အမိန့်ပေးသံတွေဟာလည်းဆူညံလို့သွားသည်..

"အိုးဟိုး... ဂျာကြီးဖြေးဖြေးပေါ့ ကျတော်လာတာပါ ဒယ်ဒီလာတာမဟုတ်ပါဘူးနော်"

ရယ်သံစွက်ရင်းပြောလိုက်တော့ မန်နေဂျာမှာ သူ့နားသို့ ပြေးလာသည်..ရောက်တော့ အနောက်မှ Gemini အားမြင်သွားတာကြောင့်..

"သူဌေးလေးကိုCEOကဂရုတစ်စိုက်နဲ့လုပ်ပေးဖို့အမိန့်ပေးတာလို့ပါ..အဲ...သူဌေးလေး Gemini လည်းပါတာကိုး..မင်္ဂလာပါ သူဌေးလေးGemini"

ဦးညွှတ်ရင်းသူ့ကိုနှုတ်ဆက်လာတော့ Gemini ခေါင်းငြိမ့်လိုက်ရင်းပြုံးသာပြလိုက်သည်..

"ကဲ ဒါဆိုကျတော်တို့သွားတော့မယ်"

"ဟုတ်ကဲ့ပါ သူဌေးလေး ကျတော်လိုက်ပို့ပေးပါ့မယ်"

"အိုး..! ထားလိုက်ပါ ကျတော့်ဘာသာသွားတတ်လာတတ်ပါတယ် ကလေးလဲမဟုတ်တော့ပါဘူးဗျာ ဂျာကြီးလုပ်စရာရှိတာသာဆက်လုပ်"

"ဟုတ်..ဟုတ်ကဲ့ပါ"

"သော့ပေးအုန်းလေ ဂျာကြီး ကျတော်ဘာနဲ့ဖွင့်ရမှာလဲဗျ"

လက်ဖြန့်ရင်းတောင်းလိုက်တော့ ခေါင်းလေးကုတ်ကာ "မေ့သွားလို့ပါ" ဟုဆိုရင်းသူ့လက်ထဲသို့ သော့လေးထည့်ပေးလာသည်...မန်နေဂျာဆိုသော်ငြားလည်း အသက်ကြီးကြီးတော့မဟုတ် ဂျာကြီးအသက်ဟာ အခုမှ ၂၇နှစ်သာရှိသေးသည်..၁၈နှစ်ထဲကအလုပ်ဝင်ကာအလုပ်ကြိုးစားခဲ့သည်မို့ မန်နေဂျာရာထူးကိုရခဲ့သည်သာ...လက်အောက်ငယ်သားတွေကိုဘယ်သောအခါမှရိုင်းစိုင်းစွာမပြောသလို ဖော်ဖော်ရွေရွေနှင့် တန်းတူပေါင်းသင်းဆက်ဆံသည်..မာန်တက်ခြင်းလည်းမရှိ အလုပ်ကိုလည်းအရမ်းကြိုးစားလွန်းတာကြောင့် ဒယ်ဒီကသူ့ကိုအရမ်းသဘောကျသည်လေ...

"Fourth သွားမယ်လေ"

တစ်ယောက်တည်းစဉ်းစားခန်းဖွင့်နေချိန် ရှေ့မှ Gem၏ခေါ်သံကြောင့်အသိပြန်ဝင်လာကာ ထိုလူကမ်းပေးလာသော လက်ပေါ်သို့ သူ့လက်ကိုထပ်လိုက်ရင်း နှစ်ယောက်သားလက်တွဲကာ ဓာတ်လှေကားထဲသို့ဝင်သွားလိုက်တော့သည်...

..........."ယို့ဟိုး!!! ခုမှဘဲနားရတော့တယ်"

"ရေမချိုးဘူးလား"

အားတိုင်းရေချိုးခိုင်းနေသော အကြီးကောင်ဆီသို့ နဂါးမျက်စောင်းလွှတ်လိုက်ရင်း..

"မနက်ကဘဲချိုးလာတာလေ မေဘေးရဲ့ မင်းသာတစ်နေ့၁၆ခါလောက်ချိုးနေတာ ဘယ်ချိန်အအေးပတ်သေမလဲမသိဘူး"

"အဲ့တာသန့်တာ မင်းလိုညစ်တီးညစ်ပတ်ကောင်မဟုတ်ဘူး နွားစုတ်ရဲ့"

"သောက်ရူး!!"

အသံကျယ်အော်ဆဲလိုက်ရင်း အနားရှ်ဝက်ဝံ‌ရုပ်လေးဖြင့် အသားကုန်ပစ်ပေါက်ထည့်လိုက်သည်...တစ်ဖက်ကလူဟာလည်းအားကျမခံပင် ဝက်ဝံရုပ်ကိုဖမ်းကာသူ့ဆီသို့အားဖြင့် ပြန်ပစ်လိုက်သည်...သူမကျေနပ်စွာပင်ခုတင်ပေါ်သို့တက်လာသော ထိုရုပ်ချောချောနှင့်ကောင်အား ခေါင်းအုံးဖြင့် မျက်နှာကိုရိုက်ထည့်လိုက်သည်...Gemဟာလည်း ခေါင်းအုံးတစ်လုံးကိုကောက်ယူကာ သူ့ကိုပြန်ရိုက်သည်...နှစ်ယောက်သားအပြန်အလှန်ရိုက်ရင်းကနေ ပွဲစဖြစ်လာကြရာမှ ရောက်ရောက်ချင်းပင် အိပ်ခန်းထဲ၌ ခေါင်းအုံးတိုက်ပွဲကြီးဖြစ်ပေါ်လာပါတော့သည်။

...'အဟွတ်အဟွတ်!!'

"မောသွားပြီလား ရော့ရေ‌သောက်"

Gemကမ်းပေးလာသော ရေခဲရေခွက်အားလျှင်မြန်စွာယူပြီးမော့သောက်ပစ်လိုက်သည်..

"အာ~ ခုမှဘဲအဆင်ပြေသွားတော့တယ်"

"အပြင်သွားအုန်းမှာလား"

ခုတင်ခြေရင်းတွင်ရှိသော sofaပေါ်၌ခြေချိတ်ထိုင်ကာ ဆေးလိပ်ထုတ်ရင်းမေးလာသော Gem..

ဝုန်းခနဲဆိုသလိုပင်ခုတင်ပေါ်မှခုန်ဆင်းကာ Gemini အပေါ်သို့ခွတက်လိုက်ရင်းလက်ထဲတွင်ရှိသော ဆေးလိပ်ဘူးနှင့်လက်ကြားတွင်ညှပ်ထားသောဆေးလိပ်အား ယူကာ‌အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်..

"Ai fourth ! ဘာလုပ်တာလဲ"

"ငါရှေ့ဆေးလိပ်မသောက်နဲ့လို့ပြောထားတာ စောက်မှတ်သည်းခြေမရှိဘူးလား ငါ့ရှေ့မှာမသောက်နဲ့လို့ငါအတန်တန်ပြောထားတယ်လေ!Gem"

မျက်ခုံးများတွန့်ချိုးလျက် သူ့ကိုဆူပူလာသော အသေးကောင်...သူခြေချိတ်ထားသည်ကိုဖြုတ်ချလိုက်သည်...ခုအခြေအနေဟာဆိုရင်သူဟာ sofaပေါ်တွင်ထိုင်နေပြီး Fourth ဟာ သူ့အပေါ်တွင် ခွထိုင်လျက်သူ့ကိုဆူပူနေတာဖြစ်သည်..

"အေးပါငါမေ့သွားလို့.."

"‌ဒါကမေ့ရမဲ့အရာမဟုတ်ဘူးနော်! ငါအရက်တောင်ပေးသောက်ထားတာမင်းကို ဒါပေမဲ့ဆေးလိပ်မသောက်နဲ့ မင်းကိုယ်မင်းလည်းထိခိုက်သွားနိုင်သလို ငါလည်းဆေးလိပ်အငွေ့နဲ့အသက်ရှူကြပ်သေလိမ့်မယ်!မင်းတစ်ချက်လွဲသွားတာနဲ့ ငါကချက်ချင်းမသာပေါ်မှာ သေနာရေ!!"

"ဟုတ်ပါပြီ ကိုယ်တော်လေးရဲ့! ငါတောင်းပန်ပါတယ်ငါနားထောင်ပါ့မယ်ဟုတ်ပြီလား..ခုတော့ငါဗိုက်ဆာနေပြီ Fourth~"

ခါးသွယ်သွယ်လေးကိုဆွဲဖက်လိုက်ရင်း မေးစေ့ကိုအနှီလူသားလေး၏ပုခုံးပေါ်တင်ကာပြောလိုက်တော့ သူတို့အနေအထားကိုအခုမှသတိရသွားဟန်...သူ့လက်ကိုဖယ်ချကာ ကိုယ်ပေါ်မှဆင်းသွားရင်း မီးဖိုချောင်ဘက်သို့လျှောက်သွားလေသည်...

"ဘာစားမှာလဲ သေနာ!!!"

မီးဖိုခန်းထဲမှလှမ်းအော်သံကြောင့် ပြုံးလိုက်ရင်း...

"ဘာဖြစ်ဖြစ်မင်းချက်တာအကုန်စားတယ်!!!!!မင်းကိုစားရလဲ အဆင်ပြေတယ်!!!"

သူပြောလိုက်သောရိသဲ့သဲ့စကားလုံးများကြောင့်Fourth ဒေါသထွက်သွားဟန်တူပါသည်..ချက်ချင်းပင်မီးဖိုခန်းထဲမှ သူ‌ရှိရာသို့လျှောက်လာကာ ခေါင်းကိုခေါက်လေသည်။

"အဲ့လောက်ငါ့ကိုစားချင်နေတယ်ပေါ့ ဟုတ်လား အေး မင်းငါ့ကိုအရင်မစားခင်ငါကမင်းကိုနုတ်နုတ်စင်းပြီး ခွေးစာကျွေးပစ်မယ်!!"

"အောင်း..!သူ့စိတ်ချည်းဘဲ ငိုးမခွေးပေါက်"

နာကျင်သွားသာခေါင်းလေးအားပွတ်ရင်းင်းသူပြောလိုက်သည်..သို့သော်ထိုကောင်လေးကတော့ဂရုမစိုက်ပါ မျက်စောင်းတစ်ချက်ထိုးရင်းမီးဖိုချောင်ဘက်သို့ပြန်လှည့်ထွက်သွားလေတော့သည်...မင်းကဘယ်လိုလေးလဲ Nattawat ရဲ့...

_____________နောက်တစ်ပိုင်းမမှောင့်တစ်မှောင်လာမယ်🌚

Z.“ဖူးခက္”

Car parking တြင္ ကားထိုးလိုက္ရင္း ႏွစ္ေယာက္သား Hotel ထဲသို႔ ဝင္လာခဲ့ၾကသည္..

"ေဟး သူေဌးေလးတို႔ေရာက္လာၾကၿပီ အထုတ္ေတြသြားသယ္ၾက ကေလးတို႔"

"ဟုတ္! ဂ်ာႀကီး"

Hotel ထဲသို႔ေျခခ်လိုက္သည္ဆိုတာႏွင့္ ရွိရွိသမွ်ဝန္ထမ္းအကုန္လုံး ေယာက္ယက္ခတ္ကုန္ၾကသည္..မန္ေနဂ်ာ၏ အမိန္႔ေပးသံေတြဟာလည္းဆူညံလို႔သြားသည္..

"အိုးဟိုး... ဂ်ာႀကီးေျဖးေျဖးေပါ႔ က်ေတာ္လာတာပါ ဒယ္ဒီလာတာမဟုတ္ပါဘူးေနာ္"

ရယ္သံစြက္ရင္းေျပာလိုက္ေတာ့ မန္ေနဂ်ာမွာ သူ့နားသို႔ ေျပးလာသည္..ေရာက္ေတာ့ အေနာက္မွ Gemini အားျမင္သြားတာေၾကာင့္..

"သူေဌးေလးကိုCEOကဂ႐ုတစ္စိုက္နဲ႔လုပ္ေပးဖို႔အမိန္႔ေပးတာလို႔ပါ..အဲ...သူေဌးေလး Gemini လည္းပါတာကိုး..မဂၤလာပါ သူေဌးေလးGemini"

ဦးၫႊတ္ရင္းသူ့ကိုႏႈတ္ဆက္လာေတာ့ Gemini ေခါင္းၿငိမ့္လိုက္ရင္းၿပဳံးသာျပလိုက္သည္..

"ကဲ ဒါဆိုက်ေတာ္တို႔သြားေတာ့မယ္"

"ဟုတ္ကဲ့ပါ သူေဌးေလး က်ေတာ္လိုက္ပို႔ေပးပါ႔မယ္"

"အိုး..! ထားလိုက္ပါ က်ေတာ့္ဘာသာသြားတတ္လာတတ္ပါတယ္ ကေလးလဲမဟုတ္ေတာ့ပါဘူးဗ်ာ ဂ်ာႀကီးလုပ္စရာရွိတာသာဆက္လုပ္"

"ဟုတ္..ဟုတ္ကဲ့ပါ"

"ေသာ့ေပးအုန္းေလ ဂ်ာႀကီး က်ေတာ္ဘာနဲ႔ဖြင့္ရမွာလဲဗ်"

လက္ျဖန္႔ရင္းေတာင္းလိုက္ေတာ့ ေခါင္းေလးကုတ္ကာ "ေမ့သြားလို႔ပါ" ဟုဆိုရင္းသူ့လက္ထဲသို႔ ေသာ့ေလးထည့္ေပးလာသည္...မန္ေနဂ်ာဆိုေသာ္ျငားလည္း အသက္ႀကီးႀကီးေတာ့မဟုတ္ ဂ်ာႀကီးအသက္ဟာ အခုမွ ၂၇ႏွစ္သာရွိေသးသည္..၁၈ႏွစ္ထဲကအလုပ္ဝင္ကာအလုပ္ႀကိဳးစားခဲ့သည္မို႔ မန္ေနဂ်ာရာထူးကိုရခဲ့သည္သာ...လက္ေအာက္ငယ္သားေတြကိုဘယ္ေသာအခါမွ႐ိုင္းစိုင္းစြာမေျပာသလို ေဖာ္ေဖာ္ေရြေရြႏွင့္ တန္းတူေပါင္းသင္းဆက္ဆံသည္..မာန္တက္ျခင္းလည္းမရွိ အလုပ္ကိုလည္းအရမ္းႀကိဳးစားလြန္းတာေၾကာင့္ ဒယ္ဒီကသူ့ကိုအရမ္းသေဘာက်သည္ေလ...

"Fourth သြားမယ္ေလ"

တစ္ေယာက္တည္းစဉ္းစားခန္းဖြင့္ေနခ်ိန္ ေရွ႕မွ Gem၏ေခၚသံေၾကာင့္အသိျပန္ဝင္လာကာ ထိုလူကမ္းေပးလာေသာ လက္ေပၚသို႔ သူ့လက္ကိုထပ္လိုက္ရင္း ႏွစ္ေယာက္သားလက္တြဲကာ ဓာတ္ေလွကားထဲသို႔ဝင္သြားလိုက္ေတာ့သည္...

..........."ယို႔ဟိုး!!! ခုမွဘဲနားရေတာ့တယ္"

"ေရမခ်ိဳးဘူးလား"

အားတိုင္းေရခ်ိဳးခိုင္းေနေသာ အႀကီးေကာင္ဆီသို႔ နဂါးမ်က္ေစာင္းလႊတ္လိုက္ရင္း..

"မနက္ကဘဲခ်ိဳးလာတာေလ ေမေဘးရဲ႕ မင္းသာတစ္ေန႔၁၆ခါေလာက္ခ်ိဳးေနတာ ဘယ္ခ်ိန္အေအးပတ္ေသမလဲမသိဘူး"

"အဲ့တာသန္႔တာ မင္းလိုညစ္တီးညစ္ပတ္ေကာင္မဟုတ္ဘူး ႏြားစုတ္ရဲ႕"

"ေသာက္႐ူး!!"

အသံက်ယ္ေအာ္ဆဲလိုက္ရင္း အနားရွ္ဝက္ဝံ‌႐ုပ္ေလးျဖင့္ အသားကုန္ပစ္ေပါက္ထည့္လိုက္သည္...တစ္ဖက္ကလူဟာလည္းအားက်မခံပင္ ဝက္ဝံ႐ုပ္ကိုဖမ္းကာသူ့ဆီသို႔အားျဖင့္ ျပန္ပစ္လိုက္သည္...သူမေက်နပ္စြာပင္ခုတင္ေပၚသို႔တက္လာေသာ ထို႐ုပ္ေခ်ာေခ်ာႏွင့္ေကာင္အား ေခါင္းအုံးျဖင့္ မ်က္ႏွာကို႐ိုက္ထည့္လိုက္သည္...Gemဟာလည္း ေခါင္းအုံးတစ္လုံးကိုေကာက္ယူကာ သူ့ကိုျပန္႐ိုက္သည္...ႏွစ္ေယာက္သားအျပန္အလွန္႐ိုက္ရင္းကေန ပြဲစျဖစ္လာၾကရာမွ ေရာက္ေရာက္ခ်င္းပင္ အိပ္ခန္းထဲ၌ ေခါင္းအုံးတိုက္ပြဲႀကီးျဖစ္ေပၚလာပါေတာ့သည္။

...'အဟြတ္အဟြတ္!!'

"ေမာသြားၿပီလား ေရာ့ေရ‌ေသာက္"

Gemကမ္းေပးလာေသာ ေရခဲေရခြက္အားလွ်င္ျမန္စြာယူၿပီးေမာ့ေသာက္ပစ္လိုက္သည္..

"အာ~ ခုမွဘဲအဆင္ေျပသြားေတာ့တယ္"

"အျပင္သြားအုန္းမွာလား"

ခုတင္ေျခရင္းတြင္ရွိေသာ sofaေပၚ၌ေျခခ်ိတ္ထိုင္ကာ ေဆးလိပ္ထုတ္ရင္းေမးလာေသာ Gem..

ဝုန္းခနဲဆိုသလိုပင္ခုတင္ေပၚမွခုန္ဆင္းကာ Gemini အေပၚသို႔ခြတက္လိုက္ရင္းလက္ထဲတြင္ရွိေသာ ေဆးလိပ္ဘူးႏွင့္လက္ၾကားတြင္ညႇပ္ထားေသာေဆးလိပ္အား ယူကာ‌အမႈိက္ပုံးထဲသို႔ လႊင့္ပစ္လိုက္သည္..

"Ai fourth ! ဘာလုပ္တာလဲ"

"ငါေရွ႕ေဆးလိပ္မေသာက္နဲ႔လို႔ေျပာထားတာ ေစာက္မွတ္သည္းေျခမရွိဘူးလား ငါ႔ေရွ႕မွာမေသာက္နဲ႔လို႔ငါအတန္တန္ေျပာထားတယ္ေလ!Gem"

မ်က္ခုံးမ်ားတြန္႔ခ်ိဳးလ်က္ သူ့ကိုဆူပူလာေသာ အေသးေကာင္...သူေျခခ်ိတ္ထားသည္ကိုျဖဳတ္ခ်လိုက္သည္...ခုအေျခအေနဟာဆိုရင္သူဟာ sofaေပၚတြင္ထိုင္ေနၿပီး Fourth ဟာ သူ့အေပၚတြင္ ခြထိုင္လ်က္သူ့ကိုဆူပူေနတာျဖစ္သည္..

"ေအးပါငါေမ့သြားလို႔.."

"‌ဒါကေမ့ရမဲ့အရာမဟုတ္ဘူးေနာ္! ငါအရက္ေတာင္ေပးေသာက္ထားတာမင္းကို ဒါေပမဲ့ေဆးလိပ္မေသာက္နဲ႔ မင္းကိုယ္မင္းလည္းထိခိုက္သြားႏိုင္သလို ငါလည္းေဆးလိပ္အေငြ႕နဲ႔အသက္႐ွဴၾကပ္ေသလိမ့္မယ္!မင္းတစ္ခ်က္လြဲသြားတာနဲ႔ ငါကခ်က္ခ်င္းမသာေပၚမွာ ေသနာေရ!!"

"ဟုတ္ပါၿပီ ကိုယ္ေတာ္ေလးရဲ႕! ငါေတာင္းပန္ပါတယ္ငါနားေထာင္ပါ႔မယ္ဟုတ္ၿပီလား..ခုေတာ့ငါဗိုက္ဆာေနၿပီ Fourth~"

ခါးသြယ္သြယ္ေလးကိုဆြဲဖက္လိုက္ရင္း ေမးေစ့ကိုအႏွီလူသားေလး၏ပုခုံးေပၚတင္ကာေျပာလိုက္ေတာ့ သူတို႔အေနအထားကိုအခုမွသတိရသြားဟန္...သူ့လက္ကိုဖယ္ခ်ကာ ကိုယ္ေပၚမွဆင္းသြားရင္း မီးဖိုေခ်ာင္ဘက္သို႔ေလွ်ာက္သြားေလသည္...

"ဘာစားမွာလဲ ေသနာ!!!"

မီးဖိုခန္းထဲမွလွမ္းေအာ္သံေၾကာင့္ ၿပဳံးလိုက္ရင္း...

"ဘာျဖစ္ျဖစ္မင္းခ်က္တာအကုန္စားတယ္!!!!!မင္းကိုစားရလဲ အဆင္ေျပတယ္!!!"

သူေျပာလိုက္ေသာရိသဲ့သဲ့စကားလုံးမ်ားေၾကာင့္Fourth ေဒါသထြက္သြားဟန္တူပါသည္..ခ်က္ခ်င္းပင္မီးဖိုခန္းထဲမွ သူ‌ရွိရာသို႔ေလွ်ာက္လာကာ ေခါင္းကိုေခါက္ေလသည္။

"အဲ့ေလာက္ငါ႔ကိုစားခ်င္ေနတယ္ေပါ႔ ဟုတ္လား ေအး မင္းငါ႔ကိုအရင္မစားခင္ငါကမင္းကိုႏုတ္ႏုတ္စင္းၿပီး ေခြးစာေကြၽးပစ္မယ္!!"

"ေအာင္း..!သူ့စိတ္ခ်ည္းဘဲ ငိုးမေခြးေပါက္"

နာက်င္သြားသာေခါင္းေလးအားပြတ္ရင္းင္းသူေျပာလိုက္သည္..သို႔ေသာ္ထိုေကာင္ေလးကေတာ့ဂ႐ုမစိုက္ပါ မ်က္ေစာင္းတစ္ခ်က္ထိုးရင္းမီးဖိုေခ်ာင္ဘက္သို႔ျပန္လွည့္ထြက္သြားေလေတာ့သည္...မင္းကဘယ္လိုေလးလဲ Nattawat ရဲ႕...

_____________ေနာက္တစ္ပိုင္းမေမွာင့္တစ္ေမွာင္လာမယ္🌚

There are no comments yet. Log in to be the first to leave a review!

Similar stories