Fanfics

2🌪️

21:35, 14 July 2023

ကျောင်းရှေ့ရောက်ပြီ..

အသက်ကိုဝအောင်ရှူလိုက်ရင်း ရှေ့တွင်ထည်ဝါစွာရှိနေသောကျောင်းတော်ကြီးအား ကြည့်လိုက်သည်...ထို့နောက် အတောက်ပဆုံးပြုံးကာနေတော့

"ရူးနေတာလား အသေးကောင်?"

အသဲနှလုံးမရှိအေးတိအေးစက်သူတောင်းစားမှ သူ့အားပြောလာသည်ကြောင့် Fourth တင်းသွားလေသည်...

"ဘောကိုရူး ဒါပြန်တက်‌ရတဲ့ကျောင်းတော်ကြီးကိုကြည့်ရင်း အရင်ကအမှတ်တရလေးတွေကိုသတိတရနဲ့ ခံစားနေတာကွ!! မင်းလိုဘာအမှတ်တရမှမရှိတဲ့ကောင်မဟုတ်ဘူး သဘောပေါက်!"

"အေးပါကွာ စောက်ကြီး‌စောက်ကျယ်နဲ့ သွားမှာဖြင့်သွား!"

စကားများနေသော အသေးကောင်အားအမြင်ကပ်စွာပင် ကျောင်းဝင်းထဲသို့တွန်းထည့်လိုက်သည်...လျှာကြောရှည် နွားပေါက်!

......

အတန်းထဲသို့ဝင်ရောက်လာသည်ဆိုတာနှင့် အရင်နှစ်ကလိုပင် Gemini မှာအေးတိအေးစက်ဖြင့်သာ ရှေ့ဆုံးခုံ၌ဝင်ထိုင်လိုက်သည်...သို့သော် Fourth ကတော့ သူ့ဘေးကပ်ရပ်ရှိခုံတွင်လွယ်အိတ်ပစ်ချကာ အတန်းထဲရှိသူများအားတစ်ယောက်ပြီးတစ်ယောက်လိုက်နှုတ်ဆက်နေသည်လေ.....သူတို့နှစ်ယောက်ဟာအရမ်းကိုကွာခြားသည်...သူဟာကျောင်းတွင်အမြဲအေးတိအေးစက်နေသည် ဘယ်သူနှင့်မှမသိသလို သိလဲမသိချင်...‌ fourth နှင့်သာ ရယ်မောစွာစကားပြောလေ့ရှိသည်....အခြားသူများနှင့်ဆိုလျှင်အရီအပြုံးမရှိသလိုရင်းတိုရှင်းသာပြောတတ်သည်...သို့ဆိုသော်ငြား Fourth ကမူမတူပေ...တစ်ကျောင်းလုံးတွင်သူမသိသူမရှိသလို အကုန်လုံးကလဲသူ့ကိုမသိသူမရှိ.. Fourth ဟာခင်တတ်မင်တတ်သလို လူချစ်လူခင်အရမ်းပေါသည်...ကျောင်းအုပ်ကအစ ကျောင်းစတက်လာသည့်ကလေးတွေကအဆုံးသူ့ကိုသဘောကျနှစ်သက်ကြသည်...

"အကြီးကောင် !"

"လခွမ်း! လန့်တာ"

"ဘာတွေတွေးနေတာတုန်း ရော့မင်းအတွက် ကောင်မလေးတွေပေးလိုက်တာ!"

ပန်းစည်းအချို့နင့်စာအိတ်များအား ခုံပေါ်သို့ပစ်ချပေးရင်းဝင်ထိုင်လာသည့် အသေးကောင်!

"လီးမို့ယူလာတာလား? ငါမလိုချင်ဘူးဆိုတာကိုမင်းကိုနှစ်တိုင်းပြောနေရတာ အာပေါက်နေပြီ"

"စောက်ပါးစပ်ပိတ်ထား အားနာလို့ယူလာတာ မလိုချင်လွှင့်ပစ်လိုက်ပေါ့ အကြီးကောင်!"

"မင်းကို လီးဘဲနော်Ai fourth !"

"ငါကလဲ ဘောဘဲတဲ့ Ai Gem!"

နှစ်ယောက်သားမျက်စောင်းထိုးလိုက်ကြရင်း ကျောခိုင်းလိုက်ကြကာ လုပ်စရာရှိသည်များကိုလုပ်နေလိုက်သည်...Ai Gemက စောက်ရမ်းအကြည်ဓာတ်များတာဘဲ!!

ဆရာမဝင်လာသည်...သူ့ကိုယ်သူမိတ်ဆက်ကာ သူဟာအတန်းပိုင်ဖြစ်ကြောင်းပြောကြားပြီးနောက်..အတန်းခေါင်းဆောင်များအားရွေးရန် မဲပေးခိုင်းသည်...

သူGeminiရမည်ကိုကြိုသိနေသည်..အဘယ်ကြောင့်ဆိုသော် Geminiဟာ ဟိုးအရင်တည်းက အခုထိကို အတန်းခေါင်းဆောင်နေရာရခဲ့သည်...သူကတော့အမြဲ ဒုခေါင်းဆောင်ဖြစ်သည်..အကြောင်းရင်းမှာ သူဟာလူချင်လူခင်ပေါသော်လည်း Gemini ဟာတော့ ရုပ်ချောဥစ္စာပေါ မာနကကြီး typeဟာ ကြွေချင်စရာဖြစ်နေသည်ကြောင့် သူ့ထက်ထိုရုပ်ချောချောနဲ့ကောင်ကိုပိုသဘောကျသည်ကြောင့်သာ..တစ်ခါတစ်လေနာမည်ကြီးဘေးနားနေရတာလည်း ဒုက္ခတစ်မျိုး!

"ကဲ..မဲအရေအတွက်အရ အတန်းခေါင်းဆောင်ကတော့ Gemini Norawit နဲ့ ဒုခေါင်းဆောင်နေရာကိုတော့ Fourth Nattawat တို့ဘဲဖြစ်ပါတယ်"

ဆရာမ၏စကားသံအဆုံးတွင်အားလုံးဟာလက်ခုပ်ထတီးကြသည်..သူထင်ထားသည့်အတိုင်းပင်မလွဲမသွေဖြစ်လာတာကြောင့် တစ်ချက်မျှပြုံးရင်း ဘေးကလူအားအကြည့်ရောက်မိတော့..

"လီးကြည့်တာလား"

"မင်းမျက်ခွက်ကလီးကြီးလား?"

"မအေလုံး အသေးကောင်!"

"သူတောင်းစား အကြီးကောင်!"

မျက်နှာချင်းဆိုင်လိုက်ရင်ကိုဖြစ်နေတတ်သောရန်ပွဲသာ.....

ဆရာမစာရှင်းပြသည်ကိုဂရုတစ်စိုက်နားထောင်နေစဉ်

"အသေးကောင် မင်းစောက်ခြေထောက်ကိုကြွစမ်း!"

"ဘာလဲဟ?"

"ခွေးသားလေး ငါ့ခြေထောက်မင်းတက်နင်းထားတယ်"

အံကြိတ်ကာပြောလိုက်သော်လည်း မထိတထီမျက်နှာဘေးနှင့် ဂရုပင်မစိုက် ရှေ့သို့ပြန်လှည့်သွားသော Fourth အား စိတ်တိုတိုဖြင့်ပင် ကျန်နေသောခြေတစ်ဖက်နှင့် သကောင့်သား၏ခြေထောက်အားတက်နင်းချလိုက်သည်..

"အားးးးးး!!!!!"

"သား fourth ဘာဖြစ်တာလဲ"

ရုတ်တရက်နာကျင်သွားမှုကြောင့်အသံကုန်အော်ဟစ်မိလိုက်တော့ တစ်တန်းလုံးအကြည့်ဟာ သူ့ဆီသို့ရောက်လာသည်လေ....

"ဟို သား သားခြေမ ခုံခြေထောက်နဲ့တိုက်မိလို့ပါဆရာမ"

"နောက်ဆိုသတိထား!"

"ဟုတ်~"

သူ့ကိုပြောပြီးနောက်စာပြန်သင်ရန်လှည့်သွားသောဆရာမအားတစ်ချက်မျှကြည့်ရင်း...ဘေးနားက အရူးကောင်ဆီသို့ကြည့်လိုက်ရင်း...

"ခွေးသူတောင်းစားလေး အတန်းဆင်းရင် မင်းစောက်ခွက်ကိုငါသေအောင်ထိုးပစ်မယ်!"

အံကြိတ်ကာဒေါသတကြီးဖြင့်ပြောလိုက်သော်ငြား...အရယ်ပင်မပြတ် လျှာတောင်ထုတ်ပြသွားသော အကြီးကောင်ကြောင့် ဒေါသဟာငယ်ထိပ်သို့တက်ရပြန်သည်လေ...

*မင်းသေဖို့သာပြင်ထား Gemini Norawit!!!!!!*

"ကဲ ဒီနေ့တော့ဒီလောက်နဲ့ရပ်ထားမယ် အိမ်စာ‌ပေးတာလေးလုပ်ခဲ့ကြ!"

"ဟုတ်!!"

အားလုံးဟာသိမ်းဆည်းရင်း အပြင်သို့အလျှိုုလျှိုုထွက်သွားကြသည်...

နောက်ဆုံးသူတို့နှစ်ယောက်ဘဲကျန်တော့ စာအုပ်သိမ်းနေသောGemini ၏ကော်လံစကိုဆွဲကာ...

"မင်းခုနကဘာလုပ်တာလဲ စောက်ကောင်!"

"တက်နင်းလိုက်တာလေ"

*ရိသဲ့သဲ့နဲ့ဒီကောင်ဘာလား...!*

"ဘာကိစ္စတက်နင်းရတာလဲ?"

"ငါပြောသားဘဲ မင်းခြေထောက်ကိုဖယ်ပါလို့လေ"

သူ့မျက်နှာနားသို့ အကြီးကောင်၏မျက်နှာအားထပ်မံနီးကပ်အောင်ဆွဲယူလိုက်ရင်း.!

"ငါမင်းကိုထိုးပစ်မယ်!!!"

"ဘာနဲ့ နှုတ်ခမ်းနဲ့လား?"

__________________

ခုမှအားတယ်🗿

There are no comments yet. Log in to be the first to leave a review!

Similar stories