Fanfics

အပိုင်း၁၉

17:49, 12 July 2024

အပိုင်း၁၉

ဖြန်း

အား

ကျယ်လောင်သည့် အသံနှင့်အတူ မိန်းမတစ်ယောက်ရဲ့ တိုးတဲ့တဲ့နာကျင်မှုအသံဟာ မြေအောက်ခန်းတစ်ခုအတွင်းတွင်ထွက်ပေါ်လာခဲ့သည်။

‌" တော်ပါတော့ ဧကရီ လီလီတောင်းပန်ပါ...တယ် "

သွေးများရဲ့ကာ လဲနေသည့် မိန်းကလေးဟာလီလီဝင့်သူပင်ဖြစ်၏။ မျက်နှာတစ်ခုလုံးဖြူဆုတ်နေကာ မျက်ဝန်းများကတော့ သူ့ကိုချက်ချငး်သတ်ပေးရန်တောင်းဆိုနေသလိုပင်။

" သတ်...သတ်ပေးပါတော့ အားးး "

သွေးများဖျာကနဲထွက်လာသည့် ခြေချောင်းများတွင် ခြေသည်းခွံများဟာမရှိတော့။ လက်ထဲတွင် ပလယာတစ်ခုကိုင်၍ အေးစက်စွာ ကြည့်နေပုံမှာ သေလူတစ်ယောက်ကိုကြည့်နေသလိုပင် ။

" သေဖို့လား..သေတာက မင်းအတွင်အရမ်းကိုလျှော့ပေါ့လွန်းတယ် "

" သူ့ ခြေသည်းလက်သည်းတွေအကုန်ခွာလိုက်။ ပြီးရင် ဆားသိပ်လိုက် ..အော် မသေစေနဲ့နော် "

ထွက်သွားခါနီးပြန်လှည့်ကာ ပြောလာသည့် ဧကရီ့မျက်ဝန်းတို့မှာ အမှောင်ထုနှင့်အပြိုင်နက်မှောင်လို့နေသည်။ စိတ်ကတော့ ကိုယ့်အခန်းကိုပြန်ဖို့တွေးနေဟော်လည်း ခြေလှမ်းများဟာ ထိုကလေးရဲ့အခန်းရှေ့တွင်ရပ်တန့်သွားခဲ့သည်။ အညိုရောင်တံခါးလေးဟာအ ထီးကျန်စွာတည်ရှိနေခဲ့သည်။

လက်ကိုင်ဖုကိုလက်လှမ်းလိုက်ပြီး မရောက်ခင်မှာပင် ပြိုလဲကာ ဒူးထောက်ကျသွားရသည်။ မျက်ရည်မကျအောင်ထိန်းထားသည်ကြောင့် မျက်ဝန်းစပ်များဟာ ရဲရဲနီလာခဲ့သည်။ လက်သီးကိုတင်းတင်းဆုတ်ထားသည်ကြောင့် လက်သည်းအချို့ဟာ လက်ဖဝါးကိုဖောက်ဝင်နေကြပြီး ‌လည်ပင်းကြောများဟာထောင်နေခဲ့သည်။

" က..ကလေးငယ် "

ခပ်အစ်အစ်အသံဟာ တိုးလျလှသည်။ မျက်ရည်များဟာ တစ်ဖြည်းဖြည်းစီးကျလာခဲ့၏။

" မမ "

" ကလေး "

ကြားလိုက်ရသည့် အသံကြောင့် ချက်ချင်း အခန်းထဲဝင်သွားလိုက်သော်လည်း တိတ်ဆိတ်နေသည့်အခန်းလွတ်ကသာစီးကြိုနေခဲ့သည်။ သူနားကြားမှားပြန်ပြီလား။ ခွေယိုင်လာသည့် ခြေထောက်များကြောင့် အိပ်ယာပေါ်အသာထိုင်လိုက်မိသည်။ သူ့ကလေးလေးက ဒီမှာအမြဲအိပ်ခဲ့တာ ဟုတ်တယ်။ သူ့အပိုင်လေးက ဒီမှာ‌ရှိသေးတယ်။

ကိုယ်သင်းနံ့သင်းသင်းလေးကို ဖက်ထားသည့် ခေါင်းအုံ့မှရခဲ့သည်။ သူ့ကိုယ့်စိတ်ကို မသိခဲ့တာကြောင့် ကလေးကိုဆုံးရှုံးခဲ့ရပြီ။ ဧကရီဟာ ကိုယ့်စိတ်ကို သိစေရန်အတွင် လီလီကိုယ့်အသုံးချခဲ့သော်လည်း ထိုမိန်းမက သူ့အပိုင်လေးကို ‌ဆုံးရှုံးစေမယ်လို့ဘယ်သူက ထင်မှာလဲ။ ကိုယ့်ညီမက‌ိုယ်သေစေတဲ့လူရဲ့ သွေးတွေစီးစင်းနေတဲ့ ကလေးဟာ ကိုယ့်ကလေးဖြစ်လာမျာကို ဧကရီဘယ်လိုစိတ်နဲ့များလက်ခံနိုင်ပါ့မလဲ

အဲ့အဖြစ်အပျက်တွေဖြစ်တဲ့နေ့မှာ ဧကရီဟာ အရေးကြီးအလုပ်ကိစ္စကြောင့် နိုင်ငံခြားသို့ချက်ချင်းထွက်ခဲ့ရသည်။သူ့ပြန်ရောက်ရောက်ချငး်ကြားလိုက်ရသည့်ည့် သတင်းက ဧကရီ့ကို ရူးသွက်သွားစေသလိုပင်။

လွန်ခဲ့သောတစ်လခန့်က

အဝေးပြေးကားလမ်းမကြီးပေါ်တွင် ပြေးလွှားနေသော ကားအနက်ရောင်တစ်စီး။ ထိုအထဲတွင်တော့အနည်းငယ်ပြုံးရောင်သန်းနေသည့် ဖြူနုနုမျက်နှာလေးတစ်ခု။ လက်ထဲတွင်လည်း လည်ပတ်အဖြူရောင်လေးဟာ အလယ်က သရဖူပုံသဏ္ဌာန် စိန်လေးကြောင့် တစ်လက်လက်တောက်ပလို့နေခဲ့သည်။

" ကလေးလေး မင်းနဲ့ ဒီလည်ပတ်လေးဟာ အရမ်းလိုက်မှာပဲ "

ကိုယ့်ဘာကိုယ်ပြောရင်း ဧကရီ့မျက်ဝန်းများစီအထိပါ ပြုံးသွားခဲ့သည်။ အနေဝေးသွားမှ သူသိလာခဲ့တယ် ။ သူထိုကလေးလေးကို အမှန်ပင် ချစ်မိနေခဲ့ပြီ။ ချစ်ရည်ရွှမ်းနေသည့် မျက်ဝန်းလေး‌ေတွ ၊ နှုတ်ခမ်းရဲရဲလေးတွေ သူ့ရင်ကို တစ်ဒုန်းဒဒန်း‌ခုန်စေနိုင်သည့် ကိူယ်သင်းနံ့လေးတွေ။

ဧကရီ တွေးနေစဉ်တွင် ဖုန်းဝင်လာခဲ့တာကြောင့် ကြည့်မိတော့ သဲစဉ်ပင်။

" ဟယ်လို သံစဉ် "

" ဧကရီ နင်အခုပြန်ရောက်ပြီလား။ "

" ဟင့်အင် လမ်းပေါ်မှာပဲရှိသေးတယ်။ "

" ဒါဆိုဆေးရုံကို တန်းလာခဲ့ "

" ဟင် ဘာဖြစ်လို့လည်း နင်နေမကောင်းလို့လား။ "

" ရောက်ရင် သိလိမ့်မယ် "

‌တီ ဆိုကာ ကျသွားသော ဖုန်းကို ဧကရီ စက္ကန့်အနည်းငယ်မျှကြည့်လိုက်မိသည်။ သံစဉ့်အသံဟာ မူမမှန်ပေ။ တစ်ခုခုဖြစ်လို့လား။ စိတ်ထဲတွင်ထင့်လာခဲ့မိသည်။ အတွသ်းရေးမှူးကို ဆေးရုံသို့လမ်းကြောင်းပြောင်းချုငိးလိုက်ကာ မျက်မှောင်ကြုံးထားလိုက်မိသည်။ ခုနက ပျော်ရွှင်နေသည့် စိတ်အစုံဟာလည်း ပျောက်သွားခဲ့၏။

" ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား။ "

ဆေးရုံသို့ရောက်သည်နှင့် စိးကြိုနေသည့် သံစဉ့် မျက်ဝန်းများဟာ သူစိမ်းဆန်နေခဲ့သည်။ ဟုတ်တယ် သူစိမ်းဆန်နေခဲ့တာ..။

" ဖြန်း..."

ကျယ်လောင်သည့်အသံဟာ ဆေးရုံလမ်းတစ်လျှောက်မှာပျံ့နှံ့သွားကာ သူနာပြုများ လမ်းသွားလမ်းလာများဟာလည်း ကွက်ကြည့်ကွက်ကြည့်ကြည့်လာကြ၏။

" ပျော်ရဲ့လား။ ဧကရီ နင်မုန်းနေတဲ့ လူက နင့်ဘဝထဲက ထွက်သွားရပြီဆို‌တော့ ပျော်ရဲ့လား။ "

" ဘာကို... "

ဒေါသကြောင့် ဧကရီ့ရင်ဘတ်ဟာ နိမ့်ချည်မြငိ့ချည်ဖြစ်‌ေနခဲ့သည်။ သို့သော်လည်း ဆက်ပြောလာသည့် စကားများကြောင့် ရင်ဘတ်တနရာတွင် ဒုတ်ကနဲမြည့်ဟီးသွားခဲ့သည်။

" ဟန်..ဟန်လေးမရှိတော့ဘူး.."

" ဘာ !!! မဖြစ်နိုင်တာ !!! ငါထွက်သွားတုန်းကတောင် အကောင်းကြီးကို ဒါနောက်စရာမဟုတ်ဘူးနော် သံစဉ်ချို !!! "

သံစဉ့်လက်မောင်းကို ကိုင်လှုပ်ကာ ဒေါသတကြီးပြောလာသည့် ဧကရီ့ပုံစံမှာစိတ်လွတ်သွားသည့် လူတစ်ယောက်ပမာ။

" မ ကိုလွတ်လိုက် "

" မဟုတ် ...မဟုတ်ဘူး ကလေးက ကိုယ့်ကိုထားခဲ့မှာမဟုတ်ဘူး !!! "

ကျော်စွာမောင်၏ အတင်းတွန်းထုပ်ခြင်းကိုခံလိုက်ရသည်ကြောင့် ယိုင်နဲ့သွားသော်ငြား ထိုသည်ကိုစိတ်ရောက်ရန်မတူ။ စိတ်လွတ်နေသည့် လူတစ်ယောက်ပမာ ခေါင်းကိုဘယ်ညာယမ်းနေခဲ့၏။

" ဘယ်မှာလဲ !!! ငါ့ကလေးလေးဘယ်မှာလဲလို့ သံစဉ်ချို !!! "

" သ...သဂြိုလ် လိုက်ပြီ "

တုန်ရင်စွာထွက်ပေါ်လာသည့် သံစဉ့်အပြောအဆုံးတွင် ဧကရီဟာ ဒူးထောက်လဲကျသွားခဲ့သည်။ စီးကျနေဆဲမျက်ရည်များကြောင့် မျက်ဝန်းများဟာ မှုံဝါးလာခဲ့သည်။ ရင်ဘတ်တစ်နေရာမှာထိုးအောင့်နေသည်မှာ လွန်စွာနာကျင်လှ၏။ ထိုနာကျင်မှုကိုမခံနိုင်သည့်အဆုံး သူ့မေ့မျောသွားခဲ့သည်။ နားထဲမှာ နောက်ဆူံးကြားလိုက်ရသည်က သံစဉ့်ရဲ့ဆိုးရိမ်တကြိးခေါ်သံ...။

ထိုနေ့ကစ တစ်ပတ်နီးပါး ဧကရီမေ့မျောနေခဲ့ကာ အိမ်မက်ထဲတွင်လည်း သူ့ကလေးလေးဟာ သူ့ကိုအမြဲကျောခိုင်းသွားခဲ့၏။ မဖြစ်နိုင်တာ သူ့ခွင့်ပြုချက်မရှိပဲ ဘာကိစ္စထွက်သွားရမှာလဲ.!! နိုးလာသည်နှင့်ထိုသတင်းဟာအမှန်ဆိုတာကို သိလိုက်ရသော်လည်း ဧကရီ့စိတ်ထဲမှ လက်မခံခဲ့။ အမြဲရှာဖွေနေခဲ့သညိ။

_________

" တော်တော့ ဧကရီ !!! ‌မောင့်ကို လွှတ်လိုက်တော့လို့ "

မျက်ရည်များရွှဲလို့ဧကရီ့ရဲ့ သက်တော်စောင့်တွေလက်မှ အတင်းရုန်းထွက်နေသည့် သံစဉ်ချိုကို ဧကရီဟာ အေးစက်စွာကြည့်နေခဲ့သည်။

" မေးတာကို အရင်ဖြေ ကလေးငယ် ဘယ်မှာလဲ "

ဧကရီ့အပြောကို သွေးများရွှဲနေအောင်ခုံပေါ်တွင်ရိုက်ခံထားရသည့် ကျော်စွာမောင်ဟာ သံစဉ့်အား မပြောရန် ခေါင်းယမ်းပြနေခဲ့၏။

သံစဉ့်မျက်နှာတွင် တွေဝေမှုများပြည့်နေခဲ့သည်။ သူ့မျက်စိရှေ့မှာသူချစ်ရတဲ့လကိုနှိတ်စက်နေသည်ကို မည်သူကခံနိုင်မည်နည်း။ ဧကရီဟာ ထိုသို့ လူတွေရဲ့စိတ်ကို ကစားရာတွင် အလွန်တော်၏။ မောင့်ကို ဖမ်းခေါ်ပြီး သံစဉ်ကို ဒီနေရာသို့ခေါ်လာခဲ့ကာ ရိုက်နှက်သည်ကို ထိုင်ကြည့်ခိုင်းနေခြင်းပင်။ နောက်ဆုံးတွင် သွေးထွက်လွန်ကာ သတိမေ့စွာသောမောင်ကြောင့် သံစဉ်ဆက်တင်းမခံနိုင်တော့။

" တော်တော့ !!! ပြောမယ် ဧကရီရယ် ငါပြောပြပါ့မယ် "

ဖမ်းချုပ်ထားသည့် လူများရဲ့လက်ထဲမှ ဒူးထောက်ကျသွားခဲ့သည့် သံစဉ့်မျက်နှာဟာ ဝမ်းနည်းမှုများပြည့်နှက်နေခဲ့သည်။ စိတ်ထဲတွင်တော့ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဟန် လေးရယ် ။

မျက်ရည်များဖြင့်ပြည့်နေသည့် သံစဉ့်မျက်နှာကိုကြည့်၍ ဧကရီ သနားမိသော်လည်း သူကလေးရဲ့တည်နေရာကိုသိမှဖြစ်မယ်လေ။ ကြာရင် ထိုစိတ်ကြောင့် သူရူးတော့မယ်။ ကလေးအသက်ရှင်နေတယ်ဆိုတာကို သိလိုက်ရတဲ့ ခနဟာ ဧကရီ့ဘဝကြီးတစ်ခုလုံးမျှော်လင့်ချက်တွေပြည့်သွားသလိုပင်။ ထိုသည်ကို သိခဲ့သည့် အချိန်က ဧကရီအိပ်ရေးပျက်ျလွန်းတာကြောင့် အတွင်းရေးမှုးလေးမှ ဆေးရုံကိုအတင်းခေါ်လာခဲ့စဉ်....

ဖြူဖွေးနေသည့် ဆေးရုံကြီး၏ ထောင့်နားလူကွယ်ရာတွင် ဖုန်းပြောနေသော ကောင်လေးတစ်ယောက် ။ နောက်မှာ ရပ်နေသည့် လူကိုမမြင်ခဲ့ ။

" ဟုတ်ကဲ့ မေမေ သား အဆင်ပြေပါတယ် ။ ဟန်လေးရောစားချင်တာ ရှိရဲ့လားမေးကြည့်လိုက်ဦး။ သားရှာဝယ်ခဲ့မယ်။ "

" ဟန်လေး..ဟန်လေး ဟုတ်လား။ "

ကျော်စွာမောင်ရွာက အမေဖြင့်ဖုန်းပြောပြီး ပြန်လှည့်လိုက်ချိန် နောက်မှာရောက်နေသည့် ဧကရီကြောင့် လန့်သွားကာ မျက်နှာမှာ ဖြူစုတ်သွားခဲ့သည်။ သူသိကုန်ပြီလား။

" ပြောစမ်း !!! "

" မဟုတ်ဘူး အဲ့တာ ကျွန်တော့ ညီမကို ခေါ်တာ။ ခင်များရဲ့ ဟန်လေးက သေပြီ ခင်များကြောင့်သေရတာ "

" တောက် !!!"

ဧကရီဟာ ဒေါသတကြီးတောက်ခေါက်လိုက်ပြီး ကျော်စွာမောင်အား ယခုလိုဖမ်းကာနှိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

_______

" ပြောတော့ "

သံစဉ်မောင့်ကို ဆေးကုပေးပြီးထွက်လာချိန်ဧည့်ခန်းတွင်ထိုင်နေသည့် ဧကရီကိုအရင်မြင်ရ၏။ စိတ်မရှည်စွယထွက်လာသည့် အသံဟာ စိတ်လှုပ်ရှားမှုများပါနေတာကို သံစဉ်ခံစားမိသည်။ စိတ်ထင်လြိ့များလား။

" ဟန်လေးက မသေဘူး။ "

" ငါသိတယ် ဘယ်မှာလဲမေးတာ "

" ငါမေးတာကိုအရင်ဖြေ ဒါမှငါပြောပြမယ် "

" သံစဉ်ချို !!! "

သံစဉ့်အပြောကြောင့် ဧကရီဒေါသများဟာထောင်းကပင်။ ဖြစ်နိုင်ရင်အခုချက်ချင်းပြေးတွေ့ချင်နေတာလေ။သို့သော်လည်း အ‌ေလျှာ့ပေးမည့့်ဟန်မတူသော သံစဉ့်ပုံစံကြောင့် ဧကရီကသာ စိတ်လျှော့လိုက်ရသည်။

" ‌နင်..ဟန်လေးကို ချစ်နေပြီမလား။ "

သံစဉ့်အမေးကို ဧကရီဘယ်ပြန်ဖြေရမလဲမသိတော့ ။ ကိုယ့်စိတ်ကိုပြန်မေးမိသည်။ သူချစ်တယ် ဟုတ်တယ် သူကလေးကို ချစ်တယ်။ဒါပေမဲ့....

" ငါ ဟန်လေးကို... ကျစ် ! ငါ ထပ်ပြီးမနှိတ်စက်တော့ဘူးကွာ ဟုတ်ပြီလား။ ပြောပြပါတော့ဟာ "

ပြောမထွက်ဘူး သူအမြဲမုန်းတီးတယ်လို့ထင်ခဲ့တဲ့ ကလေးကို ချစ်တယ်ဆိုတဲ့စကားကိုပြောမထွက်နိုင်သေးပေ။ သူသိတာတစ်ခုကတော့ ဟန်လေးသာ မရှိရင် ဧကရီဆိုတဲ့ သူလည်း ဆက်ရှိတော့မည်မဟုဆ်ဘူးဆိုတာကိုပင်။

" ဟန်လေးက မောင့်ရဲ့ရွာမှာ အဲ့နေ့က သေတေယ့မလိုဘဲ သိရဲ့လား။ ဧကရီရယ် ငါဆက်ပြီးမကြည့်နိုင်တော့လို့ သူသတိမေ့နေရက်နဲ့ပဲပို့လိုက်တာ "

" အဆင်ပြေလား။ ကလေးအဆင်ပြေရဲ့လား။ "

" အင်း သူဟိုမှာအဆင်ပြေတယ်။ မေမေတို့နဲ့လည်းအဆင်ပြေတယ်။ ဟန်လေးက သူတိုင်းနဲ့ တည့်အောင်ပေါင်းနိုင်တယ် နင်နဲ့ သာ "

သံစဉ့်နောက်ကစကားတွေမကြားတော့ မေမေနဲ့လည်း အဆင်ပြေတယ် ဆိုတဲ့အပြောကသာခေါင်းထဲကြီးစိုးနေခဲ့သည်။ အဲ့ဒါဟိုမိန်းမကိုပြောတာမလား။ သံစဉ့်ကို ဖြဲခြောက်နေသည့် သူကိုစဉ်းစားမိသည်နှင့်မျက်မှောင်ကုပ်လိုက်မိသည်။

" နေရာ ပြော "

‌သံစဉ်နေရာပြောလိုက်သည်နှင့်ချက်ချင်းထွက်သွားသေ။ ဧကရီကို အတိုင်းသားကြည့်နေလိုက်မိသည်။ ဟန်လေး သူနောက်ထပ် ထပ်မနာကျင်ရတော့ဖြိုမျှော်လင့်ပါရဲ့။တစ်ခါလောက်တော့ ဧကရီ့စကားကို သူယုံကြည့်လိုက်ပါဦးမယ်....။

_________

နောက်တစ်ပိုင်းက တနဂ်နွေနေ့အပ်ပေးမယ် 😞💯

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories