Fanfics

အပိုင်း၂၀ [ဇာတ်သိမ်းပိုင်း]

13:53, 16 July 2024

အပိုင်း၂၀ | ဇာတ်သိမ်းပိုင်း

ကျေးငှက်အော်သံများဟာ သာယာလှသည့် မနက်ခင်းကိုအားဖြည့်ပေးနေခဲ့သည်။ ကြီးမားလှသည့် ကျွမ်းအိမ်ကြီးရှိ ပြတင်းပေါက်ဘောင်ကိုမှီကာ အဝေးသို့ငေးနေသည့် မိန်းကလေးရဲ့ မျက်ဝန်းတွေကတော့ မျက်ရည်စများဝေ့တက်လို့ပင်။

" ဟန်လေး သမီး "

" အန်တီခင် "

ခင်ခေါ်လိုက်သည်နှင့်လှည့်ကြည့်လာသည့် မျက်နှာကလေးမှာ ညှိုးနွမ်းနေသည့် ပန်းကလေးပမာ။မျက်လုံးဘေးပတ်ပတ်လည်မှာရှိတဲ့ အညိုရောင်အကွင်းများကြောင့် ညပိုင်းတွေမှာ အိပ်ပျော်ဟန်မတူ။

" အစောကြီးနိုးနေပြန်ပြီးလား။ "

" ဟုတ်ကဲ့ "

" အိပ်မပျော်လည်း ကြိုးစားပြီးအိပ်ကြည့်ပါကွယ်။ ကြာလာရင် ကျန်းမာရေးထိခိုက်တော့မယ် ။ဗိုက်ထဲက ကလေးကိုလဲကြည့်ဦးမှပေါ့သမီးရယ် "

ခေါင်းကို နူးညံ့စွာပုတ်ပေး၍ စိတ်ပူစွာပြောလာသည့် အန်တီခင်ကြောင့် ဟန်ဝမ်းနည်းမှုများလှိုက်တက်လာမိသည်။ ဟန်ဒီရွာလေးမှာရောက်နေတာ ၃လခန့်ရှိပြီ ။သာယာလှပပြီး ရွာခံတွေမှာ ရိုးသားကာစိတ်သဘောထားပြည့်ဝကြသည်။ အန်တီခင် ၊အန်တီဟေမာန် မမတို့တွေ အကုန်ဟန့်အပေါ်ကိုချစ်ခင်ပေးကြတယ်။ ဒါပေမဲ့ စိတ်အစုံဟာ မမကိုသာ တောင့်တနေခဲ့တယ်။

ဟန်မရှိတော့ မမပျော်နေမလား။ ရှာများနေမလား။ သူ့ကိုပစ်ထားခဲ့လို့ ဟန့်ကိုဒေါသထွက်နေလေမလား။ ဟန်ကတော့ မမကိုလွမ်းလှ၏။ ညတိုင်းရတတ်တဲ့ ကိုယ်သင်းနံ့လေး ၊ လည်တိုင်ကျော့ကျော့က မှည့်နက်ကလေး ၊ အေးစက်စက်အပြုံးတွေ ပြီးတော့ မမ ပေးနေကျ နာကျင်မှုတွေကိုပါ ဟန်လွမ်းမိ၏။

" ဟင့် အန်တီ "

" သမီးရယ် "

ခင့်ရင်ခွင်ထဲတိုးဝင်ကာ ငိုလာသည့် ဟန်လေးကြောင့် ကျောပြင်ကိုအသာ ပုတ်ပေးမိသည်။ ချစ်ရသူနဲ့‌ေဝးကွာရသည့် ခံစားချက်ကို ခင်နားလည်ပါရဲ့။ ဟန်လေးအဖြစ်က ပိုဆိုးမယ် ထင်တယ်။ သူ့ကိုမုန်းနေတဲ့ လူကိုမှချစ်မိနေတာလေ။

" ဟင့် အန်တီခင် ဟန်..ဟန်လွမ်းတယ် ဟန် မမကိုအရမ်းလွမ်းတာပဲ ဟင့် ဟင့် "

တံခါးဝမှာကြည့်နေသည့် မင်းမင်းဟေမာန်မောင်မှာ မျက်မှောင်ကို တင်းတင်းကြုပ်ထားလိုက်မိသည်။ အဲ့ကလေးငိုနေပြန်ပြီ။

" ခင် "

" ရှင် .."

" ဖယ်နေ "

" ဟင် "

မောင့်အပြောကြောင့် ခင်ကြောင်အ သွားမိသည်။ ခင်သာမက ရင်ခွင်ထဲမှာငိုနေသည့် ဟန်လေးပါ အငိုရပ်သွားခဲ့၏။

" အပြင်ခနထွက်နေ မင်း အနားကိုလာခဲ့ "

ဟန့်ကိုလက်ညှိုးထိုးပြကာ ကုတင်ဘေးရှိ ခုံပေါ်တွင်ထိုင်နေသည့် သူကိုကြည့်ကာ လန့်သွားမိသည်။ အန်တီဟေမာန်က ဟန့်ကိုဘာမှ မလုပ်ဘူးဆိုတာ ဟန်သိပါရဲ့။ဒါပေမဲ့ အန်တီဟေမာန်ရဲ့ပုံစံဟာ မမနဲ့အလွန်တူလှ၏။ အေးစက်စက် ကိုယ်ရည်ကိုယ်သွေးရဲ့ မျက်ဝန်းနက်နက်တွေ။

အန်တီခင်အပြင်ထွက်သွားသည်နှင့် အခန်းငယ်လေးဟာတိတ်ဆိတ်သွားခဲ့သည်။

" မင်း ခင်လေးကိုယ့်အပေါ်ဘယ်လိုသဘောထားတယ်ထင်လဲ? "

" ဟင် ...ဟို ...ဟန်ထင်တယ် အန်တီခင်က အန်တီဟေမာန်ကိုအများကြီးချစ်တယ် "

စစချင်းအမေးကြောင့် ဟန်ကြောင်အသွားရသည်။ သို့သော်လည်း ဟန်ထင်သလိုဖြေလိုက်မိသေးသည်။ ဟန်ထင်တာ မှန်မှာပါ။ အန်တီခင်က အန်တီ‌ေဟမာန့်အပေါ်အရမ်းကောင်းတယ်။ အန်တီဟေမာန်ဘာပြောပြောနားထောင်တတ်တယ်။ အသက်၆၀ကျော်ရှိနေတာကိုပင် ၅၀ခန့်ဟုထင်ရအောင်နုပျိုလွန်းလှပြီး ပါးချိုင့်လေးထင်နေအောင်ချစ်ဖို့ကောငိးတဲ့ အန်တီခင်ရယ် ၊ အေးစက်စက်ဂရုမစိုက်သလိုနဲ့ အန်တီ့ခင့်ကို သားဖြစ်သူနဲ့တောင် သဝန်တိုတတ်တဲ့ အန်တီဟေမာန်ရယ်။ အလွန်ကိုလိုက်ဖက်လှ၏။

" ကိုယ် ခင်လေးကို အပိုင်သိမ်းထားတာ "

" ရှင် "

ကိုယ့်အပြောကြောင့် မျက်ဝန်းလေးများဝိုင်းစက်စွားသည့် ရှေ့က ကလေးချစ်စဖွယ်ပင်။ အတော်ကိုလှတဲ့အထဲမှာပါမယ်။ ရှည်လျားပြီး မျက်နှာပေါ်ကိုတောင်အရိပ်လိုကျနေတဲ့ မျက်တောင်တွေရယ် နှုတ်ခမ်းရဲရဲလေးတွေရယ်။ ဖြူစွတ်နေကာ ပန်းရောင်သန်းနေတဲ့အသားအရည်ရယ်။ ခင်လေးခန္ဓာကိုယ်မှာအကြိုက်ဆုံးကိုပြပါဆိုရင် ပါးချိုင့်လေးတွေကိုပြောရမှာဘဲ ၊ ဒီကလေးခန္ဓာကိုယ်မှာ‌ောတ့ မျက်ဝန်းလေးတွေပင် ဝမ်းနည်းနေတာတောင် တလက်လက်တောက်ပနေပုံမှာကြယ်တွေလို။

" အမှန်ပဲ ကိုယ်က ခင့်ကိုအကြွေးနဲ့အပိုင်သိမ်းထားခဲ့တာ။ "

" အကြွေးနဲ့ သိမ်းခံရတာမို့ ခင်လေးက အစကကိုယ့်ကိုမုန်းခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုချစ်မိသွားခဲ့တယ်။ အရမ်း မငိုနဲ့ ကလေးအတွက်မကောင်းဘူး။ အဝတ်အစားလဲပြီး အောက်ဆင်းခဲ့ မနက်စာစားကြမယ် "

စကားနည်းလွန်းသည့့် သူက ဟန့်ကိုစကားအများကြီးပြောလာတာကြောင့် ကြောင်အကာ ကြည့်နေတုန်းမှာဘဲ ထွက်သွားခဲ့လေပြီ။ အန်တီဟေမာန်ပြောသွားတာတွေကို ဟန့်ဦးနှောက်သေးသေးလေးနဲ့နားလည်ဖို့ နာရီဝတ်ခန့်ကြာခဲ့၏။

" အန်..အန်တီဟေမာန်ပြောချင်တာက မမကလည်း ဟန့်ကို ချစ်နိုင်တယ်ပေါ့လေ "

" ကလေးလေး မင်းမားမားက မေမေ့ကိုချစ်တယ်ထင်လားဟင် "

ဗိုက်ဖောင်းဖောင်းလေးကို အသာထိကိုင်လို့် မျက်ရည်များဖြင့် ဗိုက်ထဲကကလေးကိုပြောမိတော့ အနည်းငယ်ကန်လာကာအကြောင်းပြန်၏။ထို့ကြောင့် ဟန်ပြုံးလိုက်မိကာ အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ဟန့်ကိုချစ်ရင် မမက ဟန့်ကိုသေချာပေါက် လာရှာလိမ့်မယ်။

_________

" အားးး နာတယ်...ဟာ့ အန်တီခင် ...အားးး ဟင့် ဟန်အရမ်းနာတယ် "

" အဆင်ပြေသွားမှာ အဆင်ပြေသွားမှာပါ သမီးရယ် ညှစ်လိုက် အားကုတ်ညှစ်ချလိုက် "

အခန်းငယ်ထဲတွင် ဆူးညံသံများကြောင့် အပြင်မှလူများဟာအငြိမ်မနေနိုင်ခဲ့။ ရောက်လာတာ ၆လ၇လခန့်သာရှိသေးသော်လည်း ချစ်စရာကောင်းလွန်းကာ ချစ်မွှေးလေးဖြစ်သည့် ဟန်လေးအား လူတိုင်းက ချစ်ခင်ကြ၏။ ထိုကလေးရဲ့ ဘဝအကြောင်းကိုသိတာနဲ့ပို၍ပင် ဂရုစိုက်ပေးကြသေး၏။

" တီတီလေး ဟန်လေးအဆင်ပြေမှာပါနော် "

" ဘယ်သိမလဲ "

ခမ်းညွန့်ကြည်ရဲ့ အမေးကို အေးစက်စက်ကာ ပြန်ဖြေလိုက်သည့် မင်းမင်းဟေမာန်မောင်ရဲ့မျက်နှာမှာဘာခံစားချက်မှမပေါ်သော်လည်း စိတ်ထဲတွင်တော့ ဗလောင်ဆူနေခဲ့သည်။ ထိုခံစားချက်က ခင်လေးကလေးမွေးတုန်းကလိုပင်။

" အားးး မမ အာ့ "

" ဟင့် မေမေလေး ဟန်လေးအဆင်ပြေမှာပါနော် "

" အဆင်ပြေမှာပါ အရီရယ် မင်းမေမေလည်း ရှိနေတယ် "

ခုနကနဲ့မတူစွာ ခမ်းညွန့်ရီအားပြန်ဖြေသည့် သူဌေးလေးအား အကုန်‌လုံးမျက်စောင်းသာလှမ်းထိုးလိုက်ကြတော့သည်။ခမ်းညွန့်ကြည်နှင့် ခမ်းညွန့်ရီမှာ အမွှာတွေဖြစ်သော်ငြား ခမ်းညွန့်ရီကိုတော့အမြဲအလိုလိုက်၏။ သူ့သားဖြစ်သူထက်တောင်ပိုပြီးတော့ပေါ့။ ထိုသည်ဟာ ငယ်ငယ်ကတည်းက ဖြစ်နေကျဖြစ်တာကြောင့် ဘယ်သူမှ ထူးလို့မခံစားကြရတော့ပေ။ ထိုအချိန်ကျယ်လောင်စွာထွက်ပေါ်လာသည့် ကလေးငိုသံကြောင့် လူတိုင်း သက်မချလိုက်နိုင်ကြတော့သည်။

" အူဝဲ အူဝဲ "

ထို့နောက် ချွေးစလေးများဖြင့် ကလေးပွေ့ကာ ထွက်လာသည့် ခင်လေးမျက်နှာမှာလည်း ကြည်လင်နေခဲ့သည်။

" မောသွားပြီ "

ဘောင်းဘီအိပ်ကပ်ထဲမှ လက်ကိုင်ပုဝါ ထုပ်လို့ နှာဖူးမှချွေးစလေးများကို သုတ်ပေးလိုက်မိသည်။ ထို့နောက် လက်ထဲမှကလေးကို ကြည့်မိသည်။

" ချစ်စရာလေးပဲ "

" အင်းဟုတ်တယ် မိန်းကလေး မောင် "

မိန်းကလေးဆိုတဲ့စကားကြောင့် မောင့်မျက်နှာတွင် အပြုံးရေးရေးလေးပေါ်လာခဲ့သည်။

" မေမေခင် ဟန်လေးရောအဆင်ပြေတယ်မလား။ "

" အင်း စိတ်မပူနဲ့တော့ ဟန်လေးလည်း ပင်ပန်းလို့အိပ်ပျော်သွားပြီ "

ထိုအခါမှသာ လူတိုင်းစိတ်အေးသွားကြဟန်တူ၏။ ခင့်ရင်ခွင်ထဲမှကလေးလေးကတော့ မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် နားမလည်စွာလူတွေကိုလိုက်ကြည့်နေခဲ့၏။

________

ဧည့်ခန်းရှိ တစ်လုံးထဲသော ထိုင်ဖုန်းကြီးဘေးတွင်ဖြစ်သည်။

" အဆင်ပြေပါတယ်တယ်သားငယ် ဟန်လေးရော ကလေးလေးရောအဆင်ပြေတယ် ။ သားရောကျောင်းတက်ရတာအဆင်ပြေရဲ့လား။ "

" ဟုတ်ကဲ့ မေမေ သား အဆင်ပြေပါတယ် ။ ဟန်လေးရောစားချင်တာ ရှိရဲ့လားမေးကြည့်လိုက်ဦး။ သားရှာဝယ်ခဲ့မယ်။ "

" ဟန်လေး ဖို့လား။ ရပါတယ် ဒီမှာ မင်းမေမေလေးက အကုန်အဆုံဝယ်ထားပြီးပြီ။  လမ်းခရီးမှာလဲဂရုစိုက်ဦး။ "

" ဘာတဲ့လည်း ခင် "

ဖုန်းချသွားသည်နှင့်မေးလာသည့် မောင့်ကိုကြည့်လိုက်ရာ ခင့်မှာငေးခနဲပင်။ မျက်မှန်ကိုပင့်တင်လိုက်တာကြောင့် နေရောင်အောက်တွင် တောက်ပနေသလိုပုံစံမှာအလွန်ကိုချောမောလွန်းလှ၏။

" သားငယ်က ကလေးလေးမွေးပြီဆိုလို့ပြန်လာမလို့တဲ့ "

" သူပြန်လာလို့ ဟိုတစ်ယောက်သတိထားမိသွားရင်ဘယ်လိုလုပ်မလဲ "

မောင့်အပြောကြောင့် ခင်ပြုံးလိုက်မိသည်။ မောင်က ဟန်လေးကိုလည်း အလွန်ချစ်၏။ မျက်နှာတွင်သာမပေါ်တာ ထိုသို့အသေးစိတ်ကစ လိုက်စိတ်ပူပေးတတ်၏။ ကလေးပစ္စည်းတွေလည်း အကုန် မောင်ဟာသားငယ်မွေးတုန်းကလို အကုန်သူပဲ စီးစစ်ဝယ်ယူထားးခြင်းဖြစ်သည်။

_____________

" ကလေးကိုဘာနာမည်ပေးချင်လဲ သမီး "

" ဟန်...ဟန် မမကိုပေးစေချင်တာ "

ရင်ခွင်ထဲတွင် ကလေးသေးသေးလေးကိုချီ၍ ပြောလာသည့် ဟန်လေးအပြောကြောင့်လူတိုင်းဟာ သနားမိသွားကြသည်။ ချစ်မိခြင်းဟာဝဋ်ကျွေးတစ်ခုလိုပါပဲလား။

" ဒါပေမဲ့ နာမည်မရှိပဲ အကြာကြီးထားလို့တော့မဖြစ်ဘူးလေ အခုတောင် ၂လသားရှိနေပြီ "

" ဟန် သိပါတယ် မမရီ ဟန်ခနလောက်စောင့်ချင်သေးတယ်။ "

ဟန့်စကားဟာ ဘာကိုရည်ညွှန်းတယ်ဆိုတာကို လူတိုင်းသိကြ၏။ ထို့နောက် လူတွေများတာကြောင့် ကလေးမွန်းကျပ်မည်ဆိုးကာ အကုန်အပြင်ထွက်သွားကြလေသည်။

" ကလေးလေး မင်း မာမီက မေမေတို့ကိုလာရှာလောက်မှာပါနော် "

ပါးပြင်ပေါ်စီးကျလာသည့်မျက်ရည်များဟာ ကလေးရဲ့လက်သီးဆုတ်လေးပေါ်ကျသွားခဲ့သည်။ကလေးဟာလည်း အမေဖ့စ်သူဝမ်းနည်းနေတာကို ခံစားမိဟန်ဖြင့် ငိုလာခဲ့လေသည်။

" အို့ အို့ မငိုပါနဲ့ မငိုပါနဲ့ကွယ် မေမေ မငိုပါဘူးနော် အို့ အို့ "

မျက်ရည်များကိုသုတ်လို့ ကလေးကိုအသာလှုတ်၍ ချော့ပေးရ၏။ ကိုယ်ဝန်ရှိနေချိန်မှာ အရမ်းကိုခံစားခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေကြောင့် ကလေးဟာ မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါဖြစ်ခဲ့ရ၏။ ထိုသည်မှာ ဟန့်အပစ်တွေချည်းသာ။

" မမ...ဟန်နဲ့ သမီးလေးကိုလာခေါ်မယ်မလားဟင် "

အိပ်ပျော်သွားသည့် သမီးလေးကို ချီလျက် ပြတင်ပေါက်မှ အဝေးကိုငေးကြည့်ရင်း မမပုံရိပ်များဟာ ဟန့်မျကိလုံးထဲပေါ်လာခဲ့သည်။ထိုအချိန်အိမ်အောက်မှကြားလိုက်ရသည့် အသံကြောင့် ဟန်ရင်ထဲဒိတ်ခနဲပင်။ အဲ့ဒါမမ အသံမလား။ ဟန်ထင်ယောင်ထင်မှားဖြစ်တာတော့ မဟုတ်ဘူးမလား။

" ဟန်လေးက ကိုယ့်အပိုင် !!! "

" ဟက် ! မင်းအပိုင်လို့ပြောရလေအောင် မင်းမှာပိုင်ဆိုင်ကြောင်းစာချုပ်ရှိသလား။ "

လှေကားခြေရင်းမှာ ပိတ်ရပ်နေသည့် လူတွေအများကြီးကြောင့် ဧကရီ မျက်မှောင်ကိုတင်းတင်းကျုပ်ထားလိုက်မိသည်။ ပြောလာသည့် စကားကြောင့်လည်းတွေဝေသွားမိ၏။

" အဟင်း မင်းမှာ ဟန်လေးနဲ့ လက်ထပ်ထားတဲ့ စာချုပ်လဲမရှိဘူး။ ပိုင်ဆိုင်ကြောင်းစာချုပ်လဲမရှိဘူး အဲ့ဒါကြောင့် မင်းအပိုင်လို့ပြောလို့မရဘူး။ "

လှောင်ပြောင်စွာထွက်ပေါ်လာသည့် ရီသံကြောင့် ဧကရီမျက်နှာမှာရဲရဲနီသွားရသည်။ ထိုသည်က အလွန်ကိုဒေါသထွက်ခြင်းကြောင့်သာ။

" မ...မမ "

" ကလေးငယ် "

လွမ်းစွက်နေခဲ့ရသည့် မျက်နှာလေးကိုမြင်လိုက်ရသည်နှင့် ဧကရီ လူအုပ်ကြီးကို ဖယ်ကာတိုးဝင်မိသည်။ သို့သော်လည်း တွန်းထုပ်ခံလိုက်ရတာကြောင့် ရိုင်နဲ့သွားရ၏။

" တောက် !!! မင်းမင်းဟေမာန်မောင် !!! "

" အူဝဲ အူဝဲ "

" မမ !! ကလေးက နေမကောင်းဘူး "

ဧကရီ့ဒေါသတကြီးသံအဆုံးကလေးငိုသံနှင့်အတူ ဟန့်ရဲ့ စိုးရိမ်သကြီးအသံမှာထွက်ပေါ်လာခဲ့သည်။

ကလေးဆိုတဲ့အသံကြားမှဧကရီ သတိထားမိ၏။ ဟန်လေးလက်ထဲမှ အနှီးထုပ်ထဲတွင် ဖြူဖွေးကာ အနည်းငယ်နီနေသည့် အသားအရည်ဖြင့် ကလေးလေးတစ်ဦး။

" အို့ အို မငိုပါနဲ့ သမီးလေးရယ် အို့ အို့ လန့်သွားတာလား။ "

ဟန်ကလေးကိုခချော့နေချိန်မှာပဲ လူတိုင်းဟာ တိတ်ဆိတ်ကာဆိုးရိမ်သကြီးကြည့်နေကြသည်။ ဒီကလေးလေးက သူတို့ရဲ့ ဆည်းလည်းလဲမ‌ဟုတ်ပါလား။ ဟန့်အကြည့်တွေဟာ မမဆီတွင်သာ ။ အနည်းငယ်ပိန်ကာ နွမ်းလျနေသော်ငြား လှပဆဲဖြစ်သည့် ချစ်ရသူမှာ ဟန့်ကို စိုးရိမ်တကြီးပြန်ကြည့်နေခဲ့၏။

" တို့...တို့ချီကြည့်လို့ရမလား။ "

ကလေးအငိုတိတ်သွားသည်နှင့်မည်သူကမှဆူဆူညံညံမလုပ်ရဲကြတော့။ ထိုသည်ကို အခွင့်အရေးယူကာ ဧကရီလည်း အမြန်ဟန်လေးရှိရာ လှေကားထိပ်သို့တက်သွားခဲ့၏။ စိတ်ရှိလက်ရှိဆွဲဖက်လိုက်ချင်သော်လည်း လက်ထဲ‌မှကလေးကြောင့် မဖက်ရဲ။ ကိုယ်ပြောလိုက်သည်နှင့်ဆိုးရိမ်စွာကြည့်လာသည့် မျက်ဝန်းလေးတွေမှာ ဘာကိုဆိုးရိမ်နေသလဲဆိုတာကို ကိုယ်သိ၏။

" တို့ ဘားမလုပ်ပါဘူး။ "

အမှန်တကယ်ပင် ချီချင်နေဟန်ဖြင့်ကြည့်လာသည့် မမကြောင့် ဟန်ကလေးကို မမလက်အတွင်းထည့်ပေးလိုက်မိသည်။သို့သော်လဲသေချာကြည့်နေမိသေး၏။

" ချစ်...ချစ်စရာကောင်းလိုက်တာ "

ပါးဖောင်းဖောင်းလေးတွေမှာ အနီရောင်သန်းကာ မျက်တောင်တွေမှာ သူ့ကလေးလေးလို ရှည်လျားကာလှပကြ၏။ အထူးသဖြင့် သူ့ကို ဝိုင်းဝိုင်းလေးကြည့်နေသည့် မျက်ဝန်းလေးတွေဟာ အနက်ရောင်လေးတွေပင်။ ထိုသည်က ဘာနှင့်တူသလဲဆိုရင် အမှောယံညကောင်းကင် ကြီးမှာကြယ်တွေတစ်လက်လက်တောက်ပနေသလိုပင်။အလွန်ကိုလှပလှ၏။

" တောင်းပန်ပါတယ် ကလေးငယ် "

ဟန်လေးရဲ့ နှာဖူးကိုအသာငုံ့နမ်းလိုက်ကာ ပြောတော့ နူးညံ့စွာကြည့်လာသည့် မျက်ဝန်းညိုညိုလေးတွေဟာလည်း တလက်လက်ဖြင့် တောက်ပနေပြန်၏။ ဧကရီ့နှလုံးသားဟာ ထိုမျက်ဝန်းလေးနှစ်စူံကြောင့် အရည်ပျော်ကျရလေပြီ။

ထိုအချိန်ဟန်လေးပြန်ပြောသည့် စကားကြောင့် အနီးနားမှလူတိုင်းဟာ ကိုယ့်နှာဖူးကို ပြန်ရိုက်လိုက်ကြတော့သည်။ နည်းနည်းလောက် တောါ မူတာဖြစ်ဖြစ်စိတ်ကောက်တာဖြစ်ဖြစ်လုပ်ကြည့်ပါဦးလားဟူ၍ စိတ်ထဲမှ ပြိုင်တူတွေလိုက်ကြတော့သည်။

" ဟင့်အင် မမ မမှားပါဘူး ။ မမက အမြဲမှန်ခဲ့တယ် ။ ချစ်တယ် မမ "

" ကလေးနာမည်က ဘာတဲ့လဲ "

" ဟ..ဟန် မပေးရသေးဘူး။ မမ ကိုပေးစေချင်ခဲ့တာ "

အပစ်လုပ်ထားသလိုပုံစံလေးဖြင့် ခေါင်းလေးငုံ့ကာ ပြောလာသည့် ဟန်လေးကြောင့် ဧကရီနူးညံ့စွာကြည့်လိုက်မိသည်။ နောက်ပိုင်းဆက်ပြောလာသည့် စကားကြောင့် သူ့ရင်ဘတ်တနေရာမှာ အောင့်တက်လာမိသည်။ သူမချစ်ခဲ့တဲ့ကလေး သူဖြတ်ချခိုင်းဖို့တောင်စဉ်းစားခဲ့တဲ့ ကလေးကို နာမည်ပေးစေချင်သတဲ့။ တန်ပါ့မလား။ သူနဲ့ ထိုအခွင့်အရေးကတန်ပါ့မလား။

" ကိုယ်က တန်လို့လားကွယ် "

" တန်တာထက်တောင်ပိုသေးတယ် မမရယ် ။ သမီးလေးကို နာမည်ပေးပေးပါနော် "

ကလေးကိုချီထားသည့် မမလက်ကို မရဲတရဲဖြင့် ဆုတ်ကိုင်လိုက်ကာ ဟန်မျှော်လင့်တကြီးကြည့်မိသည်။

" ဟန် ..ဟန်ထက်မောင် ဘယ်လိုလဲ သဘောကျရဲ့လား။ ကလေးငယ် "

" အင်းအင်း ဟန်အများကြီးသဘောကျတယ် ။ ကြိုက်ရဲ့လား သမီး။ သမီး‌မားမားပေးတဲ့ နာမည်ကိုသဘောကျရဲ့လား။

မမလက်ထဲရှိကလေးကို ယူ၍ ရင်ခွင်ထဲထည့်ကာ ပြောလိုက်တော့ တခိခိဖြင့်ရီလာသည်နှင့် သွားဖုံးရဲရဲလေးတွေပင်ထင်းလို့။

" တို့အပိုင်လေး။ နောက်တစ်ခါတို့ခွင့်ပြုချက်မရထပ်ပြီးထွက်မပြေးနဲ့တော့ ။ "

ဧကရီဟာချစ်တယ်လို့မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူ့အချစ်တွေကိုတော့ လူတိုင်းဟာ သူ့မျက်လုံးများမှတစ်ဆင့်မြင်နိုင်၏။

မမထံမှနူးညံ့စွာဖက်ခံထားရတာကြောင့် ဟန်မျက်ရည်တွေစီးကျလာမိသည်။ မမအပြောကို ခေါင်းသာတိတ်တဆိတ်ငြိမ့်ပြမိတော့၏။ ထိုသို့ဖြင့် ဟန့်ရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှုဖြစ်ခဲ့တဲ့ မမဟာ အခုတော့ ဟန်ရဲ့ပျော်ရွှင်မှု ၊ ချစ်ခြင်းတွေဖြစ်သွားခဲ့လေပြီ.......။

__________

ပြီးပါပြီ 🍃

အပ်ကြာတာကိုအပစ်မမြင်ဘဲ စိတ်ရှည်ရှည်နဲ့စောင့်ပြီး စဆုံးဖတ်ရှုပေးကြတဲ့လူတွေရော ‌လာရေးခိုင်းတဲ့ မမကိုရော ကျေးဇူးတင်ပါတယ်ရှင်။

ဟန်လေးနဲ့ ဧကရီတို့မှာ ငယ်ရေးခဲ့ဖူးသမျှ ဇာတ်လမ်းတွေထဲမှာ အရှည်ဆုံးပါပဲ !!!

ဒါကြောင့်အခြား fic တွေထက်တောင်သံယောစဉ်ရှိမိပါရဲ့။ စကားမစပ် ဟန်ထက်မောင်လေးက ငယ့်အပိုင်ဖြစ်လာမှာ‌ပါနော် ကျေးဇူးး 😝💘

______________

အခုလို့ ကိုယ်ရေးချင်တဲ့ပုံစံလေးတွေရှိရင် ငယ့်စီမှာ payment အချို့ဖြင့်လာရေးခိုင်းလို့ရပါတယ်ရှင့် 🖤

တစ်ပိုင်းကို စာလုံးရေ ၇ထောင်ခန့်ပါပါတယ်။ (ငယ့်note ထဲမှာပါ ။ Wattpad မှတော့ ၂ထောင်ကျော်ပါတယ်)

တစ်ပိုင်းကို ၂၅၀၀ ပါ။ သူများတွေဆီမှာ အဲ့ထက်စလုံးရေးနည်းတယ်ရော် 😞များပါဘူး။

Nge telegram acc - @nge006 Telegram channel - @wattpadglfic18

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories