12
02:47, 6 December 2025ဆေးသွင်းထားတာ မပြီးခင်လောက်မှာပဲ ဖေ့အန်းက နိုးလာသည်။
"နိုးပြီလား!...သက်သာရဲ့လား အစ်ကို"
"အင်း..ကျန်းဟန်"
"အန်ချင်သေးလား"
"ဟင့်အင်း... ကိုယ်သက်သာတယ်ဆို"
တကယ်လည်း ဖေ့အန်း နှုတ်ခမ်းလေးက သွေးရောင် ပြန်လွှမ်းနေပြီဖြစ်သည်။ အရင်ကလို ဖြူမနေတော့ဘူး။
"ကျွန်တော် ဆရာဝန်ကို အသိပေးလိုက်ဦးမယ်"
ကျန်းဟန် ဆရာဝန်သွားခေါ်ပြီး မကြာခင်မှာ တာဝန်ကျ ဆရာဝန်နှင့် အတူ ပြန်ရောက်လာ၏။ ဖေ့အန်းကို သေချာစစ်မေးပြီး ဆေးစစ်ချက်တွေအရလည်း အဆင်ပြေပြီဖြစ်ကြောင်း ပြောသည်။
ဆရာဝန်နှင့် ဖေ့အန်း ပြောနေသည့် စကားများကို ခုတင်ခြေရင်းနားမှာ ကျန်းဟန်က ကုတ်ကုတ်လေးရပ်ကာ သေချာ နားထောင်နေ၏။
"ဒါဆို ဆရာ သွားပြီနော်"
"ကျေးဇူးပါ...ဆရာ"
ဆရာဝန် ထွက်သွားတော့ ကျန်းဟန်က တံခါး လိုက်ပိတ်ပြီးနောက် ဖေ့အန်း ခုတင်ဘေးက ခုံလေးပေါ် ပြန်လာထိုင်သည်။
"ကျွန်တော် တကယ်စိတ်ပူသွားတာ...ပြီးတော့..အစ်ကို့အိမ်ကို ဖုန်းလှမ်းဆက်ထားသေးတယ်... မနက်ကျ အိမ်ကို လာခဲ့မယ်တဲ့"
"အရင်ကလည်းဖြစ်လာရင်... အဲ့လိုပဲမလို့ကျန်းဟန်က အများကြီး စိတ်မပူနဲ့တော့နော်"ဖေ့အန်းက ကျန်းဟန်စိတ်သက်သာရစေရန် နွေးထွေးစွာ ပြုံးပြရင်း ရှင်းပြရသည်။
ကျန်းဟန်က ဖေ့အန်းရဲ့ ဆေးသွင်းထားတဲ့ လက်ကလေးကို ဆုပ်ကိုင်ရင်းဖြင့် စိတ်မကောင်းသည့် အသံဖြင့် မေးလာ၏။
"နာနေလား"
"နာပေမဲ့...ဒီလောက်ကတော့ရပါတယ်ဘယ်နှနာရီတောင်် ရှိပြီလဲ...ကိုယ်အကြာကြီး အိပ်ပျော်သွားတာလား"
"ညနေ ငါးနာရီ ကျော်နေပြီ.. အစ်ကို ဆေးအရှိန်နဲ့ အိပ်နေတာ အခုထိပဲ"
"တော်တော်ကြာကြာ အိပ်ပျော်သွားတာပဲဆေးက ဘယ်တော့ ကုန်မှာတဲ့လဲ"
"အလွန်ဆုံးကြာ..နောက်တစ်နာရီလောက်ပေါ့..ဆေးကုန်ရင် အိပ်ပြန်လို့ရတယ်ပြောလည်းအစ်ကို တကယ်သက်သာတယ်ဆိုမှ ပြန်ကြမယ်နော်.."
"အရင်ကလည်း ဆေးသွင်းထားတာ ပြီးရင် ပြန်နေကြပါ..ကျန်းဟန်ရဲ့အိပ်လိုက်လို့လားမသိ..ပိုပြီးတော့တောင် အားပြန်ပြည့်သွားတယ်ဆို"
"ဟုတ်ပြီဗျ အစ်ကို... ဗိုက်ဆာပြီလား..ကျွန်တော် တစ်ခုခုသွားဝယ်ပေးထားချင်ပေမဲ့ အစ်ကိုနားမှာ စောင့်ပေးမဲ့သူမရှိလို့"
ကျန်းဟန်က ဖေ့အန်းအိပ်ပျော်နေတုန်း ဘေးမှာ တစ်ချိန်လုံး စောင့်နေပေးပုံရသည်။
"အပြန်မှ ဆိုင်တစ်ဆိုင်မှ ဝယ်သွားလိုက်မယ်လေကိုယ်တို့ကျောင်းက ပြန်လာထဲက မစားရသေးတာ..ကျန်းဟန်ရော စားထားရဲ့လား"
"မစားရသေးဘူး...အစ်ကို..အစ်ကိုက ဆေးရုံ ခုတင်ပေါ်ရောက်နေတာ.. ကျွန်တော် ဗိုက်ဆာလား မဆာလားတောင် မတွေးမိဘူးအခု အစ်ကိုမေးမှသာ..."
"ကျန်းဟန်ကလည်း..အဲ့လိုမလုပ်နဲ့လေကိုယ်က ဒါမျိုးက ဖြစ်နေကျပဲ..ကိုယ့်အတွက်တော့ မထူးဆန်းတော့ဘူးအစာစားချိန် ပုံမှန် စားနော်"
ကျန်းဟန်က ဖေ့အန်းစကားကို နားထောင်မည့်သဘောဖြင့် ခေါင်းငြိမ့်ပြ၏။
~~~~~~~~~
ဖေ့အန်းတကယ်ကို သက်သာတယ်ဆိုမှ ကျန်းဟန်က ဆေးရုံက ပြန်ခေါ်လာသည်။ မပြန်ခင် အထပ်ထပ် အဆင်ပြေရဲ့လားဆိုတာ မေး၏။
ကျန်းဟန်က ဖေ့အန်းကို စိတ်ချရတဲ့ နေရာမှာ နေစေချင်တာ ဖြစ်သည်။
ဒရိုက်ဘာဦးလေးကို နေ့ခင်းထဲက ပြန်လွှတ်လိုက်တာမလို့ ကျန်းဟန်က ကိုယ်တိုင်မောင်းလာသည်။ ဖေ့အန်းအဆင်ပြေစေရင် ကားအတွင်းခန်း အပူချိန်ကို ထိန်းညှိပေးထားပြီး ထိုင်ခုံကိုလည်း မှီနိုင်ပြီး သက်တောင့် သက်သာ ဖြစ်အောင် ပြင်ဆင်ပေးထား၏။
လမ်းရောက်တော့ သူတို့ ညစာအတွက် ကျန်းဟန်က ဖေ့အန်းကို ဘာစားချင်လဲ မေးလာသည်။
"ဘာစားချင်လဲ အစ်ကို"
"ဘာပဲဖြစ်ဖြစ် ရပါတယ်"
"အသားစားမလား... အားရှိအောင်"
"အဲ့တာကျ တစ်မျိုးပဲ"
"ခေါက်ဆွဲကြော်ရော ဘဲကင်နဲ့"
"ဆီကြော်တွေ သိပ်မစားချင်သလိုပဲ အီတယ်"
"အဲ့တာဆို ဘာစားမလဲဗျ"
"မသိတော့ဘူး...ကျန်းဟန်သဘော"
"ပီဇာတို့ ဘာတို့ရော"
"ညစာကို ပီဇာကြီးတော့ မစားတတ်ပါဘူး"
"အစ်ကို စားချင်စိတ်မရှိတာလားရင်ထဲမကောင်းဘူးလား"
"မဟုတ်ပါဘူး...အခု ကိုယ်အရမ်းဗိုက်ဆာနေတာပါဖက်ထုပ်လေးဆိုရင်တော့ မဆိုးဘူးနော်"
"ဖက်ထုပ်အိုးကပ်နဲ့ ခေါက်ဆွဲဆိုရင်ရော"
"ကောင်းတယ်နော်...အဲ့တာစားမယ်"
ဖေ့အန်း၏ ဘာဖြစ်ဖြစ်အဆင်ပြေတယ်ဆိုသည့် ညစာ ရွေးချယ်ခြင်းသည် နောက်ဆုံးတော့ ပြီးဆုံးသွားပြီဖြစ်သည်။
"ဘာမှာဦးမလဲ အစ်ကို"
ကျန်းဟန်က ဖက်ထုပ်အိုးကပ်ရသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် ကားရပ်ကာ ဆင်းဝယ်သည်။ ဖေ့အန်းကိုတော့ ကားထဲမှာ နေခဲ့ခိုင်းသည်။
ဆိုင်က လူများနေလောက်မှာမလို့ တော်တော်ကြာကြာကို စောင့်လိုက်ရသည်။
"ဂရုစိုက် အစ်ကို ပူတယ်"
"မြည်းကြည့်တာပါ အနံ့က အရမ်းဆွဲဆောင်နေတာ"
ကျန်းဟန် ဝယ်လာသည့် ဖက်ထုပ်ကို ဖေ့အန်းက ကားပေါ်မှာတင် နှိုက်စားနေသည်။
ဖေ့အန်းက ဖက်ထုပ်ကို အတော်ကြိုက်သည်။ ကြော်ကြော်၊ ပြုတ်ပြုတ်၊ ပေါင်းပေါင်း၊ ဘယ်လိုနေနေ ကြိုက်တာဖြစ်သည်။
"အခုစားချင်လဲ စားလိုက်နော်.. ဗိုက်ဆာရင်..."
အစကတော့ ဖေ့အန်း မြည်းကြည့်ရုံပဲ လုပ်ခဲ့ပေမဲ့ သူကြိုက်တဲ့ အစားအစာမလို့ ရပ်တန့်လို့မရ။ ကျန်းဟန်ကလည်း အခုလိုပြောလာသည်မလို့ သူဟန်မဆောင်နေတော့ပဲ ကားပေါ်မှာတင် လမ်းတစ်လျှောက်နှိုက်စားလာသည်။
~~~~~~~~~~~~~~~
ညစာ စားသောက်ပြီးတော့ ပန်းကန်တွေကို ကျန်းဟန်ကပဲ ဆေးသည်။ အရင်ကဆို ဖေ့အန်း ပန်းကန်ဆေးရင် ကျန်းဟန်က အမှိုက်သွားပစ်သည့် တာဝန်ကို ယူကြတာ ဖြစ်သည်။ တစ်ယောက်က အဝတ်လျှော်ရင် တစ်ယောက်က အဝတ်က လှန်းပေးသည်။
သူတို့ ကွန်ဒိုမှာ စပြီး ပြောင်းလာတော့ အိမ်က အဒေါ်ကြီး တစ်ယောက်ကို လွှတ်ပေးပေမဲ့ သူတို့ နှစ်ယောက်ထဲလည်း အဆင်ပြေသည်မလို့ မလာခိုင်းတော့တာ ဖြစ်သည်။
"ကျန်းဟန် အဲ့ထဲမှာ ဘာလုပ်နေတာလဲ လာတော့လေ"
ကျန်းဟန်က အမှိုက်ထွက်ပစ်ပြီး ပြန်လာတော့လည်း မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်မလို့ ဧည့်ခန်းထဲမှာ တီဗီကြည့်နေသည့် ဖေ့အန်းက လှမ်းအော်မေးနေသည်။
"ခဏ... အစ်ကို...ခဏ"
"ဘာလုပ်နေတာလဲလို့"
ထိုအချိန်မှာတင် ကျန်းဟန်က ခွက်တစ်ခွက်ကိုင်ကာ ထွက်လာသည်။
"နွားနိုကျိုနေတာ... ပူပူလေးသောက်ရအောင်လို့"
"အနံ့မခံနိုင်တာကို အပင်ပန်းခံလို့... ကျန်းဟန်ကလည်း"
"ဒီလို လုပ်ရတယ်လေ"
ကျန်းဟန်က ဝတ်ထားသည့် တီရှက် အင်္ကျီကို နှာခေါင်းအထိတက်ပြီး အုပ်လိုက်ကာ သူလုပ်ခဲ့သည့် ပုံစံကိုပြသည်။
"မေကြီးတို့ကို ဖုန်းဆက်လိုက်သေးလား"
"ဆက်ပြီးပြီ စိတ်မပူဖို့ပြောလိုက်တယ်မနက်ဖြန် လာမယ်ပြောလို့ မလာခဲ့ဖို့ပါပြောလိုက်တယ်"
"ဘာလို့လဲ အစ်ကိုရဲ့... မျက်နှာလေးတွေ့ရတာပေါ့"
"ကိုယ်က အဆင်ပြေပါပြီ...သူတို့လဲ တခြားကိစ္စတွေရှိနေတာဒါနဲ့..ကျန်းဟန်ရဲ့ ထရိန်နင်တွေရော"
"မရှိတော့ဘူးတဲ့"
"ဘယ်သူကလဲ"
"နည်းပြကလေ"
သူတို့နည်းပြလောက် ထရိန်နင်ခေါ်ချင်တာ မဖြစ်နိုင်ပါ။ အဲ့တာကြောင့် ဖေ့အန်းက ထပ်မေးသည်။
"ဘာလို့တဲ့လဲ"
"အခုလောက်ဆို အဆင်ပြေ...ပြေလောက်ပြီတဲ့အစ်ကိုရဲ့လုံလောက်ပြီတဲ့... တကယ်...တကယ်"
"လိမ်နေတာမလား...မဟုတ်ဘဲနဲ့"
သူတို့ကျောင်းက ဒီနှစ် အိမ်ရှင်ကျောင်းမလို့ ပြိုင်ပွဲအတွက် အရမ်းကို ကစားသမားတွေ အတွက်ဖိအားပေးနေတာ ဖြစ်သည်။
"ကိုယ်က လိမ်နေတာဆို စိတ်မကောင်းဖြစ်ရမှာကျန်းဟန်ကို ကိုယ့်ကြောင့်ဆိုပြီး မလုပ်လိုက်ရတာတွေအတွက်အသက်ကြီးမှ နောင်တ မရစေချင်ဘူး"
"မဟုတ်ဘူးနော် အစ်ကို... တကယ်က..အင်းကျွန်တော် ခွင့်တောင်းလိုက်တာပါ ဆရာကလည်း အဆင်ပြေတယ်တဲ့တခြား အခုမှ ဝင်ပြိုင်တဲ့လူတွေကိုပဲ ထရိန်နင်တွေ ရှိတော့မှာ ကျွန်တော်က အတွေ့အကြုံရှိတော့ အဆင်ပြေတာတဲ့"
"တကယ်လား"
"တကယ်ပါ အစ်ကိုရဲ့"
လွန်ခဲ့တဲ့ ၆ နာရီ၊ အထူးသဖြင့် ဖေ့အန်း ဆေးရုံခုတင်ပေါ်တွင် အိပ်ပျော်နေချိန်တွင် ဖြစ်သည်။
Group chat ထဲတွင် ကျန်းဟန်ကို မန်းရှင်းခေါ်လိုက်သည်မလို့ noti က တက်လာသည်။ ကျန်းဟန်က Group chat တွေထဲက Noti တွေကို ပိတ်ထားတတ်သည်မလို့ သူ့ကို မန်းရှင်းလိုက်မှသာ Noti တက်လာသည်။
ဝင်ကြည့်တော့ ထရိန်နင်တွေအတွက် အချိန်တွေ ပို့ထားတာဖြစ်သည်။၊
ကျန်းဟန်က သူအခုပြောမဲ့ အကြောင်း အရာတွေက Group chat ထဲပြောရင် မကောင်းသည်မို့ နည်းပြဆရာ Direct message သို့သွားကာ
💬 ' မင်္ဂလာပါ နည်းပြ တောင်းပန်ပါတယ်ခင်ဗျကျွန်တော်က အရင်လို မဟုတ်တော့ပါဘူး။ စောင့်ရှောက်ရမဲ့ အိုမီဂါ ရှိနေပါပြီ။ သူက အခု နေသိပ်မကောင်းတာမလို့ သူ့ဘေးမှာ နေပေးဖို့ကို ကျွန်တော် ပိုပြီး ဆန္ဒရှိပါတယ်။ မနက်ဖြန်ကနေစပြီး ထရိန်နင်တွေ မဆင်းနိုင်တော့တာမလို့ အားနာပါတယ် ထရိန်နင်တိုင်း မဆင်းပဲ ပြိုင်ပွဲဝင်ဖို့ အဆင်ပြေရင်တော့ ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားပေးပါ့မယ်။ အဆင်မပြေရင် နှုတ်ထွက်ပါရစေ။'
ကျန်းဟန်နဲ့ နည်းပြ၏ ရင်းနှီးမှုက အချိန်တစ်ခု ကြာခဲ့ပြီ ဖြစ်သည်။ သူလည်း နည်းပြကို အားနာတာကြောင့် ပြိုင်ပွဲတော့ ဝင်ပြိုင်ပေးမယ် ပြောခဲ့တာ ဖြစ်သည်။
နည်းပြကတော့ အဆင်ပြေကြောင်း စာပြန်ရင်း ကျန်းဟန်ကို ပြောင်းလဲသွားကြောင်းပါ ထပ်ပြောသည်။
~~~~~~~~~~~~~~~
"အစ်ကို အိပ်မပျော်ဘူးလား"
ကျန်းဟန်က ဖေ့အန်း အိပ်မပျော်တာကြောင့် နှစ်သိမ့်ဖယ်ရိုမုန်းတွေ ပိုပြီး ထုတ်လွှတ်ပေးသည်။
"အင်း...စဉ်းစားစရာတွေများနေတာ"
"ဘာတွေအဆင်မပြေလို့လဲ အစ်ကိုရဲ့"
"အနာဂတ်မှာလည်း ဘာတွေဆက်ဖြစ်မလဲ မသိဘူးနော်"
"မဖြစ်လာသေးတဲ့ အနာဂတ်အကြောင်းကို ကြိုတွေးနေရင် ပင်ပန်းမှာပေါ့ အစ်ကိုရဲ့... လက်ရှိမှာ ကောင်းကောင်းလုပ်နေသ၍ အဆင်ပြေတာပဲလေ"
"ဟွန့်...ကျန်းဟန်က ဘာလို့ ဒီလောက်ရင့်ကျက်နေရတာလဲ"
"မဟုတ်ပါဘူးဗျာ... အစ်ကိုက စိတ်ပူနေတယ်ဆိုလို့"
"ကိုယ်က တစ်သက်လုံး ဘဝကို Planတွေ အစီအစဉ်တွေ ဆွဲလာခဲ့တာဒီအသက်အရွယ်မှာ ဒါဖြစ်ရမယ်၊ ဟိုအရွယ်မှာ ဒါဖြစ်ရမယ်ဆိုပြီးတော့လေဒါပေမဲ့ Plan အတိုင်း ဘာမှ မဖြစ်လာတဲ့အခါ အတွေးများပြီး အဆင်မပြေတော့ဘူး"
"အစ်ကိုက ဘာအစီအစဉ်တွေ ရှိခဲ့လို့လဲ"
"အရမ်းကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ တက္ကသိုလ်လေးတက်၊ ဘွဲ့ရ၊ အလုပ်လုပ်...အင်း"
"ပြီးတော့ရော"
ဖေ့အန်းက ပြောသင့် မပြောသင့် စဉ်းစားနေ၏။ ပြီးမှ
"အိမ်...အိမ်ထောင်ပြု... ဟာ ကျန်းဟန်ကလည်း မရယ်နဲ့လို့တော်ပြီ မပြောတော့ဘူး"ဖေ့အန်းက ကျန်းဟန်ရဲ့ လက်မောင်းတွေကိုပါ ထုရိုက်လာသည်။
"ဟားး မဟုတ်ပါဘူး မရယ်ဘူး...အတည်...အတည်...ဟား"
"တော်တော့ဆို...ကျန်းဟန်းနော်"
"တကယ်..တော်ပြီ...အစ်ကိုအစ်ကို့ရဲ့ အစီအစဉ်အတိုင်းဆို အခု အစ်ကိုက ဘာလုပ်နေရမှာလဲ"
"တက္ကသိုလ် တက်နေရမှာပေါ့"
"အဲ့တာဆို အစ်ကို့ ပလန်တွေက ဖြစ်လာပါတယ် အစဉ်လိုက်မဖြစ်တာလေးပဲလေအိမ်ထောင်ပြုတာက အရင်ဖြစ်သွားတာပဲရှိတာ"
"မစတော့ဘူးဆို"
"အတည်ပြောတာပါ ကျွန်တော်တို့ အတူတူ တက္ကသိုလ်တက်ပြီး ဘွဲ့အတူတူယူလို့ရတယ်လေ"
"အတူတူလား"
"အင်း အတူတူ"
ကျန်းဟန်က ဖေ့အန်း စိတ်ပူပန်နေတာကို အတက်နိုင်ဆုံး လျော့သွားအောင် ဆက်ပြီးပြောပေးတာမလို့ ဖေ့အန်းလည်း ပြန်အဆင်ပြေခဲ့ပြီ ဖြစ်သည်။
ဖေ့အန်း အိပ်မပျော်ခင်လေးမှာပင် ကျန်းဟန်ဖုန်းက vibrate ဖြစ်လာသည်။
ကျန်းဟန်က ဖေ့အန်းအိပ်ပြီ အထင်နှင့် မနိုးသွားစေရန် အခန်းထဲရှိ ဝရန်တာမှာ ဖုန်းထွက်ပြောသည်။
'ဟယ်လို ယွီချန်ကော'
'အဆင်ပြေပါတယ်'
'ဟုတ်တယ်...ကျေးဇူးပါ'
'အခုလွှဲလိုက်မယ်...ချန်ကော'
'မလိုပါဘူး နောက်မှအေးဆေးပြန်ပေးလို့ရပါတယ်'
တစ်ဖက်က ပြောတာ မကြားရပေမဲ့ ကျန်းဟန် ပြောနေတာတွေကိုတော့ ဖေ့အန်း ကြားနေရသည်။
ဖုန်းပြောပြီး ခုတင်ပေါ် ပြန်တက်လာတော့မှ ဖေ့အန်းက မေးလိုက်သည်။
"ကျန်းဟန်"
"အစ်ကို နိုးသွားတာလား"
"ဘယ်သူဆက်တာလဲ"
"အသိတစ်ယောက်ပါ အရေးမကြီးဘူးပြန်အိပ်တော့နော်"
ဖေ့အန်းကိုသာ ပြန်အိပ်ခိုင်းပေမဲ့ ကျန်းဟန်က ဖုန်းနဲ့ အလုပ်ရှုပ်နေပြန်သည်။ အရေးကြီးနေပုံပါပဲ။
ဖေ့အန်းက ကျန်းဟန်ကို ကျောခိုင်းကာ တစ်ဖက်လှည့်ပြီး အိပ်နေပေမဲ့ ကျန်းဟန် မအိပ်သေးမှန်း သိနေသည်။
ခဏကြာမှသာ ကျန်းဟန် လက်က ဖေ့အန်းခါးပေါ်ရောက်လာခဲ့သည်။ အင်း... ကျန်းဟန် အိပ်တော့မယ်။
~~~~~~~~~~~~~ဘယ်သူလဲ ဘယ်သူလဲ 😝
အရမ်းကြာသွားလို့ ဆောတီးပါရှင့်
There are no comments yet. Log in to be the first to leave a review!





