Fanfics

11

02:46, 6 December 2025

"အစ်ကို ဟိုမှာထိုင်မလား"

"ဟင့်အင်း... နီးတဲ့နေရာမှာ ထိုင်ချင်တယ်"

"ဒီနေရာလောက်ဆိုရလား"

"အင်း..ရတယ်"

"မုန့်စားရင်း စောင့်မလား...ကျွန်တော်သွားဝယ်ပေးထားမယ်"

"ရတယ်.. ကိုယ်က မနက်ပိုင်းဆို မုန့်တွေ သိပ်မစားတတ်ဘူး"

"အဲ့တာဆို ကျွန်တော် ထရိန်နင်အတွက် င်္အကျီသွားလဲဦးမယ် အစ်ကို"

"လိုက်ခဲ့ရမလား...ကျန်းဟန်"

"ရတယ် အစ်ကို.. ဒီနေ့ လူများတယ် ကြည့်ရတာ ပြိုင်မဲ့လူတွေ အားလုံးကို ခေါ်ထားတာနေမယ်..အစ်ကို...ဒီမှာပဲ နေနော်"

တကယ်လည်း ကျန်းဟန်ပြောသလို အားကစားကွင်းထဲမှာ ကျောင်းသားတွေ များပါသည်။ အားကစားနည်း တစ်မျိုးစီအတွက် နေရာသီးသန့်နေရာလေးတွေ ခွဲပေးထား၍ တော်သေးသည်။

အလယ်တန်းက ကျောင်းသားတွေလည်း ပြိုင်ပွဲကို ဝင်ပြိုင်ကြတာကြောင့် ချိုးချိုးကို မုန့်လာပို့တဲ့ ဟွမ်ရှင်းကိုလည်း ဘောလုံး အင်္ကျီလေးနှင့် ဖေ့အန်း တွေ့မိလိုက်သည်။ ဟွမ်ရှင်းကတော့ ဖေ့အန်းကို မြင်ပုံမရ။

င်္အကျီသွားလဲသည့် ကျန်းဟန်က လဲပြီး ကွင်းထဲပြင်ဝင်လာတော့ ဖေ့အန်းဘက်ကို လက်လှမ်းပြတာမလို့ ဖေ့အန်းလည်း တာ့တာ ပြန်လုပ်ပြလိုက်၏။'ကျားယို ကျန်းဟန်'

အခု ဖေ့အန်းထိုင်နေတဲ့နေရာက မနေ့က ထိုင်ခဲ့တဲ့နေရာထက် ကွင်းနဲ့ ပိုနီးတာကြောင့် ကျန်းဟန်ကို သေချာမြင်နေရ၏။ မနေ့ကညက မှောင်နေတာကြောင့်ပဲလား ဖေ့အန်းပဲ မျက်စိဝါးနေတာကြောင့်လားတော့ မသိ မြင်ရတာ ဝါးနေသလို ခံစားရသည်။

ပထမစစချင်းတော့ အကြောလျော့နေကြပြီးနောက် နည်းပြက ကွင်းတစ်ပတ်ပြေးခိုင်းသည် ထင်သည်။ ကျန်းဟန်တို့ ကွင်းကြီးကို ပတ်ပြေးနေရ၏။ ဖေ့အန်းကတော့ လေ့ကျင့်ခန်းဆို အသက်ရှူလေ့ကျင့်ခန်းတောင် မှန်အောင်မလုပ်တတ်ဘူး။ မလုပ်တတ်တာဟုတ်ပေမဲ့ မလုပ်ချင်စိတ်က ပိုများသည်။

ကျန်းဟန်ကိုတော့ စာကြည့်ရင်း စောင့်နေမယ်ပြောပေမဲ့ ဖေ့အန်းအခု ကျန်းဟန်ကိုသာ လိုက်ကြည့်နေမိသည်။

ကျန်းဟန်ကို ကြည့်ရင်း သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့တဲ့အကြောင်းတွေက ခေါင်းထဲရောက်လာ၏။ ဖေ့အန်းဘဝမှာ တစ်ယောက်ယောက်ကို မချစ်ခဲ့ဖူးဘူး။ ကျန်းဟန်နှင့် မတွေ့ခင် အချိန်အထိ မိသားစုတွေကလွဲပြီး တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုကိုလည်း မခံရဖူးပေ။

သူက အိုမီဂါတစ်ယောက်မလို့ တစ်ချိန်ချိန်မှာ အယ်ဖာတစ်ယောက်နဲ့ တွေ့ခဲ့လျှင် ဆိုပြီး စိတ်ကူးယဉ်ခဲ့တာမျိုး မရှိပေမဲ့ ကြောက်မိတာမျိုးတော့ရှိသည်။ သူ့အယ်ဖာက စကားများတိုင်း လက်ပါတတ်တဲ့အယ်ဖာမျိုး ဖြစ်မှာကြောက်မိသည်။

သူ့ကို အိမ်ထဲမှာပဲထားပြီး အိုမီဂါဆိုတာ အိမ်အလုပ်တွေလုပ်ရင်း ကလေးပဲထိန်းရမယ်ဆိုပြီး သတ်မှတ်ထားမှာ ဖေ့အန်း စိုးရိမ်ခဲ့မိဖူးသည်။ သူလုပ်ချင်တာတွေ လုပ်ခွင့်မပေးမှာ ကြောက်မိသည်။ အယ်ဖာ မမွေးပေးနိုင်တဲ့ အိုမီဂါ ဆိုပြီး အပြစ်တင်မှာမျိုးကို စိုးသည်။

ကျန်းဟန်ကတော့ အဲ့လို အယ်ဖာမျိုးမဟုတ်ဘူး။ စစချင်းတုန်းကတော့ ကျန်းဟန်က အဆင်မပြေလျှင် ဖေ့အန်းကို ထားခဲ့လိမ့်မည် ထင်ခဲ့၏။

ဒါပေမဲ့လည်း သူတို့နှစ်ယောက် အတူတူစနေထဲက ကျန်းဟန်က သူ့ကို ဒီလို ထပ်မတွေးနိုင်အောင် အပြုအမူတွေနဲ့ သက်သေပြပြီးဖြစ်သည်။

စိတ်မလုံခြုံမှုတချို့ရှိနေတုန်းဖြစ်ပေမဲ့ အခုနောက်ပိုင်း ကျန်းဟန်နဲ့ အတူတူရှိနေရတာ အဲ့တာတွေ ပြန်မတွေ့မိနိုင်လောက်အောင်ကို စိတ်ချမ်းသာရသည်။

ဖေ့အန်း ဟိုတွေး ဒီတွေးရင်းဖြင့်သာ အချိန်တွေ ကုန်ဆုံးနေမိသည်။

"ဟေ့ ကလေးတွေ ၁၀ မိနစ် break"

နည်းပြဆရာ၏ break time အသံကြားမှသာ ဖေ့အန်း အတွေးကမ္ဘာကနေ လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာ၏။

ကျန်းဟန် သူ့နားရောက်မလာခင် ဖေ့အန်းက ရေဘူးကိုင်ရင်း ကွင်းထဲ ပြေးဆင်းသွား၏။

ဖေ့အန်းက ရေဘူးအဖုံးပါဖွင့်ပေးရင်း"ကျန်ဟန်...ရော့ သောက်"

ကျန်းဟန်က ဘာမှပြန်မပြောနိုင် ပါးစပ်နားထိုးပေးလာတဲ့ ရေဘူးကို သောက်နေ၏။

"ဘာလို့ နည်းနည်းပဲသောက်တာလဲ"

"ဟူး... အစ်ကို...ထရိန်နင်က မပြီးသေးဘူး...အများကြီးသောက်ပြီး...ပြန်လှုပ်ရှားရင်..ဗိုက်နာတတ်တယ်ဗျ"

"အာ..ဟုတ်လား..ကိုယ်မသိလို့နည်းနည်းပဲသောက်နော်... ခုနတုန်းက ကျန်းဟန်မော့ချလိုက်တာ..များသွားပြီလားမသိဘူး"

"အဲ့လောက်ကမများပါဘူး..အစ်ကိုရဲ့စောင့်ရတာ ပျင်းနေပြီလား"

"မပျင်းပါဘူး...ကိုယ်က အချိန်တောင် ဘယ်လိုကုန်သွားမှန်းမသိတာ"

"သူငယ်ချင်းတစ်ယောက်နဲ့ အစ်ကို အပျင်းပြေစားဖို့ မုန့်နဲ့ အအေး မှာထားတယ် ခဏနော် ဟိုမှာ သူပြန်လာပြီ သွားယူလိုက်ဦးမယ်အစ်ကို အရင် သွားထိုင်နေလိုက်မလား"

ကျန်းဟန်ပြန်ရောက်လာတော့ မနေ့ကလို မုန့်ထုတ်ကြီးနဲ့။ မနေ့ကလောက်တော့ မများပေမဲ့လည်း မနည်းလှပေ။

"နို့အေးသောက်မလား မိုင်လိုသောက်မလား"

"နှစ်ခုလုံး ဒါပေမဲ့ နို့အေးအရင်သောက်မယ်"

ကျန်းဟန်က နို့အေးဘူးကို ပိုက်တပ်ပေးပြီးမှ ဖေ့အန်းကို ကမ်းပေးလာသည်။

"ရှဲရှဲ... ကျန်းဟန်က..နွားနို့မကြိုက်လို့ မတိုက်တော့ဘူးနော်"

"အဲ့တာဆို...ကျွန်တော်ပြန်သွားတော့မယ်"

"ဒါနဲ့...ဘယ်တော့ပြီးမှာလဲ"

"အလွန်ဆုံး ၁၁နာရီလောက်ပေါ့...ရတယ်မလား"

"ရတယ်..ရတယ်..သွားတော့"

ဖေ့အန်း ကျန်းဟန်ကို ပြန်စောင့်နေရင်း ဖုန်းခဏ သုံးနေလိုက်သည်။ Weibo ပေါ် ခဏတက်ကြည့်လိုက်ရင်း သတင်းတွေ ဟိုဆွဲ ဒီဆွဲ ဖတ်နေလိုက်၏။ ပြီးနောက် ချိုးချိုးကို သတင်းမေးဖို့ သတိရတာကြောင့် We chat ဖွင့်ကာ ချိုးချိုးစီ စာပို့လိုက်သည်။

ဖေ့အန်းမှာ သူငယ်ချင်း များများစားစားမရှိတာကြောင့် သူ့ရဲ့ Chat list ထဲမှာ မိသားစုတွေရယ် ကျန်းဟန်နဲ့ ချိုးချိုးကလွဲပြီး ရှိမနေဘူး။

WeChat ကနေ ပြန်ထွက်လိုက်တော့ ဟိုတလောက ချိုးချိုး Download လုပ်ပေးထားတဲ့ ဂိမ်းလေးကို တွေ့သည်။ ဖေ့အန်းက ဂိမ်းဆို အသီးခွဲတဲ့ဂိမ်းနဲ့ Candy Crush လောက်ပဲ ဆော့ဖူးသည်။ ဒီလို ဟိုဘက်ငါးယောက် ဒီဘက် ငါးယောက် အပြန်အလှန် တိုက်ခိုက်ရတဲ့ ဂိမ်းမျိုး မဆော့တတ်။

အတန်းထဲက လူတွေလည်း ကစားကြပြီး သူတို့အရွယ်တွေ တော်တော်များများ ကစားတတ်ကြသည် ထင်သည်။ အိမ်မှာဆို ကျန်းဟန်လည်း ဒါလိုဂိမ်းမျိုး ဆော့နေတတ်သည်။

ဂိမ်းထဲ ဝင်ကြည့်လိုက်ပေမဲ့ ဂိမ်းစဖို့တောင် သူဘယ်နေရာကနေ စလို့ စရမှန်းတောင် မသိသည်မို့ ပြန်ထွက်လာလိုက်သည်။

ဖုန်းထဲမှာ သူစိတ်ဝင်စားတာ မရှိတော့သည်မလို့ နို့အေး နောက်တစ်ဘူး ဖောက်သောက်ကာ ကျန်းဟန်ဆီ ပြန်အကြည့်ပို့လိုက်သည်။ မိုင်လိုကိုတော့ ကျန်းဟန်ဖို့ ချန်ထားလိုက်သည်။

ဖေ့အန်း ကြည့်ရင်း ငေးရင်းကနေပဲ ထရိန်နင်က ပြီးဆုံးသွားပြီဖြစ်သည်။

ဖေ့အန်းက အရင်လိုပဲ ကျန်းဟန်ကို ရေဘူးသွားပေးပေမဲ့ ကျန်းဟန်က အကုန်လုံးကို သောက်ပစ်လိုက်တာမလို့ သူ့မှာတားရသေးသည်။

"အများကြီးမသောက်နဲ့လေ...ကျန်းဟန်ရဲ့ဗိုက်အောင့်တတ်တယ်ဆို"

"မဟုတ်ဘူးလေ..အစ်ကိုရဲ့အခုက ပြီးပြီ...ထပ်ပြီး လှုပ်ရှားစရာမှ မလိုတော့တာ"

"ဟုတ်သားပဲ"

"ကျောင်းမှာပဲ ရေချိုးသွားလိုက်တော့မယ်"

"အခုမချိုးနဲ့ဦး...ကျန်းဟန်ရဲ့ ချွေးတိတ်သွားမှ ချိုးနော်.."

"ဟုတ်ကဲ့ဗျ...အပြန်ကို အပြင်မှာ အစ်ကို တစ်ခုခုစားချင်တာရှိလားကျွန်တော်တို့ အပြင်ထွက်ပြီး မစားရတာ တော်တော်တောင်ကြာပြီ"

"ဟော့ပေါ့"

"အဲ့တာဆို သွားစားမယ်နော်အစ်ကို စားချင်တဲ့ ဆိုင်ရှိရင် ရွေးထားလေ"

"ကိုယ်တို့ကို ဦလေးပဲ လာကြိုပေးမှာလား"

"ဟုတ်တယ် အစ်ကို...ကျွန်တော် မနေ့ကထဲက အချိန်ကို ပြောထားပြီးပြီ"

"အာ..ကိုယ်မသိလိုက်လို့"

"ချွေးလဲတိတ်ပြီဆိုတာ့ ရေသွားချိုးတော့မယ် အစ်ကိုပါ တစ်ခါထဲ လိုက်ခဲ့လိုက်တော့မလားအဲ့ကနေပဲ တစ်ခါထဲ ပြန်လိုက်ကြမယ်လေ"

ကျန်းဟန်က ဖေ့အန်းကို Locker တွေ ထားတဲ့ အခန်းတံခါးဝနားမှာ စောင့်နေစေ၏။

"ကျွန်တော် မြန်မြန် ပြန်လာမယ်နော်"

ဖေ့အန်း ကျန်းဟန်ကို အခန်းဝက ခုံတန်းလေးမှာ ထိုင်စောင့်နေသည်။ တခြား ထရိန်နင်သမားတွေလည်း ရှိနေတာမလို့ တိတ်ဆိတ်နေတာမျိုးတော့ မဟုတ်။ သွားသွားလာလာတော့ ရှိသည်။

~~~~~~~~~~~~~~~~~~

'ဟေ့ကောင်တွေ တော်လိုက်တော့ ဘာမဟုတ်တာလေးနဲ့'

*ခွပ်* *ခွပ်*

'လုပ်ကြဦး'

'ဟေ့ကောင်တွေ ဖယ်ရိုမုန်းတွေ သိမ်းလိုက်'

'ဆရာတွေကို သွားခေါ်ကြ!'

အယ်ဖာနှစ်ယောက် ရန်ဖြစ်နေကြတာ ဖြစ်သည်။ ရန်ဖြစ်နေတဲ့ နှစ်ယောက်က ထိုးရင်း ကြိတ်ရင်းနှင့် ဖေ့အန်း ထိုင်နေသည့် အနားသို့ ရောက်လာကြ၏။ ဘေးမှာလည်း တခြားကျောင်းသားတွေက ဝင်ဆွဲပေးကြသည်။

အစက အယ်ဖာနှစ်ယောက်က အပြန်အလှန် ထိုးကြိတ်ပြီးသာ ဖြစ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ဖိနှိမ့်ဖယ်ရိုမုန်းတွေပါ အသုံးပြုလာသည်။

'ကျန်းဟန်...ကျန်းဟန်' ဖေ့အန်း စိတ်ထဲမှ ကျန်းဟန် နာမည်လေးကို ခေါ်နေမိသည်။

ဖေ့အန်း ဒီနေရာကနေ ဝေးဝေးထွက်သွားသင့်တာ သိပေမဲ့ အယ်ဖာက တစ်ယောက်ထဲတောင် မဟုတ် အယ်ဖာ နှစ်ယောက်ရဲ့ ဖိနှိပ် ဖယ်ရိုမုန်းတွေလေ။ သူဘယ်လိုမှ ရွှေ့လို့ မရဘူး။

အချိန်ကြာလာသည်နှင့်အမျှ အယ်ဖာနှစ်ယောက်ရဲ့ ဖိနှိပ်ဖယ်ရိုမုန်းတွေကို တခြား အယ်ဖာများပါ သိသိသာသာ ခံစားလာကြသည်။ အိုမီဂါဖြစ်သည့် ဖေ့အန်းကတော့ အလူးအလဲပါပဲ။

ဖေ့အန်း လည်ဂုတ်ရှိ ဖယ်ရိုမုန်း ဂလင်းက နာကျင်လာပြီး သူကိုယ်တိုင်လည်း အသက်ရှူကြပ်ကာ ခေါင်းတွေမူးဝေလာရသည်။

ကျန်းဟန် ရေချိုးပြီးလို့ အင်္ကျီလဲနေတုန်း ရှိသေးသည် ဝင်လာကြသည့်လူများက အရှေ့မှာ ရန်ဖြစ်နေကြတယ် ပြောကြတာ သူကြားလိုက်တာမလို့ အမြန်သိမ်းဆည်းပြီး ထွက်လာခဲ့သည်။

ကျောင်းတွင်းမှာ ဖြစ်တာမလို့ လက်ပါ ခြေပါလောက်ပဲ ဖြစ်ပါစေ ဆုတောင်းခဲ့ပေမဲ့ သူ ဖေ့အန်းကို ထားခဲ့တဲ့ နေရာကို ရောက်ခါနီးလေ အယ်ဖာတွေ့၏ ဖိနှိပ်ဖယ်ရိုမုန်းတွေကို ရလေ ဖြစ်သည်။

ကျန်းဟန်က ရှားပါးတဲ့ Dominant Alpha တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သာမန်အယ်ဖာတွေ၏ ဖိနှိပ်ဖယ်ရိုမုန်းတွေက သူ့ကို ဘာ အကျိုးသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်ဘူး။

'ဟေ့ကောင်တွေ ရပ်ကြတော့!''ဆရာလာပြီ ဆရာလာပြီ!'

ကျန်းဟန်နဲ့ရောက်သွားသည့်အချိန် ဆရာတွေပါ ရောက်လာတာဖြစ်သည်။

"အစ်ကို...အစ်ကို"

"ကျန်းဟန်...ဟင့်..အသက်...အသက်ရှုလို့...မရတော့ဘူး"

"ဒီကနေထွက်သွားကြမယ်နော်"

ကျန်းဟန်က ဖေ့အန်းကို အပြင်ဘက်သို့ အရင်ဆုံး ခေါ်ထုတ်လာခဲ့သည်။

ဖေ့အန်းကိုယ်ပေါ်မှာ ကျန်းဟန်ပေးထားတဲ့ ကျန်းဟန်ရဲ့ နှစ်သိမ့်ဖယ်ရိုမုန်းတွေအစား ဟိုအယ်ဖာနှစ်ယောက်၏ ဖယ်ရိုမုန်းအနံ့တွေ ဝင်ရောက်နေ၏။ ဆိုးလိုက်တဲ့ အနံ့တွေ!

"အသက်ကို ပုံမှန်ရှူ...အစ်ကို"

"..."

"ဆေးပါလား အစ်ကို"

ကျန်းဟန်က မေးရင်း ဖေ့အန်း လွယ်အိတ်ထဲရှာတော့ ရေဘူးတွေသာ တွေ့ပြီး တခြား ဘာဆို ဘာမှ မရှိ။

"မပါဘူး...အာ့..နာတယ်"

"ဘယ်နားကနာတာလဲ"

"လည်ဂုတ်က..အာ့..ဂလင်းနေရာက..ပူတယ်"

ကျန်းဟန်က ဖေ့အန်းထိုင်နေခုံဘေးမှာ စောင့်ကြောင့်ထိုင်ကာ မေးနေရင်း ဖေ့အန်း ပြသည့် ဂလင်းနေရာကို ကြည့်တော့ အသားက နီရဲကာ ရောင်နေသည်။

"အစ်ကို...တခြား ဘာဖြစ်သေးလဲ"

"ရင်တွေ တလှပ်လှပ်နဲ့...ခေါင်းလည်း ချာချာလည်အောင်မူးနေတာ..အန်...အန်လည်း...အန်ချင်တယ်"

"အန်ချင်နေရင်..အန်လိုက်မလား"

"ဟင့်အင်း အန်ထုတ်လို့လဲမရဘူး"

"ဆေးရုံသွားကြမယ်နော်...အစ်ကို"

ကျန်းဟန်က အခု သူတို့ရှိတဲ့နားအထိ ဒါရိုက်ဗာ ဦးလေးကို ကားဖြင့် လာကြိုပေးရန် ဖုန်းဆက်လိုက်၏။

"ရလား အစ်ကို"

"အင့်..မခံစားနိုင်တော့ဘူး.."

ဖေ့အန်းက ဖြစ်ပေါ်လာတဲ့ ဝေဒနာမျိုးစုံကို ကြိတ်ကာ ခံစားနေရသည်။ ဖယ်ရိုမုန်း ဂလင်းရှိတဲ့ ဂုတ်နေရာက မခံမရက်နိုင်အောင် ပူပြီး နာနေသလို ခေါင်းကလည်း ချာချာလည်အောင်မူးနေသည်။ ရင်ထဲမှလည်း အော်ဂလီဆန်နေတာကလည်း ပိုဆိုးရွားလာ၏။

"အစ်ကို့လက်တွေ အေးစက်နေတာပဲ"

ကားထဲရောက်တော့ ကျန်းဟန်က ဖေ့အန်းကို နှစ်သိမ့်ဖယ်ရိုမုန်းတွေ ထုတ်ပေးလာသည်။ အိုမီဂါဖြစ်တဲ့ ဖေ့အန်းကတော့ ဒါကို ခံစားလို့ရပေမဲ့ ဘီတာဖြစ်တဲ့ ဒါရိုက်ဘာဦးလေးကတော့ ခံစားလို့ ရမည် မဟုတ်။ ကျန်းဟန်က ကျောင်းနဲ့ အနီးဆုံးမှာရှိတဲ့ ဆေးရုံ တစ်ခုကိုသာ အမြန် မောင်းခိုင်း၏။

ခေါင်းက ချာချာလည်အောင်မူးနေတာမလို့ ဖေ့အန်းက မျက်စိမှိတ်ကာ ကျန်းဟန် ရင်ခွင်ထဲမှာမှီရင်း ကျန်းဟန်၏ နှစ်သိမ့်ဖယ်ရိုမုန်းကို လက်ခံယူနေရသည်။

"ကား...ကားရပ်ပေးပါ..ဦးလေး"

"အစ်ကို..အစ်ကို..ဘာဖြစ်လို့လဲ"

"ဒီလမ်းကြောက ကားရပ်လို့ အဆင်မပြေသေးဘူး ကလေး"

"အန်...အန်ချင်"ဖေ့အန်းက ပြောပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။

"အန်ချင်ရင် အန်ချလိုက်...ကျွန်တော် မရွံ့တတ်ဘူးအောင့်မထားနဲ့...နော် အစ်ကို.."

ဖေ့အန်းအားနာနေမည်ဆိုး၍ ကျန်းဟန်က စိတ်သက်သာရစေရန် သူမရွံ့တတ်ကြောင်း ပြောပြတော့ ဖေ့အန်းက ခေါင်းခါပြသည်။

"အိတ်....အွန်း"

ဒီတိုင်းဆို မဖြစ်တာမလို့ ကျန်းဟန်က ကားဒတ်ချ်ဘုတ်ထဲတွင် ရှိသည့် ကြွပ်ကြွပ်အိတ်ကို လှမ်းယူပေးကာ ဖေ့အန်းကို ပေးလိုက်၏။

"အော့....ဝေါ့.."

ကျန်းဟန်က ဖေ့အန်း အန်နေတဲ့ တစ်လျှောက် ကျောလေးကို နှိပ်ပေးကာ သက်သာစေအောင် လုပ်ပေးနေမိသည်။ အန်တော့လည်း ခုနက သောက်ထားသည့် နွားနို့များသာဖြစ်သည်။

"ရင်ထဲ ရှင်းသွားပြီလား...ပလုပ်ကျင်းလိုက်ဦး..အိတ်ပေး...ကျွန်တော့်ကို"

"ဟင့်အင်း"

"သက်သာလား အစ်ကို"

"အင်း...နည်းနည်း..ခေါင်းတော့ မူးတယ်"

"ဆေးရုံရောက်တာ့မယ်နော်..အစ်ကို"

ဆေးရုံရောက်တော့ ဆရာဝန်များက ကျန်းဟန်ကို ဖေ့အန်း၏ ရောဂါ History မေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးကြ၏။

အခုတော့ ဖေ့အန်းက ဆေးအရှိန်နှင့် နှစ်နှစ်ခြိုင့်ခြိုင့် အိပ်ပျော်နေလေသည်။ ဆရာဝန်ကတော့ အရမ်းကြီး စိုးရိမ်စရာမရှိကြောင်း ပြော၏။ ဖေ့အန်း၏ နဂို ဓာတ်ခံက ဖယ်ရိုမုန်းဒဏ်ကို မခံနိုင်တာကြောင့် သူများတွေထက် အခြေအနေ ပိုဆိုးသွားခြင်းဖြစ်သည်။

အခုချိတ်ထားတဲ့ဆေးကုန်လျှင် ခဏစောင့်ကြည့်ပြီးသည်နှင့် ဆေးရုံဆင်းလို့ ရပြီဖြစ်ကြောင်း ပြောသည်။ ဆရာဝန်များက ကျန်းဟန်ကို အရမ်းကြီး စိတ်မပူနေဖို့တောင် သတိထပ်ပေးသွားသည်။ ကျန်းဟန်မျက်နှာကို ကြည့်လျှင် ဖေ့အန်းအတွက် သူတကယ့်ကို ပူပင်နေတာ သိသာလှသည်။

ကျန်းဟန် ဖေ့အန်း၏ မိဘတွေကို အရင်အကြောင်းကြားပြီးနောက် သူ့မိဘတွေကို အကြောင်းကြားလိုက်သည်။ ဘာပဲ ဖြစ်ဖြစ်တော့ မိဘတွေကို အကြောင်းကြားထားရမှာ ဖြစ်သည်။

လူနာခုတင်ပေါ်တွင် အိပ်ပျော်နေသည့် ဖေ့အန်းက နှုတ်ခမ်းသားများ ဖျော့တော့လျက်ရှိကာ အားနည်းသည့်ပုံပေါက်နေသည်။ အစ်ကို့ရဲ့ ဒီလိုပုံစံက ကျန်းဟန် မမြင်ချင်ဆုံးဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း ဖေ့အန်း၏ ဒီလိုအခြေအနေကို ကျန်းဟန်ကြုံခဲ့ရသည်။ အခုတစ်ခေါက်ကျတော့ ကျန်းဟန် ရှိနေရင်းနဲ့ကို ဖြစ်သွားရသည်။

ကျန်းဟန် ဒီအိုမီဂါလေးကို တစ်နေရာမှာ ဖွက်လို့ရရင် ဖွက်ထားချင်မိပါရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories