Fanfics

8

02:46, 6 December 2025

'ဒီနေ့လည်း ရှိနေပြန်ပြီ'

ချိုးတင်းကျယ် တစ်ယောက် သူ၏ စာရေးခုံပေါ်တွင် နေ့တိုင်းလိုလိုရောက်နေတတ်သည့် နွားနို့ဘူးနှင့် ပေါင်မုန့်ထုပ်ကို ကြည့်နေမိ၏။ သူက အိပ်ရာထနောက်ကျတတ်သူမို့ တော်ရုံဆို မနက်စာကို အလွတ်ခံလိုက်သည်။

"ဖေ့အန်းကော မရောက်ခင်ထဲက ဒီမုန့်တွေက ရောက်နေတာလား"

ချိုးချိုးက ကျောင်းကို အမြဲလိုလိုနောက်ကျတာမလို့ စောစောရောက်တတ်သည့် ဖေ့အန်းကို မေးလိုက်၏။

"ဟုတ်တယ် ချိုးချိုးငါရောက်တော့ ရှိနေပြီ"

"ဟိဟိ လာတင်ထားတော့လဲ စားရတာပေါ့"

ချိုးချိုး ပထမရက်ထဲက မုန့်တွေ လာတင်ထားတဲ့လူကို မြင်မိလားလို့ တစ်တန်းလုံးကို ပတ်မေးထားပေမဲ့ အားလုံးက မမြင်လိုက်ဘူးသာ ဖြေကြ၏။ အခုဆို သုံးရက်မြောက်တောင် ရှိခဲ့ပြီ။ သူ့စာရေးခုံပေါ် မုန့်တွေ ရောက်နေတာ ဘယ်သူများ လာထားပါလိမ့်။

"ဖေ့အန်းကော စားဦးမလား"

"တော်ပါပြီ အိမ်က မနက်စာစားလာတယ်"

"အဲ့တာဆို..ခဏလိုက်ခဲ့ပါလား ရုံးခန်းသွားမလို့"

"ဟင်...တိုင်ပြောမလို့လားပေးတဲ့လူက ချိုးချိုးကို ဒီတိုင်း စားစေချင်လို့ ပေးတာ နေမှာပါ"

"အာ..ဖေ့အန်းကောကလဲ အဲ့တာမဟုတ်ပါဘူးခွင့်စာသွားတင်မလို့ပါ"

"ဘာခွင့်စာလဲ"

"ကျွန်တော့်ရဲ့ Heat ကာလရောက်တော့မှာအဲ့တာ ခွင့်စာသွားတင်မလို့"

"မသိပါဘူး...ငါက သွားတိုင်ပြောမလို့ ထင်နေတာဘယ်နှရက် ခွင့်တင်မှာလဲ"

"ကြာသပတေးရယ် သောကြာရယ် စနေ တနင်္ဂနွေက ပိတ်တော့ဖယ်လိုက် တနင်္လာရယ်ဆိုတော့ သုံးရက်ပေါ့"

လမ်းသွားသည့်အခါ ချိုးချိုးက ဖေ့အန်း လက်မောင်းကို ဆွဲကာ တွဲသွားတတ်မို့ ဒီနေ့ ချိုးချိုး ဖေ့အန်းအသားကို လာထိတော့ သာမန်နေ့တွေထက်ကို ချိုးချိုးရဲ့ အသားတွေက ပူကျစ်နေ၏။

ဒါက အိုမီဂါတွေအတွက် Heat ကာလရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်သည်။

"အရမ်းကို ပူနေတာပဲ ချိုးချိုး"

"အရင်ကလဲ အဲ့လိုပါပဲ ဖေ့အန်းကောကလည်း"

Heat ကာလ အစောပိုင်း လက္ခဏာတွေ ခံစားနေရတဲ့ ချိုးချိုးက ဒီနေ့မှာ သာမန်ထက်ကို ပိုတိတ်ဆိတ်နေခဲ့သည်။ နေ့လယ်စာစားတော့လဲ နည်းနည်းသာ စားပြီး ဖေ့အန်းစားတာကို ထိုင်စောင့်နေပေး၏။

အခုလည်း အတန်းထဲရောက်တော့ ခုံပေါ်မှောက်အိပ်နေလေသည်။

"ချိုးချိုး အဆင်ပြေရဲ့လားအိပ်ပြန်နားလိုက်မလား အတန်းပိုင်ကို သွားပြောပေးမယ်လေ"

"ရတယ်...ရတယ် ဖေ့အန်းကော ဒီအချိန်ဆို ပိုလို့တောင် အိမ်မှာ မနေချင်ဘူး"

"အဲ့တာဆို တစ်ခုခုဖြစ်ရင် ငါ့ကိုပြောနော်"

စာသင်နေပေမဲ့လဲ ဖေ့အန်း စိတ်မဖြောင့်ခဲ့။ ချိုးချိုးရှိသည့် အနောက်ခုံကိုသာ လှည့်ကြည့်နေမိ၏။

ချိုးချိုးအိပ်နေတာ ထမင်းစားချိန်ပြီးထဲက အခု ကျောင်းဆင်းခါနီးအထိဖြစ်သည်။ ဖေ့အန်းက အတန်းဝင်တဲ့ ဆရာမတွေကို ချိုးချိုးအကြောင်း ရှင်းပြပေးထားပြီး ဆရာမတွေက နားလည်ပေးကြသည်။

ထပ်အိပ်ခိုင်းလို့ မဖြစ်။ မကြာခင်ကျောင်းဆင်းတော့မှာမလို့ ဖေ့အန်း ချိုးချိုးကို နှိုးလိုက်ရသည်။

"ချိုးချိုး... ချိုးချိုး... ထတော့"

"ဟင် ဖေ့အန်းကော" ချိုးချိုးက မျက်စိမှိတ်လျက်နှင့်သာ ပြန်ထူးလာ၏။

"ထတော့လေ... ကျောင်းဆင်းပြီ"

ပုံမှန်ဆို ချိုးချိုးက Bus ကားစီးပြီးသာ ပြန်နေကျ။ အခုအခြေအနေမှာ အဆင်မပြေဘူးထင်လို့ ဖေ့အန်းက ချိုးချိုးကို ပြန်လိုက်ပို့ရန် ကျန်းဟန်ကို ခွင့်တောင်းဖို့ လုပ်ထားသည်။

"အသားတွေ ပိုပူလာတာပဲ ချိုးချိုးငါဒီနေ့ ပြန်လိုက်ပို့ရမလား Bus နဲ့တော့မပြန်သင့်ဘူး"

"ရတယ်...ရတယ် ဖေ့အန်းကော"

"လွယ်အိတ်ကိုလဲ ငါသယ်ပေးမယ် မငြင်းနဲ့နော်ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး..သိတယ်မလားငါ့ကိုတွဲထား"

အိုမီဂါများသည် Heat ကာလ၏ အစောပိုင်းလက္ခဏာတွေ ခံစားရပြီး နောက်တစ်ရက်လျှင် Heat ကာလ​ရောက်သွားပြီ ဖြစ်၏။ ဒီလိုနေ့မျိုးဆိုလျှင် အိုမီဂါများကို ကျောင်းက တရားဝင် ခွင့်ပေးပေမဲ့ ချိုးချိုးက ပေတေကာ ကျောင်းလာနေခြင်းဖြစ်သည်။

ဖေ့အန်းက လွယ်အိတ်နှစ်လုံးနှင့် သူ့၏ လက်ဆွဲအိတ်အပြင် ချိုးချိုးကိုပါ တစ်ဖက်က တွဲထားရတာကြောင့် ကြည့်လျှင် ကိုးရိုးကားရား နိုင်လှ၏။

အဆောင်ရှေ့ ရပ်စောင့်နေတဲ့ ကျန်းဟန်ကထိုအခြေအနေကို မြင်တော့ ထင်မထားတာကြောင့် ပြေးလာကာ

"အစ်ကို တစ်ခုခုဖြစ်လို့လားပေး အိတ်တွေ... ဘာလို့ ကျွန်တော့်ကို လှမ်းမပြောတာလဲအစ်ကိုက အစ်ကို့သူငယ်ချင်းကိုပဲ တွဲလိုက်နော်" ကျန်းဟန်က အိတ်တွေ လက်လွှဲယူကာဆို၏။

"ကျန်းဟန် ကိုယ်တို့ ချိုးချိုးကို အိမ်ပြန်လိုက်ပို့ပေးလို့ရမလားဟင်သူနေမကောင်းဘူး Heat ကာလအစောပိုင်း လက္ခဏာတွေဖြစ်နေတာ"

"ကျွန်တော်က အစ်ကို့သဘောပါ"

"မဟုတ်....ဖေ့အန်းကော"

"ရပါတယ် အားမနာနဲ့"

"အဲ့လိုမဟုတ်ဘူး...အိမ်က ဒီနေ့ လာကြိုပေးမှာ ဖေ့အန်းကောကားနားအထိပဲ လိုက်ပို့ပေးနော်"

ဖေ့အန်းက ချိုးချိုးမိသားစုအကြောင်း သိပ်မသိပါဘူး။ ချိုးချိုးကလည်း မပြောပြဖူးသလို ဖေ့အန်းက မမေးဖူးတာလည်း ပါပါသည်။ အရင်နေ့တွေက bus နဲ့ ပြန်ပြီး အခုကျတော့လည်း လာကြိုသည်တဲ့။

ချိုးချိုးကို လာကြိုပေးသည့်ကားကို ကြည့်တော့ သာမန်အိမ်စီးကားမျိုး မဟုတ်ဘဲ တကယ့်ကို စျေးကြီးသည့် ဇိမ်ခံကားမျိုးဖြစ်သည်။ ချိုးချိုးရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကြည့်ပြီးတော့လည်း ရိုးရိုးသာမန် မိသားစုက မဟုတ်ဘူးဆိုတာ ဖေ့အန်းခန့်မှန်းမိပါသည်။

"ချိုးချိုး..ဒီမှာအိတ် ငါစာတွေ ပြန်ကူးပေးထားမယ် စိတ်ချနော်....ပြီးတော့ ဂရုစိုက်"

"ကျေးဇူးပါ ဖေ့အန်းကော"

ချိုးချိုး၏ ကားလေးထွက်သွားမှ ဖေ့အန်းက ကျန်းဟန်ဆီက သူ့လွယ်အိတ်ကို ပြန်တောင်း၏။

ကျန်းဟန်က ဖေ့အန်းနှင့်သူ လွယ်အိတ်နှစ်လုံးကို ပုခုံးတစ်ဖက်ထဲ ပေါင်းလွယ်ကာ လက်တစ်ဖက်က ဖေ့အန်း၏ လက်ဆွဲအိတ်ကို ကိုင်ထားသည်။

"ကျန်းဟန် ကိုယ့်ကိုလွယ်အိတ်ပေးတော့ ညောင်းသွားပြီလား..လွယ်ထားရတာ"

"ကျွန်တော်ပဲ လွယ်မယ်အစ်ကိုက ဒီတိုင်းအေးဆေးလျှောက်"

"နေဝင်ချိန်မှာ ကားလမ်းဘေး လမ်းလျှောက်ရတာ တစ်မျိုးပဲနော်"

"သဘောကျလား"

"အင်း...အိမ်ကို လမ်းလျှောက်ပြန်လို့ရရင် ကောင်းမယ်"

"ပြန်ကြမလား အစ်ကို"

"အဲ့လောက်ကြီးကျတော့လည်း မလျှောက်နိုင်ပါဘူး ကျန်းဟန်ကလည်း..."

"နောက်ထပ် အစ်ကိုလုပ်ချင်တာတွေရှိသေးလား"

"ရှိသေးတယ် အများကြီးပဲ အင်း... bus နဲ့ ကျောင်းလာကြည့်ချင်တယ် ကျောင်းပြန်ချင်တယ်အချိန်ပိုင်းလဲ အလုပ်လုပ်ကြည့်ချင်တယ် ကိုယ် ဒရမ်မာ အရမ်းဆန်နေပြီလား"

"ကျွန်တော်လည်း ဒရမ်မာဆန်ဆန် လုပ်ကြည့်ချင်တာရှိပါတယ်"

"အဲ့တာ ဘာလဲ"

မေးခွန်း အဆုံးမှာ ကျန်းဟန်၏ လက်ချောင်းများက ဖေ့အန်းလက်ချောင်းများအကြား တိုးဝင်လာ၏။

"လမ်းလျှောက်တဲ့အခါ ဒီလို အစ်ကိုလက်လေးကို ကိုင်ထားချင်တာလေ"

ဖေ့အန်းက အံ့ဩသွားသည်မို့ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်ကာ ကျန်းဟန်ဘက်ကို မော့ကြည့်လာလေသည်။

ကျန်းဟန်နှင့် မျက်လုံးချင်း ဆုံသွားသည်မလို့ သူကပဲ အကြည့်ပြန်လွှဲလိုက်ရပြန်သည်။

ဖေ့အန်းက သူ့ဘဝမှာ ဒီလို အခြေအနေမျိုးကို ပထမဆုံး ကြုံဖူးတာဖြစ်သည်။ သူ ရင်တွေလည်း တဒိတ်ဒိတ် ခုန်လာသလို မျက်နှာတွေပါ နီတက်လာ၏။ အငွေ့ပျံပြီး ပျောက်ကွယ်လို့ရရင် ခဏလောက် ပျောက်ကွယ်သွားချင်သည်။

အခု ကျန်းဟန်နဲ့ သူက ဘာတွေလဲ။ ကျန်းဟန်က ဘာလို့ ဒီလို လာလုပ်နေတာလဲ။ သူတို့က အချင်းချင်း လက်ကိုင်ပြီး သွားလို့ရတာလား။

"အစ်ကိုဘက်က အဆင်မပြေလို့လားဒါဆိုလည်း...ကျွန်တော်"

"အာ မဟုတ်...အဲ့လို မဟုတ်ပါဘူး..အမ်း..ဟိုဟာလေ. အဲ့တာက..မြန်မြန်လျှောက်ရအောင် ဦးလေးစောင့်နေရရင် မကောင်းဘူးထင်လို့"

" အဲ့လိုလား ဒါဆို သွားကြတာပေါ့လက်ကို ဆက်ပြီး ကိုင်ထားလို့ရသေးတယ်မလား"

"အင်း" ကျန်းဟန်က ကိုင်မယ်ဆိုလဲ သူ့ဟာသူကိုင်နေပြီးပြီပဲ ဟာကို ဘာလို့ ဖေ့အန်းကို မေးနေတာလဲ မသိဘူး။ ဖြေရမှာ ရှက်ပါတယ်ဆို။

ကျန်းဟန်က လာကြိုနေသည့် သူတို့ ကားနားရောက်မှသာ ဖေ့အန်းလက်ကို လွှတ်ပေးလိုက်၏။

'ချစ်ရသူလက်လေးကို ကိုင်ပြီး လျှောက်သွားရတာ ဒီလို ခံစားချက်မျိုးပါလား"

••••••••••••••••

ဖေ့အန်း ကျောင်းက ပြန်ရောက်ထဲက ညစာ စားပြီးသည်အထိ ကျန်းဟန်နှင့် မျက်လုံးချင်း ဆုံဖို့ကို ရှောင်နေသည်။ စကားပြောလျှင်လည်း အထစ်ထစ် အငေါ့ငေါ့နှင့်သာ ပြန်ဖြေနေမိ၏။

"ချိုးတင်းကျယ်က မနက်ဖြန် ကျောင်းမလာဘူးမလား"

"အင်း..ဟုတ်တယ်"

"အစ်ကိုတစ်ယောက်ထဲ အဆင်ပြေပါ့မလား"

"ကိုယ် တခြားသူတွေနဲ့လည်း နည်းနည်း ရင်းနှီးနေပါပြီ"

"ဟုတ်ပါပြီ ဒါပေမဲ့ဘယ်သွားသွား တစ်ယောက်ထဲ မသွားနဲ့နော်"

"ကိုယ်က ကလေးလား"

"အစ်ကိုက ကလေးမဟုတ်လို့ပေါ့"

"ဟင် ဘယ်လိုကြီးလဲ ဘာမှလဲမဆိုင်ဘူး ကိုယ်စာသွားလုပ်တော့မယ်"

"ကျွန်တော်လဲ ဒီနေ့ စာပြန်ကြည့်စရာရှိနေတာစာအတူတူလုပ်မယ်နော်"

စာကြည့်ဖို့ သီးသန့် ပြင်ဆင်ထားသည့် အခန်းထဲတွင်တော့ ဖေ့အန်းနှင့် ကျန်းဟန် စာလုပ်ဖို့ ကိုယ်ပိုင် စာကြည့်ခုံနှင့် စာအုပ်စင်များရှိသည်။

"ဘယ်ရောက်နေတာလဲ မသိဘူး" ဖေ့အန်းက ဟိုရှာ ဒီရှာနှင့် လွယ်အိတ်တစ်ခုလုံးကို သွန်ချကာ ရှာနေသည်။

"ဘာပျောက်လို့လဲ"

"ထောက်ချွန် ရှာနေတာကျောင်းမှာ ကျန်ခဲ့တာလား မသိဘူးလွယ်အိတ်ထဲလည်း မတွေ့ဘူး.. တကယ်ပါပဲ"

"အခုတော့ ကျွန်တော့်ဟာ ခဏယူသုံးထားလိုက်လေ အစ်ကိုမနက်ဖြန်မှ ကျောင်းမှာ ပြန်ရှာကြည့်လိုက်နော်"

ကျန်းဟန်က ပြောပြီး သူ့ထောက်ချွန်ကို ထုတ်ပေးလာသည်။

"အရေးကြီးပြီဆို ပျောက်ပြီ"

"စိတ်မညစ်ပါနဲ့ အစ်ကိုရဲ့ ကျွန်တော်တို့ ပြန်ဝယ်လို့ရတဲ့ ပစ္စည်းပဲကို"

"ကျောင်းတက်တာ ဘယ်လောက်မှ မရှိသေးဘူးပျောက်သွားလို့ ကိုယ့်ကိုကိုယ် စိတ်တိုတာ"

"ထားပါ အစ်ကိုရယ် စာပြန်လုပ်တော့စောစောပြီးတော့ စောစော အိပ်လို့ရတာပေါ့...နော်"

စိတ်မကြည်နေသည့် ဖေ့အန်းကို ကျန်းဟန်က ချော့ပြောရသည်။ သူ့စကားကြောင့် ဟိုတစ်ခါလို ဖေ့အန်း စိတ်မကောင်းဖြစ်သွားမှာလည်း စိုးမိသည်။အိုမီဂါလေးတွေ စိတ်က တကယ်ကို ထူးဆန်းတာပဲ။

••••••••••

နောက်တစ်နေ့ ဖေ့အန်း ကျောင်းရောက်တော့ ထောက်ချွန်ကို စားပွဲခုံအောက် ရှာကြည့်တော့ မတွေ့။ အတန်းထဲ ဟိုရှာ ဒီရှာ လုပ်တော့လဲ မတွေ့။

ချိုးချိုး၏ ခုံပေါ်တွင်တော့ နွားနို့နှင့် ပေါင်မုန့်လေးတော့ တွေ့သည်။ ပေးသည့် လူက ချိုးချိုး ကျောင်းမလာသည်ကို သိပုံမပေါ်။

နောက်ဆုံး အတန်းခေါင်းဆောင် ကျောင်းရောက်လာမှ အတန်းခေါင်းဆောင်က သူသိမ်းပေးထားသည်ဆိုပြီး လာပေးသည်။

'အာ ကျန်းဟန်ဟာ မေ့ပြီး ပါလာပြီ'ညက စာလုပ်ပြီးတော့ ကျန်းဟန်ရဲ့ ထောက်ချွန်ကို ပြန်ပေးဖို့ သူ မေ့သွားတာ။ အခုကြည့်တော့မှ ကျန်းဟန်ဟာပါ ပါလာမှန်း သိတော့သည်။

'သွားပေးသင့်လား' 'တကယ်လို့ ကျန်းဟန် သုံးဖို့လိုနေရင် ဘယ်လိုလုပ်မလဲ'

နောက်ဆုံးမှာ ဖေ့အန်းက ကျန်းဟန်အတန်းဆီ သွားပေးဖို့ ဆုံးဖြတ်လိုက်သည်။ ချိုးချိုးလည်း မရှိတာကြောင့် သူတစ်ယောက်တည်း။

ကျန်းဟန်အခန်းက အပေါ်ထပ်မှာမလို့ သူလှေကားမှ တစ်ဆင့်တက်သွားခဲ့သည်။

ဖေ့အန်းက အခန်းနံပါတ် ဘုတ်ပြားလေးတွေကို ဖတ်ရင်း တစ်ခန်းချင်း လိုက်ရှာ၏။

'ဒီအခန်းပဲ တွေ့ပြီ ငါ..ဒီတိုင်း ဝင်သွားသင့်လားဟင့်အင်း မဝင်သင့်ဘူး'

အတန်း၏ အနောက်တံခါးဝကနေ ချောင်းကြည့်မိတော့ ကျန်းဟန်ကို မတွေ့။ သူကျန်းဟန်ရဲ့ ခုံကိုလည်း မသိ။ အယ်ဖာတွေပဲ ရှိသည့် အတန်းမလို့ သူဝင်သွားဖို့လဲ ခက်သည်။

သူ့ကို တွေ့သွားသည့် အတန်းထဲက ကျောင်းသားတစ်ယောက်က ဖေ့အန်းကို စူးစမ်းကြည့်ကာမေးလာသည်။

"ဘာလို့လဲ"

"ကျန်းဟန်ကို ပေးစရာရှိလို့ သူ့ထိုင်ခုံ သိလားဟင်"

"အဲ့မှာ" ထိုကျောင်းသား ညွှန်ပြသည့်နေရာမှာ ကျန်ဟန်၏ လွယ်အိတ်ကို တွေ့ရ၏။

"အဲ့တာဆို ဒါလေးပေးပေးလို့ ရမလားခင်ဗျ"

"မရဘူး...ကိုယ်တိုင်ဝင်ပေးလိုက်"

ဖေ့အန်းက အယ်ဖာတွေ အခန်းမလို့ မဝင်ချင်ပေမဲ့ သူ့ကို ပြောနေတဲ့ ကျောင်းသားက ကူညီပေးချင်စိတ်မရှိတာကြောင့် ကျန်းဟန်၏ ခုံပေါ် ထောက်ချွန်တင်က ပေါ်လှည့်အထွက်တွင်

"အစ်ကို!!"

ဖေ့အန်းက ကျန်းဟန်ကို တွေ့လိုက်ရသည်မလို့ စိတ်သက်သာရမယ် ကြံတုန်း ကျန်းဟန်၏ အသံကြောင့် လန့်ရပြန်သည်။

"ကျန်းဟန်..ကိုယ်က ဒီဟာ"

"ဘာလာလုပ်တာလဲ.. လိုက်ခဲ့"

"ဟို..ဟိုဟာ.ထောက်ချွန်"

ကျန်းဟန်က ဖေ့အန်းကို လက်ကောက်ဝတ်မှ ဆွဲကိုင်ကာ လှေကားနား လူရှင်းသည့်နေရာအထိ ခေါ်လာ၏။

"ပြော..အယ်ဖာတွေပဲရှိတဲ့အခန်းထဲ ဘာလာလုပ်တာလဲ"ကျန်းဟန်၏ အသံတွေကို လုံးဝကို မာကြောနေသည်။ ဒေါသထွက်နေသည့် အချိန် ထိန်းပြောနေရသည့် အသံမျိုးမို့ အသံတွေက ဒေါသကြောင့် တုန်နေသည်။

"ညက ငှါးထားတဲ့ ထောက်ချွန်လေး လာပို့တာမေ့ပြီး ပါလာလို့ ကိုယ့်ဆီကို"

"အဲ့ထောက်ချွန်က အဲ့လောက် အရေးကြီးနေလား ဟမ်"

"ကိုယ်က ကျန်းဟန် အသုံးလိုလာမှ ဆိုးလို့"

"ဟာ..အစ်ကိုရာ တကယ်ပါပဲအယ်ဖာတွေပဲ ရှိတဲ့အခန်းထဲကို တစ်ယောက်တည်း"

"အဲ့လောက်ကြီးမှ မဖြစ်"

"ဘာကိုအဲ့လောက်ကြီး မဖြစ်တာလဲတကယ်လို့ အခန်းထဲမှာ တစ်ယောက်ယောက်ကRut ဝင်နေရင် ဘယ်လိုလုပ်မလဲ ဟမ်..အစ်ကို"

"ကိုယ်မှားသွားတာပါ..အဲ့လောက်ကြီး ဒေါသမထွက်ပါနဲ့နော်"

"တစ်ယောက်ထဲ မသွားနဲ့လို့လဲ ကျွန်တော် မပြောဘူးလား"

"သူတို့ကို အဲ့တာလေး ကျန်းဟန်ဆီ ပေးပေးဖို့ အကူအညီတောင်းပါသေးတယ်သူတို့က ဒီတိုင်း ဝင်ထားလိုက်ဆိုလို့"

"အခု..ကျွန်တော် ရင်ထဲ ဘာတွေဖြစ်နေလဲ သိလား"

"ကိုယ်တောင်းပန်ပါတယ်"

"တောင်းပန်ခိုင်းနေတာ မဟုတ်ဘူးလွန်ခဲ့တဲ့ နှစ်နှစ် အစ်ကို စျေးဝယ်စင်တာမှာ ဖြစ်ခဲ့တာ မှတ်မိလားအဲ့လိုမျိုး ထပ်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ..ဟမ်.ပြောလေ"

"အဲ့တာကို.. ဘယ်လိုသိ...သိအဲ့တုန်းက ...အဲ့တာ..ကူညီပေးခဲ့တာ...ကျန်းဟန်လား"

"ထားတော့...အတန်းပြန်လိုက်ပို့ပေးမယ်"

"ကိုယ်တောင်းပန်ပါတယ်နောက်ဆို တစ်ယောက်ထဲ မသွားတော့ပါဘူး..နော်"

ကျန်းဟန်က ဖေ့အန်းကို အခန်းဝထိ ပြန်လိုက်ပို့ပြီး တစ်ချက်တောင် လှည့်မကြည့်ဘဲ ပြန်ထွက်သွားသည်။

ဖေ့အန်းလည်း ကျန်းဟန် ဒေါသထွက်နေပြီး အသံကိုထိန်းပြောနေရသည့်ပုံကို တကယ်လန့်နေမိသလို ဝမ်းနည်းမိသည်။

သူဒီလိုဖြစ်ဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်တာ။

There are no comments yet. Log in to be the first to leave a review!

Similar stories