7
02:45, 6 December 2025"အစ်ကို အိမ်ပြန်ချင်လား ဒီနေ့က စနေ ဆိုတော့ တစ်ညလောက်အိပ်ပြီး မနက်ဖြန် ပြန်လာလို့ရတာပေါ့"
"ကိုယ်အိမ်ပြန်ရင် ကျန်းဟန်ကရော"
"ကျွန်တော်ရော အစ်ကိုနဲ့ လိုက်ခဲ့လို့မရလို့လား"
"အဲ့လို သဘောမျိုး မဟုတ်ဘူးလေ"
"ဒါဆို ဘာသဘောမျိုးလေးလဲဗျ အစ်ကိုရဲ့"
"အာ...ကျန်းဟန်ကလည်း...မနေ့ညက ကိုယ် ငိုခဲ့တာကြောင့်ဆို ရပါတယ် ဒီအတိုင်း စိတ်ခံစားချက်တွေ အရမ်းများသွားလို့ပါ"
"မဟုတ်ပါဘူး အစ်ကိုရဲ့ မိဘတွေလည်း အစ်ကို့ကို လွမ်းနေမှာပေါ့သွားချင်လား"
"အင်း သွားတော့သွားချင်တယ်"
"သွားမယ်နော်နှစ်ရက်စာလောက်တော့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ ထည့်ရမယ်ထင်တယ်"
"ကိုယ်က အိမ်မှာလည်း ပစ္စည်းတွေ ရှိသေးတယ် ဒီအတိုင်းသွားလိုက်ရုံပဲကျန်းဟန်အဝတ်အစားတွေတော့ ကိုယ်ထည့်ပေးမယ်"
"ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"
"ကိုယ်လုပ်ပေးချင်လို့လေ ကျန်းဟန်ကလည်း"
"ကျွန်တော်က အစ်ကို့ကို အားနာလို့ပါ"
"ကျန်းဟန် အားနာနေရင် ကိုယ်စိတ်မကောင်းဖြစ်ရမယ်ထင်တယ်"
"ကျွန်တော် စကားမှားသွားမိပြီကျွန်တော်ကြောင့် အစ်ကို ပင်ပန်းမှာဆိုးတာပါအစ်ကိုက ပြင်ဆင်ပေးတာဆိုရင် ကျွန်တော်က ပိုသဘောကျတာပေါ့"
ကျန်းဟန်က သူ့အဝတ်အစားတွေကို အိတ်ထဲ သေချာ ခေါက်ထည့်ပေးပြီး ပြင်ဆင်ပေးနေတဲ့ ဖေ့အန်းကို အနောက်မှ ရပ်ကြည့်နေမိ၏။
အိမ်ထောင်သည်အစစ်တွေလို ခံစားလာရသည်။ လီဖေ့အန်းသည် သူ့အပိုင် အိုမီဂါလေးဖြစ်သည်ဟု တွေးမိပြီးနောက်မှာ ကျန်းဟန် ပို၍ ကြည်နူးလာသည်။ သူ့ နှုတ်ခမ်းထက်က အပြုံးများနှင့် မျက်လုံးအကြည့်များသည် သက်သေပင်။ မျက်လုံးတွေက မညာတတ်ဘူးလေ။
___________"ကျန်းဟန် ကိုယ်တိုင် မောင်မှာလား"
"ဟုတ်တယ် အစ်ကို"
"ကိုယ်က ကျောင်းသွား ကျောင်းပြန် ဦးလေးကြီးပဲ မောင်းနေတော့ ကျန်းဟန် မောင်းတတ်တာတောင် မေ့နေပြီ"
"တက် အစ်ကို"
ကျန်းဟန်က ဖေ့အန်းအတွက် Lover seat က တံခါးကို ဖွင့်ပေးသည်။
ကျန်းဟန်ကားမောင်းနေတာကို ဘေးကနေ ကြည့်ရတာ တကယ် ကြည့်လို့ကောင်းတာပဲ။
"ဟာ မေ့တော့မလို့ကိုယ် အိမ်ကို ဖုန်းဆက်ရဦးမယ်"
ကျန်းဟန်က ဖေ့အန်းကို ထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြ၏။
' ဟယ်လို မေမေ...သားတို့ ဒီပိတ်ရက်မှာ အိမ်ပြန်လာမလို့'
(........)'မဟုတ်ဘူး မေမေ တစ်ညအိမ်မှာ ကျန်းဟန်လည်းပါတယ်'
(.........)'သူလည်း သားတို့ အိမ်မှာပဲ အိပ်မှာ'
(........)'အခုက လမ်းမှာ လာနေပြီ'
'ဟုတ် မေမေ ဒါပဲနော်'
ခဏအကြာတွင်
"ပျင်းနေပြီလားသီချင်းနားထောင်ချင်လား ဖွင့်ပေးရမလား အစ်ကို"
ကားပေါ်မှာ ဖေ့အန်းပျင်းနေမှာကို ကျန်းဟန် စိုးသည်မို့ သီချင်းဖွင့်ပေးရမလား မေးလိုက်ပေမဲ့
"ဟင့်အင်း အိမ်ရောက်မှ မနက်စာစားမယ် စဉ်းစားထားပေမဲ့ဗိုက်ဆာလို့လားမသိဘူး ရင်ထဲဟာတာတာကြီး ဖြစ်နေတယ်"
"ခေါင်းမူးနေလား"
"အရမ်းကြီးတော့မဟုတ်ပါဘူး ရတယ်"
"သွားရင်း Convenient store တွေ့ရင် ကျွန်တော် စားဖို့ တစ်ခုခု ဝယ်ပေးမယ်နော်"
"အင်း"
ငါးမိနစ်လောက် ဆက်မောင်းလာရင်းမှ convenient store တစ်ခုတွေ့သည်မို့ အရှေ့တွင် ကျန်းဟန်က ကားရပ်လိုက်၏။
"လိုက်ခဲ့မလား"
"လိုက်ချင်ဘူးဒီတိုင်းပဲအဆင်ပြေတာ တစ်ခုခုဝယ်လာပေး"
"မြန်မြန်ပြန်လာခဲ့မယ်နော်"
ဝင်သွားပြီး ခဏ အကြာတွင် ကျန်းဟန်က အထုတ်တစ်ထုတ်ဆွဲကာ ပြန်လာ၏။
"အစ်ကို ပေါင်မုန့်နဲ့ အစ်ကိုသောက်နေကျ Banana Milk ပဲ ဝယ်လာလိုက်တယ်အဆင်ပြေရဲ့လား ဘာထပ်ဝယ်ပေးရမလဲ"
"ရတယ် ဒီလောက်ဆို"
"အဲ့တာဆို အရင်စားလိုက်နော် အစ်ကိုပြီးမှာ ဆက်သွားကြတာပေါ့"
"ကျန်းဟန်ရော မစားဘူးလား"
"ရတယ် အစ်ကို ဟိုရောက်မှ ကျွန်တော်တို့အတွက် ပြင်ထားပေးတာတွေကို မစားနိုင်ရင် ဘယ်လိုလုပ်မလဲ"
"ဘယ်လိုမှ မလုပ်လဲရတယ်ကိုယ့်အိမ်ပဲဟာကို မစားနိုင်လဲ ဘာမှမဖြစ်ပါဘူး"
"လူကြီးတွေကို အားနာရတယ်လေ အစ်ကိုကလည်း"
"ကိုယ်မနိုင်ပါဘူး သိတတ်ပြီးလိမ္မာတဲ့ ကျန်းလောင်ရှီးကို"
ကျန်းဟန်က ဖေ့အန်းစားလို့ ပြီးသည်အထိစောင့်နေပေးပြီးမှ ကားကိုဆက်မောင်းကာ လိုရာခရီးကို ပြန်လည်စတင်၏။
"နေလို့ ကောင်းသွားပြီလား"
"စားလိုက်ရလို့ ကောင်းသွားပြီ ဟီး"
__________________
"မေမေ သားရောက်ပြီ"
လဲ့လဲ့လေးက ဖေ့အန်းကို အိမ်ဝမှာ လာစောင့်ကြို၏။
"ကျန်းဟန် ဒါလဲ့လဲ့လေးချစ်စရာလေးမလား"
"အရင်တစ်ခေါက် အိမ်လာတုန်းကလည်း တွေ့သေးတယ်လေ အစ်ကို"
"အာ ဟုတ်သားပဲနော်ကိုယ်အရမ်းမေ့တတ်တာပဲ"
"ဒါမျိုးက မေ့တတ်ပါတယ်"
သူတို့ အိမ်ဝရောက်မှ မီးဖိုချောင်တွင်ရောက်နေသည့် ဖေ့အန်းအမေမှ ပြေးထွက်လာကာ
"လာကြပြီလား သားတို့ရေမီးဖိုချောင်မှာက အိမ်ရှေ့က အသံတွေ သိပ်မကြားရလို့ကွယ်"
"လာပြီ မေမေ သားက အရမ်း အရမ်း အများကြီးကို လွမ်းနေတာ"ဖေအန်းက မေမေကို မြင်သည်နှင့် ပြေးဖက်လိုက်ကာ မျက်ရည်များက ဝဲတဲတဲဖြစ်နေသည်။
"အမလေး ကလေးလေးလို လာချွဲနေတာပေါ့လေ"
"မေမေ့ကလေးလေးပဲဟာ"
"သားငယ်လေးလဲ လာနော်"
ဖေ့အန်း၏ မိသားစုဝင်များက ဖေ့အန်းနှင့် ကျန်းဟန် အတူတူရှိနေလျှင်ဖေ့အန်းကို "သားကြီး"လို့ ခေါ်ပြီးကျန်းဟန်ကို "သားငယ်လေး"လို့ ခေါ်တတ်ကြသည်။
"ဟုတ်ကဲ့ပါခင်ဗျ"
"အခုလာမယ်ဆိုလို့ မနက်စားဖို့က သားတို့ နှစ်ယောက်ကို စောင့်နေတာတစ်ခါထဲ ဝင်ထိုင်လိုက်တော့နော်"
"ဖေဖေရှိတယ်မလား မေမေ သားသွားခေါ်လိုက်မယ်"
ထမင်းစား စားပွဲရှေ့တွင် လူနှစ်ဦးတည်းသာ ရှိသည့် အချိန်တွင်မှ ဖေ့အန်း၏ အမေမှ စကားစလာလေသည်။
"ဖေ့အန်းနဲ့ အဆင်ပြေရဲ့လား သားငယ်လေး"
"ပြေပါတယ် မေ...မေကြီး"
ကျန်ဟန်က အိမ်က အဖေနှင့် အမေကို "ဒယ်ဒီ" "မာမီ" ခေါ်သူမလို့ ယောက္ခမဘက်ကို ဖေ့အန်းခေါ်လို "ဖေဖေ" "မေမေ"ခေါ်ဖို့ကလည်း ထူးဆန်း၏။"ဦးလေး" နှင့် "အန်တီ" ဆိုပြီး ခေါ်လျှင်လည်း အရမ်း သူစိမ်းဆန်သည်။ထို့ကြောင့် "ဖေကြီး" နှင့် "မေကြီး" ဟုသာ ရင်းရင်းနှီးနှီး ခေါ်လိုက်၏။
"ပြေတယ်ဆို ပြီးတာပါပဲ သားငယ်လေးရယ်ဖေ့အန်းလေးကို ကူညီပြီး လက်ခံပေးလို့လည်း ကျေးဇူးတင်ပါတယ်အရင်ထဲက ပြောချင်နေခဲ့တဲ့ စကားပါကွယ်"
"ကျေးဇူးတင်စရာမလိုပါဘူး မေကြီးသား ဆန္ဒရှိလို့ လုပ်ခဲ့တာတွေပါ အခု ဒါတွေကို စိတ်ထဲမထားပါနဲ့တော့နော်သားတို့ နှစ်ယောက်လုံး အဆင်ပြေပြေ နေနေကြပါတယ်ခင်ဗျာ"
ပြောနေရင်းပင် ဖေ့အန်းတို့ ပြန်ရောက်လာသည်မို့ ပြောလက်စ စကားပြတ်သွား၏။
"သားကြီးက ဘာလို့ သိပ်မစားတာလဲအိမ်နဲ့ ဝေးတော့ အကြိုက်တွေ ပြောင်းသွားတာလားသားငယ်လေးတောင် ကောင်းကောင်းစားနေတာကို"
"မေမေကလည်း သားက လမ်းမှာ မုန့်စားလာသေးတယ်ကျန်းဟန်က မစားခဲ့ရဘူး"
"ဟုတ်ပါတယ် မေကြီးဗျအစ်ကိုက အစာမရှိပဲ ကားစီးလိုက်ရတော့ မူးလာလို့ အစာပြေလေး စားလိုက်ရတာပါ"
"စားနိုင်တဲ့ သားငယ်လေးက များများစားနော်"
________________
"ကျန်းဟန် အဝတ်အစားအိတ်ရော"
"ကားအနောက်ခုံမှာပဲ ဆင်းတုန်းက တစ်ခါထဲ မယူလာခဲ့မိလိုက်ဘူးခဏ...သွားယူလာလိုက်မယ်"
"တူတူသွားမယ်"
"ကားသော့က အဝင်ဝမှာထင်တယ်"
"ဒီမှာ တွေ့ပြီ"
"ကျွန်တော် ဆွဲခဲ့မယ် ဘယ်မှာထားပေးရမလဲ"
"အပေါ်ထပ်သွားကြမယ်ကိုယ်နေခဲ့တဲ့ အခန်းကို လိုက်ပြမယ်...လိုက်ခဲ့"
ဖေ့အန်းက ကျန်းဟန်ကို လက်မှဆွဲခေါ်ကာ လှေကားကို အရှေ့က တက်၏။ ဖေ့အန်းက အိမ်ပြန်ရောက်နေသည်မို့ အရင်ကထက် တက်တက်ကြွကြွ ပုံစံလေး ဖြစ်နေသည်။
"ဒါ အရင် ကိုယ်နေခဲ့တဲ့အခန်းလေအခုလဲ ကိုယ်တို့ ဒီမှာနေရမှာ"
ဖေ့အန်း၏ မျက်နှာထက်မှ အပြုံးများသည် လန်းဆန်းတက်ကြွနေပြီး ငေးကြည့်နေမိသူ ကျန်းဟန်ကိုပါ အေးချမ်းလာစေ၏။
"အိမ်ပြန်လည်ရတာ ပျော်လား အစ်ကို"
"ပျော်တယ်...အရမ်းကိုပဲ"
"နောက်လည်း ခဏခဏ ပြန်လာလည်မယ်နော်"
"ကိုယ်တို့ အိမ်ကိုတစ်ခေါက်၊ ကျန်းဟန်တို့ အိမ်ကိုတစ်ခေါက်အလှည်ကျ လိုက်လည်မယ်လေ"
"အစ်ကို့ အိမ်ပဲ များများလည်ကြတာပေါ့"
"ဟင် ဒါဆို ဘယ်တရားပါ့မလဲကျန်းဟန်လဲ အိမ်ပြန်ချင်မှာကို"
"မပြန်ချင်ပါဘူး...ရတယ် အစ်ကို့အိမ်မှာက ဘယ်သူမှ မရှိဘူးလေကျွန်တော် အိမ်မှာက တခြား အယ်ဖာရှိတယ်ဗျ"
"တခြား အယ်ဖာက ဘယ်သူလဲ"
"ကျွန်တော့် ကိုကြီး"
"ကျန်းမင်ကောက ဘာလို့ တခြားအယ်ဖာဖြစ်သွားရတာလဲသူက မင်းတို့ မိသားစုဝင်ပဲဟာကို"
"အဲ့တာလည်း တခြားအယ်ဖာပဲ"
"ကိုယ့်ကို မခေါ်ချင်လို့ အဲ့လိုတွေ လျှောက်ပြောနေတာမှတ်လား"
"အဲ့လို မဟုတ်ပါဘူး အစ်ကိုရာကျွန်တော့် အိမ်ကိုလည်း သွားကြမယ်နော် ဒီလိုတော့ မအိပ်ကြဘူး"
"ကျန်းဟန် သဘောပါ ကိုယ်ကစတာ"
ကျန်းဟန်က စကားလမ်းကြောင်းပြောင်းကာ
"ကျွန်တော် အစ်ကို့အခန်းကို စပ်စုလို့ရတယ်မလား"
"ဒါ ကိုယ့်စာအုပ်တွေ ဒီမှာက ပန်းချီ ထိုင်ဆွဲတဲ့နေရာ ဒါက ကိုယ်စုထားတာတွေဒါက ငယ်ငယ်တုန်းက မေမေဝယ်ပေးတာတွေ"
ဖေ့အန်းက သူ့ပစ္စည်းများကို ကျန်းဟန်ကို တစ်ခုချင်း လိုက်ရှင်းပြသည်။
"ဒါကဘာ ဘူးတွေလဲ အများကြီးပဲ"
ကျန်းဟန်က စင်အောက်ထပ်တွင် အရေအတွက်များစွာရှိနေသည့် သံဘူးများကို လက်ညှိုးထိုကာ မေးလာ၏။
"ဖယ်ရိုမုန်း ထိန်းချုပ်ဆေးရဲ့ အခွံတွေလေ သူက ဖြစ်လာတာနဲ့ အမြန် ဆေးထိုးချလိုက်ရတဲ့ ပစ္စည်းဆိုတော့ အဲ့လို သံဘူးလေးတွေနဲ့လာတာဘယ်သွားသွားဆောင်သွားရတာဆိုတော့"
"အဲ့လောက်တောင် အများကြီး သုံးခဲ့ရတာလား"
"ကိုယ်လည်း ဘယ်လိုတောင် အဲ့လောက်များသွားလဲ မသိဘူးဒီနှစ်နှစ်ကျော်ကျော်လေးကိုလေ ဟီးဟီး"
ရယ်ပြုံးပြုံးနှင့် ပြောလာသူက ဖေ့အန်းဖြစ်ပေမဲ့ မပျော်နိုင်သူက ကျန်းဟန်ဖြစ်သည်။
"အဲ့တုန်းက အများကြီး ပင်ပန်းခဲ့မှာပဲနော် အစ်ကို"
"အခုတော့လဲ အများကြီးကို သက်သာလာပါပြီ"
"ကျွန်တော် အစ်ကို့ကို အများကြီး ပိုဂရုစိုက်ပေးပါ့မယ်"
"အာ...ကိုယ်က ဒီတိုင်းပဲ ပြောပြတာပါ အခု ကောင်းနေပြီနော်"
"...."
"ကဲ...ထားပါ ဒီအကြောင်းကို ဒီမှာပဲ ထားလိုက်တော့ဒီကိုကြည့် ဒါ ကိုယ့်အရုပ်ကောက်စက်ကနေ ကောက်ထားတာတွေချည်းပဲ"
"အကုန်လုံးလား"
"အင်း ဟုတ်တယ် ကိုယ်က ကျွမ်းကျင်အဆင့်လေနောက်ကြုံရင် ကျန်းဟန်အတွက်ကောက်ပေးဦးမယ်"
"အစ်ကို့ကိုပဲ အားကိုးရတော့မယ် ကျွန်တော်လဲ ကောက်ဖူးပေမဲ့ တစ်ခါမှတော့ မရဖူးဘူး"
"လျှို့ဝှက်ချက်တွေ ရှိတယ် ကျန်းဟန်ရဲ့ နောက်မှသင်ပေးမယ်လာ...ကိုယ့်အခန်းထဲကနေ ဒီဘက်ကိုသွားရင်... တာဒါ့တာ... ကိုယ့်ရဲ့ ပန်းချီအခန်း"
အခန်းထဲတွင် ဖေ့အန်းရေးဆွဲထားသည့် ပန်းချီကားချပ် အရွယ်အစားမျိုးစုံကို သေသပ်စွာ ချိတ်ဆွဲထားကာ အလှဆင်ထား၏။ ပန်းချီရေးဆွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကလည်း သူ့နေရာနှင့်သူ သေသပ်စွာ ရှိနေလေသည်။
"ကျွန်တော် ပန်းချီအကြောင်း အများကြီး မသိပေမဲ့ ဆွဲထားတာတွေကို ကြည့်ရင်းအစ်ကိုက အများကြီးတော်တာတော့ သိတယ်"
"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ကျန်းလောင်ရှီး"
"တကယ်ပြောတာ အစ်ကိုရဲ့"__________________ထိုတစ်ရက်တွင်တော့ ဖေ့အန်းက မိသားစုနှင့် တစ်ရက်တာကို ကောင်းမွန်စွာ ကုန်ဆုံးခဲ့ရ၏။
နေ့လယ်စာနှင့် ညစာကိုလည်း အိမ်မှာပဲ အတူတူ စားခဲ့သည်။ညစာစားပြီးနောက်တွင်တော့ ဖေ့အန်းက မိသားစုကို ကျောင်းက အဖြစ်အပျက်များကို ပြန်ပြောပြပြီး ကျန်းဟန်က ဝိုင်းထောက်ခံပေးသည်။
ဖေ့အန်းနှင့် ကျန်းဟန်က ဒီလောက်မြန်မြန် အဆင်ပြနေမယ် မထင်ခဲ့လို့လည်း မိသားစုဝင်များက အံ့ဩရပြီး သားငယ်လေးက သားကြီးကို သေချာ ဂရုစိုက်မှန်း သိရတော့ ထပ်မံဝမ်းသာရပြန်သည်။
ဘာများလိုသေးသလဲကွယ်။ သားငယ်လေးနှင့် သားကြီးက အဆင်ပြေနေပြီပဲလေ။
စကားဝိုင်းလေး ပြီးဆုံးကာ ကိုယ်စီ အခန်းအသီးသီးသို့ ပြန်ကြချိန်ကို ကြည့်တော့ ည ၁၁ နာရီခွဲနေလေပြီ။
အစကတော့ ကျန်းဟန်က သူ့မိသားစုတွေကြားမှာ အနေခက်နေမှာကို ဖေ့အန်း စိုးမိပေမဲ့ အဆင်ပြေပြေနဲ့ အလိုက်အထိုက်ရှိနေတာမလို့ ကျေးဇူးတင်မိပါသည်။
~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





