Fanfics

5

02:45, 6 December 2025

ဖေ့အန်း ညစာစားပြီး စာပြန်ကြည့်ဖို့ ပြင်ဆင်လိုက်တယ်။

သူစာတွေနဲ့ ဝေးနေတာ တော်တော်ကြာပြီမလို့ သူ့ဦးနှောက်က စာတွေပြန်လုပ်ဖို့ အားပြန်ယူနေရသည်။ ပြီးတော့ အထက်တန်းနောက်ဆုံးနှစ်မှာ အမှတ်များများရထားမှ Ranking မြင့်တဲ့တက္ကသိုလ်ကို တက်နိုင်မည်ဖြစ်သည်။

ဖေ့အန်းနှင့် ကျန်းဟန် နှစ်ယောက်သား စာကြည့်ဖို့ အခန်းတစ်ခန်း သပ်သပ်ဖွဲ့စည်းထားသည်။

အိပ်ခန်းထဲမှာလဲ စာကြည့်လို့ ရပေမဲ့ အိပ်ခန်းဆိုတဲ့အသိက လူကို ပိုအိပ်ငိုက်စေနိုင်တယ်လို့ သူခံစားရလို့ စာကြည့်ခန်းမှာသာ စာလုပ်ဖြစ်သည်။ ဖေ့အန်းက အိမ်မှာဆိုလဲ မေမေတို့က စာကြည့်ခန်းသပ်သပ် လုပ်ပေးထားရသည်။

ဒီနေ့အတွက် ညစာကို ဖေ့အန်းက ချက်ထားသည်မလို့ ကျန်းဟန်က ပန်းကန်တွေ ဆေးကြော သိမ်းဆည်းပေးနေသည်မလို့ အခန်းထဲ ဝင်မလာသေး။

ဖေ့အန်း စာလုပ်နေတာ လေးဆယ့်ငါးမိနစ်လောက်ရှိနေပြီ ဖြစ်သည်။ အခုထိ ကျန်းဟန်ရဲ့ အရိပ်အရောင်ကို မတွေ့ရသေး။ ရေသောက်ချင်လာတာမလို့ ရေသွားယူတော့ ဧည့်ခန်း၏ ဆိုဖာပေါ်မှာ ကျန်းဟန်က ကျကျနန ဂိမ်းထိုင်ဆော့နေသည်။

သူ့ကို မြင်တော့ ကျန်းဟန်က ဖုန်းချပြီး လှမ်းမေး၏။"အစ်ကို စာလုပ်နေတာာမဟုတ်ဘူးလား ဘာလို့ ထွက်လာတာလဲ"

"ဟုတ်တယ် ရေဆာလာလို့"

"ကျွန်တော့်ကို လှမ်းခေါ်ပြီး ထည့်ခိုင်းတာမဟုတ်ဘူးဗျအစ်ကို စာလုပ်တာ ပျက်တာပေါ့"

"အဲ့လောက်လဲ မဟုတ်ပါဘူးဗျမင်း စာပြန်မကြည့်ဘူးလား"

"ဒီနေ့ ကြည့်စရာ သိပ်မရှိဘူး အစ်ကို"

"ဆက်ဆော့ ဆက်ဆော့"

အယ်ဖာတွေရဲ့ သဘာဝကိုက ဉာဏ်ကောင်းသည်။ သန်မာသည်။ ကျန်းဟန်လို Dominant Alpha တစ်ယောက်အတွက်တော့ ထိုအရာတွေက ပိုပြီး ထူးချွန်နေမှာ သေချာသည်။ စစချင်း တွေ့တုန်းက ကျန်းဟန်ကို ရိုးရိုး Alpha တစ်ယောက်လို့ ဖေ့အန်း ထင်ခဲ့တာဖြစ်သည်။ ABO လောကတွင် Dominant ဆိုသည့် အဆင့်အတန်းသည် ရှားပါးသည့်ထဲပါသည်။

ဖေ့အန်း တစ်ယောက်ထဲ စာဆက်လုပ်နေရင်း ကြာလာတော့ ငိုက်လာသည်မလို့ မုန့်လေး ဘာလေး စားပြီးမှ ဆက်လုပ်ရန် တွေးမိသည်။ စာကလည်း လုပ်ဖို့ တစ်ဘာသာလောက် ကျန်နေသေးသည်။

'ဂျောက်' ကျန်းဟန်က အခန်းတံခါးဖွင့်သံကြောင့် လှည့်ကြည့်သည်။ အခုထိ အရင်ပုံစံအတိုင်း ဂိမ်းထိုင်ဆော့ နေတုန်းပင်။

"ဗိုက်ဆာလို့ တစ်ခုခုသွားလုပ်စားမလို့" ကျန်းဟန်၏ မျက်လုံးထဲတွင် မေးခွန်းများမြင်နေရသည်မလို့ သူမမေးခင် ကိုယ်က အရင်ဖြေပြီး ခြေလှမ်းများက ထမင်းစားခန်းဆီသို့။

ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ နွားနို့တစ်ဘူးတွေ့သည်မလို့ ပူပူလေးကျိုသောက်မည်။ မုန့်အခြောက်တွေထားတဲ့ ဗီဒိုလေးထဲက သူကြိုက်တဲ့ ချောကလက်ကွတ်ကီး သုံးထုပ်လောက် ယူလိုက်သည်။

နွားနို့ကျိုနေတုန်း ကျန်းဟန်က ဝင်လာသည်။

"ကျန်းဟန်ရော နွားနို့ သောက်ဦးမလားကိုယ်တစ်ခါထဲ ထည့်ကျိုပေးမယ်"

"...." ကျန်းဟန်က လက်ညှိုးကို နှာခေါင်းနားထားကာ ပိတ်ထားသည်မို့

"မကြိုက်ဘူးလား"

"ဟုတ်တယ် အစ်ကို နို့နံ့ သိပ်မခံနိုင်လို့"

"အာ အဲ့တာဆို ဒီကို ဘာလာလုပ်တာလဲ အနံ့မခံနိုင်ဘူးဆိုပြီးတော့"

"အစ်ကို တစ်ယောက်ထဲမလို့ အဖော်ရအောင်ပါအဲ့လောက်ကြီး မခံနိုင်တာ မဟုတ်ပါဘူး"

ပြောနေရင်း နွားနို့ ဆူလာသည်မလို့ ဖေ့အန်း ခွက်ထဲ ပြောင်းထည့်လိုက်၏။

"ကိုယ် မုန့်စားရင်းနဲ့ စာလုပ်မှာမလို့ သွားတော့မယ်နော်ဂိမ်းကြီးပဲ တစ်ချိန်လုံး ဆော့မနေနဲ့ဦး ကျန်းဟန်"

"မဆော့တော့ဘူး အစ်ကို အိပ်ဖို့စောင့်နေမယ်"

********

ဖေ့အန်း မအိပ်ခင်လေး ဖုန်းသုံးနေ၏။ သူက Social Media အရမ်းသုံးတဲ့လူမလို့ မဟုတ်ပေမဲ့ ချိုးချိုးကတော့ သူ့အကောင့်တွေ အားလုံးကို လိုက်အပ်ထားသည်။

💬/ ဖေ့အန်းကော အိပ်ပြီလားလိုင်းပေါ်မှာလဲ Online မဖြစ်တာ 12h ago တောင်ဖြစ်နေတယ်/

💬/ ဖုန်းသိပ်မသုံးဖြစ်လို့ပါ/

💬/ကော ထမင်းစားပြီးတော့ တွေ့ခဲ့တာ ဘယ်သူလဲ/

💬/ချိုးချိုး လက်မလျော့သေးပါလား Haha/ ချိုးချိုးတစ်ယောက် မသိမချင်းမေးနေတာဖြစ်သည်မလို့ ဖေ့အန်းအပြင်မှာပါ အသံထွက်ပြီးရယ်မိသည်။ မကျယ်သော်လည်း ဘေးက ကျန်းဟန်က သတိထားမိသည်မလို့ လှမ်းကြည့်လာသည်။

💬/ဖေ့အန်းကောမှ သေချာမပြောပြတာ//မေးရမှာပဲ//ဖေ့အန်းကော ကောင်လေးလား/

💬/အင်း ငါနဲ့ သက်ဆိုင်တဲ့လူ/

💬/ဝါး *အံ့ဩနေသည့်အီမိုဂျီ ငါးခု*//မိုက်တယ် ကောတို့နှစ်ယောက် လိုက်တယ် ဟိဟိ/

💬/အိပ်တော့မယ် ချိုးချိုး//မနက်ဖြန်တွေ့မယ်နော်/

သက်ဆိုင်တဲ့လူဆိုတာကိုတော့ ချိုးချိုးဘယ်လိုထင်မလဲ ဖေ့အန်းမသိ။ ဒါပေမဲ့ သူ့ရဲ့ တစ်ယောက်တည်းသော သူငယ်ချင်းလေးကိုတော့ ဒီလောက်တော့ ပြောပြသင့်သည်ထင်လို့ ထင်မိ၏။

"အစ်ကို ဘယ်သူနဲ့ စာပို့နေတာလဲ"

"သူငယ်ချင်း"

"ဘယ်သူငယ်ချင်းလဲ"

"ကျန်ဟန်သိပါ့မလား ကျောင်းကပါပဲကျောင်းသားအသစ်ပဲ သူက"

ဖေ့အန်းအဖြေကို ကျန်းဟန်သိပ်သဘောမကျပါ။ အကြည့်များက စူးရှလာပြီး အရင်ကထက် ခက်ထန်လာ၏။ Alpha တွေရဲ့ ဗီဇဆိုတာ ဒါမျိုးပါပဲ ချစ်သည် မချစ်သည်ထား သူတို့အပိုင်ကို ကာကွယ်တတ်ကြသည်။

"ဘယ်သူလဲ"

"နေ့လယ်က ကိုယ်နဲ့တွေ့တုန်းက ပါလာတဲ့ သူငယ်ချင်းပါ"

"အင်း"

"အတန်းထဲကပဲ အိုမီဂါပဲ သူက"

နေ့လယ်က ဖေ့အန်းဘေးမှာ တွေ့ခဲ့တဲ့ တစ်ယောက်က အိုမီဂါမှန်း ကျန်းဟန် က စမြင်ထဲက သိသည်။ အစ်ကိုက အဲ့တစ်ယောက်မဟုတ်ဘဲ တခြားလူတစ်ယောက်ကို ပြောနေသည် ထင်၍သာ သူက မေးရခြင်းဖြစ်သည်။

"ကျွန်တော် သိပါပြီ အစ်ကို"

"အိပ်တော့မယ်လေကျန်းဟန် မင်းဘက်က ညအိပ်မီး ပြောင်းလိုက်တော့"

"ပြီးပြီအစ်ကို ရပြီ"

ဖေ့အန်း အိပ်မပျော်သေးခင် သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာ ရှိလာသလိုခံစားလာရ၏။ ထို့နောက် Iris ပန်းနံ့ သင်းသင်းလေး။

"ကျန်းဟန် ဖယ်ရိုမုန်းတွေ ထုတ်ထားတာလား"

" ခံစားရလား အစ်ကို"

"နှစ်သိမ့်ဖယ်ရိုမုန်းတွေ"

"ဟုတ်တယ်"

"ကျေးဇူးပါ ကျန်းဟန် တကယ်ပြောတာ"

ဖေ့အန်းနှင့် ကျန်းဟန်က ထာဝရအမှတ်အသား မပေးရသေးသည်မလို့ ဖယ်ရိုမုန်းအချင်းချင်းက တုံ့ပြန်မှု မရှိသေးသော်လည်း ကျန်းဟန်၏ နှစ်သိမ့်ဖယ်ရိုမုန်းတွေက ဖေ့အန်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ပြီးတော့ ကျန်းဟန်က Dominant Alpha ဖြစ်သည်မို့ Alpha တွေ၏ ထိပ်ဆုံးအဆင့်။

အယ်ဖာများက သူတို့၏ နှစ်သိမ့်ဖယ်ရိုမုန်းကို မြတ်နိုးရသူနှင့် သွေးသားဖြစ်သော သားသမီးများကိုသာ ထုတ်လွှတ်ပေးတတ်ကြသည်။

အယ်ဖာနှင့် အိုမီဂါများသည် ဖယ်ရိုမုန်းကို ပုံစံအမျိုးမျိုးနှင့် ထုတ်လွှတ်နိုင်ကြ၏။ အချင်းချင်း ရနံ့ကို ကြွားဝါလိုသည့် ပုံစံဖြင့် ဖယ်ရိုမုန်းများ ထုတ်လွှတ်နိုင်ကြသလို ရန်လိုသည့် အချိန်များတွင်လည်း တစ်ဦးနှင့်တစ်ဦး ဖိနှိမ့်ခြင်းဖယ်ရိုမုန်းများ ထုတ်လွှတ်ပြီး တိုက်ခိုက်တတ်သည်။

ထို့အပြင် တစ်ဖက်လူကို ဆွဲဆောင်နိုင်သည့် ဆွဲဆောင်မှုဖယ်ရိုမုန်းများလည်း ထုတ်လွှတ်နိုင်သေးသည်။ မိမိသဘောဖြင့် ထိန်းချုပ်နိုင်ကြ၏။ Rutကာလနှင့် Heat ကာလတွေမှာတော့ လိင်စိတ်ကြွနိုင်သည့် ဆွဲဆောင်မှုဖယ်ရိုမုန်းအများအပြားကို ဖယ်ရိုမုန်းဂလင်းတွေကနေ အများအပြား ထုတ်လွှတ်ပြီး ထိန်းချုပ်လို့ မရနိုင်ပါ။

ထိုကြောင့် အားလုံးက ဂရုစိုက်ရခြင်းဖြစ်သည်။ Heat ကာလ Rut ကာလတွင် သူတို့၏ ဖယ်ရိုမုန်းထုတ်လွှတ်မှုကို ထိန်းချုပ်လို့မရ။

ဖေ့အန်းခံစားနေရသည့် ရောဂါသည် ထို ဖယ်ရိုမုန်းထုတ်လွှတ်သည့်ပုံစံအားလုံးကို မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် တခြားသူများထက် ဖယ်ရိုမုန်းဒဏ်ကို ခံစားရ၏။ Rut ဝင်နေသော အယ်ဖာ နှင့်တွေ့လျှင် သူ့ကိုယ်တိုင်တောင် မသိလိုက်ခင် Heat ဝင်သွားနိုင်သည်။ တခြား အိုမီဂါတွင် ပြဿနာမရှိသော်လည်း Heat ဝင်နေသော အိုမီဂါ၏ ဖယ်ရိုမုန်းများသည် ဖေ့အန်းကို မူးဝေ အော့အန်ကာ ကံမကောင်းလျှင် မူးမေ့လဲစေနိုင်၏။

ဖေ့အန်းကိုယ်တိုင် Heat ဝင်သည့်အခါတွင်လည်း အရေးပေါ်သုံးကြသည့် ဖယ်ရိုမုန်းကပ်ခွါများက သူထုတ်လွှတ်သည့် ဖယ်ရိုမုန်းများကို မတားဆီးပေးနိုင်။ ထိုးဆေးများက ကပ်ခွါများထက် အသုံးဝင်သော်လည်း ဖေ့အန်း၏ ဖယ်ရိုမုန်းအားနည်းသည့် ရောဂါကို ဆိုးရွားစေနိုင်သည်။

အယ်ဖာများသည် သူတို့၏ ဖယ်ရိုမုန်းများကို အိုမီဂါများ၏ ကိုယ်ပေါ်တွင် ချန်ထားပေးနိုင်၏။

ကိုယ့်ကို ထာဝရအမှတ်အသားပေးထားတဲ့ အယ်ဖာရဲ့ ဖယ်ရိုမုန်းတွေဆို လျှင် ဖယ်ရိုမုန်းချင်း ဆက်သွယ်မှုရှိသွားတာကြောင့် ပိုပြီး အဆင်ပြေသည်။

ထာဝရအမှတ်အသားပြုလုပ်ခံထားရသည့် အိုမီဂါများတွင် တခြား အယ်ဖာများ၏ rut ဝင်ချိန် ထုတ်လွှတ်သည့် ဖယ်ရိုမုန်းများ၏ သက်ရောက်မှု နည်းပါးသွားသည်။

ဖေ့အန်းအတွက် ကျောင်းနားထားခဲ့ရသည့် နှစ်နှစ်သည် စိတ်ရော ကိုယ်ပါ အလွန်ပင်ပန်းခဲ့ရ၏။ အပြင်လောကကြီးသည် သူ့အတွက် အန္တရာယ်များပြားခဲ့၏။

ဖေ့အန်း အသက် 18 နှစ်လောက်က စျေးဝယ်စင်တာတစ်ခုမှာ လိုအပ်တာတွေ ဝယ်နေရင်း စင်တာထဲမှာ ရုပ်ရုပ်သဲသဲဖြစ်နေသည်နှင့် ကြုံသည်။

Alpha တစ်ယောက်က သူ့ရဲ့ လိင်စိတ်ကြွစေနိုင်သည့် ဖယ်ရိုမုန်းတွေကို အမြောက်အမြား ထုတ်လွှတ်နေခဲ့ပြီး အသိစိတ်ပျောက်နေသည်။

ထိုအသိစိတ်ပျောက်နေသော အနီးအနားတွင်ရှိသော အိုမီဂါများသည်လည်း ပြင်းထန်သော ဖယ်ရိုမုန်းများကြောင့် မကြခင်ပင် Heat များ ဖြစ်သွားနိုင်သည်။

ဖေ့အန်းက ထိုအခင်းနှင့် လှမ်းသည့်နေရာတွင် ရှိနေသေးလို့ တော်သေးသည် ပြောရမည်။ ဖယ်ရိုမုန်းများက သူ့ကို သက်ရောက်မှု ရှိခဲ့သော်လည်း အနည်းဆုံးတော့ လက်ကျန်အင်အားများနှင့် သူလှည့်ထွက်နိုင်ခဲ့သေးသည်။

ထိုအချိန် သူ့၏ လည်ဂုတ်ရှိ ဖယ်ရိုမုန်းဂလင်းနေရာက စူးပြီးအောင့်သည့် ဝေဒနာကို ခံစားရသည့် အပြင် မူးဝေကာ အန်ချင်လာ၏။ ကံကောင်းစွာ သူ ပြေးထွက်လာတာ သန့်စင်ခန်းရှေ့တောင်ရောက်နေပြီ ဖြစ်သည်မို့ သန့်စင်ခန်းထဲ အမြန်ပြေးဝင်ကာ

"အင့်""အော့ ဝေါ့"

ဖေ့အန်း အဆက်မပျက် ထိုးအန်နေရသည်။ ဖယ်ရိုမုန်းကလင်းကလည်း စူးအောင့်ကာ နာနေသည်။

"ဝေါ့ အဟွတ် ဝေါ့"

ကျောကုန်းပေါ် ကျလာသော လက်တစ်ဖက်။

"အဆင်ပြေရဲ့လားဗျ"

"ဝေါ့" ဖေ့အန်း မဖြေနိုင်သေးပါ။ သူ့မှာ ဝေဒနာကို မချိမဆန့်ခံစားနေရ၏။

'ဂျောက်' သန့်စင်ခန်းတံခါးဖွင့်လိုက်သည့်အသံကို ကြားလိုက်ရပြီး နောက်ထပ် လူတစ်ယောက်ထွက်လာသည်။

"ကိုကြီး သူအန်နေတယ်ဘာဖြစ်တာလဲ မသိဘူး" သန့်စင်ခန်းထဲက ထွက်လာတဲ့လူကို လှမ်းပြောနေသည့် အသံကိုလည်း ဖေ့အန်း ကြားလိုက်သည်။

"နေမကောင်းတာလား"

ဖေ့အန်း အန်ပြီးတော့ မက်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့လို့ ထိုင်ချလိုက်ရသည်။

"ညီညီ သူ့ကိုတွဲလိုက်အရမ်းနေမကောင်းဖြစ်နေတယ် ထင်တယ်"

ဖေ့အန်း ထိုလူ၏ အကူအညီနဲ့ပဲ စင်တာကနေ ထွက်လာနိုင်ခဲ့၏။ သူ အန္တရာယ်တွင်းထဲကျဖို့ လက်တစ်လုံးအလိုတွင်ဖြစ်သည်။ ထိုနေ့က အဖြစ်အပျက်က သတင်းထဲ ပါသည့်အထိ နာမည်ကြီးခဲ့သည်။

"ကိုကြီး အဲကွန်းပိတ်လိုက် ကားတံခါးဖွင့်လိုက်မယ်အပြင်လေလေး ရှူလို့ရအောင်"

ဖေ့အန်း သူကားထဲရောက်နေတာသိ၏။ အနည်းဆုံးတော့ စိတ်သက်သာရသွားပြီ။ သို့သော်လည်း မျက်လုံးမဖွင့်နိုင်အောင် မူးဝေနေခဲ့ပြီး သူ့ကို ကူညီပေးခဲ့တဲ့သူ၏ ရင်ခွင်ကို မှီထားကာ အသက်ရှူသွင်း ရှူထုတ်မှန်ဖို့ ကြိုးစားနေရသည်။

"အစ်ကို"

"ဟင်း... အင်း"

"ကျွန်တော်တို့ အစ်ကို့ကို အိမ်ပြန်လိုက်ပို့ပေးမယ်နော်အစ်ကို လိပ်စာပြောနိုင်လား"

"အိမ်အမှတ် **** ၊ ***** ရပ်ကွက်"

"ဟုတ်ပြီ အစ်ကို သက်သာလား"

စကားသံတွေက ကြားလိုက် မကြားလိုက်။ သူလည်း အသိစိတ်ကပ်လိုက် မကပ်လိုက်နှင့်။ နောက်ဆုံး သူ သတိအပြည့်အဝနှင့် ပြန်နိုးလာတော့ ဆေးရုံပေါ်မှာဖြစ်သည်။

*******

နှစ်ယောက်လုံး အသက် ၁၈ နဲ့ ၂၀ မှာ တွေ့ကြပြီးဘာလို့ Since 16 ဖြစ်နေတာလဲ ဆိုတာ ဒီအပိုင်းနဲ့ သိကြမယ်လို့ ထင်ပါတယ်။အယ်ဖာကြီး ကျန်းဟန် Alpha mode ON မဲ့ အချိန်တွေ စောင့်နေပါပြီ 🫩

There are no comments yet. Log in to be the first to leave a review!

Similar stories