Fanfics

8

17:38, 11 August 2024

နောက်တစ်နေ့မနက်လည်းရောက်ကောဟီဆွန်းကနိုးလာပြီးနီခီဘက်လှည့်ရင်းအိပ်နေကာနီခီကဘေးမှာမရှိတော့တာနဲ့စိတ်ပူသွားတာပေါ့။

အနောက်ကိုလှည့်ကြည့်လိုက်တော့နီခီကကုတ်ချောင်ကုတ်ချောင်နဲ့တံခါးဖွင့်နေတာကိုမြင်သွားပြီး

"ဘာလုပ်နေတာလဲမူ?" ဆိုပြီးမေး‌လိုက်တော့တယ်။

အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်ပြီး

"ဪ?နိုးလာပြီလား?" ဆိုပြီးအပြစ်လုပ်ထားတဲ့အပြုံးနဲ့ပြုံးပြလိုက်ကာနှစ်ယောက်သားဝရံတာမှာဘေးချင်းကပ်ရက်ထွက်ထိုင်နေကြတာပေါ့။

"ရှက်လို့မျက်နှာမကြည့်ရဲတာနဲ့"

"ရှက်လို့?"

"ဪ" ဆိုပြီးပြောတုန်းပါးကိုညှစ်လိုက်ပြီး

"ချစ်စရာလေး"

"ဘာလားရှက်ပါတယ်‌ဆိုမှ" ဆိုပြီးဟီဆွန်းလက်ကိုဖယ်လိုက်ကာ

"ကိုယ်တို့ရည်းစားဖြစ်သွားပြီမလားမူ?"

"..."

"ဪ?မဖြစ်သေးဘူးလား?"

"ဘာလို့အတင်းကြီး?"

"မဖြစ်ချင်သေးလည်းရပါတယ်"

"မေးစရာလိုသေးလို့လား?ဖြစ်ပြီးနေပြီဟာကိုးလူကိုတမင်လာဆွနေသလိုပဲ" ဆိုပြီးပြောတော့အသည်းယာလာတာနဲ့တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့တယ်။

"အာ့အာ့အသက်ရှူ-ကြပ်-" ဆိုပြီးလက်ကိုပုတ်နေသော်လည်းမဖယ်ပေးပဲ

"အရမ်းချစ်တယ်" ဆိုပြီးပါးလေးကိုနမ်းလိုက်ကာ

"ကိုယ်"

"ကိုယ်တဲ့လား?အွန်းပြော"

"ဒီကိစ္စကိုမေမေတို့ကိုဘယ်လိုပြောကြမှာလဲ?"

"အမှန်အတိုင်းပဲပြောပြလိုက်မှာပေါ့ဘာလဲ?မူကမပြောပြစေချင်လို့လား?"

"အဲ့လိုတော့မဟုတ်ပေမဲ့..."

"ဆိုတော့?"

"ဒီတိုင်းမေးကြည့်တာပါ" ဆိုပြီးဖက်ထားပြီး

"ကိုယ်နဲ့မခွဲချင်ဘူး"

"ဘယ်သူကကောခွဲရမယ်လို့ပြောလို့လဲ?" ဆိုပြီးရင်ခွင်ထဲထည့်လိုက်တာပေါ့။

ဟီဆွန်းကခွင့်တစ်ရက်ယူလိုက်ပြီးအိမ်မှာပဲနေရင်းအလုပ်လုပ်တော့နီခီကပေါင်ပေါ်မှာထိုင်ရင်းမုန့်ခွံကျွေးနေတော့တယ်။

"ထပ်လိုချင်သေးလား?" ဆိုပြီးမုန့်ကိုကမ်းပေးနေတာကိုမုန့်ကိုမစားဘဲလက်ကနေဆွဲပြီးနမ်းရှိုက်ပလိုက်ကာ

"ဘာလုပ်တာလဲ?"

"မုန့်မလိုတော့ဘူးအာဘွားရှိရင်ရပြီ"

"သွားပါနော်လူဇိုး" ဆိုပြီးပါးစပ်ကပေနေတဲ့မုန့်စလေးတွေသေချာလိုက်ဖယ်ပေးနေတာပေါ့။

"နေဦးယောင်ပြီးအလုပ်မရှိတဲ့သူလိုမျိုးလုပ်နေမိတာကျွန်တော့်မှာလည်းရှိပါတယ်နော်"

"ဘယ်သူကမေးလဲ?"

"မမေးလည်းပြောတယ်" ဆိုပြီးပေါင်အောက်ကိုဆင်းမလို့လုပ်တော့ခါးကနေဖက်ဆွဲထားပြီး

"ဘာလုပ်တာလဲ?"

"ပေါင်ပေါ်မှာပဲလုပ်"

"ဟမ်?ကွန်ပျူတာကြည့်ရမှာလေ"

"သင်ပေးစရာရှိလို့"

"ဪ..." ဆိုပြီးစားပွဲပေါ်ကကွန်ပျူတာကိုလှမ်းယူလိုက်ကာ

"အရမ်းချစ်တယ်" ဆိုပြီးကျောလေးကိုနမ်းလိုက်တော့တယ်။

"ဘာတွေလာချစ်ပြ?"

"ရှက်လို့လား?"

"မပြောမိပါဘူးနော်?"

"ပါးကြီးကနီရဲနေပြီးတော့" ဆိုပြီးအလုပ်ဆက်လုပ်ကာနီခီလည်းကွန်ပျူတာကိုဖွင့်လိုက်ပြီး

"သင်ပေးစရာရှိတယ်ဆို?"

"ဪဒီအပိုင်းလေ" ဆိုပြီးသေချာသင်ပေးတာပေါ့။

နောက်တစ်နေ့မနက်ရောက်တော့အတူတူနိုးလာကြပြီးပြုံးနေကြကာရေချိုးခန်းထဲဝင်သွားကြတော့တယ်။

အတူတူသွားတိုက်မျက်နှာသစ်ပြီးပျော်နေတုန်းတံခါးဘဲလ်တီးသံကြားလိုက်ရကာ

"ဘယ်သူလာတာလဲ?"

"ကိုယ်လည်းမသိဘူးလေခနလေးနော်" ဆိုပြီးရေချိုးခန်းထဲကနေထွက်သွားပြီးအောက်ဆင်းသွားတာပေါ့။

"ဘယ်သ-" ဆိုပြီးတံခါးဖွင့်မလို့လုပ်နေတုန်းscreenကနေသူ့မိဘနှစ်ပါးကိုမြင်သွားပြီးလန့်သွားကာ

"သားလေးမေမေတို့ပါ"

"တစ်ယောက်တည်းပျင်းနေမှာစိုးလို့အဖော်လာပြုပေးတာ"

"သား?"

"မရှိဘူးများလား?"

"သေရောဘယ်လိုလုပ်ရမလဲ?"

"ဘာလို့ကြာနေတာလဲ?"

"မူသေပြီ"

"အမ်?ဘာသေတာလဲ?"

"ကိုယ့်မိဘတွေလာတာ"

"ဟမ်???" ဆိုပြီးလန့်နေတုန်းတံခါးကိုဖွင့်ပလိုက်တော့တယ်။

"ဖေဖေနဲ့မေမေ" ဆိုပြီးလက်ကိုဆွဲလိုက်ပြီး

"ဝေ?" ဆိုပြီးမေးနေချိန်နီခီကအခန်းထဲဝင်ပြေးပုန်းမလို့လုပ်နေတော့

"မူဆင်းလာခဲ့"

"မူ?ဪ?"

"ဟိုသားလေးမလား?"

"မြင်သွားပြီလေ"

"ဟုတ်တယ်လေ""ဒါသားရည်းစားဖြစ်သွားပြီမေမေတို့သူကသားနဲ့ပဲလက်ထပ်မှာ"

"အမ်???" ဆိုပြီးအံ့ဩသွားကြကာ

"တကယ်တော့အဲ့နေ့ကသူကျွန်တော်နဲ့ညီလေးနဲ့ကိုမှားပြီးလက်ဆွဲလိုက်မိတာအစကတည်းကမလက်ထပ်ချင်လို့ညီလေးနဲ့စီစဉ်ပြီးသားသားကလည်းသဘောမတူချင်တော့သူနဲ့အတူတူတိုင်ပင်ထားတာညီလေးကအရမ်းငယ်သေးတယ်၁၈နှစကျောင်းတက်တုန်းအရွယ်ဆိုတော့ပြီးတော့သူ့ပုံစံကိုလည်းမကြိုက်ဘူးအဲ့ဒါနဲ့အဲ့လိုပဲဖြစ်သွားတာနေတာကြာလာတော့ချစ်မိသွားတယ်" ဆိုပြီးပြောတာကိုပါးစပ်အဟောင်းသားလေးနဲ့နားထောင်နေကြတာပေါ့။

"ဆင်းလာ" ဆိုပြီးအပေါ်ကိုတက်သွားပြီးနီခီလက်ကိုဆွဲလာကာ

"အကုန်သိသွားပြီပဲဟာကိုး" ဆိုပြီးလက်ကိုကိုင်ထားပြီး

"မေမေတို့နားလည်ပေးတယ်မလားဗျ?"

"ငါ့သားလေးပျော်ရင်ကျေနပ်ပြီပဲဟာကိုးမနေ့ကရုံးမလာလို့စိတ်ပူတာနဲ့လိုက်လာလိုက်တာတကယ်တော့"

"ပန်းအိုးကွဲသွားလို့သူ့လက်ထိထားတာနဲ့သူ့ကိုတောက်လျှောက်ပြုစုပေးနေရလို့"

"ဪ...အဲ့လိုကိုး"

"သားသူ့ကိုတကယ်ချစ်တာပါအဲ့ကိစ္စကို‌ပြောပြမလို့ပဲမကြုံဖြစ်တာနဲ့မေမေတို့ကိုမပြောပြဖြစ်တာကိုတစ်မျိုးမထင်ပါနဲ့"

"မထင်ပါဘူးသားရယ်အားလုံးကိုနားလည်ပေးရမှာမို့သားလည်းမေမေတို့အတွက်ပေးပ်ထားတာအများကြီးလေ"

"ဟုတ်ကဲ့ယောက္ခမနဲ့ယောက္ခထီးကိုလည်းပြောပြဖို့စီစဉ်ထားပါတယ်"

"ဪ..."

"အာပြီးတော့သားကုမ္ပဏီအတွက်လည်းသူကတစ်ဖက်တစ်လှမ်းကနေကူညီပေးနေတော့သူလည်းလုပ်ငန်းအတွေ့အကြုံရှိနေပြီ‌အဲ့ကြောင့်ကုမ္ပဏီမှာအတွင်းရေးမှူးခန့်ချင်တယ်"

"အဲ့လောက်ထိတော့-"

"စီးပွားရေးလုပ်မှရင့်ကျက်မှာပေါ့ငြင်းဖို့မစဉ်းစားနဲ့"

"အဲ့လိုသဘောမျိုးမဟုတ်ဘူးပြောတာကိုဆုံးအောင်နားမထောင်ဘဲနဲ့ရာထူးကချက်ချင်းကြီးအောက်ခြေကနေတက်မို့ပြောနေတာ"

"စိတ်မဆိုးပါနဲ့အထင်မှားသွားလို့ပါ"

"မဆိုးပါဘူးပြောတာကိုဆုံးအောင်နမထောင်လို့"

"ဟုတ်ပါပြီကိုယ့်အမှားပါ" ဆိုပြီးဖက်နေတော့ဟီဆွန်းရဲ့မိဘတွေလည်းပြုံးပြီးကြည့်နေတာပေါ့။

"အချစ်စစ်ရှာတွေ့သွားတာပဲကိုယ်တို့သားလေးက"

"ဟုတ်ပါ့" ဆိုပြီးပီတိအပြုံးတွေဝေဖြာနေခဲ့ကြပြီးသူ့ညီလေးလည်းသိကော

"ဟမ်????"

"လန့်တာ"

"ဘယ်တုန်းက?ပြောတော့အကိုကမိန်းကလေးပဲစိတ်ဝင်စားတာဆို?"

"အခုမဟုတ်တော့ဘူး"

"ဝါးးး"

"လက်ထပ်ပွဲမှာဘာစားချင်လဲ?"

"အမလေးနော်တော်ပါပြီဗျာ" ဆိုပြီးစကြနောက်ကြနဲ့ပေါ့။

နောက်ဆုံးတော့လည်းအမှားအယွင်းကနေဖြစ်သွားတဲ့အချစ်ဇာတ်လမ်းလေးကလည်းလှပစွာနဲ့ပဲအဆုံးသတ်သွားခဲ့ပြီးမှားယွင်းသောအချိန်မှာမှန်ကန်သောသူနဲ့လာဆုံဖြစ်ခဲ့တာပေါ့။

There are no comments yet. Log in to be the first to leave a review!

More by allaskarmoh812

Similar stories