7
16:53, 7 August 2024အောက်ကိုပြန်ဆင်းလာကာ
"နေ့လည်စာစားမယ်လေ" ဆိုပြီးမီးဖိုချောင်ထဲကိုပြုံးစိပြုံးစိနဲ့ဝင်သွားပြီးပန်းကန်သုံးပန်းကန်ထဲထမင်းခူးလိုက်၍
"ငါယူသွားပေးမယ်"
"ဪ" ဆိုပြီးတစ်ပန်းကန်နဲ့တစ်ယောက်စာဟင်းခွက်တွေကိုကျနီခီအခန်းရှေ့သွားထားပေးလိုက်တော့တယ်။
အတူတူနေ့လည်စာစားကြချိန်နီခီလည်းစားနေခဲ့ပြီးစားပြီးသောက်ပြီးတော့နားကိုတံခါးနားကပ်ထားကာ
"ဘာအသံမှလည်းမကြားရတော့ဘူး...ဘာလား?တကယ်ပဲဘာလုပ်နေကြတာပါလိမ့်?" ဆိုပြီးသူ့ဘာသာသူပြောလိုက်ပြီးစိတ်တွေပူနေ၍ခေါက်တုံ့ခေါက်ပြန်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ပေါ့။
ခနလောက်ကြာတော့ဟီဆွန်းကအပေါ်ကိုတက်လာကာခြေသံလည်းကြားကောနီခီတစ်ယောက်ဆိုဖာပေါ်လှဲလိုက်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တော့တယ်။
"အိပ်ပျော်သွားတာလား?" ဆိုပြီးပန်းကန်ကိုကြည့်လိုက်တော့ဘာမှမကျန်တော့ပဲဟီဆွန်းလည်းပန်းကန်ကိုယူလိုက်ကာထွက်သွားမလို့လုပ်တုန်းပန်းကန်ကိုချလိုက်ပြီးအနားကိုရောက်လာ၍စောင်သေချာခြုံပေးလိုက်တာပေါ့။
ဟီဆွန်းလည်းလှည့်ထွက်သွားမလို့လုပ်ကောထလာပြီးအနောက်ကနေတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ
"ဪ?နိုးသွားတာလား?"
"..."
"ကိုယ့်ကြောင့်လား?" ဆိုပြီးမေးတော့ခေါင်းခါပြပြီး
"ခနလောက်ဖက်ထားချင်တယ်"
"ဘာလဲ?ခုနကတစ်ယောက်နဲ့ခိုးရာလိုက်ပြေးသွားပြီထင်နေတာလား?"
"မနောက်နဲ့နော်အတည်ပြောနေတာ"
"စားကောင်းလားနေ့လည်စာ?"
"မကောင်းဘူးလုံးဝပဲတစ်စက်မှကိုအရသာမရှိတာစားတောင်မစားဘူး"
"ဪ?ဟုတ်လား??ဒါဆိုအဲ့ပန်းကန်ကဘာပါလိမ့်နော်ထမင်းစေ့တစ်စေ့တောင်မကျန်ဘူးသရဲစားသွားတာများလား?"
"ဟာဘယ်လို?ဟုတ်သားအရှက်တော့ကွဲပါပြီ"
"အရှက်မကွဲပါဘူးသရဲစားသွားတာကိုဘယ်လိုလုပ်မူကသိမှာလဲနော့်?"
"သရဲသရဲနဲ့ဘာဖြစ်နေတာလဲ?ကြောက်ပါတယ်ဆိုမှ"
"နေ့ခင်းလေ"
"နေ့ခင်းပဲဖြစ်ဖြစ်မနက်ပဲဖြစ်ဖြစ်ကြောက်တယ်"
"ဒါဆိုထမင်းက?ဘယ်သူစားလိုက်တာလဲ?အွန်းးးစဉ်းစား-"
"ကျွန်တော်စားလိုက်တာလို့ရပြီလား?" ဆိုပြီးပြောတော့ပြုံးလိုက်တော့တယ်။
"ဘာလား?တမင်လုပ်တာလား?"
"မင်းပါးစပ်ကအမှန်တရားထွက်လာအောင်လို့ပေါ့"
"လူယုတ်မာ!!သွားလိုက်တော့သွား" ဆိုပြီးအတင်းဖယ်ထုတ်ပစ်ကာဟီဆွန်းကမသွားဘဲလက်နှစ်ဖက်ကိုချုပ်လိုက်ပြီး
"ဘာလုပ်တာလဲ?လွှတ်!!!" ဆိုပြီးပြောတာကိုမလွှတ်ပေးဘဲဆိုဖာပေါ်လှဲချလိုက်တာပေါ့။
မျက်နှာနားကြီးကပ်လာပြီးနမ်းလိုက်ကာနီခီကရုန်းပေမဲ့အတင်းနမ်းတော့မရုန်းနိုင်တော့ပါဘူး။
ပါးစပ်ကတံတွေးတွေကိုသုတ်ပစ်ရင်း
"ဘာလို့လာနမ်းတာလဲ???"
"မကြိုက်ဘူးလား?"
"ဪမကြိုက်ဘူး" ဆိုပြီးမျက်နှာကိုလွှဲထားကာ
"တကယ်လား?"
"ဪ"
"အိုကေလေကြိုက်လာအောင်လုပ်ရမှာပေါ့"
"ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
"ဒါဆိုခုနကဘာလို့ဖက်လဲ?"
"မသိဘူး" ဆိုပြီးပြောတုန်းဟီဆွန်းကထွက်သွားလိုက်ပြီး
"ဘာလား?ဘာလို့ထွက်သွားတာလဲ?စိတ်ဆိုးသွားတာလား?စိတ်ဆိုးလည်းဘာအရေးလဲ?ငါနဲ့မှမဆိုင်တာ" ဆိုပြီးပြန်လှဲအိပ်နေလိုက်တော့တယ်။
နောက်တစ်နေ့မနက်လည်းရောက်ကောမပြောမဆိုဘဲဟီဆွန်းကအိမ်ကနေထွက်သွားပြီးနီခီကအခန်းတံခါးဝကနေခေါင်းလေးပြူးထွက်လာကာ
"တကယ်ကြီးစိတ်ဆိုးသွားတာလား?" ဆိုပြီးအောက်ကိုဆင်းလာလိုက်တာပေါ့။
မနက်စာပန်းကန်ကိုမြင်သွားပြီး
"မနက်စာတော့ထားခဲ့ပေးသားပဲ" ဆိုပြီးပန်းကန်ကိုပြေးယူလိုက်ကာခုံမှာထိုင်စားလိုက်တော့တယ်။
စားပြီးသောက်ပြီးတော့ဟီဆွန်းပေးထားတဲ့စာရင်းထိုင်လုပ်နေကာညလောက်ရောက်တော့အလုပ်တွေအကုန်ပြီးသွားတာနဲ့
"အာ့ညောင်းလိုက်တာ" ဆိုပြီးနာရီကိုကြည့်လိုက်မိပြီးလန့်သွား၍
"Ohh my god!!! ၇နာရီတောင်ရှိသွားပြီလား???ဒါနဲ့ဘာလို့ပြန်မလာသေးတာလဲ?ဖုန်းနံပါတ်လည်းမရှိဘူး" ဆိုပြီးစိတ်စပူလာတာပေါ့။
တံခါးအရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းစဉ်းစားနေချိန်ကားအသံကြားလိုက်ရပြီး
"ပြန်လာပြီလား?" ဆိုပြီးပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ကားတစ်ကားအပေါ်ကနေဟီဆွန်းဆင်းလာတာကိုမြင်သွားတော့တယ်။
တံခါးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးခိုးကြည့်လိုက်ကာဟီဆွန်းရဲ့ငယ်ရည်းစားဟောင်းကဟီဆွန်းနှုတ်ခမ်းကိုနမ်းနေတာကိုမြင်သွားတာပေါ့။
အိမ်ထဲကနေထွက်လာကာဒေါသထွက်တဲ့အကြည့်နဲ့ကြည့်နေပြီးခနဲ့ရယ်လိုက်ရတော့ထိုရည်းစားဟောင်းလည်းဖယ်လိုက်၍ဟီဆွန်းလည်းလှည့်ကြည့်တော့တယ်။
မျက်ရည်တွေဝဲတက်လာပြီးအိမ်ထဲကိုပြေးဝင်သွားကာ
"နီခီ!!!" ဆိုပြိီးအနောက်ကနေပြေးလိုက်ပြီးနီခီကအိမ်ပေါ်ထပ်ကိုအမြန်ပြေးတက်တာပေါ့။
တံခါးကိုပိတ်ဖို့လုပ်နေချိန်တံခါးကိုဟီဆွန်းကရောက်လာပြီးတားထားကာအားအရမ်းကြီးတာကြောင့်အတင်းပိတ်သော်လည်းမရတော့ပဲရေချိုးခန်းထဲကိုပြေးဝင်သွားပြန်ရောပေါ့။
အဲ့တံခါးကိုလည်းပိတ်ဖို့ကြိုးစားပြန်ပြီး
"အဲ့???ခုနတုန်းကတစ်ယောက်နဲ့ပဲနမ်းပြီးကျန်ခဲ့ပါလား?ဘာလို့အနောက်ကလိုက်လာတာလဲ????ဖယ်!!!"
"မဖယ်ဘူး"
"ဖယ်နော်လက်ကိုညှပ်ချလိုက်မှာ"
"ညှပ်လိုက်လေငြိမ်ခံမယ်"
"..."
"ဖယ်!!!"
"မဖယ်ဘူး" ဆိုပြီးတံခါးကိုအတင်းဖွင့်ပလိုက်ကာနီခီကရေချိုးဇလုံထဲပြေးပြီးလိုက်ကာကိုပိတ်ပြန်တော့တယ်။
ဟီဆွန်းကလည်းမရမကတားထားပြီး
"ဖယ်လို့!!!ဘာလို့လိုက်နှောင့်ယှက်နေတာလဲ?" ဆိုပြီးရေချိုးဇလုံထဲကပြေးထွက်သွားတာနဲ့ဟီဆွန်းကအနောက်ကပြေးလိုက်ရင်းနောက်ဆုံးတော့ရေဗန်းအောက်မှာဖမ်းမိသွားတာပေါ့။
နံရံမှာဆွဲကပ်လိုက်ပြီး
"ပြောတော့မိန်းကလေးပဲစိတ်ဝင်စားတာဆို?နမ်းတာမကြိုက်ဘူးဆို?ကိုယ့်ကိုလည်းမကြိုက်ဘူးဆို???"
"ဪမကြိုက်ဘူးဖယ်လွှတ်!!!"
"မလွှတ်ဘူး" ဆိုပြီးလက်နှစ်ဖက်စလုံးကိုနံရံမှာချုပ်ကိုင်ထားကာ
"ဖယ်လို့!!!"
"ကိုယ်မူ့ကိုချစ်တယ်"
"..."
"ခုနက...နှုတ်ဆက်နေတာနိုင်ငံခြားမှာအဲ့လိုနှုတ်ဆက်နေကျပြီးတော့သူ့မှာရည်းစားရှိတယ်ကိုယ်တို့ကပြီးပြတ်သွားတာကြာခဲ့ပြီမူအဲ့ဒါကိုသဝန်တိုနေတယ်ဆိုတာသိတာမို့ကိုယ်ရှင်းပြတာလေးကိုနားထောင်စေချင်တာကိုယ်မင်းကိုပဲချစ်တာသူနဲ့တုန်းကဆိုအိပ်တောင်အိပ်ဖူးတာမဟုတ်ဘူးမူနဲ့မှ" ဆိုပြီးပြောလိုက်တာနဲ့ငြိမ်ကျသွားပြီး
"မူ..." ဆိုပြီးခေါ်တော့မော့ကြည့်တော့တယ်။
"မေမေနဲ့ဖေဖေကမူ့ပုံပြကတည်းကကိုယ်သဘောကျသွားခဲ့တာကိုယ်မင်းကိုအရမ်းချစ်တယ်"
"..."
"အဲ့တုန်းကအရမ်းပျော်ခဲ့တာမင်းလူမှားခေါ်သွားတုန်းက..." ဆိုပြီးအနားကိုတိုးလာပြီးရေဗန်းကိုဖွင့်ချလိုက်ကာနမ်းလိုက်တာပေါ့။
နီခီကလည်းပြန်နမ်းခဲ့ပြီးပခုံးကိုဆုပ်ကိုင်ထားကာဟီဆွန်းကပွေ့လိုက်ရင်းရေဇလုံထဲခေါ်သွားတော့တယ်။
ရေဇလုံထဲနီခီကိုချလိုက်ပြီးသူ့အင်္ကျီကိုချွတ်ချလိုက်ကာရေဇလုံထဲဝင်လာလေရဲ့။
There are no comments yet. Log in to be the first to leave a review!




![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)