Conclusion
20:08, 11 March 2025U.
နာနီ အတွေးတွေနဲ့တင် ရှုပ်ယှက်ခတ်နေတာပင်။ စကိုင်းပြောသမျှက နာနီငယ်ငယ်ကတကယ်ဖြစ်ခဲ့တာဖြစ်ပြီး စိန့်စိန့်ဆိုတာကိုလည်းမှတ်မိပေမယ့် စကိုင်းဖြစ်နေမယ်လို့ လုံးဝကိုမတွေးထားမိတာ။
အယုဒ္ဓယမှာရှိခဲ့တဲ့ ခွန်စကိုင်းကရော တစ်ယောက်ထဲပဲလား ရုပ်ချင်းဆင်ရုံပဲလားဆိုတာကိုလည်းနာနီ ထပ်မတွေးတတ်တော့ပေ။နာနီ့ဘယ်ဘက်လက်က ကြိုးနီပိုင်ရှင်က နာနီ့အနားမှာရှိနေတဲ့သူဆိုရင်နာနီ သေချာပေါက်လက်ခံမိမှာပါ။
" နာနီ မင်းမထတော့ဘူးလား "
နားထဲဝင်ရောက်လာတဲ့အမြွှာနှစ်ကောင်ရဲ့အသံစူးစူးက နာနီကို အတွေးကမ္ဘာထဲကရုန်းထွက်စေတယ်။ နာနီတို့က အခုဆိုကမ်းခြေရောက်တာငါးရက်ရှိပြီဖြစ်တယ်။ နာနီစကိုင်းကိုမတွေ့ရတာလည်း လေးရက်ရှိလေပြီ။ ဘာလို့ဆို စကိုင်းရည်းစားစကားပြောပြီးတဲ့နေ့ထဲက နာနီက စကိုင်းနဲ့မျက်နှာချင်းမဆိုင်ရဲသလို အတွေ့လည်းမခံရဲတော့ဘဲ အေဂျေ၊ဂျေဂျေတို့နဲ့အတူ တစ်ခန်းထဲလာနေခြင်းဖြစ်တယ်။
" နာနီ ထ မင်းက အမြဲငါတို့အခန်းလာအိပ်နေတော့တာပဲ မင်းရဲ့ရည်းစားစခန်းပိုင်ရှင်နဲ့သွားအိပ်ပါလား "
" မင်းပါးစပ်ပိတ် ကောင်းကောင်းအိပ်ပါရစေ "
နာနီလည်း အေဂျေကိုပြောပြီး စောင်ခေါင်းမြီးခြုံကာအိပ်လိုက်တယ်။
" အေဂျေ သွားမပြောနဲ့ သူ့ကြည့်ရတာ ပြဿနာတက်ထားသလိုပဲ အပြင်တောင်မထွက်တာ အရင်ကဆိုသားပိုက်ကောင်ကျလို့လေ အကြိုအပိုတွေဘာညာနဲ့ ဟွန်းဟွန်း "
" သွားကြရအောင် ဘာပဲဖြစ်ဖြစ် ဒီနေ့တစ်ရက်ပဲနေရတော့မှာလေကွာ မင်းကမ်းခြေလာပြီး ရေလည်းမကူးဘူး "
" မကူးဘူးလို့ ငါ့ကိုလွှတ်ထားပေး သွားကြကြိုက်တဲ့နေရာလစ်ကြတော့ "
နာနီပြောပြီးပြန်အိပ်နေတော့ ဘယ်သူပစ်လိုက်လဲတော့မသိပေ နာနီ့ခေါင်းပေါ် ခေါင်းအုံးတစ်လုံးကျလာတယ်။
စကားသံတွေတိတ်သွားပုံရ ဟိုနှစ်ကောင်မရှိတော့ဘူးထင်၊ နာနီ ပြတင်းပေါက်နားကနေကြည့်မိတော့ အားလုံးက ပျော်ပါးဆော့ကစားနေကြတာဖြစ်တယ်။
" ငါလည်းဆော့ချင်တယ်လေ "
နာနီပြတင်းပေါက်နားမျက်နှာကိုကပ်ကာ ဆွေးနေမိတော့တယ်။ အဲ့နေ့ စကိုင်းနဲ့စကားပြောပြီးထဲက ငြင်းလည်းမငြင်း၊ ဘာမှလည်းမပြောခဲ့ဘဲ ပြေးထွက်လာခဲ့တာ။
နာနီမျက်နှာကိုလက်နဲ့အုပ်ပြီး ကုတင်ပေါ်ပြန်လှဲနေလိုက်ပြန်တယ်။ နာနီ တစ်ခုသတိရသွားတယ်။ ဟိုတနေ့က အပြင်ထွက်တော့ စကိုင်းက ဒီနေ့ဒီမှာမရှိဘူးလို့ကြားမိဖူးတယ်။
နာနီပြတင်းပေါက်ကိုပြန်သွားကြည့်လိုက်တယ်။ ဝှေ့ဝဲကြည့်လိုက်တော့ စကိုင်းရဲ့အရိပ်အယောင်ရှိမနေပေ နာနီလည်း ပျော်သွားတာကြောင့် ပြုံးလိုက်ပြီး အခန်းအပြင်ထွက်ဖို့ တံခါးဖွင့်ပြီး ထွက်လိုက်တော့တယ်။
* ဘုတ်! *
တံခါးဖွင့်ဖွင့်ချင်းတင် လူတစ်ယောက်နဲ့တိုက်မိတာကြောင့် နာနီ အနောက်ဘက်ကိုယိုင်သွားပေမဲ့ အရှေ့ကလူက နာနီ့ကိုခါးကနေတဆင့်ထိန်းပေးထားတယ်။
နာနီမော့ကြည့်လိုက်တဲ့အခါမှာတော့
" ခွန်စကိုင်းး "
နာနီမျက်လုံးပြူးသွားတာကိုပြင်တဲ့ စကိုင်းက နာနီ့ကိုမတ်တပ်ရပ်စေပြီးမှ ခါးကိုလွှတ်ပေးလိုက်ပြီး နာနီ့ကို အခန်းထဲ ဝင်ခိုင်းရင်း အခန်းတံခါးကိုပိတ်လိုက်တယ်။
" နာနီ ကိုယ်တို့စကားပြောရအောင် "
" ဘာ ဘာ ဘာပြောမလို့လဲ ခွန် စကိုင်း "
နာနီ စကိုင်းရဲ့ မျက်နှာကိုမကြည့်ဘဲ မျက်လုံးကို ကစားနေလိုက်တယ်။
" နာနီဗျ ကိုယ်နာနီ့ကိုဖွင့်ပြောထားတာကို ကိုယ့်ကိုငြင်းချင်ရင် အပြတ်ငြင်းလိုက်လို့ရပါတယ် ဒါပေမယ့် ကိုယ့်ကို ဒီလိုမျိုးကြီးတော့ရှောင်မနေပါနဲ့ဗျ ကိုယ်တကယ်တောင်းဆိုတာပါ ကိုယ်နာနီရှောင်နေရင်မနေတတ်လို့ပါ "
စကိုင်းရဲ့လေသံက အရမ်းကြီးနူးညံ့မနေပေမယ့် နာနီ့ကိုမလန့်စေချင်လို့ ထိန်းပြီးပြောနေရတဲ့ပုံစံမျိုး။
" ခွန်စကိုင်း "
နာနီက စကိုင်းမျက်နှာကိုမဝံ့မရဲကြည့်ပြီး အသံပိစိလေးနဲ့ ခေါ်တယ်။
" ကျွန်တော် တကယ်တော့ "
" စိတ်ထဲအများကြီးမထားပါနဲ့ဗျ နာနီမဖြေချင်ရင်ကိုယ်အတင်းမမေးပါဘူး ကိုယ် နာနီ့ရှောင်နေတာကိုခံစားမိလို့ပါ ကိုယ့်စကားက နာနီ့ကိုနေရခက်စေတယ်ဆိုရင် ကိုယ်ကတောင်းပန်ပါတယ်နော် "
နာနီ သက်ပြင်းချလိုက်တယ်။ ဘာလုပ်ရမလဲ၊ ဘာကိုရွေးချယ်ရမလဲဆိုတာကိုပင် သူမသိတော့ပေ။
" ခွန်စကိုင်း ကျွန်တော် ခွန်စကိုင်းကိုငြင်းချင်တာမဟုတ်ဘူး အခုကျွန်တော်မတွေးတတ်တော့ဘူး ခွန်စကိုင်းက ကျွန်တော်သိဖူးတဲ့ စကိုင်းနဲ့တစ်ယောက်ထဲလား တူရုံပဲလားဆိုတာကို ကျွန်တော် မဝေခွဲနိုင်ဘူး "
နာနီ ပြန်တွေးရင်တင် အယုဒ္ဓယရဲ့နောက်ဆုံးအဖြစ်အပျက်ကိုတွေးမိတာတာကြောင့် ရင်ဘတ်ထဲစို့တက်လာပြီး မျက်ရည်က ပါးပြင်ပေါ်ကိုကျဆင်းလာတယ်။
နာနီမျက်ရည်ကျလာတာကိုမြင်တော့ စကိုင်းကထိန့်လန့်သွားပြီး နာနီ့ကိုဖက်ရင်းရင်ခွင်ထဲထည့်ကာ ကျောပြင်လေးကိုဖိပြီးခေါင်းလေးကိုဖြေးဖြေးချင်းပွတ်ပေးရင်း စကားကိုနူးနူးညံ့ညံ့လေးနဲ့ပြန်ပြောတယ်။
" နာနီဗျ ကိုယ်တောင်းပန်ပါတယ် ကိုယ်နာနီ့ကိုမပြောခဲ့သင့်ဘူး ကိုယ်တောင်းပန်ပါတယ်နော် နာနီမငိုပါနဲ့နော် "
စကိုင်း လုပ်သမျှအပြုအမှုတိုင်းကလည်း နာနီ့လက်ပတ်ကြိုးနီလေးရဲ့ပိုင်ရှင်အတိုင်းဖြစ်နေပြီးတစ်ခါတစ်လေ သူလို့တောင်ထင်မိပါတယ်။ ဟုတ်မဟုတ်ဆိုတာကိုတော့ ကံကြမ္မာပဲသိနိုင်လိမ့်မယ်ထင်ပါတယ်။
နာနီ စကိုင်းကိုပြန်ဖတ်ထားလိုက်တော့ အရင်ကရခဲ့ဖူးတဲ့နွေးထွေးမှုကိုအတိုင်းသားပြန်ရတယ်။ နာနီ့စိတ်ထဲပိုလို့တောင်လေးလာတယ် စကိုင်းကသာကြိုးနီလေးရဲ့ပိုင်ရှင်အစစ်သာဆို နာနီ့ကရောသင့်တော်တဲ့သူဖြစ်နိုင်ပါ့မလား။ စကိုင်းက နာနီ့အတွက်အမြဲဒုက္ခတွေပဲခံစားနေရမှာလား။ နာနီကရောပေးဆပ်ရလောက်တဲ့အထိတန်ဖိုးကြီးနေလို့လား။
" ခွန်..စကိုင်း "
နာနီ စကိုင်းကိုဖက်ထားရင်းသာပြောလိုက်တယ်။
" နာနီ...ခွန်စကိုင်းကို..လက်ခံရင် အန်တီတို့ကရော လက်ခံနိုင်ပါ့မလားဟင် "
" တကယ်တော့လေ ကိုယ့်အမေက နာနီ့ကိုအရင်ထဲကသိပြီးသားပါ "
နာနီ စကိုင်းရင်ခွင်ထဲကရုန်းထွက်ပြီး စကိုင်းကိုငိုထားလို့ ဝိုင်းပြီးအစ်နေတဲ့မျက်လုံးတွေနဲ့မော့ကြည့်လိုက်တယ်။ စကိုင်းက နာနီ့မျက်နှာပေါ်ကမျက်ရည်တွေကို လက်နဲ့ညင်ညင်သာသာ သုတ်ပေးပြီး နှပ်ချေးတွေကအစ သူ့လက်နဲ့ညှစ်ပေးတယ်။
" ကိုယ်က နာနီ့ရဲ့တပည့်ဟောင်းလေးစိန်စိန့်လေ ကိုယ်အဲ့အရွယ်ထဲက အမေတို့နဲ့ဖုန်းပြောရတဲ့အခါ နာနီ့အကြောင်းကိုထည့်ပြောခဲ့တာ။ ကိုယ်စာကြိုးစားပြီး ဘန်ကောက်တက္ကသိုလ်တက်ချင်တာကလည်း နာနီ့ကြောင့်ဆိုတာကိုသိတယ်လေ၊ သူတို့က ကိုယ့်ကိုမွေးထားတဲ့မိဘတွေပဲ ကိုယ်ဘာဖြစ်တယ်ဆိုတာကိုသိပြီးသား ပြီးတော့ ကိုယ်အားလုံးကို ပြောပြထားပြီးသား "
" အွန်းး စကိုင်း "
နာနီက စကိုင်းရဲ့ ရင်ဘတ်ထဲပြန်ဝင်တော့ စကိုင်းကနာနီ့ကို အလိုက်သင့်လေးပြန်ဖက်ပေးတယ်။ စကိုင်းရဲ့ရင်ခွင်ဟာ နာနီကြိုက်တဲ့အချိန်ဝင်ရောက်မှေးစက်နိုင်ပြီး လုံခြုံမှုနဲ့နွေးထွေးမှုတို့ပေးနိုင်တဲ့ တစ်ခုတည်းသော အိမ်ကလေးဖြစ်တယ်။
" နာနီဗျ ကိုယ်နာနီ့ကိုအချိန်အကြာကြီးစောင့်ပေးနေခဲ့တာ၊ နာနီကတော့အရမ်းဆိုးတာနော် ကိုယ့်ကိုတောင်နှုတ်ဆက်စကားမပြောဘဲထွက်သွားခဲ့တာ "
" တကယ်တော့ ဝမ်းနည်းနေခဲ့တာ အဲ့နေ့က "
" ကိုယ့်ကိုခွဲရလို့လား "
" .... "
နာနီ့ထံမှာ ငိုသံသဲ့သဲ့လေးပြန်ထွက်လာတော့ စကိုင်းက နာနီ့ကျောကုန်းလေးကိုပုတ်ပေးရင်း
" ကိုယ့်နာနီလေးက အရမ်းအငိုသန်နေတဲ့ကြောင်ပေါက်ကလေးပဲ "
နာနီ ငိုနေရင်းဘာမှပြန်မပြောနိုင်တာကြောင့် စကိုင်းပုခုံးကိုသွားနဲ့ကြိတ်ခဲလိုက်တယ်။ စကိုင်းက နာတာကိုမအော်ဘဲ ကြိတ်ခံထားပြီး နာနီကျေနပ်တဲ့အထိကိုက်စေတယ်။
နာနီ ငိုလို့ဝတော့ စကိုင်းရင်ခွင်ထဲက ပြန်ထွက်ပြီး မျက်လုံးကိုအင်္ကျီအစနဲ့သုတ်ဖို့လုပ်တော့ စကိုင်းက နာနီ့လက်ကိုဟန့်တားရင်း တစ်သျူးလေးထပ်ထုတ်ကာ မျက်လုံးကိုဖွဖွလေးသုတ်ပေးတယ်။
ပြီးမှ နာနီ့ကို ကုတင်ပေါ်ထိုင်ခိုင်းပြီး စားပွဲပေါ်မှာအသင့်ရှိနေတဲ့ ရေဘူးကိုဖွင့်ပေးပြီး နာနီ့ကိုပေးတယ်။ နာနီရေမော့သောက်တော့ လည်း နာနီ့မေးအောက်မှာ လက်ကလေးလခံပေးထားတယ်။ ရေသောက်ပြီးကာမှ ရေဘူးကိုပြန်ယူပြီးအဖုံးပိတ်ပြီးတော့ နေရာမှာပြန်သွားထားလိုက်တယ်။
စကိုင်းလည်း နာနီ့ဘေးနားထိုင်လိုက်ပြီး
" တစ်ခုခုစားချင်လား ကိုယ်လုပ်ကျွေးရမလား ဒီရက်ပိုင်း ဒီအခန်းထဲမှာပဲစားနေတာမလား "
နာနီ ခေါင်းငြိမ့်ပြလိုက်ပြီး စကိုင်းအနားပိုကပ်ကာ
" အွန်း ခေါက်ဆွဲပြုတ်ကျွေးနော် "
" လက်လုပ်ခေါက်ဆွဲက ကိုယ်အဆင်သင့်မလုပ်ထားမိဘူး နည်းနည်းတော့ကြာမယ်စောင့်နိုင်ရဲ့လား "
" ဟင့်အင်း အဲ့တာဟုတ်ဖူး အသင့်စားခေါက်ဆွဲပြုတ်စားချင်တာ "
" မရဘူးဗျ အဲ့တာကကျန်းမာရေးမကောင်းစေဘူးလေနာနီဗျ "
နာနီက စကိုင်းအနားပိုကပ်ပြီး လက်ကိုကိုင်ကာ
" စားချင်လို့လေ တစ်ခါပဲစားမယ်လေနော် နာနီက စကိုင်းပြုတ်ကျွေးတဲ့ ခေါက်ဆွဲလေးသောက်ချင်လို့ပါနော်....နော် "
စကိုင်းက တစ်ခုခုကိုတွေးမိလိုက်တာမို့ ချောင်းဟန့်လိုက်ပြီး
" တကယ်စားချင်တာလား "
" အွန်း တကယ်စားချင်တာ "
" အဲ့တာဆို ကိုယ့်ကို ကိုကိုလို့ခေါ် "
နာနီ့မျက်နှာကသွေးရောင်လေးသန်းလာပြီး
" ဟွန်း ခွန်စကိုင်းက ကျွန်တော်ထက်တောင်ငယ်တာကို ခေါ်ချင်းခေါ် ခွန်စကိုင်းရတောင် ကျွန်တော့်ကို ကိုကို လို့ခေါ်ရအုံးမှာပါနော် ဟွန်း "
" ကိုယ့်လည်းကြားချင်လို့လေ "
စကိုင်းက နာနီလုပ်တဲ့ပုံစံနဲ့ပြန်ပြီးချွဲလာတာကြောင့် နာနီနှာခေါင်းရှုံ့လိုက်ပြီး
" တစ်ခါပဲနော် "
" အွန်း အွန်း တစ်ခါပဲ "
" ကိုကို "
တကယ်ကိုမှ နာနီ့အသံကတိုးတိုးကလေးဖြစ်တယ် ဒါပေမယ့်လည်း စကိုင်းအသေအချာကြားလိုက်ရတာမို့ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး
" ကောင်းပါပြီဗျ ကိုကို့အသက်လေးက စားချင်တယ်ဆိုရင် ကိုကိုက ပြုတ်ကျွေးရမှာပေါ့ဗျာ နော် ကိုယ့်အသက် "
နာနီ့မျက်နှာက ခရမ်းချဉ်သီးလေးသဖွယ် ရဲသထက်ရဲလာတယ်။ စကိုင်းရဲ့လက်မောင်းကိုထပ်ကိုက်လိုက်ပြီး
" လူဆိုးကောင် အလကားရတိုင်း ခေါ်နေတော့တာပဲ နောက်တစ်ခါ အလကားမခေါ်ခိုင်းဘူး "
" ကိစ္စမရှ်ိဘူးဗျ ကိုယ်ကချမ်းသာတယ်လေ "
နာနီစကိုင်းလက်မောင်းကိုရိုက်လိုက်ပြီး မျက်စောင်းထိုးကာ အောက်ထပ်ကိုဆင်းလာလိုက်တယ်။
အောက်ရောက်တော့ စကိုင်းကနာန့်အတွက်ခေါက်ဆွဲပြုတ်ပေးနေတာမို့ နာနီက အနောက်ကနေ စကိုင်းရဲ့ရွေ့လျားနေတဲ့ကျောပြင်လေးကိုသာ ထိုင်ငေးနေလိုက်တယ်။
ခဏလောက်အကြာတော့ စကိုင်းက ခေါက်ဆွဲပြုတ်ပန်းကန်လေးကိုင်ပြီး နာနီ့ထိုင်နေတဲ့နေရာစီပြုံးနေရင်းရောက်လာတယ်။ ပန်းကန်ကိုနာနီ့အရှေ့ချပေးပြီး
" သုံးဆောင်နိုင်ပါပြီ ကာစတန်မာခင်ဗျ "
" ကျေးဇူးနော် ကြယ်ငါးလုံးပေးလိုက်ပါ့မယ် "
နာနီက လက်ငါးချောင်းထောင်ပြကာပြောတော့ စကိုင်းကနာနီ့ဘေးကခုံမှာဝင်ထိုင်ပြီး နာနီ့လက်ကိုဆုပ်ကိုင်ကာ
" ကာစတန်မာဗျ ကြယ်ငါးလုံးပေးမယ့်အစား အာဘွားငါးခါပေးပေးလို့ရမလားဗျ "
စကိုင်းက သူ့ပါးတစ်ခြမ်းကိုဖောင်းပေးရင်းပြောတာကြောင့် နာနီမျက်စောင်းထိုးလိုက်မိတယ်။ ဟွန်း မျက်နှာရူးပါပဲ။ နာနီလည်း စကိုင်းပြုတ်ပေးထားတဲ့ခေါက်ဆွဲကိုစားနေတော့ စကိုင်းက အနားကနေထိုင်ကြည့်နေတယ်။
" အွန်း အရမ်းကောင်းတယ် ခွန်စကိုင်း "
နာနီက လက်မလေးထောင်ပြကာပြုံးရင်းပြောတော့ စကိုင်းက နာနီ့ခေါင်းလေးကိုပုတ်ပေးတယ် ပြီးတော့နေရာကထထွက်သွားပြီး ရေခဲသေတ္တာထဲက ကော်ဖီအေးတစ်ဗူးကိုထုတ်ပြီး နာနီ့အနားချပေးလိုက်တယ်။
" သောက်ကြည့်ပါဗျ နာနီအရင်ကသောက်တာတော့တွေ့ဖူးတယ် "
နာနီ ကြည့်လိုက်မိတော့ ဟိုးအရင်ကသောက်ခဲ့တဲ့ကော်ဖီအအေးဗူးလေးဖြစ်တာမို့
" အယ် ခွန်စကိုင်း ဒါဘယ်ကရှာဝယ်လာတာလဲ ကျွန်တော်ရှာလို့မရတာတောင်ကြာပီ အွန်း ကျေးဇူးတင်ပါတယ်နော် ခွန်စကိုင်း "
စကိုင်းက နာနီ့ပါးလေးကတမြတ်တနိုးဆွဲလိုက်မိတယ်။
" ကိုယ့်အသက်က ကြိုက်တယ်ဆိုရင်ပဲ ပင်ပန်းရကျိုးနပ်ပါပြီဗျာ "
နာနီ စကိုင်းကိုပြုံးပြရင်းပဲကြည့်နေလိုက်တယ်။
" မယ် မယ် မယ်းးး အခုတော့ အဆင်ပြေသွားကြပြီပေါ့ "
အခန်းဝကနေ အသံကျယ်ကျယ်နဲ့ဝင်လာတဲ့ အမြွှာနှစ်ကောင်ကြောင့် နာနီ မျက်စောင်းထိုးပစ်လိုက်တယ်။ သူများတွေပျော်နေပြီဆို ဝင်နှောင့်ယှက်ပြီ။
" အရင်နေ့တွေကတော့ လဒရုပ်ဖြစ်နေပြီး အခုတော့ပျော်နေတာပေါ့ ခွေးကောင်လေး "
" ဘာလာလုပ်ကြတာလဲ "
" ဗိုက်ဆာလို့လေ ဘာတွေစားနေတာလဲ နည်းနည်းကျွေးအုံးဟ "
နာနီက အေဂျေလာလုတဲ့ပန်းကန်ကိုအနောက်ပြန်ဆွဲလိုက်ပြီး
" ကိုယ့်ဟာကိုယ်လုပ်စားပါလား ငါ့ရည်းစားလုပ်ကျွေးတာကို မင်းတို့ကိုကျွေးစရာလား "
" အေးပါကွာ ရှိတုန်းလုပ်ထားပေါ့ ရန်ဖြစ်တာတို့ဘာတို့မှ ငါတို့စီလာရင်တော့ ဟင်းဟင်း "
" Bruh "
စကိုင်းကတော့ သူငယ်ချင်းသုံးယောက်ကြား ဘာမှဝင်မပြောဘဲ ပြုံး၍သာနေနိုင်တယ်။စကိုင်းက နာနီစားလို့ပြီးတော့ ပန်းကန်တွေကိုဆေးပေးပြီး
" ကစားချင်လား အပြင်မှာ ညနေတော့စောင်းနေပြီလေ အပူချိန်နည်းပါပြီ သွားတော့မလား "
" သွားဆော့မယ်လေ အဲ့တာဆို "
နာနီက ပျော်သွားပြီး ခုန်ဆွခုန်ဆွလုပ်ရင်းအပြင်ဘက်ကိုထွက်သွားတယ်။ စကိုင်းက အခန်းထဲက လိုတဲ့ပစ္စည်းတွေသွားယူပြီးမှ ထွက်လာတယ်။
စကိုင်းအပြင်ထွက်လာတော့ နာနီက ရေထံတော့ မဆင်းသေးဘဲ ကမ်းစပ်မှာပဲ မတ်တပ်ရပ်ပြီးခြေထောက်နဲ့ရေကိုဆော့နေတာ။ စကိုင်းက နာနီ့အနားသွားပြီး
" လက်တွေပေးပါဗျ ဆန်းခရင် လိမ်းပေးမယ်ဗျ "
" ဟင့်အင်း လိမ်းချင်ဘူး ရေဆော့ရင်ပျက်မှာပဲကို "
" နေရောင်နည်းနည်းရှိသေးတယ်ဗျ မဟုတ်ရင် အသားရည် လောင်သွားလိမ့်မယ် "
နာနီက ခေါင်းတသွင်သွင်ခါပြီး ရေထဲပြေးဆင်းသွားလိုက်တော့ စကိုင်းလည်းမတတ်နိုင်ဘဲ ပစ္စည်းတွေကိုသဲသောင်ပြင်ပေါ်ကခုံတန်းမှာသာထားရင်း ရေထဲတူတူဆင်းပေးလိုက်တော့တယ်။
" ခွန်စကိုင်း လှိုင်းကြီးလာပြီ ဝှီးးးးး "
လှိုင်းတစ်ချက်အခတ်မှာပဲ နာနီက စကိုင်းရှိရာစီတန်းရောက်သွားတယ်။ စကိုင်းကလည်း နာနီ့ခါးကိုအလိုက်သင့်လေးဖက်ထားပေးလိုက်တယ်။
နာနီက ခေါင်းလွှဲထားရာမှ စကိုင်းရဲ့မျက်လုံးတည့်တည့်ကြည့်လိုက်တယ်။
" နာနီ ကိုယ့်ကိုချစ်လားဗျ "
" ပြောပြီးပြီမဟုတ်ဖူးလား "
" မပြောရသေးပါဘူးဗျာ နာနီကိုယ့်ကိုလူလည်မကျပါနဲ့နော် "
နာနီပြုံးလိုက်ပြီး ခြေဖျားနည်းနည်းထောက်ရင်း စကိုင်းနဲ့နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်တယ်။ အံ့အားသင့်သွားတဲ့စကိုင်းက နာနီ့ကိုကြောင်ကြည့်နေတယ်။
" နာ..နာနီဗျ "
" အဖြေပေးတာပါနော် "
နာနီပြန်လှည့်ထွက်ဖို့လုပ်တော့ စကိုင်းက နာနီ့ခါးကိုတင်းတင်းကျပ်ကျပ်ပြန်ထိန်းပြီးဖက်ထားလိုက်တယ်။
" နာနီကိုယ့်ကိုမသနားဘူးလား "
" ဟင် ဘာလို့လဲ ခွန်စကိုင်းက "
" နာနီက ကိုယ့်ကိုအဖြေမှမပေးဘဲ "
နာနီ မျက်စောင်းထိုးလိုက်ပြီး ခြေဖျားထပ်ထောက်လိုက်ရင်း စကိုင်းနှုတ်ခမ်းကိုနမ်းဖို့ဟန်နဲ့လုပ်ပြီး စကိုင်းရဲ့ နားနားကပ်ကာ
" နာနီလည်း ချစ်တယ်နော် ကိုကို့ကို "
ပြောပြီးတာနဲ့ နာနီရုန်းထွက်ပြီး ရေသွားဆော့နေလိုက်တယ်။ စကိုင်းကတော့ကျောက်ရုပ်ကြီးပမာကြောင်ရင်း နေရာမှပဲရပ်နေမိတယ်။ သတိပြန်ဝင်မှပြုံးလိုက်ပြီး နာနီ့ဆော့နေတဲ့အနားလာတော့ နာနီက ကမ်းစပ်ကိုပြန်တက်ပြီး ကမ်းစပ်တစ်လျှောက်ပြေးလိုက်တယ်။ စကိုင်းက နာနီ့ကိုအနောက်ကနေ အရှိန်အရမ်းမထည့်ဘဲ ပုံမှန်နှုန်းထက်တောင်နှေးထားပြီး လိုက်ဖမ်းတယ်။
စကိုင်းက နာနီ့ကိုဖမ်းမိသွားတော့ ခါးကိုဖက်လိုက်တာမို့ နာနီကသဘောတကျရယ်တယ်။
" ခွန်စကိုင်း "
" ထပ်ခေါ်ပါအုံးဗျ "
အနောက်ဘက်က ဖက်ထားရာကနေ ခန္ဓာကိုယ်ကို အရှေ့လှည့်လိုက်ပြီး နာနီ့နှာခေါင်းကို စကိုင်းရဲ့နှာခေါင်းနဲ့ပွတ်သပ်ရင်းပြောတယ်။ ယားတာကြောင့် နာနီက နှာခေါင်းကိုရှုံ့လိုက်ပြီး
" ဘာကိုထပ်ခေါ်ရမှာပါလဲဗျ "
နာနီက စကိုင်းလေသံကိုတုပြီးပြောတော့ စကိုင်းကရယ်ပြီး နာနီ့ပါးကိုတစ်ချက်နမ်းလိုက်တယ်။
" အယ် ခွန်စကိုင်း "
စကိုင်းက နာနီ့ရဲ့ပါးနှစ်ဖက် နဲ့ မျက်နှာပေါ်ကအစိတ်အပိုင်းတွေအကုန်လုံးကိုနမ်းလိုက်တော့ နာနီက သဘောတကျထပ်ရယ်ပြန်တယ်။
" ကိုကို... ရပြီလားပြော "
နာနီ့အသံလေးထွက်လာတော့ စကိုင်းမျက်နှာဝယ်အပြုံးကြီးဖြစ်ပေါ်လာပြီး နာနီ့နှုတ်ခမ်းကိုနမ်းရှိုက်လိုက်တယ်။ နာနီလည်း အလိုက်သင့်ပြန်နမ်းပေးလိုက်ပြီး တအောင့်ကြာတော့ စကိုင်းက နာနီ့နှုတ်ခမ်းကိုကိုက်ပြီးလွှတ်လိုက်တယ်။
" အာ့ ခွန်စကိုင်း "
" ကိုယ့်ကိုပြန်ချစ်ပေးလို့ ကိုယ်က ကျေးဇူးတင်ပါတယ်နော် အသက် "
စကိုင်းကပြောရင်း နာနီ့လည်ပင်းမှာရှိနေတဲ့မှဲ့နက်လေးကိုထပ်ကာထပ်ကာနမ်းလိုက်တယ်။ ရုတ်တရက်ဆိုသလို နာနီ့ ဝဲဘက်လက်ကောက်ဝတ်မှာရှိနေတဲ့ ကြိုးနီလေးဟာ တင်းကျပ်သွားတယ်။
နာနီပြုံးလိုက်မိပါတယ် သေချာပေါက် စကိုင်းဟာတစ်ယောက်ထဲပဲလေ။ နာနီ့ဘဝမှာ ချစ်ရတဲ့သူကလည်းစကိုင်းတစ်ယောက်ထဲဖြစ်ပြီး စကိုင်းဘဝမှာချစ်ရတဲ့သူကလည်း နာနီတစ်ယောက်ထဲပါပဲ။
အချစ်ဆိုတာ ဘယ်သူကသာတယ် ဘယ်သူကလျော့တယ်ဆိုတာမျိုးမရှိဘဲ ချစ်ပေးနေတယ်ဆိုထဲကိုက လူနှစ်ယောက်ရဲ့ချစ်ခြင်းဟာ ထပ်တူကျနေဆဲပါပဲ။
ပြီးပါပြီ။
//////////////////
လိုအပ်ချက်တွေအများကြီးရှိသေးတဲ့ ကိုယ့်ဖန်တီးမှုလေးကို ကြိုက်နှစ်သက်ပေးကြလို့ ကိုယ်ကကျေးဇူးအများကြီးတင်ပါတယ်နော်။ နောက်ထပ်ရေးဖြစ်ရင် ပိုလို့ကြိုးစားပေးပါ့မယ်ရှင့်။ ကျေးဇူးတင်ပါတယ်💗
နာနီ အေတြးေတြနဲ႕တင္ ရႈပ္ယွက္ခတ္ေနတာပင္။ စကိုင္းေျပာသမွ်က နာနီငယ္ငယ္ကတကယ္ျဖစ္ခဲ့တာျဖစ္ၿပီး စိန႔္စိန႔္ဆိုတာကိုလည္းမွတ္မိေပမယ့္ စကိုင္းျဖစ္ေနမယ္လို႔ လုံးဝကိုမေတြးထားမိတာ။
အယုဒၶယမွာရွိခဲ့တဲ့ ခြန္စကိုင္းကေရာ တစ္ေယာက္ထဲပဲလား ႐ုပ္ခ်င္းဆင္႐ုံပဲလားဆိုတာကိုလည္းနာနီ ထပ္မေတြးတတ္ေတာ့ေပ။နာနီ႕ဘယ္ဘက္လက္က ႀကိဳးနီပိုင္ရွင္က နာနီ႕အနားမွာရွိေနတဲ့သူဆိုရင္နာနီ ေသခ်ာေပါက္လက္ခံမိမွာပါ။
" နာနီ မင္းမထေတာ့ဘူးလား "
နားထဲဝင္ေရာက္လာတဲ့အႁမႊာႏွစ္ေကာင္ရဲ႕အသံစူးစူးက နာနီကို အေတြးကမၻာထဲက႐ုန္းထြက္ေစတယ္။ နာနီတို႔က အခုဆိုကမ္းေျခေရာက္တာငါးရက္ရွိၿပီျဖစ္တယ္။ နာနီစကိုင္းကိုမေတြ႕ရတာလည္း ေလးရက္ရွိေလၿပီ။ ဘာလို႔ဆို စကိုင္းရည္းစားစကားေျပာၿပီးတဲ့ေန႕ထဲက နာနီက စကိုင္းနဲ႕မ်က္ႏွာခ်င္းမဆိုင္ရဲသလို အေတြ႕လည္းမခံရဲေတာ့ဘဲ ေအေဂ်၊ေဂ်ေဂ်တိဳ႕နဲ႕အတူ တစ္ခန္းထဲလာေနျခင္းျဖစ္တယ္။
" နာနီ ထ မင္းက အၿမဲငါတို႔အခန္းလာအိပ္ေနေတာ့တာပဲ မင္းရဲ႕ရည္းစားစခန္းပိုင္ရွင္နဲ႕သြားအိပ္ပါလား "
" မင္းပါးစပ္ပိတ္ ေကာင္းေကာင္းအိပ္ပါရေစ "
နာနီလည္း ေအေဂ်ကိဳေျပာၿပီး ေစာင္ေခါင္းၿမီးၿခဳံကာအိပ္လိုက္တယ္။
" ေအေဂ် သြားမေျပာနဲ႕ သူ႕ၾကည့္ရတာ ျပႆနာတက္ထားသလိုပဲ အျပင္ေတာင္မထြက္တာ အရင္ကဆိုသားပိုက္ေကာင္က်လိဳ႕ေလ အႀကိဳအပိုေတြဘာညာနဲ႕ ဟြန္းဟြန္း "
" သြားၾကရေအာင္ ဘာပဲျဖစ္ျဖစ္ ဒီေန႕တစ္ရက္ပဲေနရေတာ့မွာေလကြာ မင္းကမ္းေျခလာၿပီး ေရလည္းမကူးဘူး "
" မကူးဘူးလို႔ ငါ့ကိုလႊတ္ထားေပး သြားၾကႀကိဳက္တဲ့ေနရာလစ္ၾကေတာ့ "
နာနီေျပာၿပီးျပန္အိပ္ေနေတာ့ ဘယ္သူပစ္လိုက္လဲေတာ့မသိေပ နာနီ႕ေခါင္းေပၚ ေခါင္းအုံးတစ္လုံးက်လာတယ္။
စကားသံေတြတိတ္သြားပုံရ ဟိုႏွစ္ေကာင္မရွိေတာ့ဘူးထင္၊ နာနီ ျပတင္းေပါက္နားကေနၾကည့္မိေတာ့ အားလုံးက ေပ်ာ္ပါးေဆာ့ကစားေနၾကတာျဖစ္တယ္။
" ငါလည္းေဆာ့ခ်င္တယ္ေလ "
နာနီျပတင္းေပါက္နားမ်က္ႏွာကိုကပ္ကာ ေဆြးေနမိေတာ့တယ္။ အဲ့ေန႕ စကိုင္းနဲ႕စကားေျပာၿပီးထဲက ျငင္းလည္းမျငင္း၊ ဘာမွလည္းမေျပာခဲ့ဘဲ ေျပးထြက္လာခဲ့တာ။
နာနီမ်က္ႏွာကိုလက္နဲ႕အုပ္ၿပီး ကုတင္ေပၚျပန္လွဲေနလိုက္ျပန္တယ္။ နာနီ တစ္ခုသတိရသြားတယ္။ ဟိုတေန႕က အျပင္ထြက္ေတာ့ စကိုင္းက ဒီေန႕ဒီမွာမရွိဘူးလို႔ၾကားမိဖူးတယ္။
နာနီျပတင္းေပါက္ကိုျပန္သြားၾကည့္လိုက္တယ္။ ေဝွ႕ဝဲၾကည့္လိုက္ေတာ့ စကိုင္းရဲ႕အရိပ္အေယာင္ရွိမေနေပ နာနီလည္း ေပ်ာ္သြားတာေၾကာင့္ ၿပဳံးလိုက္ၿပီး အခန္းအျပင္ထြက္ဖို႔ တံခါးဖြင့္ၿပီး ထြက္လိုက္ေတာ့တယ္။
* ဘုတ္! *
တံခါးဖြင့္ဖြင့္ခ်င္းတင္ လူတစ္ေယာက္နဲ႕တိုက္မိတာေၾကာင့္ နာနီ အေနာက္ဘက္ကိုယိုင္သြားေပမဲ့ အေရွ႕ကလူက နာနီ႕ကိုခါးကေနတဆင့္ထိန္းေပးထားတယ္။
နာနီေမာ့ၾကည့္လိုက္တဲ့အခါမွာေတာ့
" ခြန္စကိုင္းး "
နာနီမ်က္လုံးျပဴးသြားတာကိုျပင္တဲ့ စကိုင္းက နာနီ႕ကိုမတ္တပ္ရပ္ေစၿပီးမွ ခါးကိုလႊတ္ေပးလိုက္ၿပီး နာနီ႕ကို အခန္းထဲ ဝင္ခိုင္းရင္း အခန္းတံခါးကိုပိတ္လိုက္တယ္။
" နာနီ ကိုယ္တို႔စကားေျပာရေအာင္ "
" ဘာ ဘာ ဘာေျပာမလို႔လဲ ခြန္ စကိုင္း "
နာနီ စကိုင္းရဲ႕ မ်က္ႏွာကိုမၾကည့္ဘဲ မ်က္လုံးကို ကစားေနလိုက္တယ္။
" နာနီဗ် ကိုယ္နာနီ႕ကိုဖြင့္ေျပာထားတာကို ကိုယ့္ကိုျငင္းခ်င္ရင္ အျပတ္ျငင္းလိုက္လို႔ရပါတယ္ ဒါေပမယ့္ ကိုယ့္ကို ဒီလိုမ်ိဳးႀကီးေတာ့ေရွာင္မေနပါနဲ႕ဗ် ကိုယ္တကယ္ေတာင္းဆိုတာပါ ကိုယ္နာနီေရွာင္ေနရင္မေနတတ္လို႔ပါ "
စကိုင္းရဲ႕ေလသံက အရမ္းႀကီးႏူးညံ့မေနေပမယ့္ နာနီ႕ကိုမလန႔္ေစခ်င္လို႔ ထိန္းၿပီးေျပာေနရတဲ့ပုံစံမ်ိဳး။
" ခြန္စကိုင္း "
နာနီက စကိုင္းမ်က္ႏွာကိုမဝံ့မရဲၾကည့္ၿပီး အသံပိစိေလးနဲ႕ ေခၚတယ္။
" ကြၽန္ေတာ္ တကယ္ေတာ့ "
" စိတ္ထဲအမ်ားႀကီးမထားပါနဲ႕ဗ် နာနီမေျဖခ်င္ရင္ကိုယ္အတင္းမေမးပါဘူး ကိုယ္ နာနီ႕ေရွာင္ေနတာကိုခံစားမိလို႔ပါ ကိုယ့္စကားက နာနီ႕ကိုေနရခက္ေစတယ္ဆိုရင္ ကိုယ္ကေတာင္းပန္ပါတယ္ေနာ္ "
နာနီ သက္ျပင္းခ်လိဳက္တယ္။ ဘာလုပ္ရမလဲ၊ ဘာကိုေ႐ြးခ်ယ္ရမလဲဆိုတာကိုပင္ သူမသိေတာ့ေပ။
" ခြန္စကိုင္း ကြၽန္ေတာ္ ခြန္စကိုင္းကိုျငင္းခ်င္တာမဟုတ္ဘူး အခုကြၽန္ေတာ္မေတြးတတ္ေတာ့ဘူး ခြန္စကိုင္းက ကြၽန္ေတာ္သိဖူးတဲ့ စကိုင္းနဲ႕တစ္ေယာက္ထဲလား တူ႐ုံပဲလားဆိုတာကို ကြၽန္ေတာ္ မေဝခြဲနိုင္ဘူး "
နာနီ ျပန္ေတြးရင္တင္ အယုဒၶယရဲ႕ေနာက္ဆုံးအျဖစ္အပ်က္ကိုေတြးမိတာတာေၾကာင့္ ရင္ဘတ္ထဲစို႔တက္လာၿပီး မ်က္ရည္က ပါးျပင္ေပၚကိုက်ဆင္းလာတယ္။
နာနီမ်က္ရည္က်လာတာကိုျမင္ေတာ့ စကိုင္းကထိန႔္လန႔္သြားၿပီး နာနီ႕ကိုဖက္ရင္းရင္ခြင္ထဲထည့္ကာ ေက်ာျပင္ေလးကိုဖိၿပီးေခါင္းေလးကိုေျဖးေျဖးခ်င္းပြတ္ေပးရင္း စကားကိုႏူးႏူးညံ့ညံ့ေလးနဲ႕ျပန္ေျပာတယ္။
" နာနီဗ် ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္နာနီ႕ကိုမေျပာခဲ့သင့္ဘူး ကိုယ္ေတာင္းပန္ပါတယ္ေနာ္ နာနီမငိုပါနဲ႕ေနာ္ "
စကိုင္း လုပ္သမွ်အျပဳအမႈတိုင္းကလည္း နာနီ႕လက္ပတ္ႀကိဳးနီေလးရဲ႕ပိုင္ရွင္အတိုင္းျဖစ္ေနၿပီးတစ္ခါတစ္ေလ သူလို႔ေတာင္ထင္မိပါတယ္။ ဟုတ္မဟုတ္ဆိုတာကိုေတာ့ ကံၾကမၼာပဲသိနိုင္လိမ့္မယ္ထင္ပါတယ္။
နာနီ စကိုင္းကိုျပန္ဖတ္ထားလိုက္ေတာ့ အရင္ကရခဲ့ဖူးတဲ့ႏြေးေထြးမႈကိုအတိုင္းသားျပန္ရတယ္။ နာနီ႕စိတ္ထဲပိုလို႔ေတာင္ေလးလာတယ္ စကိုင္းကသာႀကိဳးနီေလးရဲ႕ပိုင္ရွင္အစစ္သာဆို နာနီ႕ကေရာသင့္ေတာ္တဲ့သူျဖစ္နိုင္ပါ့မလား။ စကိုင္းက နာနီ႕အတြက္အၿမဲဒုကၡေတြပဲခံစားေနရမွာလား။ နာနီကေရာေပးဆပ္ရေလာက္တဲ့အထိတန္ဖိုးႀကီးေနလို႔လား။
" ခြန္..စကိုင္း "
နာနီ စကိုင္းကိုဖက္ထားရင္းသာေျပာလိုက္တယ္။
" နာနီ...ခြန္စကိုင္းကို..လက္ခံရင္ အန္တီတို႔ကေရာ လက္ခံနိုင္ပါ့မလားဟင္ "
" တကယ္ေတာ့ေလ ကိုယ့္အေမက နာနီ႕ကိုအရင္ထဲကသိၿပီးသားပါ "
နာနီ စကိုင္းရင္ခြင္ထဲက႐ုန္းထြက္ၿပီး စကိုင္းကိုငိုထားလို႔ ဝိုင္းၿပီးအစ္ေနတဲ့မ်က္လုံးေတြနဲ႕ေမာ့ၾကည့္လိုက္တယ္။ စကိုင္းက နာနီ႕မ်က္ႏွာေပၚကမ်က္ရည္ေတြကို လက္နဲ႕ညင္ညင္သာသာ သုတ္ေပးၿပီး ႏွပ္ေခ်းေတြကအစ သူ႕လက္နဲ႕ညွစ္ေပးတယ္။
" ကိုယ္က နာနီ႕ရဲ႕တပည့္ေဟာင္းေလးစိန္စိန႔္ေလ ကိုယ္အဲ့အ႐ြယ္ထဲက အေမတို႔နဲ႕ဖုန္းေျပာရတဲ့အခါ နာနီ႕အေၾကာင္းကိုထည့္ေျပာခဲ့တာ။ ကိုယ္စာႀကိဳးစားၿပီး ဘန္ေကာက္တကၠသိုလ္တက္ခ်င္တာကလည္း နာနီ႕ေၾကာင့္ဆိုတာကိုသိတယ္ေလ၊ သူတို႔က ကိုယ့္ကိုေမြးထားတဲ့မိဘေတြပဲ ကိုယ္ဘာျဖစ္တယ္ဆိုတာကိုသိၿပီးသား ၿပီးေတာ့ ကိုယ္အားလုံးကို ေျပာျပထားၿပီးသား "
" အြန္းး စကိုင္း "
နာနီက စကိုင္းရဲ႕ ရင္ဘတ္ထဲျပန္ဝင္ေတာ့ စကိုင္းကနာနီ႕ကို အလိုက္သင့္ေလးျပန္ဖက္ေပးတယ္။ စကိုင္းရဲ႕ရင္ခြင္ဟာ နာနီႀကိဳက္တဲ့အခ်ိန္ဝင္ေရာက္ေမွးစက္နိုင္ၿပီး လုံၿခဳံမႈနဲ႕ႏြေးေထြးမႈတို႔ေပးနိုင္တဲ့ တစ္ခုတည္းေသာ အိမ္ကေလးျဖစ္တယ္။
" နာနီဗ် ကိုယ္နာနီ႕ကိုအခ်ိန္အၾကာႀကီးေစာင့္ေပးေနခဲ့တာ၊ နာနီကေတာ့အရမ္းဆိုးတာေနာ္ ကိုယ့္ကိုေတာင္ႏႈတ္ဆက္စကားမေျပာဘဲထြက္သြားခဲ့တာ "
" တကယ္ေတာ့ ဝမ္းနည္းေနခဲ့တာ အဲ့ေန႕က "
" ကိုယ့္ကိုခြဲရလို႔လား "
" .... "
နာနီ႕ထံမွာ ငိုသံသဲ့သဲ့ေလးျပန္ထြက္လာေတာ့ စကိုင္းက နာနီ႕ေက်ာကုန္းေလးကိုပုတ္ေပးရင္း
" ကိုယ့္နာနီေလးက အရမ္းအငိုသန္ေနတဲ့ေၾကာင္ေပါက္ကေလးပဲ "
နာနီ ငိုေနရင္းဘာမွျပန္မေျပာနိုင္တာေၾကာင့္ စကိုင္းပုခုံးကိုသြားနဲ႕ႀကိတ္ခဲလိုက္တယ္။ စကိုင္းက နာတာကိုမေအာ္ဘဲ ႀကိတ္ခံထားၿပီး နာနီေက်နပ္တဲ့အထိကိုက္ေစတယ္။
နာနီ ငိုလို႔ဝေတာ့ စကိုင္းရင္ခြင္ထဲက ျပန္ထြက္ၿပီး မ်က္လုံးကိုအကၤ်ီအစနဲ႕သုတ္ဖို႔လုပ္ေတာ့ စကိုင္းက နာနီ႕လက္ကိုဟန႔္တားရင္း တစ္သ်ဴးေလးထပ္ထုတ္ကာ မ်က္လုံးကိုဖြဖြေလးသုတ္ေပးတယ္။
ၿပီးမွ နာနီ႕ကို ကုတင္ေပၚထိုင္ခိုင္းၿပီး စားပြဲေပၚမွာအသင့္ရွိေနတဲ့ ေရဘူးကိုဖြင့္ေပးၿပီး နာနီ႕ကိုေပးတယ္။ နာနီေရေမာ့ေသာက္ေတာ့ လည္း နာနီ႕ေမးေအာက္မွာ လက္ကေလးလခံေပးထားတယ္။ ေရေသာက္ၿပီးကာမွ ေရဘူးကိုျပန္ယူၿပီးအဖုံးပိတ္ၿပီးေတာ့ ေနရာမွာျပန္သြားထားလိုက္တယ္။
စကိုင္းလည္း နာနီ႕ေဘးနားထိုင္လိုက္ၿပီး
" တစ္ခုခုစားခ်င္လား ကိုယ္လုပ္ေကြၽးရမလား ဒီရက္ပိုင္း ဒီအခန္းထဲမွာပဲစားေနတာမလား "
နာနီ ေခါင္းၿငိမ့္ျပလိုက္ၿပီး စကိုင္းအနားပိုကပ္ကာ
" အြန္း ေခါက္ဆြဲျပဳတ္ေကြၽးေနာ္ "
" လက္လုပ္ေခါက္ဆြဲက ကိုယ္အဆင္သင့္မလုပ္ထားမိဘူး နည္းနည္းေတာ့ၾကာမယ္ေစာင့္နိုင္ရဲ႕လား "
" ဟင့္အင္း အဲ့တာဟုတ္ဖူး အသင့္စားေခါက္ဆြဲျပဳတ္စားခ်င္တာ "
" မရဘူးဗ် အဲ့တာကက်န္းမာေရးမေကာင္းေစဘူးေလနာနီဗ် "
နာနီက စကိုင္းအနားပိုကပ္ၿပီး လက္ကိုကိုင္ကာ
" စားခ်င္လို႔ေလ တစ္ခါပဲစားမယ္ေလေနာ္ နာနီက စကိုင္းျပဳတ္ေကြၽးတဲ့ ေခါက္ဆြဲေလးေသာက္ခ်င္လို႔ပါေနာ္....ေနာ္ "
စကိုင္းက တစ္ခုခုကိုေတြးမိလိုက္တာမို႔ ေခ်ာင္းဟန႔္လိုက္ၿပီး
" တကယ္စားခ်င္တာလား "
" အြန္း တကယ္စားခ်င္တာ "
" အဲ့တာဆို ကိုယ့္ကို ကိုကိုလို႔ေခၚ "
နာနီ႕မ်က္ႏွာကေသြးေရာင္ေလးသန္းလာၿပီး
" ဟြန္း ခြန္စကိုင္းက ကြၽန္ေတာ္ထက္ေတာင္ငယ္တာကို ေခၚခ်င္းေခၚ ခြန္စကိုင္းရေတာင္ ကြၽန္ေတာ့္ကို ကိုကို လို႔ေခၚရအုံးမွာပါေနာ္ ဟြန္း "
" ကိုယ့္လည္းၾကားခ်င္လို႔ေလ "
စကိုင္းက နာနီလုပ္တဲ့ပုံစံနဲ႕ျပန္ၿပီးခြၽဲလာတာေၾကာင့္ နာနီႏွာေခါင္းရႈံ႕လိုက္ၿပီး
" တစ္ခါပဲေနာ္ "
" အြန္း အြန္း တစ္ခါပဲ "
" ကိုကို "
တကယ္ကိုမွ နာနီ႕အသံကတိုးတိုးကေလးျဖစ္တယ္ ဒါေပမယ့္လည္း စကိုင္းအေသအခ်ာၾကားလိုက္ရတာမို႔ ေက်ေက်နပ္နပ္ၿပဳံးလိုက္ၿပီး
" ေကာင္းပါၿပီဗ် ကိုကို႔အသက္ေလးက စားခ်င္တယ္ဆိုရင္ ကိုကိုက ျပဳတ္ေကြၽးရမွာေပါ့ဗ်ာ ေနာ္ ကိုယ့္အသက္ "
နာနီ႕မ်က္ႏွာက ခရမ္းခ်ဥ္သီးေလးသဖြယ္ ရဲသထက္ရဲလာတယ္။ စကိုင္းရဲ႕လက္ေမာင္းကိုထပ္ကိုက္လိုက္ၿပီး
" လူဆိုးေကာင္ အလကားရတိုင္း ေခၚေနေတာ့တာပဲ ေနာက္တစ္ခါ အလကားမေခၚခိုင္းဘူး "
" ကိစၥမရွ္ိဘူးဗ် ကိုယ္ကခ်မ္းသာတယ္ေလ "
နာနီစကိုင္းလက္ေမာင္းကိုရိုက္လိုက္ၿပီး မ်က္ေစာင္းထိုးကာ ေအာက္ထပ္ကိုဆင္းလာလိုက္တယ္။
ေအာက္ေရာက္ေတာ့ စကိုင္းကနာန႔္အတြက္ေခါက္ဆြဲျပဳတ္ေပးေနတာမို႔ နာနီက အေနာက္ကေန စကိုင္းရဲ႕ေ႐ြ႕လ်ားေနတဲ့ေက်ာျပင္ေလးကိုသာ ထိုင္ေငးေနလိုက္တယ္။
ခဏေလာက္အၾကာေတာ့ စကိုင္းက ေခါက္ဆြဲျပဳတ္ပန္းကန္ေလးကိုင္ၿပီး နာနီ႕ထိုင္ေနတဲ့ေနရာစီၿပဳံးေနရင္းေရာက္လာတယ္။ ပန္းကန္ကိုနာနီ႕အေရွ႕ခ်ေပးၿပီး
" သုံးေဆာင္နိုင္ပါၿပီ ကာစတန္မာခင္ဗ် "
" ေက်းဇူးေနာ္ ၾကယ္ငါးလုံးေပးလိုက္ပါ့မယ္ "
နာနီက လက္ငါးေခ်ာင္းေထာင္ျပကာေျပာေတာ့ စကိုင္းကနာနီ႕ေဘးကခုံမွာဝင္ထိုင္ၿပီး နာနီ႕လက္ကိုဆုပ္ကိုင္ကာ
" ကာစတန္မာဗ် ၾကယ္ငါးလုံးေပးမယ့္အစား အာဘြားငါးခါေပးေပးလို႔ရမလားဗ် "
စကိုင္းက သူ႕ပါးတစ္ျခမ္းကိုေဖာင္းေပးရင္းေျပာတာေၾကာင့္ နာနီမ်က္ေစာင္းထိုးလိုက္မိတယ္။ ဟြန္း မ်က္ႏွာ႐ူးပါပဲ။ နာနီလည္း စကိုင္းျပဳတ္ေပးထားတဲ့ေခါက္ဆြဲကိုစားေနေတာ့ စကိုင္းက အနားကေနထိုင္ၾကည့္ေနတယ္။
" အြန္း အရမ္းေကာင္းတယ္ ခြန္စကိုင္း "
နာနီက လက္မေလးေထာင္ျပကာၿပဳံးရင္းေျပာေတာ့ စကိုင္းက နာနီ႕ေခါင္းေလးကိုပုတ္ေပးတယ္ ၿပီးေတာ့ေနရာကထထြက္သြားၿပီး ေရခဲေသတၱာထဲက ေကာ္ဖီေအးတစ္ဗူးကိုထုတ္ၿပီး နာနီ႕အနားခ်ေပးလိုက္တယ္။
" ေသာက္ၾကည့္ပါဗ် နာနီအရင္ကေသာက္တာေတာ့ေတြ႕ဖူးတယ္ "
နာနီ ၾကည့္လိုက္မိေတာ့ ဟိုးအရင္ကေသာက္ခဲ့တဲ့ေကာ္ဖီအေအးဗူးေလးျဖစ္တာမို႔
" အယ္ ခြန္စကိုင္း ဒါဘယ္ကရွာဝယ္လာတာလဲ ကြၽန္ေတာ္ရွာလို႔မရတာေတာင္ၾကာပီ အြန္း ေက်းဇူးတင္ပါတယ္ေနာ္ ခြန္စကိုင္း "
စကိုင္းက နာနီ႕ပါးေလးကတျမတ္တနိုးဆြဲလိုက္မိတယ္။
" ကိုယ့္အသက္က ႀကိဳက္တယ္ဆိုရင္ပဲ ပင္ပန္းရက်ိဳးနပ္ပါၿပီဗ်ာ "
နာနီ စကိုင္းကိုၿပဳံးျပရင္းပဲၾကည့္ေနလိုက္တယ္။
" မယ္ မယ္ မယ္းးး အခုေတာ့ အဆင္ေျပသြားၾကၿပီေပါ့ "
အခန္းဝကေန အသံက်ယ္က်ယ္နဲ႕ဝင္လာတဲ့ အႁမႊာႏွစ္ေကာင္ေၾကာင့္ နာနီ မ်က္ေစာင္းထိုးပစ္လိုက္တယ္။ သူမ်ားေတြေပ်ာ္ေနၿပီဆို ဝင္ႏွောင့္ယွက္ၿပီ။
" အရင္ေန႕ေတြကေတာ့ လဒ႐ုပ္ျဖစ္ေနၿပီး အခုေတာ့ေပ်ာ္ေနတာေပါ့ ေခြးေကာင္ေလး "
" ဘာလာလုပ္ၾကတာလဲ "
" ဗိုက္ဆာလို႔ေလ ဘာေတြစားေနတာလဲ နည္းနည္းေကြၽးအုံးဟ "
နာနီက ေအေဂ်လာလုတဲ့ပန္းကန္ကိုအေနာက္ျပန္ဆြဲလိုက္ၿပီး
" ကိုယ့္ဟာကိုယ္လုပ္စားပါလား ငါ့ရည္းစားလုပ္ေကြၽးတာကို မင္းတို႔ကိုေကြၽးစရာလား "
" ေအးပါကြာ ရွိတုန္းလုပ္ထားေပါ့ ရန္ျဖစ္တာတို႔ဘာတို႔မွ ငါတို႔စီလာရင္ေတာ့ ဟင္းဟင္း "
" Bruh "
စကိုင္းကေတာ့ သူငယ္ခ်င္းသုံးေယာက္ၾကား ဘာမွဝင္မေျပာဘဲ ၿပဳံး၍သာေနနိုင္တယ္။စကိုင္းက နာနီစားလို႔ၿပီးေတာ့ ပန္းကန္ေတြကိုေဆးေပးၿပီး
" ကစားခ်င္လား အျပင္မွာ ညေနေတာ့ေစာင္းေနၿပီေလ အပူခ်ိန္နည္းပါၿပီ သြားေတာ့မလား "
" သြားေဆာ့မယ္ေလ အဲ့တာဆို "
နာနီက ေပ်ာ္သြားၿပီး ခုန္ဆြခုန္ဆြလုပ္ရင္းအျပင္ဘက္ကိုထြက္သြားတယ္။ စကိုင္းက အခန္းထဲက လိုတဲ့ပစၥည္းေတြသြားယူၿပီးမွ ထြက္လာတယ္။
စကိုင္းအျပင္ထြက္လာေတာ့ နာနီက ေရထံေတာ့ မဆင္းေသးဘဲ ကမ္းစပ္မွာပဲ မတ္တပ္ရပ္ၿပီးေျခေထာက္နဲ႕ေရကိုေဆာ့ေနတာ။ စကိုင္းက နာနီ႕အနားသြားၿပီး
" လက္ေတြေပးပါဗ် ဆန္းခရင္ လိမ္းေပးမယ္ဗ် "
" ဟင့္အင္း လိမ္းခ်င္ဘူး ေရေဆာ့ရင္ပ်က္မွာပဲကို "
" ေနေရာင္နည္းနည္းရွိေသးတယ္ဗ် မဟုတ္ရင္ အသားရည္ ေလာင္သြားလိမ့္မယ္ "
နာနီက ေခါင္းတသြင္သြင္ခါၿပီး ေရထဲေျပးဆင္းသြားလိုက္ေတာ့ စကိုင္းလည္းမတတ္နိုင္ဘဲ ပစၥည္းေတြကိုသဲေသာင္ျပင္ေပၚကခုံတန္းမွာသာထားရင္း ေရထဲတူတူဆင္းေပးလိုက္ေတာ့တယ္။
" ခြန္စကိုင္း လွိုင္းႀကီးလာၿပီ ဝွီးးးးး "
လွိုင္းတစ္ခ်က္အခတ္မွာပဲ နာနီက စကိုင္းရွိရာစီတန္းေရာက္သြားတယ္။ စကိုင္းကလည္း နာနီ႕ခါးကိုအလိုက္သင့္ေလးဖက္ထားေပးလိုက္တယ္။
နာနီက ေခါင္းလႊဲထားရာမွ စကိုင္းရဲ႕မ်က္လုံးတည့္တည့္ၾကည့္လိုက္တယ္။
" နာနီ ကိုယ့္ကိုခ်စ္လားဗ် "
" ေျပာၿပီးၿပီမဟုတ္ဖူးလား "
" မေျပာရေသးပါဘူးဗ်ာ နာနီကိုယ့္ကိုလူလည္မက်ပါနဲ႕ေနာ္ "
နာနီၿပဳံးလိုက္ၿပီး ေျခဖ်ားနည္းနည္းေထာက္ရင္း စကိုင္းနဲ႕ႏႈတ္ခမ္းကိုတစ္ခ်က္နမ္းလိုက္တယ္။ အံ့အားသင့္သြားတဲ့စကိုင္းက နာနီ႕ကိုေၾကာင္ၾကည့္ေနတယ္။
" နာ..နာနီဗ် "
" အေျဖေပးတာပါေနာ္ "
နာနီျပန္လွည့္ထြက္ဖို႔လုပ္ေတာ့ စကိုင္းက နာနီ႕ခါးကိုတင္းတင္းက်ပ္က်ပ္ျပန္ထိန္းၿပီးဖက္ထားလိုက္တယ္။
" နာနီကိုယ့္ကိုမသနားဘူးလား "
" ဟင္ ဘာလို႔လဲ ခြန္စကိုင္းက "
" နာနီက ကိုယ့္ကိုအေျဖမွမေပးဘဲ "
နာနီ မ်က္ေစာင္းထိုးလိုက္ၿပီး ေျခဖ်ားထပ္ေထာက္လိုက္ရင္း စကိုင္းႏႈတ္ခမ္းကိုနမ္းဖို႔ဟန္နဲ႕လုပ္ၿပီး စကိုင္းရဲ႕ နားနားကပ္ကာ
" နာနီလည္း ခ်စ္တယ္ေနာ္ ကိုကို႔ကို "
ေျပာၿပီးတာနဲ႕ နာနီ႐ုန္းထြက္ၿပီး ေရသြားေဆာ့ေနလိုက္တယ္။ စကိုင္းကေတာ့ေက်ာက္႐ုပ္ႀကီးပမာေၾကာင္ရင္း ေနရာမွပဲရပ္ေနမိတယ္။ သတိျပန္ဝင္မွၿပဳံးလိုက္ၿပီး နာနီ႕ေဆာ့ေနတဲ့အနားလာေတာ့ နာနီက ကမ္းစပ္ကိုျပန္တက္ၿပီး ကမ္းစပ္တစ္ေလွ်ာက္ေျပးလိုက္တယ္။ စကိုင္းက နာနီ႕ကိုအေနာက္ကေန အရွိန္အရမ္းမထည့္ဘဲ ပုံမွန္ႏႈန္းထက္ေတာင္ႏွေးထားၿပီး လိုက္ဖမ္းတယ္။
စကိုင္းက နာနီ႕ကိုဖမ္းမိသြားေတာ့ ခါးကိုဖက္လိုက္တာမို႔ နာနီကသေဘာတက်ရယ္တယ္။
" ခြန္စကိုင္း "
" ထပ္ေခၚပါအုံးဗ် "
အေနာက္ဘက္က ဖက္ထားရာကေန ခႏၶာကိုယ္ကို အေရွ႕လွည့္လိုက္ၿပီး နာနီ႕ႏွာေခါင္းကို စကိုင္းရဲ႕ႏွာေခါင္းနဲ႕ပြတ္သပ္ရင္းေျပာတယ္။ ယားတာေၾကာင့္ နာနီက ႏွာေခါင္းကိုရႈံ႕လိုက္ၿပီး
" ဘာကိုထပ္ေခၚရမွာပါလဲဗ် "
နာနီက စကိုင္းေလသံကိုတုၿပီးေျပာေတာ့ စကိုင္းကရယ္ၿပီး နာနီ႕ပါးကိုတစ္ခ်က္နမ္းလိုက္တယ္။
" အယ္ ခြန္စကိုင္း "
စကိုင္းက နာနီ႕ရဲ႕ပါးႏွစ္ဖက္ နဲ႕ မ်က္ႏွာေပၚကအစိတ္အပိုင္းေတြအကုန္လုံးကိုနမ္းလိုက္ေတာ့ နာနီက သေဘာတက်ထပ္ရယ္ျပန္တယ္။
" ကိုကို... ရၿပီလားေျပာ "
နာနီ႕အသံေလးထြက္လာေတာ့ စကိုင္းမ်က္ႏွာဝယ္အၿပဳံးႀကီးျဖစ္ေပၚလာၿပီး နာနီ႕ႏႈတ္ခမ္းကိုနမ္းရွိုက္လိုက္တယ္။ နာနီလည္း အလိုက္သင့္ျပန္နမ္းေပးလိုက္ၿပီး တေအာင့္ၾကာေတာ့ စကိုင္းက နာနီ႕ႏႈတ္ခမ္းကိုကိုက္ၿပီးလႊတ္လိုက္တယ္။
" အာ့ ခြန္စကိုင္း "
" ကိုယ့္ကိုျပန္ခ်စ္ေပးလို႔ ကိုယ္က ေက်းဇူးတင္ပါတယ္ေနာ္ အသက္ "
စကိုင္းကေျပာရင္း နာနီ႕လည္ပင္းမွာရွိေနတဲ့မွဲ႕နက္ေလးကိုထပ္ကာထပ္ကာနမ္းလိုက္တယ္။ ႐ုတ္တရက္ဆိုသလို နာနီ႕ ဝဲဘက္လက္ေကာက္ဝတ္မွာရွိေနတဲ့ ႀကိဳးနီေလးဟာ တင္းက်ပ္သြားတယ္။
နာနီၿပဳံးလိုက္မိပါတယ္ ေသခ်ာေပါက္ စကိုင္းဟာတစ္ေယာက္ထဲပဲေလ။ နာနီ႕ဘဝမွာ ခ်စ္ရတဲ့သူကလည္းစကိုင္းတစ္ေယာက္ထဲျဖစ္ၿပီး စကိုင္းဘဝမွာခ်စ္ရတဲ့သူကလည္း နာနီတစ္ေယာက္ထဲပါပဲ။
အခ်စ္ဆိုတာ ဘယ္သူကသာတယ္ ဘယ္သူကေလ်ာ့တယ္ဆိုတာမ်ိဳးမရွိဘဲ ခ်စ္ေပးေနတယ္ဆိုထဲကိုက လူႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းဟာ ထပ္တူက်ေနဆဲပါပဲ။
ၿပီးပါၿပီ။
//////////////////
လိုအပ္ခ်က္ေတြအမ်ားႀကီးရွိေသးတဲ့ ကိုယ့္ဖန္တီးမႈေလးကို ႀကိဳက္ႏွစ္သက္ေပးၾကလို႔ ကိုယ္ကေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္။ ေနာက္ထပ္ေရးျဖစ္ရင္ ပိုလို႔ႀကိဳးစားေပးပါ့မယ္ရွင့္။ ေက်းဇူးတင္ပါတယ္💗
There are no comments yet. Log in to be the first to leave a review!





