Ep-20
14:44, 14 November 2022Zawgyi
"မင္း ငါ့သားကို ဘယ္ေလာက္ထိ ခ်စ္လဲ"
တကယ္တမ္း ကိုယ္ထင္ထားသည္က K dramaကားေတြထဲကလို 'မင္း ငါ့သားေရွ႕ကေန လံုးဝေပ်ာက္ကြယ္သြားေပးပါ'ဆိုျပီး သူ႔သားနဲ႔ လမ္းခြဲဖို႔ အေျကာင္းေတြ တစီတစ္တန္းျကီး ေျပာလာမည္ေပါ့ေလ....
အခု ျကားလိုက္ရတဲ့စကားက ဘာကိုဆိုလို??
ဘာပဲျဖစ္ျဖစ္ေလ ဂြ်န္ ေျပာျပထားခ်က္အရ ဂြ်န္႔အေဖက ဂြ်န္နဲ႔ က်ေနာ့္ကို လံုးဝ သေဘာမတူဘူးမလား
က်ေနာ့္အသက္အႏၲရာယ္နဲ႔ေတာင္ ျခိမ္းေျခာက္ျပီးဂြ်န္ က်ေနာ္နဲ႔ ေဝးေဝးေနဖို႔ ဂြ်န္နဲ႔ အေပးအယူေတာင္ လုပ္ခဲ့ဖူးသည္မဟုတ္ပါလား
ဂြ်န္က အေပးအယူကိစၥ ေဖာက္ဖ်က္ခဲ့ေတာ့ အခု က်ေနာ့္ကို သတ္လည္း က်ေနာ္ေသမယ္ ဂြ်န္နဲ႔ လမ္းခြဲဖို႔ကေတာ့ လံုးဝမလုပ္ေပးႏိုင္ဘူးမို႔
ဆိုဖာေပၚထိုင္ေနရာကေန ခ်က္ခ်င္း ျကမ္းျပင္ေပၚဆင္းကာ ဒူးေထာက္ထိုင္ခ်လိုက္ေသာ ထယ္ေယာင္းအား ျကည့္ျပီး ဂြ်န္ေျဗာင္အင္ မ်က္ခံုးတစ္ဖက္ေတာင္ ပင့္တက္သြားမိသည္။
"က်ေနာ္ ဂြ်န္႔ကို အရမ္းခ်စ္တာပါ ဂြ်န္ကသာ က်ေနာ့္ရဲ႕ကမာၻ က်ေနာ့္ရဲ႕oxygenေလး ဂြ်န္သာ မရိွရင္ က်ေနာ္ေသသြားမွာ အဲ့ဒါေျကာင့္မို႔ ေက်းဇူးျပဳျပီး က်ေနာ့္ကို ဂြ်န္နဲ႔ လမ္းခြဲေပးဖို႔အေျကာင္းမေျပာပါနဲ႔ ဥကၠျကီးဂြ်န္ က်ေနာ့္ကို သတ္မယ္ဆိုလဲ က်ေနာ္ ရဲရဲျကီး အေသခံပါ့မယ္ က်ေနာ္ခ်စ္ရတဲ့သူအတြက္ က်ေနာ္ ေသရမွာကိုလဲ ေျကာက္မေနေတာ့ပါဘူး"
ေရွ႕က ကင္ထယ္ေယာင္းဆိုတဲ့ေကာင္ေလးသည္ သူ႔အား ေဂ်ာင္ကုနဲ႔ လမ္းခြဲေပးဖို႔ တစ္စိုးတစ္စိမွ်ဘမေျပာရေသးပါဘဲ သူ႔ဟာသူ တရစပ္ေျပာခ်င္ရာေျပာသြားေသာ စကားေတြကို ျကားမိေတာ့ ဂြ်န္ေျဗာင္အင္ အဓိပၸါယ္ပါပါ အျပံဳးတစ္ခုျပံဳးမိလိုက္သည္။
"အဲ့ေတာ့ ငါ အခုခ်က္ခ်င္း သတ္ရင္ေရာ မင္း အေသခံႏိုင္လား"
"ဟုတ္ကဲ့ က်ေနာ္ ရဲရဲျကီး အေသခံႏိုင္ပါတယ္ သတ္လိုက္ပါ က်ေနာ္ ေလာကျကီးရဲ႕ သေဘာတရားေတြကို ဆန္႔က်င္ျပီး ခ်စ္မိခဲ့တဲ႔အတြက္ ကံျကမၼာက ဒဏ္ခတ္တာလို႔ပဲ မွတ္ယူျပီး က်ေနာ္ခ်စ္တဲ့လူသားအတြက္ က်ေနာ္ အသက္ေပးျပီး ေပးဆပ္ပါ့မယ္"
အျပစ္လုပ္ထားသူပမာ ေခါင္းကိုသာ ငံု႔ထားျပီး ျကမ္းျပင္ကိုသာ စိုက္ျကည့္ရင္း မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ကာ ေျပာေနေသာ ထယ္ေယာင္းပါေလ။
"မင္းကို ငါ သနားေသာအားျဖင့္ ေနာက္ဆံုးအခြင့္အေရးတစ္ခုေပးလိုက္မယ္ မင္း ငါ့သားေဂ်ာင္ကုနဲ႔ လမ္းခြဲမလား ဒါမွမဟုတ္ ငါ့လက္နဲ႔ သတ္တာကို ခံခ်င္လား 2ခုထဲက 1ခုကို ေရြး"
"ဥကၠျကီးဂြ်န္ က်ေနာ့္ကို သတ္တာကို ေက်ေက်နပ္နပ္ျကီးခံယူေပးပါ့မယ္ ဂြ်န္႔ကိုေတာ့ လံုးဝလမ္းခြဲေပးမွာ မဟုတ္ပါဘူး"
ထယ္ေယာင္းမွာ အေသခံမယ္သာ ေျပာေနတာတစ္ကိုယ္လံုးတဆတ္ဆတ္တုန္ျပီး လက္သီးေတြကို က်စ္က်စ္ပါေအာင္ ဆုတ္ထားမိသည္။
မ်က္ရည္ေတြကေတာ့ ပါးျပင္2ဖက္လံုးေပၚ ေသခ်ာေပါက္ တသြင္သြင္ စီးဆင္းေနခဲ့တာေပါ့
ေသရမွာကို ငယ္ငယ္ေလးကထဲက ေျကာက္တဲ့သူက သူ႔အျပင္ 2ေယာက္မရွိဘဲကိုး....
"ထစမ္း"
ဂြ်န္ရိွတဲ့ ဒီေလာကျကီးကေန ထာဝရအျပီးအပိုင္ထြက္သြားရေတာ့မွာဆိုတဲ့ စိတ္နဲ႔ ဂြ်န္႔ကို စိတ္ထဲကေနသာ ႏႈတ္ဆက္ျပီး ကိုယ့္ကိုကိုယ္ ေသဖို႔ အဆင္သင့္ျပင္ကာ မ်က္လံုးေတြ အတင္းကာေရာ က်ံဳ႕မွိတ္ထားမိခ်ိန္ ရုတ္တရက္ ထြက္ေပၚလာေသာ စကားေျကာင့္ မ်က္လံုးေတြ ခပ္ေျဖးေျဖးဖြင့္ကာ ေမာ့ျကည့္မိေတာ့ သူ႔အေရွ႕မွာ လာရပ္ေနတဲ့ ဂြ်န္ေျဗာင္အင္က သူ႔ကို လမ္းကမ္းေပးထားသည္ကိုေတြ႔လိုက္ရသည္။
"ဗ်ာ......"
ထယ္ေယာင္း မ်က္ရည္စက္လက္ ပါးစပ္အေဟာင္းသားနဲ႔ ေျကာင္ျကည့္ေနမိတုန္းမွာပဲ
"အသက္ျကီးတဲ့ငါက ျကာျကာ မတ္တပ္ရပ္လို႔ရတာ မဟုတ္ဘူးကြ အေျကာအဆစ္ေတြကလဲ ပံုမွန္မဟုတ္ေတာ့ဘူး ငါ မင္းကို လက္ကမ္းေပးထားရတာ ေညာင္းေနျပီကြ ထစမ္း ျမန္ျမန္"
ထိုစကားေျကာင့္ ထယ္ေယာင္း မ်က္ရည္ေတြကိုလက္ဖဝါး2ဖက္နဲ႔ ကေရာေသာပါး အလ်င္အျမန္ ဆြဲသုတ္ကာ ဂြ်န္ေျဗာင္အင္ရဲ႕ ကမ္းေပးထားေသာလက္ကို ကိုင္ရင္း အားယူျပီး ထလိုက္သည္။
"အာရီဂူး အာရီဂူး ငါ့ခါး ငါ့ခါး"
သူ႔ခါးသူ ကိုင္ကာ ညည္းညဴေနေသာ ဂြ်န္ေျဗာင္အင္ေျကာင့္ ထယ္ေယာင္းတစ္ေယာက္ ပ်ာပ်ာသလဲျဖင့္
"ဥကၠဌျကီးဂြ်န္ အဆင္ေျပ....ေျပရဲ႕လားဟင္"
"ဘယ္ေျပမလဲ ေကာင္စုတ္ရဲ႕ ငါ့လက္ကို အတင္းကိုင္ျပီး ထေတာ့ ငါမင္းကို လူျကီးတစ္ေယာက္ရဲ႕အားနဲ႔ မနည္းဆြဲထူေပးလိုက္ရတယ္ေလ အလိုက္ကန္းဆိုးကို နားမလည္ဘူး ငါ့လက္ကို ဖြဖြေလးကိုင္ျပီး ကိုယ့္ဟာကိုယ္ အားယူျပီးထမွေပါ့ ေဟ့ေကာင္ရဲ႕"
ဥကၠျကီးဂြ်န္ဆီမွ တရင္းတႏွီးစကားေတြအျကား ထယ္ေယာင္းတစ္ေယာက္ ေျကာင္ျပီးရင္း ေျကာင္ေနရသည္။
မဟုတ္ေသးဘူးေလ ဥကၠျကီးက ေသခ်ာေပါက္ သူ႔ကို လက္မခံႏိုင္ဘဲ သတ္မယ္ပါ ေျပာခဲ့သည္မလား
သူေတြးေနတုန္းမွာပဲ ဂြ်န္ေျဗာင္အင္က သူ႔လက္2ဖက္ကို ယူကာ ဆုပ္ကိုင္လာျပီး ခပ္ဖြဖြပုတ္ရင္း
"ငါ့သားကို ေပ်ာ္ေအာင္ ထားပါ မင္းေျကာင့္ ငါ့သားေပ်ာ္ေနရတာကိုပဲ ျမင္ခ်င္တယ္ ငါ့သားကို ျပံဳးရယ္ေအာင္လုပ္ႏိုင္တာဆိုလို႔ မင္းတစ္ေယာက္ထဲပဲရိွတယ္ ဒါေျကာင့္ ေတာင္းဆိုတာပါ"
ခပ္မာမာေလသံနဲ႔သာ ေျပာေနေပမယ့္ ႏူးညံေနေသာ မ်က္ဝန္းေတြနဲ႔ ေျပာလာသည္မို႔ ထယ္ေယာင္း ဒါကိုပင္ အိပ္မက္မ်ားမက္ေနတာလားလို႔ ထင္မွတ္မိေသးသည္။
ဟုတ္တယ္ေလ သူ႔သားနဲ႔ သေဘာမတူခဲ့ဘူးဆိုကထဲက က်ေနာ့္ကို လံုးဝ မုန္းေနတာမ်ိဳးမဟုတ္ခဲ့ရင္ေတာင္ ျကည္ေနမွာမွ မဟုတ္တာ....
ျပီးေတာ့ ခုနကစကားေတြက...?? မဟုတ္မွ.... ဂြ်န္နဲ႔က်ေနာ့္ကို သေဘာတူလိုက္တာလား??
WTF!! အခုအေနအထားျကီးက ဘယ္လိုေတာင္ စဥ္းစားရခက္တဲ့ အေနအထားျကီးလဲ!!
မ်က္လံုးျပဴးျပီး ေျကာင္ျကည့္ေနေသာ က်ေနာ့္ကိုဂြ်န္႔အေဖက ေပြ႔ဖက္လာျပီး ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးေနသည္။
က်ေနာ္လဲ ေယာင္နနေလး အလိုက္သင့္ျပန္ေပြ႔ဖက္လိုက္မိသည္။
ခဏအျကာေတာ့ ဂြ်န္႔အေဖက က်ေနာ့္ကို ဖက္ထားရကေန လႊတ္ေပးျပီး ျပံဳးျပသည္။
က်ေနာ္ထင္ေနတာမမွားဘူးဆိုရင္ ဥကၠျကီးဂြ်န္မ်က္ရည္ေတြ ဝဲေနသလားလို႔.....
"ဟုိ ဂြ်န္ေရာဟင္"
ထိုေမးခြန္းမွာ ဥကၠျကီးဂြ်န္ကို စေတြ႔ကထဲက ေမးခ်င္ေနတဲ့ေမးခြန္းျဖစ္သည္
ခုနတုန္းကေတာ့ မေမးမိေအာင္ ထိန္းထားေပမယ့္သိခ်င္စိတ္ေျကာင့္ မထိန္းႏိုင္ေတာ့ဘဲမရဲတရဲေလး အရဲစြန္႔ျပီး ေမးမိေတာ့.....
"ငါ့သားကို ေကာင္းေကာင္းေခၚလာလို႔မရလို႔တဲ့ေလ ခဏေမ့သြားေအာင္ ေခါင္းကို ရိုက္ျပီး ေခၚလာခဲ့ရတယ္တဲ့ အဲ့ဒါ အခု သူ႔အိပ္ခန္းထဲမွာ ထားေပးထားတယ္"
"ဗ်ာ? အဲ့ဒါဆို ဂြ်န္-"
"ဘာမွမျဖစ္ဘူး သတိေမ့ရံုေလးရိုက္ခဲ့တာလို႔ ငါ့လူေတြက ေျပာတယ္ ပူမေနနဲ႔"
".......... "
"ဒါနဲ႔ ငါ မင္းကို တစ္ခုေလာက္ အကူအညီေတာင္းခ်င္တယ္ ကူညီေပးႏိုင္မလား"
"ဟုတ္ က်ေနာ္ ကူညီပါ့မယ္"
"ငါ့သားသတိရလာတဲ့အခါ မင္းနဲ႔ ခ်က္ခ်င္းေပးမေတြ႔ေပးဘူး သူ မင္းကို အေပ်ာ္တြဲမတြဲ စမ္းသပ္ဦးမွာ သိတယ္မလား သူ ဘယ္ေလာက္ရည္းစားရႈပ္လဲဆိုတာ ငါ့သားအေျကာင္း ငါအသိဆံုး။ သူ႔စိတ္ကို အနည္းငယ္ ဆြေပးလိုက္ျပီး မင္းကို ဘယ္ေလာက္ခ်စ္လဲဆိုတာ ေပၚလာေအာင္ စမ္းသပ္မွာမို႔ မင္းက ငါေခၚမွ လာခဲ့ရမယ္"
ဂြ်န္ေျဗာင္အင္ရဲ႕ အေျပာကို ထယ္ေယာင္းက ျပံဳးျပံဳးေလးျဖင့္သာ
"ဟုတ္ ရပါတယ္ဗ်"
ဘာလို႔ဆို သူ႔ကို ဂြ်န္ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သူသာအသိဆံုး။
"ငါ့သားက တကယ့္ကို အဆိုးေလး ငယ္ငယ္ကထဲက အခုထိ သူလုပ္ခ်င္တာသူျဖစ္ခ်င္တာကို ဇြတ္တရြတ္လုပ္တတ္တာ တကယ္ေတာ့ ငါ့သားက ငါ့ကို ေအးတိေအးစက္ပဲ ဆက္ဆံခဲ့တာခ်ည္း သူ႔အေမနဲ႔ကြာရွင္းလိုက္ကထဲကေပါ့။ ငါ့အေပၚအေတာ္မုန္းေနခဲ့မွာ။ သူ႔အေမကို အိမ္ေပၚကေမာင္းခ်ျပီး သူ႔ဘဝထဲကေန ထုတ္ပစ္လိုက္တဲ့ ငါ့ကို မုန္းရင္လဲ မုန္းခ်င္စရာပါပဲ"
သက္ျပင္းရွည္ျကီးခ်ျပီး ေျပာလာေသာ ဥကၠျကီးဂြ်န္သည္ အထီးက်န္ရင္း ရင္ဖြင့္ရမယ့္လူမဲ့ေနတဲ့ လူတစ္ေယာက္က သူ႔စကားေတြနားေထာင္ေပးမယ့္သူကို ရွာေတြ႔သြားတဲ့သေဘာမ်ိဳးနဲ႔ သူ႔ရင္ထဲမွာ ရိွတာေတြ အကုန္ က်ေနာ့္ကို ရင္ဖြင့္ကထဲက သူ႔သားကို အေတာ္ခ်စ္မွန္း သိသာလြန္းေနပါသည္။
သို႔ေသာ္ ဂြ်န္ေျဗာင္အင္မသိသည္က သူ႔သားသည္ အေမျဖစ္သူနဲ႔ အဆက္အသြယ္ရိွေနခဲ့တာကိုေပါ့။
"သူ႔အေမနဲ႔ ကြာရွင္းလိုက္ကထဲက သိသိသာသာ ေအးစက္သြားခဲ့တာ သူ႔အေဖအရင္းေခါက္ေခါက္ ငါ့အေပၚကို။ ငယ္ငယ္တုန္းကလို ေဖေဖ ေဖေဖနဲ႔ သူလိုခ်င္တာေတြကို ပူဆာျခင္းမရိွေတာ့ဘဲ သူစိမ္းဆန္တဲ့အျကည့္ေတြနဲ႔သာ ျကည့္လာခဲ့တယ္
သူ႔အျပံဳးေတြက အဲ့ကထဲက လံုးဝဆိုသလို နည္းလာခဲ့တာ ျကီးလာေတာ့လဲ မိန္းကေလးေတြတစ္ေယာက္ျပီးတစ္ေယာက္တြဲျပီး ပိုက္ဆံေတြျဖဳန္းျပီး ငါ့ကို အရြဲ႕တိုက္တယ္ ငါကလဲ သားဆိုလို႔ သူတစ္ေယာက္ထဲရိွတာမို႔ ငါရွာတဲ့ပိုက္ဆံဟာ သူခ်မ္းခ်မ္းသာသာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏိုင္ဖို႔ပဲမို႔ သံုးပါေစဆိုျပီး လႊတ္ထားေပးခဲ့တယ္
မင္းတို႔တြဲေနျကတယ္ဆိုတဲ့သတင္းေတြ SNSမွာ သတင္းစာေတြထဲမွာပါ ျပန္႔ေနတဲ့သတင္းေတြျကားေတာ့ ေယာက်ာ္းေလးခ်င္းတြဲေနတဲ့ ငါ့သားကို ေဒါသထြက္မိေပမယ့္ ဓာတ္ပံုေတြပါ တက္လာလို႔ ျကည့္မိေတာ့ ဓာတ္ပံုထဲမွာ ငါ့သားက မင္းနဲ႔ စားေသာက္ဆုိင္တစ္ခုမွာ ျပံဳးရယ္ရင္း ျကည္ျကည္ႏူးႏူး စားေသာက္ေနျကတယ္ သူ႔အေမကို ကြာရွင္းျပီးအိမ္ေပၚကေမာင္းထုတ္လိုက္ကထဲက ေပ်ာက္ဆံုးသြားတဲ့ ငါ့သားရဲ႕အျပံဳးေတြကို အဲ့ဓာတ္ပံုထဲမွာမွ ျပန္ေတြ႔ခဲ့ဖူးတာကြ"
မ်က္ရည္ေတြလည္ေနရင္း ေဆြးေဆြးေျမ႕ေျမ႕ေျပာျပေနေသာ ဥကၠျကီးဂြ်န္ေျကာင့္ ထယ္ေယာင္းပါ မ်က္ရည္ဝဲရသည္အထိ....။
"ဒါေပမယ့္ သူလုပ္ေနတာေတြက မွားေနမွန္းမသိဘူး သိတဲ႔အတိုင္း ငါတို႔companyက နာမည္ျကီးဆိုေတာ့ ေယာက်ာ္းခ်င္းတြဲေနတဲ႔ငါ့သားကို gayဆိုျပီး လူတကာရဲ႕ ရံႈ႕ခ်မႈကို ငါမလိုလားဘူး
ျပီးေတာ့ ေနာက္ပိုင္း သူ ဦးေဆာင္မယ့္ J companyရဲ႕ imageေတြ ပ်က္မွာေလ သူ J companyကို ဦးေဆာင္တဲ့အခ်ိန္က်ရင္ အဲ့ဒီ့ကိစၥေတြေျကာင့္ သူ႔ကို ဘယ္သူက တေလးတစားဆက္ဆံျကေတာ့မွာလဲ
သူအဲ့ဒါေတြ ထည့္မေတြးဘူး သူလုပ္ခ်င္တာပဲသိတဲ့ကေလးဆိုးေလး ငါက မင္းနဲ႔အဆက္အသြယ္ျဖတ္ဖို႔ေျပာေတာ့ သူ႔ကို အေမြျဖတ္ျပီး သားအရင္းကေန စြန္႔လႊတ္လိုက္ပါလို႔ေတာင္ ေျပာထြက္ခဲ့တယ္ ငါ့မွာ သံေယာဇဥ္ေတြအကုန္ သူ႔အေပၚပဲ ပံုေပးထားတာေလ သူ႔ကို ဘယ္လိုစိတ္နဲ႔ သားအျဖစ္ကေန စြန္႔လႊတ္ရက္မွာလဲ ငါသူ႔ကို မင္းနဲ႔ အဆက္အသြယ္ျဖတ္ဖို႔ေျပာခဲ့တာကလဲ သူ႔အတြက္ပဲေတြးျပီး ေျပာခဲ့တာ ဒါေပမယ့္ သူက လက္မခံဘူး တကယ္ကို ေခါင္းမာတာ။
ေနာက္ဆံုး မင္းအသက္နဲ႔ ျခိမ္းေျခာက္မွ ငါခိုင္းတာကို အသာတျကည္လုပ္တယ္ေလ ငါငယ္ငယ္တုန္းကနဲ႔ တစ္ပံုစံထဲ ငါလဲ ေဂ်ာင္ကုအေမကို အိမ္က သေဘာမတူတာေတာင္ မရမက အေမြျဖတ္ခံျပီး လက္ထပ္ခဲ့တာမ်ိဳး"
ဂြ်န္ေျဗာင္အင္တစ္ေယာက္ က်လာေသာ မ်က္ရည္မ်ားကို လက္ဖမိုးနဲ႔ ဆြဲသုတ္လိုက္ျပီး စကားကို ျပန္ဆက္သည္။
"မင္းျကားဖူးလား အခ်စ္စစ္ရဲ႕လမ္းက ဘယ္ေတာ့မွ မေျဖာင့္ျဖဴးဘူးဆိုတာ"
"ဟုတ္ကဲ့ က်ေနာ္ ျကားဖူးပါတယ္"
"အခက္အခဲေတြျကားထဲကေန ေက်ာ္ျဖတ္လာတဲ့ မင္းတို႔ရဲ႕အခ်စ္က တကယ္ ေလးစားဖို႔ေကာင္းတယ္ အဲ့ဒါေျကာင့္ ငါကပဲ လက္ေလွ်ာ့ေပးလိုက္ပါတယ္ မင္းတို႔2ေယာက္ကို ဒီ့ထက္ပိုျပီး မခြဲခ်င္ေတာ့ဘူး ငါကိုယ္ခ်င္းစာပါတယ္"
"ေက်းဇူးတင္ပါတယ္ ဥကၠဌျကီးဂြ်န္ တကယ္ ေျပာမျပတတ္ေအာင္ ေက်းဇူးအမ်ားျကီးတင္ပါတယ္"
မတ္တပ္ရပ္ေနရာမွ ခ်က္ခ်င္းဒူးေထာက္ကာ ေျပာလာေသာ ထယ္ေယာင္းက ငိုေနခဲ့ပါသည္။
ဝမ္းနည္းလို႔ က်တဲ့မ်က္ရည္မဟုတ္ဘဲ ဝမ္းသာလို႔ က်တဲ့မ်က္ရည္ေတြ....
အခ်စ္စစ္မွန္ရင္ ဘယ္ေလာက္ပဲ ခရီး မေျဖာင့္ျဖဴးပါေစ... ဘယ္ေလာက္ပဲ ခက္ခဲျကမ္းတမ္းပါေစ....တစ္ေန႔ ေပါင္းဖက္ရမွာပါဆိုတာ က်ေနာ္ ရဲရဲျကီး ေထာက္ခံလိုက္ပါျပီ....
"ထစမ္း ေကာင္စုတ္ ငါ့ကို သက္သက္မဲ့ ဝမ္းနည္းေအာင္ လုပ္ေနတာပဲ"
ဂြ်န္ေျဗာင္အင္တစ္ေယာက္ သူ႔ပါးျပင္ေပၚမွာ ထပ္မံက်လာတဲ့မ်က္ရည္ေတြကို ဆြဲသုတ္ရင္း ေျပာလာသည္....
"ဟုတ္"
ဟုဆိုကာ ထယ္ေယာင္းတစ္ေယာက္ ခ်က္ခ်င္း မတ္တပ္ထရပ္ကာ မ်က္ရည္ေတြအကုန္ သုတ္ပစ္လိုက္သည္။
"ဒါနဲ႔ေလ ဥကၠဌျကီးဂြ်န္ အကယ္၍ ဥကၠျကီးဂြ်န္သာ က်ေနာ္တို႔ကို လာမေခၚခဲ့ရင္ ေနာက္3 4ရက္ေနရင္ က်ေနာ္တို႔ Koreaေျမမွာရိွေနေတာ့မွာ မဟုတ္ဘူး ကံေကာင္းတယ္လို႔ ဆိုရပါမယ္ ဥကၠဌျကီးဂြ်န္ရဲ႕သားကို တစ္သက္လံုးမေတြ႔ရေတာ့မလိုျဖစ္ေတာ့မလို႔"
"အဲ့ဒါ ဘာကိုဆိုလိုတာလဲ ရွင္းရွင္းလင္းလင္းေျပာျပစမ္း"
"ဟို... က်ေနာ္တို႔ေလ ေနာက္3 4ရက္ေနရင္ Moscowကို သြားဖို႔ လုပ္ထားျကတာ... "
"ဘာ! ဂြ်န္ေဂ်ာင္ကုကေတာ့ တကယ့္ကို! "
အံတျကိတ္ျကိတ္နဲ႔ ေဒါသထြက္ေနေသာ သူ႔ေယာကၡထီးျကီး ဂြ်န္ေျဗာင္အင္အား ျကည့္ကာ ထယ္ေယာင္း ျကိတ္ျပံဳးမိ၏။
သူ႔သားကို ႏုိင္တာလဲမဟုတ္ဘဲနဲ႔....
"ဥကၠျကီးဂြ်န္ သခင္ေလး သတိရလာေတာ့မယ္ထင္ပါတယ္ ေခၚလာခဲ့ရေတာ့မလားဗ်"
အေပၚထပ္က ဆင္းလာေသာ ေဂ်ာင္ကုအေဖရဲ႕လူယံုတစ္ေယာက္က အရိုအေသေပးကာ ေျပာလာသည္
"ဟုတ္လား ေခၚခဲ့ စာဖတ္ခန္းထဲ"
"nae"
ဟုဆိုကာ အရိုအေသတစ္ခ်က္ေပးျပီး ျပန္ထြက္သြားသည္
"မင္းက ဒီမွာပဲ ေနခဲ့ ငါေခၚခိုင္းမွ ဝင္လာခဲ့ နားလည္တယ္မလား"
စာဖတ္ခန္းထဲဝင္ဖို႔ျပင္ရင္း ေျပာလာေသာအခါ... ထယ္ေယာင္း ခပ္ျမန္ျမန္ပင္ မတ္တပ္ထရပ္လိုက္ျပီး ခါးကိုင္းလ်က္ အရိုအေသေပးကာ
"ဟုတ္ကဲ့ပါ arbeoji"
ထထြက္သြားခါနီး 'arbeoji'ဆိုတဲ့စကားေျကာင့္ခ်က္ခ်င္းျပန္လွည့္လာေသာ ဂြ်န္ေျဗာင္အင္ဟာ ဘာကို ေဒါသထြက္သြားမွန္းမသိ။
မ်က္ခံုး2ဖက္ထိလုမတတ္ တြန္႔ခ်ိဳးထားေသာေျကာင့္ ထယ္ေယာင္းလန္႔သြားရသည္။
ခုနက ေျပာလိုက္တဲ့အထဲ ဘာအမွားမ်ား ပါသြားသလဲေပါ့ မဟုတ္မွ arbeojiလို႔ေခၚတာ မျကိဳက္လို႔မ်ားလား
"ေတာင္းပန္ပါတယ္ ဥကၠျကီးဂြ်န္ arbeojiလို႔ ေခၚတာမျကိဳက္ဘူးဆိုလဲ က်ေနာ္ ေနာက္ ဘယ္ေတာ့မွ မေခၚ-"
"တိတ္စမ္း"
ေလသံမာမာနဲ႔ေျပာလာေသာ ဂြ်န္ေျဗာင္အင္ေျကာင့္ ထယ္ေယာင္းကိုယ္တစ္ခ်က္တြန္႔သြားမိျပီး ေအာက္ႏႈတ္ခမ္းေလးကိုက္ထားမိသည္....
"ဘယ္သူက မျကိဳက္ဘူးေျပာလို႔လဲ! "
"ဗ်ာ"
"arbeojiလို႔ ေခၚတာကို ငါတကယ္ သေဘာက်တယ္ အဲ့ဒါေျကာင့္ အဟမ္း ေနာက္လဲ arbeojiလို႔ပဲ ေခၚ ကိုယ့္သမက္က ဥကၠျကီးဂြ်န္ ဥကၠျကီးဂြ်န္နဲ႔ ငါ့နားထဲ ကန္႔လန္႔ျကီးျဖစ္ေနလို႔ ငါ သိပ္ေခၚခိုင္းခ်င္လုိ႔ေတာ့မဟုတ္ဘူးေနာ္ သိဖို႔ အဟမ္း"
ထိုစကားေျကာင့္ ထယ္ေယာင္း အမွန္တကယ္ ေပ်ာ္သြားရသည္။
"ေက်းဇူး အမ်ားျကီးတင္ပါတယ္ arbeoji"
ထယ္ေယာင္း ခါးက်ိဳးမတတ္ အရိုအေသ အထပ္ထပ္အခါခါ ေပးရင္း ေျပာမိသည္။
>>>>Flash back End
"appa တကယ္ပဲလား က်ေနာ္နဲ႔ထယ္ေယာင္းကို တကယ္ပဲ အသာတျကည္ သေဘာတူေပးလိုက္တာလား မဟုတ္မွ appa က်ေနာ္တို႔ကို ထပ္ခြဲဖို႔ အစီအစဥ္သစ္ဆြဲေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"
"မယံုလဲေန သေဘာတူတယ္ဆိုတဲ့စကားကို ခ်က္ခ်င္းျပန္ရုတ္သိမ္းလိုက္ရ!"
"မဟုတ္ဘူး မဟုတ္ဘူး ယံုပါတယ္ ယံုတယ္လို႔ ေက်းဇူးပါပဲ appa"
"အခုမွ လာျပီး... မေကာင္းတဲ့ေကာင္စုတ္ေလး ထြက္သြားေတာ့ မင္းတို႔2ေယာက္လံုး ငါမျမင္ခ်င္ေတာ့ဘူး Koreaကထြက္သြားဖို႔ေျပာတာမဟုတ္ဘူးေနာ္ ဒီအခန္းထဲက ထြက္သြားခိုင္းတာ"
ဂြ်န္ေျဗာင္အင္တစ္ေယာက္ က်လာေတာ့မည္ မ်က္ရည္ေတြအား ေခါင္းေမာ့ကာ မ်က္လံုးထဲ ျပန္ဝင္ေစလိုက္သည္။
"အဲ့ဒါဆို က်ေနာ္တို႔ ညစာစားျပီးမွ ျပန္မယ္ေလေနာ္ appa ဒါဆို.. "
သူ႔အေဖကိုသူ အရိုအေသေပးကာေျပာျပီးေနာက္ ထယ္ေယာင္းလက္ကို ဆြဲကာ အျပင္သို႔ ထြက္သြားေသာ ေဂ်ာင္ကု။
ဂြ်န္ေျဗာင္အင္ရဲ႕လူယံုေတြကပါ အခန္းထဲမွ အလိုက္တသိထြက္သြားေပးျကသည္။
ထိုအခါမွ ျပိဳဆင္းခ်င္ေနေသာ မ်က္ရည္တို႔ကို လႊတ္ခ်လိုက္မိ၏။
ဂြ်န္ေျဗာင္အင္တစ္ေယာက္ အံဆြဲထဲက ေဂ်ာင္ကုအေမ ဂန္ဆိုေယာင္းရဲ႕ ဓာတ္ပံုအား ထုတ္လိုက္ျပီးေနာက္ ဓာတ္ပံုထဲက သူ႔မိန္းမဂန္ဆိုေယာင္းရဲ႕မ်က္ႏွာေလးကို ခပ္ဖြဖြပြတ္သပ္ရင္း
"မင္းကေတာ့ မသိေပမယ့္ ငါကေတာ့ မင္းကို အခုထက္ထိ ခ်စ္ေနတုန္းပဲ ဆိုေယာင္းရယ္"
------------
A/N- စာလံုးေပါင္းအမွားေတြခြင့္လႊတ္ပါေနာ္အေရွ႕အပိုင္းေတြမွာကထဲက စာလံုးေပါင္းအမွားေတြ ပါေနတာ ျပန္မျပင္ရေသးဘူးရယ္... ျပန္ျပင္ဖို႔က အရမ္းအပ်င္းျကီးေနေတာ့ေလ;-)
#Han_Hae
#အားေပးဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းစီကို စိတ္ရင္းနဲ႔ ေက်းဇူးတင္ပါတယ္ရွင္💜
Unicode
"မင်း ငါ့သားကို ဘယ်လောက်ထိ ချစ်လဲ"
တကယ်တမ်း ကိုယ်ထင်ထားသည်က K dramaကားတွေထဲကလို 'မင်း ငါ့သားရှေ့ကနေ လုံးဝပျောက်ကွယ်သွားပေးပါ'ဆိုပြီး သူ့သားနဲ့ လမ်းခွဲဖို့ အကြောင်းတွေ တစီတစ်တန်းကြီး ပြောလာမည်ပေါ့လေ....
အခု ကြားလိုက်ရတဲ့စကားက ဘာကိုဆိုလို??
ဘာပဲဖြစ်ဖြစ်လေ ဂျွန် ပြောပြထားချက်အရ ဂျွန့်အဖေက ဂျွန်နဲ့ ကျနော့်ကို လုံးဝ သဘောမတူဘူးမလား
ကျနော့်အသက်အန္တရာယ်နဲ့တောင် ခြိမ်းခြောက်ပြီးဂျွန် ကျနော်နဲ့ ဝေးဝေးနေဖို့ ဂျွန်နဲ့ အပေးအယူတောင် လုပ်ခဲ့ဖူးသည်မဟုတ်ပါလား
ဂျွန်က အပေးအယူကိစ္စ ဖောက်ဖျက်ခဲ့တော့ အခု ကျနော့်ကို သတ်လည်း ကျနော်သေမယ် ဂျွန်နဲ့ လမ်းခွဲဖို့ကတော့ လုံးဝမလုပ်ပေးနိုင်ဘူးမို့
ဆိုဖာပေါ်ထိုင်နေရာကနေ ချက်ချင်း ကြမ်းပြင်ပေါ်ဆင်းကာ ဒူးထောက်ထိုင်ချလိုက်သော ထယ်ယောင်းအား ကြည့်ပြီး ဂျွန်ဗြောင်အင် မျက်ခုံးတစ်ဖက်တောင် ပင့်တက်သွားမိသည်။
"ကျနော် ဂျွန့်ကို အရမ်းချစ်တာပါ ဂျွန်ကသာ ကျနော့်ရဲ့ကမာ္ဘ ကျနော့်ရဲ့oxygenလေး ဂျွန်သာ မရှိရင် ကျနော်သေသွားမှာ အဲ့ဒါကြောင့်မို့ ကျေးဇူးပြုပြီး ကျနော့်ကို ဂျွန်နဲ့ လမ်းခွဲပေးဖို့အကြောင်းမပြောပါနဲ့ ဥက္ကကြီးဂျွန် ကျနော့်ကို သတ်မယ်ဆိုလဲ ကျနော် ရဲရဲကြီး အသေခံပါ့မယ် ကျနော်ချစ်ရတဲ့သူအတွက် ကျနော် သေရမှာကိုလဲ ကြောက်မနေတော့ပါဘူး"
ရှေ့က ကင်ထယ်ယောင်းဆိုတဲ့ကောင်လေးသည် သူ့အား ဂျောင်ကုနဲ့ လမ်းခွဲပေးဖို့ တစ်စိုးတစ်စိမျှဘမပြောရသေးပါဘဲ သူ့ဟာသူ တရစပ်ပြောချင်ရာပြောသွားသော စကားတွေကို ကြားမိတော့ ဂျွန်ဗြောင်အင် အဓိပ္ပါယ်ပါပါ အပြုံးတစ်ခုပြုံးမိလိုက်သည်။
"အဲ့တော့ ငါ အခုချက်ချင်း သတ်ရင်ရော မင်း အသေခံနိုင်လား"
"ဟုတ်ကဲ့ ကျနော် ရဲရဲကြီး အသေခံနိုင်ပါတယ် သတ်လိုက်ပါ ကျနော် လောကကြီးရဲ့ သဘောတရားတွေကို ဆန့်ကျင်ပြီး ချစ်မိခဲ့တဲ့အတွက် ကံကြမ္မာက ဒဏ်ခတ်တာလို့ပဲ မှတ်ယူပြီး ကျနော်ချစ်တဲ့လူသားအတွက် ကျနော် အသက်ပေးပြီး ပေးဆပ်ပါ့မယ်"
အပြစ်လုပ်ထားသူပမာ ခေါင်းကိုသာ ငုံ့ထားပြီး ကြမ်းပြင်ကိုသာ စိုက်ကြည့်ရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ပြောနေသော ထယ်ယောင်းပါလေ။
"မင်းကို ငါ သနားသောအားဖြင့် နောက်ဆုံးအခွင့်အရေးတစ်ခုပေးလိုက်မယ် မင်း ငါ့သားဂျောင်ကုနဲ့ လမ်းခွဲမလား ဒါမှမဟုတ် ငါ့လက်နဲ့ သတ်တာကို ခံချင်လား 2ခုထဲက 1ခုကို ရွေး"
"ဥက္ကကြီးဂျွန် ကျနော့်ကို သတ်တာကို ကျေကျေနပ်နပ်ကြီးခံယူပေးပါ့မယ် ဂျွန့်ကိုတော့ လုံးဝလမ်းခွဲပေးမှာ မဟုတ်ပါဘူး"
ထယ်ယောင်းမှာ အသေခံမယ်သာ ပြောနေတာတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီး လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။
မျက်ရည်တွေကတော့ ပါးပြင်2ဖက်လုံးပေါ် သေချာပေါက် တသွင်သွင် စီးဆင်းနေခဲ့တာပေါ့
သေရမှာကို ငယ်ငယ်လေးကထဲက ကြောက်တဲ့သူက သူ့အပြင် 2ယောက်မရှိဘဲကိုး....
"ထစမ်း"
ဂျွန်ရှိတဲ့ ဒီလောကကြီးကနေ ထာဝရအပြီးအပိုင်ထွက်သွားရတော့မှာဆိုတဲ့ စိတ်နဲ့ ဂျွန့်ကို စိတ်ထဲကနေသာ နှုတ်ဆက်ပြီး ကိုယ့်ကိုကိုယ် သေဖို့ အဆင်သင့်ပြင်ကာ မျက်လုံးတွေ အတင်းကာရော ကျုံ့မှိတ်ထားမိချိန် ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် မျက်လုံးတွေ ခပ်ဖြေးဖြေးဖွင့်ကာ မော့ကြည့်မိတော့ သူ့အရှေ့မှာ လာရပ်နေတဲ့ ဂျွန်ဗြောင်အင်က သူ့ကို လမ်းကမ်းပေးထားသည်ကိုတွေ့လိုက်ရသည်။
"ဗျာ......"
ထယ်ယောင်း မျက်ရည်စက်လက် ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေမိတုန်းမှာပဲ
"အသက်ကြီးတဲ့ငါက ကြာကြာ မတ်တပ်ရပ်လို့ရတာ မဟုတ်ဘူးကွ အကြောအဆစ်တွေကလဲ ပုံမှန်မဟုတ်တော့ဘူး ငါ မင်းကို လက်ကမ်းပေးထားရတာ ညောင်းနေပြီကွ ထစမ်း မြန်မြန်"
ထိုစကားကြောင့် ထယ်ယောင်း မျက်ရည်တွေကိုလက်ဖဝါး2ဖက်နဲ့ ကရောသောပါး အလျင်အမြန် ဆွဲသုတ်ကာ ဂျွန်ဗြောင်အင်ရဲ့ ကမ်းပေးထားသောလက်ကို ကိုင်ရင်း အားယူပြီး ထလိုက်သည်။
"အာရီဂူး အာရီဂူး ငါ့ခါး ငါ့ခါး"
သူ့ခါးသူ ကိုင်ကာ ညည်းညူနေသော ဂျွန်ဗြောင်အင်ကြောင့် ထယ်ယောင်းတစ်ယောက် ပျာပျာသလဲဖြင့်
"ဥက္ကဌကြီးဂျွန် အဆင်ပြေ....ပြေရဲ့လားဟင်"
"ဘယ်ပြေမလဲ ကောင်စုတ်ရဲ့ ငါ့လက်ကို အတင်းကိုင်ပြီး ထတော့ ငါမင်းကို လူကြီးတစ်ယောက်ရဲ့အားနဲ့ မနည်းဆွဲထူပေးလိုက်ရတယ်လေ အလိုက်ကန်းဆိုးကို နားမလည်ဘူး ငါ့လက်ကို ဖွဖွလေးကိုင်ပြီး ကိုယ့်ဟာကိုယ် အားယူပြီးထမှပေါ့ ဟေ့ကောင်ရဲ့"
ဥက္ကကြီးဂျွန်ဆီမှ တရင်းတနှီးစကားတွေအကြား ထယ်ယောင်းတစ်ယောက် ကြောင်ပြီးရင်း ကြောင်နေရသည်။
မဟုတ်သေးဘူးလေ ဥက္ကကြီးက သေချာပေါက် သူ့ကို လက်မခံနိုင်ဘဲ သတ်မယ်ပါ ပြောခဲ့သည်မလား
သူတွေးနေတုန်းမှာပဲ ဂျွန်ဗြောင်အင်က သူ့လက်2ဖက်ကို ယူကာ ဆုပ်ကိုင်လာပြီး ခပ်ဖွဖွပုတ်ရင်း
"ငါ့သားကို ပျော်အောင် ထားပါ မင်းကြောင့် ငါ့သားပျော်နေရတာကိုပဲ မြင်ချင်တယ် ငါ့သားကို ပြုံးရယ်အောင်လုပ်နိုင်တာဆိုလို့ မင်းတစ်ယောက်ထဲပဲရှိတယ် ဒါကြောင့် တောင်းဆိုတာပါ"
ခပ်မာမာလေသံနဲ့သာ ပြောနေပေမယ့် နူးညံနေသော မျက်ဝန်းတွေနဲ့ ပြောလာသည်မို့ ထယ်ယောင်း ဒါကိုပင် အိပ်မက်များမက်နေတာလားလို့ ထင်မှတ်မိသေးသည်။
ဟုတ်တယ်လေ သူ့သားနဲ့ သဘောမတူခဲ့ဘူးဆိုကထဲက ကျနော့်ကို လုံးဝ မုန်းနေတာမျိုးမဟုတ်ခဲ့ရင်တောင် ကြည်နေမှာမှ မဟုတ်တာ....
ပြီးတော့ ခုနကစကားတွေက...?? မဟုတ်မှ.... ဂျွန်နဲ့ကျနော့်ကို သဘောတူလိုက်တာလား??
WTF!! အခုအနေအထားကြီးက ဘယ်လိုတောင် စဉ်းစားရခက်တဲ့ အနေအထားကြီးလဲ!!
မျက်လုံးပြူးပြီး ကြောင်ကြည့်နေသော ကျနော့်ကိုဂျွန့်အဖေက ပွေ့ဖက်လာပြီး ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေသည်။
ကျနော်လဲ ယောင်နနလေး အလိုက်သင့်ပြန်ပွေ့ဖက်လိုက်မိသည်။
ခဏအကြာတော့ ဂျွန့်အဖေက ကျနော့်ကို ဖက်ထားရကနေ လွှတ်ပေးပြီး ပြုံးပြသည်။
ကျနော်ထင်နေတာမမှားဘူးဆိုရင် ဥက္ကကြီးဂျွန်မျက်ရည်တွေ ဝဲနေသလားလို့.....
"ဟို ဂျွန်ရောဟင်"
ထိုမေးခွန်းမှာ ဥက္ကကြီးဂျွန်ကို စတွေ့ကထဲက မေးချင်နေတဲ့မေးခွန်းဖြစ်သည်
ခုနတုန်းကတော့ မမေးမိအောင် ထိန်းထားပေမယ့်သိချင်စိတ်ကြောင့် မထိန်းနိုင်တော့ဘဲမရဲတရဲလေး အရဲစွန့်ပြီး မေးမိတော့.....
"ငါ့သားကို ကောင်းကောင်းခေါ်လာလို့မရလို့တဲ့လေ ခဏမေ့သွားအောင် ခေါင်းကို ရိုက်ပြီး ခေါ်လာခဲ့ရတယ်တဲ့ အဲ့ဒါ အခု သူ့အိပ်ခန်းထဲမှာ ထားပေးထားတယ်"
"ဗျာ? အဲ့ဒါဆို ဂျွန်-"
"ဘာမှမဖြစ်ဘူး သတိမေ့ရုံလေးရိုက်ခဲ့တာလို့ ငါ့လူတွေက ပြောတယ် ပူမနေနဲ့"
".......... "
"ဒါနဲ့ ငါ မင်းကို တစ်ခုလောက် အကူအညီတောင်းချင်တယ် ကူညီပေးနိုင်မလား"
"ဟုတ် ကျနော် ကူညီပါ့မယ်"
"ငါ့သားသတိရလာတဲ့အခါ မင်းနဲ့ ချက်ချင်းပေးမတွေ့ပေးဘူး သူ မင်းကို အပျော်တွဲမတွဲ စမ်းသပ်ဦးမှာ သိတယ်မလား သူ ဘယ်လောက်ရည်းစားရှုပ်လဲဆိုတာ ငါ့သားအကြောင်း ငါအသိဆုံး။ သူ့စိတ်ကို အနည်းငယ် ဆွပေးလိုက်ပြီး မင်းကို ဘယ်လောက်ချစ်လဲဆိုတာ ပေါ်လာအောင် စမ်းသပ်မှာမို့ မင်းက ငါခေါ်မှ လာခဲ့ရမယ်"
ဂျွန်ဗြောင်အင်ရဲ့ အပြောကို ထယ်ယောင်းက ပြုံးပြုံးလေးဖြင့်သာ
"ဟုတ် ရပါတယ်ဗျ"
ဘာလို့ဆို သူ့ကို ဂျွန် ဘယ်လောက်ချစ်တယ်ဆိုတာ သူသာအသိဆုံး။
"ငါ့သားက တကယ့်ကို အဆိုးလေး ငယ်ငယ်ကထဲက အခုထိ သူလုပ်ချင်တာသူဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်တာ တကယ်တော့ ငါ့သားက ငါ့ကို အေးတိအေးစက်ပဲ ဆက်ဆံခဲ့တာချည်း သူ့အမေနဲ့ကွာရှင်းလိုက်ကထဲကပေါ့။ ငါ့အပေါ်အတော်မုန်းနေခဲ့မှာ။ သူ့အမေကို အိမ်ပေါ်ကမောင်းချပြီး သူ့ဘဝထဲကနေ ထုတ်ပစ်လိုက်တဲ့ ငါ့ကို မုန်းရင်လဲ မုန်းချင်စရာပါပဲ"
သက်ပြင်းရှည်ကြီးချပြီး ပြောလာသော ဥက္ကကြီးဂျွန်သည် အထီးကျန်ရင်း ရင်ဖွင့်ရမယ့်လူမဲ့နေတဲ့ လူတစ်ယောက်က သူ့စကားတွေနားထောင်ပေးမယ့်သူကို ရှာတွေ့သွားတဲ့သဘောမျိုးနဲ့ သူ့ရင်ထဲမှာ ရှိတာတွေ အကုန် ကျနော့်ကို ရင်ဖွင့်ကထဲက သူ့သားကို အတော်ချစ်မှန်း သိသာလွန်းနေပါသည်။
သို့သော် ဂျွန်ဗြောင်အင်မသိသည်က သူ့သားသည် အမေဖြစ်သူနဲ့ အဆက်အသွယ်ရှိနေခဲ့တာကိုပေါ့။
"သူ့အမေနဲ့ ကွာရှင်းလိုက်ကထဲက သိသိသာသာ အေးစက်သွားခဲ့တာ သူ့အဖေအရင်းခေါက်ခေါက် ငါ့အပေါ်ကို။ ငယ်ငယ်တုန်းကလို ဖေဖေ ဖေဖေနဲ့ သူလိုချင်တာတွေကို ပူဆာခြင်းမရှိတော့ဘဲ သူစိမ်းဆန်တဲ့အကြည့်တွေနဲ့သာ ကြည့်လာခဲ့တယ်
သူ့အပြုံးတွေက အဲ့ကထဲက လုံးဝဆိုသလို နည်းလာခဲ့တာ ကြီးလာတော့လဲ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲပြီး ပိုက်ဆံတွေဖြုန်းပြီး ငါ့ကို အရွဲ့တိုက်တယ် ငါကလဲ သားဆိုလို့ သူတစ်ယောက်ထဲရှိတာမို့ ငါရှာတဲ့ပိုက်ဆံဟာ သူချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ပဲမို့ သုံးပါစေဆိုပြီး လွှတ်ထားပေးခဲ့တယ်
မင်းတို့တွဲနေကြတယ်ဆိုတဲ့သတင်းတွေ SNSမှာ သတင်းစာတွေထဲမှာပါ ပြန့်နေတဲ့သတင်းတွေကြားတော့ ယောက်ျားလေးချင်းတွဲနေတဲ့ ငါ့သားကို ဒေါသထွက်မိပေမယ့် ဓာတ်ပုံတွေပါ တက်လာလို့ ကြည့်မိတော့ ဓာတ်ပုံထဲမှာ ငါ့သားက မင်းနဲ့ စားသောက်ဆိုင်တစ်ခုမှာ ပြုံးရယ်ရင်း ကြည်ကြည်နူးနူး စားသောက်နေကြတယ် သူ့အမေကို ကွာရှင်းပြီးအိမ်ပေါ်ကမောင်းထုတ်လိုက်ကထဲက ပျောက်ဆုံးသွားတဲ့ ငါ့သားရဲ့အပြုံးတွေကို အဲ့ဓာတ်ပုံထဲမှာမှ ပြန်တွေ့ခဲ့ဖူးတာကွ"
မျက်ရည်တွေလည်နေရင်း ဆွေးဆွေးမြေ့မြေ့ပြောပြနေသော ဥက္ကကြီးဂျွန်ကြောင့် ထယ်ယောင်းပါ မျက်ရည်ဝဲရသည်အထိ....။
"ဒါပေမယ့် သူလုပ်နေတာတွေက မှားနေမှန်းမသိဘူး သိတဲ့အတိုင်း ငါတို့companyက နာမည်ကြီးဆိုတော့ ယောက်ျားချင်းတွဲနေတဲ့ငါ့သားကို gayဆိုပြီး လူတကာရဲ့ ရှုံ့ချမှုကို ငါမလိုလားဘူး
ပြီးတော့ နောက်ပိုင်း သူ ဦးဆောင်မယ့် J companyရဲ့ imageတွေ ပျက်မှာလေ သူ J companyကို ဦးဆောင်တဲ့အချိန်ကျရင် အဲ့ဒီ့ကိစ္စတွေကြောင့် သူ့ကို ဘယ်သူက တလေးတစားဆက်ဆံကြတော့မှာလဲ
သူအဲ့ဒါတွေ ထည့်မတွေးဘူး သူလုပ်ချင်တာပဲသိတဲ့ကလေးဆိုးလေး ငါက မင်းနဲ့အဆက်အသွယ်ဖြတ်ဖို့ပြောတော့ သူ့ကို အမွေဖြတ်ပြီး သားအရင်းကနေ စွန့်လွှတ်လိုက်ပါလို့တောင် ပြောထွက်ခဲ့တယ် ငါ့မှာ သံယောဇဉ်တွေအကုန် သူ့အပေါ်ပဲ ပုံပေးထားတာလေ သူ့ကို ဘယ်လိုစိတ်နဲ့ သားအဖြစ်ကနေ စွန့်လွှတ်ရက်မှာလဲ ငါသူ့ကို မင်းနဲ့ အဆက်အသွယ်ဖြတ်ဖို့ပြောခဲ့တာကလဲ သူ့အတွက်ပဲတွေးပြီး ပြောခဲ့တာ ဒါပေမယ့် သူက လက်မခံဘူး တကယ်ကို ခေါင်းမာတာ။
နောက်ဆုံး မင်းအသက်နဲ့ ခြိမ်းခြောက်မှ ငါခိုင်းတာကို အသာတကြည်လုပ်တယ်လေ ငါငယ်ငယ်တုန်းကနဲ့ တစ်ပုံစံထဲ ငါလဲ ဂျောင်ကုအမေကို အိမ်က သဘောမတူတာတောင် မရမက အမွေဖြတ်ခံပြီး လက်ထပ်ခဲ့တာမျိုး"
ဂျွန်ဗြောင်အင်တစ်ယောက် ကျလာသော မျက်ရည်များကို လက်ဖမိုးနဲ့ ဆွဲသုတ်လိုက်ပြီး စကားကို ပြန်ဆက်သည်။
"မင်းကြားဖူးလား အချစ်စစ်ရဲ့လမ်းက ဘယ်တော့မှ မဖြောင့်ဖြူးဘူးဆိုတာ"
"ဟုတ်ကဲ့ ကျနော် ကြားဖူးပါတယ်"
"အခက်အခဲတွေကြားထဲကနေ ကျော်ဖြတ်လာတဲ့ မင်းတို့ရဲ့အချစ်က တကယ် လေးစားဖို့ကောင်းတယ် အဲ့ဒါကြောင့် ငါကပဲ လက်လျှော့ပေးလိုက်ပါတယ် မင်းတို့2ယောက်ကို ဒီ့ထက်ပိုပြီး မခွဲချင်တော့ဘူး ငါကိုယ်ချင်းစာပါတယ်"
"ကျေးဇူးတင်ပါတယ် ဥက္ကဌကြီးဂျွန် တကယ် ပြောမပြတတ်အောင် ကျေးဇူးအများကြီးတင်ပါတယ်"
မတ်တပ်ရပ်နေရာမှ ချက်ချင်းဒူးထောက်ကာ ပြောလာသော ထယ်ယောင်းက ငိုနေခဲ့ပါသည်။
ဝမ်းနည်းလို့ ကျတဲ့မျက်ရည်မဟုတ်ဘဲ ဝမ်းသာလို့ ကျတဲ့မျက်ရည်တွေ....
အချစ်စစ်မှန်ရင် ဘယ်လောက်ပဲ ခရီး မဖြောင့်ဖြူးပါစေ... ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ....တစ်နေ့ ပေါင်းဖက်ရမှာပါဆိုတာ ကျနော် ရဲရဲကြီး ထောက်ခံလိုက်ပါပြီ....
"ထစမ်း ကောင်စုတ် ငါ့ကို သက်သက်မဲ့ ဝမ်းနည်းအောင် လုပ်နေတာပဲ"
ဂျွန်ဗြောင်အင်တစ်ယောက် သူ့ပါးပြင်ပေါ်မှာ ထပ်မံကျလာတဲ့မျက်ရည်တွေကို ဆွဲသုတ်ရင်း ပြောလာသည်....
"ဟုတ်"
ဟုဆိုကာ ထယ်ယောင်းတစ်ယောက် ချက်ချင်း မတ်တပ်ထရပ်ကာ မျက်ရည်တွေအကုန် သုတ်ပစ်လိုက်သည်။
"ဒါနဲ့လေ ဥက္ကဌကြီးဂျွန် အကယ်၍ ဥက္ကကြီးဂျွန်သာ ကျနော်တို့ကို လာမခေါ်ခဲ့ရင် နောက်3 4ရက်နေရင် ကျနော်တို့ Koreaမြေမှာရှိနေတော့မှာ မဟုတ်ဘူး ကံကောင်းတယ်လို့ ဆိုရပါမယ် ဥက္ကဌကြီးဂျွန်ရဲ့သားကို တစ်သက်လုံးမတွေ့ရတော့မလိုဖြစ်တော့မလို့"
"အဲ့ဒါ ဘာကိုဆိုလိုတာလဲ ရှင်းရှင်းလင်းလင်းပြောပြစမ်း"
"ဟို... ကျနော်တို့လေ နောက်3 4ရက်နေရင် Moscowကို သွားဖို့ လုပ်ထားကြတာ... "
"ဘာ! ဂျွန်ဂျောင်ကုကတော့ တကယ့်ကို! "
အံတကြိတ်ကြိတ်နဲ့ ဒေါသထွက်နေသော သူ့ယောက္ခထီးကြီး ဂျွန်ဗြောင်အင်အား ကြည့်ကာ ထယ်ယောင်း ကြိတ်ပြုံးမိ၏။
သူ့သားကို နိုင်တာလဲမဟုတ်ဘဲနဲ့....
"ဥက္ကကြီးဂျွန် သခင်လေး သတိရလာတော့မယ်ထင်ပါတယ် ခေါ်လာခဲ့ရတော့မလားဗျ"
အပေါ်ထပ်က ဆင်းလာသော ဂျောင်ကုအဖေရဲ့လူယုံတစ်ယောက်က အရိုအသေပေးကာ ပြောလာသည်
"ဟုတ်လား ခေါ်ခဲ့ စာဖတ်ခန်းထဲ"
"nae"
ဟုဆိုကာ အရိုအသေတစ်ချက်ပေးပြီး ပြန်ထွက်သွားသည်
"မင်းက ဒီမှာပဲ နေခဲ့ ငါခေါ်ခိုင်းမှ ဝင်လာခဲ့ နားလည်တယ်မလား"
စာဖတ်ခန်းထဲဝင်ဖို့ပြင်ရင်း ပြောလာသောအခါ... ထယ်ယောင်း ခပ်မြန်မြန်ပင် မတ်တပ်ထရပ်လိုက်ပြီး ခါးကိုင်းလျက် အရိုအသေပေးကာ
"ဟုတ်ကဲ့ပါ arbeoji"
ထထွက်သွားခါနီး 'arbeoji'ဆိုတဲ့စကားကြောင့်ချက်ချင်းပြန်လှည့်လာသော ဂျွန်ဗြောင်အင်ဟာ ဘာကို ဒေါသထွက်သွားမှန်းမသိ။
မျက်ခုံး2ဖက်ထိလုမတတ် တွန့်ချိုးထားသောကြောင့် ထယ်ယောင်းလန့်သွားရသည်။
ခုနက ပြောလိုက်တဲ့အထဲ ဘာအမှားများ ပါသွားသလဲပေါ့ မဟုတ်မှ arbeojiလို့ခေါ်တာ မကြိုက်လို့များလား
"တောင်းပန်ပါတယ် ဥက္ကကြီးဂျွန် arbeojiလို့ ခေါ်တာမကြိုက်ဘူးဆိုလဲ ကျနော် နောက် ဘယ်တော့မှ မခေါ်-"
"တိတ်စမ်း"
လေသံမာမာနဲ့ပြောလာသော ဂျွန်ဗြောင်အင်ကြောင့် ထယ်ယောင်းကိုယ်တစ်ချက်တွန့်သွားမိပြီး အောက်နှုတ်ခမ်းလေးကိုက်ထားမိသည်....
"ဘယ်သူက မကြိုက်ဘူးပြောလို့လဲ! "
"ဗျာ"
"arbeojiလို့ ခေါ်တာကို ငါတကယ် သဘောကျတယ် အဲ့ဒါကြောင့် အဟမ်း နောက်လဲ arbeojiလို့ပဲ ခေါ် ကိုယ့်သမက်က ဥက္ကကြီးဂျွန် ဥက္ကကြီးဂျွန်နဲ့ ငါ့နားထဲ ကန့်လန့်ကြီးဖြစ်နေလို့ ငါ သိပ်ခေါ်ခိုင်းချင်လို့တော့မဟုတ်ဘူးနော် သိဖို့ အဟမ်း"
ထိုစကားကြောင့် ထယ်ယောင်း အမှန်တကယ် ပျော်သွားရသည်။
"ကျေးဇူး အများကြီးတင်ပါတယ် arbeoji"
ထယ်ယောင်း ခါးကျိုးမတတ် အရိုအသေ အထပ်ထပ်အခါခါ ပေးရင်း ပြောမိသည်။
>>>>Flash back End
"appa တကယ်ပဲလား ကျနော်နဲ့ထယ်ယောင်းကို တကယ်ပဲ အသာတကြည် သဘောတူပေးလိုက်တာလား မဟုတ်မှ appa ကျနော်တို့ကို ထပ်ခွဲဖို့ အစီအစဉ်သစ်ဆွဲနေတာတော့ မဟုတ်လောက်ပါဘူးနော်"
"မယုံလဲနေ သဘောတူတယ်ဆိုတဲ့စကားကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ရ!"
"မဟုတ်ဘူး မဟုတ်ဘူး ယုံပါတယ် ယုံတယ်လို့ ကျေးဇူးပါပဲ appa"
"အခုမှ လာပြီး... မကောင်းတဲ့ကောင်စုတ်လေး ထွက်သွားတော့ မင်းတို့2ယောက်လုံး ငါမမြင်ချင်တော့ဘူး Koreaကထွက်သွားဖို့ပြောတာမဟုတ်ဘူးနော် ဒီအခန်းထဲက ထွက်သွားခိုင်းတာ"
ဂျွန်ဗြောင်အင်တစ်ယောက် ကျလာတော့မည် မျက်ရည်တွေအား ခေါင်းမော့ကာ မျက်လုံးထဲ ပြန်ဝင်စေလိုက်သည်။
"အဲ့ဒါဆို ကျနော်တို့ ညစာစားပြီးမှ ပြန်မယ်လေနော် appa ဒါဆို.. "
သူ့အဖေကိုသူ အရိုအသေပေးကာပြောပြီးနောက် ထယ်ယောင်းလက်ကို ဆွဲကာ အပြင်သို့ ထွက်သွားသော ဂျောင်ကု။
ဂျွန်ဗြောင်အင်ရဲ့လူယုံတွေကပါ အခန်းထဲမှ အလိုက်တသိထွက်သွားပေးကြသည်။
ထိုအခါမှ ပြိုဆင်းချင်နေသော မျက်ရည်တို့ကို လွှတ်ချလိုက်မိ၏။
ဂျွန်ဗြောင်အင်တစ်ယောက် အံဆွဲထဲက ဂျောင်ကုအမေ ဂန်ဆိုယောင်းရဲ့ ဓာတ်ပုံအား ထုတ်လိုက်ပြီးနောက် ဓာတ်ပုံထဲက သူ့မိန်းမဂန်ဆိုယောင်းရဲ့မျက်နှာလေးကို ခပ်ဖွဖွပွတ်သပ်ရင်း
"မင်းကတော့ မသိပေမယ့် ငါကတော့ မင်းကို အခုထက်ထိ ချစ်နေတုန်းပဲ ဆိုယောင်းရယ်"
------------
A/N- စာလုံးပေါင်းအမှားတွေခွင့်လွှတ်ပါနော်အရှေ့အပိုင်းတွေမှာကထဲက စာလုံးပေါင်းအမှားတွေ ပါနေတာ ပြန်မပြင်ရသေးဘူးရယ်... ပြန်ပြင်ဖို့က အရမ်းအပျင်းကြီးနေတော့လေ;-)
#Han_Hae
#အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင်💜
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



