Ep-18
14:43, 14 November 2022Zawgyi
မနက္ခင္းအလင္းေရာင္စူးစူးေျကာင့္ ေလးလံေနေသာ မ်က္ခြံတို႔ကို ခပ္ေျဖးေျဖး ဖြင့္ျကည့္မိသည္။
ေနေရာင္စူးစူးက သူ႔မ်က္ႏွာေပၚ ဖ်ာက်လို႔ေနတာ...
သူ ျပံဳးလိုက္မိသည္......
ထို႔ေနာက္ သတိရသြားသည္က သူ႔ အခ်စ္ဆံုးလူသားဂြ်န္။
လစ္လပ္ေနေသာ ေဘးဘက္တစ္ေနရာေျကာင့္ဂြ်န္ အေစာျကီး ႏိုးေနတာပဲ ဟု ေတြးမိသည္။
အိပ္ရာေပၚမွ ခပ္သြက္သြက္ထကာ ေအာက္ထပ္ကိုေျပးဆင္းမိသည္။
မီးဖိုေခ်ာင္ခန္းထဲ သြားရွာေတာ့ ဂြ်န္႔ကို မေတြ႔....
အဲ့ဒါနဲ႔ ဧည့္ခန္းဘက္က လသာေဆာင္ဘက္ထြက္ျကည့္မိ၏။
မေတြ႔....
မနက္ေဝလီေဝလင္းအခ်ိန္ေျကာင့္ ေသာင္ျပင္ေပၚဟိုတစ္စ ဒီတစ္စ ဖ်ာက်ေနေသာ ေနေရာင္နဲ႔အတူ လိႈင္းလံုးျကီးေတြ ေသာင္ျပင္ေပၚ တရိပ္ရိပ္တက္လာတဲ့ျမင္ကြင္းကို ဒီကေန လွမ္းျမင္ေနရတဲ့ သိပ္လွပတဲ့ဂ်ယ္ဂ်ဴဒိုဟာ က်ေနာ့္ကို မွင္သက္ေစႏိုင္ဖို႔ လံုေလာက္ေပမယ့္ မမွင္သက္မိ အခုေလာေလာဆယ္ စိတ္ေရာက္ေနတာက ဂြ်န္ ဘယ္မွာလဲဆိုတာကို....
မဟုတ္မွ ဂြ်န္ က်ေနာ့္ကို ဒီတစ္ခါေရာ ထပ္ထားသြားျပီလား.....
"ကင္ထယ္ေယာင္းshi"
ဆိုတဲ့ ခပ္ေနာက္ေနာက္ လွမ္းေအာ္သံေျကာင့္အသံလာရာ ရွာမိေတာ့.....
အေပၚဆံုးအထပ္ျဖစ္သည့္ တတိယထပ္ရဲ႕ ဝရံတာမွာ ဝရံတာေဘာင္ေလးကို လက္ေထာက္မွီကာ သူ႔ကို ျပံဳးျပံဳးျကီး ျကည့္ေနပါေသာ ဂြ်န္......
"ဘယ္သူ႔ကို ရွာေနတာလဲ ကင္ထယ္ေယာင္းshi"
ဂြ်န္႔စကားအား ျပန္ေအာ္မေျပာမိ။
ခ်က္ခ်င္းပင္ လသာေဆာင္ကေန အိမ္ထဲ ျပန္ဝင္ကာ ဂြ်န္ရိွရာ တတိယထပ္ကို သြားရန္ ေလွကားထစ္ေတြကို ေျခလွမ္း ခပ္သြက္သြက္ျဖင့္ ေျပးတက္သြားမိသည္။
ထိုအထပ္သို႔ ေရာက္ေသာ္ ဝရံတာဘက္သို႔ ေျပးထြက္သည္။
လက္ဆန္႔ကားေပးထားကာ သူ႔ရင္ခြင္ထဲ လာရန္ ျကိဳဆိုေနေသာ ဂြ်န္႔ကိုေတြ႔သည္ႏွင့္
မဆိုင္းမတြဘဲ ဂြ်န္႔ရင္ခြင္ထဲ ပစ္ဝင္မိသည္။
"ေဘဘီအဆိုးေလးက ႏိုးတာနဲ႔ ကုိယ့္ကို ရွာေနေတာ့တာပဲလား ဟမ္"
ခပ္တင္းတင္း ေထြးေပြ႔ျပီး သူ႔ဆံပင္ေတြကို နမ္းရိႈက္ရင္း ေျပာလာေသာ ဂြ်န္....
ရင္ခြင္ထဲကေန တဖိတ္ဖိတ္တုန္လာေသာ ကိုယ္ေလးေျကာင့္
"ေဘဘီ ငိုေနတာလား"
"ဟင့္ ရႊတ္"
"ဘာျဖစ္လို႔လဲ ေဘဘီရဲ႕"
ရင္ခြင္ထဲက ထယ္ေယာင္းေမးဖ်ားေလးကို အသာဆြဲေမာ့ကာ စိုးရိမ္တျကီး ေမးမိေတာ့....
"ဂြ်န္ ဟင့္ ဂြ်န္ က်ေနာ့္ကို ထပ္ထားသြားမွာ ေျကာက္ေနခဲ့တာ"
"ေဘဘီရယ္ ကိုယ္က ထားသြားစရာလားကြာ မငိုနဲ႔ တိတ္"
မ်က္ရည္မ်ားကို လက္မေလးနဲ႔ အသာဆြဲသုတ္ေပးေသာ ဂြ်န္ရယ္.....
ဂြ်န္႔ရင္ခြင္ထဲ ျပန္တိုးေဝွ႕ဝင္လိုက္ေတာ့ တင္းတင္းက်ပ္က်ပ္ ျပန္ေပြ႔ဖက္ထားေသာ ဂြ်န္။
က်ေနာ့္ဆံပင္ေလးေတြကို လက္ေလးနဲ႔အသာဖြေပးရင္း ေနာက္လက္တစ္ဖက္လဲ ေက်ာေလးပုတ္ေပးကာ ေခ်ာ့ျမဴေနေသာ ဂြ်န္.....
"ဂြ်န္"
"ဟင္"
"ခ်စ္တယ္"
"ကိုယ္က ပိုခ်စ္တာ"
ေလးေထာင့္ဆန္ဆန္ ျပံဳးျပေနေသာ သူ႔အား ဂြ်န္က အေႏြးေထြးဆံုးအျပံဳးနဲ႔ ျပန္တံု႔ျပန္သည္။
ထို႔ေနာက္ ႏႈတ္ခမ္းပါးေပၚ ေရာက္လာတဲ့စိုအိအိအထိအေတြ႔....
"ခ်စ္တယ္ ေဘဘီ"
ေဂ်ာင္ကု ထယ္ေယာင္းကိုယ္ေလးကို ဝရံတာဘက္ အသာတြန္းပို႔လိုက္ျပီး အေနာက္ကေန ထယ္ေယာင္းခါးေလးကို ဖက္ထားရင္း ထယ္ေယာင္းပုခံုးေပၚ ေမးေလးတင္ထားကာ ဂ်ယ္ဂ်ဴဒိုျကီးကို ေငးျကည့္ေနသည္။
သူ႔ပါးျပင္နဲ႔ ထယ္ေယာင္းပါးျပင္နဲ႔ တစ္ခ်က္ တစ္ခ်က္ အသာထိကပ္လိုက္....
ေနာက္ကေန ထယ္ေယာင္းပါးျပင္ကို နမ္းလိုက္လုပ္ေနေသးသည္။
အေတာ္ျကာထိ 2ေယာက္သား ဂ်ယ္ဂ်ဴဒိုျကီးအား ေငးျကည့္ေနျကျပီးမွ
"ကဲ မနက္စာစားဖို႔ သြားျကမယ္"
ထယ္ေယာင္းကို ေပြ႔ခ်ီလိုက္ေသာ ေဂ်ာင္ကုပါေလ.....
ထယ္ေယာင္းကလဲ ေဂ်ာင္ကုလည္တိုင္ေတြကို တြယ္ခ်ိတ္လ်က္ ေဂ်ာင္ကုရင္ခြင္ကို ေခါင္းေလး မွီကာ လိုက္ပါသြားသည္။
ေအာက္ထပ္က မီးဖိုခန္းထဲေရာက္တာနဲ႔ ခံုတစ္ခံုေပၚမွာ အသာခ်ေပးျပီး......
"ကဲ ခဏေလာက္ ေစာင့္ပါခင္ဗ် က်ေနာ္ သခင္ေလးအတြက္ မနက္စာျပင္ေပးပါ့မယ္"
ခပ္ေနာက္ေနာက္ေျပာလိုက္ေသာ ေဂ်ာင္ကုေျကာင့္ထယ္ေယာင္းမွာ တခစ္ခစ္နဲ႔ ရီေနသည္။
ေပါင္မုန္႔ျကက္ဥေျကာ္ေျကာ္ေနေသာေဂ်ာင္ကုအား ခံုမွာ ထိုင္ေနတဲ့ထယ္ေယာင္းက စားပြဲခံုေပၚ ေမးေလးေထာက္ရင္း ျပံဳးျပံဳးျကီး ေငးျကည့္ေနသည္။
ေကာ္ဖီေဖ်ာ္စက္နဲ႔ ေကာ္ဖီေဖ်ာ္ေနပံုကအစတကယ့္ကို ဆြဲေဆာင္မႈရိွေနတာ.....
"ကဲ ရပါျပီဗ်"
ထယ္ေယာင္းသည္ မဆိုင္းမတြဘဲ သူ႔ေရွ႕လာခ်ေပးေသာ ေပါင္မုန္႔ျကက္ဥေျကာ္ပန္းကန္ထဲက ေပါင္မုန္႔ျကက္ဥေျကာ္ အနည္းငယ္ကို ခက္ရင္းနဲ႔ ဖဲ့စားလိုက္ျပီး
"ဝါး ေကာင္းလိုက္တာ"
"ေဘဘီ ကိုယ္ ခုမွ သတိရတယ္ မ်က္ႏွာမသစ္ရေသးဘူးမလား မ်က္ႏွာမသစ္သြားမတိုက္ရေသးဘဲ မနက္စာေတြ စားလိုက္တယ္?"
"မ်က္ႏွာသစ္သြားတိုက္စရာမလိုပါဘူး နဂိုကထဲက သန္႔ျပီးသား"
ေျပာရင္း ဆိုရင္း ေပါင္မုန္႔ျကက္ဥေျကာ္ တဖဲ့ျပီးတစ္ဖဲ့ ပါးစပ္ထဲ သြင္းေနေသာ ထယ္ေယာင္းပါေလ...
"ညစ္ပတ္အိုးေလး"
ေဂ်ာင္ကုက ျပံဳးစစျဖင့္ ထိုသို႔ေျပာသည္ကို ထယ္ေယာင္းသည္ လွ်ာထုတ္ျပသည္။
ေဂ်ာင္ကုမွာ တစ္ေန႔ထက္တစ္ေန႔ ဒီလူသားေလးအေပၚကို အခ်စ္ေတြ တစ္စတစ္စ ပိုပိုတိုးတိုးလာမိသည္။
ပလုတ္ပေလာင္းစားေနေသာေျကာင့္ ေဖာင္းေနေသာ ထယ္ေယာင္းပါးေလးကို အသဲယားစြာခပ္ဖြဖြ ဆြဲလိုက္ေတာ့ ထယ္ေယာင္းက သူ႔အားျပံဳးျပရွာသည္။
"ေရာ့ အာ"
ေပါင္မုန္႔ျကက္ဥေျကာ္တစ္ဖက္ကို ခက္ရင္းနဲ႔ထိုးျပီးသူ႔အား ခြံ႔ေကြ်းေနပါေသာ ထယ္ေယာင္းေျကာင့္ေဂ်ာင္ကု ျပံဳးရျပန္သည္။
ထယ္ေယာင္းခြံ႔ေကြ်းတာကို စားျပီးေနာက္ထယ္ေယာင္းကို ျပန္ခြံ႔ေကြ်းမည္။
"အာ"
သူခြံ႔ေကြ်းတာကို ျပံဳးျပံဳးျကီး စားေနတဲ့ ထယ္ေယာင္း..... လက္မေလးတစ္ေထာင္ေထာင္နဲ႔ သေဘာကေကာင္းတယ္ေပါ့ေလ??
ရူးေတာ့မွာပဲ ေဘဘီရယ္.....
ခ်စ္စရာေကာင္းေအာင္ သိပ္မလုပ္ျပပါနဲ႔လား...
မနက္စာစားျပီးေနာက္ ဧည့္ခန္းထဲမွာ Tvထိုင္ျကည့္ေနျကစဥ္ ေဂ်ာင္ကုဆီသို႔ ဝင္လာေသာ ဖုန္းသံေျကာင့္ ဖုန္းထုတ္ျကည့္မိေတာ့ လီယူရာ့ဖုန္းျဖစ္သည္။
ထယ္ေယာင္းက ဘယ္သူ႔ဆီကဖုန္းလဲဆိုတာကိုေဂ်ာင္ကုဆီကေန ဖုန္းအတင္းလုကာ ျကည့္သည္။
လီယူရာဆိုတဲ့ content nameေျကာင့္ ႏႈတ္ခမ္းျကီး ဆူပုတ္သြားကာ ေဂ်ာင္ကုကိုျကည့္ျပီး
"မကိုင္နဲ႔"ဟု အသံမထြက္ဘဲ ပါးစပ္လႈပ္ရံုမွ် ေျပာသည္။
သို႔ေသာ္ ေဂ်ာင္ကုသည္ ထယ္ေယာင္းဆီက ဖုန္းကို အသာ ျပန္လုလိုက္ျပီး ဖုန္းကိုင္လိုက္သည္။
"ဟဲလို ယူရာ"
ထယ္ေယာင္းက အံျကိတ္ျပသည္။
ေဂ်ာင္ကုက ဖုန္းထဲက လီယူရာ ေျပာလာမယ့္စကားကိုနားေထာင္ရင္း ထယ္ေယာင္းကို ရွဴးတိုးတိုးဆိုတဲ့ အမူအရာလုပ္ျပေတာ့ ထယ္ေယာင္းက လက္မနဲ႔ လည္ပင္းကို အသာျဖတ္ျပျပီး ဓားနဲ႔လွီးတဲ့အမူအရာလုပ္ျပသည္။ ေျပာခ်င္တာက သူ မကိုင္ခိုင္းတဲ့ဖုန္းကို ကိုင္လို႔ခင္ဗ်ား အေသပဲဆိုတဲ့သေဘာေပါ့။
ထိုသည္ကို ေဂ်ာင္ကုသည္ ျပံဳးသာျပံဳးေနျပီးဖုန္းေျပာေတာ့သည္။
"အင္း ယူရာ ေျပာ"
"............."
"အင္း ယူရာ ဟုတ္တယ္"
"............"
"ကိုယ္ ေတာင္းပန္ပါတယ္ ယူရာ"
"............."
"ကိုယ္ ထပ္ျပီး ေတာင္းပန္ပါတယ္ ေနာ္ တကယ္ စိတ္မေကာင္းပါဘူး"
"............ "
"အင္းပါ ကိုယ့္ကို နားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္ ယူရာ"
"............. "
"အင္းပါ ကိုယ္ ဂရုစိုက္ပါ့မယ္"
အရိပ္အေျချကည့္ေနေသာ ထယ္ေယာင္းကထိုင္ေနရာကေန ဆတ္ခနဲ မတ္တပ္ထရပ္လိုက္ျပီး
"ခင္ဗ်ားကို က်ေနာ္ စိတ္ေကာက္သြားျပီ"ဆိုျပီး ပါးစပ္လႈပ္ရံုမွ် ေျပာသြားကာ မက္မြန္သီး2လံုးကို ဟိုဘက္ဒီဘက္ ခါရမ္းကာ ေဆာင့္ျကီးေအာင့္ျကီး ထြက္သြားသည္။
ေလသံေတြ လိုတာထက္ ပိုျပီး ခ်ိဳေနေသာဂြ်န္ေဂ်ာင္ကု
အစုတ္ပလုတ္ျကီး အလကားေကာင္ျကီး မ်က္ႏွာမ်ားတဲ့လူျကီး အက်င့္မေကာင္းတဲ့ လူယုတ္မာျကီး တကယ္ စိတ္တုိတယ္ သြားကြာ
အိပ္ရာေပၚတက္ထိုင္ျပီး အိပ္ရာေပၚက ေခါင္းအံုးေတြကို ေအာက္ကို လႊတ္ပစ္ေနေသာ ထယ္ေယာင္းရယ္ပါ။
ခဏျကာေတာ့ တံခါးဖြင့္သံ ျကားရသည္ႏွင့္ေဂ်ာင္ကု ဝင္လာျပီမွန္း သူသိလိုက္သည္။
ထိုလူလာရာဘက္ကို ေက်ာေပးကာ ထိုင္ေနလိုက္သည္။
အိခနဲျဖစ္သြားေသာ ေမြ႔ရာျကီးေျကာင့္ ထိုလူကုတင္ေပၚတက္လာသည္ကို သိလိုက္သည္။
ထို႔ေနာက္တြင္ေတာ့ ခါးေပၚေရာက္လာတဲ့ လက္တစ္စံု......
"ေဘဘီ"
"..........."
"ကိုယ့္ေဘဘီက တကယ္ စိတ္ေကာက္သြားတာပဲ"
".........."
"စိတ္ေကာက္ေနတယ္ဆိုေတာ့လဲ ျပန္ေခ်ာ့ရတာေပါ့ ဒီဘက္လွည့္ပါဦး စိတ္ေကာက္တဲ့ပံုေလးကို အဝျကည့္ရေအာင္လို႔"
ပုခံုး2ဖက္ကေန ကိုင္ျပီး အသာဆြဲလွည့္ေတာ့ရုန္းသည္။
"သြား လာမေခၚနဲ႔ ခင္ဗ်ား"
"ေဘဘီအဆိုးေလးရယ္ ကိုယ္က ခင္ဗ်ားေလးတစ္ေယာက္ထဲကို ခ်စ္တာေလ ဘာေတြ အဲ့ေလာက္ထိ သဝန္ေတြတိုေနရတာလဲ ဟမ္"
"ဘယ္သူက သဝန္တိုေနလို႔လဲ"
"ဘယ္သူရိွရမလဲ ႏႈတ္ခမ္းျကီးကို ဘဲႏႈတ္ခမ္းေလာက္ ေထာ္ျပီး ဘုကလန္႔ေတြပဲ ျပန္ေျပာေနတဲ့ ေကာင္ေလးတစ္ေယာက္ေပါ့"
"............ "
"စိတ္မေကာက္ပါနဲ႔ကြာ ကိုယ္ လီယူရာ႔ဖုန္းကို လက္ခံျပီး စကားေျပာရတာက ကိုယ္ အားနာလို႔ပါ သူ႔အေပၚကို လိမ္ညာခဲ့တာေတြမ်ားတယ္မလားသူကလဲ ကိုယ္တို႔2ေယာက္ကို နားလည္ေပးပါ့မယ္တဲ့ေလ"
"........... "
"ေဟာ ေဘဘီ ကိုယ္ ျပန္ေခ်ာ့ေနတယ္ေလ ေဘဘီရာ ေဟာ့ဒီ့လို ဖက္နမ္းျပီး ေခ်ာ့မွ စိတ္ေကာက္ေျပမွာလား"
Taehyung ပါးျပင္ကို လွစ္ခနဲ နမ္းကာ ေျပာေသာ ေဂ်ာင္ကုရယ္ပါ
Taehyungသည္ ျပံဳးခ်င္ေသာ္လဲ မျပံဳးမိေအာင္ထိန္းထားသည္ကိုျမင္ေတာ့ ေဂ်ာင္ကုအသဲေတြ ယားလာမိသည္။
"အားး ဒီအဆိုးေလးကို ဘာလို႔ အဲ့ေလာက္ထိ ခ်စ္မိေနတာပါလိမ့္"
Taehyungကို ဖ်စ္ညစ္ဖက္ထားေသာ ေဂ်ာင္ကုရယ္ပါ။
"ဂြ်န္"
"ဗ်ာ"
"က်ေနာ္တို႔ေတြ ေနာက္လဲ ဒီလို အတူေနျပီး ေပ်ာ္ႏိုင္မွာပါေနာ္"
"ဒါေပါ့ ေဘဘီရဲ႕"
"အကယ္၍ ကံျကမၼာက ရက္စက္တတ္လို႔ က်ေနာ္တို႔2ေယာက္ကို ေသကြဲခြဲခဲ့မယ္ဆိုရင္ေရာ"
"ဘာေတြ ေလွ်ာက္ေျပာေနတာလဲ ေဘဘီ ကိုယ္မျကိဳက္ဘူး ေနာက္ဆို အဲ့လိုစကားေတြထပ္မေျပာနဲ႔"
ရုတ္ခ်ည္းဆိုသလို တင္းမာသြားေသာ ေလသံေျကာင့္ ထယ္ေယာင္း အနည္းငယ္ လန္႔သြားမိတာ အမွန္
ေအးေလ သူ ေဒါသထြက္လဲ ထြက္ခ်င္စရာကိုယ္က နမိတ္မရိွတာေတြ ေလွ်ာက္ေျပာမိတာကိုး
"ဟုတ္ က်ေနာ္ ေတာင္းပန္ပါတယ္ေနာ္ ဂြ်န္ ေနာက္ဆို အဲ့လိုစကားေတြ ဘယ္ေတာ့မွ ထပ္မေျပာေတာ့ပါဘူး"
ေဂ်ာင္ကုရင္ခြင္ထဲ တုိးဝင္ေတာ့ ေဂ်ာင္ကုက အရင္ကလို ခ်က္ခ်င္းျပန္လည္ေပြ႔ဖက္ထားျခင္းမရိွဘဲ ခဏမွ် ျငိမ္သက္ေနသည္။
မိနစ္အနည္းငယ္ျကာေတာ့မွ သက္ျပင္းခ်သံႏွင့္အတူ သူ႔ကို ဂြ်န္ ျပန္လည္ေပြ႔ဖက္လာခဲ့သည္။
ဘာစကားမွ ထပ္မေျပာျကေတာ့ဘဲ 1ေယာက္နဲ႔1ေယာက္ ဘယ္ေလာက္ခ်စ္တယ္ဆုိတာကို ေပြ႔ဖက္ရင္း သက္ေသျပခဲ့ျကသည္။
အကယ္၍မ်ား ဆူးခင္းလမ္းက မျပီးေသးဘူးဆိုရင္ေသကြဲေတာ့မကြဲပါရေစနဲ႔ ဘုရားသခင္။
က်ေနာ္တို႔2ေယာက္လံုးကို တမလြန္မွာေတာ့ေပါင္းဖက္ခြင့္ေပးပါ......
A/N- ျပီးဖို႔ ဘယ္ေလာက္မွ မလိုေတာ့ဘူးေနာ္..... 😞
SEလိုက္ရမလား ေျပာ :'(
Feedbackမေပးရင္ေတာ့ SEမွာပဲ🤨 ယုတ္မာျပီေလ😂
#Han_Hae
Unicode
မနက်ခင်းအလင်းရောင်စူးစူးကြောင့် လေးလံနေသော မျက်ခွံတို့ကို ခပ်ဖြေးဖြေး ဖွင့်ကြည့်မိသည်။
နေရောင်စူးစူးက သူ့မျက်နှာပေါ် ဖျာကျလို့နေတာ...
သူ ပြုံးလိုက်မိသည်......
ထို့နောက် သတိရသွားသည်က သူ့ အချစ်ဆုံးလူသားဂျွန်။
လစ်လပ်နေသော ဘေးဘက်တစ်နေရာကြောင့်ဂျွန် အစောကြီး နိုးနေတာပဲ ဟု တွေးမိသည်။
အိပ်ရာပေါ်မှ ခပ်သွက်သွက်ထကာ အောက်ထပ်ကိုပြေးဆင်းမိသည်။
မီးဖိုချောင်ခန်းထဲ သွားရှာတော့ ဂျွန့်ကို မတွေ့....
အဲ့ဒါနဲ့ ဧည့်ခန်းဘက်က လသာဆောင်ဘက်ထွက်ကြည့်မိ၏။
မတွေ့....
မနက်ဝေလီဝေလင်းအချိန်ကြောင့် သောင်ပြင်ပေါ်ဟိုတစ်စ ဒီတစ်စ ဖျာကျနေသော နေရောင်နဲ့အတူ လှိုင်းလုံးကြီးတွေ သောင်ပြင်ပေါ် တရိပ်ရိပ်တက်လာတဲ့မြင်ကွင်းကို ဒီကနေ လှမ်းမြင်နေရတဲ့ သိပ်လှပတဲ့ဂျယ်ဂျူဒိုဟာ ကျနော့်ကို မှင်သက်စေနိုင်ဖို့ လုံလောက်ပေမယ့် မမှင်သက်မိ အခုလောလောဆယ် စိတ်ရောက်နေတာက ဂျွန် ဘယ်မှာလဲဆိုတာကို....
မဟုတ်မှ ဂျွန် ကျနော့်ကို ဒီတစ်ခါရော ထပ်ထားသွားပြီလား.....
"ကင်ထယ်ယောင်းshi"
ဆိုတဲ့ ခပ်နောက်နောက် လှမ်းအော်သံကြောင့်အသံလာရာ ရှာမိတော့.....
အပေါ်ဆုံးအထပ်ဖြစ်သည့် တတိယထပ်ရဲ့ ဝရံတာမှာ ဝရံတာဘောင်လေးကို လက်ထောက်မှီကာ သူ့ကို ပြုံးပြုံးကြီး ကြည့်နေပါသော ဂျွန်......
"ဘယ်သူ့ကို ရှာနေတာလဲ ကင်ထယ်ယောင်းshi"
ဂျွန့်စကားအား ပြန်အော်မပြောမိ။
ချက်ချင်းပင် လသာဆောင်ကနေ အိမ်ထဲ ပြန်ဝင်ကာ ဂျွန်ရှိရာ တတိယထပ်ကို သွားရန် လှေကားထစ်တွေကို ခြေလှမ်း ခပ်သွက်သွက်ဖြင့် ပြေးတက်သွားမိသည်။
ထိုအထပ်သို့ ရောက်သော် ဝရံတာဘက်သို့ ပြေးထွက်သည်။
လက်ဆန့်ကားပေးထားကာ သူ့ရင်ခွင်ထဲ လာရန် ကြိုဆိုနေသော ဂျွန့်ကိုတွေ့သည်နှင့်
မဆိုင်းမတွဘဲ ဂျွန့်ရင်ခွင်ထဲ ပစ်ဝင်မိသည်။
"ဘေဘီအဆိုးလေးက နိုးတာနဲ့ ကိုယ့်ကို ရှာနေတော့တာပဲလား ဟမ်"
ခပ်တင်းတင်း ထွေးပွေ့ပြီး သူ့ဆံပင်တွေကို နမ်းရှိုက်ရင်း ပြောလာသော ဂျွန်....
ရင်ခွင်ထဲကနေ တဖိတ်ဖိတ်တုန်လာသော ကိုယ်လေးကြောင့်
"ဘေဘီ ငိုနေတာလား"
"ဟင့် ရွှတ်"
"ဘာဖြစ်လို့လဲ ဘေဘီရဲ့"
ရင်ခွင်ထဲက ထယ်ယောင်းမေးဖျားလေးကို အသာဆွဲမော့ကာ စိုးရိမ်တကြီး မေးမိတော့....
"ဂျွန် ဟင့် ဂျွန် ကျနော့်ကို ထပ်ထားသွားမှာ ကြောက်နေခဲ့တာ"
"ဘေဘီရယ် ကိုယ်က ထားသွားစရာလားကွာ မငိုနဲ့ တိတ်"
မျက်ရည်များကို လက်မလေးနဲ့ အသာဆွဲသုတ်ပေးသော ဂျွန်ရယ်.....
ဂျွန့်ရင်ခွင်ထဲ ပြန်တိုးဝှေ့ဝင်လိုက်တော့ တင်းတင်းကျပ်ကျပ် ပြန်ပွေ့ဖက်ထားသော ဂျွန်။
ကျနော့်ဆံပင်လေးတွေကို လက်လေးနဲ့အသာဖွပေးရင်း နောက်လက်တစ်ဖက်လဲ ကျောလေးပုတ်ပေးကာ ချော့မြူနေသော ဂျွန်.....
"ဂျွန်"
"ဟင်"
"ချစ်တယ်"
"ကိုယ်က ပိုချစ်တာ"
လေးထောင့်ဆန်ဆန် ပြုံးပြနေသော သူ့အား ဂျွန်က အနွေးထွေးဆုံးအပြုံးနဲ့ ပြန်တုံ့ပြန်သည်။
ထို့နောက် နှုတ်ခမ်းပါးပေါ် ရောက်လာတဲ့စိုအိအိအထိအတွေ့....
"ချစ်တယ် ဘေဘီ"
ဂျောင်ကု ထယ်ယောင်းကိုယ်လေးကို ဝရံတာဘက် အသာတွန်းပို့လိုက်ပြီး အနောက်ကနေ ထယ်ယောင်းခါးလေးကို ဖက်ထားရင်း ထယ်ယောင်းပုခုံးပေါ် မေးလေးတင်ထားကာ ဂျယ်ဂျူဒိုကြီးကို ငေးကြည့်နေသည်။
သူ့ပါးပြင်နဲ့ ထယ်ယောင်းပါးပြင်နဲ့ တစ်ချက် တစ်ချက် အသာထိကပ်လိုက်....
နောက်ကနေ ထယ်ယောင်းပါးပြင်ကို နမ်းလိုက်လုပ်နေသေးသည်။
အတော်ကြာထိ 2ယောက်သား ဂျယ်ဂျူဒိုကြီးအား ငေးကြည့်နေကြပြီးမှ
"ကဲ မနက်စာစားဖို့ သွားကြမယ်"
ထယ်ယောင်းကို ပွေ့ချီလိုက်သော ဂျောင်ကုပါလေ.....
ထယ်ယောင်းကလဲ ဂျောင်ကုလည်တိုင်တွေကို တွယ်ချိတ်လျက် ဂျောင်ကုရင်ခွင်ကို ခေါင်းလေး မှီကာ လိုက်ပါသွားသည်။
အောက်ထပ်က မီးဖိုခန်းထဲရောက်တာနဲ့ ခုံတစ်ခုံပေါ်မှာ အသာချပေးပြီး......
"ကဲ ခဏလောက် စောင့်ပါခင်ဗျ ကျနော် သခင်လေးအတွက် မနက်စာပြင်ပေးပါ့မယ်"
ခပ်နောက်နောက်ပြောလိုက်သော ဂျောင်ကုကြောင့်ထယ်ယောင်းမှာ တခစ်ခစ်နဲ့ ရီနေသည်။
ပေါင်မုန့်ကြက်ဥကြော်ကြော်နေသောဂျောင်ကုအား ခုံမှာ ထိုင်နေတဲ့ထယ်ယောင်းက စားပွဲခုံပေါ် မေးလေးထောက်ရင်း ပြုံးပြုံးကြီး ငေးကြည့်နေသည်။
ကော်ဖီဖျော်စက်နဲ့ ကော်ဖီဖျော်နေပုံကအစတကယ့်ကို ဆွဲဆောင်မှုရှိနေတာ.....
"ကဲ ရပါပြီဗျ"
ထယ်ယောင်းသည် မဆိုင်းမတွဘဲ သူ့ရှေ့လာချပေးသော ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ထဲက ပေါင်မုန့်ကြက်ဥကြော် အနည်းငယ်ကို ခက်ရင်းနဲ့ ဖဲ့စားလိုက်ပြီး
"ဝါး ကောင်းလိုက်တာ"
"ဘေဘီ ကိုယ် ခုမှ သတိရတယ် မျက်နှာမသစ်ရသေးဘူးမလား မျက်နှာမသစ်သွားမတိုက်ရသေးဘဲ မနက်စာတွေ စားလိုက်တယ်?"
"မျက်နှာသစ်သွားတိုက်စရာမလိုပါဘူး နဂိုကထဲက သန့်ပြီးသား"
ပြောရင်း ဆိုရင်း ပေါင်မုန့်ကြက်ဥကြော် တဖဲ့ပြီးတစ်ဖဲ့ ပါးစပ်ထဲ သွင်းနေသော ထယ်ယောင်းပါလေ...
"ညစ်ပတ်အိုးလေး"
ဂျောင်ကုက ပြုံးစစဖြင့် ထိုသို့ပြောသည်ကို ထယ်ယောင်းသည် လျှာထုတ်ပြသည်။
ဂျောင်ကုမှာ တစ်နေ့ထက်တစ်နေ့ ဒီလူသားလေးအပေါ်ကို အချစ်တွေ တစ်စတစ်စ ပိုပိုတိုးတိုးလာမိသည်။
ပလုတ်ပလောင်းစားနေသောကြောင့် ဖောင်းနေသော ထယ်ယောင်းပါးလေးကို အသဲယားစွာခပ်ဖွဖွ ဆွဲလိုက်တော့ ထယ်ယောင်းက သူ့အားပြုံးပြရှာသည်။
"ရော့ အာ"
ပေါင်မုန့်ကြက်ဥကြော်တစ်ဖက်ကို ခက်ရင်းနဲ့ထိုးပြီးသူ့အား ခွံ့ကျွေးနေပါသော ထယ်ယောင်းကြောင့်ဂျောင်ကု ပြုံးရပြန်သည်။
ထယ်ယောင်းခွံ့ကျွေးတာကို စားပြီးနောက်ထယ်ယောင်းကို ပြန်ခွံ့ကျွေးမည်။
"အာ"
သူခွံ့ကျွေးတာကို ပြုံးပြုံးကြီး စားနေတဲ့ ထယ်ယောင်း..... လက်မလေးတစ်ထောင်ထောင်နဲ့ သဘောကကောင်းတယ်ပေါ့လေ??
ရူးတော့မှာပဲ ဘေဘီရယ်.....
ချစ်စရာကောင်းအောင် သိပ်မလုပ်ပြပါနဲ့လား...
မနက်စာစားပြီးနောက် ဧည့်ခန်းထဲမှာ Tvထိုင်ကြည့်နေကြစဉ် ဂျောင်ကုဆီသို့ ဝင်လာသော ဖုန်းသံကြောင့် ဖုန်းထုတ်ကြည့်မိတော့ လီယူရာ့ဖုန်းဖြစ်သည်။
ထယ်ယောင်းက ဘယ်သူ့ဆီကဖုန်းလဲဆိုတာကိုဂျောင်ကုဆီကနေ ဖုန်းအတင်းလုကာ ကြည့်သည်။
လီယူရာဆိုတဲ့ content nameကြောင့် နှုတ်ခမ်းကြီး ဆူပုတ်သွားကာ ဂျောင်ကုကိုကြည့်ပြီး
"မကိုင်နဲ့"ဟု အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံမျှ ပြောသည်။
သို့သော် ဂျောင်ကုသည် ထယ်ယောင်းဆီက ဖုန်းကို အသာ ပြန်လုလိုက်ပြီး ဖုန်းကိုင်လိုက်သည်။
"ဟဲလို ယူရာ"
ထယ်ယောင်းက အံကြိတ်ပြသည်။
ဂျောင်ကုက ဖုန်းထဲက လီယူရာ ပြောလာမယ့်စကားကိုနားထောင်ရင်း ထယ်ယောင်းကို ရှူးတိုးတိုးဆိုတဲ့ အမူအရာလုပ်ပြတော့ ထယ်ယောင်းက လက်မနဲ့ လည်ပင်းကို အသာဖြတ်ပြပြီး ဓားနဲ့လှီးတဲ့အမူအရာလုပ်ပြသည်။ ပြောချင်တာက သူ မကိုင်ခိုင်းတဲ့ဖုန်းကို ကိုင်လို့ခင်ဗျား အသေပဲဆိုတဲ့သဘောပေါ့။
ထိုသည်ကို ဂျောင်ကုသည် ပြုံးသာပြုံးနေပြီးဖုန်းပြောတော့သည်။
"အင်း ယူရာ ပြော"
"............."
"အင်း ယူရာ ဟုတ်တယ်"
"............"
"ကိုယ် တောင်းပန်ပါတယ် ယူရာ"
"............."
"ကိုယ် ထပ်ပြီး တောင်းပန်ပါတယ် နော် တကယ် စိတ်မကောင်းပါဘူး"
"............ "
"အင်းပါ ကိုယ့်ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ယူရာ"
"............. "
"အင်းပါ ကိုယ် ဂရုစိုက်ပါ့မယ်"
အရိပ်အခြေကြည့်နေသော ထယ်ယောင်းကထိုင်နေရာကနေ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီး
"ခင်ဗျားကို ကျနော် စိတ်ကောက်သွားပြီ"ဆိုပြီး ပါးစပ်လှုပ်ရုံမျှ ပြောသွားကာ မက်မွန်သီး2လုံးကို ဟိုဘက်ဒီဘက် ခါရမ်းကာ ဆောင့်ကြီးအောင့်ကြီး ထွက်သွားသည်။
လေသံတွေ လိုတာထက် ပိုပြီး ချိုနေသောဂျွန်ဂျောင်ကု
အစုတ်ပလုတ်ကြီး အလကားကောင်ကြီး မျက်နှာများတဲ့လူကြီး အကျင့်မကောင်းတဲ့ လူယုတ်မာကြီး တကယ် စိတ်တိုတယ် သွားကွာ
အိပ်ရာပေါ်တက်ထိုင်ပြီး အိပ်ရာပေါ်က ခေါင်းအုံးတွေကို အောက်ကို လွှတ်ပစ်နေသော ထယ်ယောင်းရယ်ပါ။
ခဏကြာတော့ တံခါးဖွင့်သံ ကြားရသည်နှင့်ဂျောင်ကု ဝင်လာပြီမှန်း သူသိလိုက်သည်။
ထိုလူလာရာဘက်ကို ကျောပေးကာ ထိုင်နေလိုက်သည်။
အိခနဲဖြစ်သွားသော မွေ့ရာကြီးကြောင့် ထိုလူကုတင်ပေါ်တက်လာသည်ကို သိလိုက်သည်။
ထို့နောက်တွင်တော့ ခါးပေါ်ရောက်လာတဲ့ လက်တစ်စုံ......
"ဘေဘီ"
"..........."
"ကိုယ့်ဘေဘီက တကယ် စိတ်ကောက်သွားတာပဲ"
".........."
"စိတ်ကောက်နေတယ်ဆိုတော့လဲ ပြန်ချော့ရတာပေါ့ ဒီဘက်လှည့်ပါဦး စိတ်ကောက်တဲ့ပုံလေးကို အဝကြည့်ရအောင်လို့"
ပုခုံး2ဖက်ကနေ ကိုင်ပြီး အသာဆွဲလှည့်တော့ရုန်းသည်။
"သွား လာမခေါ်နဲ့ ခင်ဗျား"
"ဘေဘီအဆိုးလေးရယ် ကိုယ်က ခင်ဗျားလေးတစ်ယောက်ထဲကို ချစ်တာလေ ဘာတွေ အဲ့လောက်ထိ သဝန်တွေတိုနေရတာလဲ ဟမ်"
"ဘယ်သူက သဝန်တိုနေလို့လဲ"
"ဘယ်သူရှိရမလဲ နှုတ်ခမ်းကြီးကို ဘဲနှုတ်ခမ်းလောက် ထော်ပြီး ဘုကလန့်တွေပဲ ပြန်ပြောနေတဲ့ ကောင်လေးတစ်ယောက်ပေါ့"
"............ "
"စိတ်မကောက်ပါနဲ့ကွာ ကိုယ် လီယူရာ့ဖုန်းကို လက်ခံပြီး စကားပြောရတာက ကိုယ် အားနာလို့ပါ သူ့အပေါ်ကို လိမ်ညာခဲ့တာတွေများတယ်မလားသူကလဲ ကိုယ်တို့2ယောက်ကို နားလည်ပေးပါ့မယ်တဲ့လေ"
"........... "
"ဟော ဘေဘီ ကိုယ် ပြန်ချော့နေတယ်လေ ဘေဘီရာ ဟော့ဒီ့လို ဖက်နမ်းပြီး ချော့မှ စိတ်ကောက်ပြေမှာလား"
Taehyung ပါးပြင်ကို လှစ်ခနဲ နမ်းကာ ပြောသော ဂျောင်ကုရယ်ပါ
Taehyungသည် ပြုံးချင်သော်လဲ မပြုံးမိအောင်ထိန်းထားသည်ကိုမြင်တော့ ဂျောင်ကုအသဲတွေ ယားလာမိသည်။
"အား ဒီအဆိုးလေးကို ဘာလို့ အဲ့လောက်ထိ ချစ်မိနေတာပါလိမ့်"
Taehyungကို ဖျစ်ညစ်ဖက်ထားသော ဂျောင်ကုရယ်ပါ။
"ဂျွန်"
"ဗျာ"
"ကျနော်တို့တွေ နောက်လဲ ဒီလို အတူနေပြီး ပျော်နိုင်မှာပါနော်"
"ဒါပေါ့ ဘေဘီရဲ့"
"အကယ်၍ ကံကြမ္မာက ရက်စက်တတ်လို့ ကျနော်တို့2ယောက်ကို သေကွဲခွဲခဲ့မယ်ဆိုရင်ရော"
"ဘာတွေ လျှောက်ပြောနေတာလဲ ဘေဘီ ကိုယ်မကြိုက်ဘူး နောက်ဆို အဲ့လိုစကားတွေထပ်မပြောနဲ့"
ရုတ်ချည်းဆိုသလို တင်းမာသွားသော လေသံကြောင့် ထယ်ယောင်း အနည်းငယ် လန့်သွားမိတာ အမှန်
အေးလေ သူ ဒေါသထွက်လဲ ထွက်ချင်စရာကိုယ်က နမိတ်မရှိတာတွေ လျှောက်ပြောမိတာကိုး
"ဟုတ် ကျနော် တောင်းပန်ပါတယ်နော် ဂျွန် နောက်ဆို အဲ့လိုစကားတွေ ဘယ်တော့မှ ထပ်မပြောတော့ပါဘူး"
ဂျောင်ကုရင်ခွင်ထဲ တိုးဝင်တော့ ဂျောင်ကုက အရင်ကလို ချက်ချင်းပြန်လည်ပွေ့ဖက်ထားခြင်းမရှိဘဲ ခဏမျှ ငြိမ်သက်နေသည်။
မိနစ်အနည်းငယ်ကြာတော့မှ သက်ပြင်းချသံနှင့်အတူ သူ့ကို ဂျွန် ပြန်လည်ပွေ့ဖက်လာခဲ့သည်။
ဘာစကားမှ ထပ်မပြောကြတော့ဘဲ 1ယောက်နဲ့1ယောက် ဘယ်လောက်ချစ်တယ်ဆိုတာကို ပွေ့ဖက်ရင်း သက်သေပြခဲ့ကြသည်။
အကယ်၍များ ဆူးခင်းလမ်းက မပြီးသေးဘူးဆိုရင်သေကွဲတော့မကွဲပါရစေနဲ့ ဘုရားသခင်။
ကျနော်တို့2ယောက်လုံးကို တမလွန်မှာတော့ပေါင်းဖက်ခွင့်ပေးပါ......
A/N- ပြီးဖို့ ဘယ်လောက်မှ မလိုတော့ဘူးနော်..... 😞
SEလိုက်ရမလား ပြော :'(
Feedbackမပေးရင်တော့ SEမှာပဲ🤨 ယုတ်မာပြီလေ😂
#Han_Hae
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



