Ep-6
14:38, 14 November 2022မနက်မိုးလင်းသည်နှင့် ဂျောင်ကုတစ်ယောက်ထယ်ယောင်းအတွက် မနက်စာပြင်ပေးနေသည်.....
"ကိုယ့်အသဲ ဘာဖြစ်တာလဲ...."
"ခင်ဗျား မစားဘူးလား"
"ဘာ!!"
"အဟားးးးဟားးး စတာပါ အသဲရာ စား ကိုယ်က စားပြီးသွားပြီ"
"အဟမ်းးး ဟို ခင်ဗျား ဖုန်းနံပါတ် ကျနော့်ကိုပေး"
"ဘာလို့"
"အဟားဟားးးး ဟုတ်ပါပြီ ရော့"
"ရော့"
"အဲ့ဒါက..."
"ယုံချင်စရာကြီး"
"အင်း ယုံတယ် ယုံတယ်"
"ဘယ်သွားမှာလဲ"
"လိုက်မှာပေါ့"
"အင်း"
"ဟင် အကိုBogum..."
*တောက်စ်*
"ဟေ့လူ ခင်ဗျား ရပ်စမ်း"
"ဟမ်..."
"ဒါဆို ကိုယ့်ကိုရော "
"ဟမ်... "
"မသိဘူး"
"အဲ့ဒါဆို ချစ်တယ်ပေါ့"
"မဟုတ်ပါဘူး"
"တကယ်လား"
"အင်း"
ခပ်ဟဟ ရီပြီးတဲ့နောက်
"နမ်းချင်တယ်"
"ဘာကို အွန်း"
"သဘောလေ"
"ဟဲလို... "
#Han_Hae
မနက်မိုးလင်းသည်နှင့် ဂျောင်ကုတစ်ယောက်ထယ်ယောင်းအတွက် မနက်စာပြင်ပေးနေသည်.....
ထယ်ယောင်းလည်း နိုးလာတော့ ဘေးနားမှာဂျောင်ကုမရှိလို့ နှုတ်ခမ်းက အလိုလို ဆူမိလျက်သား
မထနိုင်ပါဘူးဆိုမှ အဲ့သေနာကြီး ဘယ်ရောက်သွားပြန်တာလဲ
စိတ်ရှိလက်ရှိနဲ့ ကုတင်ဘေးနားက ကျွန်းသားနဲ့ ပြုလုပ်ထားတဲ့ စားပွဲခုံပုလေးပေါ်က နာရီကို အိပ်ခန်းတံခါးဆီ ပစ်ပေါက်လိုက်သည်
ထိုအခါမှ အလောတကော ပြေးဝင်လာသော ထိုလူ
"ကိုယ့်အသဲ ဘာဖြစ်တာလဲ...."
"မထနိုင်ပါဘူးဆို ခင်ဗျားက အနားမှာမှ မရှိဘဲ"
မျက်နှာလွှဲကာ ဆူပုတ်ပုတ်နဲ့ ပြောလာသောထယ်ယောင်းကြောင့် ဂျောင်ကု အသဲယားမိသည်
"ကိုယ် ချီရမယ်ပေါ့ ကဲ လာ"
ဆွေ့ခနဲ ပွေ့ချီပြီးနောက် ရေချိုးခန်းထဲသာ ခေါ်သွားသည် သူကိုယ်တိုင် ရေချိုးပေးပြီးနောက်အဝတ်အစားဝတ်ပေးထားသည်.....
ထို့နောက် မီးဖိုချောင်ခန်းထဲ ခေါ်သွားပြီးထိုင်ခုံတစ်ခုံမှာ အသာချပေးသည်
"ဒီနေ့တော့ နွားနို့ပူပူလေးနဲ့ ပေါင်မုန့်ယိုသုတ်လေးစားလိုက်နော် အသဲ"
လူကို ဘေဘီတွေရော အသဲတွေရော စုံလို့ကျောက်ကပ်ပါ ခေါ်ဦးမလား မသိ.....
နွားနို့တစ်ငုံသောက်ပြီး စတော်ဘယ်ရီပြည့်လျှံအောင် သုတ်ပေးထားတဲ့ ပေါင်မုန့်ကို တစ်ကိုက်ကိုက်စားပြတော့ ပေါင်မုန့်တစ်ချပ်ပြီးတစ်ချပ်ကို ယိုသုတ်ပေးနေရင်း ပြုံးနေသောဂျောင်ကုပါလေ.....
"ခင်ဗျား မစားဘူးလား"
"ဟင့်အင်း ကိုယ့်အသဲစားရင် ကိုယ် ငတ်သလိုပါပဲ"
"ဘာ!!"
"အဟားဟား စတာပါ အသဲရာ စား ကိုယ်က စားပြီးသွားပြီ"
"အဟမ်း ဟို ခင်ဗျား ဖုန်းနံပါတ် ကျနော့်ကိုပေး"
"ဘာလို့"
"ခင်ဗျားကို ဖုန်းဆက်ချင်ရင် ခင်ဗျားဖုန်းနံပါတ်မှ မသိဘဲ ဘယ်လိုဆက်ရမှာလဲ"
"ကိုယ့်ကို ဖုန်းဆက်ချင်လို့လား အသဲက ဘာလဲ ပျောက်သွားတဲ့ 1ပတ်အတွင်း ကိုယ့်ကို လွမ်းနေခဲ့တာလား"
"ခင်ဗျားလျှာကိုရှည်တယ် ဖုန်းနံပါတ်ပေးဆိုပေးဗျာ"
"အဟားဟား ဟုတ်ပါပြီ ရော့"
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို လှမ်းပေးသည်
ထယ်ယောင်းလည်း ဖုန်းကို လှမ်းယူပြီး သူ့ဖုန်းနံပါတ်ရိုက်ထည့်ပြီး သူ့ဖုန်းကို ခေါ်လိုက်သည်
ထိုအခါ သူ့ဖုန်းထဲ ဝင်လာတဲ့callကို နှိပ်ပြီး contant nameမှတ်လိုက်သည် သေနာကြီးလို့လေ....
"အသဲ ဖုန်းနံပါတ်ပါ ကိုယ့်ဖုန်းထဲ ရိုက်ထည့်ပေးနော်"
ထိုအခါ ထယ်ယောင်းလည်း ဂျောင်ကုရဲ့ဖုန်းထဲ သူ့နံပါတ်လေးအား ရိုက်ထည့်ပေးပြီး မှတ်လိုက်သည့် contant nameက "အချောအလှလေး ကင်ထယ်ယောင်း"တဲ့လေ
"ရော့"
ဖုန်းပြန်ပေးတော့ လှမ်းယူပြီး ဖုန်းနံပါတ်ထည့်ပေးမပေးစစ်သေးသော ထိုလူ
ထို့နောက် ဒီကကင်ထယ်ယောင်းလေး မှတ်ပေးလိုက်တဲ့contant nameလေးအား သဘောကျသွားသည်ထင်ပါ့ ကော့တက်သွားတဲ့ ထိုလူ့နှုတ်ခမ်းပါး
"ဘယ်လိုဟာလေးမှန်းမသိဘူး"
"အချောအလှလေး ကင်ထယ်ယောင်း"ဆိုတဲ့ contant nameလေးကိုသာ ကြည့်နေရင်းတစ်ကိုယ်တည်း ကြားနိုင်တဲ့ လေသံနဲ့ ရေရွတ်နေသော ဂျောင်ကုပါလေ
မနက်စာစားပြီးသည့်နောက် Tvကြည့်နေသောထယ်ယောင်းဘေးထိုင်ကာ ပါးကို လိုက်နမ်းကာစ နေသည်
"ဟာ ခင်ဗျား Tvကြည့်နေတယ်လေ ဘယ်လိုဖြစ်"
"ချစ်ဖို့ကောင်းလို့လေ ကိုယ့်အသဲက"
ထိုအခါ မျက်စောင်းက ဒိုင်းခနဲ ရောက်ရှိလာသည်
ပိုကို ပိုလွန်းတယ်ဆိုတဲ့သဘော....
"ဒါနဲ့ ခင်ဗျား 1ပတ်ကြီးများတောင် ဘာဖြစ်လို့ ပျောက်သွားတာလဲ"
"အဲ့ဒါက..."
"မပြောပြချင်လည်း ရပါတယ်"
"ကိုယ် ပြောရင် အသဲက ယုံမှာလား"
ထယ်ယောင်းက ခေါင်းငြိမ့်ပြတော့
"ကိုယ်လေ ကိုယ့်အဖေကို ကလန်ကဆန်လုပ်လို့ အိမ်မှာ အပိတ်ခံထားရတာ ဒါတောင် မနေ့က ခိုးထွက်လာတာ"
"ယုံချင်စရာကြီး"
"ကိုယ် ပြောသားပဲ ကိုယ့်အသဲက ယုံပေးမယ်ဆို"
"အင်း ယုံတယ် ယုံတယ်"
ပြီးစလွယ်ပြောသော ထယ်ယောင်းကြောင့်ဂျောင်ကု မျက်မှောင်ကျုံ့ခနဲ
ဟုတ်ပါသည် ဂျောင်ကု အိမ်ထဲမှာ အပိတ်ခံထားရတာ....
စေ့စပ်ပွဲကို မလာရကောင်းလားဆိုပြီးသူ့အဖေက သက်တော်စောင့်တွေကို သူ့အခန်းရှေ့မှာ စောင့်ခိုင်းထားပြီး သူကတော့အခန်းထဲကနေ အပြင်လုံးဝမထွက်ရပေ....
မနေ့ကတောင် သက်တော်စောင့်တွေကို မလှိမ့်တပတ်လုပ်ကာ ခိုးထွက်လာခဲ့ခြင်းပင်.....
ဂျောင်ကုတစ်ယောက် တိတ်ဆိတ်သွားတာကြောင့်ထယ်ယောင်းလှည့်ကြည့်မိတော့ အလိုမကျတဲ့ရုပ်နဲ့ဆူပုတ်နေသည်
"အဲ့ဒါ စိတ်ကောက်သွားတာလား ခင်ဗျား"
ပြန်မဖြေ မျက်နှာလွှဲထားသည်....
ဟုတ်သည်လေ သူ့မှာတော့ ထယ်ယောင်းကိုတွေ့ချင်လွန်းလို့ လွမ်းလွန်းလို့ ခိုးထွက်လာခဲ့တာ...
အခုတော့ ဒင်းလေးက လူကို ယုံသလိုလို မယုံသလိုလိုနဲ့.....
"ဒါနဲ့ ပြီးရင် ကျနော် အပြင်သွားမလို့ ခင်ဗျားနေခဲ့မှာလား"
"ဘယ်သွားမှာလဲ"
"အိမ်အတွက် လိုအပ်တာလေးတွေ သွားဝယ်မလို့"
"လိုက်မှာပေါ့"
"ပြီးရော ခဏနေ သွားမှာ ကျနော် အဝတ်အစားသွားလဲလိုက်ဦးမယ်"
"အင်း"
ထို့နောက် အနီးစပ်ဆုံးက Marketလေးတစ်ခုသို့ထွက်လာခဲ့သည်
အိမ်အတွက် လိုအပ်တာတွေကတော့ အစုံပဲအိပ်ရာခင်းလဲရမည် မနေ့က ထိုလူကြီးကြောင့်လေ
လိုတာတွေ အကုန်ကို တွန်းခြင်းထဲ ထည့်နေတဲ့အချိန် ခုနက ကျနော့်အနားကနေ လှစ်ခနဲ ပျောက်သွားတဲ့ ထိုလူကြီး ခြင်းထဲ လာထည့်သည်က... သွားတိုက်တံ... 2ချောင်း....
"ဟေ့လူ ကျနော့်ကို ဝယ်ပေးတာဆိုရင် သွားတိုက်တံက 1ချောင်းဆို ရပြီလေ"
"ကိုယ့်အတွက်ပါ ဝယ်တာလေ အပြာက ကိုယ့်ဟာ ပန်းရောင်က အသဲဟာ"
ပြောနေတဲ့အချိန်မှာတင် သူတို့နားရောက်လာသောလူတစ်ယောက်....
"ထယ်ယောင်း... မင်း ထယ်ယောင်းမလား"
"ဟင် အကိုBogum..."
"မှန်နေတာပဲ ငါ့ကလေးလေး ထယ်ယောင်း"
ထိုစကားအကြား ဂျောင်ကုရဲ့ မျက်ဝန်းတို့ကချက်ချင်းပင် လူသတ်ချင်ငွေ့ပြည့်သွားသည်....
"အကိုBogum မတွေ့တာတောင် အတော်ကြာပြီနော်"
"အင်းလေ ကလေးလေးရာ ကိုယ့်ကလေးလေး အရွယ်ရောက်လာပြီ ကြည့်စမ်း တော်တော်ချောလာလိုက်တာကွာ"
"အကိုBogumကလည်း မြှောက်နေပြန်ပါပြီ ဒါနဲ့ အကိုBogum ရည်းစားတွေ ဘာတွေရော ရနေပြီလား"
"မရသေးပါဘူးကွာ ကိုယ့်ရင်ထဲမှာ ဟော့ဒီ့က ကလေးလေးတစ်ယောက်ထဲ ရှိနေလို့လေ"
*တောက်စ်*
တောက်ခေါက်သံအကျယ်ကြီးကြောင့် ထယ်ယောင်းရော Bogumရော 2ယောက်စလုံး တုန်ခနဲ....
ထို့နောက် ထွက်သွားလေသော ဂျောင်ကု....
ထယ်ယောင်းလည်း အမြန်ပင် လိုက်သွားရသည်
ကားထဲရောက်သည့်တိုင် တင်းနေသောမေးရိုးတွေကြောင့် ဒေါသထွက်နေမှန်းသိသည်
ဒါကြောင့် စကားတောင် သွားမပြောရဲ....
အိမ်သို့ရောက်သည်နှင့် နံရံအားလက်သီးနဲ့ ပြေးထိုးသော သူ့ကြောင့် လူက သွေး နထင် ဆောင့်တက်သွားသည်
အရှိန်ပြင်းပြင်းနဲ့ နံရံကို လက်သီးနဲ့ မရပ်မနားထိုးနေတာ သွေးတွေ စီးကျလို့.....
"ဟေ့လူ ခင်ဗျား ရပ်စမ်း"
သွားဆွဲသော်လည်း တွန်းထုတ်ခံလိုက်ရသည်
"ဟေ့လူ ခင်ဗျား ရူးနေတာလား ရပ်လို့ပြောနေတယ်လေ ခင်ဗျားလက် သွေးတွေ ထွက်နေပြီ"
ပြောမရတာကြောင့်လား ကိုယ်ချစ်တဲ့သူနာကျင်ရင် ထပ်တူခံစားရလို့ပဲလားမသိ မျက်ရည်တွေကျလာမိသည်
"ခင်ဗျား ရပ်တော့လို့ ကျနော့်စကားနားမထောင်ဘူးလား"
ငိုသံကြီးနဲ့ ပြောလာသော ထယ်ယောင်းကြောင့်နံရံကို ထိုးသွင်းနေခဲ့တဲ့ လက်သီးများ ရပ်သွားသည်
"အသဲ ငိုနေတာလား ဘာလို့လဲ အသဲရာ"
"ခင်ဗျားက ကျနော့်စကားမှ နားမထောင်ဘဲ"
"sorryပါ အသဲရာ ကိုယ် စိတ်လွတ်သွားလို့"
"ဘာလို့ အရူးလို နံရံကို ထိုးနေရတာလဲ ခင်ဗျား"
"ရင်ဘတ်ထဲက နာလို့ လက်ကနာရင် ရင်ဘတ်ထဲက နာတာ လျော့သွားမလားလို့"
"ဟမ်..."
"ခုနကကောင်က ဘာလို့ အသဲကို ကလေးလို့ခေါ်တာလဲ သူနဲ့အသဲနဲ့က ဘယ်လိုဆက်ဆံရေးမျိုးလဲ"
"သူက ငယ်ငယ်တုန်းက ဘေးအိမ်က ကစားဖော်ကစားဖက်အကိုလေ အဲ့တုန်းက ကျနော်တို့အိမ်ဘေးနားကနေ ပြောင်းသွားတာမို့ အဆက်အသွယ်ပြတ်နေတာကြာပြီ အခုမှ ပြန်တွေ့တာ ပြီးတော့ ကျနော့်ကို သူက တကယ့်ညီအရင်းတစ်ယောက်လို အရမ်းချစ်တာလေ"
"အသဲကရော သူ့ကို ချစ်လား"
"ဟင့်အင်း ဘာကိစ္စ ကျနော်က သူ့ကို ချစ်ရမှာလဲ ညီအကိုလို သံယောဇဉ်ပဲရှိတာပါ"
"ဒါဆို ကိုယ့်ကိုရော "
"ဟမ်... "
"ကိုယ့်ကိုရော ချစ်လားလို့"
"မသိဘူး"
"ကိုယ်သိပါတယ် အသဲက ကိုယ့်ကို မချစ်ဘူး"
"ခင်ဗျားကို ဘယ်သူက မချစ်ဘူးပြောနေလို့လဲ"
"အဲ့ဒါဆို ချစ်တယ်ပေါ့"
"ခင်ဗျားလက် ဆေးထည့်ရမယ် ဧည့်ခန်းထဲမှာ သွားထိုင်နေ"
ပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်သောကြောင့် ဂျောင်ကုမျက်နှာ ဆူပုတ်သွားသည်
ထို့နောက် ဂျောင်ကုလည်း ဧည့်ခန်းထဲမှာ သွားထိုင်ပြီး ခဏအကြာ ပတ်တီး1လိပ်ရယ် အရက်ပျံရယ် ယူလာသောထယ်ယောင်း
ဂျောင်ကုဘေးနား ဝင်ထိုင်ပြီး...
ဂျောင်ကုလက်ကို ဆွဲယူပြီး ဆေးထည့်ပေးသည်
"အသဲက ကိုယ့်ကို စိုးရိမ်လို့လား"
"မဟုတ်ပါဘူး"
"မဟုတ်ဘဲနဲ့ ဘာလို့ ဆေး လာထည့်ပေးနေလဲ"
လက်ကို ပြန်ရုတ်သွားသောကြောင့်
"ခင်ဗျား!! အင်း ဟုတ်တယ် စိတ်ပူလို့ဗျာ"
"တကယ်လား"
"အင်း"
လက်ကို ပြန်ပေးတာကြောင့် ဆွဲယူပြီး ဆေးထည့်ပေးရသည်
ပတ်တီးစည်းပေးနေချိန် ဂျောင်ကုကတော့ထယ်ယောင်းရဲ့ မျက်နှာကိုသာ ငေးကြည့်နေမိသည်
"ခင်ဗျား တော်တော်ရူးတာပဲနော် ကိုယ့်အသားကိုယ် နာအောင်လုပ်တာ"
"အင်း ဟုတ်တယ် ကိုယ်က အရူး ဒါပေမယ့် အချစ်ရူး"
"ခင်ဗျား အဲ့စကားတွေနဲ့ လာလာမခြွေနဲ့ ကြာရင် လူက အရည်ပျော်မိတော့မယ် အဲ့ဒါ သိလား ခင်ဗျား"
ခပ်ဟဟ ရီပြီးတဲ့နောက်
"နမ်းချင်တယ်"
"ဘာကို အွန်း"
သူ့အနမ်းတွေက ချိုလွန်းနေတာလားကျနော်ကပဲ ရူးသွားတာလား မသိ....
အယောင်အမှားမှားတုံ့ပြန်မိတော့ နမ်းနေရင်းနဲ့မှနှုတ်ခမ်းတွန့်ရုံ ပြုံးသေးသည်....
အောက်နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းပြီး လွှတ်ပေးသည်
"နေ့လည်စာ အပြင်မှာ သွားစားကြမလား"
"သဘောလေ"
"ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်အသဲက"
"ကျနော်က ချစ်ဖို့မကောင်းဘူး ချောတာဗျ"
"ဟင့်အင်း ချစ်ဖို့ကောင်းတာ"
"ဘယ်လို လူမှန်းကို မသိဘူး"
ဖုန်းမြည်သံကြောင့် ဂျောင်ကုအလောတကြီးဖုန်းထုတ်မိလိုက်သည်
"ဟဲလို... "
ဟိုဘက်က ပြောတဲ့စကားအကြား..... ဖုန်းအမြန်ချကာ...
"sorry အသဲ ကိုယ် ပြန်မှရတော့မယ် သွားပြီနော် အသဲ"
ရုတ်ချည်း ထပြန်သွားသောကြောင့် ထယ်ယောင်းတားချိန်တောင် မရလိုက်ပါ.....
သေနာကြီး လူကို တစ်ယောက်ထဲ ထားသွားပြန်ပြီ...
#Han_Hae
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



