Ep-7
14:38, 14 November 2022ေသနာျကီး ေပ်ာက္သြားလိုက္တာ ဟိုတစ္ေန႔ကထဲက အခုထိ ေပၚမလာေသးဘူး
လြမ္းတယ္ လြမ္းတယ္....
ထိုလူျကီးမရိွရင္ ဘာတစ္ခုမွ အဆင္ေျပမေနဘူး
တစ္ခုခု လိုေနသလို.......
အဲ့လူျကီးေျကာင့္ က်ေနာ္ ရူးျပီ.....
ငါလည္း ဘယ္တုန္းက ေျချငိမ္သြားတာလဲမသိအရင္ဆို ဒီအခ်ိန္ ေကာင္မေလးေတြနဲ႔ အျပင္ေတြ ေလွ်ာက္လည္ေနမိမွာ....
အခုေတာ့ အိမ္ထဲက အိမ္ျပင္မထြက္ခ်င္ဟိုလူျကီး လာမလားဆိုတဲ့ အေတြးနဲ႔ေပါ့....
ဖုန္းဝင္လာလို႔ ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းထုတ္ကာ ျကည့္မိေတာ့ Jiminဆီက....
"ေဟ်ာင့္ ထယ္ေယာင္း ငါshoppingထြက္မလို႔ လိုက္မလား"
"အားယားေနလို႔ လိုက္ရမွာလား"
"မင္းျကိဳက္တဲ့Gucciဝယ္ေပးမယ္ေလ အဲ့ဒါဆိုရင္ေရာ"
"အင္းးး စဥ္းစားျကည့္လိုက္ဦးမယ္"
"လုပ္ပါကြာ မင္းကလည္း မူမေနစမ္းပါနဲ႔ ငါ့ yoongi hygက မအားလို႔ပါ ငါတစ္ေယာက္တည္းျဖစ္ေနလို႔ လိုက္ခဲ့ပါကြာ ေနာ္"
"ျပီးေရာ"
"အခု လာေခၚမယ္ ေစာင့္ေနေနာ္"
"အင္း ဒါပဲ"
အက်ႌလဲျပီးသည္ႏွင့္ ထယ္ေယာင္း ကားပါကင္သို႔ဆင္းလာလိုက္သည္
ခဏအျကာေတာ့ ေရာက္လာပါျပီ Park Jimin
" ေဟ်ာင့္ မင္းကားနဲ႔ပဲ သြားမယ္ ငါ့ကားက မေန႔က clubကအျပန္ ပလက္ေဖာင္းကို ဝင္တိုက္မိလို႔ workshopပုိ႔ထားရတယ္ အခုေတာင္ ငါ Taxiစီးလာရတာမို႔"
"အင္း ဒါဆိုလည္း ငါ့ကားနဲ႔ပဲ သြားျကတာေပါ့"
ထယ္ေယာင္းကားနဲ႔သာ Shopping centerတစ္ခုသို႔ ထြက္လာခဲ့သည္
Jiminကေတာ့ တစ္ဆိုင္ျပီးတစ္ဆိုင္ ဝင္ဝယ္ေနတာ မေမာႏိုင္ မပန္းႏိုင္ ဘာေတြဝင္ဝယ္ေနမွန္းလဲမသိ
"ေဟ်ာင့္ မျပီးေသးဘူးလားကြာ ငါ ေျခေထာက္ေတြ ေညာင္းေနျပီကြ"
"ေျသာ္ ေအး မျပီးေသးဘူးကြာ မင္း ေညာင္းေနရင္ Gucciဆိုင္သြားကြာ မင္းလိုခ်င္တာ ေရြးထားလိုက္ ငါျပီးရင္ လာခဲ့မယ္ေလ"
"ဝယ္ပါကြာ ျပီးေအာင္အရင္ဝယ္ျပီးမွ ငါ့ကို Gucci လိုက္ဝယ္ေပး ေတာ္ျကာ ငါက အဲ့ဆိုင္ထဲမွာ ငါလိုခ်င္တာ ေရြးျပီးတဲ့ထိ မင္းက ေရာက္ခ်မလာရင္ ငါပဲ အရွက္ကြဲမွာ ဝယ္ ဝယ္ မင္းျပီးမွ ငါ့လိုက္ဝယ္ေပး"
"ေအးပါ သူငယ္ခ်င္းရယ္ ေက်းဇူးပါ ဟီး"
"ျမန္ျမန္ေတာ့ ဝယ္ ငါ ေညာင္းေနျပီ"
"ေအးပါ ေအးပါ"
Jimin ဆိုင္တစ္ဆိုင္ထဲ ဝင္သြားေတာ့ထယ္ေယာင္း ဆိုင္ထဲ လိုက္မဝင္ျဖစ္...
ဟိုဟို ဒီဒီသာ ေလွ်ာက္ျကည့္ေနမိခ်ိန္ျမင္ကြင္းထဲ ေရာက္လာသည္က ဟိုေသနာျကီး....
ေကာင္မေလးတစ္ေယာက္က သူ႔လက္ကိုခ်ိတ္ျပီးဟိုဟာ လက္ညိဳးထိုး ဒီဟာလက္ညိဳးထိုးနဲ႔ ပူဆာေနဟန္.....
ေျသာ္ ငါကေတာ့ လြမ္းလိုက္ရတာ....
သူကေတာ့ သာယာေနတယ္ေပါ့....
ထယ္ေယာင္းဖုန္းထုတ္လိုက္သည္ထို႔ေနာက္ ေဂ်ာင္ကုဆီ ဖုန္းဆက္လိုက္ေတာ့
"ဟဲလို ထယ္ေယာင္း ဘာကိစၥလဲ"
ထယ္ေယာင္းတဲ့? ျပီးေတာ့ ဘာကိစၥလဲတဲ့...? ကိစၥရိွမွ ဆက္ရမယ္ေပါ့ သေဘာက...?
"ခင္ဗ်ား အခု ဘယ္မွာလဲ"
"ကိုယ္လား ကိုယ္ အခု အိမ္မွာေလ ဘာလို႔လဲ"
"ေျသာ္ က်ေနာ္က Shopping centerတစ္ခုမွာခင္ဗ်ား ေကာင္မေလးတစ္ေယာက္နဲ႔ ေလွ်ာက္လည္ေနတာမွတ္လို႔"
ေျပာျပီးတာနဲ႔ တိခနဲ ျပတ္ေတာက္သြားေသာ ဖုန္း
က်ေနာ္ Shopping centerေရာက္ေနတာဘယ္လုိမ်ား သိသြားတာလဲ.....
မဟုတ္မွ ေတြ႔သြားခဲ့တာလား....?
ေဘးဘီဝဲယာ ေဝ့ဝိုက္ျကည့္မိေတာ့
သြားျပီ သူ က်ေနာ္တို႔ကို ေတြ႔သြားျပီ....
က်ေနာ့္ကို နာက်ည္းသြားတဲ့အျကည့္နဲ႔ ျကည့္ျပီး လွည့္ထြက္သြားသည္
"ထယ္ေယာင္း ထယ္ေယာင္း...."
လိုက္ေခၚရန္ ျပင္ေတာ့ လက္ကို အတင္းဆြဲထားတဲ့လီယူရာ....
"oppa ဘယ္သြားမလို႔လဲ ဒီမွာ ဝယ္လို႔မျပီးေသးဘူးေလ"
"ကိုယ့္ဟာကုိယ္ ဝယ္ျပီး အိမ္ျပန္လိုက္လို႔မျဖစ္ဘူးလား လီယူရာ"
"မျဖစ္ဘူး oppaက အခု ယူရာ့ကို ထားသြားရင္ oppaအေဖနဲ႔တိုင္ေျပာမွာေနာ္"
အာရံုပဲ..... ဒီစူပါဂလူးမကို အနားက ဘယ္လိုခြာရပါ့မလဲေနာ္..... ဟူးးးး
******
"က်ေနာ္ လီယူရာသြားခ်င္တဲ့ေနရာေတြ လိုက္ပို႔ေပးျပီးသြားျပီ က်ေနာ့္ကားေသာ့ျပန္ေပး"
"ငါ ေခါင္းမူးေနတယ္ အိမ္မွာပဲေန ဆရာဝန္ေျပာတာကေတာ့ ငါ ေသြးတိုးေနတာတဲ့ မင္းအေဖကို မေသေစခ်င္ရင္ အိမ္မွာပဲေန"
"appa ဟိုတစ္ေန႔ကလည္း က်ေနာ့္ကို မူးလဲလို႔ဆိုျပီး ေခၚလို႔ က်ေနာ္ အေျပးလာခဲ့ရတာ ဒီေရာက္ေတာ့ appaက golfေတာင္ ရိုက္ေနျပီးေတာ့မ်ား အဲ့ကထဲက ဟိုေရာဂါ ဒီေရာဂါနဲ႔ က်ေနာ့္ကို ျခိမ္းေျခာက္ျပီး လီယူရာနဲ႔ နီးစပ္ေအာင္လုပ္ေနတာမလား အခုလည္း ေသြးတိုးတဲ့လား appaမွာ ဘာေရာဂါမွ မရိွတာ က်ေနာ္သိတယ္ က်ေနာ့္ေရွ႕မွာ အိုက္တင္ေတြလုပ္မေနဘဲ က်ေနာ့္ကို ကားေသာ့သာ အျမန္ေပးပါ appa"
"အာ့ဆို အေပးအယူတစ္ခုလုပ္မယ္"
"ဒီကားေသာ့ေလး ေပးဖို႔အေရးကို အေပးအယူလုပ္ရဦးမွာလား"
"ရတယ္ေလ မလုပ္ခ်င္ရင္ ကားေသာ့မေပးဘူး"
"ေကာင္းျပီ လုပ္မယ္ လုပ္မယ္"
"မနက္ျဖန္ companyမွာ အလုပ္စဆင္း"
"ဟာ က်ေနာ္...."
"မင္း မလုပ္တတ္စရာ ဘာအေျကာင္းမွ မရိွဘူးမင္းကို သင္ေပးမယ့္ လက္ေထာက္တစ္ေယာက္ကို ငါ စီစဥ္ျပီးသား ငါလည္း အသက္ျကီးျပီ မင္းကို companyလႊဲေပးျပီး ငါ အနားယူခ်င္ျပီ"
"ျပီးေရာဗ်ာ ျပီးေရာ ေပး က်ေနာ့္ကို ကားေသာ့"
အံဆြဲထဲက ကားေသာ့ကို စားပြဲေပၚ ပစ္တင္ေပးကာ
"မနက္ျဖန္ အလုပ္စဆင္းရမွာဆိုေတာ့ ဒီညျပန္မလာရင္ မင္းျပန္လာတဲ့အခါက် အိမ္ထဲက အိမ္ျပင္ ထြက္ရမယ္မထင္နဲ႔"
ေဂ်ာင္ကု ဘာမွ ဆက္မေျပာေနေတာ့ သူ႔အေဖအခန္းထဲမွ ထြက္လာခဲ့လိုက္သည္....
ေဂ်ာင္ကု ထယ္ေယာင္းကို ဖုန္းဆက္ေတာ့ မကိုင္ေပ
ေတာက္ေလွ်ာက္ မရပ္မနား လက္ေတြေညာင္းတဲ့ထိ ေခၚေနလည္း လူျကီးမင္းနဲ႔ပဲတိုးေနတာ....
ဒီေကာင္ေလး တကယ္ အထင္လြဲသြားျပီျဖစ္မည္
သူဖုန္းဆက္တုန္းကလည္း အသဲလို႔မေခၚဘဲထယ္ေယာင္းလို႔ ေခၚလိုက္တာ တစ္ျခားေတာ့မဟုတ္ ေဘးနားမွာ အတိုင္အေျကာထူမ တစ္နည္းစူပါဂလူးမ ရိွေနလို႔
အဲ့စူပါဂလူးမကို ငယ္ငယ္ေလးကထဲက ညီမေလးတစ္ေယာက္လို သံေယာဇဥ္ပဲ ရိွတာ
အဲ့ဒါကို အတင္း လိုက္ကပ္ေနတယ္ အဲ့စူပါဂလူးမက
က်ေနာ္နဲ႔ သူ႔ကို လက္ထပ္ေပးဖို႔ေတာင္ appaကို အတင္း ဂ်စ္တိုက္ျပီး သူ႔အေဖက က်ေနာ့္ကို ရွယ္ယာတစ္ခ်ိဳ႔နဲ႔ တင္ေတာင္းမယ္ဆိုျပီး appaကို ပူဆာတယ္
မိန္းကေလးက ေယာက်ာ္းေလးကို ျပန္ေတာင္းတယ္တဲ့ ဘယ္လိုဟာမ မွန္းမသိဘူး တကယ့္ ေျပာင္းျပန္.....
ေဂ်ာင္ကုတစ္ေယာက္ လီယူရာကို စိတ္ထဲကေနသာေမတၲာေတြ တစ္စီတစ္တန္းျကီးပို႔မိေတာ့သည္....
ထယ္ေယာင္းတိုက္ခန္းေရွ႕ေရာက္ေတာ့
တံခါးpasswordႏွိပ္ဖြင့္ေတာ့ တံခါးမပြင့္....
က်စ္ passwordေျပာင္းလိုက္တာျဖစ္မယ္...
ဘဲလ္တီးေသာ္လည္း တံခါးမဖြင့္ေပးေပ.....
ဖုန္းေခၚေတာ့လည္း မကိုင္....
ထိုအခါ တံခါးကို ထုျပီး
"အသဲ ကုိယ့္ကို တံခါးဖြင့္ပါဦး အသဲေရ"
"အသဲ တံခါးဖြင့္ပါကြာ ကုိယ္ ရွင္းျပပါရေစဦး ကုိယ့္အသဲ ကိုယ့္ကို တံခါးဖြင့္ေပးပါဦးကြာ အသဲေရ"
"အသဲ တံခါးမဖြင့္ေပးမခ်င္း ကိုယ္ ဒီကေန တစ္လွမ္းမွ မခြာဘူးေနာ္ အသဲေရ ကုိယ့္ကို တံခါးဖြင့္ေပးပါကြာ အသဲေရ"
ဘယ္ေလာက္ပဲ လက္အနာခံျပီး တံခါးကိုထုေန ထုေန တံခါးမဖြင့္ေပးေသာ ထယ္ေယာင္း.....
အေတာ္ျကာေတာ့အသံတိတ္သြားျပီး တံခါးထုသံထပ္မျကားရေတာ့ေျကာင့္..... ထယ္ေယာင္း တံခါးဖြင့္ကာ ျကည့္မိေတာ့ နံရံကို မွီျပီး ထိုင္ေနေသာ ေဂ်ာင္ကု....
ထယ္ေယာင္းတံခါးဖြင့္လာသည္ကို ေတြ႔ေတာ့ခ်က္ခ်င္း ထျပီး
"အသဲ ကိုယ္ ရွင္းျပမယ္ေလ အသဲရာ"
"ခင္ဗ်ားနဲ႔ က်ေနာ္ ျပတ္ျပီ"
"ဟာ အသဲ အဲ့လိုမလုပ္နဲ႔ေလ"
တံခါးကို ဂ်ိန္းခနဲ ျပန္ပိတ္သြားေသာ ထယ္ေယာင္း
တံခါးကို ဆက္တိုက္ထုရင္း....
"အသဲ ကိုယ့္ကုိ ရွင္းျပခြင့္ေလးေတာ့ေပးေလ အသဲရဲ႕ ကိုယ့္အသဲေရ တံခါးဖြင့္ပါကြာ"
ညဘက္ထိ တိုက္ခန္းေရွ႕မွာ ထိုင္ေစာင့္ေနသည္
ထယ္ေယာင္း အျပင္ထြက္မလာခဲ့....
အိမ္မျပန္လို႔ကလည္း မျဖစ္ ဒီညအိမ္မျပန္ရင္ျပန္ေရာက္တဲ့အခါက် အိမ္ထဲက အိမ္ျပင္ မထြက္ရဘဲ ျဖစ္သြားမယ္လို႔ မွာလိုက္တာေျကာင့္ အျပင္ထြက္ခြင့္ ပါမစ္ေလး ပိတ္သြားမွျဖင့္.....
ေဂ်ာင္ကု အိမ္ျပန္သြားခဲ့သည္....
ထိုအခါမွ တံခါးဖြင့္ျကည့္ေသာ ထယ္ေယာင္း
"ေသနာျကီး ေျပာေတာ့ တံခါးဖြင့္မေပးမခ်င္း တစ္လွမ္းမွ မခြာဘူးဆို လူယုတ္မာ ညာတယ္"
မ်က္ရည္က ေပါက္ခနဲ က်လာေသာအခါ
"ငိုးမ မ်က္ရည္ ဘာကိစၥက်လာရတာလဲ ရူးသြားျပီလား Kim Taehyung ဟုတ္တယ္ အဲ့ေကာင္က မင္းကို အေပ်ာ္ကစားရံု အဲ့ဒါကို မင္းက သက္သက္မဲ့ သြားျပီး ေမွ်ာ္လင့္ခ်က္ေတြ ထားေနတာပဲ ေမ့မွ ရမယ္ ဟုတ္တယ္ ေမ့လိုက္ ဟင့္ မက်ပါနဲ႔ဆိုမွ က်လာျပန္ျပီ ငိုးမမ်က္ရည္ေတြ"
TBC💜
#Han_Hae
သေနာကြီး ပျောက်သွားလိုက်တာ ဟိုတစ်နေ့ကထဲက အခုထိ ပေါ်မလာသေးဘူး
လွမ်းတယ် လွမ်းတယ်....
ထိုလူကြီးမရှိရင် ဘာတစ်ခုမှ အဆင်ပြေမနေဘူး
တစ်ခုခု လိုနေသလို.......
အဲ့လူကြီးကြောင့် ကျနော် ရူးပြီ.....
ငါလည်း ဘယ်တုန်းက ခြေငြိမ်သွားတာလဲမသိအရင်ဆို ဒီအချိန် ကောင်မလေးတွေနဲ့ အပြင်တွေ လျှောက်လည်နေမိမှာ....
အခုတော့ အိမ်ထဲက အိမ်ပြင်မထွက်ချင်ဟိုလူကြီး လာမလားဆိုတဲ့ အတွေးနဲ့ပေါ့....
ဖုန်းဝင်လာလို့ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းထုတ်ကာ ကြည့်မိတော့ Jiminဆီက....
"ဟျောင့် ထယ်ယောင်း ငါshoppingထွက်မလို့ လိုက်မလား"
"အားယားနေလို့ လိုက်ရမှာလား"
"မင်းကြိုက်တဲ့Gucciဝယ်ပေးမယ်လေ အဲ့ဒါဆိုရင်ရော"
"အင်း စဉ်းစားကြည့်လိုက်ဦးမယ်"
"လုပ်ပါကွာ မင်းကလည်း မူမနေစမ်းပါနဲ့ ငါ့ yoongi hygက မအားလို့ပါ ငါတစ်ယောက်တည်းဖြစ်နေလို့ လိုက်ခဲ့ပါကွာ နော်"
"ပြီးရော"
"အခု လာခေါ်မယ် စောင့်နေနော်"
"အင်း ဒါပဲ"
အင်္ကျီလဲပြီးသည်နှင့် ထယ်ယောင်း ကားပါကင်သို့ဆင်းလာလိုက်သည်
ခဏအကြာတော့ ရောက်လာပါပြီ Park Jimin
" ဟျောင့် မင်းကားနဲ့ပဲ သွားမယ် ငါ့ကားက မနေ့က clubကအပြန် ပလက်ဖောင်းကို ဝင်တိုက်မိလို့ workshopပို့ထားရတယ် အခုတောင် ငါ Taxiစီးလာရတာမို့"
"အင်း ဒါဆိုလည်း ငါ့ကားနဲ့ပဲ သွားကြတာပေါ့"
ထယ်ယောင်းကားနဲ့သာ Shopping centerတစ်ခုသို့ ထွက်လာခဲ့သည်
Jiminကတော့ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ဝယ်နေတာ မမောနိုင် မပန်းနိုင် ဘာတွေဝင်ဝယ်နေမှန်းလဲမသိ
"ဟျောင့် မပြီးသေးဘူးလားကွာ ငါ ခြေထောက်တွေ ညောင်းနေပြီကွ"
"သြော် အေး မပြီးသေးဘူးကွာ မင်း ညောင်းနေရင် Gucciဆိုင်သွားကွာ မင်းလိုချင်တာ ရွေးထားလိုက် ငါပြီးရင် လာခဲ့မယ်လေ"
"ဝယ်ပါကွာ ပြီးအောင်အရင်ဝယ်ပြီးမှ ငါ့ကို Gucci လိုက်ဝယ်ပေး တော်ကြာ ငါက အဲ့ဆိုင်ထဲမှာ ငါလိုချင်တာ ရွေးပြီးတဲ့ထိ မင်းက ရောက်ချမလာရင် ငါပဲ အရှက်ကွဲမှာ ဝယ် ဝယ် မင်းပြီးမှ ငါ့လိုက်ဝယ်ပေး"
"အေးပါ သူငယ်ချင်းရယ် ကျေးဇူးပါ ဟီး"
"မြန်မြန်တော့ ဝယ် ငါ ညောင်းနေပြီ"
"အေးပါ အေးပါ"
Jimin ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတော့ထယ်ယောင်း ဆိုင်ထဲ လိုက်မဝင်ဖြစ်...
ဟိုဟို ဒီဒီသာ လျှောက်ကြည့်နေမိချိန်မြင်ကွင်းထဲ ရောက်လာသည်က ဟိုသေနာကြီး....
ကောင်မလေးတစ်ယောက်က သူ့လက်ကိုချိတ်ပြီးဟိုဟာ လက်ညိုးထိုး ဒီဟာလက်ညိုးထိုးနဲ့ ပူဆာနေဟန်.....
သြော် ငါကတော့ လွမ်းလိုက်ရတာ....
သူကတော့ သာယာနေတယ်ပေါ့....
ထယ်ယောင်းဖုန်းထုတ်လိုက်သည်ထို့နောက် ဂျောင်ကုဆီ ဖုန်းဆက်လိုက်တော့
"ဟဲလို ထယ်ယောင်း ဘာကိစ္စလဲ"
ထယ်ယောင်းတဲ့? ပြီးတော့ ဘာကိစ္စလဲတဲ့...? ကိစ္စရှိမှ ဆက်ရမယ်ပေါ့ သဘောက...?
"ခင်ဗျား အခု ဘယ်မှာလဲ"
"ကိုယ်လား ကိုယ် အခု အိမ်မှာလေ ဘာလို့လဲ"
"သြော် ကျနော်က Shopping centerတစ်ခုမှာခင်ဗျား ကောင်မလေးတစ်ယောက်နဲ့ လျှောက်လည်နေတာမှတ်လို့"
ပြောပြီးတာနဲ့ တိခနဲ ပြတ်တောက်သွားသော ဖုန်း
ကျနော် Shopping centerရောက်နေတာဘယ်လိုများ သိသွားတာလဲ.....
မဟုတ်မှ တွေ့သွားခဲ့တာလား....?
ဘေးဘီဝဲယာ ဝေ့ဝိုက်ကြည့်မိတော့
သွားပြီ သူ ကျနော်တို့ကို တွေ့သွားပြီ....
ကျနော့်ကို နာကျည်းသွားတဲ့အကြည့်နဲ့ ကြည့်ပြီး လှည့်ထွက်သွားသည်
"ထယ်ယောင်း ထယ်ယောင်း...."
လိုက်ခေါ်ရန် ပြင်တော့ လက်ကို အတင်းဆွဲထားတဲ့လီယူရာ....
"oppa ဘယ်သွားမလို့လဲ ဒီမှာ ဝယ်လို့မပြီးသေးဘူးလေ"
"ကိုယ့်ဟာကိုယ် ဝယ်ပြီး အိမ်ပြန်လိုက်လို့မဖြစ်ဘူးလား လီယူရာ"
"မဖြစ်ဘူး oppaက အခု ယူရာ့ကို ထားသွားရင် oppaအဖေနဲ့တိုင်ပြောမှာနော်"
အာရုံပဲ..... ဒီစူပါဂလူးမကို အနားက ဘယ်လိုခွာရပါ့မလဲနော်..... ဟူး
******
"ကျနော် လီယူရာသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးပြီးသွားပြီ ကျနော့်ကားသော့ပြန်ပေး"
"ငါ ခေါင်းမူးနေတယ် အိမ်မှာပဲနေ ဆရာဝန်ပြောတာကတော့ ငါ သွေးတိုးနေတာတဲ့ မင်းအဖေကို မသေစေချင်ရင် အိမ်မှာပဲနေ"
"appa ဟိုတစ်နေ့ကလည်း ကျနော့်ကို မူးလဲလို့ဆိုပြီး ခေါ်လို့ ကျနော် အပြေးလာခဲ့ရတာ ဒီရောက်တော့ appaက golfတောင် ရိုက်နေပြီးတော့များ အဲ့ကထဲက ဟိုရောဂါ ဒီရောဂါနဲ့ ကျနော့်ကို ခြိမ်းခြောက်ပြီး လီယူရာနဲ့ နီးစပ်အောင်လုပ်နေတာမလား အခုလည်း သွေးတိုးတဲ့လား appaမှာ ဘာရောဂါမှ မရှိတာ ကျနော်သိတယ် ကျနော့်ရှေ့မှာ အိုက်တင်တွေလုပ်မနေဘဲ ကျနော့်ကို ကားသော့သာ အမြန်ပေးပါ appa"
"အာ့ဆို အပေးအယူတစ်ခုလုပ်မယ်"
"ဒီကားသော့လေး ပေးဖို့အရေးကို အပေးအယူလုပ်ရဦးမှာလား"
"ရတယ်လေ မလုပ်ချင်ရင် ကားသော့မပေးဘူး"
"ကောင်းပြီ လုပ်မယ် လုပ်မယ်"
"မနက်ဖြန် companyမှာ အလုပ်စဆင်း"
"ဟာ ကျနော်...."
"မင်း မလုပ်တတ်စရာ ဘာအကြောင်းမှ မရှိဘူးမင်းကို သင်ပေးမယ့် လက်ထောက်တစ်ယောက်ကို ငါ စီစဉ်ပြီးသား ငါလည်း အသက်ကြီးပြီ မင်းကို companyလွှဲပေးပြီး ငါ အနားယူချင်ပြီ"
"ပြီးရောဗျာ ပြီးရော ပေး ကျနော့်ကို ကားသော့"
အံဆွဲထဲက ကားသော့ကို စားပွဲပေါ် ပစ်တင်ပေးကာ
"မနက်ဖြန် အလုပ်စဆင်းရမှာဆိုတော့ ဒီညပြန်မလာရင် မင်းပြန်လာတဲ့အခါကျ အိမ်ထဲက အိမ်ပြင် ထွက်ရမယ်မထင်နဲ့"
ဂျောင်ကု ဘာမှ ဆက်မပြောနေတော့ သူ့အဖေအခန်းထဲမှ ထွက်လာခဲ့လိုက်သည်....
ဂျောင်ကု ထယ်ယောင်းကို ဖုန်းဆက်တော့ မကိုင်ပေ
တောက်လျှောက် မရပ်မနား လက်တွေညောင်းတဲ့ထိ ခေါ်နေလည်း လူကြီးမင်းနဲ့ပဲတိုးနေတာ....
ဒီကောင်လေး တကယ် အထင်လွဲသွားပြီဖြစ်မည်
သူဖုန်းဆက်တုန်းကလည်း အသဲလို့မခေါ်ဘဲထယ်ယောင်းလို့ ခေါ်လိုက်တာ တစ်ခြားတော့မဟုတ် ဘေးနားမှာ အတိုင်အကြောထူမ တစ်နည်းစူပါဂလူးမ ရှိနေလို့
အဲ့စူပါဂလူးမကို ငယ်ငယ်လေးကထဲက ညီမလေးတစ်ယောက်လို သံယောဇဉ်ပဲ ရှိတာ
အဲ့ဒါကို အတင်း လိုက်ကပ်နေတယ် အဲ့စူပါဂလူးမက
ကျနော်နဲ့ သူ့ကို လက်ထပ်ပေးဖို့တောင် appaကို အတင်း ဂျစ်တိုက်ပြီး သူ့အဖေက ကျနော့်ကို ရှယ်ယာတစ်ချို့နဲ့ တင်တောင်းမယ်ဆိုပြီး appaကို ပူဆာတယ်
မိန်းကလေးက ယောက်ျားလေးကို ပြန်တောင်းတယ်တဲ့ ဘယ်လိုဟာမ မှန်းမသိဘူး တကယ့် ပြောင်းပြန်.....
ဂျောင်ကုတစ်ယောက် လီယူရာကို စိတ်ထဲကနေသာမေတ္တာတွေ တစ်စီတစ်တန်းကြီးပို့မိတော့သည်....
ထယ်ယောင်းတိုက်ခန်းရှေ့ရောက်တော့
တံခါးpasswordနှိပ်ဖွင့်တော့ တံခါးမပွင့်....
ကျစ် passwordပြောင်းလိုက်တာဖြစ်မယ်...
ဘဲလ်တီးသော်လည်း တံခါးမဖွင့်ပေးပေ.....
ဖုန်းခေါ်တော့လည်း မကိုင်....
ထိုအခါ တံခါးကို ထုပြီး
"အသဲ ကိုယ့်ကို တံခါးဖွင့်ပါဦး အသဲရေ"
"အသဲ တံခါးဖွင့်ပါကွာ ကိုယ် ရှင်းပြပါရစေဦး ကိုယ့်အသဲ ကိုယ့်ကို တံခါးဖွင့်ပေးပါဦးကွာ အသဲရေ"
"အသဲ တံခါးမဖွင့်ပေးမချင်း ကိုယ် ဒီကနေ တစ်လှမ်းမှ မခွာဘူးနော် အသဲရေ ကိုယ့်ကို တံခါးဖွင့်ပေးပါကွာ အသဲရေ"
ဘယ်လောက်ပဲ လက်အနာခံပြီး တံခါးကိုထုနေ ထုနေ တံခါးမဖွင့်ပေးသော ထယ်ယောင်း.....
အတော်ကြာတော့အသံတိတ်သွားပြီး တံခါးထုသံထပ်မကြားရတော့ကြောင့်..... ထယ်ယောင်း တံခါးဖွင့်ကာ ကြည့်မိတော့ နံရံကို မှီပြီး ထိုင်နေသော ဂျောင်ကု....
ထယ်ယောင်းတံခါးဖွင့်လာသည်ကို တွေ့တော့ချက်ချင်း ထပြီး
"အသဲ ကိုယ် ရှင်းပြမယ်လေ အသဲရာ"
"ခင်ဗျားနဲ့ ကျနော် ပြတ်ပြီ"
"ဟာ အသဲ အဲ့လိုမလုပ်နဲ့လေ"
တံခါးကို ဂျိန်းခနဲ ပြန်ပိတ်သွားသော ထယ်ယောင်း
တံခါးကို ဆက်တိုက်ထုရင်း....
"အသဲ ကိုယ့်ကို ရှင်းပြခွင့်လေးတော့ပေးလေ အသဲရဲ့ ကိုယ့်အသဲရေ တံခါးဖွင့်ပါကွာ"
ညဘက်ထိ တိုက်ခန်းရှေ့မှာ ထိုင်စောင့်နေသည်
ထယ်ယောင်း အပြင်ထွက်မလာခဲ့....
အိမ်မပြန်လို့ကလည်း မဖြစ် ဒီညအိမ်မပြန်ရင်ပြန်ရောက်တဲ့အခါကျ အိမ်ထဲက အိမ်ပြင် မထွက်ရဘဲ ဖြစ်သွားမယ်လို့ မှာလိုက်တာကြောင့် အပြင်ထွက်ခွင့် ပါမစ်လေး ပိတ်သွားမှဖြင့်.....
ဂျောင်ကု အိမ်ပြန်သွားခဲ့သည်....
ထိုအခါမှ တံခါးဖွင့်ကြည့်သော ထယ်ယောင်း
"သေနာကြီး ပြောတော့ တံခါးဖွင့်မပေးမချင်း တစ်လှမ်းမှ မခွာဘူးဆို လူယုတ်မာ ညာတယ်"
မျက်ရည်က ပေါက်ခနဲ ကျလာသောအခါ
"ငိုးမ မျက်ရည် ဘာကိစ္စကျလာရတာလဲ ရူးသွားပြီလား Kim Taehyung ဟုတ်တယ် အဲ့ကောင်က မင်းကို အပျော်ကစားရုံ အဲ့ဒါကို မင်းက သက်သက်မဲ့ သွားပြီး မျှော်လင့်ချက်တွေ ထားနေတာပဲ မေ့မှ ရမယ် ဟုတ်တယ် မေ့လိုက် ဟင့် မကျပါနဲ့ဆိုမှ ကျလာပြန်ပြီ ငိုးမမျက်ရည်တွေ"
TBC💜
#Han_Hae
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



