Ep-4
14:37, 14 November 2022Zawgyi
"ခင္ဗ်ား ျပန္ေတာ့..."
ထိုအခါ စားေနရင္းမွ မ်က္လံုး တစ္ခ်က္ပင့္ျကည့္လာတဲ့ ေဂ်ာင္ကု။
"ခင္ဗ်ားကို ေျပာတဲ့ တာဝန္ယူပါဆိုတဲ့စကားရုတ္သိမ္းတယ္ အခုခ်က္ခ်င္းျပန္ ေနာက္လည္း ဘယ္ေတာ့မွ က်ေနာ့္တိုက္ခန္းကို မလာပါနဲ႔"
ေျပာေနသည္ကို မျကားခ်င္ေယာင္ေဆာင္ကာ ေအးေအးေဆးေဆး ထမင္းစားေနေသာ အျမင္ကပ္စရာေကာင္ျကီး
"ခင္ဗ်ားကို ျပန္ေတာ့လို႔ ေျပာေနတယ္ေလ!!"
"ထပ္ေျပာရင္ တကယ္Fuckပစ္မွာ"
ဟာ ဒီေသာက္ျမင္ကပ္စရာလူျကီးနဲ႔ေတာ့!!
ဘာမွ ျပန္မေျပာဘဲ ထိုင္ေနရာမွ ထမယ္ျကံေတာ့
"ျပန္ထိုင္.. "
အမိန္႔ေပးတဲ့ေလသံျကီး
မုန္းလိုက္တာဆိုတာ အဲ့ေသာက္ျမင္ကပ္စရာလူကို
"ဘာလုပ္ေနတာလဲ ျပန္ထိုင္လို႔ ေျပာေနတာ မျကားဘူးလား"
ေဘာက္ဆတ္ဆတ္နဲ႔ ျပန္ထိုင္လိုက္ရေသာ ထယ္ေယာင္းပါေလ...။
မနက္စာစားျပီးေတာ့ ထယ္ေယာင္းတစ္ေယာက္အိပ္ခန္းထဲမွာ ျပန္ဝင္အိပ္ေနသည္။
ထိုအခ်ိန္ ေဘာင္းဘီလာခ်ြတ္ေသာ ေသာက္ျမင္ကပ္စရာလူျကီး
"ခင္ဗ်ား ဘာလုပ္တာလဲ"
"ေမွာက္လိုက္"
ဘာေကာင္ျကီးလဲဟ!!
ဝမ္းလ်ားမေမွာက္ေသာ ထယ္ေယာင္းကို ဆြဲေမွာက္လိုက္ေသာ ေဂ်ာင္ကု။
"ခင္ဗ်ား!!"
"ျငိမ္ျငိမ္ေန"
ေဆးထည့္ေပးေနေသာ ေဂ်ာင္ကုပါေလ......။
"ရျပီ"
"ခင္ဗ်ား မျပန္ေသးဘူးလား"
"ေဘဘီ ေနမေကာင္းဘူးေလ"
"အရင္တုန္းက က်ေနာ္ ေနမေကာင္းလည္း တစ္ေယာက္တည္းပဲ ဂရုစိုက္ေပးဖို႔ လူမလိုဘူး"
ဘာရယ္မဟုတ္ ခုနက အဲ့လူေျပာတဲ့ ရည္းစားေတြကမ်ားလြန္းလို႔ ဘယ္ႏွစ္ေယာက္ေျမာက္လဲဆိုတာ မမွတ္မိဘူးဆိုတဲ့စကားေျကာင့္ လူက ဘာလို႔လဲမသိ ေဒါသထြက္ေနတာပဲ သိသည္....။
"အခုေတာ့ လိုျပီေလ ေဘဘီပဲ ေဘဘီ့ကို တာဝန္ယူဆို ခဏေလး ကိုယ္ ေဘဘီေသာက္ဖို႔ ေဆးသြားယူေပးမယ္ ေဆးေသာက္ျပီးမွ ျပန္အိပ္ရင္အိပ္"
အခန္းထဲက ထြက္ျပီး ျပန္ဝင္လာေသာ ထိုလူ
လက္ထဲ ေဆးလာထည့္ေပးသည္
"က်ေနာ္ ေဆးေသာက္မယ္လို႔ ခင္ဗ်ားကို ဘယ္သူေျပာလဲ"
"ေဘဘီ မဆိုးစမ္းနဲ႔ ေနမေကာင္းတာကို ေဆးမေသာက္ပဲ ေနမလို႔လား"
"အရင္က ေနမေကာင္းျဖစ္လည္း မေသာက္ဘူး အခုလည္း မေသာက္ဘူး ေနမေကာင္းေလးျဖစ္တာ ေသသြားမွာမွ မဟုတ္တာ"
"ေကာင္းေကာင္းတိုက္ေနတုန္း ေသာက္ေနာ္"
"မေသာက္ဘူး"
"ေကာင္းျပီ"
ရုတ္ခ်ည္း သူ႔ပါးစပ္ထဲ ေဆးလံုးထည့္ျပီး လာနမ္းေသာ ေသာက္ျမင္ကပ္စရာေကာင္ျကီး
နမ္းေနရင္းမွ ႏႈတ္ခမ္းကို ဖိကိုက္လိုက္ေသာေျကာင့္ ပြင့္သြားတဲ့ပါးစပ္ထဲ ေဆးလံုးကို ေတ့ထည့္ေပးသည္။
Mother Besideျကီး!! ခါးလိုက္တာဆိုတာ!!
"ေရျမန္ျမန္ေပး... ေရ ေရ အရမ္းခါးတယ္"
ေရကမ္းေပးလိုက္ေတာ့ စြက္ခနဲဆြဲယူျပီးေသာက္လိုက္ေသာထယ္ေယာင္း။
"ခင္ဗ်ားကို မုန္း-"
ရုတ္ခ်ည္း နဖူးကို လာနမ္းျပန္ေသာ ေဂ်ာင္ကုေျကာင့္ဆက္ေျပာမည့္စကားမ်ား အေပ်ာက္ေပ်ာက္အရွရွ.....။
"ကေလးေလး"
"ဘာ!! က်ေနာ္ ကေလးမဟုတ္ဘူး!!"
"ေဆးေျကာက္လို႔ မေသာက္တာ ကေလးေလးပဲေပါ့"
ႏႈတ္ခမ္းျကီး ဆူပုတ္ေနေသာ ထယ္ေယာင္းဆံပင္တို႔အား အသာဖြကာ
"ကိုယ္ ေန႔လည္စာ ခ်က္ထားမယ္ အိပ္ေနေနာ္ ႏိုးလာရင္ သက္သာသြားမွာပါ"
ထယ္ေယာင္း ေဂ်ာင္ကုအား ဘာမွျပန္ေျပာမေနေတာ့ဘဲ ေက်ာေပးကာ လွဲအိပ္ခ်လိုက္သည္။
ရင္ဘတ္တစ္ေနရာက အစိုးမရစြာခုန္ေနတာကိုဒီလူျကီး ျကားသြားမလားပဲ!!
ေန႔လည္ေရာက္ေတာ့ ထယ္ေယာင္း ႏိုးလာသည္။ မနက္က အိပ္ေရးမဝလို႔ ျပန္အိပ္လိုက္တာ အခု ဘယ္ႏွစ္နာရီေတာင္ ရိွသြားျပီလဲမသိ။ ဒါနဲ႔ ဟိုလူျကီးေရာ....
အိပ္ခန္းထဲမွ ထြက္ျကည့္ေတာ့ ဧည့္ခန္းထဲမွာေဆးလိပ္ထိုင္ေသာက္ေနတဲ့ ေဂ်ာင္ကုကိုေတြ႔သည္။
"ဟာ ေဟ့လူ ေဆးလိပ္မေသာက္နဲ႔ေလ ဒီအခန္းက အလံုျကီးေလဗ်ာ အဟြတ္ အဟြတ္...."
ထိုအခါ အလ်င္အျမန္ပင္ ေရွ႕က ျပာခြက္ထဲကို ေဆးလိပ္ကို ထည့္ခ်လိုက္ျပီး
"sorry ေဘဘီ sorryပါ ကိုယ္ ေမ့သြားလို႔"
ေဆးလိပ္ေငြ႔က အခန္းထဲ ပ်ံ႕ေနေသာေျကာင့္ေဂ်ာင္ကုတစ္ေယာက္ ဝရံတာဘက္က မွန္တံခါးမ်ားအား သြားဖြင့္ပစ္ရေသးသည္။
"ဒါနဲ႔ ခင္ဗ်ား ေန႔လည္စာစားျပီးျပီလား"
"ဟင့္အင္း ေဘဘီ့ကို ေစာင့္ေနတာ..."
"ဟာ ခင္ဗ်ားအစာလြန္ေနရာေပါ့ စားႏွင့္တာမဟုတ္ဘူး"
"ေဘဘီနဲ႔အတူ စားခ်င္လို႔ပါ လာ ခ်ီဖို႔လိုေသးလား"
"မလိုပါဘူး က်ေနာ့္ေျခေထာက္က အေကာင္းျကီးပါ ခင္ဗ်ားဘာသာ ဘယ္သြားသြား ခ်ီေနတာ က်ေနာ္ မသန္မစြမ္း မဟုတ္ဘူး"
"ကိုယ္က ေဘဘီ လမ္းေလွ်ာက္ရင္ နာေနမွာစိုးလို႔ပါ"
ထမင္းစားခန္းထဲေရာက္ေတာ့ ျကည့္လိုက္တာနဲ႔ စားခ်င္စဖြယ္အတိ။
အထူးတလည္ စားေကာင္းေသာက္ေကာင္း ဟင္းပြဲျကီးေတြ မဟုတ္ေပမယ့္ တကယ့္မိသားစုထမင္းဝိုင္းေလးလိုပင္။
"ထိုင္ေလ ကေလး"
အဲ့ကေလးက ရည္းစားကို သက္ေစ့တြဲေနတယ္ဆိုတာ ခင္ဗ်ားမသိဘူးလားလို႔ ျပန္ေျပာခ်င္ေပမယ့္ ထမင္းခ်က္ေကြ်းတဲ့မ်က္ႏွာေျကာင့္ သည္းခံလိုက္ပါမယ္ေလ။
စားပြဲရဲ႕ ထိုင္ခံုမွာ 2ေယာက္စလံုး မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္သည္။
"ေရာ့ ျကက္ဥလိပ္ေလးစားျကည့္..."
ခြံေကြ်းဖို႔လုပ္ေနတဲ့ လူျကီး...
က်ေနာ္လည္းမျငင္း အလိုက္သင့္ဟေပးလိုက္ေတာ့ျကက္ဥလိပ္ေလး ခံတြင္းထဲ ဝင္လာသည္
"ဘယ္လိုလဲ ျကိဳက္လား"
"အင္း...ျကိဳက္တယ္....ခင္ဗ်ားက ဒါေတြ ခ်က္တတ္တယ္ေနာ္ က်ေနာ္ကေတာ့ ဒီဟင္းပြဲေသးေသးေလးေတြေတာင္ မခ်က္တတ္ဘူး"
"ကိုယ့္အေမသင္ေပးထားတာ ဒါေတာင္ ကိုယ့္အေမလက္ရာက ကိုယ့္ထက္ ပိုေကာင္းတယ္"
"ခင္ဗ်ားအေမက ခင္ဗ်ားကို ေတာ္ေတာ္ခ်စ္မယ့္ပံုပဲေနာ္"
"အင္း ကိုယ့္အေမက ကိုယ့္ကို သိပ္ခ်စ္တာ"
တိတ္ဆိတ္သြားေသာ ထမင္းဝိုင္း.....။
ထမင္းကို တူနဲ႔ တို႔ထိ တို႔ထိသာ ပါးစပ္ထဲသြင္းေနတဲ့ ထယ္ေယာင္းေျကာင့္
" အမ်ားျကီးစားပါ ေဘဘီရဲ႕ ဘာလဲ စားမေကာင္းဘူးလား"
ေခါင္းကို အတြင္တြင္ခါျပေလေသာ ထယ္ေယာင္းမွာ ေခါင္းျကီးေအာက္စိုက္ကာ မထိသထိသာစားေနျပန္သည္။
ထို႔ေနာက္ မျကာလိုက္ပါ ပုခံုးေလးေတြ တသိမ့္သိမ့္တုန္လာသည္မို႔
"ေဘဘီ ငိုေနတာလား...ဘာလို႔လဲ ေဘဘီရဲ႕"
ေခါင္းျကီးငံု႕ထားျပီး ေခါင္း အတြင္တြင္ ထပ္ခါျပေသာ သူ႔အသဲ....
"ဘာျဖစ္လို႔လဲလို႔ကြာ မငိုပါနဲ႔ ေဘဘီရဲ႕"
ေဂ်ာင္ကုထိုင္ေနရာမွ ထကာ ထယ္ေယာင္းထိုင္ေနတဲ့နားသြားျပီး ထိုင္ေနတဲ့ ထယ္ေယာင္းကိုသူ မတ္တပ္ရပ္ေနရင္းေပြ႔ဖက္လိုက္သည္....။
ထိုအခါ ပိုလို႔ပင္ ငိုခ်ေသာ ထယ္ေယာင္း...
"တိတ္ပါ ေဘဘီရယ္ မငိုပါနဲ႔..."
ဘာျဖစ္လို႔လဲ ေမးလည္း မေျဖ ငိုသာငိုေနသည္။
ဒီေကာင္ေလး စိတ္ဓာတ္သန္မာမယ္လို႔ ထင္ထားတာ ဒီလိုလည္း ငိုတတ္တာပဲလား ေအးေလ သူလည္း လူပဲဟာ ခံစားခ်က္ေတြရိွမွာေပါ့....။
"က်ေနာ္ မငိုေတာ့ဘူး လႊတ္ေတာ့..."
အတင္းရုန္းသည္မို႔ လႊတ္ေပးလိုက္ရသည္...
မ်က္ရည္ေတြကို လက္ဖမိုးနဲ႔ ဆြဲသုတ္ေနေသာ ထယ္ေယာင္း။
ေရွ႕မ်က္ႏွာခ်င္းဆိုင္က ခံုေလးမွာ ေဂ်ာင္ကုျပန္ထိုင္လိုက္ျပီး ထယ္ေယာင္းမ်က္ႏွာေလးကို ျကည့္ေတာ့ ငိုထားေသာအရိွန္ေျကာင့္ မ်က္လံုးမ်ားဟာ နီရဲလို႔ေနသည္။
ထမင္းကို တို႔ကနန္း ဆိတ္ကနန္းသာ စားေနျပန္သည္မို႔
"အမ်ားျကီးစားေလ ေဘဘီရဲ႕ ကိုယ္ ခြံေကြ်းရမလား"
"မလိုပါဘူး က်ေနာ့္မွာ လက္ပါတယ္"
ေျပာျပီးတာနဲ႔ ထမင္းပန္းကန္ထဲမ်က္ႏွာအပ္ကာေခါင္းမေဖာ္ပဲစားေနေသာ ထယ္ေယာင္းေျကာင့္ ေဂ်ာင္ကုျပံဳးကာပင္ ထယ္ေယာင္းထမင္းပန္းကန္ထဲသို႔ ဟင္းေတြ တစ္ခုျပီးတစ္ခုသာ ထည့္ေပးေနမိသည္။
ထိုအခ်ိန္ ဖုန္းက messageဝင္လာလို႔ ေဂ်ာင္ကု ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းထုတ္ကာျကည့္မိေတာ့....
"oppa ဘယ္မွာလဲ ယူရာနဲ႔ လူခ်င္းေတြ႔ျပီး စကားေျပာရေအာင္"
မျကာလိုက္ပါ ေနာက္ထပ္1ေစာင္ ထပ္ပို႔ျပန္ပါျပီ
"oppa oppaမေန႔ညက ေစ့စပ္ပြဲ မလာလို႔ ယူရာ့အေဖ ေဒါသ ထြက္ေနတယ္ ယူရာလည္း စိတ္ေကာက္ေနတယ္ အဲ့ဒါ ဒီေန႔အတြင္း အျမန္လာေခ်ာ့ပါ"
ဘာမွျပန္မပို႔ဘဲ ဖုန္းကို ေဘးခ်ကာ ထမင္းသာဆက္စားေနေသာအခါ....
တေတာင္ေတာင္နဲ႔ ထပ္ဝင္လာေသာmessageမ်ား
က်စ္ ဒီစူပါဂလူးမ အာရံုပဲ....
"ဘယ္သူ႔ဆီကလဲ တေတာင္ေတာင္နဲ႔ နားျငီးတယ္ ခင္ဗ်ားရည္းစားဆီကလား"
"မဟုတ္ပါဘူး... "
ဖုန္းကို စက္ပိတ္ျပီး ထမင္းေအးေဆးစားေနေသာေဂ်ာင္ကု.....။
"ဟိုေလ က်ေနာ္ တာဝန္ယူပါလို႔ ေျပာခဲ့တဲ့စကားေလ ျပန္ရုတ္သိမ္းတာမို႔ ခင္ဗ်ား ျပန္လို႔ရပါတယ္ ေတာ္ျကာ ခင္ဗ်ားရည္းစား-"
ထမင္းစားေနရာကေန တူကို စားပြဲေပၚ ေဒါက္ခနဲ ခ်လိုက္သည္မို႔ ထယ္ေယာင္းလန္႔သြားသည္မွာအမွန္
"မင္း အတင္းတာဝန္ယူမခိုင္းရင္ေတာင္ ငါက တာဝန္ယူမွာ!"
"ခင္ဗ်ား သေဘာ.... "
အသိအမွတ္ျပဳရံု ေခါင္းတျငိမ့္ျငိမ့္လုပ္ျပေသာထယ္ေယာင္းပါေလ....။
"ကိုယ့္မွာ ရည္းစားဆိုလို႔ ေဘဘီတစ္ေယာက္ထဲပဲ ရိွတာပါ ေဘဘီရယ္ ပူမေနစမ္းပါနဲ႔"
မ်က္လံုးတစ္ဖက္မွိတ္ျပကာ ေျပာလာေသာ ေဂ်ာင္ကုေျကာင့္
"ခင္ဗ်ားနဲ႔ က်ေနာ္ ရည္းစားျဖစ္သြားတာ အဆန္းျကီးေနာ္ romanticမဆန္လိုက္တာ..."
ထိုအခါ ေဂ်ာင္ကု အသံထြက္ရံုမွ် ရီမိသည္....။
ဟုတ္ပါရဲ႕ ဘယ္လိုေတြေတာင္ ရည္းစားျဖစ္သြားခဲ့ပါလိမ့္။
သူ ဒီေကာင္ေလးကို ခ်စ္တယ္လို႔လဲ တစ္ခြန္းမွ ထုတ္မေျပာပါဘဲနဲ႔ ဒီေကာင္ေလးက သူ႔ကိုရည္းစားအျဖစ္ လက္ခံလိုက္တယ္ဆိုေတာ့ ေသခ်ာပါတယ္ ဒီေကာင္ေလး သူ႔ကို ခ်စ္ေနပါျပီ.....။
"မ်ားမ်ားစား"
ဟင္းေတြ ထပ္ထည့္ေပးေနေသာ ေဂ်ာင္ကုပါေလ။
ထမင္းစားျပီးသည္ႏွင့္ ပန္းကန္ေဆး တာဝန္က်တဲ့သူမွာ ေဂ်ာင္ကုပါပဲ....။
ထယ္ေယာင္းက ထမင္းစားျပီးကထဲက မီးဖိုေခ်ာင္ခန္းထဲက ထြက္သြားသည္....။
ေဂ်ာင္ကုလည္း ပန္းကန္ေတြေဆးျပီးတာနဲ႔ ဧည့္ခန္းကို ထြက္ျကည့္မိေတာ့....
ဧည့္ခန္းထဲတြင္ မိန္းကေလးတစ္ေယာက္နဲ႔ စကားထိုင္ေျပာေနေသာ ထယ္ေယာင္းကိုေတြ႔သည္....။
Taehyungနဲ႔ စကားေျပာေနသည့္မိန္းကေလးမွာေဂ်ာင္ကုကို ျမင္ေသာအခါ
"အာေညာ္ဟာဆဲယို က်မက ဒီအေရွ႕က အခန္းကို ဒီေန႔မွ ေျပာင္းလာတဲ့ လူသစ္ပါ အဲ့ဒါ ဒီမ်က္ႏွာခ်င္းဆိုင္မွာ ေနျကတာဆိုေတာ့ မိတ္ျဖစ္ေဆြျဖစ္ေရာအိမ္ေျပာင္းတာမို႔လို႔ေရာ ဆန္မုန္႔လာေပးတာပါ"
"ဆန္မုန္႔ေပးတဲ့ ေခတ္က မကုန္ေသးဘူးလား"
ေဂ်ာင္ကုရဲ႕ ရႈတည္တည္အေမးကို ထိုေကာင္မေလးက နားမလည္သျဖင့္
"nae?"
"ဘာမွမဟုတ္ေတာ့ပါဘူး"
"ဒါနဲ႔ ရွင္တို႔က ညီအကိုေတြလားဟင္"
"ဟုတ္ပါတယ္"
ေဂ်ာင္ကုက မဟုတ္ဘူးလို႔ ေျပာမည္ဟန္ျပင္ရံုရိွေသး ထယ္ေယာင္းက ဟုတ္တယ္လို႔ ေျဖလိုက္ေသာေျကာင့္ ေဂ်ာင္ကုတစ္ေယာက္ ပါးေစာင္ကို လွ်ာနဲ႔ထိုးရင္း ထယ္ေယာင္းအား စိုက္ျကည့္ေန၏။
"ထင္သားပဲ ရွင္တို႔2ေယာက္စလံုးက အေခ်ာေလးေတြမို႔ေလ"
"ဟုတ္ကဲ့ပါ ေက်းဇူးပါပဲ"
ထယ္ေယာင္းက အားနာျပံဳးျပံဳးကာ ေက်းဇူးတင္စကားဆိုလိုက္သည္။
အခ်ိန္အေတာ္ျကာထိ စကားစျမည္ေျပာေနျကေသာ Taehyungနဲ႔ ထိုေကာင္မေလး....။
ထိုအခ်ိန္ ေဂ်ာင္ကုတစ္ေယာက္ sofaေပၚက ဂ်ာကင္အနက္ကို ေကာက္ဆြဲယူကာ အိမ္ထဲမွ ထြက္သြားသည့္တိုင္ ထယ္ေယာင္း မသိေသးေပ။
ဂ်ိန္းခနဲ အသံျကားေတာ့မွ ထယ္ေယာင္း ဧည့္ခန္းရဲ႕ဘယ္ညာ ေဝ့ဝိုက္ျကည့္ကာ ေဂ်ာင္ကုကို လိုက္ရွာမိသည္....။
"ဟို က်မလည္း ျပန္လိုက္ပါဦးမယ္ ခြင့္ျပဳပါဦးေနာ္ထယ္ေယာင္းshi"
"Nae ေကာင္းပါျပီ ေဆာင္းမီshi"
ဂန္ေဆာင္းမီဆိုသည့္ သူမ ထြက္သြားေတာ့မွထယ္ေယာင္း ေဂ်ာင္ကုကို အိပ္ခန္းထဲ သြားရွာမိသည္....။ ရိွမေန....။
မီးဖိုေခ်ာင္ခန္းထဲမွာပါ ရိွမေနေသာေျကာင့္.....
ဘာလား....။ ဒီလူ ငါ့ကို စိတ္ေကာက္ျပီး ျပန္သြားတာလား.....။
TBC......❣️
#Han_Hae
Unicode
"ခင်ဗျား ပြန်တော့..."
ထိုအခါ စားနေရင်းမှ မျက်လုံး တစ်ချက်ပင့်ကြည့်လာတဲ့ ဂျောင်ကု။
"ခင်ဗျားကို ပြောတဲ့ တာဝန်ယူပါဆိုတဲ့စကားရုတ်သိမ်းတယ် အခုချက်ချင်းပြန် နောက်လည်း ဘယ်တော့မှ ကျနော့်တိုက်ခန်းကို မလာပါနဲ့"
ပြောနေသည်ကို မကြားချင်ယောင်ဆောင်ကာ အေးအေးဆေးဆေး ထမင်းစားနေသော အမြင်ကပ်စရာကောင်ကြီး
"ခင်ဗျားကို ပြန်တော့လို့ ပြောနေတယ်လေ!!"
"ထပ်ပြောရင် တကယ်Fuckပစ်မှာ"
ဟာ ဒီသောက်မြင်ကပ်စရာလူကြီးနဲ့တော့!!
ဘာမှ ပြန်မပြောဘဲ ထိုင်နေရာမှ ထမယ်ကြံတော့
"ပြန်ထိုင်.. "
အမိန့်ပေးတဲ့လေသံကြီး
မုန်းလိုက်တာဆိုတာ အဲ့သောက်မြင်ကပ်စရာလူကို
"ဘာလုပ်နေတာလဲ ပြန်ထိုင်လို့ ပြောနေတာ မကြားဘူးလား"
ဘောက်ဆတ်ဆတ်နဲ့ ပြန်ထိုင်လိုက်ရသော ထယ်ယောင်းပါလေ...။
မနက်စာစားပြီးတော့ ထယ်ယောင်းတစ်ယောက်အိပ်ခန်းထဲမှာ ပြန်ဝင်အိပ်နေသည်။
ထိုအချိန် ဘောင်းဘီလာချွတ်သော သောက်မြင်ကပ်စရာလူကြီး
"ခင်ဗျား ဘာလုပ်တာလဲ"
"မှောက်လိုက်"
ဘာကောင်ကြီးလဲဟ!!
ဝမ်းလျားမမှောက်သော ထယ်ယောင်းကို ဆွဲမှောက်လိုက်သော ဂျောင်ကု။
"ခင်ဗျား!!"
"ငြိမ်ငြိမ်နေ"
ဆေးထည့်ပေးနေသော ဂျောင်ကုပါလေ......။
"ရပြီ"
"ခင်ဗျား မပြန်သေးဘူးလား"
"ဘေဘီ နေမကောင်းဘူးလေ"
"အရင်တုန်းက ကျနော် နေမကောင်းလည်း တစ်ယောက်တည်းပဲ ဂရုစိုက်ပေးဖို့ လူမလိုဘူး"
ဘာရယ်မဟုတ် ခုနက အဲ့လူပြောတဲ့ ရည်းစားတွေကများလွန်းလို့ ဘယ်နှစ်ယောက်မြောက်လဲဆိုတာ မမှတ်မိဘူးဆိုတဲ့စကားကြောင့် လူက ဘာလို့လဲမသိ ဒေါသထွက်နေတာပဲ သိသည်....။
"အခုတော့ လိုပြီလေ ဘေဘီပဲ ဘေဘီ့ကို တာဝန်ယူဆို ခဏလေး ကိုယ် ဘေဘီသောက်ဖို့ ဆေးသွားယူပေးမယ် ဆေးသောက်ပြီးမှ ပြန်အိပ်ရင်အိပ်"
အခန်းထဲက ထွက်ပြီး ပြန်ဝင်လာသော ထိုလူ
လက်ထဲ ဆေးလာထည့်ပေးသည်
"ကျနော် ဆေးသောက်မယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ"
"ဘေဘီ မဆိုးစမ်းနဲ့ နေမကောင်းတာကို ဆေးမသောက်ပဲ နေမလို့လား"
"အရင်က နေမကောင်းဖြစ်လည်း မသောက်ဘူး အခုလည်း မသောက်ဘူး နေမကောင်းလေးဖြစ်တာ သေသွားမှာမှ မဟုတ်တာ"
"ကောင်းကောင်းတိုက်နေတုန်း သောက်နော်"
"မသောက်ဘူး"
"ကောင်းပြီ"
ရုတ်ချည်း သူ့ပါးစပ်ထဲ ဆေးလုံးထည့်ပြီး လာနမ်းသော သောက်မြင်ကပ်စရာကောင်ကြီး
နမ်းနေရင်းမှ နှုတ်ခမ်းကို ဖိကိုက်လိုက်သောကြောင့် ပွင့်သွားတဲ့ပါးစပ်ထဲ ဆေးလုံးကို တေ့ထည့်ပေးသည်။
Mother Besideကြီး!! ခါးလိုက်တာဆိုတာ!!
"ရေမြန်မြန်ပေး... ရေ ရေ အရမ်းခါးတယ်"
ရေကမ်းပေးလိုက်တော့ စွက်ခနဲဆွဲယူပြီးသောက်လိုက်သောထယ်ယောင်း။
"ခင်ဗျားကို မုန်း-"
ရုတ်ချည်း နဖူးကို လာနမ်းပြန်သော ဂျောင်ကုကြောင့်ဆက်ပြောမည့်စကားများ အပျောက်ပျောက်အရှရှ.....။
"ကလေးလေး"
"ဘာ!! ကျနော် ကလေးမဟုတ်ဘူး!!"
"ဆေးကြောက်လို့ မသောက်တာ ကလေးလေးပဲပေါ့"
နှုတ်ခမ်းကြီး ဆူပုတ်နေသော ထယ်ယောင်းဆံပင်တို့အား အသာဖွကာ
"ကိုယ် နေ့လည်စာ ချက်ထားမယ် အိပ်နေနော် နိုးလာရင် သက်သာသွားမှာပါ"
ထယ်ယောင်း ဂျောင်ကုအား ဘာမှပြန်ပြောမနေတော့ဘဲ ကျောပေးကာ လှဲအိပ်ချလိုက်သည်။
ရင်ဘတ်တစ်နေရာက အစိုးမရစွာခုန်နေတာကိုဒီလူကြီး ကြားသွားမလားပဲ!!
နေ့လည်ရောက်တော့ ထယ်ယောင်း နိုးလာသည်။ မနက်က အိပ်ရေးမဝလို့ ပြန်အိပ်လိုက်တာ အခု ဘယ်နှစ်နာရီတောင် ရှိသွားပြီလဲမသိ။ ဒါနဲ့ ဟိုလူကြီးရော....
အိပ်ခန်းထဲမှ ထွက်ကြည့်တော့ ဧည့်ခန်းထဲမှာဆေးလိပ်ထိုင်သောက်နေတဲ့ ဂျောင်ကုကိုတွေ့သည်။
"ဟာ ဟေ့လူ ဆေးလိပ်မသောက်နဲ့လေ ဒီအခန်းက အလုံကြီးလေဗျာ အဟွတ် အဟွတ်...."
ထိုအခါ အလျင်အမြန်ပင် ရှေ့က ပြာခွက်ထဲကို ဆေးလိပ်ကို ထည့်ချလိုက်ပြီး
"sorry ဘေဘီ sorryပါ ကိုယ် မေ့သွားလို့"
ဆေးလိပ်ငွေ့က အခန်းထဲ ပျံ့နေသောကြောင့်ဂျောင်ကုတစ်ယောက် ဝရံတာဘက်က မှန်တံခါးများအား သွားဖွင့်ပစ်ရသေးသည်။
"ဒါနဲ့ ခင်ဗျား နေ့လည်စာစားပြီးပြီလား"
"ဟင့်အင်း ဘေဘီ့ကို စောင့်နေတာ..."
"ဟာ ခင်ဗျားအစာလွန်နေရာပေါ့ စားနှင့်တာမဟုတ်ဘူး"
"ဘေဘီနဲ့အတူ စားချင်လို့ပါ လာ ချီဖို့လိုသေးလား"
"မလိုပါဘူး ကျနော့်ခြေထောက်က အကောင်းကြီးပါ ခင်ဗျားဘာသာ ဘယ်သွားသွား ချီနေတာ ကျနော် မသန်မစွမ်း မဟုတ်ဘူး"
"ကိုယ်က ဘေဘီ လမ်းလျှောက်ရင် နာနေမှာစိုးလို့ပါ"
ထမင်းစားခန်းထဲရောက်တော့ ကြည့်လိုက်တာနဲ့ စားချင်စဖွယ်အတိ။
အထူးတလည် စားကောင်းသောက်ကောင်း ဟင်းပွဲကြီးတွေ မဟုတ်ပေမယ့် တကယ့်မိသားစုထမင်းဝိုင်းလေးလိုပင်။
"ထိုင်လေ ကလေး"
အဲ့ကလေးက ရည်းစားကို သက်စေ့တွဲနေတယ်ဆိုတာ ခင်ဗျားမသိဘူးလားလို့ ပြန်ပြောချင်ပေမယ့် ထမင်းချက်ကျွေးတဲ့မျက်နှာကြောင့် သည်းခံလိုက်ပါမယ်လေ။
စားပွဲရဲ့ ထိုင်ခုံမှာ 2ယောက်စလုံး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
"ရော့ ကြက်ဥလိပ်လေးစားကြည့်..."
ခွံကျွေးဖို့လုပ်နေတဲ့ လူကြီး...
ကျနော်လည်းမငြင်း အလိုက်သင့်ဟပေးလိုက်တော့ကြက်ဥလိပ်လေး ခံတွင်းထဲ ဝင်လာသည်
"ဘယ်လိုလဲ ကြိုက်လား"
"အင်း...ကြိုက်တယ်....ခင်ဗျားက ဒါတွေ ချက်တတ်တယ်နော် ကျနော်ကတော့ ဒီဟင်းပွဲသေးသေးလေးတွေတောင် မချက်တတ်ဘူး"
"ကိုယ့်အမေသင်ပေးထားတာ ဒါတောင် ကိုယ့်အမေလက်ရာက ကိုယ့်ထက် ပိုကောင်းတယ်"
"ခင်ဗျားအမေက ခင်ဗျားကို တော်တော်ချစ်မယ့်ပုံပဲနော်"
"အင်း ကိုယ့်အမေက ကိုယ့်ကို သိပ်ချစ်တာ"
တိတ်ဆိတ်သွားသော ထမင်းဝိုင်း.....။
ထမင်းကို တူနဲ့ တို့ထိ တို့ထိသာ ပါးစပ်ထဲသွင်းနေတဲ့ ထယ်ယောင်းကြောင့်
" အများကြီးစားပါ ဘေဘီရဲ့ ဘာလဲ စားမကောင်းဘူးလား"
ခေါင်းကို အတွင်တွင်ခါပြလေသော ထယ်ယောင်းမှာ ခေါင်းကြီးအောက်စိုက်ကာ မထိသထိသာစားနေပြန်သည်။
ထို့နောက် မကြာလိုက်ပါ ပုခုံးလေးတွေ တသိမ့်သိမ့်တုန်လာသည်မို့
"ဘေဘီ ငိုနေတာလား...ဘာလို့လဲ ဘေဘီရဲ့"
ခေါင်းကြီးငုံ့ထားပြီး ခေါင်း အတွင်တွင် ထပ်ခါပြသော သူ့အသဲ....
"ဘာဖြစ်လို့လဲလို့ကွာ မငိုပါနဲ့ ဘေဘီရဲ့"
ဂျောင်ကုထိုင်နေရာမှ ထကာ ထယ်ယောင်းထိုင်နေတဲ့နားသွားပြီး ထိုင်နေတဲ့ ထယ်ယောင်းကိုသူ မတ်တပ်ရပ်နေရင်းပွေ့ဖက်လိုက်သည်....။
ထိုအခါ ပိုလို့ပင် ငိုချသော ထယ်ယောင်း...
"တိတ်ပါ ဘေဘီရယ် မငိုပါနဲ့..."
ဘာဖြစ်လို့လဲ မေးလည်း မဖြေ ငိုသာငိုနေသည်။
ဒီကောင်လေး စိတ်ဓာတ်သန်မာမယ်လို့ ထင်ထားတာ ဒီလိုလည်း ငိုတတ်တာပဲလား အေးလေ သူလည်း လူပဲဟာ ခံစားချက်တွေရှိမှာပေါ့....။
"ကျနော် မငိုတော့ဘူး လွှတ်တော့..."
အတင်းရုန်းသည်မို့ လွှတ်ပေးလိုက်ရသည်...
မျက်ရည်တွေကို လက်ဖမိုးနဲ့ ဆွဲသုတ်နေသော ထယ်ယောင်း။
ရှေ့မျက်နှာချင်းဆိုင်က ခုံလေးမှာ ဂျောင်ကုပြန်ထိုင်လိုက်ပြီး ထယ်ယောင်းမျက်နှာလေးကို ကြည့်တော့ ငိုထားသောအရှိန်ကြောင့် မျက်လုံးများဟာ နီရဲလို့နေသည်။
ထမင်းကို တို့ကနန်း ဆိတ်ကနန်းသာ စားနေပြန်သည်မို့
"အများကြီးစားလေ ဘေဘီရဲ့ ကိုယ် ခွံကျွေးရမလား"
"မလိုပါဘူး ကျနော့်မှာ လက်ပါတယ်"
ပြောပြီးတာနဲ့ ထမင်းပန်းကန်ထဲမျက်နှာအပ်ကာခေါင်းမဖော်ပဲစားနေသော ထယ်ယောင်းကြောင့် ဂျောင်ကုပြုံးကာပင် ထယ်ယောင်းထမင်းပန်းကန်ထဲသို့ ဟင်းတွေ တစ်ခုပြီးတစ်ခုသာ ထည့်ပေးနေမိသည်။
ထိုအချိန် ဖုန်းက messageဝင်လာလို့ ဂျောင်ကု ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းထုတ်ကာကြည့်မိတော့....
"oppa ဘယ်မှာလဲ ယူရာနဲ့ လူချင်းတွေ့ပြီး စကားပြောရအောင်"
မကြာလိုက်ပါ နောက်ထပ်1စောင် ထပ်ပို့ပြန်ပါပြီ
"oppa oppaမနေ့ညက စေ့စပ်ပွဲ မလာလို့ ယူရာ့အဖေ ဒေါသ ထွက်နေတယ် ယူရာလည်း စိတ်ကောက်နေတယ် အဲ့ဒါ ဒီနေ့အတွင်း အမြန်လာချော့ပါ"
ဘာမှပြန်မပို့ဘဲ ဖုန်းကို ဘေးချကာ ထမင်းသာဆက်စားနေသောအခါ....
တတောင်တောင်နဲ့ ထပ်ဝင်လာသောmessageများ
ကျစ် ဒီစူပါဂလူးမ အာရုံပဲ....
"ဘယ်သူ့ဆီကလဲ တတောင်တောင်နဲ့ နားငြီးတယ် ခင်ဗျားရည်းစားဆီကလား"
"မဟုတ်ပါဘူး... "
ဖုန်းကို စက်ပိတ်ပြီး ထမင်းအေးဆေးစားနေသောဂျောင်ကု.....။
"ဟိုလေ ကျနော် တာဝန်ယူပါလို့ ပြောခဲ့တဲ့စကားလေ ပြန်ရုတ်သိမ်းတာမို့ ခင်ဗျား ပြန်လို့ရပါတယ် တော်ကြာ ခင်ဗျားရည်းစား-"
ထမင်းစားနေရာကနေ တူကို စားပွဲပေါ် ဒေါက်ခနဲ ချလိုက်သည်မို့ ထယ်ယောင်းလန့်သွားသည်မှာအမှန်
"မင်း အတင်းတာဝန်ယူမခိုင်းရင်တောင် ငါက တာဝန်ယူမှာ!"
"ခင်ဗျား သဘော.... "
အသိအမှတ်ပြုရုံ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြသောထယ်ယောင်းပါလေ....။
"ကိုယ့်မှာ ရည်းစားဆိုလို့ ဘေဘီတစ်ယောက်ထဲပဲ ရှိတာပါ ဘေဘီရယ် ပူမနေစမ်းပါနဲ့"
မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလာသော ဂျောင်ကုကြောင့်
"ခင်ဗျားနဲ့ ကျနော် ရည်းစားဖြစ်သွားတာ အဆန်းကြီးနော် romanticမဆန်လိုက်တာ..."
ထိုအခါ ဂျောင်ကု အသံထွက်ရုံမျှ ရီမိသည်....။
ဟုတ်ပါရဲ့ ဘယ်လိုတွေတောင် ရည်းစားဖြစ်သွားခဲ့ပါလိမ့်။
သူ ဒီကောင်လေးကို ချစ်တယ်လို့လဲ တစ်ခွန်းမှ ထုတ်မပြောပါဘဲနဲ့ ဒီကောင်လေးက သူ့ကိုရည်းစားအဖြစ် လက်ခံလိုက်တယ်ဆိုတော့ သေချာပါတယ် ဒီကောင်လေး သူ့ကို ချစ်နေပါပြီ.....။
"များများစား"
ဟင်းတွေ ထပ်ထည့်ပေးနေသော ဂျောင်ကုပါလေ။
ထမင်းစားပြီးသည်နှင့် ပန်းကန်ဆေး တာဝန်ကျတဲ့သူမှာ ဂျောင်ကုပါပဲ....။
ထယ်ယောင်းက ထမင်းစားပြီးကထဲက မီးဖိုချောင်ခန်းထဲက ထွက်သွားသည်....။
ဂျောင်ကုလည်း ပန်းကန်တွေဆေးပြီးတာနဲ့ ဧည့်ခန်းကို ထွက်ကြည့်မိတော့....
ဧည့်ခန်းထဲတွင် မိန်းကလေးတစ်ယောက်နဲ့ စကားထိုင်ပြောနေသော ထယ်ယောင်းကိုတွေ့သည်....။
Taehyungနဲ့ စကားပြောနေသည့်မိန်းကလေးမှာဂျောင်ကုကို မြင်သောအခါ
"အာညော်ဟာဆဲယို ကျမက ဒီအရှေ့က အခန်းကို ဒီနေ့မှ ပြောင်းလာတဲ့ လူသစ်ပါ အဲ့ဒါ ဒီမျက်နှာချင်းဆိုင်မှာ နေကြတာဆိုတော့ မိတ်ဖြစ်ဆွေဖြစ်ရောအိမ်ပြောင်းတာမို့လို့ရော ဆန်မုန့်လာပေးတာပါ"
"ဆန်မုန့်ပေးတဲ့ ခေတ်က မကုန်သေးဘူးလား"
ဂျောင်ကုရဲ့ ရှုတည်တည်အမေးကို ထိုကောင်မလေးက နားမလည်သဖြင့်
"nae?"
"ဘာမှမဟုတ်တော့ပါဘူး"
"ဒါနဲ့ ရှင်တို့က ညီအကိုတွေလားဟင်"
"ဟုတ်ပါတယ်"
ဂျောင်ကုက မဟုတ်ဘူးလို့ ပြောမည်ဟန်ပြင်ရုံရှိသေး ထယ်ယောင်းက ဟုတ်တယ်လို့ ဖြေလိုက်သောကြောင့် ဂျောင်ကုတစ်ယောက် ပါးစောင်ကို လျှာနဲ့ထိုးရင်း ထယ်ယောင်းအား စိုက်ကြည့်နေ၏။
"ထင်သားပဲ ရှင်တို့2ယောက်စလုံးက အချောလေးတွေမို့လေ"
"ဟုတ်ကဲ့ပါ ကျေးဇူးပါပဲ"
ထယ်ယောင်းက အားနာပြုံးပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
အချိန်အတော်ကြာထိ စကားစမြည်ပြောနေကြသော Taehyungနဲ့ ထိုကောင်မလေး....။
ထိုအချိန် ဂျောင်ကုတစ်ယောက် sofaပေါ်က ဂျာကင်အနက်ကို ကောက်ဆွဲယူကာ အိမ်ထဲမှ ထွက်သွားသည့်တိုင် ထယ်ယောင်း မသိသေးပေ။
ဂျိန်းခနဲ အသံကြားတော့မှ ထယ်ယောင်း ဧည့်ခန်းရဲ့ဘယ်ညာ ဝေ့ဝိုက်ကြည့်ကာ ဂျောင်ကုကို လိုက်ရှာမိသည်....။
"ဟို ကျမလည်း ပြန်လိုက်ပါဦးမယ် ခွင့်ပြုပါဦးနော်ထယ်ယောင်းshi"
"Nae ကောင်းပါပြီ ဆောင်းမီshi"
ဂန်ဆောင်းမီဆိုသည့် သူမ ထွက်သွားတော့မှထယ်ယောင်း ဂျောင်ကုကို အိပ်ခန်းထဲ သွားရှာမိသည်....။ ရှိမနေ....။
မီးဖိုချောင်ခန်းထဲမှာပါ ရှိမနေသောကြောင့်.....
ဘာလား....။ ဒီလူ ငါ့ကို စိတ်ကောက်ပြီး ပြန်သွားတာလား.....။
TBC......❣️
#Han_Hae
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



