Fanfics

Ep-3

14:37, 14 November 2022

Zawgyi













"ထနိုင်လား"



"​မချီနဲ့ ဖယ်"

လက်ကို ပုတ်ထုတ်တော့



မုန်းလိုက်တာဆိုတာ....




"ကိုယ့်ကြောင့်? "


































တောက်စ်....


"အဲ့ဒါများ...."


"​ဘာ!! ခင်ဗျား!! "


"​ဘာလို့ အခု မဟုတ်တာလဲ"


"​ဘာ!! "


"​သောက်မြင်ကပ်စရာ"


"ဘယ်သူ့ကို ပြောတာလဲ"







ဆွဲဆောင်မှုရှိတယ်...


"နာနေသေးလား"






"အင်း ဒါပေါ့"






"မပြင်ဘူး"


ဒီMother Besideကြီး!!


"ပြင်မယ် ပြင်မယ်"








မွှေးနေရောပဲ....



"စားကောင်းသားပဲ"

"တော်သေးတာပေါ့"








"​ပြီးရော.... "



















"ချစ်ဖို့ကောင်းတယ်"

"ဟမ်.. ဘာကို"








"​ဟဲလို... "









"ခင်ဗျားအဖေလား"

"အင်း"


"အဲ့တော့.."



"​ဘာ!! "

TBC..... ❣️

#HanHae

Unicode

မနက်ရောက်တော့ Taehyungနိုးလာသည်။

အိပ်ရာပေါ် ထထိုင်လိုက်ရုံနဲ့ အောက်ပိုင်းကဆစ်ခနဲ.....။

တောက်စ်...ဟိုအမြင်ကပ်စရာကောင်ကြီးလုပ်တာ..

တစ်ကိုယ်လုံးလည်း ကိုက်ခဲလို့ပါလား...။

မနေ့ကမှ နေကောင်းခါစကို ငါ့ကို ပြန်ဖျားအောင်လုပ်သွားတဲ့ Mother Besideကြီး....

အခုရော ဘယ်ရောက်သွားမှန်းမသိ!! အခန်းထဲမှာ မရှိတော့ဘူး!! ဘယ်ကထဲက ထပြန်သွားတာလဲမသိဘူး..

တာဝန်ယူစိတ် မရှိတဲ့လူကြီး

Kim Taehyung မင်းလည်း အဲ့ကောင်နဲ့မှ ခံနေရပါလား ဟမ်......

ထိုအချိန် တံခါးဖွင့်ကာ ဝင်လာသောJungkookကြောင့် Taehyungကြောင်အမ်းအမ်း

"ဘေဘီ ဘေဘီ့အိမ်မှာ ဘာမှလည်း မရှိဘူး အဲ့ဒါနဲ့ ကိုယ် လမ်းထိပ်က စတိုးဆိုင်ကနေ အသင့်စားအစားအစာတွေနဲ့ ဟင်းချက်စရာ နည်းနည်း ရေခဲသေတ္တာထဲ ဝယ်ထည့်ပေးထားတယ်"​

"ခင်ဗျား ပြန်သွားပြီမှတ်လို့"​

ထိုအခါ Jungkookက နှုတ်ခမ်းတွန့်ရုံမျှ ရီသည်။

"ထနိုင်လား"​

"ဘယ်လိုလုပ် ထနိုင်မှာလဲ"

"​ကဲ အာ့ဆို လာ ကိုယ် ချီမယ်"

"​မချီနဲ့ ဖယ်"

လက်ကို ပုတ်ထုတ်တော့

"​ငြိမ်ငြိမ်နေရင် ကောင်းမယ်"

အမိန့်ဆန်တဲ့လေသံကြီး!!

မုန်းလိုက်တာဆိုတာ....

ပွေ့ချီလိုက်ပြီးမှ ဆတ်ခနဲ ပြန်ချသည်။

"​ဘေဘီ နေမကောင်းဘူးလား တစ်ကိုယ်လုံး ပူခြစ်နေတာပဲ"

"​ဟုတ်တယ် ခင်ဗျားကြောင့်!"​

"ကိုယ့်ကြောင့်? "

"ဟုတ်တယ် ခင်ဗျား ဟိုနေ့ညတုန်းကလည်း အဲ့လိုလုပ်လို့ ကျနော် 2ရက်တောင် ဖျားသွားတာ ခင်ဗျား မသိဘူးလား မနေ့ကမှ နေကောင်းခါစကို အခု ပြန်ဖျားပြီ ခင်ဗျားကြောင့်"

သြော် ဒါကြောင့် ဒီကောင်လေး 2ရက်လုံးလုံး အပြင်မထွက်တာကို.....။

ဟုတ်ပါတယ် ကျနော် သူ့ကို စောင့်ကြည့်နေခဲ့တာ..။

သူ ကျနော့်ကို လာနမ်းတဲ့ ပထမဆုံးအနမ်း အင်း ချိုတယ် အရမ်းချိုတယ်....။

အဲ့အနမ်းမှာတင် ကျနော် သူ့ကို ချစ်မိသွားတယ်ဆိုတာ ခင်ဗျားတို့ မသိကြဘူးလား...။

သူ့နောက်လိုက်သွားတော့ သူ့ကို ပိုင်ဆိုင်ရဖို့အခွင့်အရေးကြီးလေ ဒါကို လက်လွှတ်ခံလို့ ဖြစ်မလား အဲ့တော့ တစ်ညတည်းနဲ့ အပိုင်သိမ်းခဲ့တယ်ဆိုပါတော့....။

ဟုတ်တယ် ဒီစွာတေးလန် မာနခဲလေးကိုအသဲယားတာနဲ့ တာဝန်မယူနိုင်ဘူးတွေ ဘာတွေလျှောက်စခဲ့မိတာ ဒါကို ဒီကောင်လေးက အဟုတ်ထင်ပြီး ကပ်ကပ်လန်အောင် ပြန်ရန်တွေ့တာ

အဲ့ဒါလေးက အရမ်းချစ်ဖို့ကောင်းတယ်....။

2ရက်လောက်အပြင်မထွက်ပြီးမှ အပြင်ထွက်လာတဲ့ ထိုကောင်လေးနောက် နောက်ယောင်ခံ လိုက်ကြည့်မိတော့ clubထဲ ဝင်သွားတာ......။

ဒီကောင်လေးကြည့်ရတာတော့ တကယ့် ပေါ့သေးသေးတော့ မဟုတ်ဘူး။

clubထဲမှာ မိန်းမတစ်ယောက်နဲ့ တွဲပြီး ကရုံတင်မက ထိုမိန်းမ ဆံပင်ကို နောက်ကနေ နမ်းနေတဲ့ထိုကောင်လေးကို ဒေါသထွက်သည့်အဆုံး ခေါ်လာခဲ့တာ ထိုကောင်လေးအိမ်....။

Jeon Jungkookအတွက် သူ့အိမ်သိရဖို့က အလွယ်လေးပါ။

တစ်ညလုံး သူ့ကို အပိုင်သိမ်းခဲ့တဲ့ကျနော့်ကို မေ့ပြီး ဖြစ်ချင်ရာဖြစ်နေတဲ့ သူ့ကို နောက်တစ်ခါ အပိုင်သိမ်းပြီး အပြစ်ပေးလိုက်သည်။

မှတ်ပြီလား ကောင်လေးရယ် ဒီထက်ပိုပြီး ဆိုးနေတဲ့ မင်းအကျင့်တွေကို တစ်ခုပြီးတစ်ခု ပြင်ပေးဦးမှာ မပူနဲ့....။

"ခဏလေးနေဦး ကိုယ် ဘေဘီ ရေချိုးဖို့ ရေနွေးလေးသွားစပ်လိုက်ဦးမယ်"​

ရေချိုးခန်းထဲ ပြေးဝင်သွားသော ထိုလူ...

ဟက် တာဝန်မယူဘူးလို့ ပြောခဲ့တာ ဘယ်ကကောင်ကြီးလဲ!

အခုတော့ သူမဟုတ်တဲ့အတိုင်း! တကယ် သောက်မြင်ကပ်စရာလူကြီး...

ခဏကြာတော့ ရေချိုးခန်းထဲမှ ထွက်လာသော ထိုလူ

မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်နဲ့ ကျနော့်ကို လာပွေ့ချီပြီး ရေချိုးခန်းထဲ ခေါ်သွားသည်။

ရေချိုးခန်းထဲရောက်တော့ Bathtubထဲ ထည့်ပေးသည်။

"ခင်ဗျား အဲ့ဒါ ဘာလုပ်မလို့လဲ!!"​

"ရေချိုးပေးမလို့လေ မမြင်ဘူးလား"​

"ထွက်သွား ကျနော့်ဘာသာ ကျနော် ချိုးမယ်"​

ပြောတာကို ဂရုမစိုက် ရေချိုးပေးနေသော ထိုလူ

"ကျနော့်ဘာသာ ကျနော် ချိုးမယ်လို့ ထွက်သွားလို့ ပြောနေတာ မကြားဘူးလား"​

"တိတ်တိတ်နေ!! မဟုတ်ရင် shower sexလုပ်ပစ်မှာ"

ဒီသောက်မြင်ကပ်စရာကောင်ကြီးကတော့!!

ရေချိုးပေးပြီးနောက် သူကိုယ်တိုင် အဝတ်အစားလဲပေးနေသည်။

"ခင်ဗျား ကျနော့်ကို ဒီတစ်ခါ တာဝန်မယူဘူးလို့ ထပ်မပြောနဲ့နော် ခင်ဗျား မနေ့ညကနဲ့ဆို 2ခါတောင်ကျနော် ခင်ဗျားကို တရားစွဲလို့ ရနေပြီနော်"

နေစမ်းပါဦး Kim Taehyung မင်း ဘယ်တုန်းက လူတစ်ယောက်ကို အဲ့လို တာဝန်တွေ အတင်းလိုက်ယူခိုင်းတတ်သွားရတာလဲ?

မင်းတုန်းကရော မင်းနဲ့တွဲတဲ့ မိန်းမတိုင်းနဲ့ အိပ်ပြီးသူတို့က တာဝန်ယူပါလို့ ပြောတော့ မင်း လှည့်တောင်ကြည့်ခဲ့လို့လား....။

ဒီငနာကြီးနဲ့ကျမှ ဝဋ်အကြီးကြီးကို လည်တာပဲ...

တောက်စ်....

"ယူမှာပါ ကိုယ် မင်းကို တာဝန်မယူချင်လို့ကတော့ အခု ကိုယ့်မျက်နှာကို တွေ့နေရမှာတောင်မဟုတ်ဘူး အစအနဖျောက်ပြီး အဆက်အသွယ်ဖြတ်သွားမှာ ရှင်းရှင်းပြောရရင် အဲ့နေ့ကထဲက ကိုယ့်နာမည်ကိုတောင် မင်းကို ပေးသိခဲ့မှာမဟုတ်ဘူး"​

"အဲ့ဒါများ...."​

"တာဝန်ယူမှာတော့ မှန်ပေမယ့် အခုတော့ မဟုတ်သေးဘူးနော်"

"​ဘာ!! ခင်ဗျား!! "

ထိုအခါ ပုခုံးတွန့်ပြသော ထိုသောက်မြင်ကပ်စရာလူကြီး

"​ဘာလို့ အခု မဟုတ်တာလဲ"

"​အဲ့ဒါတော့ မင်း သိဖို့ မလိုဘူး"

"​ဘာ!! "

"​စိတ်ချပါ မင်းကို ကိုယ် တာဝန်ယူမှာပါ အခုမဟုတ်သေးတာပဲရှိတာ"

"​သောက်မြင်ကပ်စရာ"

ခပ်တိုးတိုးကျိန်ဆဲလိုက်သော Taehyung...

"ဘယ်သူ့ကို ပြောတာလဲ"​

လေသံမာမာနဲ့ မေးလာသော သောက်မြင်ကပ်စရာလူကြီး

ခင်ဗျားကို ပြောတာ ရှင်းပြီလား...!!

စိတ်ထဲကသာ မကျေမနပ်ပြောမိပေမယ့်တကယ်တမ်း ထွက်လာသည်က

"​ကျနော့်ကိုယ် ကျနော် ပြောတာ"

ထိုအခါ နှုတ်ခမ်းတွန့်ရုံမျှ ရီသော ထိုလူ...

အင်း မဆိုးဘူး ချောသားဟ...

ဆွဲဆောင်မှုရှိတယ်...

အင်္ကျီဝတ်ပေးပြီးနောက် ဘောင်းဘီဝတ်ပေးနေရင်း မေးလာသည်က

"နာနေသေးလား"​

သြော် အေး ဟုတ်တယ် မနာဘူး ခင်ဗျားကြီး!! သိလား!

နေမကောင်းတောင် ပြန်ဖြစ်သွားရပါတယ်ဆိုမှ မနာဘဲ နေမလား သောက်မြင်ကပ်စရာလူကြီးရဲ့

"နာတာပေါ့ ခင်ဗျားခံကြည့်ပါလား"​

စကားနာထိုးလိုက်သော Taehyungကြောင့်မျက်လုံးတစ်ချက်ပင့်ကြည့်လာသော ထိုလူ

"​စကားကို ဘုကလန့်ပဲ အမြဲ ပြောတတ်တာလား"​

"အင်း ဒါပေါ့"​

အိပ်ခန်းထဲမှ ပွေ့ချီကာ ခေါ်သွားပြီး ဧည့်ခန်းထဲကsofaပေါ် အသာချပေးသည်

ပြီးတော့မှ ခုနက စကားကို ပြန်ဆက်သည်

"အခုကစပြီး ပြင်စမ်း ကိုယ် လုံးဝ မကြိုက်ဘူး"​

ဟဟပဲ ရမယ် ခင်ဗျားကြီး လုံးဝမပြင်ဘူး!!

"ပြင်မှာလား မပြင်ဘူးလား ပြော"

"မပြင်ဘူး"​

"Sofa sexချင်သေးလို့လား ဘေဘီ"​

ဒီMother Besideကြီး!!

"ပြော.. sofa sexချင်လား ကိုယ်ပြင်ခိုင်းတာ ပြင်မလား"​

"ပြင်မယ် ပြင်မယ်"​

ဘုဆတ်ဆတ်ဖြေချသော Taehyungကြောင့်Jungkookပြုံးမိပြန်သည်။

"လိမ္မာတယ် ခဏထိုင်နေဦး ကိုယ် မနက်စာပြင်ပေးမယ်"​

ကျနော့်ဆံပင်လေးအား တစ်ချက်ဆွဲဖွသွားပြီး မီးဖိုချောင်ခန်းထဲသို့ ဝင်သွားသော ထိုလူ....

ခင်ဗျား ဘာလို့ အဲ့လောက်ထိ ဆွဲဆောင်မှုရှိနေတာလဲ....။

မနက်စာပြင်ပြီးတာနဲ့ မီးဖိုချောင်ခန်းထဲကနေ ထွက်ကာ ဧည့်ခန်းမှာ ထိုင်နေတဲ့ Taehyungကိုပွေ့ချီကာပင် မီးဖိုချောင်ခန်းထဲ ခေါ်လာသည်။

ခုံတစ်ခုံမှာ အသာချပေးပြီးနောက် ထမင်းကြော်ထားတဲ့ပန်းကန်ကို Taehyungရှေ့ချပေးကာ

"ကင်မ်ချီထမင်းကြော် စားကြည့်"​

မွှေးနေရောပဲ....

တစ်လုတ်စားကြည့်တော့ လျှာလည်သွားသည်....။

ဘယ်ဆိုးလို့လဲ ဒီသောက်မြင်ကပ်စရာလူကြီးက အချက်အပြုတ်တော့ ကျွမ်းမယ့်ပုံ....။

"စားကောင်းသားပဲ"​

"တော်သေးတာပေါ့"​

သူပါ မျက်နှာချင်းဆိုင်က ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ထမင်းကြော် ထိုင်စားနေသည်။

"ဘာလို့ အိမ်မှာ ဘာမှ မရှိတာလဲ..."​

ထမင်းကြော်စားရင်း အေးအေးလူလူ မေးလာသော ဂျောင်ကု။

"ခေါက်ဆွဲပြုတ်ထုပ်တွေတော့ အများကြီးရှိပါတယ် ကျနော်က တစ်ယောက်ထဲသမားလေ နေ့တိုင်း ခေါက်ဆွဲပြုတ်ပဲစားတာ ဟင်းတွေဘာတွေလည်း အလုပ်ရှုပ်လို့ ချက်မစားဘူး မချက်တတ်တာလည်းပါတယ်"

"​ကိုယ် အဲ့ခေါက်ဆွဲပြုတ်ထုပ်တွေအကုန်လုံး မနက်က လွှင့်ပစ်လိုက်ပြီ"​

"ဘာ!! နေစမ်းပါဦး အဲ့ခေါက်ဆွဲပြုတ်ထုတ်တွေ လွှင့်ပစ်လိုက်မှတော့ ကျနော် ဘာသွားစားရမှာလဲ"

"​ကိုယ် ချက်ကျွေးမှာပေါ့ ဘေဘီရယ် ပြီးတော့ ခေါက်ဆွဲပြုတ်တွေပဲ နေ့တိုင်းစားနေတာ ဘေဘီ ရောဂါရမှာစိုးလို့"

"​ပြီးရော.... "

မျက်စောင်းကို ဒိုင်းခနဲထိုးကာ မကြေမချမ်းလေးပြန်ပြောမိသည်။

ထိုင်စားနေရာကနေ ထကာ ဖျော်ရည်စက်ထဲမှာတစ်ခုခုကို ဖျော်နေသော ဂျောင်ကု....။

ဖျော်ရည်ဖန်ခွက်2ခွက်ကိုင်ပြီး 1ခွက်ကို ထယ်ယောင်းရှေ့ ချပေးပြီး

"​သောက်ကြည့် ပန်းသီး ဖျော်ရည်"

"​ကျနော် မနက်စောစောစီးစီး ဖျော်ရည်သောက်ရတာ သဘောမကျဘူး"

"​မနက်စောစော အဲ့လို လတ်ဆတ်တဲ့ ဖျော်ရည်သောက်တာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ် ဘေဘီရဲ့ သောက်ကြည့်ပါ"​

နှုတ်ခမ်းကြီးဆူကာ ဖျော်ရည်တစ်ငုံသောက်တော့ ပြုံးသွားသော ထိုလူကြီးနှုတ်ခမ်း....

ပျော်သား နေ့တိုင်းမနက်စာမစားခဲ့တဲ့ ကျနော်က ဒီနေ့ မနက်စာ အထူးတလည်စားခဲ့ရတယ်....။

ပြီးတော့ တစ်ယောက်ထဲလည်းမဟုတ်ဘူးအတူစားပေးတဲ့သူရှိတော့ ဒီနေ့စိတ်ခံစားချက်က အရင်နေ့တွေနဲ့ မတူဘူး။

အထီးမကျန်တော့လို့ပဲလား ဒီလူကြီး ကျနော့်ကိုအခုလိုတွေ ဂရုစိုက်ပေးနေလို့လားတော့မဝေခွဲတတ်......။

"​မဆိုးပါဘူး ကောင်းသားပဲ ဖျော်ရည်က"

ထပ်ပြုံးသော ထိုလူကြီး နှုတ်ခမ်း.... အိုး ဆွဲဆောင်မှု အရမ်း ရှိတယ်...

ထိုလူကြီးကတော့ သူ့ထိုင်ခုံမှာ သူပြန်ထိုင်ပြီးနောက် ပန်းသီးဖျော်ရည်ကို တစ်ငုံသောက်ကာမြိုချလိုက်သည်ကို လည်ဇလုတ်ကနေ မြင်နေရတဲ့ ပုံကြီးက ရူးလောက်တယ်.....။

လူတစ်ယောက်က အဲ့လောက်ထိ ဆွဲဆောင်မှုရှိနေရင်ပြန်ရင်လည်း မကောင်းဘူး လုံးဝ မကောင်းဘူး ဘာလို့ဆို မိန်းကလေးတွေ ဝိုင်းနေမှာလေ.....။

"ထမင်းကြော် ပူတုန်းစား ငေးမနေနဲ့"​

သူ ပြောတော့မှ ကိုယ့်ကိုကိုယ် အငေးလွန်သွားမှန်းသိလိုက်သည်။

ဟူး Kim Taehyung မင်းလည်း ဒီငနာကြီးနဲ့တွေ့မှ ဂယောင်ချောက်ချား....

ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းခါမိတော့

"ချစ်ဖို့ကောင်းတယ်"​

"ဟမ်.. ဘာကို"​

"ဘေဘီ့ကို ပြောတာ အရမ်းကြီး ချစ်ဖို့ကောင်းအောင် မနေနဲ့ ကိုယ် စိတ်မချဘူး"

ပန်းရောင်သန်းသွားသော ထယ်ယောင်းပါးမို့မို့လေးကို ကြည့်ရင်း ထပ်ပြုံးလိုက်သောဂျောင်ကုရဲ့အပြုံးတွေကိုတော့ ထယ်ယောင်း တွေ့လိုက်မယ်မထင်။

"အာ... ဒါနဲ့ ခင်ဗျား ကျနော့်နေတဲ့နေရာသိတာက ထားပါတော့ ကျနော့်အခန်းတံခါးpasswardကို ဘယ်လိုသိတာလဲ"

"ဘေဘီ့အခန်းရှေ့က CCTVကနေလေ အပြင်ကပြန်လာလို့ passwordနှိပ်ရင် CCTVကို ကွယ်ပြီးနှိပ် တော်ကြာ တစ်ယောက်တည်းနေတဲ့ ဘေဘီ့အိမ် သူခိုးကပ်မယ်"​

"ခင်ဗျားကို CCTVစောင့်ကြည့်ခန်းကနေ ကျနော့်အခန်းကို သွားကြည့်တော့ လုံခြုံရေးတွေက ဘာမှမပြောဘူးလား"

"​ဘာပြောနိုင်မှာမို့လို့လဲ ပိုက်ဆံနဲ့ နှုတ်ပိတ်လိုက်တယ်လေ"

ထိုအချိန် ရုတ်တရက် Jungkookဖုန်းဝင်လာသောကြောင့်

"​ဟဲလို... "

*Ya!! ဟေ့ကောင် မင်း မနေ့က စေ့စပ်ပွဲကို ဘာကိစ္စ မလာတာလဲ!! ဘယ်လောက်တောင် မျက်နှာပူစရာကောင်းလိုက်သလဲ!!*

ဖုန်းထဲမှ ထိုအသံဟာ Jungkookနားစည်ကို စူးခနဲပင်ဖြစ်သွားသည်မို့ ဖုန်းနဲ့ နားကိုတောင် အနည်းငယ် ခွာလိုက်ရသည်အထိ။

"​ကျနော် မလာဘူးလို့ ပြောတာကို appaဘာသာ appaစီစဉ်တာလေ ကျနော် မှားလား"

*Ya!! ဟေ့ကောင်စုတ် အခုချက်ချင်း အိမ်ပြန်လာစမ်း!! မင်းနဲ့ငါ စာရင်း ရှင်းစရာရှိတယ်!!*

"​မလာနိုင်ဘူး ကျနော့်ချစ်သူနဲ့ ချိန်းတွေ့နေတယ် မအားဘူး"​

*ဟေ့ကောင် မင်း ရည်းစားပေါင်းသောင်းခြောက်ထောင် ထားနေတာ ဘယ်တော့မှ ရပ်တန်းက ရပ်မှာလဲ!!*

"​ဒါပဲမလား appa ပြောလို့ကုန်ပြီဆို ဖုန်းချလိုက်တော့မယ်"

ဟိုဘက်က ပြန်ပြောတာတောင် နားမထောင်ဘဲ ဖုန်းချပစ်လိုက်သော ဂျောင်ကု...။

"ခင်ဗျားအဖေလား"​

"အင်း"​

"ဒါနဲ့လေ တစ်ခြားဟာတော့ သေသေချာချာမကြားလိုက်ပေမယ့် ရည်းစားပေါင်းသောင်းခြောက်ထောင် ဆိုလား ကြားလိုက်တယ်"​

"အဲ့တော့.."​

"ကျနော်ကရော ခင်ဗျားရဲ့ အဲ့ရည်းစားပေါင်း သောင်းခြောက်ထောင်ထဲက ဘယ်နှစ်ယောက်မြောက်လဲ"​

"ရည်းစားတွေ များလွန်းလို့ ဘယ်နှစ်ယောက်မြောက်လဲဆိုတာ မမှတ်မိဘူး"​

"​ဘာ!! "

TBC..... ❣️

#HanHae

There are no comments yet. Log in to be the first to leave a review!

Similar stories