Fanfics

32 ☁️

17:42, 28 November 2024

Jumping on the CloudEP 32

ဂျေဟျွန်း မခံမရပ်န်ိုင် အမျက်ဒေါသနောက်မှာ သနားစိတ်တွေက အလုံးလိုက် အရင်းလိုက်..

ဂျောင်ဂုရဲ့ ဟိုရှောင်ဒီရှောင် ကြေကွဲစရာ မျက်ဝန်းရိပ်တွေကို မြင်လိုက်ရတဲ့အခါ ခြေထောက်တွေဟာ ယိုင်ခနဲ့..

ဒီကောင် ဘယ်လောက်ထိများ ဖုံးကွယ်ဖို့ ရည်ရွယ်ထားတာလဲ?.. တစ်ယောက်ထဲ ဘယ်လောက်တောင် ကြိတ်ခံစားနေခဲ့တာလဲ?.. ဒီလိုမျိုးသာ ဒီကောင့်နောက် လိုက်မလာခဲ့ဘူးဆိုရင် ဒီကောင့်အခြေအနေအမှန်ကို သိရမှာ မဟုတ်ခဲ့..

တစ်လျှောက်လုံး သူတို့ကောင်တွေ မရိပ်မိအောင် ဟန်ဆောင်ပြီး နေခဲ့ရမယ့် ဂျောင်ဂုအဖြစ်ကို တွေးမိလိုက်တော့ ဂျေဟျွန်း ပြောမယ့်စကားတွေ မဲ့သွားခဲ့ရတယ်.. တကယ်ကို လည်ချောင်းထဲ တစ်စို့နေပြီး မာန်လည်းမမာန်ရက် အပြစ်လည်း မတင်ရက်တော့..

" မင်းကွာ~~"

ဂျေဟျွန်းက မချိတင်ကဲ ရေရွတ်တယ်.. ပါးပေါ် ဒရဟောကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ဂျောင်ဂု့ကို မမြင်စေလိုဌာ ဟိုဘက်လှည့်ရင်း ကျောခိုင်းပစ်လိုက်တယ်..

သနားခြင်းဆိုတဲ့ ဝမ်းနည်းမူမှာ ကိုယ်ချင်းစာမူတွေ ပါဝင်နေခဲ့တဲ့ ဂျေဟျွန်းမျက်ရည်တွေအတွက် ဂျောင်ဂုလည်း ဖြောင့်ချက် မပေးတတ်တော့ပါ.. တုန်ယင်နေတဲ့ ဂျေဟျွန်းပုခုံးတွေကို သူကိုင်လိုက်ရင်း..

" ငါ~ ငါ-"

ဂျောင်ဂု ပါးစပ်ဟလိုက်ပေမယ့် သူ့အာခေါင်က အသံကို ဆန်တက်ခွင့်မပြုခဲ့.. ရင်ထဲက အစိုင်အခဲတွေက ထုထည်ကြီးမားနေတဲ့အခါ လူက သူဖြစ်စေချင်သလိုတောင် မဖြစ်န်ိုင်တော့..

သူ့ကောင်တွေနဲ့ အာကျူးရှီးကြား အဖုအထစ်တွေ မဖြစ်စေဖို့ သူရွေးချယ်ခဲ့တာပါပဲ.. သူခံစားနေရတာတွေကို မမြင်န်ိုင်တဲ့ကောင်တွေက သူ အာကျူးရှီးကို မြန်မြန်စိတ်ဖြတ်န်ိုင်စေဖို့ ဝိုင်းပြီး ဆုတောင်းပေးခဲ့ကြတာ..

နောက် အာကျူးရှီးနဲ့ မင်းသားဆောင်ကွမ်ရဲ့ ဒစ်စပတ်က သတင်းကို အတည်ပြုကြောင်း တရားဝင်ဒိတ်တင်းသတင်းထွက်လာတော့ သူခပ်ပေါ့ပေါ့ပဲ အဆင်ပြေကြောင်း သူ့ကောင်တွေ ပြောခဲ့ပြီး တကယ်တမ်းနောက်ကွယ်မှာကျ မျက်နှာလေးမြင်နေရရင်တောင် အဆင်ပြေပါတယ်ဆိိုပြီး အာကျူးရှီးကို တောင်းတောင်းပန်ပန်တွေ သွားလုပ်ခဲ့တာ ဘယ်သူမိုလို့လဲ?.. သူကိုယ်တိုင်ပဲလေ..

အိမ်ပြန်လမ်းတစ်လျှောက်မှာ နှစ်ယောက်သား ဘာတစ်ခွန်းမှ မပြောန်ိုင်ခဲ့ဘူး.. အိမ်ပြန်ရောက်တော့ မျက်နှာပျက်နေတဲ့ သူတို့နှစ်ယောက်ကို ကျောင်းသွားဖို့ မနက်စာ စားနေတဲ့ကောင်တွေက အကျိုးအကြောင်း မေးလာခဲ့တယ်..

" မင်းတို့ နှစ်ကောင် ဘယ်က ပြန်လာတာလဲ?.. ထွက်သွားတဲ့ကောင်ရော လိုက်ခေါ်တဲ့ကောင်ရော ဘာလို့ အသက်ဆယ်နှစ်လောက် အိုသွားသလို အခွက်တွေ ဖြစ်နေရတာလဲ?.."

ဂျေဟျွန်းက နဂိုထဲက သူ့လို ရေငုံနှုတ်ပိတ်ကောင်ပဲမလို့ သူသာဝန်မခံရင် ဒီကိစ္စကို သူ့လိုမျိုး အဆုံးထိ ဖုံးကွယ်သွားပေးမယ့်သူ.. သူ သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း အကုန်လုံးရဲ့ မျက်နှာကို လိုက်ကြည့်လိုက်တယ်..

" ငါ ဒေါက်တာကင်မ်နဲ့ ဇာတ်လမ်းရှိနေတာ~"

စားသောက်နေတဲ့ အသံတွေက ရုတ်ချည်း တိတ်ဆိတ်သွားသည်.. သူ့တို့ ဒီအရွယ်မှာ တစ်ညလောက်ပျောက်သွားတာနဲ့ ညရေးညတာကိစ္စဆိုတာ အားလုံးက သိပြီးသားပဲကို..

သူတို့ကောင်တွေအကုန် စည်းမရှိကမ်းမရှိ အိမ်ကို စော်မခေါ်ပေမယ့် အိမ်ကတစ်ကောင်ပျောက်သွားရင် အိုအန်န်အက်စ် သွားလုပ်တာပဲလေ.. ဒါက ရေးကြီးခွင်ကျယ် ကိစ္စလည်း ဟုတ်မှ မဟုတ်ခဲ့တာ..

အသက်အရွယ်အရ မကင်းလွတ်တော့တဲ့အတွက် စောက်ပြသာနာ အရှုပ်ထုပ်တွေနဲ့ ဘေးမဖြစ်ရင်ပြီးတာပဲလေ.. ဒါသူတို့ အားလုံး လက်ခံယူဆထားတဲ့ အရာ..

သူလဲ ရှေ့ခေါက်တွေတုန်းက အိမ်မှာ မအိပ်ရင် အပြင်မှာ သွားအိပ်နေကြပဲ.. သူအပြင်မှာအိပ်တာက အာကျူးရှီးအိမ် သွားအိပ်နေခဲ့တယ်ဆိုတာကိုပဲ ဒီကောင်တွေ မသိခဲ့တာ..

" ဟမ် ဒေါက်တာကင်မ်နဲ့?.. ဟျောင့် သူက ရည်းစားကြီး ငုတ်တုတ်နဲ့လေ!.."

ဘန်ဘန်းက မျက်မှန်ကို ပင့်တင်လို့ အံ့သြတစ်ကြီး ရေရွတ်တယ်.. သူခေါင်းသာ ငြိမ့်ပြလိုက်တယ်.. အာကျူးရှီး ရည်းစားရှိတာ တစ်တိုင်းပြည်လုံး သိပါတယ်ကွာ.. ထပ်မပြောလို့ မရဘူးလား?..

" သူရည်းစားရှိနေတာတောင် မင်းက အိပ်တယ်ပေါ့?.."

ယူးဂယောင်းက စားလက်စမုန့်ကို မစားချင်တော့သလိုမျိုး စားပွဲပေါ် ပစ်တင်လိုက်တယ်.. နှာခေါင်းရှုံ့တာမြင်လိုက်ရတော့ သူဝမ်းနည်းသွားရသည်.. အာကျူးရှီးနဲ့ အိပ်တဲ့ကိစ္စကို ပထမဆုံး နောင်တရချင်လာသလို.. ယူးဂယောင်း သူ့ကို ရွံသွားတာများလား?..

သူတို့ထဲမှာ ယူးဂယောင်းက အရမ်းဂျီတဲ့သူဖြစ်တယ်.. တစ်ခုခုဆို ဇီဇာကြောင်တဲ့အကျင့်ရှိတာကြောင့် အပေါင်းအသင်းဆိုလည်း ဒီခုနှစ်ယောက်နဲ့သာ ပေါင်းတာဖြစ်သည်.. အဖွဲ့ထဲ နောက်ဆုံးမှ ရောက်လာသည့် ဆော့ဂျွန်းကိုတောင် ရင်းနှီးဖို့ အကြာကြီး အချိန်ယူခဲ့ရတာ..

အဲ့လိုမျိုးလူက သူဒီလိုမျိုး ရည်းစားရှိသူနဲ့ သွားအိပ်နေတယ်ဆိုတဲ့ ကိစ္စကြောင့် ယူးဂယောင်း သူ့ကို စိတ်ကွက်ပြီး မခေါ်တော့မှာကို စိုးထိတ်သွားရသည်.. ဂျောင်ဂု ယူးဂယောင်းကို လိုက်ကြည့်နေရင်း ဘယ်ကနေ ဘယ်လို ဆင်ခြေပေးရမှန်း မသိတော့..

" ငါ အွန့် !-"

မင်ဂရူသူ့ရှေ့ပြေးလာတာကိုတော့ မျက်လုံးထောင့်က ဖြတ်ခနဲ့ မြင်လိုက်ပါသေးသည်.. ရှောင်ချိန်တောင် မရလ်ိုက်ဘဲ မေးစေ့မှာ ဖျင်းခနဲ့ဖြစ်သွားပြီး ပူလာတာကြောင့် နှုတ်ခမ်းထောင့်က သွေးထွက်သွားသည်ကို သူလိုက်ရသည်.. အော်ဟစ်တားသံတွေနောက်မှာ မင်ဂရူရဲ့ ဆဲသံတွေက တစ်ခန်းလုံးကို ပျံ့နှံ့သွားသည်..

ထုံးစံအတိုင်း ဘန်ဘန်းက ငိုယိုပြီး သူ့သွေးတွေကို လာသုတ်ပေးသည်.. မင်ဂရူ့ကိုတော့ ဆော့ဂျွန်းတို့အတွဲက ဝိုင်းဆွဲထားပြီး ဘန်ဘန်းက သူ့ကို အခန်းထဲ အတင်းဆွဲခေါ်သွားသည်.. ဂျေဟျွန်းက ဘာမှ ဝင်မပြောတော့ဘဲ သူ့အခန်းရှိရာ အပေါ်ထပ်ကို တက်သွားသည်..

" မင်ဂရူ့ကို လွှတ်ပေးလိုက်စမ်းပါ.. သေအောင်အထိုးခံရမှ ဟိုကောင် မှတ်မှာ!!.."

အခန်းထဲမဝင်ခင် သူ ယူးဂယောင်းရဲ့ အသံကို နောက်ဆုံးကြားလိုက်ရပါသေးသည်.. ဘန်ဘန်းက သူ့ကို ခုတင်ပေါ်မှာ ထိုင်ခိုင်းပြီး အကျီလေးလှန်လို့ သူ့နှုတ်ခမ်းက သွေးတွေကို သုတ်ပေးသည်.. ကြည့်လိုက်တော့ အရင်တစ်ပတ်ကမှ ကျောင်းတက်ရင် ဝတ်ဖို့ဆိုပြီး ဝယ်ထားတဲ့ ဗက်ဆာ့ချီအကျီအကောင်းစားကြီးနဲ့..

အရေးအကြောင်းဆိုတော့ ဘန်ဘန်းစိတ်ထဲလည်း ဈေးကြီးပေးဝယ်ထားရတဲ့ အကျီကို အာရုံရှိမနေတော့ပုံ.. ဂျောင်ဂု မျက်ရည်တွေသာ တွင်တွင်ကျနေပြီး မတ်တပ်ရပ်နေတဲ့ ဘန်ဘန်းကိုသာ ဆွဲဖက်လိုက်ကာ ဘန်ဘန်းဗိုက်မှာ မျက်နှာအပ်လို့ ငြိမ်နေမိတော့သည်..

ဘန်ဘန်းက အတင်းပြန်ရုန်းလာတာကြောင့် သူရင်ဘတ်တွေ အောင့်တက်သွားရသည်.. ဘာလဲ သူ့ဘက် ဘယ်သူမှ မရှိတော့တာလား?.. ဂျောင်ဂု ဘန်ဘန်းကို မျက်ရည်တွေကြားက မော့ကြည့်လိုက်တော့ စိုးရိမ်နေသည့် ဘန်ဘန်းမျက်ဝန်းတွေက သူ့နှုတ်ခမ်းဆီမှာသာ..

" နာနေလား?.. ဆေးတွေက အွန်နူးအခန်းထဲမှာမလို့ ဒီသဘက်နဲ့ ခဏဖိထားအုံးနော်.."

" မင်းရော ငါ့ကို ရွံနေလား ဘန်း?.."

" ဘယ်လိုပြောလိုက်တာလဲ ဂျောင်ကြီးရ.. ဟိုကောင်တွေမင်းအတွက် မခံနိုင်လို့ဖြစ်နေတဲ့ကိစ္စကို.. ဒေါက်တာကင်မ်တို့အတွဲက ဒီလောက် ဟိုးတစ်လေးကျော်ဖြစ်နေတာလေ.. မင်းကို ဒေါက်တာကစားနေတာကို မကျေနပ်ကြတာ.. ငါ မင်းကို အစထဲက မေ့လိုက်ဖို့ ပြောသားပဲ.. အခု မင်းက ကြာကူလီ တကယ်ဖြစ်နေပြီ!.."

" ဘန်းရယ်~~"

" ဆောရီးဆောရီး.. ငါပြောချင်တာက မင်းကို ကျူးကျော်သူ မဖြစ်စေချင်တာကွာ သိလား?.. မင်းကို ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူ မဖြစ်စေချင်ဘူး.."

မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာပါ.. ဒီလို အရှုပ်အရှင်းတွေ မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်လက ဒစ်စပတ်က သတင်းကြောင့် သူ အာကျူးရှီးကို အိမ်မှာ သွားစောင့်တော့ မင်းသားဆောင်ကွမ်နဲ့ အတူတူပြန်လာတဲ့ အာကျူးရှီးက သူ့ကို တကယ် အလေးမထားခဲ့တာကြောင့် ဆိုဖာပေါ် ပစ်တင်ပြီး အရ်ိုင်းဆန်မိတာ သူဝန်ခံပါတယ်.

နိုးလာတော့မှ အာကျူးရှီးက တကယ်ပဲ မင်းသားဆောင်ကွမ်နဲ့ ချစ်သူဖြစ်နေခြင်း တရားဝင်အတည်ပြုကြောင်း သတင်းကို သူသိခဲ့ရတာ.. အဲ့ဒီအချိန်ထိ အာကျူးရှီးက အလိုမတူဘဲ သူ့ဘက်က အတင်းအကျပ်ယူမိလို့ အာကျူးရှီး သူ့ကို မကျေနပ်ပြီး ရွဲ့တယ်လို့ပဲ ထင်ခဲ့တုန်း..

နောက်ပိုင်းတွေ ဘူဆန်မှာရိုက်ကူးရေးလုပ်နေတဲ့ မင်းသားဆောင်ကွမ်ရဲ့ ရိုက်ကူးရေးကို အာကျူးရှီးရောက်နေတာတို့ မင်းသားဆောင်ကွမ်ရဲ့ နေအိမ်ကနေ ထွက်လာတဲ့ အာကျူးရှီးရဲ့ ပုံတွေနဲ့ အတည်ပြုပြီးနောက်ပိုင်း ပေါ်တင်တွဲသွားတွဲလာလုပ်တဲ့ မီဒီယာပေါ်က ပုံရိပ်တွေကြောင့် သူ့မှာ ဒါက အမှန်တရားဆိုတာကို လက်ခံခဲ့ရတော့တာ..

မပြတ်သားန်ိုင်တဲ့သူက အာကျူးရှီးရဲ့အိမ်ကို ခိုးသွားနေခဲ့ဆဲ.. ရည်းစားရှိနေလို့ ထိန်းချုပ်နေတာမလား သူ့အပြုအစုအောက်မှာတော့ သာယာနေတယ်မလားလို့ အငိုက်ဖမ်းမေးလိုက်တဲ့ သူ့စကားနောက်မှာ အာကျူးရှီးနဲ့ သူက ဖရန့်ဝစ်ဘနစ်ဖစ် ဖြစ်မှန်း မသိ ဖြစ်လာခဲ့ရတာ..

အကြ်ိမ်တိုင်းတော့ သူအာကျူးရှီးဆီက လိင်ဆန္ဒကို ရနေခဲ့တာမဟုတ်ပါဘူး.. မျက်နှာမြင်ရလည်း ဖြစ်တဲ့သူ့အတွက်က ငေးကြည့်ပြီး ပြန်လာခဲ့ရတဲ့နေ့မျိုးဆိုလည်း တစ်ယောက်ထဲ ကျေနပ်နေခဲ့တာပဲ.. ဟုတ်တယ် တကယ်ကျေနပ်ခဲ့တယ်..

တစ်ယောက်ထဲ ဒဏ်ရာတွေ သယ်ပိုးနေခဲ့တဲ့သူက တစ်ခါတစ်လေတော့ တစ်စုံတစ်ယောက်ကို သူရင်ဖွင့်ချင်ခဲ့တာပဲ.. ဒီလိုမျိုး ပေါက်ကွဲမူတွေနဲ့ မကြုံကြိုက်ချင်လို့ တက်နိုင်သလောက် သည်းခံနေခဲ့တာပဲလေ.. တကယ်ဆို သူ့ကို နားလည်ပေးမယ့် တစ်ယောက်ယောက် တကယ် လိုအပ်ခဲ့တာပါ.. သူ့ရင်နဲ့အမျှ ပူလောင်ပြီး ခံစားနေရတာတွေက တကယ်ပင်ပန်းလွန်းတယ်..

တက္ကသိုလ်တက်ရမယ့် ဒုတိယရက်မှာ တစ်ယောက်မှ ကျောင်းမသွားနိုင်ခဲ့ပါ.. အိမ်ကနေ ဝုန်းဒိုင်းကျဲပြီး ထွက်သွားတဲ့ကောင်တွေရှိပေမယ့် ကျောင်းကိုတော့ သွားကြမှာ မဟုတ်.. ဂျောင်ဂု ငိုယိုနေရင်းနဲ့ပဲ ဘန်ဘန်းအခန်းထဲ အိပ်ပျော်သွားတာ ညနေစောင်းမှ ပြန်န်ိုးလာတော့သည်..

ဧည့်ခန်းထဲမှာတော့ တစ်ယောက်မှ မရှိ.. သူ့ကိုယ်ပိုင်အခန်းဖြစ်တဲ့ တတိယထပ်ကိုသာ တက်ခဲ့ရင်း ညီးညူနေတဲ့စိတ်တွေကို အနည်းငယ်ပြေစေလိုရန် ရေချိုးချလိုက်သည်.. အခန်းတံခါးခေါက်သံကြောင့် ဝမ်းသာအားရ သွားဖွင့်ပေးလိုက်တော့ ဆော့ဂျွန်းက ညစာ စားဖို့ လာခေါ်တာ..

ထမင်းစားခန်းထဲမှာ လူတော့ စုံမနေပါ.. ဂျေဟျွန်းက ငါးတွေအရိုးနွှင်နေရင်းကနေ သူ့ကို တစ်ချက်တော့ လှမ်းအကဲခတ်သည်.. အွန်နူးက အားလုံးအတွက် ထမင်းခူးပေးနေရင်း ဘာတစ်ခွန်းမှတော့ မပြောချေ..

တိတ်ဆိတ်နေတဲ့ လေထုကို ဘန်ဘန်းကပဲ စတင်ဖြိုခွဲရင်း စကားတွေ ဖောင်ဖွဲ့ပြောနေသည်.. ဆိုးတာက သူ့စကားကို ဘယ်သူမှ အရေးအရာမလုပ်ဘဲ ပြောရရင် တစ်ယောက်ထဲ စကားပြောနေရသလိုမျိုး ဖြစ်နေတာ.. ဒါပေမယ့် အဲ့တာကပဲ အကုန်လုံးကို သက်တောင့်သက်သာဖြစ်စေတာမို့ ဘယ်သူမှ ဝင်မဟန့်..

ထိုစဉ် အိမ်ရှေ့မှ ကားရပ်သံကြားလ်ိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ ပျော်ရွှင်မြူးတူးပြီး ပြန်လာတဲ့ မင်ဂရူ.. အဲ့ကောင်ကိုမြင်မှ နှုတ်ခမ်းက ဒဏ်ရာက နာလာသလို.. မနက်က ဒေါသတကြီးထွက်သွားတာ မဟုတ်တဲ့အတိုင်း.. ဂျောင်ဂု အခြေအနေကို ကြည့်နေရင်းပဲ နှုတ်တော့ မနှုတ်ဆက်ဖြစ်..

" ဟာ မျိုနေကြပြီလား?.. ငါလဲ စားမယ်လေ.."

ခပ်သွက်သွက်ပဲ ဂျောင်ဂုဘေးဝင်ထိုင်ကာ ဂျောင်ဂုလက်ထဲက တူကို ဆွဲယူသွားပြီး ကညွှတ်ကြော်တွေကို နှိုက်စားသည်.. မုန်လာဖြူချဉ် အတုံးအခဲတွေကို တစ်ခွက်ခွက်ဝါးနေရင်းကနေ အစပ်ပေါ့တယ်နော်ဆိုပြီး သူ့ကို လာပြောသည်..

ငါတို့ ရန်ဖြစ်ထားကြတာ မဟုတ်ဘူးလား?.. မင်း ငါ့မျက်နှာကို ထိုးထားတယ်လေ.. ဂျောင်ဂု မင်ဂရူ့ကို ဘာမှ ပြန်မပြောဖြစ်ဘဲ ကြောင်တောင်တောင်လေး ကြည့်နေတော့မှ..

" အော ဆောရီး ငါမင်းနဲ့ ရန်ဖြစ်ထားတာပဲ.."

မင်ဂရူက သူ့လက်ထဲ တူကို ပြန်ထိုးထည့်ပေးရင်း ဟိုဘက်ခြမ်းက အွန်နူးနဲ့ ဆော့ဂျွန်းတို့ အတွဲကြားသွားပြီး အတင်းတိုးလျှိုထိုင်သည်.. ဂျောင်ဂုကြိတ်ပြုံးလိုက်ရင်း တူကို ပြန်ကိုင်လိုက်ကာ မင်ဂရူကို အရေးကြုံရင် စကားပြောဖို့ အခွင့်အရေးစောင့်ကာ ဘယ်ဟင်းကို စားရမှန်း မသိတော့ချေ..

" ငါးစားလေ.. မင်း တစ်နေ့လုံး ဘာမှ မစားရသေးဘူး မဟုတ်လား?.."

သူ့ရှေ့ချပေးလာသော ငါးပန်းကန်ကြောင့် ဂျောင်ဂု သူ့ဘေးမှာ ထိုင်နေတဲ့ ဂျေဟျွန်းကို ငဲ့ကြည့်လိုက်ရင်း ကျေးဇူးတင်စကားဆိုလ်ိုက်သည်.. အရိုးနွှင်ပြီးသား ငါးတွေက အရိုးကြောက်တဲ့ ဂျောင်ဂုအတွက်တဲ့.. မျက်ရည်တစ်စက်က ထမင်းပန်းကန်လုံးထဲ ပေါက်ခနဲ့..

" ယူးဂယောင်း ဟိုကို ရောက်ပြီလား မေးလိုက်အုံး.."

ယူးဂယောင်းက ဘယ်သွားတာလဲ?.. သူ ထမင်းစားရင်း ငြိမ်ငြိမ်လေး နားစွင့်နေမိသည်.. လောလောဆယ် သူက အပြစ်လုပ်ထားတဲ့သူမလား?.. ဒီကောင်တွေ သူ့ကို အမြင်ပြန်ကြည်သွားအောင်ထိတော့ ဒီကြားထဲ လိမ်လိမ်မာမာနေသင့်တယ်လေ..

" အင်း ငါ စောနက ဖုန်းဆက်တာတော့ မကိုင်ဘူး.. ပြီးမှ ပြန်ခေါ်လိုက်မယ်.. အလုပ်ရှုပ်နေမယ်ထင်တယ်.."

" ယူးဂယောင်းက ဘယ်သွားလို့လဲ?.."

သူ သိချင်တဲ့ မေးခွန်းကို ကြားထဲက မင်ဂရူက ဝင်မေးသွားသည်..

" ဘူဆန်!.."

" ဟမ်?.."

လန့်သွားရသည်က သူ.. ယူးဂယောင်းက ဘူဆန်ကို ဘာလို့ပြန်သွားတာလဲ?.. မဟုတ်မှ အာကျူးရှီးကို ရန်သွားရှာတာတော့ မဟုတ်ဘူးမလား?..

" ဘာတွေ ပြူးကြောင်ပြီး ကြည့်နေတာလဲ?.. မင်း ထင်နေသလိုမဟုတ်ဘူး.. သူ့အဖွား အဆုပ်ရောင်ပြီး ဆေးရုံတင်လိုက်ရလို့ ပြန်သွားတာ.."

" အော.. အင်း.. ဟို-      ဒီကိစ္စမှာ အာကျူးရှီးမမှားပါဘူး.. မင်းတို့တွေ အာကျူးရှီးကို အထင်မလွှဲစေချင်ဘူး.."

" ဘာလဲ ငါတို့က မင့်အာကျူးရှီးကို ပွဲသွားရှာမယ့် ရပ်ကွက်ထဲက ကောင်တွေပုံစံပေါက်နေလို့လား?.."

" အဲ့လို မဟုတ်ပါဘူး ဗလရဲ့.. ငါပြောချင်တာက မင်းတို့ အာကျူးရှီးကို-"

" နားစမ်းပါ.. ငါတို့က နှာချေးတွဲလောင်းနဲ့ ကလေးတွေမဟုတ်ဘူး.. မင်းသာ ကိုယ့်ကိစ္စ ကိုယ်နိုင်အောင် ရှင်း.. အေး မြှောက်ပေးနေတာတော့ မဟုတ်ဘူးနော်!.. နောက်မှ ပြသာနာတက်လာလို့ကတော့ ငါ ဘယ်ကောင့်မျက်နှာမှ ထောက်မှာ မဟုတ်ဘူး.. မင်းသိပါတယ် ငါ့အကြောင်း.. ငါ့လက်သီးက လူမရွေးဘူး!.."

ခပ်ဆပ်ဆပ်ပြောပြီး အပေါ်တက်သွားတဲ့ မင်ဂရူကို သူလိုက်ငေးနေမိတော့ အွန်နူးက သူ့လက်ခုံကို တူနဲ့ လာထိုးသည်..

" စိတ်ထဲ မထားပါနဲ့.. ငါတို့ကောင်တွေ မင့်အာကျူးရှီးကို ဘာမှ သွားမလုပ်ဘူး စိတ်ပူမနေနဲ့.. မင်းဘာလို့ ငါတို့ကို မပြောဘဲ တစ်ယောက်ထဲ မျိုသိပ်ထားခဲ့လဲ?.. ငါတို့က အဲ့တာကို စိတ်မကောင်းတာ.."

ပြောပြလို့မှ မရခဲ့တာ.. ဘယ်သူကတော့ ကိုယ်က သူများရည်းစားနဲ့ အိပ်နေတာကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောန်ိုင်မှာတဲ့လဲ?..

" ကိုယ့်ကောင်က အဟုတ်မဟုတ်တဲ့ဟာကို.. ငါတို့က ဘာလို့ သူများကို အပြစ်သွားတင်ရမှာလဲ?.."

ဂျေဟျွန်းက ထိုသို့ပြောသွားပြီး ဘေစင်မှာ ပန်းကန်သွားဆေးသည်.. ဂျောင်ဂု ဆန်လုံးစေ့တွေကို တူနဲ့ မွှေလိုက်ရင်း ပြုံးလိုက်မိသည်.. ဒီကောင်တွေအကုန် သူ့ကို နားလည်ပေးကြလို့ သူတကယ် ကျေးဇူးတင်ပါတယ်..

....

သူယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဂျောင်ဂုအပေါ် ထားတဲ့မေတ္တာက အဖြူစင်ဆုံး မေတ္တာတွေပါနော်.. ဘာအရောင်မှ မဆိုးပါ..

သူတို့အုပ်ရဲ့ ကာရိုက်တာတွေကို မမြင်မှာစိုးလို့ ထပ်ရှင်းပြလိုက်တယ်နော်..

ယူးဂယောင်း ရဲ့ ကာရိုက်တာက အရမ်းဂျီးဂျောက်များတာ.. စကားပြောတာကအစ သူကြိုက်တဲ့စကားလုံးပဲ ရွေးပြောတာ.. အဲ့လိုမျိုး ဂျီးထူက ဂျောင်ဂုအပေါ်ကိုဆိုရင် အကုန်အလိုလိုက်တယ်..

ဥပမာ ဂျောင်ဂုက သူ စားသမျှ ချိုချဉ်အမှိုက်တွေကို ယူးဂယောင်းလက်ထဲ ထိုးထည့်ပေးသွားမျိုးတို့၊ လွယ်အိတ်လွယ်ပေးဖို့ ပြောတာတို့ဆို ဘယ်တော့မှ မငြင်းခဲ့ဘူး၊ ဂျောင်ဂုကိိုဆို ဖိနပ်တောင် စီးပေးတဲ့အထိ အနစ်နာခံပြီး ချစ်တာ..

နူးလေး ရဲ့ ကာရိုက်တာက ဂျောင်ဂု ဘယ်ချိန်နေနေ အားအကိုးဆုံးနေရာမှာ ရှိတာ.. စာတော်ပြီး ချေချေရာရာရှိတဲ့ပုံစံသွင်းထားပြီး ဆရာလုပ်တတ်တာမျိုး မဟုတ်ပေမယ့် အွန်နူးပြောသမျှဆိုလည်း တစ်ဖွဲ့လုံးက နားဝင်သလိုမျိုး အွန်နူးစကားဆို တစ်ရာမှာ ရှစ်ဆယ်လောက်က အမှန်ဖြစ်ကြောင်းကို တစ်ဖွဲ့လုံးက လက်ခံတာ..

ဆော့ဂျွန်း ကာရိုက်တာကတော့ အွန်နူးနဲ့ပတ်သတ်ပြီး ဒီအဖွဲ့ထဲ ဝင်လာခဲ့ပေမယ့် အားလုံးနဲ့ တည့်အောင်ပေါင်းနိုင်တာ.. သူ့လို တစ်ဇောက်ကန်းပုံစံမျိုးက အဖွဲ့ထဲ ခေါင်းဆောင်နေရာပဲ နေမယ့်လူ..

ဒါပေမယ့် ဂျောင်ဂုတို့အဖွဲ့ထဲမှာကတော့ ခေါင်းဆောင်ဆိုတာမရှိဘူး.. ဦးတဲ့ကောင်က ဆရာတတ်လုပ်တာပဲ.. အဲ့လိုမျိုး စောက်ပေါလေးတွေ အဖွဲ့ထဲကို လူဆိုးကောင်က ရောက်လာပြီး အခဲမကျေဖူးတဲ့ ဂျေဟျွန်းနဲ့တောင် ငြိမ်းချမ်းရေး ယူခဲ့တာ..

မင်ဂရူ ကာရိုက်တာက စော်ရှုပ်တယ် ပွေတယ်.. တွေ့တဲ့နေရာ ထိုးအိပ်တယ်.. အခြောက်လေးတွေနဲ့ဆိုလည်း သူကတွဲလိုက်ချင်သေးတာပဲ.. တစ်ခုခုဆို ခုရှုပ်မှနောက်ရှင်း လုပ်လိုက်ကြဖို့ မြှောက်ပေးတဲ့နေရာမှာ ရှိတယ်..

ပြောရရင် ဂမူးရှူးထိုးနိုင်တယ်ပေါ့ကွာ.. ထစ်ခနဲ့ရှိ ဒေါသကအရင်ထွက်တတ်ပေမယ့် သူက သူ့ကောင်တွေကို ကာကွယ်ချင်စိတ် အပြည့်ရှိတာ..

ဘန်ဘန်း ကာရိုက်တာကကျတော့ လူကြောက်တတ်တာ.. အိမ်ကြောက်ရ အဖွဲ့ထဲကကောင်တွေကြောက်ရနဲ့ဆိုပေမယ့် ပါးစပ်အသရမ်းဆုံးလည်းဖြစ်တယ်..

သူပါးစပ်ဖွာတယ်ဆိုတာက အရိုးခံလိုမျိုး အရှိကိုအရှိတိုင်း ပြောတာဖြစ်တဲ့အတွက် ဘယ်သောအခါမှတော့ မှားမနေခဲ့ဘူး.. ရန်ပွဲဆိုတာနဲ့ သူက ပြေးမထိုးဘူး ထွက်ပဲပြေးတာ.. တစ်ခုခုဆိုတာနဲ့ ဗလတို့ ဂျောင်ကြီးတို့နောက် ဝင်ပုန်းတတ်တဲ့ မှန်ကြောင်လေးပေါ့..

ဂျေဟျွန်း ကာရိုက်တာက ထိဖို့ အရမ်းခက်တာ.. မာနကြီးတော့ တော်ရုံကောင်တွေ ရှိန်တာပေါ့.. ဂျောင်ဂုတို့အဖွဲ့ရဲ့ ဂိုဏ်းချုပ်လိုလို အထင်ခံရပေမယ့် တကယ်တမ်းကျ တစ်ဖွဲ့လုံးရဲ့ စောက်ပြသာနာတွေ ဒိုင်ခံ လိုက်ဖြေရှင်းပေးနေရတဲ့သူဖြစ်တယ်.. ဆရာကြီးလားလို့ စွပ်စွဲကြပေမယ့် တကယ်တမ်းပေါပြီဟေ့ဆိုလည်း ထိပ်ဆုံးက..

ပြီးတော့ ခေါင်းသုံးတဲ့ကောင်ဖြစ်တယ်.. မင်ဂရူနဲ့အပေါင်းများ စိတ်မရှည်တတ်တဲ့ အကျင့် ကူးနေတာလေးရှိတော့ ရှိတယ်..

ဂျောင်ဂု ရဲ့ ကာရိုက်တာကတော့ လုပ်ချင်တာ.. ဘာနေနေ သူက လုပ်လိုက်ချင်တာ.. တကယ်တမ်း ဘာလုပ်ရမှန်းလဲ သူက မသိဘူး.. တစ်ဖွဲ့လုံးနဲ့ အတူတူဆို ဘာပဲလုပ်နေရနေရ အဆင်ပြေတယ် သူက..

ဥပမာ သူ အာကျူးရှီးကို ကြိုက်တယ် ဟုတ်တယ်.. ဘယ်က စလိုက်ရမှန်း သူမသိဘူး.. အဲ့တော့ တစ်ဖွဲ့လုံးကို မ,မ ပြီး သွားချောင်းတာက သူလုပ်တတ်တာအကုန်ပဲ..

ဂျောင်ဂုတို့ သူငယ်ချင်း ခြောက်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်.. သူတို့ထဲက နူးလေးရည်းစားရသွားတော့တောင် သူတို့လူ ချစ်တဲ့ကောင်ကို သူတို့ကောင်တွေ အကုန်လိုက်ချစ်ပေးန်ိုင်တယ်..

တကယ်ဆို သူတို့တစ်ဖွဲ့လုံးက ဆော့ဂျွန်းကို အသေအမြင်ကပ်တာကွာ.. ယောက်ျားလေးသဘာ၀ ကျောင်းမှာ ဟစ်ဖြစ်နေတဲ့ကောင်ဆို မျက်မုန်းကျိုးကျတာ အပြစ်ပြောလို့တော့ မရဘူးလေ.. သူတို့ အဲ့လို ကြိတ်မုန်းနေတဲ့ကောင်ကို သွားလည်း ရန်မစရဲဘူး.. မုန်းတာကတော့ အသေမုန်းတာနော်..

ဒါပေမယ့် သူတို့ချစ်တဲ့ နူးလေးရဲ့ ရည်းစားအဖြစ် သူတို့ရှေ့ရောက်လာတော့လည်း သူတို့ပါ ဝိုင်းချစ်ကြဖို့ ကြိုးစားခဲ့ကြတာပဲ..

တကယ်လို့ နူးလေးနဲ့ ဆော့ဂျွန်းသာ အဲ့ဒီနေ့က ရည်းစားမဖြစ်ခဲ့ဘဲ ချယ်ရီပင်အောက်မှာ ရန်ဖြစ်ခဲ့ကြတယ်ဆိုရင် ခုချိန်မှာ သူတို့နဲ့ ဆော့ဂျွန်းက ကမ္ဘာ့ရန်သူတွေဖြစ်နေပြီး သူတို့ကောင်တွေလည်း လူငယ်ထိန်းသိမ်းရေးစခန်းဖြစ်ဖြစ် ကျောင်းနားတာဖြစ်ဖြစ် ရောက်နေခဲ့မှာပါ..

နူးလေးနဲ့ ဆော့ဂျွန်း ချစ်ကြိုက်သွားခဲ့လို့သာ သူတို့ ရန်ပွဲတွေ မရှိခဲ့ဘဲ ကျောင်းကောင်းကောင်းတက်န်ိုင်ခဲ့ကြတာ.. နူးလေးသာ ဆော့ဂျွန်းဆီက အဆော်ခံခဲ့ရကြည့်ပါလား ဒီကောင်တွေအကုန်လုံး ပြန်ဝုန်းရင်းနဲ့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမှာလေ..

ပြီးတော့ သူတို့အုပ်စုက ပျားအုပ်လိုပဲ တစ်ယောက်က ဒါဆိုတာနဲ့ ဟေး*** ဆိုပြီး တစ်အုပ်လုံး လိုက်ယောင်တတ်တယ်.. မှားတာ မှန်တယ် နောက်မှ.. တစ်ယောက်က လော်ဆော်ရင် နောက်ကပြေးလိုက်ကြပြီပဲ..

ဒီနေရာမှာ နှိုင်းပြရမယ်ဆိုရင် မီနီယံလေးတွေလိုပဲ သူတို့က.. ဘာမှ ရေရေရာရာ မသိကြဘူး.. ဒါပေမယ့် လုပ်ချင်တာကို လုပ်ပြီးသွားပြီ ဆိုတာမျိုး.. ပြသာနာတက်တော့မှ အဟစ် ဟစ်ပေါ့..

တစ်ခုပြောချင်တာကလေ သူတို့အသက်အရွယ်က ဆယ့်ခြောက် ဆယ့်ခွန်လေးတွေဆိုတော့ ကိစ္စတစ်ခုခုကို အပုံကြီးချဲ့ပြီး သိပ်မစဉ်းတက်သေးဘူး ချစ်တို့ရယ်..

ဥပမာတွေနဲ့ ပြန်ရှင်းတမ်းထုတ်ပေးရရင် အာကျူးရှီးဆီက အငြင်းခံရလို့ စိတ်ညစ်လည်း ခဏပဲ ပြီးရင် ဘောလုံးကွင်းထဲ သွားပြီး အော်ဟစ်ပျော်မြူးနေတာတို့၊ နယူတန်လောကို သတ်သေပြဖို့ ကြိုးစားပြီး မေ့သွားတို့ဆိုတာက အဲ့အသက်အရွယ်လေးတွေမှာ ကိစ္စတစ်ခုအပေါ် သိပ်အာရုံမရှိကြတာ..

မင်းတို့လေးတွေလည်း အဲ့အသက်အရွယ်ကို ဖြတ်သန်းဖူးကြမှာပါ.. အလိုလိုက်ခံထားရတဲ့ ဘ၀တွေမှာ နေထိုင်ရတဲ့ ကလေးတွေက အရာရာကို အလေးအနက်သိပ်မရှိတာမျိုးက ဖြစ်တတ်တဲ့သဘာဝပဲ..

ပြီးတော့ ဂျောင်ဂုက ဒေါက်တာကင်မ်ကို မကြိုက်ဘူး မဟုတ်ဘူး စိတ်ထဲမှာ တကယ်ရှိတယ်.. ဒါပေမယ့် သူ့အရွယ်က ထက်မြတ်တဲ့ ဒေါက်တာကင်မ်လို လုပ်ငန်းခွင်က လူနဲ့ ဘယ်လိုမှ အပ်စပ်မနေတဲ့အခါ နီးစပ်ဖို့အခွင့်အရေးကလည်း လွယ်ကူမနေခဲ့ဘူး..

အဲ့တော့ ဂျောင်ဂုက သူ့အရွယ်နဲ့ ကိုက်ညီတဲ့ ဘဝတစ်ခုနဲ့ပဲ ဖြတ်သန်းရင်း အထက်တန်းကျောင်းသားဘဝကို နေထိုင်ခဲ့တယ်.. သူပျော်ချင်ပျော်နေမယ်.. ဝမ်းနည်းစရာတွေ့လို့ ငိုချင်လည်း ငိုနေလိမ့်မယ်..

တခြားကျောင်းက ကောင်မလေးတွေနဲ့ အုပ်စုလိုက် သွားဒိတ်ကြတာကို ဟင့်အင်း ဟင့်အင်းနဲ့ အင်းဖြစ်သွားရရင်း အချောအလှလေးတွေမြင်တော့ အူခိုက်နေတဲ့ ဂျောင်ဂုကိုလည်း မှတ်မိကြပါမှာ.. အဲ့တာ သူ့ရဲ့ ငယ်ရွယ်တဲ့ ဘဝမှတ်တမ်းတွေပဲ..

ပြီးတော့ သူစိမ်းတစ်ယောက်အိမ်ထဲသွားပြီး ကိုယ့်စိတ်ကြိုက် သွားသောင်းကျန်းတာတို့ဆိုတာ တကယ်တမ်း အပြင်လူအနေနဲ့ ကြည့်ရင် မသင့်တော်ဘူး..

သူတို့အုပ်စုကတော့ ဂျောင်ကြီးလူရဲ့အိမ်ဆိုပြီး ဒေါက်တာကင်မ်ရဲ့ အိမ်ထဲ ဟေးလားဝါးလားသွားလုပ်တာတို့၊ လုပ်ငန်းခွင်ထဲသွားပြီး ဟိုရှုပ်ဒီရှုပ်လုပ်တာတို့က ကလေးအထာတွေဖြစ်နေခဲ့တာ.. အပြစ်ပြောလို့လည်း မရဘူးလေ.. သူတို့က ဆယ်ကျော်သက်တွေ..

ဆယ်ကျော်သက်မိုလို့ ဘာလုပ်လုပ်ခွင့်လွှတ်ရမယ်ဆိုတာမျိုးတော့ မရှိခဲ့ပါဘူး.. ဒါ့ကြောင့် အသက်မပြည့်သေးတဲ့ ဂျောင်ဂုနဲ့ အိပ်မိတဲ့ ဒေါက်တာ့အနေနဲ့ကတော့ ဒါဟာ ပြစ်မူတစ်ခုလိုမျိုး စိုးထိတ်နေစေမှာ အမှန်ပါပဲ..

ဒီထဲမှာလေ ဆယ်ကျော်သက်ဘဝကနေ တဖြည်းဖြည်း ရင့်ကျက်အရွယ်ရောက်လာတဲ့ ကောင်လေးတွေကို ရေးသားဖော်ပြထားတာမိုလို့ အကုန်လုံး စီးမျှောခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.. အရေးအသား ချော်တာမျိုး ရှိခဲ့ရင် ထောက်ပြလို့ ရပါတယ်နော်..

အခုဆိုရင် သူတို့အုပ်စု တက္ကသိုလ်ကျောင်းသားဘ၀တွေ ရောက်ကုန်ပါပြီ.. မဆဲတော့ဖို့ကိုလည်း အချင်းချင်းညှိထားကြပြီ.. ညရေးညတာ လူကြီးကိစ္စလေးတွေလည်း သူတို့လုပ်တတ်နေပြီ..

နောက်များ မကြာခင် သူတို့ အကုန် ရင့်ကျက်လာကြမှာပါ.. ဘဝက ဒီလိုပါလားဆိုတာကို သူတို့လေးတွေ နားလည်လာကြမှာပါ..

ပြီးတော့ စိတ်မရှည်တဲ့သူလေးတွေကို ပြောချင်တာက ဒါက တကယ်တော့ 25 ပိုင်းပဲ ရှိတာပါ.. ရှေ့အပ်ိုင်းတွေကို တစ်ပိုင်းကို Episode အခန်းသုံးလေးပိုင်းနဲ့ ခွဲပြီး တင်ခဲ့တော့ EP အခန်းတွေ ရှည်ကုန်တာ.. ဂို့မန်းနားဆာ့အိ

....

There are no comments yet. Log in to be the first to leave a review!

Similar stories